← Chapters

ဧဒင်ချီ စိတ်တာအို

Vol. 5 Ch. 65

ဧဒင်ချီ စိတ်တာအို

Vol. 5 Ch. 65

“ဘုန်း...”

ဧဒင်သစ်ပင်ကြီးသည် ကမ္ဘာမြေကြီးသို့ ပြားပြားဝပ်သည် အထိ လဲပြိုသွားတော့၏။ ငလျင်လှုပ်ပြီးနောက် ဖြစ်ပေါ်တတ်သည့် သမုဒ္ဒရာ လှိုင်းလုံးကြီးများသဖွယ် ဖုန်မှုန့်နှင့် ကျောက်တုံးများသည် လှိုင်းကြီးတစ်ခု ဖြာထွက်လာသည်။ ဆယ်မိုင်ခန့် အကွာအဝေးမှ ရပ်ကာ ကြည့်နေသည့်တိုင် ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ ဖုန်မှုန့်များနှင့် ညစ်ပတ် ပေကျံသွားလေ၏။

ကမ္ဘာမြေကြီး တုန်ခါမှုသည် မိနစ်ပိုင်းမျှ ကြာအောင် အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။ ဝေ့ဝူယင်သည် မည်သည့် အော်ဟစ်သံကိုမှ မကြားရသလို အပျက်အစီးကြားမှ မည်သည့် အလင်းတန်းမှ ပျံထွက်လာသည်ကိုလည်း မတွေ့ရချေ။

ဤသို့နှင့်... တစ်ခဏကြာပြီးသည့်နောက် အရာအားလုံးမှာ ပြန်လည် တိတ်ဆိတ်သွားလေ၏။

ဝေ့ဝူယင် သက်ပြင်းချလိုက်မိသည်။ ဧဒင်သစ်ပင်ကြီး အတွင်း မှီတင်းနေထိုင်ကြသော အသက် သန်းပေါင်း မြောက်များစွာကား ယခုကဲ့သို့ အဆုံးသတ်သွားရချေပြီ။

“ ... “

ဝေ့ဝူယင်သည် သူတော်စင် တစ်ယောက် မဟုတ်ရာ ကိုယ့်ကိုယ်ကို အပြစ်မတင်မိချေ။ အကယ်၍ သူက သတိပေးလျှင်ရော သူတို့က ယုံပါမည်လော။ ဧဒင်ကမ္ဘာဂိုဏ်း၏ နတ်ဘုရား အရှင်က သူ့အား ဖမ်းဆီးကာ မေးခွန်းများပင် မေးနိုင်သေးသည်။

ထိုဖြစ်ရပ်ဆိုးက ထိုက်တန် သယောင်ယောင်ပင် ဝေ့ဝူယင် ခံစားလိုက်မိ၏။ ဧဒင်သစ်ပင်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ထိုမိစ္ဆာများ၏ ကျွန်ပြုခြင်းကို ခံခဲ့ရသည်။ ယခုတွင် သူ သူတို့၏ အသက်များကို ပြန်လည် နှုတ်ယူနိုင်ခဲ့သည်။ နေသွေးနီနီတောင်တွင်ရော ထိုကဲ့သို့ အတွေးမျိုး ရှိနေမည်လား ဝေ့ဝူယင် မဆီမဆိုင် တွေးလိုက်မိ၏။

အဝေးမှ ပြိုလဲနေသည့် သစ်ပင်ကြီးကို ကြည့်ရင်း ဝေ့ဝူယင် မြေကြီးပေါ် ထိုင်လိုက်သည်။ လေချွန်ကာ အသံပြုရင်း ကြိုးကြာဖြူ ပြန်အလာကို သူ စောင့်ဆိုင်းလိုက်သည်။ အကယ်၍ အချိန်ကာလတစ်ခု အတွင်း ပြန်လည် ရောက်မလာပါက သူမ သေဆုံးသွားပြီဟု ကောက်ချက် ချနိုင်ပေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချကာ ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်သည်။ ထူးဆန်းသော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက် သူ့တွင် ချီနှလုံးသား သုံးခု ရှိနေခဲ့ပြီ ဖြစ်သည်။

“နေဦး... ဘာလဲ...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ တတိယမြောက် ချီနှလုံးသားမှာ ပျောက်ဆုံးသွားခဲ့သည်လော။ အလျင်စလိုဖြင့် ထျန်းတျန် တစ်ခုလုံးကို မွှေနှောက်ကာ အဂ္ဂိရတ် ချီနှလုံးသားကို သူ ရှာဖွေလိုက်သည်။

သို့သော်လည်း မည်သည်ကိုမျှ မတွေ့ရချေ။

“ငါ...”

ဝေ့ဝူယင် စကားလုံးများ ပျောက်ရှနေ၏။ မျက်ခုံးများကို တွန့်ကွေးရင်း အဖြစ်အပျက်များကို ပြန်လည် သတိရရန် သူ ကြိုးပမ်းလိုက်သည်။

မှတ်ဉာဏ်များ အရဆိုလျှင် သူ့အသက်ကား သုံးဆယ့်ခြောက်နှစ် ရှိချေပြီ။ သူသည် ဧဒင်ကမ္ဘာဂိုဏ်းတွင် အဂ္ဂိရတ် တာအိုကို လေ့လာရင်း ခုနစ်နှစ် တိုင်တိုင် အချိန်ဖြုန်းခဲ့သည်။ “ဧဒင်ဖန်တီးခြင်း နည်းလမ်း” ကို ကျင့်ကြံခဲ့သည်။ မရေမတွက်နိုင်သည့် မှော်ဆေးလုံးများကို ဖော်စပ်ခဲ့သည်။ ဧဒင်ကမ္ဘာဂိုဏ်း၏ အမွေအနှစ်များတွင် အဓိက အကျဆုံး နေရာမှ ပါဝင်ခဲ့သည်။

အဂ္ဂိရတ် ချီနှလုံးသားနှင့် သဘာဝ ပါရမီတို့ကြောင့် ဧဒင်ကမ္ဘာဂိုဏ်းအတွင်း သူ၏ အဆင့်အတန်းမှာ လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ သူသည် ဂိုဏ်းချုပ်နှင့်ပင် တွေ့ဆုံခွင့် ရခဲ့ပြီး တိုက်ရိုက် လမ်းညွှန်မှု အချို့ကို လက်ခံ ရရှိခဲ့သည်။

သူ၏ နာမည်သည် အတော်အသင့် ကျော်ကြားလာကာ ပတ်ဝန်းကျင်ဂိုဏ်းများကပင် သူ့အား တွေ့ဆုံလို လာကြသည်။ သူသည် ရှင်းတိုင်းပြည်အတွင်းရှိ အဂ္ဂိရတ် ပြိုင်ပွဲများစွာတွင် ပါဝင် ယှဥ်ပြိုင်ခဲ့ပြီး အမြဲလိုလို ထိပ်ဆုံး သုံးယောက်စာရင်း ဝင်ခဲ့သည်။ အချို့လူများသည် သူ့ကို လုပ်ကြံရန်ပင် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ခန္ဓာကိုယ်သက်သက်ဖြင့်ပင် ဝေ့ဝူယင်သည် သေမျိုး နတ်ဘုရားများကို ယှဥ်နိုင်နေပြီ ဖြစ်သည်။ ကံကောင်းမှုနှင့် ထိုခန္ဓာတို့ အားကိုးဖြင့် သူ အသက်အန္တရာယ်မှ အကြိမ်ပေါင်းများစွာ သီသီလေး လွတ်မြောက်ခဲ့သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဆယ်နှစ်တာ ကာလအတွင်း များစွာ‌သော အရာများမှာ ဖြစ်ပျက် သွားခဲ့ပေသည်။ သူသည် ခန္ဓာကိုယ်အတွင်း နေထိုင်ရင်း မိမိကိုယ်ကို အခြားလူ တစ်ယောက် ကဲ့သို့ ကြည့်နေခဲ့ရသည်။ ထိုအဖြစ်ဆိုးကား ခြောက်ခြားဖွယ် ကောင်းလွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ... အဂ္ဂိရတ် ချီနှလုံးသား မရှိတော့လျှင်ပင် ထိုအရာက အဆင်ပြေသည်။ မိမိကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခြင်းကပင်လျှင် ဆုလာဘ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် တွေးနေစဥ်မှာပင် ခေါင်းထဲတွင် စူးရှရှ ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာ၏။ ထိုခံစားချက်ကြောင့် သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွား၏။ သူ ပြန်လည်ပြီး ချိပ်ပိတ်ခံရတော့မည်လော။

လျှင်မြန်စွာပင် စိတ်မျက်လုံး အတွင်းရှိ အသိတ်စိတ် ပင်လယ်ထဲသို့  ဝေ့ဝူယင် ဝင်ကြည့်လိုက်သည်။

“ဘာလဲဟ...”

မြင်တွေ့လိုက်ရသော အရာကြောင့် သူ အံ့အားသင့်စွာ အော်ဟစ်မိ၏။ စိတ်မျက်လုံး အတွင်း၌ မရှိသင့်သည့် အရာတစ်ခုကို သူ မြင်တွေ့လိုက်ရသည် မဟုတ်ပါလော။

“ချီနှလုံးသား တစ်ခုက အသိစိတ် ပင်လယ်ထဲမှာ ရှိနေနိုင်လို့လား... ဘယ်တုန်းကလဲ...”

ဝေ့ဝူယင် ညင်သာစွာ လှည့်ပတ်နေသည့် သက်တံ့ရောင်စုံ မုန်တိုင်းငယ်ကို ကြည့်ရင်း မေးခွန်းထုတ်လိုက်၏။

"မယုံကြည်နိုင်လောက်အောင်ပဲ... ငါ့ရဲ့ အဂ္ဂိရတ် ချီနှလုံးသားမှာ ဧဒင်သစ်ပင်ရဲ့ အရှိန်အဝါနဲ့ ဆင်တူတဲ့ ချီစွမ်းအား တစ်ခုတောင် ရှိနေပုံ ရတယ်... ငါစုပ်ယူလိုက်တာကြောင့် ချီနှလုံးသားက ပြောင်းလဲ သွားတာလား... ဒါမှမဟုတ် ဧဒင်သစ်ပင် ငါ့စိတ်ထဲဝင်တာကြောင့်များလား...”

မည်သို့ပင် ဆိုစေ... ထိုအရာက ကောင်းသော အရာ ဖြစ်ပေသည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ အဂ္ဂိရတ် နှလုံးသားမှာ ဧဒင်သစ်ပင်၏ အရှိန်အဝါကို ပိုင်ဆိုင်ကာ စိတ်တာအိုကို အခြေခံနေခြင်း ဖြစ်ရာ... ယင်းအား အဂ္ဂိရတ် ဧဒင်ချီနှလုံးသားဟု ခေါ်ဆိုရပေမည်။

“ဒါပေမဲ့ စိတ်ထဲမှာ ရှိနေတာ ဆိုတော့ ချီကို သုံးလို့ ရပါ့မလား...”

ဝေ့ဝူယင် အာရုံစိုက်ကာ “အဂ္ဂိရတ် ဧဒင်ချီနှလုံးသား” နှင့် ချိတ်ဆက်ကြည့်လိုက်သည်။ ရုတ်ချည်းပင် ချည်မျှင်တစ်ခုသည် လျှပ်စီးကဲ့သို့ လျှင်မြန်သော အရှိန်နှင့် သူ၏ ဦးနှောက်မှ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာသည်။ ၎င်း၏ တုန့်ပြန်မှုကား အခြားချီနှလုံးသားနှစ်ခုထက်ပင် အနည်းငယ် ပိုမို မြန်ဆန်နေသေး၏။

သူ ဧဒင်ချီကို လေထုအတွင်း ပစ်ထည့်ကာ သေချာစွာ ကြည့်ရှုလိုက်သည်။ ယင်းတွင် အဂ္ဂိရတ် ပညာရပ် ခုနစ်သွယ် အတွက် သင့်လျော်သော ရောင်ဝါများ ရှိနေသလို ထူးဆန်းသော စိတ်ခွန်အားများဖြင့်လည်း ပြည့်နှက်နေသည်။

“ဒီချီနှလုံးသားက အခြား ချီနှလုံးသား နှစ်ခုနဲ့ မရောတာလား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အခြားချီနှလုံးသား နှစ်ခုမှာ ချီပျစ်ခဲခြင်း အဆင့်ခြောက် မှားသော အမှန်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် အဂ္ဂိရတ် ဧဒင်ချီနှလုံးသားမှာမူ ယခုမှ ချီပျစ်ခဲခြင်း အဆင့်နှစ်တွင်သာ ရှိနေသေးသည်။ သူ့အနေဖြင့် ယင်းအား အဆင့်မြှင့်တင်ရန် လိုအပ်ပေသည်။

ဝေ့ဝူယင် ကြိုးကြာဖြူကို စောင့်ရင်း အချိန်ရသလောက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။ သူ တက်လှမ်းရမည့် အဆင့်မှာ ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်း အဆင့် ဖြစ်သည်။ သူ၏ ဒြပ်စင်ချီ နှလုံးသားက မည်ကဲ့သို့ အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားအား အကူအညီပေးနိုင်မည်ကို သူသိချင်နေမိ၏။

ဝှစ်...

ဝေ့ဝူယင် ဒြပ်စင်စွမ်းအင် ပမာဏ နည်းနည်းကို ထုတ်ယူကာ စိတ်မျက်လုံးအတွင်း ပို့လွှတ်လိုက်သည်။ သို့သော်လည်း ဦးနှောက်ကို အပ်ဖြင့် ထိုးလိုက်သလို စူးစူးရှရှ နာကျင်မှုမျိုး သူ ခံစားလိုက်ရ၏။

“အင်း... ဟုတ်သားပဲ... ဒြပ်စင်စွမ်းအင်တွေက ရုပ်လွန်မှ မဟုတ်တာ... ဘယ်လိုလုပ်ပြီး စိတ်မျက်လုံးထဲ ဝင်နိုင်မှာလဲ... ဒါပမေဲ့ အဲဒီလိုဆိုရင် ငါ့ရဲ့ အဂ္ဂိရတ် ဧဒင်ချီနှလုံးသားက ချီပျစ်ခဲခြင်း အဆင့်နှစ်မှာပဲ ပိတ်မိနေတော့မှာလား”

ဝေ့ဝူယင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ထိုအတိုင်းသာ ဖြစ်နေပါက ကံဆိုးလွန်းလှသည်။

“နေဦး...”

ရုတ်တရက် နည်းလမ်းတစ်ခုကို တွေးမိသော အခါ သူ၏ မျက်လုံးများက လင်းလက်သွားသည်။ အတွေးတစ်ချက်ဖြင့်ပင် သူ၏ ဒြပ်စင်ချီနှလုံးသားသည် ပါးစပ်မှ ထွက်ကာ အပြင်သို့ ‌ရောက်ရှိလာ၏။ ၎င်းသည် အသက်ဝင်ကာ စိတ်လှုပ်ရှားနေပုံ ရသည်။

ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးလိုက်၏။

“ပြန်တွေ့ရတာ ဝမ်းသာပါတယ်...”

အကြောင်းပြချက် တစ်ချို့ကြောင့် သူ၏ ဝိညာဥ်များမှာ ကိုယ်ပိုင် အသိစိတ် ရှိနေသလို ဝေ့ဝူယင် ခံစားနေရသည်။ ၎င်းတို့သည် ကိုယ်ပွားများ သဖွယ် သူနှင့် နက်ရှိုင်းစွာ ချိတ်ဆက်ထားသည်။ ၎င်းတို့ ဘေးတွင် ရှိနေသမျှ ဝေ့ဝူယင် အထီးကျန်မှုကို မခံစားရချေ။

ဝေ့ဝူယင်သည် ထိုကျင့်စဥ်ကို “အဂ္ဂိရတ် ဧဒင်ချီ နှလုံးသား” အပေါ်တွင်လည်း သုံးလိုက်သည်။ အခက်အခဲ သိပ်မရှိပါပဲ ယင်းသည် သူ၏ မျက်လုံးထဲမှ အပြင်သို့ ရောက်ရှိလာ၏။

အပြင်သို့ ရောက်ရောက်ချင်းပင် သက်တန့် မုန်တိုင်းငယ်သည် ကောင်းကင်သို့ မော့ကြည့်ကာ အနည်းငယ် တုန်ရီနေခဲ့သည်။ သူကား ဝမ်းနည်းနေဟန် ရလေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ဧဒင်သစ်ပင်သည် သူ၏ ဝိညာဥ် အပေါ် အနည်းငယ် လွှမ်းမိုးမှု ရှိနေဟန် ရသည်။ ဝေ့ဝူယင် အတွေးတစ်ခုအား စေလွှတ်ကာ ချီနှလုံးသား နှစ်ခုကို ချိတ်ဆက်လိုက်၏။

“စွမ်းအင်တွေ ဖလှယ်လိုက်ရအောင်...”

သူက ပြောကာ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားမှ ဒြပ်စင်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ဧဒင်ချီ နှလုံးသားသည် ပတ်ချာလည် လှည့်ကာ ယင်းကို ရှောင်တိမ်းရန် ကြိုးစား၏။ သူကား ထိုကဲ့သို့ ပြုလုပ်ရန် မနှစ်မြို့ပုံ ရသည်။

“ဘာမှားနေလို့လဲ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်၏။ သူ၏ ချီနှလုံးသားများမှာ အခြား လူများ၏ ချီနှလုံးသားများထက် ပို၍ ဉာဏ်ရည် ထက်မြက်ကြောင်း သူ သဘောပေါက်ထားသည်။

သက်တန့် မုန်တိုင်းငယ်သည် သူနှင့် လျှင်မြန်စွာပင် ဆက်သွယ်လာ၏။ မကြာမီတွင် သူ သဘောပေါက်သွားသည်။ တိုက်ရိုက်ပင် ဒြပ်စင်ချီ နှလုံးသားကို သူ၏ စိတ်မျက်လုံး အတွင်း ဝင်ခိုင်းလိုက်၏။ ၎င်းမှာ နားမလည်နိုင်ဟန် ပေါက်သည့်တိုင် ငြင်းဆန်ခြင်း မပြုချေ။ သူ၏ မျက်လုံးမှ တစ်ဆင့် တဖြည်းဖြည်း တိုးဝင်သွား၏။

“ဒါက...”

ဝေ့ဝူယင်မှာ ထိုအရာ အလုပ်ဖြစ်လိမ့်မည် ဟု ထင်မှတ်မထားခဲ့ချေ။ သို့သော်လည်း အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့သည်။ အမှားနှင့် အမှန် ရောထွေးနေသည့် ရုပ်လွန်ချီများသည် ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားကို ဝန်းရံထား၏။ ယင်းဖြင့် သူတို့သည် စိတ်မျက်လုံးအတွင်း နှစ်သက်သလို ဝင်ရောက်နိုင်စွမ်း ရှိပေသည်။

အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားသည် ပျော်ရွှင်စွာ လှုပ်ခါရင်း လျှင်မြန်စွာပင် စိတ်မျက်လုံးအတွင်း လိုက်လံ ဝင်ရောက်သွားသည်။ စွမ်းအင် ဖလှယ်မှုသည် ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့၏။ တစ်ချိန်တည်းပင် အဂ္ဂိရတ် ဧဒင်ချီ နှလုံးသား၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တဖြည်းဖြည်း တိုးတက်လာနေခဲ့လေည်။

“ကွာခြားမှုက ဘာလဲဆိုတာ သဘောပေါက်ပြီ... ဒါက အစစ်အမှန် ကျင့်ကြံခြင်းပဲ... ဒါပေမဲ့ ကြည့်ရတာ အချိန်ယူရပုံ ပေါ်တယ်... အဂ္ဂိရတ် ဧဒင်ချီ နှလုံးသား အပြင်မှာ ဖလှယ်ဖို့ ငြင်းဆန်ခဲ့တာက သူ အပြင်မှာ အကာအကွယ် မရှိပဲ အချိန်ကြာကြာ မနေနိုင်လို့ပဲ”

ဝေ့ဝူယင်က မှတ်ချက်ချလိုက်သည်။

“ဂီး... ဂီး...”

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ဝေ့ဝူယင်၏ မျက်လုံးများက ပြန်လည် ပွင့်လာခဲ့၏။ အပြုံးတစ်ခုက သူ၏ မျက်နှာထက်တွင် နေရာယူလာသည်။

“မင်း အသက်ရှင်နေသေးတယ်ပေါ့...”

***

All Chapters