လက်ထပ်ပွဲ ဂယက်
Vol. 9 Ch. 126
ဝေ့ဝူယင်သည် သူ၏ ခမ်းနားသော စံအိမ်လေးဆီ ပြန်လာခဲ့၏။ တော်ဝင် လက်ထပ်ပွဲ အကြောင်း သိရပြီးနောက်တွင် အစီအစဥ်မျာ ရေးဆွဲရန် လိုအပ်လာသည်ဟု သူ ခံစားရသည်။ လင်းကျိရန်သည် ကံကြမ္မာ ဟောပြောသူ၏ သူငယ်ချင်း ဖြစ်သည်။ သူမအား ရရှိရန် သူ အားလုံးကို ရင်းနှီးမည် ဖြစ်သည်။ အကယ်၍ မင်္ဂလာပွဲသို့ သူမ မလာလျှင်ပင် သူမ၏ ရှိနေသည့် နေရာအား သိအောင် သူ လုပ်ရမည်။
အကယ်၍ လင်းကျိရန်သာ အချက်အလက်များကို ဖော်ထုတ်လိုခြင်း မရှိပါက သူ အခြား အစီအမံများ ပြုလုပ်ရတော့မည် ဖြစ်သည်။ ဥပမာ သတို့သမီး ပြန်ပေးဆွဲခြင်းမှာလည်း ထည့်သွင်း စဥ်းစားရမည့် ဖြစ်နိုင်ချေ တစ်ခု ဖြစ်၏။ ထိုအချင်းအရာက အင်ပါယာ မျိုးနွယ် တစ်ခုလုံးနှင့် ရန်သူများ ဖြစ်လာနိင်ရာ သူ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်သည်။
ဝေ့ဝူယင် ကြည်လင်သော ရေကန်နံဘေးတွင် တင်ပျဥ်ချိတ်ကာ ထိုင်ရင်း အတွေးများ ပျံ့လွင့်နေသည်။ တိုက်ရိုက် နည်းလမ်းသည် အကောင်းဆုံးနှင့် အရှင်းလင်းဆုံး ဖြစ်သော်လည်း အခြေအနေ အရ ပြောင်းလဲ သွားနိုင်သည့် ကိန်းရှင်များစွာလည်း ရှိနေသေးသည်။
“ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက မြင့်မားနေပြီ ဆိုပေမဲ့ ဒီတိုက်မှာ ပြိုင်ဘက်မကင်းသေးဘူး... ချီပျစ်ခဲခြင်း အဆင့် တစ်ခုချင်းစီရဲ့ စွမ်းအင်တွေတောင် ဒီလောက် ကွာခြားနေရင် အလွှာတွေရဲ့ ကွာခြားချက်က ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ... မင်းသားကျန်းရဲ့ စကားအရဆိုရင် သူတို့ရဲ့ ကြယ်တာရာ ဧကရာဇ်က တံခါးပိတ် ကျင့်ကြံနေတယ်တဲ့... အဲဒီ တစ်ချက်က ငါအောင်မြင်မှုရအောင် လမ်းဖွင့်ပေးထား သလိုပဲ... ဒါပေမဲ့”
သူ၏ အောင်မြင်နိုင်ချေမှာ ကြယ်တာရာ ဧကရာဇ်၏ အဆင့်ချိုးဖျက်နိုင်စွမ်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ဝေ့ဝူယင် ယူဆမိသည်။ အဆင့်ချိုးဖျက်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသော်လည်း လုံးဝ မဖြစ်နိုင်ခြင်းတော့ တထစ်ချ မဟုတ်သေးချေ။ အကယ်၍ ထိုကဲ့သို့ အခြေအနေမျိုးသာ ပေါ်ပေါက်လာပါက သူ ဘောင်းဘီကျွတ်သည် အထိ ထွက်ပြေးရလိမ့်မည် ဖြစ်သည်။
“တကယ်လို့ အောင်မြင်ချင်တယ် ဆိုရင် ဖြစ်နိုင်ချေ ရှိတဲ့ ကိန်းရှင်အားလုံးကို ထည့်သွင်း စဥ်းစားထားဖို့ လိုအပ်တယ်...”
ဝေ့ဝူယင်သည် နာရီပေါင်းများစွာ ကြာအောင် ဗျူဟာများကို ဆက်လက် ရေးဆွဲနေခဲ့၏။ ပထမဆုံး အနေဖြင့် အစုလိုက် အပြုံးလိုက် သတ်ဖြတ်နိုင်သည့် လက်နက်တစ်ခု သူ လိုအပ်သည်။ အသုံးပြုဖြစ်သည် ဖြစ်စေ၊ မပြုဖြစ်သည် ဖြစ်စေ... ကိုယ့်လက်ထဲ၌ ခြိမ်းခြောက်ရန် အရာတစ်ခု ရှိထားခြင်းက တစ်ပန်းသာပေသည်။
သို့သော်လည်း ထိုအရာက တစ်ခုတည်းသော ရွေးချယ်စရာတော့ မဖြစ်သင့်ချေ။ ထို့ကြောင့်ပင် သူ အခြား နည်းလမ်းတစ်ခု စဥ်းစားရပေလိမ့်မည်။
“မှန်တယ်...”
အတွေးတစ်ခုက ခေါင်းအတွင်း ဝင်ရောက်လာကာ သူ အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်၏။ အဖြူရောင် မြူနှင်း တစ်ခုမှာ ထွက်ပေါ်လာကာ ပုံသဏ္ဌာန် တစ်ခု ဖွဲ့တည်လာသည်။ ၎င်းသည် ဝေ့ဝူယင်၏ အသွင်ကို အပြည့်အဝ ယူကာ မြေပြင်၌ ရပ်၏။ ထိုအရာကား သူ၏ ကိုယ်ပွားပင် ဖြစ်လေသည်။
ယုဟိုင်မျိုးနွယ်ထံမှ ရရှိလာသည့် အမျိုးမျိုးသော ကိုယ်ပွား ကျင့်စဥ်များ၏ အကူအညီဖြင့် သူ ကိုယ်ပွားကို ပြည့်စုံအောင် ပြုပြင် မွမ်းမံနိုင်ခဲ့သည်။ အလွန် အရေးပါသော အခိုက်အတန့်များ၌ ထိုကိုယ်ပွားမှာ အသုံးဝင်နိုင်ပေသည်။
ဒုတိယ အနေဖြင့် လွတ်မြောက်ရေး လမ်းကြောင်းများကို ဝေ့ဝူယင် တွက်ချက်လိုက်၏။ လိုချင်သော လူကို ရပါက၊ သို့မဟုတ် ကြယ်တာရာ ဧကရာဇ် နိုးထလာပါက သူ လျှင်မြန်စွာ ထွက်ပြေးရန် လိုအပ်သည်။ အကယ်၍ လွတ်မြောက်အောင် မပြေးနိုင်လျှင် တစ်ဘဝလုံး တော်ဝင်မျိုးနွယ်၏ ကျွန်ပင်လျှင် ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။
တတိယ တစ်ခုကား ခိုအောင်းရန် နေရာ ဖြစ်၏။ မုန်တိုင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ရှောင်တိမ်းရန် အတွက် လုံခြုံသော နေရာတစ်ခု သူ့တွင် ရှိထားသင့်သည်။
.အဝေးသို့ လှမ်းကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ မင်္ဂလာပွဲကို လာမည့် ရက်သတ္တပတ် အနည်းငယ် ကြာမှ ကျင်းပလိမ့်မည် ဖြစ်သည်။ သို့ဖြစ်ရာ သူ့တွင် အချိန်ရှိပေသေးသည်။
စတုတ္ထမြောက်နှင့် နောက်ဆုံးအချက်ကား အရေးပေါ် အစီအစဥ်နှင့် ၎င်း၏ အရေးပေါ် အစီအစဥ် အတွက် နောက်ထပ် အရေးပေါ် အစီအစဥ်များ ချမှတ်ထားရန်ပင်။
...
ထိုအချိန် တော်ဝင် နန်းတော် အတွင်းရှိ ခမ်းနား ထည်ဝါစွာ ပြင်ဆင်ထားသော အခန်းတစ်ခုထဲရှိ မိန်းကလေး နှစ်ယောက် ရှိနေ၏။ လင်းကျိရန်နှင့် မင်ရှုဖုန်းတို့ပင်။
သူတို့ နှစ်ယောက်သည် ရွှေရောင် အရည်များ ပါဝင်သည့် လက်ဘက်ရည်ခွက်များကို ကိုင်ထားကြသည်။ မွေ့ပျံသော ရနံ့များမှာ သူတို့၏ နှုတ်သီးဝများ၌ သာယာစွာ ပျံ့လွင့်နေ၏။ မင်ရှုဖုန်းက လက်ဘက်ရည်ခွက်ကို မရင်း တစ်ငုံ စုပ်ယူ၍ သောက်သုံးလိုက်၏။ လန်းဆန်းသော ခံစားချက်တစ်ခုမှာ သူမ၏ လည်ချောင်းမှ နေ၍ ပျံ့လွင့်လာသည်။
တောက်... တောက်... တောက်...
လင်းကျိရန်၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများမှာ စားပွဲခုံကို စည်းချက်ကျကျ ခေါက်နေခဲ့သည်။ သူမသည် အနည်းငယ် ဂဏှာမငြိမ် ဖြစ်နေခဲ့ပုံ ရသည်။ သူမ၏ မျက်လုံးများမှာ စိုးရိမ် ပူပန်မှုများ၊ မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေ၏။
“ဒီကိစ္စက အဲဒီလောက်ထိ စိတ်ပူနေစရာ မလိုဘူးလေ...”
မင်ရှုဖုန်းက ဆိုလိုက်သည်။
လင်းကျိရန်က လှပသော မျက်လုံးများနှင့် မင်ရှုဖုန်းကို ပြန်ကြည့်လိုက်၏။ သူမက နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။
“မပူပဲ ဘယ်လိုလုပ် နေနိုင်မှာလဲ... နင်ပြောတဲ့”
“ငါပြောတာကို ငါသိတယ်”
မင်ရှုဖုန်းက ဖြတ်ပြောလိုက်သည်။
“နင့်ရဲ့ ကောင်းကင်ကံကြမ္မာကို ငါ အကြိမ်ကြိမ် ကြည့်ပြီးပြီ... နင်က နင်ချစ်တဲ့ လူနဲ့ပဲ ပေါင်းစည်းရမှာ”
“သေချာလို့လား...”
လင်းကျိရန် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ မင်ရှုဖုန်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။
“သေချာတာပေါ့... အခု နင်လုပ်ရမှာက ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်လိုက်ဖို့ပဲ... နောက်ပြီး အဲဒါကို မတော်တဆဖြစ်တာလို့ ပြောလိုက်... နောက်ပြီး နင့်ရဲ့ အသံကိုလည်း ချိပ်ပိတ်ရမယ်... မင်္ဂလာပွဲ အချိန်ရောက်ရင် ငါလွှတ်ထားတဲ့ မီးမြူခိုးတွေက ထပြီး တောက်လောင်လိမ့်မယ်... အဲဒါက သူ့ကို တန်းတန်းမတ်မတ်နဲ့ နင့်ဆီ ရောက်လာစေလိမ့်မယ်”
“နောက်ပြီးတော့ရော...”
လင်းကျိရန်မှာ စိတ်ထဲရှိ သံသယနှင့် စိုးရိမ်မှုများ နည်းလို နည်းသွားငြား မေးလိုက်သည်။ မင်းသားကျန်း ကိစ္စမှ လွဲ၍ မင်ရှုဖုန်း ပြောသမျှမှာ တစ်ကြိမ်မှ မမှားခဲ့ဖူးချေ။
“နောက်ပြီးတော့လား... သေချာပေါက် အနိုင်ပေါ့...”
မင်ရှုဖုန်းက ကျိန်းသေ သိနေသော ပုံစံဖြင့် ပြုံးလိုက်သည်။ လင်းကျိရန်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွား၏။ သူမက လက်သီးများကို တင်းတင်းဆုပ်ကာ ဖွင့်ထားသော ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
“ငါ့ဘဝရဲ့ ဖူးစာဖက်... ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အောင်မြင်တဲ့သူ... အဲဒီ တစ်ယောက်က သူ ဖြစ်ဖို့ ငါ မျှော်လင့်တယ်”
...
တစ်ချိန်တည်း၌ တည်းခိုခန်း တစ်ခုတွင် ပုံရိပ်နှစ်ခု ရှိနေကြသည်။ ထိုအရာက လုံချန်နှင့် ချင်းချူးမူတို့ပင် ဖြစ်၏။
ချင်ချူးမူမှာ မျက်နှာကျက်သို့ ငေးရင်း အတွေးများမှာ မြောလွင့်နေဟန်နေ၏။ လုံချန်၏ အနက်ရောင် မျက်လုံးများမှာမူ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
“ငါ သူ့ကို ကယ်မယ်... ပြီးရင် ဟိုကောင်ကို သတ်မယ်”
ထက်ရှသော လေသံကြောင့် ချင်ချူးမူမှာ အတွေးကမ္ဘာမှ ပြန်နိုးလာသည်။ သူမ၏ နှလုံးသားထဲတွင် မသေချာသော ခံစားချက်တို့က ပေါ်ထွက်လာ၏။ “ဟိုကောင်” က မည်သူ ဖြစ်သည်ကို သူမ သိသည်။ ထိုကဲ့သို့ ဖြစ်မလာရန် သူမ ဆုတောင်းမိ၏။
...
ဖိတ်စာကို လက်ခံ ရရှိသည့် နေ့မှ စ၍ ရေတွက်သော် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ တော်ဝင်မြို့တော်ကြီးသည် ပုံရိပ်မျိုးစုံဖြင့် စည်ကားလျှက် ရှိ၏။ ထိုအထဲ၌ သေမျိုး နတ်ဘုရားများ၊ အဂ္ဂိရတ် သခင်များနှင့် အသက်အရွယ် ပေါင်းစုံ ပါရမီရှင်များလည်း အပါအဝင် ဖြစ်သည်။ သူတို့သည် အင်ပါယာ မျိုးနွယ်နှင့် မင်းသားလဲ့ကို ချီးမြှင့်ရန် အတွက် အဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြု ရောက်ရှိ လာကြခြင်း ဖြစ်သည်။
ထိပ်တန်း ပညာရှင်များ၏ ဝိညာဥ်အင်အားကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ဝေ့ဝူယင် ခံစားမိ၏။ ထိုအရာက ပိုကဲလွန်းနေသည်။ သာမန် မင်္ဂလာပွဲ တစ်ခုထက် ပိုကဲလွန်းနေသည်။
“တစ်ခုခုတော့ တစ်ခုခုပဲ... သေချာတယ်”
ဝေ့ဝူယင်၏ အာရုံခံနိုင်စွမ်းမှာ အခြးလူများထက် အဆပေါင်းများစွာ ပို၍ ထက်ရှသည်။ ထိုအရာက အစစ်အမှန် နဂါးသွေး မျိုးဆက်နှင့် အဂ္ဂိရတ် ဧဒင်ချီ ဝိညာဥ်တို့ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် တုန့်ပြန်မှုကြောင့် ထွက်ပေါ်လာသည့် မမြင်နိုင်သော ရည်ရွယ်ချက်များကိုပင် ခံစားသိရှိနိုင်စွမ်း ရှိသည်။
ဟူး... ဟူး...
ဝေ့ဝူယင်နှင့် စုမေ့တို့သည် ပိုင်လင်၏ ကျောထက်၌ ထိုင်ကာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ သူတို့ နှစ်ယောက်စလုံးသည် မင်္ဂလာပွဲနှင့် လိုက်ဖက်သည့် အဝဝ်အစားများကို ဝတ်ဆင်ထားကြသည်။ သူတို့သည် ထိုဝတ်စုံများကို အသက်လောက ကုန်တိုက်မှ စျေးကြီးကြီးပေးကာ ဝယ်ထားခြင်း ဖြစ်သည်။ ယင်းတို့က တိုက်ပွဲများအတွက် အသုံးမဝင်သည့်တိုင် မြင့်မြတ်ကာ အဆင့်အတန်း မြင့်မားသည့် အသွင်အပြင်ကို ပေးအပ်နိုင်စွမ်း ရှိသည်။
စုမေ့သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ တိုတိုဖြတ်ထားသော အောက်နားစက သူမ၏ ပေါင်နှင့် ခြေထောက်များကို ဖော်ပြထား၏။
ဝေ့ဝူယင် စုမေ့ကို စိုက်ကြည့်လိုက်သည်။ ပထမဆုံး စတွေ့ခဲ့သည့် နေ့၌ သူမသည် တင်မရှိ၊ ရင်မရှိ ပြားချပ်ချပ် ကောင်မလေးသာ ဖြစ်သည်။ ဆံပင်တိုတို အနက်ရောင် မျက်လုံးများနှင့် ချစ်ဖို့ကောင်းသည့် ကောင်မလေး တစ်ယောက် ဟုသာ သူအများဆုံး မှတ်ချက် ချနိုင်ပေသည်။
သို့သော်လည်း ယခုတွင်မူ စုမေ့မှာ အပြည့်အဝ အရွယ်ရောက် လာခဲ့ပြီ ဖြစ်သည်။ သူမ၏ ရင်သားများမှာ သဘာဝ အတိုင်း ကြီးထွားနေကာ လက်တစ်ဆုပ်စာပင် မကတော့ချေ။ သူမ၏ တင်ပါးများမှာလည်း ပြီးပြည်စုံကာ ညို့င်နိုင်စွမ်း ပြည့်ဝလှသည်။ သူမ၏ မျက်လုံးများမှာ ယခင်က ကဲ့သို့ ကြည်လင်နေဆဲ ဖြစ်သည့်တိုင် ထက်မြက်မှုနှင့် စူးရှမှုတို့က စိတ်ဝိညာဥ်များကို ဖမ်းစားနိုင်စွမ်း ရှိ၏။
သူ ကိုယ်တိုင်ကမူ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ မည်သည့် အဝတ်အစား ဝတ်ဆင်စေကာမူ သူ၏ ချောမောမှုများက ကွယ်ပျောက်မည် မဟုတ်ရာ သူနှင့် ပတ်သက်ပြီး ထူးထူးခြားခြား ပြောစရာ သိပ်မရှိလှချေ။ သူ၏ မျက်နှာတစ်ခုတည်းက ပင်လျှင် မိန်းကလေးများစွာအား ဆွဲဆောင်နိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
တော်ဝင်နန်းတော်ထဲရှိ မင်္ဂလာဆောင် ခန်းမ၏ အဝတွင် မင်းသားကျန်းနှင့် ကိုယ်ရံတော် အမွှာတို့မှာ ရပ်နေ၏။ များစွာသော ဧည့်သည်များမှာ မင်းသားကျန်းကို ကြည့်ကာ အံ့သြသွားကြသည်။ သူက မည်သည့်ကို ထွက်ကြိုနေရသနည်း။
မိန်းမလှ သတ်မှတ်ချက်ဝင် ထိပ်တန်း အလှပဂေး တစ်ယောက် ဖြစ်မည်လော။ မည်သူပင် ဖြစ်စေကာမူ အရေးပါသူ တစ်ယောက် ကျိန်းသေ ဖြစ်ရပေမည်။
***