ကျောက်စိမ်းမိန်းမပျို၊ ခင်ပွန်းသည်၏ အာဏာကို ပြန်လည်တည်ဆောက်ခြင်း(၁)။
Vol. 45 Ch. 499
"ယောက်ျား... ကျွန်မ ဟယ်ဟွမ်းဂိုဏ်းကို ပြန်လိုက်ရမလား..."
"ဟယ်ဟွမ်းဂိုဏ်းမှာ အသားအရေဖြူဝင်းပြီး လှပတဲ့ အမျိုးသမီးကျင့်ကြံသူတွေ အများကြီး ရှိတယ်လေ..."
"ကျင့်ကြံမှုတွေလည်း မဆိုးပါဘူး... အနည်းဆုံး ရွှေအမြုတေအဆင့် ရှိကြပြီးတော့... ဝိညာဉ်သန္ဓေသားအဆင့် အမျိုးသမီးကျင့်ကြံသူတွေလည်း ရှိသေးတယ်..."
"တကယ်လို့ သူတို့ကို ခေါ်လာနိုင်ရင် ရွှမ်ဟွမ်ဂိုဏ်းကို အင်အားကြီးထွားစေရုံတင်မကဘူး..."
"ယောက်ျားရဲ့ ကျင့်ကြံမှုကိုလည်း တိုးတက်စေနိုင်တယ်လေ..."
ထိုအချိန်တွင် ရှရွှေယန်သည် ကျိုးစွေ့၏ ဘေးနားသို့ ရောက်ရှိလာပြီး ညှို့ဓာတ်ပြင်းသော မျက်လုံးများ၊ သင်းပျံ့သော အသက်ရှူသံများဖြင့် ကျိုးစွေ့ကို ဆွဲဆောင်မှုရှိစွာ ကြည့်နေလေ၏။
နှစ်များစွာ အတူနေထိုင်ပြီးနောက် သူမသည် မူလက မိန်းမပျိုလေးဘဝမှ ရင့်ကျက်သော အမျိုးသမီးတစ်ဦးအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲလာခဲ့ပြီ ဖြစ်လေသည်။
ထို့အပြင် 'ရေဓာတ်သဘာဝခန္ဓာကိုယ်'ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
ယခု သူမ၏ လှုပ်ရှားမှုတိုင်းသည် အဆုံးမဲ့သော ညှို့ဓာတ်များဖြင့် ပြည့်နှက်နေပြီး မြင်ရသူအဖို့ သွားရည်ကျစေလောက်ပေသည်။
ထင်ရှားသည်မှာ သူမ ကျင့်ကြံသော 'ကျောက်စိမ်းမိန်းမပျိုကျင့်စဉ်'၏ အဆင့်သည် ပိုမို တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။
ကြည့်လိုက်လျှင် ဖြူစင်သန့်ရှင်းသော မိန်းမပျိုလေးတစ်ဦးကဲ့သို့ ခံစားရသော်လည်း အရိုးထဲအထိတိုင် ဆွဲဆောင်မှု ရှိနေပေသည်။
အကယ်၍ ကျိုးစွေ့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်သည် နဂါးဆင်ကဲ့သို့ အားကောင်းမနေပါက၊ သူမ၏ အတိုင်းအဆမရှိသော တောင်းဆိုမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"မလိုဘူး... လုံးဝ မလိုပါဘူး..."
"မင်းတစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ..."
ကျိုးစွေ့တစ်ယောက် ချက်ချင်းပင် ထိတ်လန့်သွားလေသည်။ အကယ်၍ ဟယ်ဟွမ်းဂိုဏ်းမှ ထိုမိန်းမလှများကို အမှန်တကယ် ခေါ်ဆောင်လာပါက သူ၏ အိမ်တွင်းရေးသည် ဘယ်သောအခါမျှ အေးချမ်းတော့မည် မဟုတ်ကြောင်း စိုးရိမ်မိလေသည်။
ရှရွှေယန်တစ်ယောက် ရွှမ်ဟွမ်ကျွန်းသို့ ရောက်ရှိလာပြီးကတည်းက၊ သူ၏ ဇနီးမယားများသည် သူမထံမှ အကျင့်ဆိုးများ သင်ယူလိုက်ကြချေသည်။
ဤဟယ်ဟွမ်းဂိုဏ်းမှ မိန်းမလှလေးနှင့်အတူ လျှို့ဝှက်ပညာရပ် အမျိုးမျိုးကို လေ့ကျင့်နေကြလေ၏။
မူလက သူသည် အလွန် သန်မာထက်မြက်သူ ဖြစ်သော်လည်း သူ၏ တာအိုလက်တွဲဖော်များက ပိုမို၍ သန်မာထက်မြက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
အကယ်၍ 'နဂါးဆင်ကူ'၏ စွမ်းအားကို အသုံးပြုပြီး လစဉ် လျှို့ဝှက်ဆန်းကြယ် သွေးစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ခြင်းသာ မရှိပါက၊ သူ၏ ခန္ဓာကိုယ်အရည်အသွေးသည် အဆက်မပြတ် တိုးတက်နေမည် မဟုတ်တော့ဘဲ အမှန်တကယ် ခုခံနိုင်စွမ်းပင် ရှိတော့မည် မဟုတ်ပေ။
ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်ဟုသာ ဆိုရပေတော့မည်။
အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု ဖြစ်ရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ အဓိက အင်အားကြီးလေးခုထဲမှ တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်းမှာလည်း အလကားသက်သက် မဟုတ်ချေ။
သူမတို့ ပိုင်ဆိုင်ထားသော အမွေအနှစ်များသည်လည်း ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းအဆင့် ဖြစ်ပေသည်။
ထို့ကြောင့် အကယ်၍ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများ ပိုမို၍သာ ပါရှိလာပါက သူ့အနေဖြင့် အခြားကိစ္စရပ်များကို လုပ်ဆောင်ရန်ပင် အချိန်ရှိတော့မည် မဟုတ်ချေ။
"ခစ်ခစ်... ကြည့်ရတာ ယောက်ျားရဲ့ စံနှုန်းသတ်မှတ်ချက်က မြင့်မားနေပုံရတယ်..."
"ကျွန်မရဲ့ ညီအစ်မတွေကို မျက်စိထဲ မဝင်ဘူးပေါ့..."
"ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဟယ်ဟွမ်းဂိုဏ်းမှာ အပျိုစင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးကျင့်ကြံသူတွေလည်း အများကြီး ရှိပါသေးတယ်..."
"ယောက်ျားအတွက် သားသမီးရတနာတွေ မွေးဖွားပေးနိုင်ကြမှာပါ..."
ရှရွှေယန်က တခစ်ခစ်ရယ်မောကာ ကျိုးစွေ့ကို စနောက်လိုက်လေသည်။
"ခင်ပွန်းသည်ကိုတောင် စနောက်ရဲတယ်ပေါ့လေ..."
"ကြည့်ရတာ ဒီရက်ပိုင်း မင်းကို ဝအောင် မကျွေးမိဘူး ထင်တယ်..."
"မင်းကို ဝိညာဉ်သန္ဓေသားအဆင့် ရုပ်ခန္ဓာကျင့်ကြံသူဆိုတာ ဘာလဲဆိုတာ ပြသရမယ့်အချိန် ရောက်ပြီပဲ..."
ကျိုးစွေ့ခမျာ အံကြိတ်လိုက်ရသည်။ သူသည် ခင်ပွန်းသည်ဖြစ်သူ အိမ်ဦးနတ်၏ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ရပေမည်။ သို့မဟုတ်ပါက ဤအမျိုးသမီးများသည် အမှန်တကယ်ပင် ထင်ရာစိုင်းကြတော့မည် ဖြစ်ချေသည်။
ဤစကားကို ကြားသောအခါ အမျိုးသမီးများ၏ မျက်နှာလေးများ နီရဲသွားကြပြီး အားလုံးသည်ကာ စိတ်လှုပ်ရှား တက်ကြွနေကြလေတော့သည်။
…………
ရက်အနည်းငယ် ကြာပြီးနောက်…။
ချန်လန်ပင်လယ်ဒေသ၊ နေရာအနှံ့ရှိ ကမ္ဘာတံခါးပေါက်များ၌...။
ရှေးဟောင်းမိစ္ဆာကမ္ဘာမှ စတုတ္ထအဆင့် မိစ္ဆာသားရဲ အများအပြား စုဝေးရောက်ရှိနေကြပြီး ကြီးကျယ်ခမ်းနားစွာဖြင့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပျံ့နှံ့နေလေသည်။
အဝေးတစ်နေရာတွင် မိစ္ဆာသားရဲ စစ်တပ်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ စုဝေးနေကြပြီး ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်နှက်နေကာ အရေအတွက် ကုဋေကျော်နေပြီ ဖြစ်သည်။
"ဟားဟား... နှစ်သောင်းချီလောက်ပဲ ကြာသွားသေးတာကို ကျင့်ကြံခြင်းလောကက ဒီနေ့လို အခြေအနေထိ ယိုယွင်းသွားလိမ့်မယ်လို့ မထင်ထားမိဘူး... နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတောင် ဘယ်လောက်မှ မကျန်တော့ဘူးပဲ... တကယ့်ကို ကောင်းကင်ဘုံက ငါတို့မျိုးနွယ်စုကို မျက်နှာသာပေးနေတာပဲ..."
လူအသွင်ပြောင်း မိစ္ဆာကြီးတစ်ကောင်က ဟားတိုက်ရယ်မောလိုက်ပြီး အလွန် ဝမ်းသာနေလေသည်။
အနှစ်(၂၀) ကြာ သတင်းအချက်အလက်များ စုဆောင်းပြီးနောက် သူတို့သည် ကျင့်ကြံခြင်းလောကနှင့် ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားကို ရရှိထားခဲ့ပြီး၊ လက်ရှိခေတ် ကျင့်ကြံခြင်းလောကတွင် အင်အားမည်မျှ ကျန်ရှိနေသည်ကို သိရှိထားကြသည်။
ဤအချက်က သူတို့ကို အလွန် ဝမ်းမြောက်စေသည်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်နှင့် နှိုင်းယှဉ်လျှင် ဤခေတ် ကျင့်ကြံခြင်းလောကသည် အလွန်တရာ အားနည်းလွန်းသောကြောင့် ဖြစ်သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအရေအတွက် နည်းပါးရုံသာမက၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဆိုလျှင် လက်ချိုးရေလို့ပင် ရနေပြီ ဖြစ်သည်။
ရှေးဟောင်းမိစ္ဆာကမ္ဘာသည် ဘက်ပေါင်းစုံမှ အသာစီးရနေသည်ဟုပင် ဆိုနိုင်ပေသည်။
"တကယ်တော့ ဒါက ပုံမှန်ပါပဲ..."
"ရှေးဟောင်းခေတ်တုန်းက ကျင့်ကြံခြင်းလောကဟာ ငါတို့ ရှေးဟောင်းမိစ္ဆာကမ္ဘာနဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကျူးကျော်မှုကို ခံခဲ့ရပြီးတော့ စစ်ပွဲကြီးတွေ အများကြီး ဖြစ်ပွားခဲ့ရတယ်လေ..."
"နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အများအပြားက ကမ္ဘာကြီးတစ်ခုလုံးကို ကောင်းကင်ပြို မြေပျက်မတတ် တိုက်ခိုက်ခဲ့ကြရတာ..."
"အဲဒါကြောင့် ပဉ္စမအဆင့် ဝိညာဉ်သွေးကြော အများအပြား ပျက်စီးခဲ့ရတယ်..."
"ပဉ္စမအဆင့် ဝိညာဉ်သွေးကြောတွေ နည်းပါးသွားတဲ့နောက်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အရေအတွက်ကလည်း သဘာဝကျကျပဲ လျော့နည်းသွားရတာပေါ့..."
"ငါတို့ ရှေးဟောင်းမိစ္ဆာကမ္ဘာနဲ့ ယှဉ်ရင် လက်ရှိ ကျင့်ကြံခြင်းလောကက ဘာမှ ကြောက်စရာ မရှိတော့ဘူး..."
လူအသွင်ပြောင်း မိစ္ဆာကြီး အများအပြားမှာ ဝမ်းသာနေကြသည်။
သူတို့သည် ကျင့်ကြံခြင်းလောကကို ကျူးကျော်ရန် မူလကတည်းက ပြင်ဆင်ထားကြပြီး ဖြစ်သည်။ ယခု ကျင့်ကြံခြင်းလောက၏ အင်အားသည် ဤမျှ အားနည်းကြောင်း သိလိုက်ရသောအခါ သဘာဝကျကျ ပိုမို ဝမ်းသာသွားကြပြီး၊ ၎င်းသည် သူတို့၏ စီမံကိန်းသည် ပိုမိုလွယ်ကူစွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းကို ကိုယ်စားပြုနေလေသည်။
ကျင့်ကြံခြင်းလောက တစ်ခုလုံးကို သိမ်းပိုက်နိုင်သည်အထိပင် ဖြစ်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ အရေအတွက်နှင့် အင်အားကို ယှဉ်ကြည့်လျှင် မိစ္ဆာမျိုးနွယ်စုက သေချာပေါက် သာလွန်ပေသည်။
သူတို့၏ သက်တမ်းမှာ ရှည်လျားလှ၏။
ကြီးထွားနှုန်း နှေးကွေးသော်လည်း နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူ အမြောက်အမြား စုဆောင်းမိလာသည်။
မိစ္ဆာမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ကို လူသားမျိုးနွယ်စုသည် လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
"ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ... ကမ္ဘာတံခါးပေါက်က နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဝင်ဆံ့နိုင်တဲ့ အဆင့်ထိ မရောက်သေးဘူး..."
"ငါတို့ စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူတွေကိုပဲ ဖြတ်သန်းခွင့် ပေးနိုင်သေးတယ်..."
"တကယ်လို့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ရှိတဲ့ လူသားဂိုဏ်းတွေရဲ့ နယ်မြေကို ဝင်သွားမိရင် ငါတို့ အသက်အန္တရာယ် များလိမ့်မယ်..."
"ဟုတ်တယ်... အဲဒီ လူသားကျင့်ကြံသူတွေက အရမ်း ယုတ်မာကောက်ကျစ်ပြီး ကြီးနိုင်ငယ်ညှဉ်း လုပ်တတ်ကြတယ်..."
"အခွင့်အရေးသာရရင် သူတို့က ငါတို့ မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ပြီး အရေခွံခွာ အကြောထုတ်ဖို့ ဝန်လေးနေကြမှာ မဟုတ်ဘူး..."
"အဲဒီကိစ္စအတွက် ငါတို့ စောစောစီးစီးကတည်းက စဉ်းစားထားပြီးသားပါ... ကျင့်ကြံခြင်းလောကမှာ ချန်လန်ပင်လယ်ဒေသ ဆိုတဲ့ နေရာတစ်ခု ရှိတယ်..."
"အဲဒီ ပင်လယ်ဒေသက ကျယ်ဝန်းပေမယ့် လူသား နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ မရှိဘူး... အများဆုံး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေပဲ ရှိတာ..."
"တကယ်လို့ ချန်လန်ပင်လယ်ဒေသကို သွားမယ်ဆိုရင် မပြောပလောက်တဲ့ လူသားမျိုးနွယ်စုက ငါတို့ရဲ့ တိုက်ခိုက်မှုကို သေချာပေါက် ခုခံနိုင်မှာ မဟုတ်ဘူး..."
"နတ်ဘုရားအသွင်ပြောင်းအဆင့် မရှိဘူး ဟုတ်လား... ဒီလိုဆိုရင် ဒီနေရာက ငါတို့ ဦးစားပေး တိုက်ခိုက်ရမယ့် နေရာပဲ... ချန်လန်ပင်လယ်ဒေသကို အရင်သိမ်းပိုက်ပြီးမှ တခြား ကျင့်ကြံခြင်းလောက နယ်မြေတွေကို ဆက်တိုက်ခိုက်ကြမယ်..."
လူအသွင်ပြောင်း မိစ္ဆာကြီး အများအပြားမှာ ဆွေးနွေးငြင်းခုံနေကြလေသည်။
သူတို့သည် စကားအနည်းငယ် ပြောရုံဖြင့် ကျင့်ကြံခြင်းလောကကို တိုက်ခိုက်ရန် ပြင်ဆင်ပြီး ဖြစ်သွားကြတော့သည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းလောကကို ကြံစည်ရန်အတွက် သူတို့ ပြင်ဆင်ခဲ့သည်မှာ ကြာမြင့်လှပြီ မဟုတ်ပါလော။
ယခုအချိန်သည် ရေကန်အသင့် ကြာအသင့်ကဲ့သို့ အခြေအနေကောင်းမွန်ချိန် ရောက်လာခြင်းသာ ဖြစ်သည်။
"ချန်လန်ပင်လယ်ဒေသကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့... ဘယ် ကမ္ဘာတံခါးပေါက်ကနေ စထွက်ကြမလဲ..."
"ဒါကတော့ မျိုးနွယ်စုတစ်စုက ကမ္ဘာတံခါးပေါက် တစ်ခုစီ တာဝန်ယူပြီး တပြိုင်နက်တည်း တိုက်ခိုက်ကြတာပေါ့..."
"ဘယ်သူ တိုက်ခိုက်သိမ်းပိုက်နိုင်လဲ ဆိုတာအပေါ် မူတည်ပြီး အဲဒီနယ်မြေက အဲဒီမျိုးနွယ်စု အပိုင်ပေါ့... ဘယ်သူမှ လုယူခွင့် မရှိစေရဘူး..."
"ချန်လန်ပင်လယ်ဒေသက လူသားဂိုဏ်းတွေက ကမ္ဘာတံခါးပေါက်တွေကို ကာကွယ်ချင်ကြပေမယ့်… ငါတို့က သူတို့ကို ပူးပေါင်းခွင့် ဘယ်လိုပေးမှာလဲ..."
"ငါတို့က ကမ္ဘာတံခါးပေါက်တိုင်းကို တပြိုင်နက်တည်း တိုက်ခိုက်ပြီး ချန်လန်ပင်လယ်ဒေသ နေရာအနှံ့မှာ ဖြန့်ကျက်လိုက်ရင် လူသားတွေ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်သွားမှာပဲ..."
"လူသားတွေရဲ့ နယ်မြေအနှံ့ စစ်မီးတောက်လောင်စေရမယ်... ဘယ်နေရာကိုပဲ ပုန်းရှောင်သည်ဖြစ်စေ အလကားပဲ ဖြစ်စေရမယ်..."
စတုတ္ထအဆင့် လူအသွင်ပြောင်း မိစ္ဆာကြီးတစ်ကောင်က သတ်ဖြတ်လိုစိတ် ပြင်းပြစွာ ပြောလိုက်သည်။
ဤသည်မှာ သူတို့ ယခင်ကတည်းက ရေးဆွဲထားသော စီမံကိန်းပင် ဖြစ်သည်။
သူတို့သည်လည်း အရူးများ မဟုတ်ကြပေ။ နှစ်ပေါင်းများစွာ သတင်းအချက်အလက် စုဆောင်းမှုကြောင့် လူသားမျိုးနွယ်စုသည် ကမ္ဘာတံခါးပေါက်၏ တစ်ဖက်ခြမ်းတွင် အင်အားအလုံးအရင်းဖြင့် စောင့်ဆိုင်းနေပြီး တိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း သိရှိကြသည်။
အမှန်အတိုင်းဆိုရလျှင် သူတို့သည် ရန်သူ၏ ထောင်ချောက်ထဲသို့ တုံးတုံးအအ ဝင်သွားကြမည် မဟုတ်ပေ။
နှစ်များစွာ သတင်းအချက်အလက် စုဆောင်းပြီးနောက် လူသားမျိုးနွယ်စု နယ်မြေအတွင်း အင်အားနည်းပါးသော ကမ္ဘာတံခါးပေါက် အချို့ကို ရှာဖွေတွေ့ရှိထားကြသည်။
ဤကမ္ဘာတံခါးပေါက်များမှ ထွက်ခွာသွားပါက လူသားမျိုးနွယ်စုသည် သေချာပေါက် ခုခံနိုင်မည် မဟုတ်ချေ။
ထို့နောက် ဤကမ္ဘာတံခါးပေါက်များ အနီးတွင် အခြေစိုက်စခန်းများ တည်ဆောက်လိုက်ပါက၊ ရှေးဟောင်းမိစ္ဆာကမ္ဘာမှ စစ်အင်အားများကို စဉ်ဆက်မပြတ် ပို့ဆောင်နိုင်မည် ဖြစ်သည်။