သက်ရှည်တာအိုခန္ဓာ၊ ကမ္ဘာ့တံခါးပေါက် ဖြစ်ပေါ်လာခြင်း(၁)။
Vol. 45 Ch. 492
နောက်တစ်ရက်တာ ကုန်ဆုံးသွားပြန်သည်။
ကျိုးစွေ့နှင့် ရှရွှေယန်တို့သည် အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်လာကြပြီး၊ ရရှိခဲ့သော 'ထာဝရစိမ်းလန်းနွယ်ပင်' အစေ့ကိုးစေ့အကြောင်းကို ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့ သုံးဦးအပါအဝင် အခြားသော တာအိုလက်တွဲဖော်များကို ပြောပြလိုက်လေသည်။
ထို့အပြင် ကုယုံဂိုဏ်းကျွန်းနှင့် ပတ်သက်သော အကြောင်းအရာများကိုပါ တစ်ပါတည်း ပြောပြလိုက်၏။
မည်သို့ပင်ဖြစ်စေ သူ၏ကျင့်ကြံမှုသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ စွမ်းအားများသည်လည်း ကြီးမားစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ဤကိစ္စ ပေါက်ကြားသွားလျှင်ပင် ချန်လန်ပင်လယ်ဒေသတစ်ခုလုံး၌ သူ့ကို ဒုက္ခပေးနိုင်မည့်သူ မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် ဤပင်လယ်ပြင်ဒေသတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဟူ၍ မရှိသောကြောင့် ဖြစ်သည်။
ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည်သာ အသန်မာဆုံးသော တည်ရှိမှုများ ဖြစ်ကြပေသည်။
"ယောက်ျား... အရှေ့ဘက် ကုန်းမြေတိုက်ကြီးအထိ သွားပြီး ကောင်းကင်မြေကြီး ဝိညာဉ်အမြစ် 'ထာဝရစိမ်းလန်းနွယ်ပင်'ကို သွားယူခဲ့တာလား..."
ကျိပင်းယွီ အနည်းငယ် အံ့အားသင့်သွားရလေသည်။
သူမ၏ယောက်ျားသည် ဤမျှဝေးကွာသော နေရာအထိ သွားရောက်ခဲ့လိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။ အရှေ့ဘက် ကုန်းမြေတိုက်ကြီးဆိုသည်မှာ ချန်လန်ပင်လယ်ဒေသရှိ ကျင့်ကြံသူများအတွက် ဒဏ္ဍာရီလာ နယ်မြေတစ်ခုသာ ဖြစ်ပြီး၊ ရှေးဟောင်းခေတ်ကာလကသာ ဆက်သွယ်မှု ရှိခဲ့ကြသည်။
နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီဖြစ်ရာ ကျင့်ကြံခြင်းနယ်မြေကြီးနှစ်ခုမှ ကျင့်ကြံသူများသည် တွေ့ဆုံခြင်း မရှိသလောက် ဖြစ်ခဲ့ကြသည်။
တိတ်တဆိတ် ကူးသန်းသွားလာနိုင်သော ကျင့်ကြံသူအနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း၊ ယေဘုယျအားဖြင့် ပြောရလျှင် ချန်လန်ပင်လယ်ဒေသရှိ ကျင့်ကြံသူအများစုသည် အရှေ့ဘက် ကုန်းမြေတိုက်ကြီးကို ဒဏ္ဍာရီဟုသာ ထင်မှတ်ကြပေသည်။
သို့သော် သူမ၏ယောက်ျားကမူ ထိုနေရာသို့ သွားရောက်ခဲ့သည် ဆိုသည်မှာ ယုံကြည်နိုင်ဖွယ်ရာပင် မရှိချေ။
"မဟုတ်ဘူး... အဓိကအချက်က အဲဒါ မဟုတ်ဘူး..."
"အဓိကက ယောက်ျား ကုယုံဂိုဏ်းရဲ့ ပဉ္စမအဆင့်ကျွန်းကိုပါ ရရှိခဲ့တာတဲ့လား..."
"ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို ခြိမ်းခြောက်ပြီး ဝိညာဉ်သန္ဓေသား အင်အားစုအားလုံးဆီက ငွေညှစ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် တာအိုကျင့်ကြံသူက ယောက်ျား ဖြစ်နေသတဲ့လား..."
"ဒါက အရမ်း ကြမ်းလွန်းတယ်..."
လင်းယာကျူတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ အသိချင်ဆုံးအချက်မှာ ဤအချက်ပင် ဖြစ်သည်။
သူမ ခေါင်းပေါက်မတတ် စဉ်းစားခဲ့လျှင်ပင် သူမ၏ယောက်ျားသည် ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အခြားကျင့်ကြံသူများသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ပြီး ရတနာ ရှာဖွေရုံသာ တတ်နိုင်ကြသည်။
သို့သော် သူမ၏ယောက်ျားကမူ နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးနယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက ချန်လန်ပင်လယ်ဒေသတစ်ခုလုံး သေချာပေါက် တုန်လှုပ်သွားကြပေလိမ့်မည်။ ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည်။
အမှန်အတိုင်းဆိုရလျှင် ကုယုံဂိုဏ်း အပျက်အစီးနယ်မြေကို သိမ်းပိုက်လိုက်သော လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ၏ ဇစ်မြစ်ကို သူမ ယခင်က စိတ်ပူပန်စွာ ခန့်မှန်းနေရဖူးသည်။
မည်သို့ပင်ဖြစ်စေ ကြယ်သုံးပွင့်ကျွန်းစုနှင့် ကုယုံဂိုဏ်းတို့သည် အလွန် နီးကပ်လွန်းလှသည် မဟုတ်ပါလော။
အကယ်၍ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရွှမ်ဟွမ်ဂိုဏ်းအနေဖြင့် ခုခံကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် ယခုမူ သူမ စိုးရိမ်ပူပန်စရာ မလိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကုယုံဂိုဏ်း အပျက်အစီးနယ်မြေကို သိမ်းပိုက်ထားသူမှာ သူမ၏ခင်ပွန်းသည် ဖြစ်နေသောကြောင့်ပင်။
"ဒါက..."
ဤစကားကို ကြားသောအခါ ချူတျဲယီနှင့် သခင်မမက်မွန်ပွင့်တို့ နှစ်ဦးသည်လည်း မျက်တောင်ခတ်လိုက်မိကြသည်။ သူမတို့၏ ဆရာဖြစ်သူနှင့် ဖခင်သည်လည်း ယောက်ျားဖြစ်သူ၏ ငွေကြေးအမြောက်အမြား ခြိမ်းခြောက်ယူငင်ခြင်း ခံခဲ့ရသည် မဟုတ်ပါလော။
ထိုအချိန်က သူတို့သည် ဒေါသထွက်လွန်းသဖြင့် ရှုးရှုးရှဲရှဲဖြစ်ကာ နှာခေါင်းမှ မီးခိုးထွက်လုမတတ်ပင် ဖြစ်ခဲ့ကြရသည်။
ဤကိစ္စသည် ယောက်ျားဖြစ်သူ၏ လက်ချက်ဖြစ်ကြောင်း မည်သူက ထင်မှတ်ထားပါမည်နည်း။
သို့သော် သူမတို့သည် စိတ်ဆိုးခြင်းမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် ပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်။ ဤရတနာပစ္စည်းများသည် ပြင်ပလူများ၏လက်ထဲသို့ ရောက်သွားမည့်အစား ကိုယ့်ယောက်ျားလက်ထဲ ရောက်ရှိသွားခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
၎င်းသည် ဘယ်အိတ်ထဲထည့်ထည့် ပိုက်ဆံက ကိုယ့်ပိုက်ဆံ ဖြစ်နေခြင်းနှင့် တူညီပေသည်။
အကယ်၍ ဆရာနှင့် ဖခင်သာ ဤကိစ္စကို သိရှိသွားပါက ဒေါသထွက်ပြီး သွေးအန်မိကြမည်မှာ သေချာပေသည်။
ထိုမြင်ကွင်းကို တွေးမိရုံဖြင့်ပင် သူမတို့၏စိတ်ထဲတွင် ကျိတ်ပြီး သဘောကျနေမိကြတော့သည်။
"ယောက်ျားမှာ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေ အများကြီး ရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး... ကုယုံဂိုဏ်းကျွန်းကနေ ရထားတာကိုး..."
ရှန်ပိချန်တစ်ယောက် ရုတ်တရက် သဘောပေါက်သွားလေသည်။
ယခင်က ကျိုးစွေ့သည် စတုတ္ထအဆင့် ရတနာဆေးလုံးများကို အများအပြား ဖော်စပ်ခဲ့ပြီး နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို အလကားရသကဲ့သို့ သုံးစွဲခဲ့သည်ကို သူမ ပြန်လည်သတိရလိုက်သည်။
မည်သည့် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်မျှ သူမတို့၏ယောက်ျားလောက် လက်ဖွာခြင်း မရှိပေ။
မူလကတည်းက ကုယုံဂိုဏ်း၏ ဆေးဥယျာဉ်ကို ရရှိထားသောကြောင့် ဖြစ်နေသည်။ ထို့ကြောင့်ပင် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များစွာ ရှိနေခြင်း ဖြစ်၏။
ယခု သူမလည်း စိတ်လှုပ်ရှားလာသည်။
ဆိုလိုသည်မှာ သူမသည်လည်း ဤနှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို စိတ်ကြိုက် အသုံးပြုနိုင်ပြီး၊ သူမ၏ ဆေးဖော်စပ်ပညာရှင်အဆင့်ကို စတုတ္ထအဆင့်သို့ မြှင့်တင်နိုင်မည် ဖြစ်သည်။
ဆေးဖော်စပ်ပညာရှင်တစ်ဦးအတွက် ဤသည်မှာ အပျော်ရွှင်ဆုံးကိစ္စပင် ဖြစ်သည်။
"ကောင်းကင်မြေကြီး ဝိညာဉ်အမြစ် 'ထာဝရစိမ်းလန်းနွယ်ပင်'ကို သွားရှာတာက ထားလိုက်ပါတော့..."
"ဟယ်ဟွမ်းဂိုဏ်းက စုန်းမတစ်ယောက်ကိုပါ ဘာလို့ ခေါ်လာခဲ့ရတာလဲ..."
လန်ယွဲ့ရှီသည် ကျိုးစွေ့ကို အံကြိတ်ပြီး ကြည့်လိုက်သည်။
ဤနှာဘူးကြီးသည် အိမ်ထဲကအိမ်ပြင် မထွက်လျှင်ပင် အမျိုးသမီးကျင့်ကြံသူအများအပြားနှင့် သိကျွမ်းနေနိုင်ပြီး၊ ကိုယ်ပွားကို အသုံးပြုကာ အပြင်တွင် မိန်းကလေးမည်မျှကို မြူဆွယ်ခဲ့သည်အား မသိနိုင်တော့ပေ။
ဤအချိန်တွင် တာအိုလက်တွဲဖော်များသည်လည်း ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းတူအစ်မကြီး ရှရွှေယန်ကို ကြည့်လိုက်ကြပြီး၊ တစ်ယောက်စီတိုင်း အံ့သြမှင်သက်သွားကြရသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းကြီး၏ သူတော်စင်မ ဖြစ်သည်နှင့်အညီ သူမသည် ရေဖြင့် ထုဆစ်ထားသော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်ပြီး၊ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သာမန်နှင့်မတူ ထူးခြားလွန်းလှသည်။
ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်သည်လည်း ပြိုင်ဘက်ကင်း လှပပြီး မည်သည့်ယောက်ျားကိုမဆို တံတွေးမြိုချမိစေနိုင်သည်။
သူမတို့၏ယောက်ျားသည် ဤကဲ့သို့သော ဟယ်ဟွမ်းဂိုဏ်း စုန်းမကို ခေါ်ဆောင်လာခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
မည်သည့်ယောက်ျားမဆို ဤကဲ့သို့သော အလှပဂေးမျိုးကို တွေ့ရှိပါက စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ချေ။
"ဒါက..."
ရှရွှေယန်သည်လည်း ကျိုးစွေ့ဘေးနားရှိ ဇနီးသည်များကို ကြည့်လိုက်ပြီး သူမ၏ရင်ထဲတွင် တိတ်တဆိတ် အံ့သြသွားသည်။ သူမသည် နတ်သမီးများ၏ စုဝေးပွဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ယောက်စီတိုင်းသည် ပြိုင်ဘက်ကင်း လှပနေကြချေသည်။
အမှန်အတိုင်းဆိုရလျှင် ဤအမျိုးသမီးကျင့်ကြံသူများသာ အရှေ့ဘက် ကုန်းမြေတိုက်ကြီးတွင် ရှိနေပါက သေချာပေါက် ဂိုဏ်းကြီးများ၏ သူတော်စင်မများ ဖြစ်လာကြမည်ဖြစ်ပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လိုက်လံပိုးပန်းခြင်း ခံရပေလိမ့်မည်။ အလှအပနှင့် ယဉ်ပါးနေသော သူမပင်လျှင် အံ့သြမှင်သက်မိရသည် မဟုတ်ပါလော။
ဤအမျိုးသမီးကျင့်ကြံသူများသည် မည်မျှ ထူးချွန်ကြောင်း သက်သေပြနေပေသည်။
မူလက သူမ၏အလှအပဖြင့် အခြားသူများကို လွှမ်းမိုးနိုင်ပြီး တရားဝင်ဇနီးမယားကြီး ဖြစ်လာနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခု ကြည့်လိုက်သောအခါ ဤအမျိုးသမီးများနှင့် ယှဉ်လျှင် သူမသည် သာမန်သာ ဖြစ်သွားပြီး များစွာ မကွာခြားတော့ပေ။
"အစ်မကြီးတို့ မင်္ဂလာပါ..."
ရှရွှေယန်သည် အလွန် လိမ္မာရေးခြားရှိစွာဖြင့် နှုတ်ဆက်လိုက်သည်။ သူမသည် ဟယ်ဟွမ်းဂိုဏ်း၏ ဂိုဏ်းတူအစ်မကြီး ဖြစ်သည်နှင့်အညီ လူမှုဆက်ဆံရေး နယ်ပယ်တွင် ကျွမ်းကျင်ပြီး ဖြစ်သည်။
အလိုက်အထိုက် နေတတ်သည်။ သူမသည် လူသစ်ဖြစ်သည်နှင့်အညီ သဘာဝကျကျ လိမ်လိမ်မာမာ နေထိုင်ရမည်ဖြစ်ပြီး အဖွဲ့အစည်းထဲသို့ မြန်မြန်ဆန်ဆန် ဝင်ဆံ့နိုင်အောင် ကြိုးစားရမည် ဖြစ်ပေ၏။
သို့မဟုတ်ပါက အခြားသူများ၏ ဖယ်ကျဉ်ခြင်းကို ခံရပေလိမ့်မည်။
"ညီမလေးရှ... မင်္ဂလာပါ... ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ရောက်လာတာ ကြိုဆိုပါတယ်..."
သခင်မမက်မွန်ပွင့်က ပြုံးရွှင်စွာ ပြောလိုက်သည်။
"ကဲပါ... ကဲပါ... ဒီနေရာမှာ ဘာတွေ ယဉ်ကျေးနေကြတာလဲ..."
"ဒီနေ့က နေ့ထူးနေ့မြတ်ပဲ... ကိုယ် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ကို ရောက်သွားပြီ... ကျင့်ကြံခြင်း အများကြီး တိုးတက်လာပြီ..."
"အောင်ပွဲခံသင့်တယ်..."
ကျိုးစွေ့က သူ၏လှပသော ဇနီးမယားများကို ဖက်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။
ဘာ...။
ဤအချိန်မှသာ တာအိုလက်တွဲဖော်များသည် ကျိုးစွေ့၏ လက်ရှိကျင့်ကြံခြင်းကို သတိပြုမိလိုက်ကြပြီး၊ မည်သည့်အချိန်ကတည်းက ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်မှ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ တိုးတက်သွားသည်ကို မသိလိုက်ကြပေ။ စွမ်းအားသည် ယခင်နှင့် နှိုင်းယှဉ်လျှင် အဆမတန် တိုးတက်လာခဲ့ချေသည်။
အထူးသဖြင့် လင်းယာကျူ၊ ချူတျဲယီနှင့် သခင်မမက်မွန်ပွင့်တို့ သုံးဦးသည် ချက်ချင်းဆိုသလို ကြောင်အသွားကြရသည်။
သူမတို့သည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဖြစ်ကြရာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံခြင်းသည် မည်မျှ ခက်ခဲကြောင်း သဘာဝကျကျ သိရှိထားကြသည်။ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်တွင် နှစ်ရာပေါင်းများစွာ ပိတ်မိနေခြင်းသည်ပင် ဖြစ်လေ့ဖြစ်ထရှိသော ပုံမှန်ကိစ္စသာ ဖြစ်သည်။
သို့သော် ယခုမူ နှစ်ပေါင်း (၃၀)၊ (၄၀) သာ ကြာမြင့်သေးသော်လည်း သူမတို့၏ယောက်ျားသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ တန်းပြီး ရောက်ရှိသွားခဲ့သည်။ ဤကဲ့သို့သော ကျင့်ကြံခြင်း အရှိန်အဟုန်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ပိုင်ရှင်များပင်လျှင် သူ့ရှေ့၌ အမှိုက်စကဲ့သို့ ဖြစ်သွားပြီး ပြောပလောက်စရာ မရှိတော့ပေ။
သူမတို့ တစ်စုံတစ်ခု ပြောချင်သေးသော်လည်း မကြာမီ ဤလူဆိုးကောင်က သူမတို့ကို ဖက်လျက် ရေပူစမ်းထဲသို့ ဝင်ရောက်သွားသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။
ထင်ရှားသည်မှာ မဟုတ်တာများကို လုပ်ချင်နေခြင်းပင် ဖြစ်သည်။ တာအိုလက်တွဲဖော်များ၏ မျက်နှာများ နီရဲသွားကြပြီး ရှက်သွေးဖြာနေကြသော်လည်း ငြင်းဆန်ခြင်း မရှိကြပေ။
မကြာမီ ရေပူစမ်းထဲတွင် နွေဦး၏တာအိုသံစဉ်များက စည်းချက်တကျ ပျံ့လွင့်လာတော့၏။