← Chapters

ကျောက်စိမ်းမိန်းမပျို၊ ခင်ပွန်းသည်၏ အာဏာကို ပြန်လည်တည်ဆောက်ခြင်း(၂)။

Vol. 45 Ch. 500

ကျောက်စိမ်းမိန်းမပျို၊ ခင်ပွန်းသည်၏ အာဏာကို ပြန်လည်တည်ဆောက်ခြင်း(၂)။

Vol. 45 Ch. 500

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက်…။

မူလက ကျိုးစွေ့သည် ရွှမ်ဟွမ်ကျွန်းတွင် ဇနီးမယားများနှင့်အတူ အေးအေးချမ်းချမ်း ကျင့်ကြံနေသော်လည်း၊ မကြာမီ ဝူကျိမဟာမိတ်အဖွဲ့ထံမှ မိစ္ဆာမျိုးနွယ်စုများ ချန်လန်ပင်လယ်ဒေသကို အကြီးအကျယ် စတင်တိုက်ခိုက်လာပြီဖြစ်ကြောင်း သတင်းရရှိလိုက်လေ၏။

သူသည်လည်း ချက်ချင်း နိုးကြားသွားပြီး ဤပင်လယ်ဒေသသည် ယခုအချိန်မှစ၍ ငြိမ်းချမ်းတော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။

"ဒုက္ခပဲ ယောက်ျား..."

"အရင်က ကျွန်မတို့ ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ မြူနှင်းနန်းတော်၊ ရွှမ်ပေါင်မျှော်စင် စတဲ့ ဝိညာဉ်သန္ဓေသား အင်အားစုတွေ ပူးပေါင်းပြီး ကမ္ဘာတံခါးပေါက် အနီးမှာ တည်ဆောက်ထားတဲ့ မြို့တော်တွေ အားလုံးနီးပါး ကျဆုံးသွားပြီ... အလုံးအရင်းနဲ့ ထွက်လာတဲ့ မိစ္ဆာသားရဲစစ်တပ်တွေရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရတယ်..."

"လူသားကျင့်ကြံသူ အနည်းစုလောက်ပဲ ဒီတစ်ခါ မိစ္ဆာတွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုအောက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့ကြတာ..."

"အခု မိစ္ဆာစစ်တပ်တွေက ကျွန်မတို့ ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို စတင် တိုက်ခိုက်နေကြပြီ..."

သခင်မမက်မွန်ပွင့်၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်နေသည်။

သူမသည် ဖခင်ဖြစ်သူ ဝူကျိတာအိုအရှင်ထံမှ ဤသတင်းကို ပထမဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် သူမသည်လည်း ချန်လန်ပင်လယ်ဒေသရှိ ဝိညာဉ်သန္ဓေသား အင်အားစု အများအပြား ဆယ်စုနှစ်ပေါင်းများစွာ ပြင်ဆင်ထားသော ခံစစ်စည်းသည် ဤမျှ အလွယ်တကူ ကျိုးပျက်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့လိုက်ရုံဖြင့် မိစ္ဆာမျိုးနွယ်စု၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး သေကျေဒဏ်ရာရသူ မရေမတွက်နိုင်အောင် ရှိခဲ့သည်။

ဤအချက်သည် လူသားကျင့်ကြံသူ အားလုံး၏ မျှော်လင့်ချက် ပြင်ပသို့ ရောက်ရှိသွားခဲ့သည်။

"မဖြစ်နိုင်တာ... အဲဒီကျင့်ကြံသူတွေ အကုန်လုံးက အသုံးမကျတဲ့ လူတွေလား... ခဏလောက်တောင် တောင့်မခံနိုင်ကြဘူးလား..."

ချူတျဲယီလည်း ကြောင်အသွားရသည်။

အမှန်အတိုင်းဆိုရလျှင် အကယ်၍ ထိုမြို့တော်များသာ အချိန်တစ်ခုအထိ တောင့်ခံထားနိုင်ပါက၊ ချန်လန်ပင်လယ်ဒေသ နေရာအနှံ့ရှိ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသုံးပြပြီး ထိုနေရာများသို့ သွားရောက် ကူညီနိုင်မည် ဖြစ်သည်။

သို့သော် ယခုမူ ပထမလှိုင်း တိုက်ခိုက်မှုကိုပင် မခုခံနိုင်သဖြင့် ကူညီကယ်ဆယ်ရေး ရောက်လာရန် စောင့်ဆိုင်းဖို့ အခွင့်အရေး လုံးဝ မရှိတော့ချေ။

"ဒါက ကာကွယ်ရေးမှာ ပါဝင်တဲ့ ကျင့်ကြံသူတွေကို အပြစ်တင်လို့ မရဘူး..."

"တကယ်တမ်းကျတော့ မိစ္ဆာမျိုးနွယ်စု တိုက်ခိုက်တဲ့ အချိန်က အရမ်းကို ရုတ်တရက်ဆန်လွန်းလို့... လူသားကျင့်ကြံသူ အားလုံးရဲ့ မျှော်လင့်ချက်နဲ့ လွဲချော်သွားခဲ့တာ..."

"ခဏတာ ပေါ့ဆမိလိုက်ရုံနဲ့ မိစ္ဆာစစ်တပ်ရဲ့ မြို့တော်နဲ့ အစီအရင်တွေကို ချက်ချင်း ဖျက်ဆီးတာ ခံလိုက်ရတာပဲ..."

"ဒါပေမဲ့ ပိုအရေးကြီးတာက ဒီတစ်ခါ ထွက်လာတဲ့ လူအသွင်ပြောင်း မိစ္ဆာကြီးတွေက အရမ်း များလွန်းတယ်..."

"အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ဒီတစ်ခါ မိစ္ဆာမျိုးနွယ်စုဘက်က ထွက်လာတဲ့ စတုတ္ထအဆင့် မိစ္ဆာသားရဲ အရေအတွက်က သုံးထောင်ကျော်တယ်တဲ့..."

သခင်မမက်မွန်ပွင့်က သက်ပြင်းချရင်း ပြောလိုက်သည်။

ဘာ...

စတုတ္ထအဆင့် မိစ္ဆာသားရဲ သုံးထောင်ကျော် ဟုတ်လား...

ဤစကားကို ကြားသောအခါ လန်ယွဲ့ရှီနှင့် အခြားသူများသည် လေအေးများကို ပင့်သက်ရှိုက်လိုက်မိကြပြီး၊ ဤအရေအတွက်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။

လက်ရှိ ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးရှိ ကျင့်ကြံသူများကို ကြည့်လျှင် စစ်မှန်သော ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိသူ အရေအတွက်မှာ နှစ်ရာ၊ သုံးရာ ခန့်သာ ရှိပြီး၊ ပုန်းအောင်းနေသူ အချို့ ရှိကောင်းရှိနိုင်သော်လည်း အရေအတွက် သိပ်မများနိုင်ပေ။

သို့သော် ယခုမူ မိစ္ဆာမျိုးနွယ်စုက စတုတ္ထအဆင့် မိစ္ဆာသားရဲ သုံးထောင်ကျော်ကို ထုတ်သုံးလိုက်ချေသည်။

ဤမိစ္ဆာသားရဲ အရေအတွက် တစ်ခုတည်းကပင် ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို ဖိနှိပ်ချေဖျက်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ကမ္ဘာတံခါးပေါက်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများ ခုခံနိုင်စွမ်း မရှိခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ရန်သူ၏ အရေအတွက်သည် များလွန်းပြီး အလွန် စွမ်းအားကြီးမားသောကြောင့် ဖြစ်သည်။

"ရှေးဟောင်းမိစ္ဆာကမ္ဘာက ဒီလောက် ကြောက်စရာကောင်းတာလား... စတုတ္ထအဆင့် မိစ္ဆာသားရဲတွေ ဒီလောက်တောင် များတာလား..."

ရှန်ပိချန်ခမျာ မျက်လုံးများ ပြူးကျယ်သွားပြီး အလွန် အံ့သြသွားရသည်။

"မတတ်နိုင်ဘူးလေ... ရှေးဟောင်းမိစ္ဆာကမ္ဘာက အထွတ်အထိပ် အချိန်ကာလမှာ ရှိနေသေးတာကိုး..."

"ရှေးဟောင်းခေတ် ကျင့်ကြံခြင်းလောကနဲ့ ညီမျှတယ်လေ..."

"သူတို့က ငါတို့ ကျင့်ကြံခြင်းလောကလိုမျိုး မိစ္ဆာနဲ့ နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကို မခံရဘူးလေ... ဒါကြောင့် ကမ္ဘာကြီးက တော်တော်လေး ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေသေးသလို အင်အားလည်း သိပ်မထိခိုက်သေးဘူး..."

"ပြီးတော့ မိစ္ဆာမျိုးနွယ်စုက သက်တမ်း ရှည်လျားတော့ ကာလကြာရှည် စုဆောင်းလာတဲ့အခါကျတော့… စတုတ္ထအဆင့် မိစ္ဆာသားရဲ အမြောက်အမြား ရှိလာတာပေါ့..."

"ပေါ့ပေါ့ပါးပါးလေး လွှတ်လိုက်ရင်တောင်မှ ငါတို့ ကျင့်ကြံခြင်းလောကကို နင်းချေပစ်ဖို့ လုံလောက်တယ်..."

သခင်မမက်မွန်ပွင့် သက်ပြင်းချလိုက်သည်။

သူမလည်း ဘာမှမတတ်နိုင်ချေ။ ကမ္ဘာကြီးနှစ်ခုကြား ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်သော ကွာခြားချက် မဟုတ်ပေ။

အမှန်တကယ်တွင် ကံကောင်းသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ အချိန်တိုအတွင်း ကူးပြောင်းလာ၍ မရသေးခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အခြေအနေ ပိုမို ဆိုးရွားသွားပေလိမ့်မည်။

"ချန်လန်ပင်လယ်ဒေသရဲ့ အကျပ်အတည်းကို ဖြေရှင်းချင်ရင် နည်းလမ်းတစ်ခုပဲ ရှိလောက်တယ်... အဲဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို ပင့်ဖိတ်ပြီး ကူညီခိုင်းတာပဲ..."

"တကယ်လို့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသာ ဝင်ရောက်ကူညီရင် စတုတ္ထအဆင့် မိစ္ဆာသားရဲ ဘယ်လောက်များများ ပြောပလောက်စရာ မဟုတ်တော့ဘူး..."

ရှရွှေယန်က လေးနက်စွာ ပြောဆိုလိုက်ပြီး ဖြေရှင်းနည်းတစ်ခုကို အကြံပြုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဆရာသခင်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည် မဟုတ်ပါလော။

ထို့ကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ အားကောင်းသူများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သဘာဝကျကျ သိရှိထားပေသည်။

ဝိညာဉ်သန္ဓေသားအဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်သည် အဆင့်တစ်ခုသာ ကွာခြားသော်လည်း မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ အများအပြားကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။

နှစ်ဦးသားသည် မတူညီသောဘုံမှ သက်ရှိများကဲ့သို့ပင် ဖြစ်လေ၏။

ထို့ကြောင့်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသည် တိုက်ကြီးတစ်တိုက်၏ အရှင်သခင် ဖြစ်လာနိုင်ခြင်း ဖြစ်သည်။

ရှေးဟောင်းခေတ်တွင်ပင် ဤအဆင့်ရှိ အားကောင်းသူများသည် နယ်မြေတစ်ခုကို အုပ်စိုးနိုင်ပြီး သမိုင်းတွင် နာမည်တွင်ကျန်ရစ်ခဲ့ကြသည်။

အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသာ ဝင်ရောက်ကူညီပါက ဤအကျပ်အတည်းကို အလွယ်တကူ ဖြေရှင်းနိုင်ပေလိမ့်မည်။

"အမှန်အတိုင်း ပြောရရင် ငါတို့ ချန်လန်ပင်လယ်ဒေသမှာ အသန်မာဆုံးက ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူပဲ ရှိတာ..."

"နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို ပင့်ဖိတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ..."

ချူတျဲယီက လေးနက်စွာ ပြောလိုက်သည်။

သူမသည် ချန်လန်ပင်လယ်ဒေသ၏ အခြေအနေကို ကောင်းစွာ သိရှိသည်။ အကယ်၍ အမှန်တကယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသာ ရှိပါက ချန်လန်ပင်လယ်ဒေသကို စောစီးစွာကပင် ပေါင်းစည်းပြီး ဖြစ်ပေလိမ့်မည်။

ယခုကဲ့သို့ နယ်မြေအသီးသီးကွဲထွက်နေကာ နယ်မြေအပိုင်စားများ ကွဲပြားနေမည် မဟုတ်ချေ။

"ဟယ်ဟွမ်းဂိုဏ်းကို သွားပြီး ကျွန်မဆရာကို အကူအညီ တောင်းလို့ ရနိုင်တယ်..."

"တကယ်လို့ ထိုက်တန်တဲ့ တန်ကြေးတစ်ခု ပေးဆပ်မယ်ဆိုရင် ကျွန်မ ဆရာကလည်း ကူညီဖို့ ဝန်လေးမှာ မဟုတ်ဘူး..."

ရှရွှေယန်က အကြံပြုလိုက်သည်။

သူမသည် ကိုယ်တိုင်မနိုင်လျှင် မိဘကို တိုင်ပြောရမည်ဟု ယူဆထားပြီး၊ ဤကိစ္စသည် လုံးဝ ရှက်စရာမဟုတ်ဟု ထင်မြင်မိသည်။

မည်သို့ပင်ဖြစ်စေ သူမ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် ရှိစဉ်က သူမ၏ ဆရာဖြစ်သော ဤကျောထောက်နောက်ခံကို မကြာခဏ ထုတ်သုံးလေ့ရှိသည် မဟုတ်ပါလော။

အခြေခံအားဖြင့် သူမကို မျက်နှာသာ ပေးကြရပေသည်။‌ မည်သူမျှ မျက်စိစုံမှိတ်ပြီး သူမကို မပြစ်မှားရဲကြပေ။

"စိတ်မပူပါနဲ့... ပြောပလောက်စရာမရှိတဲ့ စတုတ္ထအဆင့် လူအသွင်ပြောင်း မိစ္ဆာကြီးတွေပဲဟာ... ကြောက်နေစရာ မလိုဘူး..."

"စတုတ္ထအဆင့် မိစ္ဆာကြီး သုံးထောင်ပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ဖြစ်ဖြစ်... လာသမျှ အကုန်သတ်ပစ်လိုက်မယ်..."

"ပြီးတော့ အခုက အချိန်မမီလောက်တော့ဘူး..."

ကျိုးစွေ့ကမူ မျက်လုံးများကို မှေးစင်းလိုက်ပြီး တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ဖြစ်သွားလေသည်။

"ဘာကို အချိန်မမီတော့တာလဲ... မိစ္ဆာသားရဲတွေက ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပင်လယ်နယ်မြေကို ကျူးကျော်လာကြပြီလား..."

သခင်မမက်မွန်ပွင့်နှင့် အခြားသူများသည် ကျိုးစွေ့ စကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်ကြသည်။

"ဟုတ်တယ်..."

"ငါတို့ ကြယ်သုံးပွင့်ကျွန်းစု အနီးမှာပဲ ကမ္ဘာတံခါးပေါက်တစ်ခု ပေါ်လာတယ်..."

"ဒီကမ္ဘာတံခါးပေါက်က သိပ်မကြီးပေမယ့် မိစ္ဆာသားရဲ အများအပြား ဝင်ထွက်သွားလာလို့ ရတယ်..."

"အခု မိစ္ဆာသားရဲ အများအပြား ကမ္ဘာတံခါးပေါက်ကနေ ထွက်လာနေကြပြီ... အဲဒီအထဲမှာ စတုတ္ထအဆင့် လူအသွင်ပြောင်း မိစ္ဆာကြီးတွေလည်း မနည်းမနော ပါလာတယ်..."

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

သူ ဤအချက်ကို သိရှိရခြင်းမှာ သဘာဝကျကျပင် သူ၏ ကိုယ်ပွားသည် ထိုကမ္ဘာတံခါးပေါက်အနီးတွင် ပုန်းအောင်းနေသောကြောင့် ဖြစ်ပြီး၊ ထိုနေရာရှိ လှုပ်ရှားမှုမှန်သမျှကို အာရုံခံမိကာ မိစ္ဆာသားရဲ အများအပြား စုဝေးနေကြောင်း သိရှိလိုက်ရသည်။

ထို့ကြောင့် သူသည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

"တကယ့်ကို ကျင့်ကြံခြင်းလောက တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ကပ်ဘေးပဲ..."

"ငါတို့ ကြယ်သုံးပွင့်ကျွန်းစုလို ခေါင်တဲ့နေရာမှာတောင် မိစ္ဆာသားရဲတွေရဲ့ ပစ်မှတ်ထားတာ ခံရမယ်လို့ မထင်ထားမိဘူး..."

လင်းယာကျူက သက်ပြင်းချလိုက်သည်။

သူမသည် ကြယ်သုံးပွင့်ကျွန်းစုကို လောကနှင့် ကင်းကွာသော ငြိမ်းချမ်းရာမြေအဖြစ် သတ်မှတ်ပြီး မိစ္ဆာသားရဲကပ်ဘေးမှ ရှောင်တိမ်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ယခု ကြည့်ရသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေချေသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာနှစ်ခု ပေါင်းစပ်ခြင်းကြောင့် ကမ္ဘာတံခါးပေါက်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျပန်း ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။

ကမ္ဘာတံခါးပေါက်က မည်သည့်နေရာတွင် ထွက်ပေါ်လာမည်နည်း ဆိုသည်အား ဘယ်သူမှ အတည်မပြုနိုင်ကြပေ။

"ကိစ္စမရှိဘူး... သူတို့ကို လာခွင့်ပေးလိုက်ပါ..."

"ဒီမိစ္ဆာသားရဲတွေ အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ကြည့်လို့ ကောင်းတာပေါ့..."

ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားလေသည်။

သူ အလွန်ပင် မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ကကဲ့သို့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ မဟုတ်တော့ပေ။

ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်၏။

ချန်လန်ပင်လယ်ဒေသတစ်ခုလုံး၊ ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အရေးပါသော ပုဂ္ဂိုလ်ကြီး၊ စစ်မှန်သော ကျောထောက်နောက်ခံ ထောက်တိုင်မကြီး ဖြစ်နေပြီ မဟုတ်ပါလော။

အကယ်၍ သူသာ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသေးလျှင် ထွက်ပြေးကောင်း ထွက်ပြေးပေလိမ့်မည်။

သို့သော် ယခုမူ သူ ထွက်ပြေးစရာ မလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိအင်အားဖြင့် ပြောပလောက်စရာမရှိသော စတုတ္ထအဆင့် မိစ္ဆာသားရဲများသည် သူ့ကို ထွက်ပြေးအောင် မလုပ်နိုင်ကြချေ။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဝင်ရောက်တိုက်ခိုက်မှသာ သူသည် ထိပ်တိုက်မတွေ့ဘဲ ရှောင်တိမ်းရန် စဉ်းစားပေလိမ့်မည်။

All Chapters