← Chapters

မုရွှင်

Vol. 39 Ch. 412

မုရွှင်

Vol. 39 Ch. 412

ဝေးကွာလှသော ကောင်းကင်ထက်တွင် ကြီးမားသော သင်္ဘောပျံကြီးတစ်စင်းက အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။

ထန်ထျန်းနှင့် မိုရှုတို့က သင်္ဘောနံဘေးတွင် ရပ်နေကြပြီး ခြေဖဝါးအောက်မှ တောင်နဲ့ မြစ် များမှာ နောက်သို့ လျင်မြန်စွာ ကျန်ရစ်နေခဲ့သည်။

ဤသည်မှာ အဆင့်မြင့်သင်္ဘောပျံတစ်စင်းဖြစ်ကာ အရှိန်အလွန်ပင် လျင်မြန်လှပေသည်။ အကယ်၍ ဤသင်္ဘောပျံကိုသာ အသုံးပြုခဲ့ပါက ချင်းယွဲ့ဂိုဏ်းမှ ထျန်းဖူမြို့တော်သို့ သွားရန် တစ်ရက်ပင် ကြာမည်မဟုတ်ပေ။

သို့သော် ထိုစဉ်က သူတို့မှာ တစ်လတိတိ အချိန်ပေးခဲ့ရသည်။

သို့သော်ငြားလည်း နေလအင်မော်တယ်နန်းတော်သို့ သွားရန်မှာ လဝက် ကျော်ခန့် အချိန်ယူရဦးမည် ဖြစ်၏။

ဤအချက်ကို ကြည့်ခြင်းဖြင့် ဤကမ္ဘာကြီးက မည်မျှပင် ကျယ်ပြောလှသည်ကို သိသာနိုင်ပေသည်။

မိုရှုနှင့် စကားပြောဖြစ်ရာမှတစ်ဆင့် ထန်ထျန်းက နေလအင်မော်တယ်နန်းတော်၏ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

အမှန်စင်စစ် ထျန်းဖူနန်းတော်၏ နှစ်ရှည်လများ စည်းရုံးသိမ်းသွင်းမှုများကြောင့် နေလအင်မော်တယ်နန်းတော်ရှိ ကျင့်ကြံသူအတော်များများမှာ တိမ်တိုက် ထျန်းဖူနန်းတော်ထံ လက်အောက်ခံလိုစိတ် ရှိနေကြပြီ ဖြစ်၏။

မည်သို့ပင်ဆိုစေ ဤသည်မှာ လောကနိယာမပင် ဖြစ်ကာ ထျန်းဖူနန်းတော်၏ အဆင့်အတန်းမှာလည်း မည်သူမျှ မလှုပ်ခါနိုင်အောင် ဖြစ်နေခဲ့ပြီ။

အသက်ငင်နေသော ရုန်းကန်မှုများထက်စာလျှင် ပိုမိုတောက်ပသော အနာဂတ်ကို ရှာဖွေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သို့သော်လည်း အချို့သော ခေါင်းမာသူများမှာမူ ထျန်းဖူနန်းတော်အပေါ် ရန်လိုနေဆဲပင်။ သူတို့ ရသင့်ရထိုက်သော ဂုဏ်သိက္ခာနှင့် ရာထူးများကို ထျန်းဖူနန်းတော်က လုယူသွားသည်ဟု ယူဆကာ နာကျည်းချက် ပြင်းထန်နေကြခြင်း ဖြစ်သည်။

ယခု ချစ်ကြည်ရေးပွဲတွင် တပည့်များအကြား ယှဉ်ပြိုင်မှုမှာ အပေါ်ယံကိစ္စမျှသာ ဖြစ်ကာ အမှန်တကယ် သိမ်းသွင်းနိုင်ခြင်း ရှိ၊ မရှိမှာမူ အထက်ပိုင်း ပုဂ္ဂိုလ်များ၏ ဆွေးနွေးမှုအပေါ်တွင်သာ မူတည်ပေသည်။

"သူတို့ကို အနိုင်ယူနိုင်တာကတော့ အကောင်းဆုံးပေါ့။"

"သခင်လေးထန်ရဲ့ ခွန်အားနဲ့ဆိုရင်တော့ လူအများကြားမှာ ထင်ပေါ်နေမှာ သေချာပါတယ်"

မိုရှုက ပြုံး၍ ပြော သည်။

ထန်ထျန်းက ပြုံး လျက် "ငါ ရှုံးသွားရင်လည်း မင်း ရှိနေတာပဲ မဟုတ်လား။"

"အင်မော်တယ်နန်းတော်က တပည့်တွေ ဘယ်လောက်ပဲ တော်တော်၊ မင်းကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။"

မိုရှုက ထုန်းရှန့်တောင်ရှိ မိုမိသားစု၏ ဦးဆောင်သူဖြစ်သလို ကြယ်တာရာစင်မြင့် ၏ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရှိနိုင်သော အင်အားအကြီးဆုံး ဆယ်ဦးထဲမှ တစ်ဦးလည်း ဖြစ်၏။

အကယ်၍ သူမပင်လျှင် မဖြေရှင်းနိုင်ပါက ထျန်းဖူနန်းတော်အနေဖြင့် ပြင်ဆင်မှု မလုံလောက်ခြင်းဟုသာ ဆိုရပေမည်။

သူမက ဤခရီးစဉ်တွင် တပည့်များအတွက် နောက်ဆုံး အားကိုးရာ အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။

ထန်ထျန်း၏ စကားကို ကြားသောအခါ မိုရှုက ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်၏။ ဤသည်မှာ ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပေသည်။

ထျန်းဖူနန်းတော်အတွင်းရှိ ရွယ်တူပါရမီရှင်များထဲတွင်ပင် သူမ၌ ပြိုင်ဘက် ရှားပါးလှသဖြင့် ဆုတ်ယုတ်ပျက်စီးနေသော နေလအင်မော်တယ်နန်းတော်မှ လူများကို ဂရုစိုက်နေစရာ မလိုပေ။

သူတို့နှစ်ဦးသား အေးအေးလူလူ စကားဆက်ပြောနေကြစဉ် အနောက်မှ လူရိပ်တစ်ခု လျှောက်လာ၏။

"စီနီယာအစ်မ မိုရှုနဲ့ သခင်လေးထန်။"

သူက နှစ်ဦးသားကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

ထန်ထျန်း လှည့်ကြည့်လိုက်သောအခါ ရှောင်ကျိက ထိုတပည့်၏ အချက်အလက်များကို ချက်ချင်း ဖော်ပြပေးလာ၏။

မုရွှင် ၊ လျို့ယွင်တင်းမှ တပည့်၊ ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ၊ တပည့် ၁၀ ဦးထဲတွင် အဆင့် ၄ နေရာတွင် ရှိကာ မြင့်မြတ်ရွှေ အင်မော်တယ် သုံးဦး၏ နောက်တွင် ကပ်လျက်ရှိသူ ဖြစ်သည်။

"ကိစ္စရှိလို့လား"

ထန်ထျန်းက မေးလိုက်၏။

မုရွှင်က ပြုံးလျက် "ဘာကိစ္စမှ မရှိပါဘူး၊ သခင်လေးထန်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပြီမို့လို့ နှုတ်ဆက်ချင်ရုံတင်ပါ။"

"ပြီးတော့... ကျွန်တော်တို့က အတော်လေး ပတ်သက်မှုရှိတယ်လို့ ပြောလို့ရတယ်။"

ထန်ထျန်း အနည်းငယ် အံ့အားသင့်သွားကာ ပတ်သက်မှု ဟု ရေရွတ်မိ၏။

သူ၏ မှတ်ဉာဏ်ထဲတွင် ဤလူနှင့် ပတ်သက်၍ ဘာမှ မရှိပေ။

ထန်ထျန်း၏ တုံ့ပြန်မှုကို မြင်သောအခါ မုရွှင်က ရယ်မောလျက် "သခင်လေးထန်က ကျွန်တော့်အကြောင်း ကြားဖူးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝမ်းကွဲညီကတော့ ဂိုဏ်းဝင်ခွင့်ပွဲတုန်းက သခင်လေးထန်နဲ့ စကားပြောဖူးတယ်လို့ ပြောပါတယ်။"

"သူ့နာမည်က မုမူကျင်း ပါ။"

ထန်ထျန်း ချက်ချင်း သတိရသွား၏။

ဂိုဏ်းဝင်ခွင့်ပွဲတုန်းက တောင်ကိုးလုံးစမ်းသပ်မှု ထဲကို စဝင်ဝင်ချင်းမှာ သူတွေ့ခဲ့ရတဲ့ ပထမဆုံး မုဆိုးနာမည်က မုမူကျင်းပင် ဖြစ်သည်။

ထျန်းဖူနန်းတော်ရှိ ထိပ်တန်းအင်အားစုများ၏ အခြေအနေကိုလည်း ထိုသူ့ထံမှ သိခဲ့ရခြင်း ဖြစ်၏။

နောက်ပိုင်း စမ်းသပ်ပွဲပြီးသောအခါ မုမူကျင်းက သူ့ကို အင်အားစုထဲဝင်ရန် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း သူက ငြင်းပယ်ခဲ့သည်။

ထိုအင်အားစု၏ အမည်မှာ လျို့ယွင်တင်း ဖြစ်ကာ အလယ်အလတ် အဆင့် ရှိသော အင်အားစု တစ်ခု ဖြစ်ကြောင်း သူ မှတ်မိနေ၏။

"ဪ... မင်းက မုမူကျင်း ပြောပြောနေတဲ့ ပါရမီရှင်ကြီးပေါ့"

ထန်ထျန်းက ပြုံး၍ ပြော သည်။

မုမူကျင်းနှင့် ပတ်သက်၍ သူ သဘောကျမိ၏။

အခြားကောင်အချို့နှင့် မတူပေ။

ထိုစဉ်က လောင်စူး အမည်ရှိသော စီမံသူတစ်ဦးက တောင်ကိုးလုံး စမ်းသပ်ပွဲရှိ သူ၏ ပြကွက်များကို တမင်ဖုံး ထားခဲ့သဖြင့် သူ လူရာမဝင် ဖြစ်ခဲ့ရသည်ကို ရုတ်တရက် သတိရသွား၏။

ပြန်ရောက်လျှင် ထိုလူကို ရှာရပေမည်၊ အကယ်၍ ရှိနေသေးပါက လက်ဖက်ရည်သောက်ရင်း ထိုစဉ်က ကိစ္စများကို ပြောဖြစ်ကြဦးမည်။

မရှိတော့လျှင်လည်း ကိစ္စမရှိပေ၊ သူက ထိုမျှအထိ ရန်ငြိုးထားတတ်သူ မဟုတ်ပါ။

"သခင်လေးထန်က နောက်နေပါပြီ၊ စီနီယာအစ်မ မိုရှုနဲ့ မင်းရှေ့မှာ ကျွန်တော်က ဘယ်လိုလုပ် ပါရမီရှင်လို့ အခေါ်ခံရဲမှာလဲ"

မုရွှင်က အလွန်ပင် နှိမ့်ချစွာ ပြော သည်။

သို့သော်လည်း သူက ချစ်ကြည်ရေးပွဲအတွက် ရွေးချယ်ခံရပြီး အဆင့် ၄ နေရာ ရထားသည်ဖြစ်ရာ သေချာပေါက် ခွန်အားရှိသူ ဖြစ်ရပေမည်။

"မုမူကျင်း အခု ဘယ်လိုလဲ"

ထန်ထျန်းက မေးသည်။

မုရွှင်က "အဆင်ပြေပါတယ်၊ တောင်ကိုးလုံး စမ်းသပ်ပွဲပြီးတော့ သူ အသည်းအသန် ကြိုးစားခဲ့တာကြောင့် အခုတော့ အဓိက တပည့် နေရာကို ရသွားပါပြီ။"

"ဒါနဲ့ ပတ်သက်ရင် သခင်လေးထန်ကို ကျေးဇူးတင်ရမှာပါပဲ။"

"အဲဒီကောင်က ပါရမီရှိပေမဲ့ ကစားရတာပဲ ဝါသနာပါတာ၊ မင်းသာ သူ့ကို ဆုံးမပြီး နိုးကြားအောင် မလုပ်ခဲ့ရင် အဓိက တပည့် ဖြစ်လာဖို့ မသေချာဘူး။"

ထန်ထျန်းက ပြုံး ရင်း လက်ကာပြလိုက်၏။ ဤဂုဏ်ပုဒ်ကို သူ မယူလိုပေ။

သို့သော် မုမူကျင်း သူ၏ အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် ဝမ်းသာမိသည်။

စကားစမြည် ပြောရင်း သူတို့သုံးဦးမှာ လျင်မြန်စွာ ရင်းနှီးသွားကြပြီး မုရွှင်သည်လည်း သူတို့၏ စကားဝိုင်းထဲသို့ ပါဝင်လာခဲ့၏။

"အပြင်လောကက ပါရမီရှင်တွေကို မြင်ဖူးချင်နေတာ၊ သူတို့ရဲ့ ခွန်အားက ဘယ်လောက်ရှိမလဲဆိုတာ သိချင်တယ်လေ။"

"နေလအင်မော်တယ်နန်းတော်က တပည့်တွေလည်း မညံ့ဘူးလို့ ကြားတယ်၊ သူတို့ဆီက ထူးခြားတာလေးတွေ မြင်ရဖို့ မျှော်လင့်ပါတယ်။"

"ဒါပေမဲ့ သခင်လေးထန်လို လူမျိုးတော့ မဖြစ်ပါစေနဲ့၊ အံ့သြစရာကနေ ထိတ်လန့်စရာ ဖြစ်သွားရင် မကောင်းဘူးလေ ဟားဟား"

မုရွှင်က ပြုံး ရင်း ပြော သည်။

ထန်ထျန်းကလည်း "မင်းက ဘာလို့ ထိတ်လန့်နေတာလဲ။"

"မင်းက အဆင့် ၄ လေ၊ ငါက အဆင့် ၈ ပဲ ရှိတာကို။"

မုရွှင်က ခေါင်းခါလျက် "သခင်လေးထန်ကလည်း အဲလို မပြောပါနဲ့။"

"ကျွန်တော် အကြီးအကဲတွေကို မေးကြည့်ဖူးတယ်၊ တကယ်တော့ အဆင့်သတ်မှတ်တဲ့အခါ သူတို့လည်း တော်တော် ဝေခွဲမရ ဖြစ်ခဲ့ကြတာ။"

"မင်းရဲ့ တိကျတဲ့ ကျင့်ကြံမှုအဆင့်ကို မင်းက ထုတ်မပြထားတော့ သူတို့က ရွှေအင်မော်တယ် စဦးပိုင်း အဆင့်အတိုင်းပဲ သတ်မှတ်ပြီး အဆင့် ၈ မှာ ထည့်လိုက်ရတာ။"

"ဒါပေမဲ့ လူအများကြီးကတော့ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားက ဒါထက်မကဘူးဆိုတာ သိနေကြတယ်။"

"ကျွန်တော် ထင်တာကတော့ သခင်လေးထန် အနေနဲ့ အထက်ကို တင်ပြပြီး အဆင့်ပြန်သတ်မှတ်ခိုင်းသင့်တယ်။"

ထန်ထျန်းက လက်ကာပြလျက် "ထျန်းဖူနန်းတော်အတွက် အလုပ်လုပ်ပေးတာပဲ၊ ဘယ်နေရာမှာ ရှိရှိ အတူတူပါပဲ။"

မုရွှင်က ခေါင်းညိတ်သော်လည်း သက်ပြင်းတစ်ချက်ချကာ ပြော သည်။ "သခင်လေးထန်ရဲ့ စိတ်ထားက တကယ်ကို လေးစားစရာပါပဲ။"

"ဒါပေမဲ့ တချို့လူတွေကတော့ မောက်မာပြီး ဒါကို သံသယဝင်နေကြတာ။"

"မင်းက ကိုယ့်ခွန်အားကို မပြတာ ကြာပြီဆိုတော့ တခြား ရွှေအင်မော်တယ် စဦးပိုင်း အဆင့် တပည့်နှစ်ယောက်ကတော့ စိတ်ထဲမှာ မကျေနပ်ကြဘူး။"

"သူတို့က... အဆင့်ကို ပြန်ပြီး သတ်မှတ်ချင်နေပုံပဲ။"

ထန်ထျန်း မျက်ခုံးပင့်လိုက်၏။

ဤသို့သော ကိစ္စမျိုးလည်း ရှိနေသေးသည်လား။

"မင်း ငါ့ဆီလာတာ ဒါကို ပြောချင်လို့ မဟုတ်လား"

ထန်ထျန်းက မေးလိုက်သည်။

မုရွှင်က အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလျက် "ဟုတ်ပါတယ်။"

"ကျွန်တော် ဒီကိစ္စကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတာကြောင့် မင်းကို သတိပေးချင်လို့ လာခဲ့တာ။"

"ဒါပေမဲ့ တိုက်ရိုက်ပြောလိုက်ရင် ကျွန်တော့်မှာ တခြား ရည်ရွယ်ချက် ရှိနေတယ်လို့ မ်းထင်မှာ စိုးလို့..."

"ကျစ်... မင်းအမြင်ကနေ တော့ မလွတ်ပါဘူး။"

မုရွှင်၏ မျက်နှာပျက်သွားပုံကို ကြည့်ကာ ထန်ထျန်းက ရယ်မော၍ ပြောလိုက်သည်။ "သိပ်ပြီး စိတ်ထဲမထားပါနဲ့၊ ငါက အဲဒီလောက်အထိ အတွေးမနက်ပါဘူး။"

"မင်းက မုမူကျင်းရဲ့ ဝမ်းကွဲအစ်ကိုဆိုတာ သိရင် ငါတောင် မင်းကို လာရှာမိမှာပါ။"

"ခုနက မင်းပြောတဲ့ တပည့်နှစ်ယောက်က ဘယ်လိုမျိုး အဆင့်ပြန်သတ်မှတ်ချင်တာလဲ"

မုရွှင်က ခဏစဉ်းစားပြီး "သေချာတော့ မသိရသေးဘူး။"

"ဒါပေမဲ့ နေလအင်မော်တယ်နန်းတော်ကို မရောက်ခင်မှာတော့ သူတို့ တစ်ခုခု လုပ်ကြလိမ့်မယ်။"

ထန်ထျန်း ခေါင်းညိတ်လိုက်၏။

လာချင်ရင်လည်း လာပေါ့။

ပျင်းနေတာနဲ့ အတော်ပဲ။

All Chapters