ငွေတွေကို သိမ်းထားစရာမလိုဘူး
Vol. 6 Ch. 51
အရည်အချင်းပြည့်မီတဲ့ လက်ကိုင်ဖုန်းကုမ္ပဏီတစ်ခုက ခိုင်မာတဲ့ hardware အခြေခံအုတ်မြစ်ရှိဖို့ လိုအပ်ရုံတင်မကဘဲ၊ ကိုယ်ပိုင်စနစ်တစ်ခုရှိဖို့လည်း လိုအပ်သည်။
ကမ္ဘာ့လက်ကိုင်ဖုန်းလောကရဲ့ ထိပ်သီးဖြစ်သည့် Apple ကုမ္ပဏီက ဒီအမှန်တရားကို လက်တွေ့သက်သေပြခဲ့ပြီး ဖြစ်သည်။
လုံထန်ဂရုက စတင်မှုအပိုင်း၌ အစပျိုးကောင်းခဲ့သည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်ပြီး ထိပ်သီးတွေရဲ့ ပုခုံးပေါ် ရပ်တည်နေခြင်းဖြစ်၍ရန်ပုံငွေ၊ hardware ဒါမှမဟုတ် လက်ရှိ smartphone OS အစရှိတဲ့ အရာအားလုံးဟာ အဆင်သင့်ဖြစ်နေရန် လိုအပ်သည်။
ထိုအရာအားလုံးက လင်းဖန်ရဲ့ အားကောင်းတဲ့ ပံ့ပိုးကူညီမှုကြောင့်ဖြစ်ပြီး၊ ထို့အတွက်ကြောင့်လည်း လုံထန်ဂရုက တန်ရွမ်နဲ့ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။
"သူဌေး ကျွန်တော် အခုလေးတင် ရှန်ကျန်းမြူနီစီပယ်ကော်မတီဆီက ဖုန်းလက်ခံရရှိပါတယ် အတွင်းရေးမှူး ဝမ် ကိုယ်တိုင် ဦးဆောင်ပြီး ကျွန်တော်တို့နဲ့ Penguin ကြားမှာ ပေါင်းကူးတံတားတစ်ခု တည်ဆောက်ပေးချင်နေပုံရပါတယ်။ ဘယ်လိုသဘောရပါသလဲ"
ဟု ကျန်းဖန်က အလေးအနက်မေးလာသည်။
အမှန်တော့ တန်ရွမ်ကို ထုတ်လုပ်နိုင်ခဲ့တာက အစပြုခြင်းမျှသာ ရှိပါသေးပြီး အကယ်၍ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင်ဖြင့် တန်ရွမ်စနစ်ကို တရုတ်လူမျိုးတိုင်းရဲ့ လက်ထဲကို ရောက်ရှိရမှာပဲ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုလျင် ယခုအချိန်၌ အရေးကြီးဆုံးမှာ တန်ရွမ်စနစ်ကို လူသိများအောင် မြှင့်တင်ဖို့ဖြစ်ပြီး၊ ထိုနေရာ၌ အင်တာနက်ထိပ်သီးလုပ်ငန်းစုကြီးတွေက အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေသည်။
မည်သို့ပင်ဖြစ်စေ လုံထန်ဂရုအနေဖြင့် သူတို့ကို ကျော်သွားလို့ မရသေးပေ။
smartphone operating system ပြုလုပ်ပြီး ဆော့ဖ်ဝဲလ်ဈေးကွက် တစ်ခုလုံးကို နေရာယူဖို့ဆိုတာနဲ့ ယှဉ်လိုက်ရင် ဒါဟာ ပြောပလောက်တဲ့ အခြေနေတော့ မဟုတ်သေး။
"သြော် Penguin တွေက တော်သားပဲ၊ အခြေအနေကို ဘယ်လိုအခွင့်ကောင်းယူရမလဲဆိုတာ သိကြတယ်"
လင်းဖန်ရဲ့ မျက်နှာပေါ်၌ နောက်ပြောင်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။
မာဟွာထန်က ပထမဆုံး တံခါးလာခေါက်တဲ့သူ ဖြစ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့။ ထိုအချိန်မှာ ကျန်းဖန်ရဲ့ မျက်လုံးတွေက ဝေဝါးသွားပြီး
"သူဌေး Penguin က ရှန်ကျန်းမြူနီစီပယ်ကော်မတီကို သုံးပြီး သူတို့ကို တန်ရွမ်စနစ်ထဲ ပထမဆုံး ဝင်ခွင့်ပေးဖို့ ဖိအားပေးနေတာပါ"
ဟု ပြောလိုက်တော့သည်။
အကယ်၍ ဒါကချက်တင်ဆော့ဖ်ဝဲလ်သက်သက်သာဆိုရင် လုံထန်ဂရုအနေနဲ့ အခုလောက် စိုးရိမ်မှာ မဟုတ်ပေ။
ဒါပေမဲ့ Penguin ဆိုတာက instant messaging ကနေ ဂိမ်းလောကနဲ့ online payment အထိ နယ်ပယ်စုံကို လွှမ်းမိုးထားတဲ့ အင်တာနက် ဘီလူးကြီးတစ်ခုဖြစ်သည်။
သူတို့ကို ပထမဆုံး ဝင်ခွင့်ပေးလိုက်တာနဲ့ တန်ရွမ်စနစ်ဟာ Penguin ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားနိုင်ပြီး အနာဂတ်မှာ ခက်ခဲပြီး အန္တရာယ်များလာနိုင်သည်။
ဒါကိုကြားတော့ လင်းဖန်က တိုက်ရိုက်ပြန်မဖြေဘဲ အလေးအနက် စဉ်းစားခန်း ဝင်သွားခဲ့သည်။
တကယ်တော့ Penguinက အလွန်အင်အားကြီးမားပြီး အခုလက်ရှိ လုံထန်ဂရုထက် အများကြီး သာလွန်သည်မှာ သေချာသည်။
အကယ်၍ သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်လိုက်ရင် အင်တာနက်လောကမှာ အဟန့်အတားတွေ ကြုံရဖို့ များသည်။
ဒါ့အပြင် ရှန်ကျန်းမြူနီစီပယ်ကော်မတီကပါ ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်လာတာဆိုတော့ ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းနိုင်လေသည်။
(ဒင် ပင်မမစ်ရှင် စတင်ပါပြီ)
(စနစ်ရှင်: လင်းဖန်)
(ပင်မမစ်ရှင်- Penguin နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အသာစီးရယူပါ။ ဆုလာဘ်အနေနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆက်ခံပိုင်ဆိုင်ခွင့် ရရှိပါလိမ့်မယ်)
ရုတ်တရက် ပေါ်လာတဲ့ စနစ်ရဲ့ အသိပေးချက်ကြောင့် လင်းဖန်ရဲ့ အတွေးတွေ ပြတ်တောက်သွားရသည်။
အခုတော့ သူ ရှောင်လွှဲလို့မရတော့ဘူးဆိုတာ သိလိုက်ချေပြီ။ သူ့အနေဖြင့် အခက်ခဲကို ရင်ဆိုင်ရုံသာ ရှိတော့သည်။
"Penguin ကို အကြောင်းကြားလိုက်၊ အကယ်၍ သူတို့ တကယ် စကားပြောချင်တယ်ဆိုရင် မာဟွာထန်ကိုယ်တိုင် လာခဲ့ခိုင်းလိုက်ပါ"
ကျန်းဖန် ခဏတာ မှင်တက်သွားပြီးနောက် ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ သူဌေး"
ဟု ပြန်ဖြေလိုက်သည်။
"ဒါနဲ့ လုံထန်မှာ ပိုလျှံတဲ့ ရန်ပုံငွေတွေ ရှိသေးတယ်လို့ ကြားတယ်"
ချက်ချင်းဆိုသလို လင်းဖန်က ကျန်းဖန်ကို သံသယမျက်လုံးတွေနဲ့ ကြည့်ရင်း မေးလိုက်သည်။
"ဒါက... သူဌေး ကျွန်တော်တို့ လုပ်ငန်းတွေကို လျှော့ချလိုက်ပြီးတဲ့နောက် ပိုလျှံနေတဲ့ ပိုင်ဆိုင်မှုအများအပြားကို ရောင်းချခဲ့ပါတယ် လက်ရှိမှာ အဖွဲ့အစည်းရဲ့ စာရင်းထဲမှာ ရန်ပုံငွေ ဘီလီယံ ၈ ထက်မနည်း ကျန်ရှိနေပါသေးတယ်"
ဟု ကျန်းဖန်က ရှင်းလင်းစွာ အစီရင်ခံသည်။
"မရဘူး အဲ့ဒါ အဆင်မပြေဘူး"
လင်းဖန်က ခေါင်းခါယမ်းကာ လေးနက်တဲ့ အသံနဲ့ ပြောလိုက်သည်။
"ပိုက်ဆံသုံးရမှာကို ဝန်မလေးနဲ့ ပိုက်ဆံကို ဘယ်လိုသုံးရမလဲ သိမှသာပိုက်ဆံရှာနိုင်မှာအခုက လုံထန်ပိုက်ဆံကို အသုံးရဆုံးအချိန်ပဲ အခုမှမသုံးရင် နောက်ဆို သုံးချင်ရင်တောင် တခြားသူတွေရဲ့ မျက်နှာကို ကြည့်နေရလိမ့်မယ် ခင်ဗျားသဘောတူလား မတူဘူးလား"
မင်း နောက်နေတာလား ပိုက်ဆံမသုံးဘဲ Longteng Group ကို ဘယ်လိုချဲ့ထွင်မလဲ။
ပိုက်ဆံကို ဒီတိုင်းသိမ်းထားပြီး ကြက်ကလေးတွေလို ဝပ်နေရမှာလား။
ကျန်းဖန်က ဒါကိုကြားပြီး ပိုလို့တောင် ဇဝေဇဝါ ဖြစ်သွားသည်။
ပိုက်ဆံကို သိမ်းထားတာက မှားနေလို့လား။ ဘာကို ဆိုလိုတာလဲ။
သူ့ရဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး လင်းဖန် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
"ဉာဏ်ရည်တုစနစ် ထွက်လာပြီဆိုတော့ Nirvana ထွက်လာဖို့က အဝေးကြီး လိုဦးမှာလား"
"ဒီနိုင်ငံတစ်ခုတည်းတင် လူဦးရေ ၁.၅ ဘီလီယံရှိတယ် အရှေ့အာရှနဲ့ အရှေ့တောင်အာရှက တခြားနိုင်ငံတွေဆိုရင် လူဦးရေ ဘီလီယံနဲ့ချီ ရှိသေးတယ် လုံထန်ဂရုမှာ ရှန်ကျန်းက စက်မှုဇုန်တစ်ခုပဲ ရှိပြီး ထုတ်လုပ်မှုတန်ဖိုးက သန်း ၈၀ ပဲ ရှိတာ အဲ့ဒါ လုံလောက်တယ်လို့ ခင်ဗျား တကယ်ထင်နေလား"
"ပြည်တွင်း ဖုန်းဘီလူးကြီးတွေဖြစ်တဲ့ Xiaomi နဲ့ Warwickတို့က မြို့နယ်တိုင်းမှာ offline flagship store တွေ အများကြီးရှိနေတာ လုံထန်ကျတော့ ဘာရှိလဲ"
"သုတေသနဌာနကြီး ၄ ခုမှာ အင်ဂျင်နီယာ ၁,၅၀၀ ရှိပေမယ့် နိုင်ငံအသီးသီးအတွက် ဘာသာစကားဗားရှင်းတွေ ထုတ်ဖို့တင် အစီအစဉ်ကြီး တစ်ခုဖြစ်နေပြီ တခြားကဏ္ဍတွေကိုကော ခင်ဗျားထည့်စဉ်းစားမိရဲ့လား"
ဆက်တိုက်မေးခွန်းတွေကြောင့် ကျန်းဖန် တစ်ကိုယ်လုံး ထိတ်လန့်သွားပြီး နဖူးကနေ ချွေးစေးတွေ ထွက်လာတော့သည်။
တကယ်တော့ လုံထန်ဂရုက အခုအချိန်မှာ အနည်းငယ် ထောင်လွှားနေခဲ့မိသည်။
တန်ရွမ်စနစ်ရဲ့ သတင်းစာရှင်းလင်းပွဲက သူ့ကို ဘယ်သူဘယ်ဝါမှန်းတောင် မသိအောင် လုပ်လိုက်သလိုပါပဲ။ အထက်ကနေ အောက်အထိ မောက်မာတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုးနေစေခဲ့သည်။
အမှန်တော့ တန်ရွမ်စနစ်မှာ လုံထန်ဂရုက အစအဆုံး တီထွင်ခဲ့တာ မဟုတ်ဘဲ လင်းဖန်က အချောသတ်ပြီးသား ပေးခဲ့ခြင်းသာ ဖြစ်သည်။
'Nirvana X' လည်း ထိုနည်းတူပါပဲ။
အရာအားလုံးကို လင်းဖန်က လုပ်ပေးခဲ့တာဖြစ်ပြီး သူတို့က အလကားရယူပြီး ကိုယ့်ဂုဏ်ပုဒ်အဖြစ် ယူခဲ့ကြတာဆိုရင် လုံထန်ဂရုက တခြား ဘာလုပ်နိုင်ဦးမှာလဲ။
ဒါဆိုရင် လုံထန်ဂရုရဲ့နောက်ဆုံးရလဒ်က......
သူ ဆက်ပြီး မတွေးရဲတော့ချေ။
.................................................