← Chapters

ထာဝရဂိုဏ်းများနှင့် အရောင်းအဝယ်...

Vol. 74 Ch. 1033

ထာဝရဂိုဏ်းများနှင့် အရောင်းအဝယ်...

Vol. 74 Ch. 1033

" ဒီနယ်မြေမှာ တစ်ခုခုကြီးကြီးမားမား ဖြစ်ခဲ့တာလား။ " ငွေရောင်မျက်လုံးနှင့်လူက အခြားနှစ်ယောက်ကို လေးနက်သော အမူအရာနှင့် ကြည့်လိုက်သည်။

ချင်းယွမ်ဂိုဏ်း၏ စွမ်းအားနှင့်ဆိုလျှင် ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူတို့လုပ်နိုင်လျှင်တောင် သူတို့ လုပ်ကြမည်မဟုတ်ပေ။ စွမ်းအားက အကြွင်းမဲ့ လွှမ်းမိုးနိုင်စွမ်းမရှိလျှင် တစ်နယ်မြေလုံးရှိ နတ်ဆိုးများကို ရှင်းလင်းလိုက်ခြင်းက ပိုမိုများပြားသော နတ်ဆိုးများကို ဆွဲဆောင်သွားပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ နတ်ဆိုးများက အဆုံးမဲ့ဖြစ်ပြီး ထာဝရဂိုဏ်းများပင်လျှင် ခက်ခဲစွာ ခုခံနေရသည်။ အခြားဂိုဏ်းများအတွက် အထိရောက်ဆုံး နည်းလမ်းမှာ တိုက်ရိုက်ရင်ဆိုင်ခြင်းထက် ပုန်းကွယ်နေခြင်းသာ ဖြစ်သည်။

" ချင်းယွမ်ဂိုဏ်းရဲ့ ဆက်သွယ်ရေး မှော်စာလုံးက မပျက်စီးသေးဘူး။ နတ်ဆိုးစွမ်းအားတွေနဲ့လည်း မညစ်ညမ်းနေဘူး။ " ငွေရောင်မျက်လုံးနှင့်လူက လက်ဝှေ့ရမ်းလိုက်ရာ သူ၏ ရှေ့တွင် အပြာရောင်မှော်စာလုံးတစ်ခု ပေါ်လာပြီး ၎င်းကို အာရုံခံလိုက်သည်။

ထာဝရဂိုဏ်းမှ လက်အောက်ခံဂိုဏ်းများကို ပေးအပ်ထားသော ဆက်သွယ်ရေး ​မှော်စာလုံးများက သတင်းပို့ခြင်းနှင့် တည်နေရာပြခြင်းတို့ကိုသာမက ပတ်ဝန်းကျင်အခြေအနေကိုလည်း အကြမ်းဖျင်း အာရုံခံနိုင်သည်။

" အခု ငါတို့ ဘာလုပ်ကြမလဲ။ " အမျိုးသမီးက မေးလိုက်သည်။ ဤနယ်မြေအတွင်း နတ်ဆိုးများရှားပါးနေခြင်းမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။

" ငါ နောက်တစ်ခါ ထပ်ကြည့်လိုက်ဦးမယ်။ " ငွေရောင်မျက်လုံးနှင့်လူက လက်ဝှေ့ရမ်းလိုက်ပြီး နောက်ထပ် မှော်စာလုံးတစ်ခုပေါ်လာသည်။

ထိုမှော်စာလုံးက ခရမ်းရောင်ဖြစ်ပြီး ၎င်းက လွင့်မျောနေစဉ် လှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

" ပတ်ဝန်းကျင်မှာ အားကောင်းတဲ့ နတ်ဆိုးတွေမရှိဘူး။ " ငွေရောင်မျက်လုံးနှင့်လူက ခရမ်းရောင်မှော်စာလုံးကို သိမ်းဆည်းလိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

" ထူးဆန်းတယ်။ တကယ်ထူးဆန်းတယ်။ " ထာဝရသံတမန်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုကဲ့သို့သော အခြေအနေမျိုးက ကြုံတွေ့ရန် ရှားပါးလှသည်။ နယ်မြေတစ်ခုလုံးက နတ်ဆိုးများ ကင်းစင်နေပြီး အားကောင်းသော နတ်ဆိုးလည်း မရှိပေ။ သို့သော် ၎င်းမှာ ချင်းယွမ်ဂိုဏ်းက ပတ်ဝန်းကျင်ကို ရှင်းလင်းနိုင်စွမ်မရှိဟူသော ယူဆချက်ပေါ်တွင် အခြေခံထားသည်။

" ငါတို့ ချင်းယွမ်ဂိုဏ်းကို သွားဦးမှာလား။ " အမျိုးသားက မေးလိုက်သည်။

" ငါတို့က ကြီးမြတ်တဲ့ ထာဝရအရှင်ရဲ့ အမိန့်ကို လုပ်ဆောင်နေတာပဲ။ " ငွေရောင်မျက်လုံးနှင့် လူက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။ " တကယ်လို့ ချင်းယွမ်ဂိုဏ်းက ပျက်စီးသွားပြီဆိုရင် သွားစရာမလိုတော့ဘူး။ ဒါပေမယ့် ဆက်သွယ်ရေးမှော်စာလုံးအရ ချင်းယွမ်ဂိုဏ်းက ရှိနေတုန်းပဲ။ "

" မှန်တယ်။ " အမျိုးသမီးက ပြောလိုက်သည်။

" သွားကြမယ်။ သတိတော့ထားကြဦး။ " ငွေရောင်မျက်လုံးနှင့်လူက ချင်းယွမ်ဂိုဏ်းသို့ ဆက်လက် ဦးတည်သွားသည်။

သို့သော် ယခုအခါ သူတို့က ပို၍ သတိထားလာကြသည်။ သူတို့၏ စွမ်းအားအရ ထိုနယ်မြေအတွင်း စိုးရိမ်စရာမလိုဘဲ သွားလာနိုင်သော်လည်း နတ်ဆိုးများပျောက်ကွယ်နေခြင်းက သူတို့ကို သတိရှိသွားစေသည်။

အချိန်များကုန်လွန်လာပြီးနောက် ထာဝရသံတမန်သုံးယောက်က ချင်းယွမ်တောင်အနီးသို့ ရောက်လာကြသည်။

" အဲ့ဒါ ချင်းယွမ်ဂိုဏ်းပဲ။ " ငွေရောင်မျက်လုံးနှင့်လူက အဝေးရှိ မီးခိုးရောင်တောင်ထိပ်ကို ကြည့်လိုက်သည်။

" အဆင်ပြေတဲ့ပုံပဲ။ " နောက်မှနှစ်ယောက်က ခဏလေ့လာပြီနောက် အနည်းငယ် စိတ်အေးသွားကြသည်။

သူတို့၏ စွမ်းအားများဖြင့်ဆိုလျှင် ထိုမီးခိုးရောင်တောင်ထိပ်ကို လည်ပတ်နေသော မှော်စာလုံးများကို မြင်တွေ့နိုင်သည်။

" ဒါပေမယ့် ငါတို့ပေါ့ဆလို့မရဘူး။ " ငွေရောင်မျက်လုံးနှင့်လူက အလျင်စလို မလုပ်ခဲ့ပေ။ " ဒီနယ်မြေထဲက နတ်ဆိုးတွေအားလုံး ပျောက်ကွယ်သွားတဲ့အချိန်မှာ ချင်းယွမ်ဂိုဏ်းက ဘာလို့ဆက်ရှိနေတာလဲ။ "

" အဲ့ဒါဟုတ်တယ်။ " ထာဝရသံတမန်နှစ်ယောက်က လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်ကြသည်။

" ချင်းယွမ်ဂိုဏ်းထဲကို အရင်ဆုံး ကိုယ်ပွားတစ်ခု လွှတ်ပြီး လေ့လာကြည့်ရမယ်။ ဘာပြဿနာမှမရှိမှ ချင်းယွမ်ဂိုဏ်းချုပ်ကို အသိပေးမယ်။ " ငွေရောင်မျက်လုံးနှင့်လူက သတိကြီးလှသဖြင့် ချင်းယွမ်ဂိုဏ်းချုပ်ကို ချက်ချင်း မဆက်သွယ်ခဲ့ပေ။

သူတို့သုံးယောက်က တာဝန်တစ်ခုဖြင့် လာခြင်းဖြစ်ရာ ထိုနေရာတွင် မည်သည့်အမှားအယွင်းမှဖြစ်၍မရပေ။ လွတ်မြောက်ခြင်းအဆင့် သုံးယောက်ကို ဆုံးရှုံးရခြင်းက ထာဝရဂိုဏ်းအတွက် ကြီးမားသော ဆုံးရှူံးမှုတစ်ခုဖြစ်ပေလိမ့်မည်။ အထူးသဖြင့် သူတို့က အခြားဂိုဏ်းများသို့သွားပြီး ပါရမီရှင်များကို ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။.

ငွေရောင်မျက်လုံးနှင့်လူက ကိုယ်ပွားတစ်ခု ခွဲထုတ်လိုက်သည်။ ထိုကိုယ်ပွားက ပျောက်ကွယ်သွားပြီး ချင်းယွမ်ဂိုဏ်းအတွင်းသို့ ပေါင်းစည်းသွားသည်။ ချင်းယွမ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်က ထာဝရဂိုဏ်းမှလာခြင်းဖြစ်သောကြောင့် သူက ချင်းယွမ်ဂိုဏ်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်လေသည်။

ချင်းယွမ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်က အနည်းငယ် တုန်ခါသွားပြီး ငွေရောင်မျက်လုံးနှင့်လူက ချင်းယွမ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသည်။ ချင်းယွမ်ဂိုဏ်း၏ တပည့်များက ဆက်လက်ကျင့်ကြံနေကြပြီး အကြီးအကဲများကလည်း သူတို့၏ တာဝန်များကို ထမ်းဆောင်နေကြသည်။

ငွေရောင်မျက်လုံးနှင့်လူက ခဏစောင့်ကြည့်နေသော်လည်း ဘာမှရှာမတွေ့ပေ။ သူက ချင်းယွမ်တောင်၏ အမြင့်ဆုံးခန်းမသို့ ရောက်ရှိလာပြီး ဂိုဏ်းချုပ်ကို တွေ့လိုက်ရသည်။ ဂိုဏချုပ်က အသက်ရှည်ခြင်းအဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီး ငွေရောင်မျက်လုံးနှင့်လူက လွတ်မြောက်ခြင်းအဆင့်သုံးဖြစ်သည်။ ကွာခြားမှုက ကြီးမားသဖြင့် ချင်းယွမ်ဂိုဏ်းချုပ်က သူ့ကို ရှာမတွေ့နိုင်ပေ။

" ငါ ဟိုနေရာက လွဲရင် ချင်းယွမ်ဂိုဏ်းတစ်ခုလုံးကို ရှာဖွေပြီးသွားပြီ။ " ငွေရောင်မျက်လုံးနှင့်လူက ခန်းမထဲမှ ထွက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူ၏ အကြည့်က ချင်းယွမ်ကျမ်းစာတိုက်ပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် သူက ဘာမှရှာမတွေ့ခဲ့ပေ။ အတိအကျပြောရလျှင် သူက ချင်းယွမ်ကျမ်းစာတိုက်၏ အတွင်းရှိ အချိန်လေဟာနယ်ကို အာရုံမခံမိခဲ့ခြင်းဖြစ်သည်။

" သွားကြည့်လိုက်မယ်။ " ငွေရောင်မျက်လုံးနှင့်လူက ခဏစဉ်းစားပြီး လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ချင်းယွမ်ကျမ်းစာတိုက်၏ ဝင်ပေါက်သို့ သွားလိုက်သည်။

ချင်းယွမ်ကျမ်းစာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ချင်းယွမ်တောင်အနှံ့ လျှောက်သွားနေသော ငွေရောင်မျက်လုံးနှင့်လူကို စောင့်ကြည့်နေခဲ့သည်။ သူတို့သုံးယောက် ချင်းယွမ်တော်အနီးသို့ ချဉ်းကပ်လာကတည်းက လင်းယွမ် သတိပြုမိပြီးသားဖြစ်သည်။

" တော်တော်သတိကြီးတာပဲ။ သူတို့နဲ့ တွေ့ကြည့်တာပေါ့။ " လင်းယွမ်က ခေါင်းခါပြီး သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်။

ချင်းယွမ်ကျမ်းစာတိုက်၏ ဝင်ပေါက်တွင် ငွေရောင်မျက်လုံးနှင့်လူက မည်သို့ဝင်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး အခြားဟင်းလင်းပြင်နေရာတစ်ခုသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။

သူမတုန့်ပြန်နိုင်မီ ချင်းယွမ်ဂိုဏ်း၏ အပြင်ဘက်ရှိ ငွေရောင်မျက်လုံးနှင့် လူ၏ မူလခန္ဓာကိုယ်နှင့် အခြားနှစ်ယောက်တို့ကလည်း အခြားဟင်းလင်းပြင်နေရာတစ်ခုသို့ ရောက်သွားကြသည်။

" ဒါဘယ်နေရာလဲ။ " ငွေရောင်မျက်လုံးနှင့် လူ၏ မူလခန္ဓာကိုယ်နှင့် ထာဝရသံတမန် နှစ်ယောက်တို့က ပတ်ဝန်းကျင်သို့ တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

ချင်းယွမ်တောင်ထိပ်၏ ခန်းမထဲတွင် ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေရင်း တစ်ဖက်တွင်လည်း ချင်းယွမ်တောင်၏ အပြင်ဘက်ရှိ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေသည်။ လင်းယွမ်၏ ကာကွယ်မှုအောက်တွင် ဂိုဏ်းချုပ်က ထာဝရသံတမန်များ၏ အကူအညီအပေါ် အရေးမထားသော်လည်း ထာဝရသံတမန်များ၏ နောက်တွင် ထာဝရဂိုဏ်းရှိနေသည်။

" စီနီယာက ထာဝရသံတမန်တွေနဲ့ ဘာဆွေးနွေးချင်တာလဲမသိဘူး။ " ဂိုဏ်းချုပ်က ထာဝရသံတမန်များ ရောက်လာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

သူမသိသည်မှာ သူစောင့်ဆိုင်းနေသော ထာဝရသံတမန်များက မည်သည့်တုန့်ပြန်မှုမှမလုပ်နိုင်မီ လင်းယွမ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ချင်းယွမ်ကျမ်းစာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် ထာဝရသံတမန်သုံးယောက်က ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ မနီးမဝေးတွင် ထိုင်နေသော လင်းယွမ်ကို ကြည့်နေကြသည်။

သူတို့က မည်သည့်ရုန်းကန်မှုမှ မပြုလုပ်နိုင်မီ သူတို့၏ မူလခန္ဓာကိုယ်များက ဤနေရာသို့ အလွယ်တကူ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ထိုအချက်က သူ၏ ရှေ့မှ လူငယ်မှာ သူတို့ကိုယ်တွယ်နိုင်သော အဆင့်ထက် များစွာ ကျော်လွန်နေသည်မှာ ထင်ရှားသည်။

" မင်း ဘာလုပ်ဖို့ ရည်ရွယ်တာလဲဆိုတာ ငါသိချင်ပါတယ်။ " ငွေရောင်မျက်လုံးနှင့်လူက စကားစပြောလိုက်သည်။

သေချာသည်မှာ သူတို့ရှေ့မှ လူငယ်မှာ သူတို့အပေါ် သတ်ဖြတ်လိုစိတ်မရှိခြင်းဖြစ်သည်။ မဟုတ်လျှင် လက်တစ်ဖက်တည်းနှင့် ဆွဲခေါ်နိုင်သောကြောင့် သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်လေသည်။ ထို့ကြောင့် ငွေရောင်မျက်လုံးနှင့်လူက နှိမ့်ချခြင်းမရှိဘဲ စကားပြောလိုက်ခြင်းဖြစ်သည်။

" မင်းတို့ ထာဝရဂိုဏ်းတွေနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်တယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ သူက ထာဝရဂိုဏ်းနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်သည်။

ကမ္ဘာ၏ အလယ်တွင် နတ်ဆိုးနတ်ဘုရားများရှိနေသဖြင့် သူက မသွားသေးခြင်းဖြစ်သည်။ ယခုအခါ ထာဝရဂိုဏ်းမှ သံတမန်များ ရောက်ရှိလာသောကြောင့် လင်းယွမ်က ထိုအခွင့်အရေးကို အသုံးချပြီး ညှိနှိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

All Chapters