← Chapters

ထာဝရဂိုဏ်းချုပ်များ...

Vol. 74 Ch. 1034

ထာဝရဂိုဏ်းချုပ်များ...

Vol. 74 Ch. 1034

" ဂိုဏ်းနဲ့ အရောင်းအဝယ် လုပ်ချင်တာလား။ " ငွေရောင်မျက်လုံးနှင့်လူက လင်းယွမ်ကို ကြည့်လိုက်သည်။

ထာဝရဂိုဏ်းနှင့် အရောင်းအဝယ်လုပ်ရန် အဆိုပြုရဲခြင်းမှာ အမှန်ပင် ရဲတင်းလွန်းလှသည။ ထာဝရဂိုဏ်းများက ကမ္ဘာကြီး အသွင်ပြောင်းလဲပြီးနောက်မှာပင် ထိပ်ဆုံး၌ ရပ်တည်နေပြီး နတ်ဆိုးနတ်ဘုရားကို တားဆီးနိုင်ရန် ထာဝရအရှင်သခင်များ ချန်ခဲ့သော နည်းလမ်းများရှိနေသည်။

" ဘယ်လိုအရောင်းအဝယ်လဲ။ " ငွေရောင်မျက်လုံးနှင့် လူက လေးနက်စွာ မေးလိုက်သည်။

" ငါ ထာဝရဂိုဏ်းရဲ့ မှော်စာလုံးအမွေအနှစ်အားလုံးကို လိုချင်တယ်။ ပြီးတော့ နတ်ဆိုးတွေနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေအားလုံး အထူးသဖြင့် ဟိုနတ်ဆိုးနတ်ဘုရားအကြောင်းရော ငါသိချင်တယ်။ " လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည်။

ယခုအချိန်ထိ သူက ထာဝရအရှင်သခင်နှစ်ပါးချန်ခဲ့သော မှော်စာလုံးအမွေအနှစ်များကိုသာ ရရှိထားသည်။ လင်းယွမ်က အခြားထာဝရအရှင်သခင်များ၏ အမွေအနှစ်များကို ပို၍ လိုချင်ပေသည်။ အထူးသဖြင့် ကောင်းကင်အလင်းအရှင်သခင်၏ အမွေအနှစ်ဖြစ်သည်။

" မှော်စာလုံးအမွေအနှစ်တွေအားလုံးလား။ " ငွေရောင်မျက်လုံးနှင့်လူက အသက်ပြင်းပြင်းရှူလိုက်သည်။

ထာဝရဂိုဏ်း၏ သာမန်တပည့်များက နက်နဲသော အမွေအနှစ်များကို လေ့လာရန်အတွက် တန်ဖိုးတစ်ခု ပေးဆပ်ကြရသည်။ အဓိကအမွေအနှစ်များကို ထာဝရသားတော်များသာ လေ့လာနိုင်သည်။ သို့သော် လင်းယွမ်က ၎င်းတို့အားလုံးကို တောင်းဆိုနေသည်။

" အဲ့ဒါကို ငါတို့ ဆုံးဖြတ်လို့မရဘူး။ " ငွေရောင်မျက်လုံးနှင့်လူက ပြောလိုက်သည်။

နောက်မှလူနှစ်ယောက်ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က ထာဝရသံတမန်များသာဖြစ်ပြီး ထာဝရသားတော်ပင်မဟုတ်ဘဲ ထာဝရဂိုဏ်းကို ကိုယ်စားပြု၍ မရနိုင်ပေ။

" ငါသိတယ်။ " လင်းယွမ်က ထာဝရသံတမန်များကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " အဲ့ဒါကြောင့် မင်းတို့ဂိုဏ်းချုပ်ကို တိုက်ရိုက်ဆယ်သွယ်ပြီး ငါနဲ့ ညှိနှိုင်းခိုင်းလိုက်ပါ။ "

ထိုစကားကို ကြားသောအခါ ငွေရောင်မျက်လုံးနှင့်လူက အံ့အားသင့်သွားသည်။ ဂိုဏ်းချုပ်အား တိုက်ရိုက်ဆက်သွယ်နိုင်သည်ကို လင်းယွမ်က သိနေသည်။ လင်းယွမ်က အပြာရောင်မှော်စာလုံးကို သန့်စင်ပြီးဖြစ်သောကြောင့် ဂိုဏ်းချုပ်ကို တိုက်ရိုက်ဆက်သွယ်နိုင်လေသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက မလိုအပ်သော ပြဿနာများ ဖြစ်စေပေလိမ့်မည်။

" ကောင်းပါပြီ။ " ငွေရောင်မျက်လုံးနှင့် လူက ခဏစဉ်းစားပြီး ပြောလိုက်သည်။

လင်းယွမ်၏ စွမ်းအားက သူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပြီး မူလနတ်ဆိုးနီးပါး အစွမ်းထက်လှသည်။ ထိုမျှအစွမ်းထက်လှသော ကျင့်ကြံသူတစ်ယောက်အကြောင်းကို ဂိုဏ်းချုပ်ထံ အစီရင်ခံရန် လိုအပ်ပေသည်။

ငွေရောင်မျက်လုံးနှင့်လူက အပြာရောင်မှော်စာလုံးကို ထုတ်ပြီး ၎င်းကို စတင်အသုံးပြုလိုက်သည်။ အပြာရောင်မှော်စာလုံးက တုန်ခါသွားပြီး အတွင်းရှိ မှော်စာလုံးလေးများက လည်ပတ်ကာ ကမ္ဘာ၏ အလယ်သို့ ချက်ချင်း ပျံသန်းသွားကြသည်။

ကမ္ဘာ၏ အလယ်ရှိ လျို့ဝှက်ကမ္ဘာတစ်ခုအတွင်း ထာဝရဂိုဏ်း၏ ခံတပ်များရှိကြသည်။ ထာဝရအရှင်သခင်များက နတ်ဆိုးကပ်ဘေးကို သိရှိခဲ့သောကြောင့် ခံတပ်များကို ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ထိုနည်းလမ်းဖြင့်သာ နတ်ဆိုးကပ်ဘေးကို ခုခံနိုင်မည်ဖြစ်သည်။

" မကြာသေးခင်က မူလနတ်ဆိုးတွေရဲ့ လှုပ်ရှားမှုတွေက ပိုတိုးလာတယ်။ ပြီးတော့ အဲ့ဒီနတ်ဆိုးနတ်ဘုရားရဲ့ စွမ်းအားက ပိုသန်မာလာတာကို ခံစားရတယ်။ " လျို့ဝှက်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် လူအချို့ ထိုင်နေကြပြီး သူတို့ထဲမှ ရှေးကျသော အမူအရာနှင့်လူက ပြောလိုက်သည်။

ထိုလူက ထာဝရအဆုံးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ထာဝရဂိုဏ်းတွင် အသန်မာဆုံးဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ အမူအရာက လေးလံနေသည်။

" အခြေအနေတွေ ပိုဆိုးလာရင် ငါတို့ အဲ့ဒီနတ်ဆိုးတွေကို တိုက်ခိုက်ရုံပဲရှိတယ်။ ငါတို့ ထာဝရဂိုဏ်းအားလုံး ပူးပေါင်ရင် အဲ့ဒီမူလနတ်ဆိုးတွေကို မနှိမ်နင်းနိုင်ဘူးဆိုတာ ငါမယုံဘူး။ " ပုံရိပ်တစ်ခုက ဒေါသတကြီး ပြောလိုက်သည်။

" ငါတို့ရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြုလိုက်ရင် အဲ့ဒီမူလနတ်ဆိုးတွေကို ရှင်းပစ်နိုင်တာ အမှန်ပဲ။ ဒါပေမယ့် အဲ့ဒီနောက် ဘာဖြစ်မလဲ။ မူလနတ်ဆိုးတွေက သေသွားရင်တောင် ပြန်ရှင်လာကြဦးမှာပဲ။ အရင်းအမြစ်တွေ ကုန်သွားတဲ့အခါ ပြန်လည်မွေးဖွားလာတဲ့ မူလနတ်ဆိုးတွေကို ငါတို့ဘယ်လိုရင်ဆိုင်ကြမလဲ။ "

" ဟုတ်တယ်။ နတ်ဆိုးစွမ်းအားတွေ ရှိနေသရွေ့ နတ်ဆိုးတွေက မသေနိုင်ဘူး။ "

အားလုံးက စိတ်ပျက်လက်ပျက်ဖြင့် ပြောနေကြသည်။ ထာဝရဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များအနေဖြင့် ယခင်က မည်မျှဂုဏ်သိက္ခာကြီးခဲ့သည်ဖြစ်စေ ယခုအချိန်တွင် ဤနေရာ၌ ပုန်းအောင်းနေကြရသည်။

" နတ်ဆိုးတွေကို ရှင်းလင်းဖို့ဆိုရင် အဲ့ဒီနတ်ဆိုးနတ်ဘုရားကို နှိမ်နင်းရမယ်။ ဒါပေမယ့် ငါတို့လောက်နဲ့ နတ်ဆိုးနတ်ဘုရားကို နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ " အခြားထာဝရဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်က ပြောလိုက်သည်။ သူက နတ်ဆိုးနတ်ဘုရား၏ စွမ်းအားကို သိရှိထားသည်။ ထာဝရအရှင်သခင်တစ်ယောက်မပါဘဲ ထိုနတ်ဆိုးနတ်ဘုရားကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ထာဝရအရှင်သခင်တစ်ယောက် မရှိလျှင် လက်ရှိအခြေအနေကို ပြောင်းပြန်လှန်နိုင်မည်မဟုတ်ပေ။ သို့သော် ထာဝရအရှင်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာရန် မဖြစ်နိုင်လုနီးပါးပင်ဖြစ်သည်။

ထိုအချိန်တွင် ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ညာလက်မြှောက်လိုက်ရာ ရွှေရောင်မှော်စာလုံးတစ်ခု ပေါ်လာသည်။ ခဏကြာသောအခါ သူက အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

" အားလုံးပဲ ငါပြောစရာတစ်ခုရှိတယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။

" ဘာ ကမ္ဘာအစွန်အဖျားမှာ မူလနတ်ဆိုးတစ်ကောင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ပေါ်လာတာလား။ "

" သူက ငါတို့ ထာဝရဂိုဏ်းတွေက မှော်စာလုံးအမွေအနှစ်တွေအားလုံးကို လိုချင်တာလား။ "

" တကယ်ရဲတင်းတာပဲ။ ထာဝရအရှင်သခင်တွေရဲ့ မှော်စာလုံးအမွေအနှစ်တွေက ငါတို့ရဲ့ အခြေခံအုတ်မြစ်ပဲ။ အလွယ်တကူ ပေးလို့ရတဲ့အရာတွေမဟုတ်ဘူး။ ပြီးတော့ အဲ့ဒီကျင့်ကြံသူက တကယ်ပဲ မူလနတ်ဆိုးတစ်ကောင်နဲ့ နှိုင်းယှဉ်နိုင်တာလား။ "

သူတို့က အပြန်အလှန်ဆွေးနွေးနေကြပြီး အများစုက လင်းယွမ်၏ စွမ်းအားကို သံသယဝင်နေကြသည်။

" ဒီသတင်းက ယုံကြည်ရတယ်။ ချဲ့ကားပြောထားတာမျိုး မဖြစ်နိုင်ဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ခဏစဉ်စားပြီးနောက် သေချာပြောလိုက်သည်။

ငွေရောင်မျက်လုံးနှင့်လူက သူ၏ တပည့်ဖြစ်သည်။ သူက ထိုတပည့်အကြောင်းကို ကောင်းစွာသိရှိထားပြီး သူက ကိစ္စရပ်များကို ချဲ့ကားပြောမည်မဟုတ်ကြောင်း သိထားသည်။

" သတင်းက ယုံကြည်ရတယ်။ "

" အမှတ်တော့ အံ့ဩစရာတော့မရှိပါဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ပြောလိုက်သည်။ " ကမ္ဘာကြီးအသွင်မပြောင်းလဲခင်က ထာဝရအရှင်သခင်တွေက နည်းလမ်းတွေအများကြီး စီစဉ်ခဲ့ကြတယ်။ သူတို့ရဲ့ အမွေအနှစ်တွေကိုလည်း ကမ္ဘာအနှံ့မှာ ထားခဲ့ကြတယ်။ "

" တကယ်လို့ အဲ့လောက်သန်မာတဲ့ ကျင့်ကြံသူတစ်ယောက် တကယ်ရှိနေတာဆိုရင် အရောင်းအဝယ်လုပ်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး။ " ဂိုဏ်းချုပ်တစ်ယောက်က ပြောလိုက်သည်။

ထာဝရဂိုဏ်းများ၏ အမွေအနှစ်များက အမှန်တကယ် တန်ဖိုးကြီးလှသည်။ သို့သော် မည်မျှပင် တန်ဖိုးရှိစေကာမူ ၎င်းတို့ကို ဆက်ခံရန် လိုအပ်သည်။

" မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

လင်းယွမ်က ထာဝရဂိုဏ်းအားလုံး၏ အမွေအနှစ်များကို လိုချင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အရောင်းအဝယ်က အခြားဂိုဏ်းချုပ်များ၏ သဘောတူညီမှုလည်း လိုအပ်သည်။

" ပြဿနာမရှိပါဘူး။ ဒါပေမယ့် ငါတို့ဂိုဏ်းတွေရဲ့ အမွေအနှစ်တွေနဲ့ လဲလှယ်ဖို့ သူက ဘာပြန်ပေးမှာလဲ။ " ဂိုဏ်းချုပ်များက ခေါင်းညိမ့်လိုက်ကြသည်။

" ဒါဆို သူနဲ့ စကားပြောကြည့်ကြတာပေါ့။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က သူ၏ ရှေ့မှ ရွှေရောင်မှော်စာလုံးကို ကြည့်ပြီး လက်ဝှေ့ရမ်းလိုက်ရာ ၎င်းက တုန်ခါသွားသည်။

မြင်ကွင်းတစ်ခုက ချက်ချင်း ပေါ်လာပြီး ၎င်းမှာ ချင်းယွမ်ကျမ်းစာတိုက်ပင် ဖြစ်သည်။

ချင်းယွမ်ကျမ်းစာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် ငွေရောင်မျက်လုံးနှင့် လူ၏ ရှေ့မှ အပြာရောင်မှော်စာလုံးက တုန်ခါသွားပြီး မြင်ကွင်းတစ်ခု ပေါ်လာသည်။

" ဂိုဏ်းချုပ် " ငွေရောင်မျက်လုံးနှင့် လူအပါအဝင် ထာဝရသံတမန်များက ဦးညွှတ်လိုက်ကြသည်။

" မင်းက ငါတို့ ထာဝရဂိုဏ်းတွေနဲ့ အရောင်းအဝယ် လုပ်ချင်တဲ့သူလား။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က လင်းယွမ်ကို ကြည့်လိုက်သည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ဂိုဏ်းချုပ်များကို ကြည့်လိုက်သည်။

" ဒါက အရောင်းအဝယ်ဆိုတော့ မင်းက ငါတို့ကို ဘာပြန်ပေးမှာလဲ။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က တိုက်ရိုက်မေးလိုက်သည်။

" ငါ မင်းတို့အတွက် မူလနတ်ဆိုးအချို့ကို ကိုင်တွယ်ပေးနိုင်တယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

ကမ္ဘာအလယ်တွင် မူလနတ်ဆိုးများ စုဝေးနေကြပြီး သူတို့က ထာဝရဂိုဏ်းများအပေါ် ဖိအားများစွာ ပေးနေကြသည်။ အမှန်တကယ် သူတို့နှင့် မဆွေးခင်ကတည်းက လင်းယွမ်က ထိုမူလနတ်ဆိုးများကို မကြာမီ ကိုင်တွယ်ရန် စီစဉ်ထားခဲ့သည်။

" မူလနတ်ဆိုးအချို့ကို ကိုင်တွယ်ပေးမှာလား။ " မြင်ကွင်းထဲမှပုံရိပ်များက လင်းယွမ်ကို ကြည့်လိုက်ကြသည်။

" မူလနတ်ဆိုးအများကြီးကို ကိုင်တွယ်နိုင်တဲ့ စွမ်းအား မင်းမှာရှိလို့လား။ "

ငွေရောင်မျက်လုံးနှင့် လူ၏ စကားအရ လင်းယွမ်၏ စွမ်းအားက မူလနတ်ဆိုးနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သို့သော် မူလနတ်ဆိုးနှင့် နှိုင်းယှဉ်နိုင်ခြင်းက မူလနတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်နိုင်သည်ဟု မဆိုလိုပေ။

မူလနတ်ဆိုးများက မသေနိုင်သော်လည်း ကျင့်ကြံသူများက ​ဒဏ်ရာရရှိနိုင်ပြီး နတ်ဆိုးစွမ်းအား၏ တိုက်စားမှုကို ခံရနိုင်သည်။ မူလနတ်ဆိုးအများအပြားကို ကိုင်တွယ်ရန်မှာ မဖြစ်နိုင်ပေ။ မူလနတ်ဆိုးတစ်ကောင်ကို အသက်ရင်း၍ တားဆီးနိုင်ခြင်းကပင် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။

All Chapters