← Chapters

သီးခြားစကြာဝဠာများဖန်တီးခြင်း...

Vol. 74 Ch. 1036

သီးခြားစကြာဝဠာများဖန်တီးခြင်း...

Vol. 74 Ch. 1036

ရွှေရောင်မြူခိုးရတနာနယ်မြေတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ မနီးမဝေးတွင် ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်နှင့် ဆက်သွယ်ထားသော အက်ကြောင်းက အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့သည်။

" ပြီးသွားပြီလား။ " လင်းယွမ်က နှမြောမိသွားသည်။

ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာခြင်းက နိယာများအပေါ် သူ၏ နားလည်မှုကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုအခွင့်အရေးက ရတနာနယ်မြေအသစ်တစ်ခု ထွက်ပေါ်လာချိန်တွင်သာ ကြုံတွေ့ရသည်။

သာမန်အခြေအနေများတွင် ရတနာနယ်မြေတစ်ခု ထွက်ပေါ်လာပြီးနောက် ရင်းမြစ်ကမ္ဘာနှင့် ဆက်သွယ်မှု ပြတ်တောက်သွားရန် နှစ်ပေါင်းရာချီမှ သောင်းချီကြာတတ်သည်။ အဆင့်တစ်ရတနာနယ်မြေတစ်ခုအနေဖြင့် ရွှေရောင်မြူခိုးရတနာနယ်မြေက ရင်းမြစ်ကမ္ဘာနှင့် ဆက်သွယ်မှုကို နှစ်ပေါင်းတစ်သောင်းကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။

" ရင်းမြစ်ကမ္ဘာရဲ့ မူလရင်းမြစ်နဲ့ ဆက်သွယ်ထားတဲ့အက်ကြောင်းတွေကို ကိုယ်တိုင်ဖွင့်လို့မရတာ နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ဘိုးဘေးများက ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို အာရုံခံနိုင်ကြသော်လည်း မူလရင်းမြစ်ဆီသို့ အတင်းအကျပ် ထိုးဖောက်ရန် ကြိုးစားလျှင် ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ တန်ပြန်မှုကို ခံရပေလိမ့်မည်။

လင်းယွမ်က နှစ်ပေါင်းတစ်သောင်းကျော် လေ့လာပြီးနောက် ကဏ္ဍပေါင်းစုံတွင် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို ဆက်လက်လေ့လာလျှင်တောင် ယခင်နှစ်တစ်သောင်းကဲ့သို့ သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။

" နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့နောက်မှာ အများကြီး တိုးတက်လာတာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

" အချိန်လေဟာနယ်။ " လင်းယွမ်၏ အမြင်တွင် ရွှေရောင်မြူခိုးရတနာနယ်မြေနှင့် အပြင်လောက၏ အချိန်လေဟာနယ်တို့က ဖြတ်သန်းစီးဆင်းနေသော ချည်မျှင်လေးများကဲ့သို့ စနစ်တကျ ရှိနေကြသည်။ သူက အတွေးတစ်ချက်ဖြင့် ၎င်းတို့ကို ထိန်းချုပ်နိုင်သည်။

အကယ်၍ သူသာ အလိုရှိလျှင် ရင်းမြစ်ကမ္ဘာအတွင်း အချိန်လေဟာနယ် မုန်တိုင်းတစ်ခုကို ဖန်တီးပြီး သက်ရှိ ၉၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က လင်းယွမ်က အချိန်လေဟာနယ်နိယာမကို လုံးဝနားလည်သွားခဲ့ပြီး အချိန်လေဟာနယ်မဟာတာအိုကို အောင်မြင်ခဲ့သည်။

အချိန်လေဟာနယ်မဟာတာအိုက အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ နယ်ပယ်ဖြစ်ပြီး ထိုအဆင့်တွင် မိမိက အချိန်လေဟာနယ် အချိန်လေဟာနယ်က မိမိဖြစ်သည်။

" ဒိုင်မန်းရှင်းတိုင်းမှာ အချိန်လေဟာနယ်ရှိတယ်။ အချိန်လေဟာနယ်ဆိုတာ ကမ္ဘာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ။ " လင်းယွမ်က အချိန်လေဟာနယ်မျှင်များကို သေချာလေ့လာနေသည်။

မရေတွက်နိုင်သော အချိန်လေဟာနယ်မျှင်များက ဟန်ချက်ညီမှုတစ်ခုကို ဖြစ်ပေါ်စေပြီး ထိုဟန်ချက်ညီမှုက တည်ငြိမ်သော ပတ်ဝန်းကျင်နှင့် သက်ရှိများကို ဖြစ်ပေါ်လာစေသည်။

လင်းယွမ်က အဆုံးမရှိသော ဒိုင်မန်းရှင်းများကို ဖြတ်သန်းစီးဆင်နေပြီး မရေတွက်နိုင်သော ကမ္ဘာများ၏ အခြေခံလည်ပတ်မှုကို ထိန်းသိမ်းပေးထားသော စွမ်းအားတစ်ခုကို အာရုံခံနိုင်နေပြီဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ပြင်ပနှောက်ယှက်မှုမရှိဘဲ အချိန်လေဟာနယ်က အလွန်တည်ငြိမ်နေခဲ့သည့် အကြောင်းရင်းမှာ အဆင့်မြင့်သော စွမ်းအားတစ်ခုက လွှမ်းမိုးထားသောကြောင့်ဖြစ်သည်။

ထိုစွမ်းအားကို ဘိုးဘေးခြောက်ယောက်က အမြင့်ဆုံးမူလတာအိုဟု ခေါ်ကြသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများက ထိုတာအိုကို နားလည်ရန် ကြိုးစားကြသည်။

" ငါ့ရဲ့ အသက်အဆင့်က နိမ့်လွန်းနေတယ်။ " လင်းယွမ်က ခဏအာရုံခံပြီးနောက် ခေါင်းခါလိုက်သည်။ သူက ထိုစွမ်းအားကို အာရုံခံနိုင်သော်လည်း အလွန်ဝေဝါးနေဆဲ ဖြစ်သည်။

" အမြင့်ဆုံးမူလတာအိုက ငါနဲ့ အလှမ်းဝေးသေးတယ်။ အဲ့ဒါထက် ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်ထိ နားလည်အောင်ကြိုးစားတာက ပိုကောင်းလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက လွန်ခဲ့သော နှစ်ပေါင်းငါးထောင်ကတည်းက ဖရိုဖရဲထိုက်ကျိလမ်းစဉ်၏ ဒုတိယအဆင့် အထွတ်အထိပ်ကို နားလည်ခဲ့သော်လည်း ယခုအချိန်ထိ ထိုအဆင့်တွင် ပိတ်မိနေဆဲ ဖြစ်သည်။ သူက တတိယအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။

ပထမရင်းမြစ်ကမ္ဘာတွင် ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို တတိယအဆင့်ထိ နားလည်ရန် ကြိုးစားခြင်းက အခြားလမ်းစဉ်များ၏ တတိယအဆင့်များထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသည်။ လင်းယွမ်ပင် ထိုအဆင့်တွင် ခဏပိတ်မိနေခဲ့သည်။

လင်းယွမ်၏ စိတ်အသိက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။ ကျယ်ပြောလှသော အတွင်းစကြာဝဠာကို အထက်မှ ငုံ့ကြည့်လိုက်သည်။ ယခုအခါ သူ၏ အတွင်းစကြာဝဠာက ဟင်းလင်းပြင်နယ်မြေပေါင်းထောင်ချီကျယ်ဝန်းနေပြီဖြစ်သည်။

" အဆုံးမဲ့ဟင်းလင်းပြင် ဆဋ္ဌမအဆင့်။ " လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်တွင် သူက အဆုံးမဲ့ဟင်းလင်းပြင်၏ ပဉ္စမအဆင့်ကို အောင်မြင်ခဲ့ပြီး ဆဋ္ဌမအဆင့်သို့ ခြေလှမ်းနိုင်ခဲ့သည်။

ဆဋ္ဌမအဆင့်က ထိုအမွေအနှစ်၏ အမြင့်ဆုံး ကန့်သတ်ချက်ဖြစ်သည်။ သတ္တမအဆင့်က သီအိုရီအရသာဖြစ်ပြီး ထိုအမွေအနှစ်ကို ဖန်တီးခဲ့သူပင် ၎င်းကို မအောင်မြင်ခဲ့ပေ။

" အဆုံးမဲ့ဟင်းလင်းပြင်ကို ငါ့ရဲ့ ကျင့်ကြံမှုက အမွေအနှစ်ထက်တောင် ကျော်လွန်သွားခဲ့ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ နောက်ဆုံးပန်းတိုင်က ဖရိုဖရဲဟင်းလင်းပြင်သာဖြစ်သည်။ သို့သော် ယခုအခါ လင်းယွမ်၏ အတွင်းစကြာဝဠာမှာ ပြည့်စုံသော စကြာဝဠာတစ်ခုကို ရည်ရွယ်ထားသည်။

" ငါ့ရဲ့ အတွင်းစကြာဝဠာရဲ့ နောက်ဆုံးကန့်သတ်ချက်က သတ္တမအဆင့်မဟုတ်ဘဲ အဋ္ဌမအဆင့်၊ နဝမအဆင့်နဲ့ ဒသမအဆင့်ထိတောင် ရှိနေနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က သူ၏ စွမ်းအားကို စစ်ဆေးလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူ၏ စွမ်းအားနှင့် ပက်သက်ပြီး အယူအဆ အနည်းငယ်သာ ရှိခဲ့သည်။ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် လင်းယွမ်က ကဏ္ဍအသီးသီးတွင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည်။

" စုဆောင်းထားတဲ့ အခြေခံအုတ်မြစ်က ပိုခိုင်မာလေ အလွှာဆယ့်သုံးကို တက်လှမ်းတဲ့အခါ ခုန်ပျံကျော်လွှားမှုက ပိုကြီးမားလေပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်မှ စွမ်းအားစီးဆင်းမှုကို လက်ခံရသည်။ ထိုစွမ်းအားစီးဆင်းမှုက သက်ရျီကိုယ်တိုင်၏ အခြေခံအုတ်မြစ်အပေါ် မူတည်သည်။

အလွှာဆယ့်နှစ်မှ အလွှာဆယ်သုံးသို့ တက်လှမ်းခြင်းကလည်း အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဖရိုဖရဲဟင်းလင်းပြင်တွင် အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာတိုင်း ဟင်းလင်းပြင်နယ်မြေများစွာသို့ ပျံ့နှံ့သွားသော ထူးခြားဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။

" ငါသိချင်တာက အဲ့ဒီအချိန်ရောက်ရင် ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မူလရင်းမြစ်က ငါ့အတွက် စွမ်းအားစီးဆင်းမှုကို တောင့်ခံနိုင်ပါ့မလားဆိုတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ အခြေခံအုတ်မြစ်နှင့် ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်မှ စွမ်းအားစီးဆင်းမှုမှာ အချိန်သက်ရှိ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းထိ စီးဆင်းသည့် စုစုပေါင်းပမာဏနှင့် တူညီနေပေလိမ့်မည်။

ဖရိုဖရဲဟင်းလင်းပြင်။

လင်းယွမ်က ဖရိုဖရဲစွမ်းအားများနှင့်အတူ လွင့်မျောလာပြီး လူသူကင်းမဲ့သော ဟင်းလင်းပြင်တစ်ခုသို့ ရောက်လာသည်။

" ဒီနေရာပဲ။ " လင်းယွမ်က ခဏစောင့်ကြည့်ပြီးနောက် သူ၏ လက်ကို မြှောက်၍ ရှေ့သို့ ပိုင်းဖြတ်လိုက်သည်။

အချိန်လေဟာနယ်က အက်ကွဲသွားပြီး သီးခြားစကြာဝဠာတစ်ခု ပေါ်လာသည်။ သီးခြားစကြာဝဠာနှင့် အတွင်းစကြာဝဠာတို့က မတူညီပေ။ ၎င်းကို ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က ဖန်တီးခြင်းဖြစ်သော်လည်း ၎င်းက ဖန်တီးသူနှင့် သီးခြားတည်ရှိနေသည်။ သို့သော် သီးခြားစကြာဝဠာများကလည်း အချိန်တစ်ခုကြာလျှင် ပြိုလဲပျက်စီးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

" သီးခြားစကြာဝဠာတစ်ခုကို ဖန်တီးပြီး နိယာမတွေအပေါ် နားလည်မှုကို သန့်စင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ "

နိယာမများက စတင်လည်ပတ်လာပြီး သီးခြားစကြာဝဠာက တဖြည်းဖြည်း ပုံပေါ်လာသည်။ တစ်ချိန်တည်းတွင် သူအလိုရှိသော ပတ်ဝန်းကျင်ကို စတင်စီမံလိုက်သည်။

" ပြီးတော့ ဒီသီးခြားစကြာဝဠာက လူသားမျိုးနွယ်အတွက် အခြေစိုက်စခန်းတစ်ခုလည်း ဖြစ်လာလိမ့်မယ်။ တကယ်လို့ ငါက အချိန်စက်ဝန်းထဲမှာ ပိတ်မိနေရင်တောင် ချက်ချင်း မျိုးတုံးသွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ "

အချို့သော အရာများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သည်။ လင်းယွမ်ရှိနေသရွေ့ ဖရိုဖရဲဟင်းလင်းပြင်ရှိ ဘယ်သူကမှ လူသားမျိုးနွယ်ကို ရန်စဝံ့မည်မဟုတ်ပေ။ သို့သော် အကယ်၍ သူသာ အချိန်စက်ဝန်းထဲတွင် ပိတ်မိသွားခဲ့လျှင် ရွှမ်ဟွမ်မျိုးနွယ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်တို့က ဥပမာဖြစ်သည်။

လင်းယွမ်က သဘာဝအတိုင်းပင် ပိုမိုများပြားသော အရန်အစီအစဉ်များကို ပြင်ဆင်ထားမည်ဖြစ်သည်။ သူ၏ တိုးတက်မှုက အမှန်တကယ် လျင်မြန်လှသည်။ လူသားမျိုးနွယ်က သူ့ကို လုံးဝ လိုက်မမီနိုင်ပေ။ ယခုအချိန်ထိ ဖရိုဖရဲအဆင့်တစ်ယောက်ပင် ထွက်ပေါ်မလာသေးပေ။

" ငါ့ရဲ့ နည်းလမ်းတွေနဲ့ဆို အဲ့ဒီသဘာဝစကြာဝဠာတွေထဲမှာ စီစဉ်နေဖို့ မလိုပါဘူး။ " လင်းယွမ်က ပုံသဏ္ဍန်ပေါ်နေပြီဖြစ်သော သီးခြားစကြာဝဠာကို ကြည့်လိုက်သည်။

​ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ဖန်တီးထားသော ​သီးခြားစကြာဝဠာများက အချိန်တစ်ခုကြာလျှင် ပြိုလဲသွားမည်ဖြစ်သော်လည်း အချိန်လေဟာနယ်အပေါ် သူ၏ နားလည်နိုင်စွမ်းနှင့် သူဖန်တီးထားသော သီးခြားစကြာဝဠာက ဖရိုဖရဲဟင်လင်းပြင်နှင့်အတူ ယှဉ်တွဲရှိနေပေလိမ့်မည်။

သီးခြားစကြာဝဠာက ပြိုလဲမည်မဟုတ်သောကြောင့် လူသားမျိုးနွယ်အတွက် ဘေးကင်းသော အခြေစိုက်စခန်းတစ်ခု ဖြစ်သွားပြီး ကန့်သတ်နည်းလမ်းအချို့ဖြင့် မျိုးဆက်အလိုက် အမွေအနှစ်များကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

All Chapters