← Chapters

မူလနတ်ဆိုးများကို ရှင်းလင်းခြင်း...

Vol. 74 Ch. 1037

မူလနတ်ဆိုးများကို ရှင်းလင်းခြင်း...

Vol. 74 Ch. 1037

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ။

" လင်းယွမ် " ရွှမ်ယွမ်နှင့် အခြားသူများက ရောက်ရှိလာကြသည်။

လင်းယွမ်ကြောင့် လူသားမျိုးနွယ်တွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ၂၀ ကျော် ထွက်ပေါ်လာခဲ့သည်။ သို့သော် သူတို့က အဆင့်အရ ရှချင်တို့ကဲ့သို့ ကြီးမြတ်သူကိုးယောက်နှင့် မယှဉ်နိုင်ပေ။

လူသားမျိုးနွယ်အတွက် လက်ရှိကျင့်ကြံရေးပတ်ဝန်းကျင်မှာ အလွန်ပင်သာယာဝပြောလှသည်။

" လင်းယွမ် ငါတို့ကို ဘာခိုင်းစရာရှိလို့လဲ။ " ရှချင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်ရှိပြီးနောက် လူသားမျိုးနွယ်၏ အဓိကထောက်တိုင်ဖြစ်သော လင်းယွမ်က ကိစ္စအားလုံးကို ကိုယ်တိုင်စီမံခြင်းမပြုတော့ပေ။ ယခု သူတို့ကို ဤနေရာသို့ ခေါ်ယူခြင်းမှာ သေးငယ်သော ကိစ္စအတွက် မဟုတ်သည်မှာ ထင်ရှားသည်။

" ငါ ဖရိုဖရဲဟင်းလင်းပြင်အနှံ့မှာ သီးခြားစကြာဝဠာ ၃၃ခုကို ဖန်တီးထားတယ်။ အဲ့ဒီကို ပို့ဖို့အတွက် ဆင့်ကဲပြောင်းလဲသူအချို့ ရွေးထုတ်ပေးပါဦး။ ဒီသီခြားစကြာဝဠာ ၃၃ခုအကြောင်းကို သေချာလျို့ဝှက်ထားပါ။ ပြီးတော့ အဲ့ဒီကို ပို့မယ့်သူတွေကို အလွှာတစ်၊ အလွှာနှစ်ထဲကနေ တတ်နိုင်သမျှ ရွေးချယ်ပေးပါ။ " လင်းယွမ်က ပြောလိုက်သည်။

ထိုသီးခြားစကြာဝဠာ ၃၃ခုက လူသားမျိုးနွယ်အတွက် လင်းယွမ်ပြင်ဆင်ပေးထားသော နောက်ဆုံးခံတပ်များ ဖြစ်ကြသည်။ လင်းယွမ်သတ်မှတ်ထားသော စည်းမျဉ်းများအရ သူ အလွှာဆယ့်သုံးသို့ ကြိုးစားချိန်တွင် ထိုစကြာဝဠာထဲမှ အပြင်သို့သာ ထွက်ခွာနိုင်မည်ဖြစ်ပြီး အတွင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။

ထို့အပြင် လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများပင်လျှင် ထိုစကြာဝဠာ ၃၃ခု၏ တည်နေရာကို အတိအကျ ရှာဖွေနိုင်မည်မဟုတ်ပေ။ ၎င်းတို့ကို ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် ချဉ်းကပ်နိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။

" အဲ့ဒါက ဘာအတွက်လဲ။ " ရွှမ်ယွမ်က မေးလိုက်သည်။

သီးခြားစကြာဝဠာ ၃၃ခုကို ဖန်တီးပြီး အပြင်ကို လျို့ဝှက်ခိုင်းထားခြင်းက အနာဂတ်ကိစ္စတစ်ခုခုအတွက် ကြိုတင်ပြင်ဆင်ထားသည့် ပုံစံမျိုးဖြစ်နေသည်။

အခြားသူများကလည်း လင်းယွမ်ကို စိုးရိမ်စိတ်အနည်းငယ်နှင့် ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းတွင် သူတို့၏ စိတ်ထဲ၌ သံသယတစ်ခု ပေါ်လာသည်။ လင်းယွမ်က ထိုသို့ စီစဉ်ရသည့် ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အကြောင်းရင်းမှာ အလွှာဆယ့်သုံးသို့ ကြိုးစားရန်ဖြစ်သည်။

" မစိုးရိမ်ကြနဲ့။ " လင်းယွမ်က တည်ငြိမ်သော အမူအရာဖြင့် အားလုံးကို ကြည့်လိုက်သည်။ " ဒါက အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရုံပါပဲ။ "

ဒုတိယရင်းမြစ်ကမ္ဘာ။

ကမ္ဘာအလယ်တွင် ကြီးမားသော မူလနတ်ဆိုး လေးငါးကောင်က မှောင်မိုက်သော နတ်ဆိုးစွမ်းအားများအတွင်း ထွက်ပြေးနေကြသည်။ နတ်ဆိုးနတ်ဘုရားပြီးလျှင် ဒုတိယအသန်မာဆုံးဖြစ်သော မူလနတ်ဆိုးများက နတ်ဆိုးကပ်ဘေးကျရောက်ကတည်းက ထိုသို့ထွက်ပြေးရခြင်းမျိုးမရှိခဲ့ပေ။

ဝှစ်....

ထိုခဏတွင် မူလနတ်ဆိုးလေးငါးကောင်၏ အထက်တွင် လူငယ်တစ်ယောက် ပေါ်လာသည်။

" မင်းတို့က ဘယ်ပြေးမလို့လဲ။ " လင်းယွမ်က မူလနတ်ဆိုးများကို ကြည့်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ အချိန်လေဟာနယ်က သူ၏ လက်ထဲသို့ ပါသွားပြီး မူလနတ်ဆိုးများက ပုရွက်ဆိတ်လေးများသဖွယ် ပေါ်လာကြသည်။

၎င်းတို့က ယင်ယန်ထိုက်ကျိကြိတ်ဆုံကြီး၏ အကြိမ်ပေါင်းများစွာ ကြိတ်ခြေခံလိုက်ရပြီး အသန့်စင်ဆုံးအနှစ်သာရများအဖြစ် ပြောင်းလဲကာ လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ အမှုန်ကမ္ဘာများထဲသို့ စီးဝင်သွားသည်။ အမှုန်ကမ္ဘာများစွာက ထပ်မံပွင့်လာခဲ့ပြီး လင်းယွမ်၏ အော်ရာကလည်း မသိမသာ မြင့်တက်လာသည်။

" အခု ကမ္ဘာအလယ်ပိုင်းက မူလနတ်ဆိုးတွေအားလုံး ပုန်းနေကြပြီ။ " လင်းယွမ်က မူလနတ်ဆိုးများကို သန့်စင်ပြီးနောက် သက်ပြင်းချလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းမှ ထာဝရဂိုဏ်းများနှင့် သဘောတူညီချက်များအရ လင်းယွမ်က မူလနတ်ဆိုးများကို ဖြေရှင်းပေးရန် ကတိပြုခဲ့သည်။ ထိုအချိန်မှစ၍ လင်းယွမ်က ကမ္ဘာ၏ အစွန်အဖျားများမှ မူလနတ်ဆိုးများကို စတင်အမဲလိုက်ခဲ့သည်။

ကမ္ဘာအစွန်အဖျားမှ မူလနတ်ဆိုးများ ပျောက်ကွယ်လုနီးပါး ဖြစ်ပြီးနောက် လင်းယွမ်၏ ကမ္ဘာအလယ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတွင် မူလနတ်ဆိုး ၉၀ ရာခိုင်နှုန်းကျော် ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်က ကမ္ဘာအလယ်ရှိ မူလနတ်ဆိုးဆယ်ပုံသုံးပုံက လင်းယွမ်၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး အခြားမူလနတ်ဆိုးများကလည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိပြုမိသွားကြသည်။

မူလနတ်ဆိုးများက အသိဉာဏ်ကင်းမဲ့ကြသော်လည်း သူတို့၏ အဖော်များ သိသိသာသာ လျော့နည်းသွားသည်ကို သတိပြုမိသောအခါ အချို့မူလနတ်ဆိုးများက စတင်ပုန်းအောင်းလာကြသည်။

ကမ္ဘာအလယ်တွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများမှလွဲ၍ မူလနတ်ဆိုးများကို တွေ့ရခဲပြီး အားလုံးက ပုန်းအောင်းနေကြသည်။ မူလနတ်ဆိုးများက နတ်ဆိုးစွမ်းအားမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူတို့သာ ပုန်းအောင်နေလျှင် လင်းယွမ်ပင်လျှင် သူတို့ကို ရှာဖွေရန် ခက်ခဲလှသည်။

" နှစ်ပေါင်းတစ်သောင်းအတွင်း ငါဖန်တီးထားတဲ့ အမှုန်ကမ္ဘာတွေက ငါ့ခန္ဓာကိုယ်ရဲ့ ၉၉ ရာခိုင်နှုန်းကို နေရာယူထားပြီ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော အရှိန်အဝါကို ခံစားမိပြီး ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

အမှုန်ကမ္ဘာများက အဆုံးမဲ့တည်ရှိနေပြီး ၎င်းတို့ လည်ပတ်ရန်အတွက် ​မှော်စာလုံးများအပေါ် အခြေခံထားသည်။

" ဖရိုဖရဲဟင်းလင်းပြင်၊ ပထမနဲ့ ဒုတိယရင်းမြစ်ကမ္ဘာတွေက ငါ့ရဲ့ မူလခန္ဓာကိုယ်သုံးခုမှာ ဒီတစ်ခုက အသန်မာဆုံးဖြစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။ " အခုထိတော့ အမှုန်ကမ္ဘာတွေ ဖွင့်လှစ်တာ ပြဿနာမရှိသေးဘူး။ အားလုံးပြီးမြောက်သွားပြီဆိုရင်တော့ တခြားမူလခန္ဓာကိုယ်တွေပါ ကျင့်ကြံလို့ရပြီ။ "

အမှုန်ကမ္ဘာများ ဖွင့်လှစ်ရာတွင် တားဆီးထားသည့်အရာမှာ အရင်းအမြစ်များသာ ဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်နှင့် ပထမရင်းမြစ်ကမ္ဘာတို့တွင် အရင်းအမြစ်များက စုဆောင်းပြီးသားဖြစ်သည်။ တတိယမူလခန္ဓာကိုယ်သာ အောင်မြင်သွားလျှင် အခြားမူလခန္ဓာကိုယ်နှစ်ခုပါ အမှုန်ကမ္ဘာများကို အချိန်တိုအတွင်း တည်ဆောက်နိုင်မည်ဖြစ်သည်။

" ဒီနှစ်ပေါင်းတစ်သောင်းအတွင်းမှာ မူလနတ်ဆိုးတွေကို အဆက်မပြတ် အမဲလိုက်နေခဲ့တဲ့အပြင် ထာဝရဂိုဏ်းတွေက မှော်စာလုံး အမွေအနှစ်တွေ့အားလုံးကိုလည်း နားလည်အောင် လုပ်ခဲ့တယ်။ အဲ့ဒါကြောင့် အမှုန်ကမ္ဘာတွေကို ဒီလောက်မြန်မြန် ဖွင့်နိုင်တာ။ "

အမှုန်ကမ္ဘာများကို ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် မှော်စာလုံးလမ်းစဉ်ကို မြင့်မားစွာ နားလည်ရန် လိုအပ်သည်။ ယခင်နှစ်တစ်သောင်းမှဆိုလျှင် သူ၏ ခန္ဓာကိုယ်က အမှုန်ကမ္ဘာ ၉၉ ရာခိုင်နှုန်းကျော်ကို ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။

" မှော်စာလုံးအမွေအနှစ် " လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင် ဖန်တီးခဲ့သော အမွေအနှစ်ကို စဉ်းစားလိုက်သည်။

ထိုအမွေအနှစ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် အထောက်အကူပြုပြီး အဆင့်ငါးဆင့်ပါဝင်သည်။ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် လင်းယွမ်က ပဉ္စမအဆင့်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ပဉ္စမအဆင့်က အလွန်နက်နဲလှပြီးလင်းယွမ်ပင် အပြည့်အဝ နားမလည်သေးပေ။

ပဉ္စမအဆင့်ကို နားလည်သော ကျင့်ကြံသူများက ဒြပ်ရှိဒြပ်မဲ့ ကန့်သတ်ချက်များ၏ အပြင်ဘက်တွင် မှော်စာလုံးများကို နားလည်သွားခြင်းဖြစ်သည်။ အတွေးတစ်ချက်နှင့် မှော်စာလုံးများကို စုစည်းနိုင်ပေလိမ့်မည်။

" ကောင်းကင်အလင်းအရှင်သခင်က ဒီအမွေအနှစ်ကို နားလည်သွားရင် ထာဝရအရှင်သခင်ဖြစ်လာဖို့ မျှော်လင့်ချက်အများကြီး ရှိသွားမယ်လို့ ယုံကြည်နေတာ မထူးဆန်းဘူး။ အခုကြည့်ရတာ အဲ့ဒီထက်တောင် ပိုနေသေးတယ်။ ဒါပေမယ့် ဒါကို နားလည်ဖို့က တကယ် ခက်ခဲလွန်းတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက ဤကမ္ဘာမှ မှော်စာလုံးအမွေအနှစ်အားလုံးကို စုဆောင်းထားပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း နှစ်ပေါင်းသောင်းချီ၍ ကြိုးစားခဲ့ရသည်။ ထို့အပြင် ၎င်းက ပဉ္စမအဆင့်ကို အပြည့်အဝ နားမလည်သေးပေ။

လျို့ဝှက်ကမ္ဘာတစ်ခုတွင် လင်းယွမ်က ပေါ်လာခဲ့သည်။ ထိုလျို့ဝှက်ကမ္ဘာက ထာဝရဂိုဏ်းများ၏ နောက်ဆုံးခံတပ်အဖြစ် တည်ဆောက်ထားသော နေရာဖြစ်သည်။ သို့သော် လင်းယွမ်က မူလနတ်ဆိုးများကို ဆက်တိုက်အမဲလိုက်နေခဲ့သောကြောင့် ကမ္ဘာအလယ်ရှိ မူလနတ်ဆိုးအရေအတွက်မှာ လျော့နည်းသွားခဲ့ရာ လျို့ဝှက်ကမ္ဘာက နတ်ဆိုးများကို ကာကွယ်ရန် မလိုအပ်တော့ပေ။

ယခုအခါ လျို့ဝှက်ကမ္ဘာကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တပည့်များက ပြင်ပကမ္ဘာကို လေ့လာရန် ထွက်ခွာနေကြပြီဖြစ်သည်။

" အရှင်နဂါးငွေ့တန်း " ထာဝရအဆုံးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများက ရိုသေစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

ယခု လင်းယွမ်ကြော့် ထာဝရဂိုဏ်းများက သက်သောင့်သက်သာဖြစ်နေခဲ့သည်။ အပြင်ဘက်တွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများသာ ပျံ့နှံ့နေခြင်းမရှိလျှင် သူတို့က ကမ္ဘာကြီးအသွင်မပြောင်းလဲမီက မူလအခြေအနေသို့ ပြန်ရောက်သွားသည်ဟု ထင်မိရပေလိမ့်မည်။

" အရှင်နဂါးငွေ့တန်း ထာဝရရတနာက နတ်ဆိုးစွမ်းအားလှိုင်းကို ခံစားမိခဲ့တယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က စူးစမ်းမေးမြန်းလိုက်သည်။

" ဟုတ်တယ်။ မူလနတ်ဆိုးနည်းနည်းတွေ့လို့ ရှင်းပစ်လိုက်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက မူလနတ်ဆိုးများ၏ တည်နေရာအတိအကျကို ရှာတွေ့နိုင်ခဲ့ခြင်းမှာ ထာဝရရတနာကြောင့် ဖြစ်သည်။ ထိုထာဝရရတနာက ကမ္ဘာကြီးအသွင်ပြောင်းလဲခြင်းမပြုမီ ထာဝရအရှင်သခင်များက အထူးဖန်တီးထားခြင်းဖြစ်ပြီး နတ်ဆိုးစွမ်းအားလှိုင်းများကို အာရုံခံနိုင်သည်။

" တခြားနတ်ဆိုးစွမ်းအားလှိုင်းတွေ အာရုံခံမိသေးလား။ " လင်းယွမ်က တက်ကြွစွာ မေးလိုက်သည်။ သူက အဆုံးမဲ့သဲမှုန်ကမ္ဘာ ၉၉ ရာခိုင်နှုန်းကို ဖွင့်လှစ်ပြီးပြီဖြစ်ရာ အလုံးစုံ ပြီးမြောက်ရန် အနည်းငယ်သာ လိုတော့သည်။

" လောလောဆယ်တော့ မတွေ့ရသေးပါဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က တွေဝေစွာ ပြောလိုက်သည်။ ကြောက်စရာကောင်းသော နတ်ဆိုးများက လင်းယွမ်အတွက် ကြက်ကလေးများကဲ့သို့ ဖြစ်နေသည်။

" ဒါပေမယ့် အရှင်နဂါးငွေ့တန်းကို ပြောစရာတစ်ခုရှိပါတယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က လေးနက်စွာ ပြောလိုက်သည်။ " မကြာသေးခင်က ထာဝရရတနာကနေ လေ့လာမိတာက ဒီကမ္ဘာမှာရှိတဲ့ နတ်ဆိုးစွမ်းအားတွေက တစ်နေရာတည်းမှာ စုစည်းနေတဲ့ လှုပ်ခတ်မှုမျိုး ရှိနေတယ်။ "

All Chapters