← Chapters

နတ်ဆိုးနတ်ဘုရား...

Vol. 74 Ch. 1038

နတ်ဆိုးနတ်ဘုရား...

Vol. 74 Ch. 1038

" မင်း နတ်ဆိုးနတ်ဘုရားကို ပြောတာလား။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဟုတ်ပါတယ်။ နတ်ဆိုးနတ်ဘုရားက အချိန်အများစုမှာ အိပ်ပျော်နေတတ်ပါတယ်။ ဒါပေမယ့် အရှင်နဂါးငွေ့တန်းရဲ့ အမဲလိုက်မှုကြောင့် မူလနတ်ဆိုးအရေအတွက် သိသိသာသာ လျော့နည်းသွားတာက နတ်ဆိုးနတ်ဘုရားကို သတိပြုမိသွားစေပုံရပါတယ်။ "

ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က လေးနက်စွာ ပြောလိုက်သည်။ ကမ္ဘာကြီးမပြောင်းလဲမီက နတ်ဆိုးနတ်ဘုရားက တစ်ကြိမ်သာ လှုပ်ရှားခဲ့ဖူးသည်။ ၎င်းမှာ အသွင်ပြောင်းလဲမှု စတင်ချိန်ကဖြစ်သည်။ ထိုအချိန်မှ စ၍ နတ်ဆိုးနတ်ဘုရားက အိပ်ပျော်နေခဲ့ပြီး တစ်ခါတစ်ရံ နိုးလာတတ်ပြီး ထာဝရဂိုဏ်းများကို တစ်ချက်ကြည့်ကာ ပြန်လည်အိပ်စက်သွားခဲ့သည်။

" အင်း ငါနလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

မူလနတ်ဆိုးများကို အမဲလိုက်ခြင်းဖြင့် နတ်ဆိုးနတ်ဘုရားကို နိုးကြားစေခြင်းမှာ ရှောင်လွှဲ၍မရသော အခြေအနေတစ်ခုဖြစ်သည်။ လင်းယွမ်က မူလနတ်ဆိုးများအား အမဲလိုက်သည့်အရှိန်ကို လျှော့ချခဲ့လျှင်တောင် မူလနတ်ဆိုးအရေအတွက်က အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားသည်နှင့် နတ်ဆိုးနတ်ဘုရား၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

လင်းယွမ်က လက်နောက်ပစ်၍ ရပ်နေပြီး သူ၏ အကြည့်က လျို့ဝှက်ကမ္ဘာကို ကျော်လွန်ကာ ကမ္ဘာအလယ်ရှိ ကျယ်ပြောသော နတ်ဆိုးစွမ်းအားများဆီသို့ ရောက်ရှိသွားသည်။ သူ၏ အကြည့်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်အချို့ ပါဝင်နေသည်။

နတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးစွမ်းအားများက အဆုံးမဲ့အမှုန်ကမ္ဘာအတွက် လုံလောက်သော အရင်းအမြစ်ပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူ၏ စွမ်းအားမှာ မူလနတ်ဆိုးကို သတ်ဖြတ်နိုင်ရန် အားစိုက်မှုအချို့ ပြုလုပ်ခဲ့ရသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းကိုးထောင်မှစ၍ သူက မူလနတ်ဆိုးများကို သတ်ရန် များစွာ လွယ်ကူသွားခဲ့သည်။ လင်းယွမ်အနေဖြင့် သူ၏ စွမ်းအားကို တိုင်းတာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အလွှာဆယ့်သုံး တိုက်ခိုက်ရေးစွမ်းအားရှိသော နတ်ဆိုးနတ်ဘုရားသာဖြစ်သည်။

အနည်းဆုံးတော့ နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းက အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် သူ၏ တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်ကို သိရှိနိုင်ပေလိမ့်မည်။ သို့သော် ၎င်းက တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်သာ ဖြစ်သည်။

နတ်ဆိုးနတ်ဘုရားများက စိတ်စွမ်းအားကင်းမဲ့နေပြီး အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်မည်မဟုတ်ပေ။ သူတို့က လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ထွက်ပြေးသွားမည်မဟုတ်သကဲ့သို့ အမှောင်ထဲတွင် နေပြီး ခြုံခိုတိုက်ခိုက်မည်မဟုတ်ပေ။

လင်းယွမ်က နတ်ဆိုးနတ်ဘုရားနှင့် တိုက်ရိုက်ရင်ဆိုင်ရန် စဉ်းစားနေသော်လည်း ကိုယ်တိုင်သွားရောက်ရှာဖွေမည်မဟုတ်ပေ။ အကြောင်းမှာ အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် ပက်သက်နိုင်သောကြောင့်ဖြစ်သည်။

လင်းယွမ်က အခက်အခဲများကို သာလွန်သောစွမ်းအားဖြင့် အပြတ်အသတ် ချေမှုန်းရသည်ကို ပို၍ နှစ်သက်သည်။ အားနည်းချိန်တွင် အားကြီးသူကို အနိုင်ယူရန် ကြိုးစားခြင်း သို့မဟုတ် အရာအားလုံးကို စွန့်စားခြင်းမျိုး လင်းယွမ်က လုပ်ဆောင်မည်မဟုတ်ပေ။

" အရင်ဆုံး အဆုံးမဲ့အမှုန်ကမ္ဘာတွေကို အပြည့်အဝ ဖွင့်လှစ်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့အမှုန်ကမ္ဘာများကို ဖွင့်လှစ်ရန် စိတ်ကူးမှာ ပထမရင်းမြစ်ကမ္ဘာရှိ ချောက်နက်နဂါးမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ဖရိုဖရဲဟင်းလင်းပြင်မှ အဆုံးမဲ့အမွေအနှစ်နှင့် ဒုတိယရင်းမြစ်ကမ္ဘာမှ မှော်စာလုံးလမ်းစဉ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းက အသန်မာဆုံး အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည်။

" မူလနတ်ဆိုးတွေကိုပဲ အားကိုးရတော့မယ် ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" နတ်ဆိုးနတ်ဘုရား မဆင်းသက်လာရင် အဆုံးမဲ့အမှုန်ကမ္ဘာတွေကို အပြည့်အဝ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ "

လင်းယွမ်၏ စိတ်ထဲတွင် နတ်ဆိုးနတ်ဘုရားနှင့် ပက်သက်သော မြင်ကွင်းများ ပေါ်လာသည်။ ကမ္ဘာကြီးအသွင်ပြောင်းလဲချိန်တွင် နတ်ဆိုးနတ်ဘုရားက တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်က မြင်ကွင်းများကို ထာဝရဂိုဏ်းများက မှတ်တမ်းတင်ထားခဲ့သည်။

လင်းယွမ်က ထိုမှတ်တမ်းများကို အကြိမ်ကြိမ် ကြည့်ရှုခဲ့ပြီးဖြစ်သည်။ ထိုမှတ်တမ်းထဲတွင် အစ၌ အဆုံးမဲ့သော နတ်ဆိုးစွမ်းအားများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။ ထာဝရဂိုဏ်းများက ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ထာဝရရတနာများကို အသက်သွင်းပြီး နတ်ဆိုးစွမ်းအားများကို ဖယ်ရှားရန် ကြိုးစားခဲ့ကြသည်။

ထာဝရအရှင်သခင်များ လေ့လာထားသော အနာဂတ်အချိန်အတိုင်းအတာများအရ နတ်ဆိုးကပ်ဘေးစတင်ချိန်တွင် နတ်ဆိုးစွမ်းအားများကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားနိုင်ခဲ့လျှင် သူတို့ နောက်ထပ်ရင်ဆိုင်ရမည့် အခြေအနေက ပိုမိုတည်ငြိမ် သွားပေလိမ့်မည်။

နတ်ဆိုးစိတ်ဝိညာဉ်ဖြစ်စေ၊ မဟာနတ်ဆိုးဖြစ်စေ၊ မူလနတ်ဆိုးဖြစ်စေ သူတို့၏ အရေအတွက်က သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။ သို့သော် ထို့နောက် နတ်ဆိုးနတ်ဘုရားက ထွက်ပေါ်လာခဲ့သည်။

နတ်ဆိုးနတ်ဘုရား၏ မျက်လုံးများက ဗလာဖြစ်ပြီး ဦးချိုတစ်ချောင်းနှင့် ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံနက်က အဆုံးမရှိသော အမှောင်ထုကို ကိုယ်စားပြုနေပြီး ကမ္ဘာပေါ်မှ နတ်ဆိုးစွမ်းအားများက ထိုဝတ်ရုံမှ ထွက်ပေါ်လာသည်ဟု ထင်ရသည်။ ၎င်း၏ နောက်တွင် အနက်ရောင်အမြီးတစ်ချောင်းက ကောင်းကင်နှင့်မြေကြီးအနှံ့ ဖြန့်ကျက်ထားသည်။

ထာဝရဂိုဏ်းများမှ မှတ်တမ်းတင်ထားသော ပုံရိပ်များကို ကြည့်ခြင်းဖြင့် လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ စွမ်းအားကို ခံစားနေရသည်။ ထိုနတ်ဆိုးနတ်ဘုရားထွက်ပေါ်လာမှုကြောင့် နတ်ဆိုးစွမ်းအားများကို ဖယ်ရှားရန် ကြိုးစားခဲ့သော ထာဝရဂိုဏ်းများ၏ ရည်ရွယ်ချက်ကလည်း ပျက်စီးသွားခဲ့ရသည်။

နတ်ဆိုးနတ်ဘုရားက ရှေ့သို့ အနည်းငယ် လှမ်းလိုက်ရုံဖြင့် ထာဝရဂိုဏ်းများ၏ ထာဝရရတနာများကို နောက်ဆုတ်သွားစေခဲ့သည်။ ထိုအချိန်မှစ၍ ဤရင်းမြစ်ကမ္ဘာက အဆုံးမဲ့သော နတ်ဆိုးစွမ်းအားများအောက်သို့ အလုံးစုံဖုံးလွှမ်းသွားခဲ့သည်။ ၎င်းမှာ နတ်ဆိုးနတ်ဘုရား လှုပ်ရှားခဲ့သည့် တစ်ခုတည်းသော မြင်ကွင်းဖြစ်သည်။

ထို့နောက်တွင် နတ်ဆိုးနတ်ဘုရားမှာ ပျောက်ကွယ်သွားခဲ့သည်။ ထာဝရဂိုဏ်းများ၏ ထာဝရရတနာများ၏ အာရုံခံမှုအရ နတ်ဆိုးနတ်ဘုရားက အဝေးသို့ ရောက်မသွားဘဲ ကမ္ဘာအလယ်တွင် ငြိမ်သက်စွာ ရှိနေခဲ့သည်။

ထာဝရအရှင်သခင်များ ချန်ထားခဲ့သော အချက်အလက်များအရ နတ်ဆိုးနတ်ဘုရား၏ အာရုံစိုက်မှု သို့မဟုတ် ဗီဇစိတ်မှာ ရင်းမြစ်ကမ္ဘာကို ရင်ဆိုင်ရန်အတွက် ဖြစ်သည်။

နတ်ဆိုးစွမ်းအားများက ရင်းမြစ်ကမ္ဘာကို တိုက်စားနေသဖြင့် ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို ဖိနှိပ်ရန် လိုအပ်သည်။ နတ်ဆိုးနတ်ဘုရား အိပ်စက်နေချိန်အတွင်း ၎င်းက သူ၏ အဓိကအာရုံစိုက်မှုဖြစ်သည်။

" အရှင်နဂါးငွေ့တန်း အပြင်ထွက်ပြီး လေ့လာနေတဲ့ တပည့်တွေအားလုံးကို မကြာခင် ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ပြောလိုက်သည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

နတ်ဆိုးနတ်ဘုရား ထွက်ပေါ်လာမည့် အရိပ်အယောင်က ပိုမိုထင်ရှားလာသည်။ ထိုအချိန်တွငိ တပည့်များက ပြင်ပကမ္ဘာတွင် ရှိနေလျှင် အန္တရာယ်များပေသည်။ သူတို့ကို ပြန်ခေါ်ပြီး ခံတပ်ထဲတွင် ပုန်းအောင်းစေခြင်းက ပိုကောင်းပေသည်။

မကြာမီ အပြင်ထွက်လေ့လာနေသော တပည့်များက ဂိုဏ်းမှ ပြန်ခေါ်သည့် အမိန့်ကို လက်ခံရရှိခဲ့ကြသည်။

" ဂိုဏ်းချုပ်က ငါတို့ကို ပြန်လာခိုင်းတာလား။ အရှင်နဂါးငွေ့တန်းက အပြင်က နတ်ဆိုးတွေကို ရှင်းပစ်လိုက်ပြီပဲ။ ​ဘာလို့ပြန်သွားရမှာလဲ။ "

" ဟုတ်တယ်။ အရှင်နဂါးငွေ့တန်း ရှိနေသရွေ့ အဲ့ဒီနတ်ဆိုးတွေက ပြေးဖို့တောင် အချိန်မရှိပါဘူး။ "

ထာဝရဂိုဏ်းများမှ တပည့်များက အချင်းချင်း ဆွေးနွေးနေကြသည်။ နှစ်ပေါင်းထောင်ချီအတွင်း လင်းယွမ်၏ တည်ရှိမှုက ထာဝရဂိုဏ်းများတွင် အမြင့်ဆုံးနေရာ၌ ရှိနေခဲ့သည်။

" ဂိုဏ်းချုပ်က ငါတို့ကို ပြန်လာခိုင်းတယ်ဆိုမှတော့ သူ့မှာ အကြောင်းပြချက် တစ်ခုခုရှိမှာပေါ့။ "

" ဟုတ်တယ်။ ငါတို့ ပြန်သွားတာကောင်းပါတယ်။ ဒါဆို အရှင်နဂါးငွေ့တန်းနဲ့လည်း နီးနီးကပ်ကပ်ရှိနိုင်လိမ့်မယ်။ " တပည့်များက တွန့်ဆုတ်ခြင်းမရှိဘဲ ဂိုဏ်းသို့ ပြန်လာကြသည်။

အချိန်များကုန်လွန်လာပြီး နှစ်အနည်းငယ် ကြာသွားခဲ့သည်။

လင်းယွမ်က ပေါ်လာပြီး သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ အချိန်လေဟာနယ်ထဲတွင် ပုန်းအောင်းနေသော မူလနတ်ဆိုးနှစ်ကောင်ကို နှိမ်နင်းပြီး အလွယ်တကူ သန့်စင်လိုက်သည်။

" ဒီနှုန်းနဲ့ဆိုရင် အဆုံးမဲ့အမှုန်ကမ္ဘာတွေ အပြည့်အဝ တည်ဆောက်နိုင်ဖို့ နှစ်ပေါင်းရာချီ ထောင်ချီ ကြာနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ သူက အခြားပုန်းအောင်းနေသော နတ်ဆိုးများ ရှိမရှိကို ပတ်ဝန်းကျင်တွင် ရှာဖွေရန် ပြင်လိုက်သည်။

ဝုန်း...

ထိုအချိန်တွငိ မမြင်ရသော လှိုင်းတစ်ခုက ဤကမ္ဘာမှ နတ်ဆိုးစွမ်းအားများအားလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ရေမျက်နှာပြင်ပေါ်တွင် ရုတ်တရက် လှိုင်းထသွားသကဲ့သို့ပင် ၎င်းက ပို၍ ကြီးမားလာခဲ့သည်။

" ဒါက ဘာလဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားပြီး နေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။

လျို့ဝှက်ကမ္ဘာ။

ထာဝရဂိုဏ်းများ၏ ဂိုဏ်းချုပ်များက လေးနက်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့၏ ရှေ့တွင် ထာဝရရတနာတစ်ခုက တောက်ပနေသည်။ ၎င်းမှာ ထာဝရအရှင်သခင်များ ဖန်တီးထားသော ရတနာဖြစ်ပြီး ကမ္ဘာတစ်ခုလုံး၏ သိမ်မွေ့သော ပြောင်းလဲမှုများကို စောင့်ကြည့်နိုင်သည်။

ထိုအချိန်တွင် ထာဝရရတနာက အနည်းငယ် တုန်ခါသွားသည်။ အကြောင်းမှာ ကမ္ဘာအလယ်တွင် အဆုံးမဲ့နတ်ဆိုးစွမ်းအားများ စုစည်းလာပြီး ပုံရိပ်တစ်ခုက လျင်မြန်စွာ ပေါ်လာသည်။ သူက နဖူးတွင် ဦးချိုတစ်ခုရှိပြီး သူ၏ ဝတ်ရုံနက်က အဆုံးမဲ့အမှောင်ထုကို ကိုယ်စားပြုနေသည်။

သူထွက်ပေါ်လာခြင်းက ကမ္ဘာတစ်ခုလုံးရှိ နတ်ဆိုးစွမ်းအားများကို ဆူပွက်သွားစေသည်။ နတ်ဆိုးစွမ်းအားများ၏ အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းနေခဲ့သေည မူလနတ်ဆိုးများက ချက်ချင်း ထွက်ပေါ်လာကြပြီး အဆက်မပြတ် ဦးညွှတ်ကြတော့သည်။

All Chapters