လင်းယွမ်နှင့် နတ်ဆိုးနတ်ဘုရား...
Vol. 74 Ch. 1041
" ငါ ငါးခုပဲလိုတယ်။ " လင်းယွမ်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
သူ၏ ခန့်မှန်းချက်အရ နောက်ဆုံးအမှုန်ကမ္ဘာများကို တည်ဆောက်ရန် အရင်းအမြစ် လေးခုဆိြ လုံလောက်ပြီဖြစ်သည်။ တစ်ခု ပိုတောင်းရခြင်းမှာ သေချာစေရန်အတွက်သာ ဖြစိသည်။
" ကောင်းပြီ။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ခေါင်းညိမ့်လိုက်သည်။
လင်းယွမ်က သူ၏ ညာဘက်ကို ဝှေ့ရမ်းလိုက်ရာ ထာဝရရင်းမြစ်ခြောက်ခုထဲမှ ငါးခုက ပျောက်ကွယ်သွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။ ခဏအတွင်း ထိုအရင်းအမြစ်ငါးခု၏ ထောက်ပံ့မှုဖြင့် လင်းယွမ်၏ ကျန်ရှိသော အမှုန်ကမ္ဘာများက လျင်မြန်စွာ ပွင့်လာခဲ့သည်။
ဝုန်း....
ထာဝရအရင်းအမြစ်ငါးခု ပျောက်ကွယ်သွားသည်နှင့်အမျှ လျို့ဝှက်ကမ္ဘာ၏ အပြင်ဘက်တွင် နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုများကို ခုခံနေသည့် ထာဝရရတနာအချို့၏ စွမ်းအားက ရုတ်တရက် ထိုးဆင်းသွားသည်။ ထာဝရအရင်းအမြစ်တစ်ခုက ထောက်ပံ့နေဆဲ ဖြစ်သော်လည်း ထာဝရအရင်းအမြစ်ခြောက်ခုနှင့် မယှဉ်နိုင်ပေ။
" မကောင်းတော့ဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ထိုမြင်ကွင်းကို ကြိုမမြင်ခဲ့ပေ။
" စိတ်မပူနဲ့။ " လင်းယွမ်က အပြင်ဘက်ရှိ ထာဝရရတနာများ၏ ပြောင်းလဲမှုကို သတိပြုမိပြီး ဂိုဏ်းချုပ်များကို တစ်ချက်ကြည့်လိုက်သည်။ ကျန်ရှိသော အမှုန်ကမ္ဘာများက လျင်မြန်စွာ ပွင့်လာသော်လည်း ၎င်းက သူ၏ လှုပ်ရှားနိုင်စွမ်းကို မထိခိုက်စေပေ။
" ကျန်တာ ငါ့တာဝန်ထားလိုက်။ " လင်းယွမ်က ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ နေရာမှ ပျောက်ကွယ်သွားသည်။
ဂိုဏ်းချုပ်များက တုန့်ပြန်ချိန်မရမီ ပြင်ပကမ္ဘာတွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ လင်းယွမ်က ထာဝရအရှင်သခင်များ ဖွင့်လှစ်ထားသော လျို့ဝှက်ကမ္ဘာ၏ ဘေးတွင် ရပ်နေပြီး ထိုကမ္ဘာကြီးက သူ၏ ခြေကျင်းဝတ်အထိသာ ရှိတော့သည်။ နယ်ပယ်တစ်ခုက ဆင်းသက်လာပြီး နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုများကို တားဆီးသွားသည်။
" အရှင်နဂါးငွေ့တန်းက အပြင်ထွက်သွားတာလား။ " ဂိုဏ်းချုပ်များက မှင်သက်သွားသည်။
လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ဖြေရှင်းနိုင်မည့်နည်းလမ်းရှိကြောင်းပြောပြီး ထာဝရအရင်းအမြစ်များကို တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူတို့က လင်းယွမ်တွင် အစွမ်းထက်သော ထာဝရရတနာတစ်ခု ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ အရင်းအမြစ်များကို တောင်းဆိုရခြင်းမှာ ထိုထာဝရရတနာကို အသက်သွင်းရန် ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။
ထို့ကြောင့်ပင် ဂိုဏ်းချုပ်များက လင်းယွမ်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခု လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်ရန် ကိုယ်တိုင် အပြင်သို့ ထွက်သွားခဲ့သည်။
ယခုအချိန်တွင် လင်းယွမ်က ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေပြီး ခန့်ညားထည်ဝါစွာ ရပ်နေသော်လည်း ရန်သူမှာ ထာဝရအရှင်သခင်အဆင့်နှင့် ညီမျှသော နတ်ဆိုးနတ်ဘုရား ဖြစ်သည်။
ရွှီး...
အနက်ရောင်စီးကြောင်းများက လင်းယွမ်၏ အတားအဆီးကို စတင်ရိုက်ခတ်လာသည်။ ထိုတိုက်ခိုက်မှုမှာ နတ်ဆိုးနတ်ဘုရားက နတ်ဆိုးစွမ်းအား၏ တိုက်စားနိုင်စွမ်းကို အသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုအနက်ရောင်စီးကြောင်း၏ တိုက်စားနိုင်စွမ်းကို ထာဝရရတနာများပင် ကြာရှည်စွာ ခုခံနိုင်ရန် ခက်ခဲလှသည်။ အနက်ရော်လေဟာနယ်အရှင်သခင်၏ အနက်ရောင်ဝဲဂယက်ဖြင့်သာ တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လင်းယွမ်၏ အတားအဆီးက အနက်ရောင်စီးကြောင်းများနှင့် ထိတွေ့ပြီးနောက် မကြာမီ တိုက်စားခံရပြီး အပေါက်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် လင်းယွမ်၏ အတွင်းစကြာဝဠာက နက်ရှိုင်းလှပြီး တိုက်စားခံရ၍ ပေါ်လာသော အပေါက်များက ချင်းချင်းပင် ပြန်လည်ကောင်းမွန်သွားခဲ့သည်။
ကောင်းကင်အောက်တွင် ဗီဇအလျောက် တိုက်ခိုက်နေသော နတ်ဆိုးနတ်ဘုရားက ရုတ်တရက် ရပ်တန့်သွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ နတ်ဆိုးကပ်ဘေးကျရောက်လာပြီး ထာဝရအရှင်သခင်များက ပိတ်မိနေခဲ့သောကြောင့် နတ်ဆိုးနတ်ဘုရားက ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
ထာဝရအရှင်သခင်များဖန်တီးထားသော လျို့ဝှက်ကမ္ဘာကလည်း နတ်ဆိုးနတ်ဘုရား၏ ရှေ့တွင် ခုခံနိုင်ရုံသာတတ်နိုင်သည့် အခွံမာတစ်ခုသာဖြစ်သည်။ သို့သော် ယခု သူ၏ ရှေ့မှ ကြီးမားသော ပုံရိပ်ကြီးက သူ၏ တိုက်ခိုက်မှုကို နောက်မဆုတ်ဘဲ တားဆီးခဲ့သည့် ပထမဆုံး သက်ရှိဖြစ်သည်။
" ဘာလဲ။ အရှင်နဂါးငွေ့တန်းက တားဆီးလိုက်တာလား။ " လျို့ဝှက်ကမ္ဘာအတွင်းရှိ ဂိုဏ်းချုပ်များက တုန်လှုပ်သွားကြသည်။
လင်းယွမ်က မည်သည့်ထာဝရရတနာကိုမှ အသုံးမပြုဘဲ အနက်ရောင်စီးကြောင်းများကို တိုက်ရိုက်ခုခံခဲ့သည်။ ၎င်းမှာ ထာဝရရတနာမဟုတ်သည်မှာ ထင်ရှားသည်။ အကြောင်းမှာ ထာဝရရတနာများက တိုက်စားမှုကို ခုခံနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိသာ ဖြစ်သည်။
သို့သော် လင်းယွမ်၏ အတားအဆီးက အနက်ရောင်စီးကြောင်းများ၏ တိုက်စားခြင်းကို ခံရပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ၎င်းက နည်းစနစ်တစ်ခု ဖြစ်ပေလိမ့်မည်။
" အရှင်နဂါးငွေ့တန်းက နတ်ဆိုးနတ်ဘုရားရဲ့ တိုက်ခိုက်မှုကို တိုက်ရိုက်ခုခံလိုက်တာလား။ " ဂိုဏ်းချုပ်များက မယုံကြည်နိုင်ဖြစ်သွားကြသည်။
နတ်ဆိုးနတ်ဘုရားက ထာဝရအရှင်သခင်များနှင့် အဆင့်တူသည်။ လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုကို ခုခံနိုင်လျှင် ထာဝရအရှင်သခင်တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထာဝရအရှင်သခင်မဟုတ်ဘဲနှင့် နတ်ဆိုးနတ်ဘုရားကို တိုက်ရိုက်ခုခံခဲ့သည်။
" စွမ်းအားက တော်တော်သန်မာတာပဲ။ ငါ အစွမ်းကုန်သုံးပြီး တားမှဖြစ်မယ်။ " လင်းယွမ်က အဆက်မပြတ် ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေသော ကမ္ဘာစွမ်းရည်အတားအဆီးကို လေးနက်စွာ ကြည့်လိုက်သည်။
" ဒါက နတ်ဆိုးနတ်ဘုရားရဲ့ စွမ်းရည်ပေါ့။ " လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ကြည့်ပြီး အချိန်ဆွဲရန် စဉ်းစားလိုက်သည်။
ယခုအခါ ထာဝရအရင်းအမြစ်ငါးခုက အဆက်မပြတ် စီးဝင်နေပြီး စက္ကန့်တိုင်းတွင် အမှုန်ကမ္ဘာများစွာ ပွင့်နေခဲ့သည်။ လင်းယွမ်၏ စွမ်းအားက လျင်မြန်စွာ တိုးတက်နေပြီး အပြည့်အဝ ပြီးမြောက်ရန် အချိန်ဆွဲရမည်ဖြစ်သည်။
ထိုအချိန်ရောက်မှသာ လင်းယွမ်၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်ရန် ယုံကြည်မှုရှိမည်ဖြစ်သည်။ ယခုတိုက်ခိုက်မှုကို ကြည့်ခြင်းဖြင့် သူက နတ်ဆိုးနတ်ဘုရား၏ ပြိုင်ဘက်မဟုတ်သေးကြောင်း လင်းယွမ် သိထားသည်။
ပြိုင်ဘက်မဟုတ်ခြင်းမှာ ခုခံ၍မရခြင်းကို မဆိုလိုပေ။ သူ၏ လက်ရှိနည်းလမ်းများဖြင့် သူက ခုခံခြင်းကို အာရုံစိုက်ထားလျှင် နတ်ဆိုးနတ်ဘုရားက သူ့ကို အချိန်တိုအတွင်း ထိခိုက်အာင် လုပ်နိုင်မည်မဟုတ်ပေ။
ဝုန်း...
နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို ခဏစိုက်ကြည့်လိုက်ပြီး သူ၏ နဖူးပေါ်ရှိ ဦးချိုတွင် အနက်ရောင်အစက်တစ်ခု ပေါ်လာသည်။ နောက်ခဏတွင် ၎င်းက လင်းယွမ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
" ဟမ် " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ သူက အမှုန်ကမ္ဘာများ အပြည့်အဝ ပွင့်လာသည်အထိ အချိန်ဆွဲထားချင်ခဲ့သည်။
သို့သော် နတ်ဆိုးနတ်ဘုရားက သာမန်သက်ရှိမဟုတ်ပေ။ သူက ဗီဇအလျောက်သာ လှုပ်ရှားခြင်းဖြစ်ပြီး လင်းယွမ်နှင့် စကားများ၍ အချိန်ဖြုန်းနေမည်မဟုတ်ပေ။
ရွှီး...
အနက်ရောင်အစက်က ပြင်ပကမ္ဘာ၏ အတားအဆီးကို ထိုးဖောက်သွားပြီး လင်းယွမ်ပေါ်သို့ ကျရောက်သွားသည်။ အနက်ရောင်စီးကြောင်းများ၏ တိုက်စားနိုင်စွမ်းနှင့် ယှဉ်လျှင် နတ်ဆိုးနတ်ဘုရား၏ ဦးချိုမှ ထွက်ပေါ်လာသော အနက်ရောင်အစက်က စစ်မှန်သော ဖျက်စီးခြင်းစွမ်းအားပင်ဖြစ်သည်။
လင်းယွမ်က နောက်သို့ အနည်းငယ် ယိုင်သွားပြီး ရင်ဘတ်တွင် ဒဏ်ရာတစ်ခု ပေါ်လာသော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ ၎င်းက သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်ပင်ဖြစ်သည်။
" ထာဝရအရင်းအမြစ်တစ်ခု ပိုတောင်းထားတာ ကံကောင်းတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ထိုတိုက်ခိုက်မှုက လင်းယွမ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါး ဖြစ်ခဲ့ပြီး ပြန်လည်ကုသသည့် နည်းလမ်းများကို အသုံးပြုရသည်အထိ ဖြစ်သွားခဲ့သည်။ ထာဝရအရင်းအမြစ် ရှိနေသရွေ့ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အဆက်မပြတ် အသုံးပြုနိုင်လေသည်။
လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။ နတ်ဆိုးနတ်ဘုရား၏ နောက်မှ အနက်ရောင်အမြီးကြီးက လှုပ်ရှားလာပြီး လင်းယွမ်ကို ရိုက်ချလိုက်သည်။ ယခု ထိုတိုက်ခိုက်မှုက လျို့ဝှက်ကမ္ဘာကိုပင် တုန်ခါသွားစေခဲ့သည်။
ဝုန်း...
အကန့်အသတ်မဲ့သော စွမ်းအားများက လင်းယွမ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ လင်းယွမ်က သူ၏ ပြင်ပကမ္ဘာကို စုစည်းကာ ခုခံရေးကို အမြင့်ဆုံးအထိ မြှင့်တင်ထားသော်လည်း သူ၏ ခန္ဓာကိုယ် ထိခိုက်မှုကို ခံစားလိုက်ရပြီး အမှုန်ကမ္ဘာတစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။
သို့သော် သွေးပြန်လည်မွေးဖွားခြင်း နတ်စွမ်းရည်ကြောင့် ထိုအက်ကြောင်းများက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
" အရှင်နဂါးငွေ့တန်း " လျို့ဝှက်ကမ္ဘာအတွင်းမှ ဂိုဏ်းချုပ်များက ထိတ်လန့်သွားကြသည်။
နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်ခြင်းက ကံကောင်းမှုတစ်ခုဟု ယူဆနိုင်သော်လည်း ယခု လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုသုံးခုကို ဆက်တိုက်ခုခံသွားခဲ့သည်။ လင်းယွမ်က အနည်းငယ် ပင်ပန်းနေပုံပေါက်နေသော်လည်း ဂိုဏ်းချုပ်များက အလွန်တုန်လှုပ်နေကြသည်။
ဝုန်း ဝုန်း ဝုန်း...
ထို့နောက်တွင် နတ်ဆိုးနတ်ဘုရားက ထိုတိုက်ခိုက်မှုသုံးခုကို တစ်ဖန်အသုံးပြုပြီး လင််းယွမ်ကို တိုက်ခိုက်လိုက်သည်။ လင်းယွမ်က စွမ်းအားများကို ရှောင်လွှဲပြီး အစွမ်းကုန် ခုခံနေသည်။ သူက ကာကွယ်ရေးနည်းလမ်းများကိုသာ အသုံးပြုပြီး နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုများကို ခုခံနေသည်။