← Chapters

ဧည့်သည်ကို ဧည့်မခံရင် ရိုင်းရာကျမှာပေါ့...

Vol. 74 Ch. 1042

ဧည့်သည်ကို ဧည့်မခံရင် ရိုင်းရာကျမှာပေါ့...

Vol. 74 Ch. 1042

နတ်ဆိုးနတ်ဘုရားက တိုက်ခိုက်နေရင်း လင်းယွမ်ကို စိတ်ဝငိစားစွာ ကြည့်လိုက်သည်။ လိပ်ခွံကဲ့သို့ မာကျောသော လျို့ဝှက်ကမ္ဘာနှင့်ယှဉ်လျှင် လင်းယွမ်က ပို၍ စိတ်ဝင်စားစရာ ကောင်းနေပုံရသည်။ အနည်းဆုံးတော့ သူ၏ တိုက်ခိုက်မှုများက လင်းယွမ်ကို ဒဏ်ရာရရှိသွားစေသည်။

နတ်ဆိုးနတ်ဘုရားက သူ၏ အမြီးဖြင့် လင်းယွမ်ကို တစ်ဖန် ရိုက်နှက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ကြီးမားသော လက်ကြီးတစ်ဖက်က နတ်ဆိုးနတ်ဘုရား၏ အမြီးကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ တစ်ချိန်တည်းတွင် တိုက်ခိုက်မှုများကို ခုခံနေခဲ့သော လင်းယွမ်က ဖြည်းညင်းစွာ ခေါင်းမော့လာသည်။

" ကျေနပ်ပြီလား။ " လင်းယွမ်က အမြီးကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပြင်းထန်သော ရုန်းကန်မှုကို အလွယ်တကူ ဖိနှိပ်လိုက်သည်။ အဆုံးမဲ့အမှုန်ကမ္ဘာများက ပြည့်စုံသွားပြီး သူ၏ အော်ရာက ယခင်နှင့် လုံးဝ ကွာခြားသွားသည်။ ထို့နောက် သူက အမြီးကြီးကို အားဖြင့် ဆွဲလိုက်သည်။

" အခုငါ့အလှည့်ပဲ။ "

ကျယ်ပြောလှသော နတ်ဆိုးစွမ်းအားများက ကောင်းကင်နှင့် မြေကြီး၏ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး တစ်ပြိုင်နက်တည်း ဆူပွက်လာသည်။ ကောင်းကင်ထက်တွင် နတ်ဆိုးနတ်ဘုရားက ရုတ်တရက် ယိမ်းယိုင်သွားသည်။

နောက်ဆုံးတွက် နတ်ဆိုးနတ်ဘုရားက ပတ်ဝန်းကျင်မှ နတ်ဆိုးစွမ်းအား၏ အကူအညီဖြင့် သူ၏ အမြီးက လင်းယွမ်၏ လက်ထဲမှ လွတ်သွားပြီး နောက်သို့ ဆုတ်သွားသည်။

" ဟားဟား တော်တော်သန်မာတာပဲ။ " လင်းယွမ်က သူ၏ ညာလက်ကို ကြည့်ပြီး ၎င်းအပေါ်တွင အနက်ရောင်အစက်လေးများကို တွေ့လိုက်ရသည်။ ၎င်းက နတ်ဆိုးနတ်ဘုရား၏ အမြီးမှ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၎င်းမှ ထွက်ပေါ်လာသော ပြင်းထန်သည့် တန်ပြန်မှုက အလွှာဆယ့်သုံး အချိန်သက်ရှိများပင် ခေါင်းခဲသွားစေရန် လုံလောက်သည်။ လင်းယွမ်က အဆုံးမဲ့အမှုန်ကမ္ဘာများကို ဖန်တီးပြီးနောက် တန်ပြန်မှုများကို အမှုန်ကမ္ဘာတစ်ခုစီသို့ ပို့လွှတ်နိုင်သောကြောင့်သာ ထိုသို့ လုပ်ရဲခဲ့ခြင်းဖြစ်သည်။

" အရှင်နဂါးငွေ့တန်း " လျို့ဝှက်ကမ္ဘာအတွင်းမှ ဂိုဏ်းချုပ်များက မှင်သက်သွားခဲ့သည်။

လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ အမြီးကို ဆွဲပြီး သူ့ကို ဆွဲခေါ်လုနီးပါး ဖြစ်သွားခဲ့ခြင်းမှာ လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

" အရှင်နဂါးငွေ့တန်းက ထာဝရအရှင်သခင်တစ်ယောက်မဟုတ်ဘဲ နတ်ဆိုးနတ်ဘုရားကို ဘယ်လိုလုပ် ထိပ်တိုက်ရင်ဆိုင်နိုင်တာလဲ။ " ဂိုဏ်းချုပ်များက အလွန်တုန်လှုပ်နေကြသည်။

လင်းယွမ်၏ လက်ပေါ်မှ အနက်ရောင်အစက်လေးများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ထိုနောက် သူက နတ်ဆိုးနတ်ဘုရားကို ကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာသည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ အမှုန်ကမ္ဘာများက အပြည့်အဝ တည်ဆောက်ပြီးသွားပြီဖြစ်သည်။ အမှုန်ကမ္ဘာတစ်ခုချင်းစီက တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ပဲ့တင်ထပ်နေပြီး ယခင်ထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားကို ထုတ်လွှတ်နေသည်။

" ဧည့်သည်ကို ဧည့်မခံရင် ရိုင်းရာကျမှာပေါ့။ " လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို ပြုံး၍ ကြည့်လိုက်သည်။ သူ၏ ပုံရိပ်က အချိန်လေဟာနယ်ထဲသို့ တိုက်ရိုက်ပေါင်းစပ်သွားပြီး ရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

၎င်းကို မြင်သောအခါ နတ်ဆိုးနတ်ဘုရား၏ အမူအရာက လေးနက်သွားသည်။ နတ်ဆိုးစွမ်းအားများ ပြည့်နှက်နေသော ဤကမ္ဘာက နတ်ဆိုးနတ်ဘုရား၏ နယ်ပယ်နှင့် တူညီလှသည်။ နတ်ဆိုးစွမ်းအားများ လွှမ်းခြုံထားသော နေရာတိုင်းက သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။

သို့သော လင်းယွမ် ပျောက်ကွယ်သွားသ့်အချိန်တွင် နတ်ဆိုးနတ်ဘုရားက ပတ်ဝန်းကျင်အပေါ် သူ၏ ထိန်းချုပ်မှုက ဆုံးရှုံးသွားခဲ့သည်။ နောက်ခဏတွင် လင်းယွမ်၏ ကြီးမားသော ပုံရိပ်က နတ်ဆိုးနတ်ဘုရား၏ ဘေးတွင် ပေါ်လာပြီး သူ၏ လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကလည်း လျင်မြန်စွာ ကြီးထားလာပြီး လင်းယွမ်နှင့် တူညီစွာ မြင့်မားလာကာ သူ၏ အမြီးကို တစ်ဖန် ဝှေ့ရမ်းလိုက်သည်။ လင်းယွမ်၏ ရိုက်ချက်နှင့် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။

ဝုန်း....

ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော အချိန်လေဟာနယ်က အဆက်မပြတ် ပျက်စီးသွားသည်။ ထိုပျက်စီးမှုက ရင်းမြစ်ကမ္ဘာအပေါ် ပြန်လည်ပြုပြင်၍ မရသော သက်ရောက်မှုများဖြစ်စေရန် လုံလောက်ပေသည်။ သို့သော် သူတို့နှစ်ယောက်လုံးက ၎င်းကို ဂရုမစိုက်နိုင်ကြပေ။

လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်သေးသော်လည်း သူ၏ အခြေခံအုတ်မြစ်က အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့် နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်နိုင်ပေသည်။

ဝုန်း...

ယခုတစ်ကြိမ်တွင် လင်းယွမ်က အသာစီးရခဲ့သည်။ သူက ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာခြင်းဖြင့် နတ်ဆိုးနတ်ဘုရားကို အငိုက်မိစေခဲ့ရာ နတ်ဆိုးနတ်ဘုရားက အသည်းအသန် ခုခံလိုက်ရသည်။

ရလဒ်အနေဖြင့် နတ်ဆိုးနတ်ဘုရားက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။ နတ်ဆိုးနတ်ဘုရားက မတုန့်ပြန်နိုင်မီ လင်းယွမ်​၏ ပုံရိပ်က ထပ်မံပျောက်ကွယ်သွားသည်။

" ဂါး...." နတ်ဆိုးနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံက ကမ္ဘာကြီးပျက်စီးသွားသည့်အလား ပြင်းထန်လှသည်။

ဟိန်းဟောက်သံမှ ဖြစ်ပေါ်လာသော အနက်ရောင်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ မြေပြင်က အသံကြောင့် ကွဲအက်သွားပြီး အချိန်လေဟာနယ်က ပြိုကွဲကာ ကမ္ဘာအလယ်ရှိ နေရာများက အဆက်မပြတ် ပျက်စီးသွားခဲ့သည်။

အနီးရှိ လျို့ဝှက်ကမ္ဘာက အရေးကြီးသောအချိန်တွင် ထာဝရရတနာတစ်ခု အသက်ဝင်လာသည်။ နတ်ဆိုးနတ်ဘုရား၏ ဟိန်းဟောက်သံက လျို့ဝှက်ကမ္ဘာကို ရည်ရွယ်ခြင်းမဟုတ်သော်လည်း ၎င်းက အသည်းအသန် ခုခံလိုက်ရသည်။

အနက်ရောင်လှိုင်းများ ပျံ့နှံ့လာသည်နှင့်အမျှ လင်းယွမ်၏ ပုံရိပ်က ထွက်ပေါ်လာရပြီး နတ်ဆိုးနတ်ဘုရားကို အဝေးမှ စောင့်ကြည့်နေသည်။ အနက်ရောင်လှိုင်းများ၏ စွမ်းအားက ပြင်းထန်သော်လည်း လင်းယွမ်အပေါ် သက်ရောက်မှုမရှိပေ။

အဆုံးမဲ့အမှုန်ကမ္ဘာများ လည်ပတ်နေသရွေ့ အနက်ရောင်လှိုင်းများမှ ဖြစ်ပေါ်လာသော ဖျက်စီးခြင်းစွမ်းအားများကို ချက်ချင်း ချေဖျက်ပေးနေသည်။ မည်မျှပြင်းထန်သော တိုက်ခိုက်မှုဖြစ်စေ အဆုံးမဲ့အမှုန်ကမ္ဘာများဆီသို့ ပျံ့နှံ့သွားပြီး ကမ္ဘာတစ်ခုချင်းစီသို့ ခွဲဝေလိုက်သောအခါ ခြိမ်းခြောက်မှုမှာ များစွာ လျော့နည်းသွားသည်။

" ဒါက နတ်ဆိုးနတ်ဘုရားရဲ့ ဟိန်းဟောက်သံပဲ။ နတ်ဆိုးနတ်ဘုရားရဲ့ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းတိုက်ကွက်ပဲ။ " လျို့ဝှက်ကမ္ဘာထဲမှ ဂိုဏ်းချုပ်များက ထိတ်လန့်နေကြသည်။

ထာဝရအရှင်သခင်များ ခန့်မှန်းခဲ့သော အနာဂတ်များထဲတွင် နတ်ဆိုးနတ်ဘုရားက သူ၏ ဗီဇစိတ်အသိဖြင့် လျို့ဝှက်ကမ္ဘာကို တိုက်ခိုက်သောအခါ ထိုတိုက်ကွက်ကို အသုံးပြုလိမ့်မည်ဟု ပါရှိသည်။ နတ်ဆိုးနတ်ဘုရားက ထိုတိုက်ကွက်ကို အသုံးပြုလိုက်လျှင် လျို့ဝှက်ကမ္ဘာ၏ အခြေအနေက အလွန်ဆိုးရွားသွားပေလိမ့်မည်။

" နှစ်ပေါင်းများစွာ ကြာမှ သုံးရမယ့် တိုက်ကွက်ကို အရှင်နဂါးငွေ့တန်းက စောစောစီးစီး ထုတ်သုံးအောင် လုပ်လိုက်တာပဲ။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေသည်။ တိုက်ပွဲနှင့် နီးကပ်နေသဖြင့် သူက နတ်ဆိုးနတ်ဘုရား၏ ကူကယ်ရာမဲ့သော အခြေအနေကို မြင်တွေ့နေရသည်။

အကယ်၍ နတ်ဆိုးနတ်ဘုရားက ဟိန်းဟောက်သံကိုသာ အသုံးမပြုခဲ့လျှင် သူက လင်းယွမ်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြားတွင် ပိတ်မိနေပေလိမ့်မည်။

အဝေးတွင် နတ်ဆိုးနတ်ဘုရားက ဟိန်းဟောက်ပြီး လင်းယွမ်၏ ပုံရိပ်ကို ထွက်ပေါ်လာစေခဲ့သည်။ ထို့နောက် သူ၏ အမြီးကို လှုပ်ရမ်းပြီး လင်းယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

နတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်ပုံက တိုက်ရိုက်ဆန်သည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အချိန်လေဟာနယ်က စုစည်းလာပြီး ဟိန်းဟောက်သံမှ ထွက်ပေါ်လာသော အနက်ရောင်လှိုင်းများကလည်း တုန်ခါနေဆဲ ဖြစ်သည်။

ဝုန်း...

လင်းယွမ်ကလည်း ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ သူလျှောက်လှမ်းနေသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အနီးကပ်တိုက်ခိုက်မှုတွင် ထူးချွန်လှသည်။ ထို့အပြင် အဆုံးမဲ့အမှုန်ကမ္ဘာများက အပြည့်အဝ ပွင့်နေပြီဖြစ်ရာ လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်က အကန့်အသတ်မဲ့သော စွမ်းအားများ ပါဝင်နေသည်။ ထို့ကြောင့် သူက ထိုက်သို့သော တိုက်ခိုက်ပုံကို ကြောက်ရွံ့ခြင်းမရှိပေ။

ခဏအတွင်း ကြီးမားသော ပုံရိပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည်။ နတ်ဆိုးနတ်ဘုရား၏ မျက်လုံးများက အဆုံးမဲ့အမှောင်ထုများဖြင့် ပြည့်နှက်သွားသည်။ သူကြည့်လိုက်သော နေရာတိုင်းတွင် ရှိသမျှ အရာအားလုံးက နတ်ဆိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ အဆုံးမဲ့ အမှုန်ကမ္ဘာများက လင်းလက်လာသည်။ ၎င်းတို့က အစွမ်းကုန် လည်ပတ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းစကြာဝဠာကို ဗဟိုပြုကာ ထုတ်လွှတ်လိုက်သော စွမ်းအားများက နတ်ဆိုးနတ်ဘုရား၏ မျက်လုံးများမှ အမှောင်ထုကို အဆက်မပြတ် ချေဖျက်နေသည်။

အခွင့်အရေးကို အရယူကာ လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ အမြီးကြီးကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားက နောက်ထပ် ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။ အနက်ရောင်လှိုင်းများက အနီးကပ် တုန်ခါလာသောကြောင့် လင်းယွမ်ပင် ခုခံရန်အတွက် စိတ်စွမ်းအားအချို့ကို အသုံးပြုလိုက်ရသည်။

နတ်ဆိုးနတ်ဘုရား၏ မျက်လုံးများမှ အမှောင်ထုမှာ အစွမ်းထက်ဆုံးဖြစ်ပုံရပြီး ယခင်တိုက်ကွက်များထက် များစွာ သာလွန်ရာ လင်းယွမ်ပင် သတိထားနေရသည်။

" သေစမ်း " လင်းယွမ်က သူ၏ ဘယ်လက်ဖြင့် နတ်ဆိုးနတ်ဘုရား၏ အမြီးကို ထပ်မံဖမ်းဆုပ်လိုက်ပြီး ညာလက်က နတ်ဆိုးနတ်ဘုရား၏ လည်ပင်းကို ဆုပ်ကိုင်ကာ ဆွဲဖြဲရန် ကြိုးစားလိုက်သည်။

သို့သော် နတ်ဆိုးနတ်ဘုရားကလည်း လင်းယွမ်ကို သူ၏ လက်များဖြင့် ပြန်ဖက်လိုက်သည်။ သူတို့၏ အရှိန်အဝါများက ထိပ်တိုက်တွေ့ဆုံသွားပြီး ပြင်းထန်သော တုန်ခါမှုများက အောက်မှ နတ်ဆိုးစွမ်းအားများကို ချေဖျက်သွားသည်။

All Chapters