← Chapters

မာဟွာထန်

Vol. 6 Ch. 54

မာဟွာထန်

Vol. 6 Ch. 54

လင်းဖန်နှင့် အခြားသူများ အဆောက်အအုံထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဝန်ထမ်းအချို့က ချက်ချင်းဆိုသလိုပင် ခရီးဦးကြိုပြုရန် ရောက်ရှိလာကြသည်။

"မင်္ဂလာပါ၊ ကျွန်တော့်နာမည်ကတော့ ကျန်းလီချင်းပါ ဥက္ကဋ္ဌက ၁၈ ထပ်မှာ စောင့်နေပါတယ်၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါခင်ဗျာ"

ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နှိမ့်ချလွန်းခြင်းလည်းမရှိ၊ မောက်မာခြင်းလည်းမရှိသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်၌ လင်းဖန်ရဲ့ မျက်လုံးများက အရောင်တစ်ချက် တောက်ပသွားပြီး ချက်ချင်းပင် ခေါင်းညိတ်ကာ ၁၈ ထပ်သို့ လိုက်ပါသွားခဲ့သည်။

ကျန်းလီချင်းမှာ Penguin အုပ်စု၏ အကြီးတန်းဒုဥက္ကဋ္ဌ၊ COOနှင့် Penguin ကို တည်ထောင်ခဲ့သူ ငါးဦးထဲမှ တစ်ဦး ဖြစ်သည်။

ထိုသို့သောသူကိုယ်တိုင် ဆင်း၍ ကြိုဆိုခြင်းကို ကြည့်ခြင်းအားဖြင့် Penguin အုပ်စုသည် လုံထန်အပေါ် မည်မျှအလေးထားသည်ကို သိသာထင်ရှားစေသည်။

မိနစ်အနည်းငယ်အကြာ လင်းဖန်နှင့် သူ၏အဖွဲ့မှာ ၁၈ ထပ်ရှိ အစည်းအဝေးခန်းငယ်လေးတစ်ခုသို့ ရောက်ရှိသွားသည်။

"Penguin ဌာနချုပ်ကနေ ကြိုဆိုပါတယ် ကျွန်တော်ကတော့ မာဟွာထန်ပါ"

"......"

ရွှေရောင်ကိုင်းပါသည့် မျက်မှန်ကို တပ်ဆင်ထားပြီး အပြာရင့်ရောင် ဝတ်စုံဖြင့် ခန့်ညားထည်ဝါနေသော ထိုသက်လတ်ပိုင်း အမျိုးသားကို ကြည့်ရင်း လူတိုင်းပင်...ခေတ္တမျှ မှင်တက်သွားကြသည်။

ထိုသူကား အခြားသူမဟုတ်၊ Penguin အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်သူ မာဟွာထိန် ပင် ဖြစ်နေတော့သည်။

ထိုစဉ် ကျန်းဖန်က ရှေ့သို့လှမ်းတက်၍ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ၊ ကျွန်တော်ကတော့ လုံထိန်အုပ်စုရဲ့ CEO ကျန်းဖန်ပါ"

မာဟွာထန်က ပြုံးပြပြီး ကျန်းဖန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း သူ၏မျက်လုံးများကမူ လင်းဖန်နှင့် အခြားသူများထံ၌သာ ဝဲလည်နေခဲ့သည်။

အထူးသဖြင့် ငယ်ရွယ်ပြီး ခန့်ညားချောမောသော လူငယ်လေးဖြစ်သည့် လင်းဖန်ကို မြင်လိုက်ရချိန်၌ သူ့ရဲ့မျက်လုံးများက အရောင်တောက်ပသွားခဲ့သည်။

"ဒါကတော့ လုံထန်ဂရုရဲ့ ဥက္ကဋ္ဌဖြစ်ရမယ်၊ တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ"

"ဥက္ကဋ္ဌမာက နှိမ့်ချလွန်းနေပါပြီ၊ Penguin ဆိုတာကလည်း ပြည်တွင်း အင်တာနက်လောကရဲ့ ထိပ်တန်းဘုရင်ကြီးပါပဲ"

လင်းဖန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "Penguinမှာ အွန်လိုင်းစာတိုပေးပို့ရေး လောကကို စိုးမိုးထားသလို၊ အွန်လိုင်းဂိမ်းလောကကိုလည်း ချုပ်ကိုင်ထားသေးသည်။

ဒါ့အပြင် Portal နဲ့ ငွေပေးချေမှု ကဏ္ဍတွေမှာပါ ပြိုင်ဆိုင်နေပြီး ဥက္ကဋ္ဌမာက ဒီလောကမှာတော့ တကယ့်ကို အနှိုင်းမဲ့ပင်။

သူ့စကား အဆုံး၌ ရွှေရောင်ကိုင်းမျက်မှန်နောက်က မာဟွာထိန်ရဲ့ မျက်လုံးအစုံက အရောင်တစ်ချက် ဝင်းလက်သွားည်။

"တကယ့်ကို လူရေလည်တဲ့ကောင်လေးပဲ"

လို့လည်း တဆက်တည်း သူတွေးလိုက်မိသည်။

လင်းဖန်က ချီးကျူးစကားဆိုလိုက်တာဖြစ်ပေမယ့် တကယ်တော့ ဒါဟာ တစ်ဖက်လူ သဘောကျအောင် မြှောက်ပင့်ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။

သူရဲ့ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုဟာ လူအများကြားမှာ ထိပ်တန်းအဆင့်မှာ ရှိနေတာပါ။ မာဟွာထန် ကိုယ်တိုင်တောင်မှ သူ့ရဲ့ အသက် ၂၀ အရွယ်တုန်းက လင်းဖန်လောက် ထူးချွန်ထက်မြက်ခြင်း မရှိခဲ့ချေ။

ဒီအရွယ် လူငယ်အများစုမှာ များသောအားဖြင့် စိတ်မြန်လက်မြန် ရှိတတ်ကြပြီး ငွေကြေးအမြောက်အမြား ပိုင်ဆိုင်ထားသည်ဆိုလျင် သာ၍ပင် မောက်မာတတ်ကြသေးသည်။

ဒါပေမဲ့ လင်းဖန်ကတော့ အဘယ့်ကြောင့် ဤမျှတည်ငြိမ်နေနိုင်သနည်း။

အသက် (၁၈) နှစ်အရွယ်၊ အမျိုးသားအဆင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရခဲ့သူ။

(၃) ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့တဲ့ ရှယ်ယာဈေးကွက်အရောင်းအဝယ်တွေကတဆင့် အနည်းဆုံး ဘီလီယံ ရာနဲ့ချီတဲ့ အမြတ်အစွန်းတွေ ရရှိထားသူ။

ဒါ့အပြင် ပိုပြီးအရေးကြီးတာက လုံထိန်အုပ်စုကနေ လက်ရှိပိုင်ဆိုင်ထားတဲ့ တန်ရွမ်စမတ်ဖုန်း operating system နဲ့ စမတ်ဖုန်းတွေအကြောင်း သတင်းတွေပဲ ဖြစ်သည်။

ထိုထက်ပို၍ ထူးခြားစေသည်က လုံထန်အုပ်စုမှ ပိုင်ဆိုင်ထားတဲ့ တန်ရွမ်မတ်ဖုန်း Operating System နဲ့ အခုထိ တီထွင်ဆဲဖြစ်တဲ့ စမတ်ဖုန်းများအားလုံးမှာ လင်းဖန် ကိုယ်တိုင် တီထွင်ဖန်တီးထားတာပဲ ဖြစ်နေပြန်သည်။

သူ့ရဲ့ အရည်အချင်းကို ဖော်ပြဖို့အတွက် "ပါရမီရှင်" ဆိုတဲ့ စကားလုံးဟာ မလုံလောက်တော့ချေ။

"နတ်ဆိုးတစ်ပါး" လို့ တင်စားခေါ်ဝေါ်ခြင်းက ပို၍ သင့်တော်ဦးမည်ဟု မာဟွာထန်ထင်မိသည်။

မာဟွာထန်ရဲ့ စူးစိုက်ကြည့်နေတဲ့ အကြည့်ကို ရင်ဆိုင်ရင်း လင်းဖန်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။

"ဥက္ကဋ္ဌမာရဲ့ သတင်းကွန်ရက်က တကယ်ကို နှံ့စပ်တာပဲ"

"မင်းက အမျိုးသားအဆင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရခဲ့တဲ့သူ၊ ယန်တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသား၊ ပြီးတော့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့မိဘူး"

မာဟွာထိန်ကလည်း လျှော့မပေးတဲ့အကြည့်နဲ့ တစ်ဖက်လူကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

အဓိပ္ပာယ်နက်နဲလှတဲ့ အပြန်အလှန် စကားပြောဆိုမှုတွေကြောင့် အခန်းထဲမှာရှိနေတဲ့ လူတိုင်းဟာ အသက်ရှူဖို့တောင် မေ့သွားကြတော့သည်။

ကျန်းဖန်တောင်မှ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

လင်းဖန်က အမှန်တကယ်ပင် သမိုင်းတစ်လျှောက် စံချိန်တင်ခဲ့ပြီး ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံး ရရှိထားသူတဲ့လား။

သူက အသက် ၁၈ နှစ်ပဲ ရှိသေးတာလေ။

အားလုံးရဲ့ စိတ်ထဲမှာတော့ အံ့ဩတုန်လှုပ်မှုတွေနဲ့ ရိုက်ခတ်သွားလေပြီ။

"တကယ် ထူးခြားတဲ့ လူငယ်ပဲ"

"အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရမှတ်အများဆုံးရှင်၊ ပြီးတော့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌ၊ မအံ့ဩတော့ပါဘူး သူက..."

"ဒီလို ထူးချွန်လွန်းတဲ့ နတ်ဆိုးတစ်ပါးလို လူမျိုးရှိနေမှတော့ ဘယ်သူကမှ ဒီနဂါးကြီး ပျံတက်သွားမှာကို တားနိုင်မှာ မဟုတ်တော့ဘူး"

"ဟားဟားဟား လင်းဖန် မင်းရဲ့နာမည်ကို ကြားနေရတာ ကြာပါပြီ"

မာဟွာထန်က လက်ခုပ်တီးလျက် ချီးကျူးလိုက်သည်။

Penguin ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူက တစ်သက်သာလုံး မည်သူ့ကိုမှ အထင်ကြီးခဲ့ဖူးတာ မဟုတ်ပေ။

Ahri ရဲ့ 'ဂြိုဟ်သား' လို့ တင်စားရသူကိုတောင် သူ အထင်မကြီးခဲ့။

အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း အင်အားတောင့်တင်းလှတဲ့ Penguin ဆိုတဲ့ အင်တာနက်ယူနီကွန်း (Unicorn) ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လို့ပါပဲ။

ဒါပေမဲ့ သူ့ရှေ့က ဒီလူငယ်လေးကို မြင်လိုက်ရတဲ့အခါမှာတော့ သူတကယ်ကို ရှက်မိသွားရသည်။ သူ့ရဲ့ ငယ်ဘဝနဲ့ နှိုင်းယှဉ်ဖို့ နေနေသာသာ ကမ္ဘာပေါ်က အခြားကြီးကျယ်တဲ့မည်သည့် ပုဂ္ဂိုလ်မျိုးမှ လင်းဖန်ရဲ့ လက်ရှိအသက်အရွယ်၌ ဤမျှထိ မစွမ်းဆောင်နိုင်ခဲ့။

လင်းဖန်က ရယ်မောလိုက်ပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

"ဥက္ကဋ္ဌမာ၊ ကျွန်တော်တို့ Penguin နဲ့ လုံထိန်ကြားက ပူးပေါင်းဆောင်ရွက်ရေးအကြောင်း ဆွေးနွေးကြရအောင်လေ"

"ဒါပေါ့၊ ဒါက အဓိကပဲလေ"

လင်းဖန်ရဲ့ အသိပေးစကားကို ကြားလိုက်ရတဲ့အခါမှာတော့ မာဟွာထန်ရဲ့ မျက်နှာကလည်း ချက်ချင်းဆိုသလို ပြန်လည်တည်ကြည်သွားခဲ့သည်။

မာဟွာထန်ရဲ့ မျက်နှာက တည်ကြည်လေးနက်သွားပြီး

"တန်ရွမ် စမတ်ဖုန်း Operating System က လုံးဝကို ကိုယ်ပိုင်ဖန်တီးထားတဲ့ သီးခြားစနစ်တစ်ခုပဲ ဒီအချက်ကိုတော့ ကျုပ်က မင်းတို့ကုမ္ပဏီကို တကယ်ပဲ အလေးအနက် ချီးကျူးရပါလိမ့်မယ် ဒါက တကယ့်ကို အံ့မခန်းလက်ရာတစ်ခုပဲ"

ဥပမာအားဖြင့် Penguin ကုမ္ပဏီက YunOS ကဲ့သို့သော ပြည်တွင်းဖြစ် စမတ်ဖုန်း Operating System တစ်ခု ဖန်တီးရန် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ဖူးသည်။

သို့သော် LINUX ၏ အကူအညီမပါဘဲ လုံးဝသီးခြားလွတ်လပ်သည့် စနစ်တစ်ခုကို အစမှအဆုံး ဖန်တီးနိုင်ရန်မှာ သူတို့အတွက်ပင် မဖြစ်နိုင်သလောက် ခက်ခဲလှသည်။

အကယ်၍သာ ထိုအရာက လွယ်ကူခဲ့မည်ဆိုလျှင် Warwick၊ Dami နှင့် Ari တို့၏ စမတ်ဖုန်း Operating System များသည် ပြည်တွင်းထုတ်ဟု အမည်ခံထားသော်လည်း အများပြည်သူ၏ လှောင်ပြောင်မှုကို ခံနေရမည်မဟုတ်ပေ။

ယနေ့ခေတ် စမတ်ဖုန်း Operating System တီထွင်မှု နယ်ပယ်သည် အလွန်ပင် ကျယ်ပြန့်လာခဲ့ပြီး မူပိုင်ခွင့်များမှာလည်း ကဏ္ဍပေါင်းစုံတွင် ရှုပ်ထွေးစွာ ဆက်နွှယ်နေကြသည်။

အထူးသဖြင့် Android နှင့် Apple တို့က အရေးကြီးသည့် မူပိုင်ခွင့်အများအပြားကို လက်ဝါးကြီးအုပ်ထားကြသည်။

လက်ရှိအခြေအနေ၌ မည်သည့်ကုမ္ပဏီမဆို စမတ်ဖုန်း Operating System တစ်ခုကို အသစ်တီထွင်လိုပါက ၎င်းတို့ ဖန်တီးထားသော မူပိုင်ခွင့်အတားအဆီးများကို ကျော်ဖြတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

၎င်းမှာ ကွန်ပျူတာ Keyboard ပေါ်ရှိ အထက်၊ အောက်၊ ဘယ်၊ ညာ မြှားခလုတ်လေးများကဲ့သို့ပင် ဖြစ်သည်။ ထိုမျှလောက်သော အရာကိုပင် မူပိုင်ခွင့် လျှောက်ထားနိုင်ကြပြီး၊ မူပိုင်ခွင့် မလျှောက်ထားနိုင်သော အရာဟူ၍ မရှိသလောက်ပင် ဖြစ်နေသောကြောင့်ပင်...။

ဒါပေမဲ့လည်း လုံထန်အုပ်စုကတော့ ဒါကို တကယ်ပဲ လုပ်ဆောင်နိုင်ခဲ့သည်။

အတွင်းပိုင်းကော အပြင်ပိုင်းမှာပါ (အခြားစနစ်တွေနဲ့) ထပ်တူကျတာမျိုး လုံးဝမရှိဘဲ အားလုံးက မူပိုင်ခွင့်အသစ်တွေချည်းပဲ ဖြစ်နေတာခဲ့သည်။

လင်းဖန်ရဲ့ နည်းပညာအောင်မြင်မှုက တကယ်ကို မယုံနိုင်စရာပင်။ နဂိုရှိပြီးသား နည်းပညာအဟောင်းတွေကို အမှီမပြုဘဲ အစကနေ အဆုံးအထိ အသစ်တီထွင်နိုင်ခဲ့တာက မာဟွာထန်ကို တကယ်ကို အံ့အားသင့်သွားစေခဲ့ခြင်း ဖြစ်သည်။

.....................................................

All Chapters