သတ်မှတ်ထားသော အနာဂတ်....
Vol. 74 Ch. 1044
" ဒါက ထာဝရအရှင်သခင်တစ်ယောက်လား။ " အဆုံးမဲ့အရှင်သခင်က အသက်ပြင်းပြင်းရှုလိုက်သည်။
ထိုအချိန်အတိုင်းအတာက နောက်ထပ်နှစ်ပေါင်းတစ်သောင်းကြာလျှင် ဖြစ်ပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည့် ယင်ယန်ထိုက်ကျိသင်္ကေတကို ထာဝရအရှင်သခင်တစ်ယောက်သာ ထိန်းချုပ်အသုံးပြုနိုင်မည်ဖြစ်သည်။
" အဆုံးမဲ့ မင်းဘာမြင်လိုက်လို့လဲ။ " အဆုံးမဲ့အရှင်သခင်၏ ပြောင်းလဲသွားသော အမူအရာကို ကြည့်ပြီး အနာဂတ်အချိန်အတိုင်းအတာတွင် ပြောင်းလဲမှုတစ်ခု ရှိနေပြီဖြစ်ကြောင်း ထာဝရအရှင်သခင်များက ခန့်မှန်းမိလိုက်ကြသည်။
" ငါလည်း ကြည့်လိုက်မယ်။ " အနက်ရောင်လေဟာနယ်အရှင်သခင်ကလည်း အချိန်အတိုင်းအတာတစ်ခုကို ကြည့်လိုက်သည်။
အခြားထာဝရအရှင်သခင်များကလည်း အချိန်အတိုင်းအတာအသစ်တစ်ခုကို ကြည့်လိုက်ကြသည်။ အချိန်သက်ရှိများဖြစ်သည့်အတိုင်း အချိန်အတိုင်းအတာများကို စောင့်ကြည့်ခြင်းက သူတို့၏ ဗီဇပင်ဖြစ်သည်။ ခဏကြာသောအခါ ထာဝရအရှင်သခင်များက မျက်လုံးများ ဖွင့်လိုက်ကြပြီး သူတို့၏ အမူအရာများက လေးနက်သွားကြသည်။
" ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာပြီ။ "
" ဟုတ်တယ်။ ထာဝရအရှင်သခင်အသစ်က နတ်ဆိုးစွမ်းအားတွေအားလုံးကို သန့်စင်ပြီး ရင်းမြစ်ကမ္ဘာကို ကယ်တင်လိုက်တယ်။ "
ထာဝရအရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ အဆုံးမဲ့အရှင်သခင်က ထိုအချိန်အတိုင်းအတာကို ဆက်လက်စောင့်ကြည့်ပြီး ထွက်ပေါ်လာသော ထာဝရအရှင်သခင်အသစ်အကြောင်း အချက်အလက်များကို ထပ်မံကြည့်ရှုရန် ပြင်လိုက်သည်။
သို့သော် အခြားသူများ၏ စိတ်လှုပ်ရှားနေသော အမူအရာများကို မြင်သောအခါ သူက တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားလိုက်ရသည်။
" မင်းတို့အားလုံးက ထာဝရအရှင်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာတာကို မြင်လိုက်ရတာလား။ " အဆုံးမဲ့အရှင်သခင်များက အခြားသူများကို ကြဘ့်ပြီး လေးနက်စွာ မေးလိုက်သည်။
" ငါမြင်လိုက်တယ်။ "
" ငါလည်း မြင်လိုက်တယ်။ "
" ငါမြင်တဲ့ အနာဂတ်မှာတော့ အခုကနေ နှစ်ပေါင်းသုံးသောင်းကြာတဲ့အခါ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်တဲ့ ထိုက်ကျိဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနတ်ဆိုးစွမ်းအားအားလုံးကို သန့်စင်သွားတယ်။ "
ထာဝရအရှင်သခင်များက မတူညီသော အချိန်အတိုင်းအတာများကို ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုအချိန်အတိုင်းအတာအားလုံးတွင် တူညီသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းမှာ ထာဝရအရှင်သခင်တစ်ပါး ထွက်ပေါ်လာခြင်းဖြစ်သည်။
ထာဝရအရှင်သခင် ထွက်ပေါ်လာခြင်းက ကောင်းသောအရာဖြစ်သည်။ သို့သော် ထာဝရအရှင်သခင် ဆယ့်သုံးယောက်က ကျပန်းကြည့်ရှုလိုက်သော အချိန်အတိုင်းအတာတိုင်းတွင် ထိုအနာဂတ်ကို မြင်တွေ့ရခြင်းက ထိတ်လန့်စရာကောင်းလှသည်။
မကြာမီ ထာဝရအရှင်သခင်များက အချိန်အတိုင်းအတာတစ်ခုတည်းအား ကြည့်ရှုခြင်းအား စွန့်လွှတ်လိုက်ပြီး ယင်းအစား သူတို့က တတ်နိုင်သမျှ အချိန်အတိုင်းအတာများစွာကို ကြည့်ရှုလိုက်ကြသည်။ ခဏကြာသောအခါ ထာဝရအရှင်သခင်များက မျက်လုံးများ ဖွင့်လိုက်ကြပြန်သည်။
" မဖြစ်နိုင်တာ " ထာဝရအရှင်သခင်များ၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။
အချိန်အတိုင်းအတာတစ်ခုတည်းကို နှစ်ပေါင်းဘီလီယံချီကြာအောင် စောင့်ကြည့်ခြင်းက အားစိုက်မှုများ လိုအပ်သည်။ သို့သော် နှစ်ပေါင်းသောင်းချီမှ သိန်းထျီအတွင်း အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းက အလွန်လွယ်ကူလှသည်။
ခဏအတွင်း ထာဝရအရှင်သခင်များ စောင့်ကြည့်သော အချိန်အတိုင်းအတာများက စုစုပေါင်းတစ်သိန်းကျော်သွားခဲ့သည်။ အနာဂတ်အချိန်အတိုင်းအတာအားလုံးတွင် ခြွင်းချက်မရှိဘဲ ရင်းမြစ်ကမ္ဘာ၌ ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နတ်ဆိုးစွမ်းအားအားလုံးကို သန့်စင်ပြီး ရင်းမြစ်ကမ္ဘာမှ သက်ရှိအားလုံးကို ကယ်တင်ခဲ့သည်။
" ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာဖို့ ကံပါလာပြီးသားလား။ "
" ထာဝရအရှင်သခင်တစ်ယောက် ထွက်ပေါ်လာဖို့က တကယ်ပဲ သတ်မှတ်ထားလို့ရလို့လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
ထာဝရအရှင်သခင်များက ၎င်းကို ယုံကြည်ရန် ခက်ခဲနေကြသည်။ ထိုထာဝရအရှင်သခင်အသစ်က စိတ်ကူးမယဉ်နိုင်သော နောက်ခံရှိရမည်ဟု သူတို့ နားလည်သွားကြသည်။ အချိန်သက်ရှိတစ်ယောက်၏ အသွင်ကူးပြောင်းမှုမှာ ကြိုတင်သတ်မှတ်ထားသော ရလဒ်ဟူ၍မရှိပေ။ နောက်ဆုံးတွင် ၎င်းက အချိန်စက်ဝန်းအတွင်း စမ်းသပ်မှုဖြစ်ပြီး နည်းလမ်းများအားလုံးက အသုံးမဝင်ပေ။
" ဘာပဲဖြစ်ဖြစ် အဲ့ဒီထာဝရအရှင်သခင်က ငါတို့ကမ္ဘာအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိတာတော့ သေချာတယ်။ " အဆုံးမဲ့အရှင်သခင်က ပြောလိုက်သည်။
အနည်းဆုံးတော့ သူတို့စောင့်ကြည့်ခဲ့သော အချိန်အတိုင်းအတာ တစ်သိန်းကျော်တွင် ထာဝရအရှင်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာရန် သတ်မှတ်ပြီးသားဖြစ်ပြီး ထိုထာဝရအရှင်သခင်က နတ်ဆိုးစွမ်းအားများအားလုံးကို သန့်စင်ပစ်ပေလိမ့်မည်။
" မှန်တယ်။ " ထာဝရအရှင်သခင်များက ခေါင်းညိမ့်လိုက်ကြသည်။
" အရှင်နဂါးငွေ့တန်းကို ကျေးဇူးတင်ပါတယ်။ " ဂိုဏ်းချုပ်များက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
လင်းယွမ်၏ စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ထာဝရရတနာများကို အသုံးပြုခြင်းမရှိဘဲ နတ်ဆိုးနတ်ဘုရားကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ အကယ်၍ လင်းယွမ်သာမရှိလျှင် လျို့ဝှက်ကမ္ဘာက နတ်ဆိုးနတ်ဘုရား၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ပျက်စီးသွားပေလိမ့်မည်။
" ဘာမှမဟုတ်ပါဘူး။ ငါကလည်း ထာဝရအရင်းအမြစ်ငါးခုကို အလကားယူလို့မရဘူးလေ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" ထာဝရအရင်းအမြစ်ငါးခုတည်းနဲ့ အရှင်နဂါးငွေ့တန်းရဲ့ အကူအညီကိုရတာ တကယ်ထိုက်တန်ပါတယ်။ " ဂိုဏ်းချုပ်တစ်ယောက်က ပြောလိုက်သည်။
" အရှင်နဂါးငွေ့တန်းက ထာဝရအရှင်သခင် ဖြစ်သွားပြီလား။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က သတိထားပြီး မေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ အခြားဂိုဏ်းချုပ်များကလည်း ချက်ချင်း အာရုံစိုက်ပြီး နားထောင်လိုက်ကြသည်။ နတ်ဆိုးနတ်ဘုရားကို ထိပ်တိုက်ရင်ဆိုင်ရန် ထာဝရအရှင်သခင်မဟုတ်ဘဲ ဘယ်သူကလုပ်နိုင်မှာလဲ။
" ငါက ထာဝရအရှင်သခင်မဟုတ်သေးပါဘူး။ " လင်းယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။
ထိုအချက်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ သူ၏ လက်ရှိစွမ်းအားအရ ထာဝရအရှင်သခင် ဖြစ်ခြင်းမဖြစ်ခြင်းက အရေးမကြီးတော့ပေ။
" ထာဝရအရှင်သခင်မဟုတ်ဘူးလား။ " ဂိုဏ်းချုပ်များက ထိုအဖြေကိို မျှော်လင့်ထားကြသော်လည်း ထိတ်လန့်သွားရဆဲဖြစ်သည်။
" အဲ့ဒီနတ်ဆိုးနတ်ဘုရားရဲ့ မူလအစကို မင်းတို့သိလား။ " လင်းယွမ်က မေးလိုက်သည်။
နတ်ဆိုးနတ်ဘုရားနှင့် တိုက်ခိုက်ပြီးနောက် လင်းယွမ်က သူနှင့်ပက်သက်၍ ပို၍ နားလည်လာခဲ့သည်။ သို့သော် သူပို၍ နားလည်လာလေ ပို၍ အံ့အားသင့်ရလေဖြစ်သည်။ နတ်ဆိုးနတ်ဘုရား၏ မူလဖြစ်တည်မှုက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ဖြစ်ရမည်ကို သူသေချာသိနေသည်။
သို့သော် ထိုအလွှာဆယ့်သုံးအချိန်သက်ရှိက ရင်းမြစ်ကမ္ဘာတွင် ဘာကြောင့်ပေါ်လာတာလဲ။ ရင်းမြစ်ကမ္ဘာကလည်း သူ့ကို ဘာကြောင့် တွန်းလှန်နိုင်ခြင်းမရှိတာလဲ။
" နတ်ဆိုးနတ်ဘုရားရဲ့ မူလအစလား။ " ဂိုဏ်းချုပ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ " ကျွန်တော်တို့လည်း မသိပါဘူး။ သူက နတ်ဆိုးကပ်ဘေးရဲ့ အဓိကအရင်းအမြစ်တစ်ခုဆိုတာပဲ သိပါတယ်။ "
" ထာဝရအရှင်သခင်တွေက မင်းတို့ကို မပြောပြဘူးလား။ " လင်းယွမ်က မေးလိုက်သည်။
" မပြောပြပါဘူး။ " ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်။
" မပြောပြဘူးလား။ " လင်းယွမ်က အံ့ဩသွားသည်။
ဤနေရာတွင် ဖြစ်နိုင်ခြေနှစ်ခုရှိသည်။ တစ်ခုမှာ ထာဝရအရှင်သခင်များပင် နတ်ဆိုးနတ်ဘုရား၏ မူလအစကို မသိကြခြင်းဖြစ်သည်။ တစ်ခုမှာ နတ်ဆိုးနတ်ဘုရား၏ မူလအစကို သိကြသော်လည်း ပြောရန် ဝန်လေးနေကြခြင်းဖြစ်သည်။ လင်းယွမ်က ဒုတိယဖြစ်နိုင်ခြေမှာ ပို၍ဖြစ်နိုင်သည်ဟု ခံစားရသည်။
" ထာဝရအရှင်သခင်တွေ မပျောက်ကွယ်သွားခင် မင်းတို့ကို ဘာပြောသွားသေးလဲ။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
လင်းယွမ်ရရှိထားသော အချက်အလက်များအရ ဤကမ္ဘာတွင် ကောင်းကင်အလင်းအရှင်သခင်အပါအဝင် ထာဝဝရအရှင်သခင် ၁၄ ယောက် ရှိသည်။ ပထမရင်းမြစ်ကမ္ဘာနှင့် ယှဉ်လျှင် ဒုတိယရင်းမြစ်ကမ္ဘာက ပို၍ သာလွန်ပေသည်။ အကြောင်းမှာ ပထမရင်းမြစ်ကမ္ဘာက ဒုတိယရင်းမြစ်ကမ္ဘာထက် ပို၍ ငယ်ရွယ်နေသေးသောကြောင့်ဖြစ်သည်။
" ထွေထွေထူးထူးတော့မရှိပါဘူး။ သူတို့က အနာဂတ်အခြေအနေတွေကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးပဲ ထားခဲ့ကြတယ်။ "ထာဝရအဆုံးမဲ့ဂိုဏ်းချုပ်က ပြောလိုက်သည်။
အခြားဂိုဏ်းချုပ်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။ အမှန်တကယ်တွင် သူတို့က ဂိုဏ်းကြီးခြောက်ဂိုဏ်းကို တည်ထောင်ခဲ့သော ထာဝရအရှင်သခင်ခြောက်ယောက်နှင့်သာ ခဏတွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
" အင်း " လင်းယွမ်က ထပ်မမေးတော့ပေ။ " ငါ့ရဲ့ ကိုယ်ပွားတစ်ခု ဒီမှာထားခဲ့ပေးမယ်။ နတ်ဆိုးနတ်ဘုရား ပြန်ပေါ်လာရင် ငါဝင်ပြီးကူညီပေးမယ်။ "
လျို့ဝှက်ကမ္ဘာကို ကာကွယ်ပေးမည်ဟု ကတိပေးထားသောကြောင့် အဆုံးထိ တာဝန်ယူရပေလိမ့်မည်။ သို့သော် လင်းယွမ်က နတ်ဆိုးနတ်ဘုရား ပြန်ပေါ်လာမည်မဟုတ်ဟု ခန့်မှန်းထားသည်။ လင်းယွမ်ကို အနိုင်မယူနိုင်မှန်း သိသွားပြီးနောက် နတ်ဆိုးနတ်ဘုရား၏ အာရုံစိုက်မှုအားလုံးက ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို နှိမ်နင်းရန် ဗီဇအရ ပြောင်းလဲသွားပေလိမ့်မည်။
အကယ်၍ နတ်ဆိုးနတ်ဘုရားက ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို လုံးဝနှိမ်နင်းပြီး ထိုနေရာတွင် အစားထိုးဝင်နိုင်လျှင် သူ၏ စွမ်းအားက များစွာ မြင့်တက်လာပေလိမ့်မည်။ သို့သော် ထိုနေ့သို့ ရောက်ရန် အလွန်ဝေးကွာနေဦးမည်ဖြစ်သည်။ အကယ်၍ သူသာ ရင်းမြစ်ကမ္ဘာ၏ စိတ်အသိကို လျင်မြန်စွာ နှိမ်နင်းနိုင်လျှင် လျို့ဝှက်ကမ္ဘာကို ထိုသို့အလောတကြီး တိုက်ခိုက်မည်မဟုတ်ပေ။
" ကျေးဇူးတင်ပါတယ် အရှင်ဂါးငွေ့တန်း။ " ဂိုဏ်းချုပ်များက ပြောလိုက်ကြသည်။ လင်းယွမ်၏ အာမခံချက်က သူတို့၏ စိုးရိမ်မှုများကို ပျောက်ကွယ်သွားစေသည်။