← Chapters

နတ်ဆိုးနတ်ဘုရား၏ မူလအစ....

Vol. 74 Ch. 1045

နတ်ဆိုးနတ်ဘုရား၏ မူလအစ....

Vol. 74 Ch. 1045

လင်းယွမ်၏ မူလခန္ဓာကိုယ်က လျို့ဝှက်ကမ္ဘာမှ ထွက်ခွာသွားပြီး ရင်းမြစ်ကန္ဘာအနှံ့ လှည့်လည်သွားလာနေသည်။ သူရှိနေသော မိုင်တစ်သောင်းပတ်လည်အတွင်းရှိ နတ်ဆိုးစွမ်းအားများက ဆုတ်ခွာသွားကြသည်။

" ငါ့ကို စောင့်ကြည့်နေတုန်းလား။ " လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ အကြည့်မှာ သူ့အပေါ်တွင် ရှိနေဆဲ ဖြစ်သည်ကို ခံစားမိနေသည်။

" နတ်ဆိုးနတ်ဘုရား " လင်းယွမ်က အတွေးနက်နေသည်။ နတ်ဆိုးနတ်ဘုရားနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့သော်လည်း သူက ကျေနပ်အားရမှုမရှိသေးပေ။

နတ်ဆိုးနတ်ဘုရားကို တိုက်ခိုက်နိုင်ခြင်းက အခြားသော အချိန်သက်ရှိများကိုပါ ရင်ဆိုင်နိုင်သည်ဟု မဆိုလိုပေ။ အချိန်သက်ရှိများက အနာဂတ်အချိန်အတိုင်းအတာများကို စောင့်ကြည့်နိုင်သောကြောင့် လင်းယွမ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အခွင့်အရေးပေးမည်မဟုတ်ပေ။

နတ်ဆိုးနတ်ဘုရားအတွက်မူ သူ၏ စွမ်းအားနှင့် သတ်ဖြတ်နိုင်စွမ်းက အချိန်သက်ရှိများနှင့် တူညီသော်လည်း အချိန်အတိုင်းအတာများကို မမြင်သရွေ့ အခြားအချိန်သက်ရှိများက သူ့ကို လွယ်ကူစွာ လုပ်ကြံနိုင်ပေလိမ့်မည်။

လင်းယွမ်၏ အမူအရာက လေးနက်နေသည်။ နတ်ဆိုးနတ်ဘုရားနှင့် အနီးကပ်တိုက်ခိုက်ချိန်တွင် သူ၏ ကြောက်စရာကောင်းသော သဘာဝကို ရှင်းလင်းစွာ သိမြင်ခဲ့သည်။

အထူးသဖြင့် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အလွန်ကြောက်စရာကောင်းလှသည်။ တိုက်ပွဲတစ်ခုလုံးတွင် နတ်ဆိုးနတ်ဘုရားက မည်သည့်လျို့ဝှက်နည်းစနစ် သို့မဟုတ် စွမ်းရည်များကို အသုံးမပြုဘဲ သူ၏ ခန္ဓာကိုယ်ဗီဇစိတ်ဖြင့် လင်းယွမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် နတ်ဆိုးနတ်ဘုရားက အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူက လျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး သူ၏ စွမ်းအားကို မြှင့်တင်နိုင်လျှင် လင်းယွမ်က နတ်ဆိုးနတ်ဘုရား၏ ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။

" လျို့ဝှက်နည်းစနစ်တွေ စိတ်စွမ်းအားတွေ အသုံးမပြုဘဲ ရုပ်ခန္ဓာသက်သက်နဲ့ ဒီလောက်သန်မာနေတယ်။ " လင်းယွမ်က ယုံကြည်ရခက်နေသည်။ သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရုပ်ခန္ဓာကို အဓိကထားသော်လည်း နတ်ဆိုးနတ်ဘုရား၏ ရုပ်ခန္ဓာနှင့် မယှဉ်နိုင်ပေ။

" တကယ်လို့ နတ်ဆိုးနတ်ဘုရားက အကြောင်းရင်းအမျိုးမျိုးကြောင့် စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားတွေ ဆုံးရှုံးသွားတဲ့ အချိန်သက်ရှိတစ်ယောက်ဖြစ်ပြီး ဗီဇစိတ်အသိသက်သက်နဲ့ လှုပ်ရှားနေတာဆိုရင် သူ့ရဲ့ အထွတ်အထိပ်ကာလတုန်းက ဘယ်လောက်တောင်သန်မာခဲ့မလဲ။ "

" ဒါပေမယ့် အဲ့ဒါက ငါနဲ့တော့ မဆိုင်ပါဘူး။ အခု အဆုံးမဲ့အမှုန်ကမ္ဘာတွေ အောင်မြင်သွားပြီဆိုတော့ ကျန်တဲ့ မူလခန္ဓာကိုယ်နှစ်ခုကလည်း ကျင့်ကြံလို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲစွမ်းအားများနှင့်အတူ လွင့်မျောနေသည်။ ထိုအချိန်တွင် သူက မျက်လုံးများ ဖွင့်လာသည်။

" အဆုံးမဲ့အမှုန်ကမ္ဘာတွေ တည်ဆောက်မယ်။ "

စိတ်ကူးလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ အမှုန်ကမ္ဘာများက စတင်ဖွံဖြိုးလာသည်။ လင်းယွမ်က နှစ်ပေါင်းထောင်ချီ၍ ဖရိုဖရဲဟင်းလင်းပြင်အနှံ့ လှည့်လည်ပြီး အရင်းအမြစ်များကို စုဆောင်းခဲ့သည်။

ပထမရင်းမြစ်ကမ္ဘာ။

လင်းယွမ်ကလည်း အမှုန်ကမ္ဘာများကို စတင်တည်ဆောက်လိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အရင်းအမြစ်များကို ကိုယ်တိုင်လိုက်ရှာခဲ့ရသော်လည်း ဤရင်းမြစ်ကမ္ဘာတွင်မူ အရင်းအမြစ်များရရှိရန် လင်းယွမ်အတွက် ပိုမိုလွယ်ကူလေသည်။

အဆင့်တစ်ရတနာနယ်မြေဖြစ်သော ရွှေရောင်မြူခိုးနယ်မြေကို ပိုင်ဆိုင်ထားသဖြင့် လင်းယွမ်က ထိုနေရာမှ ထွက်ရှိသော အဖိုးတန်ပစ္စည်းများကို ရောင်းချခြင်းဖြင့် အရင်းအမြစ်များကို ရရှိနိုင်သည်။ ရွှေရောင်မြူခိုးများက သက်ရှိများ၏ ခန္ဓာကိုယ်ကို အချိန်ဆက်နွယ်သော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးနိုင်ပြီး အနာဂတ်ကို ခဏတာ ကြိုမြင်နိုင်စွမ်းကို ပေးနိုင်သည်။

လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သောကြောင့် ထိုကြိုမြင်နိုင်စွမ်းကို စိတ်မဝင်စားပေ။ ထို့ကြောင့် အားလုံးကို ရောင်းချခြင်းဖြင့် အမှုန်ကမ္ဘာများ တည်ဆောက်ရန်အတွက် လိုအပ်သော အရင်းအမြစ်များကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့သည်။

ဒုတိယရင်းမြစ်ကမ္ဘာ။

လင်းယွမ်က တောင်ကုန်းတစ်ခုပေါ်တွင် ခြေချိတ်ထိုင်နေသည်။

" ရှစ်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းသို့ စစ်ဆေးလိုက်သည်။

ယခင်ရုပ်ခန္ဓာနတ်စွမ်းရည်များနှင့်မတူဘဲ ရှစ်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်က နိုးထရန် နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ခဲ့သည်။ ယခု လင်းယွမ်၏ ရှစ်ခုမြောက်ရုပ်ခန္ဓာနတ်စွမ်းရည်က ထွက်ပေါ်လာရန် နီးကပ်နေပြီး အနည်းဆုံး နှစ်တစ်ရာမှ နှစ်တစ်ထောင်အတွင်း နိုးထလာပေလိမ့်မည်။

" နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ပြင်ဆင်ထားတဲ့ ဒီစွမ်းရည်က ဘယ်လိုစွမ်းအားမျိုးတွေ ရှိနေနိုင်မလဲ။ "

ဤရင်းမြစ်ကမ္ဘာတွင် ကမ္ဘာကြီးအသွင်ပြောင်းလဲပြီးနောက် သက်ရှိအားလုံး၏ ရုပ်ခန္ဓာက မယုံကြည်နိုင်လောက်အောင် ကြီးမားလာခဲ့သည်။ ၎င်းမှာ လင်းယွမ်၏ ရုပ်ခန္ဓာနတ်စွမ်းရည် ထွက်ပေါ်လာရန် နှစ်တစ်သောင်းကျော် ကြာမြင့်ရသည့်အကြောင်းရင်းလည်းဖြစ်သည်။

လင်းယွမ်က ကောင်းကင်အလင်းအရှင်သခင်၏ အမွေအနှစ်ကို စတင်လေ့လာလိုက်သည်။ အမွေအနှစ်ထဲတွင် ကောင်းကင်အလင်းအရှင်သခင်က အဆုံးမဲ့အလင်းတန်းများကို ထုတ်လွှတ်နေပြီး ၎င်းမှာ နွေးထွေးပြီး သက်သောင့်သက်သာ ရှိလှသည်။

" ဒီအမွေအနှစ်ရဲ့ ပဉ္စမအဆင့်က စိတ်နဲ့ အတွေးမှာရှိတယ်။ စိတ်နဲ့ အတွေးတွေ ရောက်တဲ့နေရာမှာ ပြင်ပအကူအညီမလိုပဲ မှော်စာလုံးတွေ ဖြစ်ပေါ်လာလိမ့်မယ်။ " ကောင်းကင်အလင်းအရှင်သခင်က ပြုံးပြီး ပဉ္စမအဆင့်၏ အနှစ်သာရများကို ရှင်းပြနေသည်။

" သက်ရှိရဲ့ အနှစ်သာရက ဘာလဲ။ ရုပ်ခန္ဓာလား၊ စိတ်ဝိညာဉ်လား။ မဟုတ်ဘူး အဲ့ဒါ စိတ်ပဲ။ စိတ်ရှိမှသာ ပြည့်စုံတဲ့ သက်ရှိလိူ့ ခေါ်ဆိုနိုင်မယ်။ ဒီအမွေအနှစ်ရဲ့ ပဉ္စမအဆင့်က စိတ်နဲ့အတွေးတွေကို အသုံးပြုပြီး မှော်သာလုံးတွေ ဖန်တီးတာပဲ။ "

" အချိန်စက်ဝန်က သက်ရှိတွေကနေ အချိန်သက်ရှိတွေအဖြစ် ပြောင်းလဲမှုကို စမ်းသပ်တာပဲ။ အဲ့ဒီလိုစမ်းသပ်ရင် စိတ်နဲ့အတွေးက အပါမဖြစ် ပါဝင်နေတယ်။ ဒါကြောင့် မှော်စာလုံး လမ်းစဉ်ကို လုံးဝပိတ်ပင်လို့မရဘူး။ အတွေးတွေရှိနေသရွေ့ မှော်စာလုံးတွေက ရှိနေဦးမှာပဲ။ "

လင်းယွမ်က အာရုံစိုက်ပြီး နားထောင်နေသည်။ ကောင်းကင်အလင်းအရှင်သခင်၏ စကားများကို နားလည်လာသည်နှင့်အမျှ သူက အမွေအနှစ်ဝင်းလင်းပြင်အတွင်း သူ၏ စိတ်ဖြင့် မှော်စာလုံးများကို ဖန်တီးလာခဲ့သဘ်။

" အနာဂတ်က ကျင့်ကြံသူ မင်း ဒီအထိ နားထောင်နိုင်တယ်ဆိုရင် ငါဖန်တီးထားတဲ့ အမွေအနှစ်ကို အပြည့်အဝ နားလည်ဖို့ နီးကပ်နေပြီ။ မှော်စာလုံးတွေက အရာအားလုံးကို လွှမ်းခြုံထားတယ်။ ငါလျှောက်တဲ့ လမ်းစဉ်က မှော်စာလုံးတွေပေါ်မှာ အခြေခံထားပြီး ကဏ္ဍနှစ်ခု ပါဝင်တယ်။ "

" ကဏ္ဍတစ်ခုကတော့ အခု မင်းမြင်နေရတဲ့ ငါပဲ။ နောက်ကဏ္ဍတစ်ခုကတော့..." သူပြောလိုက်သည်နှင့် သူ၏ အော်ရာက ဖြည်းညင်းစွာ ပြောင်းလဲသွားပြီး အရာအားလုံးကို လင်းထိန်စေသော နွေးထွေးသည့် အလင်းတန်းများ ပျောက်ကွယ်သွားပြီး အဆုံးမဲ့နတ်ဆိုးစွမ်းအားများဖြင့် အစားထိုးခံလိုက်ရသည်။

ကောင်းကင်အလင်းအရှင်သခင်၏ အသွင်အပြင်ကလည်း ပြောင်းလဲသွားသည်။ သူ၏ အဖြူရောင်ဝတ်ရုံက အနက်ရောင်ဝတ်ရုံအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းတွင် ဦးချိုတစ်ချောင်း ထွက်ပေါ်လာပြီး အနက်ရောင်အမြီးကြီးတစ်ချောင်းက လှုပ်ခါနေသည်။

လင်းယွမ်က လုံးဝကွဲပြားသွားသော ကောင်းကင်အလင်းအရှင်သခင်ကို ကြည့်ပြီး သူ၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။ ယခုအချိန်တွင် ကောင်းကင်အလင်းအရှင်သခင်က အပြင်ဘက်တွင် သောင်းကျန်းနေသော နတ်ဆိုးနတ်ဘုရားနှင့် တစ်ပုံစံတည်းတူညီနေသည်။

" နတ်ဆိုးနတ်ဘုရားက ကောင်းကင်အလင်းအရှင်သခင်လား။ " လင်းယွမ်က ကောက်ချက်တစ်ခုချလိုက်သည်။

ကောင်းကင်အလင်းအရှင်သခင်မှ နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင်မြင်တွေ့တာတောင် မသေချာသေးလျှင် လင်းယွမ်က အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

" ဒါကြောင့်လည်း ထာဝရအရှင်သခင်တွေက နတ်ဆိုးကပ်ဘေးကျရောက်လာတဲ့ အဓိကအကြောင်းရင်းကို မပြောခဲ့တာကိုး။ " လင်းယွမ်က အတွေးနက်သွားသည်။

ကောင်းကင်အလင်းအရှင်သခင်က ဤကမ္ဘာ၏ ပထမဆုံးသော ထာဝရအရှင်သခင်ဖြစ်ပြီး မှော်စာလုံးလမ်းစဉ်၏ အခြေခံကို ချမှတ်ပေးခဲ့သူဖြစ်သည်။ နောက်ပိုင်း ထွက်ပေါ်လာသော ထာဝရအရှင်သခင် ဆယ့်သုံးယောက်ကလည်း သူ၏ ကျေးဇူးကို ခံယူထားသူများ ဖြစ်သည်။

သက်ရှိအားလုံး၏ စိတ်ထဲတွင် ကောင်းကင်အလင်းအရှင်သခင်အပေါ် ထားရှိသော လေးစားမှုက အလွန်နက်ရှိုင်းပြီး ယုံကြည်ကိုးကွယ်သော အဆင့်ထိ ရောက်ရှိနေသည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားခဲ့သောကြောင့် ထာဝရအရှင်သခင်များက မည်သည့်သတင်းအချက်အလက်မှ မချန်ထားဘဲ လုံးဝ လျို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။

" ဖြစ်နိုင်တာက ထာဝရအရှင်သခင်တွေက ကောင်းကင်အလင်းအရှင်သခင် နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားတာကို သက်ရှိတွေ သိသွားမှာ မလိုလားကြတာနေမှာပါ။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" ကောင်းကင်အလင်းအရှင်သခင်ရဲ့ အသိစိတ်က ဘာကြောင့်ပျောက်ကွယ်သွားတာလဲ။ ဖျက်စီးခံလိုက်ရတာလား။ ဒါမှမဟုတ် အကြောင်းရင်းတစ်ခုခုကြာင့်လား။ " လင်းယွမ်က စဉ်းစားနေသည်။

ယခုအချိန်ထိ သူက ကောင်းကင်အလင်းအရှင်သခင်ကို သေလားရှင်လား မသေချာသေးပေ။ သို့သော် ကောင်းကင်အလင်းအရှင်သခင်က သူ၏ ခန္ဓာကိုယ်မှာ ရင်းမြစ်ကမ္ဘာအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မည်ဟု ကြိုတင်မြင်နိုင်ခဲ့မည်မဟုတ်ပေ။

မဟုတ်လျှင် သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပေလိမ့်မည်။ သို့သော် အချိန်သက်ရှိတစ်ယောက်က သူ၏ အနာဂတ်ကို မမြင်နိုင်ခြင်းမှာ အလွန်နက်နဲသော လျို့ဝှက်ချက်များ ရှိပေလိမ့်မည်။

" ထားလိုက်တော့။ ကောင်းကင်အလင်းအရှင်သခင်က နတ်ဆိုးနတ်ဘုရားဖြစ်နေတာ ငါနဲ့တော့ သိပ်မဆိုင်ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

All Chapters