← Chapters

ပထမအဆင့်

Vol. 6 Ch. 57

ပထမအဆင့်

Vol. 6 Ch. 57

“ကျွန်တော်သာ တန်ရွမ်နစ်နဲ့ ပူးပေါင်းဖို့ သဘောမတူရင် တရုတ်ပြည်သူတွေက ကျွန်တော့်ကို အမျိုးသားသစ္စာဖောက်လို့တောင် ခေါ်ကြတော့မယ် ထင်တယ်”

မာဟွာထန်က ခပ်ဖွဖွရယ်ရင်း သူ့ကိုယ်သူ လှောင်ပြောင်သလိုမျိုး ပြောလာသည်။

“ချက်တင်လောကရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ Penguin Group ဟာ တကယ့်ကို ရှေ့မှာလည်း ရန်သူတော်ကြီးတွေရှိသလို နောက်မှာလည်း လိုက်ဖမ်းနေတဲ့သူတွေနဲ့ ဝိုင်းနေတာပါပဲ”

တကယ်တော့ Penguin Group သာ တန်ရွမ်စနစ်ထဲ မဝင်ရောက်ဘူးဆိုလျင်လည်း Longteng ဘက်က ဂရုစိုက်နေစရာ မရှိချေ။

တစ်နိုင်ငံလုံးက သန်းနဲ့ချီတဲ့ လူများမှ ပြင်းထန်တဲ့ ဝေဖန်မှုဒဏ်ကိုတော့ သူတို့ ခံရမှာပါ။

“ငါတို့နိုင်ငံက ကိုယ်ပိုင်ထုတ်ထားတဲ့ စမတ်ဖုန်း OS ကိုတောင် အားမပေးဘူးဆိုရင် Penguin ကို ဘာအတွက် သုံးနေရဦးမှာလဲ”

ဆိုတဲ့ မေးခွန်းတွေ ထွက်လာမှာ အသေအချာပါပဲ။

“ကိုမာကလည်း အတည်ကြီး ပြောနေပြန်ပြီ”

လင်းဖန်က သူ့ရဲ့ ရပ်တည်ချက်ကို တိုက်ရိုက်ထုတ်မပြောသေးဘဲ လေးနက်တဲ့ လေသံနဲ့ ဆိုသည်။

“ပြည်တွင်းဖြစ် ပထမဆုံး စမတ်ဖုန်း OS အနေနဲ့ တန်ရွမ်စနစ်က ရှုံးနိမ့်လို့ မဖြစ်သလို၊ ရှုံးနိမ့်ခွင့်လည်း မရှိပါဘူး”

“ဒါက မိုဘိုင်းအင်တာနက် နယ်ပယ်မှာ ကျွန်တော်တို့နိုင်ငံက ရရှိခဲ့တဲ့ မကြုံစဖူး အောင်မြင်မှုတစ်ခုပါ ဘယ်လိုအကြောင်းပြချက်မျိုးကမှ Longteng ကို နိုင်ငံအတွက် ဂုဏ်ဆောင်ပေးဖို့ တားဆီးနိုင်မှာ မဟုတ်ဘူး”

ဒီစကားကို ကြားလိုက်ရတဲ့အခါ မာဟွာထန်ရဲ့ မျက်ဝန်းတွေ ကျုံ့သွားပြီး သူ့စိတ်ထဲက စိုးရိမ်မှုက ပိုပြီး ပြင်းထန်လာတော့သည်။

အကယ်၍သာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားရင် လင်းဖန်က နည်းလမ်းပေါင်းစုံသုံးပြီး အရှိန်အဟုန်မြှင့် တိုက်စစ်ဆင်လာတော့မယ်ဆိုတာ သူ လုံးဝ သံသယမဖြစ်မိချေ။

အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့မှ အသက် ၁၈ နှစ်အရွယ် လူငယ်လေးက အရည်အချင်းပြည့်ဝတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်နေလို့ပါပဲ။

စီးပွားရေးသမားဆိုသည်ကား အမြဲတမ်း ပြိုင်ဘက်အတွက် ထွက်ပေါက်မချန်ထားတတ်ကြပေ။

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ ကျွန်တော်တို့ နှစ်ဖက်စလုံး အရင်ဆုံး ပူးပေါင်းဆောင်ရွက်မယ့် မူဝါဒလမ်းကြောင်း အကျဉ်းချုပ်ကို အရင်ဆုံး ဆုံးဖြတ်ကြမယ် ပြီးမှ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့။ ကိုမာ ဘယ်လိုထင်လဲ”

ခဏအကြာမှာတော့ လင်းဖန်က အကြံပြုချက်တစ်ခု ပေးလိုက်ရာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိသွားသည်။

မာဟွာထန်က ခဏလောက် စဉ်းစားပြီးနောက် ချက်ချင်းပဲ

“ညီလေးလင်း ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒါဆိုရင်တော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့”

လို့ ပြန်ပြောလိုက်ပါသည်။

ထိုသို့ဖြင့် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်မှာ အတူတကွ လက်မှတ်ရေးထိုးလိုက်ကြတော့သည်။

နောင်နှစ်ပေါင်းများစွာ ကြာသည့်အချိန်မှာတော့ မာဟွာထန်တစ်ယောက် အင်တာဗျူးတစ်ခု၌ ထိုနေ့ကအကြောင်းကို ပြန်ပြောပြဖြစ်ခဲ့သည်။

ထိုအချိန်တုန်းက လင်းဖန်က တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တယ်လို့ သူ အမှတ်ရနေမှာ ဖြစ်သည်။

အပေါ်ယံကြည့်လျင် Longteng Group ရဲ့ အင်အားက Penguin Group ထက် အများကြီး နိမ့်ကျနေပါသေးသော်လည်း ပူးပေါင်းဆောင်ရွက်မှု၌ တကယ်တမ်းရလာဒ်မှာတော့ ပူးပေါင်းတာထက် တစ်ဖက်သတ် ဖိအားပေးခံရတာနဲ့ ပိုတူနေသည်။

ဒါပေမဲ့ လင်းဖန်က နိုင်ငံတော်ရဲ့ အရှိန်အဟုန်ကို အသုံးချပြီး Penguin ကို Longteng ရဲ့ တောင်းဆိုချက်တွေအတိုင်း သဘောတူလာအောင် အကျပ်ကိုင်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြချေ။

ထိုအချိန်တုန်းက Longteng Groupဆိုသည်ပ ရှန်းချန် စည်ပင်သာယာရေးကော်မတီရဲ့ အာရုံစိုက်မှုကို ရရှိထားလို့ပါပဲ။

ပြည်တွင်းဖြစ် ပထမဆုံး စမတ်ဖုန်း OS ဆိုတာ တရုတ်နိုင်ငံရဲ့ ထွန်းသစ်စ မျှော်လင့်ချက်ဖြစ်ပြီး အစိုးရကလည်း အထူး အလေးထားနေခဲ့သည်။

Penguin Group အနေနဲ့ Longteng ကို လျစ်လျူရှုနိုင်ရင်တောင်မှ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်၌ရှိနေသည့် အမျိုးသားရေး စိတ်ဓာတ်နဲ့ တရားမျှတမှုကိုတော့ လျစ်လျူရှုလို့ မရပေ။

တန်ရွမ်စမတ်ဖုန်း OS ဟာ အခုဆိုရင် တစ်မျိုးသားလုံးရဲ့ ဂုဏ်ယူစရာ ဖြစ်နေလေပြီ။

ထို့ကြောင့် Penguinအနေဖြင့် လင်းဖန်လောက် ရဲတင်းပြတ်သားမှု မရှိခဲ့တဲ့အတွက် အရေးနိမ့်ခဲ့ရပြီး သဘောတူညီချက်ကို လက်ခံခဲ့ရတာ ဖြစ်သည်။

သုံးနာရီကြာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်မှာတော့ Longteng ဥက္ကဋ္ဌ လင်းဖန်နဲ့ Penguin အမှုဆောင်အရာရှိချုပ် မာဟွာထန်တို့ဟာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြပြီး အထွေထွေ မူဝါဒတွေမှာ ညီညွတ်မှု ရရှိသွားခဲ့သည်။

Penguin Chat ကနေစပြီး Mobile Butler၊ မိုဘိုင်းဂိမ်းတွေအပြင် Penguin Video နဲ့ Penguin Music အစရှိသည့် ဝန်ဆောင်မှုအားလုံး တန်ရွမ် စမတ်ဖုန်း Operating System ရဲ့ Application Platform ထဲ၌ ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

Apple ရဲ့ ပုံစံမျိုးအတိုင်းပင် Longteng က Penguin ကို သူတို့စနစ်ထဲ ဝင်ခွင့်ပြုလိုက်သော်လည်း Penguin ရဲ့ Mobile Butler (ဖုန်းထိန်းသိမ်းရေးစနစ်) ကိုတော့ အတော်လေး အားပျော့သွားအောင် ကန့်သတ်ထားသည်။

Cloud စနစ် အသုံးပြုမှုကိုလည်း လျှော့ချစေခဲ့ပြီး တန်ရွမ်OS ရဲ့ လုံခြုံရေးကို အမြင့်ဆုံးအဆင့်မှာ ရှိနေစေရန် အာမခံချက် ပေးထားစေသည်။

ထိုနောက်ပိုင်း ဆက်လက်ပြုလုပ်သည့် အသေးစိတ်ဆွေးနွေးပွဲတွေမှာတော့ Longteng ဘက်က CEO ကျန်းဖန်က ကိုယ်တိုင်ဦးဆောင်ပြီး Penguin ဘက်က ဒု-ဥက္ကဋ္ဌ ရှန်းလီချင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရင်ဆိုင်ကြသည်။

နှစ်ဖက်စလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ် ပြီးမြောက်အောင်မြင်ဖို့အတွက် တစ်လတိတိ အချိန်ယူခဲ့ရသည်..။

စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ Penguin နဲ့ Longtengတို့က Binhai ကြယ်ငါးပွင့်ဟိုတယ်၌ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။

“ပထမဦးဆုံးအနေနဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာပေးကြတဲ့သူအားလုံးကို ကြိုဆိုပါတယ်”

ရှေ့၌ တိုးဝှေ့နေသည့် မီဒီယာသတင်းထောက် အုပ်စုကြီးကို ကြည့်ပြီး ကျန်းဖန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆိုလိုက်သည်။

“ကျွန်တော် ကျန်းဖန်အနေနဲ့ Longteng Group ကို ကိုယ်စားပြုပြီး Penguin Group နဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း တရားဝင် ကြေညာလိုပါတယ် ကျွန်တော်တို့က ဘုံရည်မှန်းချက်တွေနဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားကြမှာပါ အခု စင်မြင့်ထက်ကို Penguin Group ရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာရှန်းလီချင်းဆီ လွှဲပြောင်းပေးအပ်ပါတယ်”

ရှန်းလီချင်းက စင်ပေါ်၌ မတ်တပ်ရပ်လိုက်ပြီး

“အလုပ်များတဲ့ကြားက Longteng နဲ့ Penguin တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို အချိန်ပေးတက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

လို့ စတင်နှုတ်ခွန်းဆက်ပြောလိုက်သည်။

“တစ်လကြာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အနေနဲ့ Longteng နဲ့ သဘောတူညီချက် ရရှိခဲ့ပါပြီ ရှေ့ဆက်ပြီး Penguin Group ကနေ ထုတ်လုပ်သမျှ Application အားလုံးကို တန်ရွမ်OS ပလက်ဖောင်းပေါ်မှာ အပြည့်အဝ ထည့်သွင်းအသုံးပြုနိုင်အောင် ဖန်တီးသွားမှာ ဖြစ်ပါတယ်”

ဝုန်း

အဆိုပါသတင်းက မိုးကြိုးပစ်လိုက်သလိုမျိုး လူပေါင်းများစွာကို အံ့အားသင့်သွားစေခဲ့သည်။

သတင်းထောက်အများစုမှာတော့ စိတ်ထဲ၌ အမှန်တကယ်ပင် ဝမ်းသာနေကြပြီး Longteng နဲ့ Penguin တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြည်တွင်းဖြစ် စမတ်ဖုန်း OS တစ်ခုအတွက် အလွန်အရေးကြီးသည့် ခြေလှမ်းသစ်တစ်ခုကို လှမ်းလိုက်နိုင်ခြင်း ဖြစ်ကြောင်း ခန့်မှန်းမိခဲ့ကြ၍ ဖြစ်သည်။

Penguin၌ သုတေသနရလဒ်ပေါင်း ထောင်ချီရှိနေသော်လည်း ယခု တန်ရွမ် OS မှ စုစည်းထားတဲ့ ပလက်ဖောင်းကြီးက အရာအားလုံးကို လက်ခံလိုက်ပြီဖြစ်၍ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ လိုအပ်ချက်များ အားလုံး ပြည့်စုံသွားခဲ့သည်။

နောက်ထပ် ခြေလှမ်းမှာ Hardware ပိုင်းနှင့် စနစ်တကျ ပေါင်းစပ်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ပဲ ကျန်ရှိတော့သည်။

..............................................

All Chapters