← Chapters

ကွန်ပျူတာ ဘာသာစကား အမွေအနှစ်

Vol. 6 Ch. 58

ကွန်ပျူတာ ဘာသာစကား အမွေအနှစ်

Vol. 6 Ch. 58

တကယ်တော့ Penguin Group က တန်ရွမ်စနစ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာလိုက်သည့်အချိန်မှာပင် 360 ကုမ္ပဏီက Longteng Group နဲ့ လက်တွဲခွင့် အခွင့်အရေးကို လုံးဝ လက်လွှတ်လိုက်ရတော့သည်။

ဗိုင်းရပ်စ်နှိမ်နင်းရေး နယ်ပယ်၌ ပြိုင်ဘက်များဖြစ်ကြသည့်အတွက် စနစ်တစ်ခုတည်းမှ နှစ်ဖက်စလုံးအား လက်ခံ၍ မဖြစ်နိုင်တော့ပေ။

ပို၍ အရေးကြီးသည်မှာ 360 ၏ လုပ်ရပ်များက Penguin ထက်ပင် ပို၍ ဆိုးရွားနေခြင်း ဖြစ်သည်။

သူတို့က အသုံးပြုသူများ၏ အချက်အလက်များအား စိတ်ကြိုက်ခိုးယူခြင်း စနစ်ထဲသို့အတင်းအဓမ္မ ကြားဖြတ်ဝင်ရောက်ခြင်း၊ တခြား ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲများ ထည့်သွင်းခွင့် မပြုသည့်အပြင် အချို့ဖိုင်များနှင့် ဆော့ဖ်ဝဲများကိုပါ အတင်းအကျပ် ဖျက်ပစ်တတ်ကြသေးသည်။

ထိုအရာက သည်းခံနိုင်စရာ မရှိသည့် ကိစ္စပင်။

Longteng Group အတွက်တော့ ထိုသို့ ကိုယ်ကျင့်သိက္ခာမရှိသည့် ကုမ္ပဏီမျိုးမှာ မည်မျှပင် ကောင်းမွန်သည့် Application များ ဖန်တီးပါစေ တန်ရွမ်စနစ်ထဲသို့ ဝင်ရောက်ခွင့်ပြုရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်...။

ဒင်...

(ပင်မမစ်ရှင် အောင်မြင်စွာ ပြီးဆုံးခြင်းအတွက် ဂုဏ်ယူပါသည်

Penguin နဲ့ ပူးပေါင်းဆောင်ရွက်မှု၌ အသာစီးရယူနိုင်ခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ "အမွေဆက်ခံခွင့် အခွင့်အရေး" တစ်ခု ရရှိပါသည်)

(စနစ်ရှင် အနေနဲ့ ဒီအမွေဆက်ခံခွင့်ကို အသုံးပြုမှာလား)

Longteng အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်က ဥက္ကဋ္ဌရုံးခန်းထဲမှာတော့ လင်းဖန်က မိုရှင်းယာ တင်ပြနေသည့် Longteng Group ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်ကို နားထောင်နေရင်း စိတ်ထဲမှာ စနစ်ရဲ့ အကြောင်းကြားစာကို ရုတ်တရက် ရရှိလိုက်သည်။

“ချက်ချင်း သုံးမယ်"

သူက စနစ်ရဲ့ တောင်းဆိုချက်အား ငြင်းပယ်ခြင်းမပြုပဲ ချက်ချင်းပင် လက်ခံလိုက်တော့သည်။

(ဒင်... စနစ်ရှင်က လေတွန်ရဲ့ အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံရရှိပြီး ကွန်ပျူတာဘာသာစကား ကျွမ်းကျင်မှုကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်)

ဘာလဲ....

ကွန်ပျူတာဘာသာစကားတွေကို ကျွမ်းကျင်သွားတာလား။

ယခုပင် ဆက်ခံရရှိလိုက်သည့်အရာကို ကြည့်၍ လင်းဖန်တစ်ယောက် ဆွံ့အသွားရသည်။

အစက စမတ်ဖုန်း၊ နောက်တော့ စမတ်စနစ် (OS)၊ အခုကျတော့ ကွန်ပျူတာလား။ စနစ်က သူ့ကို နည်းပညာလောကရဲ့ ဂုရုကြီးတစ်ယောက် ဖြစ်အောင် လုပ်နေတာလား။

“စနစ်... ဒီ Layton ဆိုတာ ဘယ်သူလဲ”

သူ စိတ်ထဲကနေ မချိတင်ကဲ မေးလိုက်မိသည်။

(စနစ်ရှင်အား အသိပေးပါတယ်-

Layton၊ နေရပ်- ကမ္ဘာဂြိုဟ်နဲ့ အပြိုင်ကမ္ဘာက အူလီအင်ပါယာ၊ ဘွဲ့ထူး- ကွန်ပျူတာ ပရိုဂရမ်မင်းရဲ့ ဖခင်ကြီးဖြစ်ပြီး ကမ္ဘာဂြိုဟ်ရဲ့ ၂၁ ရာစု အကြီးကျယ်ဆုံး သိပ္ပံပညာရှင်များထဲက တစ်ဦး ဖြစ်ပါတယ်)

ဖူး!

သူ ထင်ထားတဲ့အတိုင်းပါပဲ။ ချန်ထိုက်ရွှီ တို့လိုပဲ အပြိုင်ကမ္ဘာမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်။

ဒီစနစ်ကတော့ ကမ္ဘာကြီးရဲ့ ဘောင်ထဲမှာတင် မကျေနပ်နိုင်ဘဲ ပြိုင်ဘက်ကမ္ဘာတွေကပါ လူတွေကို ဆွဲထုတ်လာနေတော့တာပါလား။

လင်းဖန် တုံ့ပြန်ဖို့တောင် အချိန်မရခင်မှာပဲ သူ့ဦးနှောက်ထဲ၌ ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရပြီး စွမ်းအားကြီးသည့် ဗဟုသုတလှိုင်းလုံးကြီးတစ်ခုက စိမ့်ဝင်လာတာကြောင့် တစ်ကိုယ်လုံး ပြည့်သိပ်သွားသလို ခံစားလိုက်ရသည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ”

ဂဏန်းသင်္ကေတတွေနဲ့ ပတ်သက်ရင် သူက မွေးရာပါ ရင်းနှီးကျွမ်းဝင်နေသူတစ်ယောက်လို ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။

ရှူး

လင်းဖန်တစ်ယောက် မဆိုင်းမတွပဲ စားပွဲပေါ်မှ ကိုယ်ပိုင်ဆာဗာကို ဖွင့်လိုက်သည်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှ ကွန်ပျူတာဘာသာစကားတွေကို ကျွမ်းကျင်သွားတာနဲ့အမျှ သူ့ခေါင်းထဲက အမှတ်အသားများက အဆက်မပြတ် ပေါင်းစပ်သွားသည်။

အချိန်အနည်းငယ်အတွင်းမှာပဲ သူက ကွန်ပျူတာဘာသာစကားအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်သွားတော့သည်။

ကလစ်

နောက်ဆုံး ကုဒ်အကြောင်းကို ရိုက်ပြီးတာနဲ့ ကွန်ပျူတာပေါ်မှာ ထူးခြားတဲ့ သင်္ကေတတစ်ခု ပေါ်လာသည်။ ဒါက သူအစောပိုင်းကမှ စမ်းသပ်ကြည့်ရန် ဖန်တီးလိုက်သည့် ပရိုဂရမ်အသေးစားလေး၏ မွမ်းမံထားတဲ့ Version တစ်ခုပါပဲ။

“ဟူး”

ကွန်ပျူတာစခရင် ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်စွာပဲ ကွန်ပျူတာကို ပိတ်ချလိုက်တော့သည်။

ယခုပင် အပြိုင်ကမ္ဘာမှ ကွန်ပျူတာဖခင်ကြီး လေတွန်ထံမှ ရရှိလိုက်သည့် အမွေအနှစ်ဖြစ်တဲ့

"ကွန်ပျူတာဘာသာစကား ကျွမ်းကျင်မှု" က လင်းဖန်ရဲ့ ဗီဇဗီဇစိတ်ထဲအထိ အပြီးအပိုင် စိမ့်ဝင်သွားခဲ့လေပြီ။

ယခုဆိုလျင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကွန်ပျူတာဘာသာစကားပိုင်း၌ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ဖြစ်သွားတော့သည်။

သို့သော်လည်း သူ့အတွက် အနည်းငယ် နောင်တရစရာ ဖြစ်နေသည်က အနှီကျွမ်းကျင်မှုမှာ ပြိုင်ဘက်ကမ္ဘာရဲ့ သီးသန့်ကွန်ပျူတာဘာသာစကားတွေ မပါဝင်ခြင်းဖြစ်သည်။

အကယ်၍သာ ပါလာခဲ့လျင် သူက အပြိုင်ကမ္ဘာမှ ဘာသာစကားများကို သုံး၍ Longteng Group ရဲ့ ကွန်ပျူတာစနစ်တွေနဲ့ ပရိုဂရမ်တွေကို ပြောင်းလဲပစ်နိုင်မှာပါ။ ထိုသို့ဆိုလျင် ကမ္ဘာပေါ်၌ သူမှလွဲ မည်သူမှ Longteng ရဲ့ စနစ်ကို ထိုးဖောက်နိုင်မှာ မဟုတ်တော့ပေ။

ထိုအချက်ကပင် လင်းဖန်ရဲ့ စိတ်ထဲ၌ ထူးခြားသည့် အိုင်ဒီယာတစ်ခုကို ပေါ်ပေါက်လာစေခဲ့ပြီး အနာဂတ် ကမ္ဘာ့ကွန်ပျူတာလောကအတွက် တံခါးသစ်တစ်ချပ်ကို ဖွင့်ပေးလိုက်သလို ဖြစ်သွားစေသည်။

ကမ္ဘာပေါ်၌ ကွန်ပျူတာဘာသာစကား အမျိုးအစားပေါင်းများစွာ ရှိသည်။ ယေဘုယျအားဖြင့်တော့ Machine language (စက်ဘာသာစကား)၊ Assembly language နဲ့ High-level language ဆိုပြီး အမျိုးအစားကြီး သုံးခု ခွဲခြားနိုင်သည်။

ဂဏန်းသင်္ကေတတွေနဲ့ ဖွဲ့စည်းထားသည့် Machine language မှလွဲ C၊ C++၊ PASCAL၊ FORTRAN စသည့် High-level language များ၊ Assembly language များပါမကျန် အင်္ဂလိပ်အက္ခရာများကိုသာ အခြေခံ၍ ရေးသားထားခြင်း ဖြစ်နေသည်။

ထို့ကြောင့် နိုင်ငံခြားသားများအတွက် ကွန်ပျူတာဘာသာစကားအား လေ့လာရခြင်းက မွေးရာပါ အားသာချက်ရှိနေပြီး တရုတ်နိုင်ငံသားများအတွက်မူ ဒါက အဟန့်အတားတစ်ခု ဖြစ်နေခြင်းကြောင့် တရုတ်နိုင်ငံရဲ့ ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ အားနည်းချက် ဖြစ်နေခဲ့ရသည်။

အကယ်၍သာ ကိုယ်ပိုင်နိုင်ငံပိုင်ဖြစ်သည့်၊ တရုတ်စာအပေါ် အခြေခံ၍ တီထွင်ထားသည့် ဘာသာစကားတစ်ခု ရှိလာမယ်ဆိုလျင် တရုတ်နိုင်ငံက ကွန်ပျူတာနည်းပညာပိုင်း၌ နိုင်ငံခြားသားများနှင့် တန်းတူ ဖြစ်လာနိုင်မှာသေချာသလောက် ရှိနေသည်။

ထိုအချက်က တရုတ်နိုင်ငံ ထိုးဖောက်တက်လှမ်းနိုင်ဖို့အတွက် တွန်းအားတစ်ခုပင်။

ပို၍အရေးကြီးသည်မှာ တရုတ်စာလုံးများကအင်္ဂလိပ်စာထက် များစွာပို၍ နက်နဲသကဲ့သို့ သမိုင်းအစဉ်အလာလည်း ပိုကြီးမားသည်။

"ကျယ်ပြောနက်ရှိုင်းလှပါတယ်" ဆိုတဲ့ စကားစုမှာ အလဟဿပြောနေခြင်း မဟုတ်ပါပေ။

တရုတ်စာလုံးများအား အသုံးပြု၍ ကွန်ပျူတာစနစ်ကိုသာ ဖော်ပြနိုင်မယ်ဆိုလျင် ပိုမိုခိုင်မာဆန်းပြားသည့် ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ လုံလောက်သည်။

ထိုအချက်မှာ တရုတ်နိုင်ငံတင်မက တစ်ကမ္ဘာလုံးအတွက်ပါ မကြုံစဖူး တုန်လှုပ်ခြောက်ခြားသွားစေမယ့် အဓိပ္ပာယ်မျိုး ဆောင်နေသည်။

“ရှင်းယာ... ဒီနေ့ကစပြီး Longteng ရဲ့ စက်ရုံအားလုံးကို 'Longteng Machinery Manufacturing Co., Ltd' အောက်မှာ ပေါင်းစည်းလိုက်မယ် Hardware ပိုင်းမှာ 'Longteng Mobile' နဲ့ 'Longteng Computer' ကို တည်ထောင်မယ်၊ Software ပိုင်းမှာတော့ 'Longteng Technology' နဲ့ 'Longteng Games' ကို တည်ထောင်မယ်”

“ဟုတ်ကဲ့”

......................................................

All Chapters