← Chapters

နီဗားနား အိတ်ရဲ့ အစ

Vol. 6 Ch. 59

နီဗားနား အိတ်ရဲ့ အစ

Vol. 6 Ch. 59

အချိန်များက ကုန်ဆုံးသည်မှာ မြန်ဆန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နိုဝင်ဘာလကို ရောက်ရှိလာခဲ့သည်။

တစ်လတာကာလအတွင်း၌ Longteng Group က Penguin Group နဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရုံသာမက 'Nirvana X' မိုဘိုင်းဖုန်းရဲ့ သုတေသနနဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေဟာလည်း နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့သည်။

သုတေသနဌာနကြီး လေးခုရဲ့ Hardware ပိုင်းဆိုင်ရာ လေ့လာမှုတွေမှာ အခြေခံအားဖြင့် ပြီးဆုံးသွားပြီဖြစ်၍ သူတို့အနေဖြင့် နောက်ထပ်ထွက်လာမည့် ဖုန်းအသစ်အတွက်ကိုပင် စတင်ပြင်ဆင်နေကြပါပြီး ဖုန်းတစ်လုံးလုံးရဲ့ အစိတ်အပိုင်းအားလုံးကို တီထွင်ပြီးသွားပြီဖြစ်၍ ကျန်သည်ကတော့ စမ်းသပ်စစ်ဆေးဖို့သာရှိပါတော့သည်။

စမ်းသပ်စစ်ဆေးရန်အတွက် လူတစ်ဆယ်ကျော်လောက်သာ လိုအပ်သော်လည်း သုတေသနဌာနမှာတော့ အင်ဂျင်နီယာပေါင်း ထောင်နဲ့ချီ ရှိနေခဲ့သည်။

“သူဌေး... Nirvana X ကတော့...”

ကျန်းဖန်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။

လပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ အောင်မြင်မှုရဲ့ အရိပ်အယောင်ကို သူ နောက်ဆုံးမှာ မြင်တွေ့လိုက်ရချေပြီ။ ထို့ကြောင့်လည်း Longteng Group ထဲမှ လူတိုင်းက ရင်ခုန်စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။

“အခုထိ ဖုန်းမော်ဒယ် ဘယ်နှမျိုးလောက် ထုတ်ဖို့ စီစဉ်ထားပြီးပြီလဲ”

လင်းဖန်က သူ့ကို သေချာစိုက်ကြည့်ရင်း အေးအေးဆေးဆေး မေးလိုက်သည်။

“ဟုတ်ကဲ့ အသုံးပြုသူတွေကို ကွင်းဆင်းလေ့လာချက်အရ အခုဈေးကွက်ထဲမှာ ၅.၅ လက်မ နဲ့ ၆.၂ လက်မ စခရင်ဆိုဒ်တွေက လူကြိုက်အများဆုံးဆိုတာ တွေ့ရပါတယ် ဒါကြောင့် ဒီမော်ဒယ်နှစ်မျိုးကို ကြိုတင်ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်”

လို့ ကျန်းဖန်က ချက်ချင်း ပြန်ဖြေသည်။

မျက်နှာပြင်အရွယ်အစားအလိုက် လိုအပ်ချက်တွေက ကွဲပြားသည်။ ၆.၂ လက်မစခရင်ကတော့ အိတ်ကပ်ထဲထည့်သည်မှာ အနည်းငယ်ကြီး၍ အဆင်မပြေသော်လည်း ၅.၅ လက်မ screen ကတော့ ဘောင်းဘီအိတ်ကပ်၌ ထည့်ရသည်က ပို၍ အဆင်ပြေစေသည်။

သို့သော်လည်း မျက်နှာပြင်ကြီးသည့်ဖုန်းများမှာ ရုပ်ရှင်ကြည့်သည့်အခါဖြစ်စေ ဒါမှမဟုတ် ဂိမ်းဆော့သည့်အခါဖြစ်စေ ပို၍ ကြည့်လို့ကောင်းစေသည့်အတွက် အသုံးပြုသူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြန်သည်။

“စခရင်အရွယ်အစားက ပြဿနာမဟုတ်ပါဘူး၊ ဒါပေမဲ့ Nirvana X ရဲ့ အရည်အသွေးကိုတော့ လုံးဝအာမခံရမယ် ဟို ၄-Star ဖုန်းတွေလိုမျိုး ပေါက်ကွဲတာမျိုးတော့ လုံးဝမဖြစ်စေရဘူး”

လင်းဖန်က မျက်လုံးတွေ ဝင်းလက်သွားပြီး တည်ကြည်တဲ့မျက်နှာထားနဲ့ ပြောလိုက်သည်။

“Longteng ဆိုတာ အရည်အသွေးမြင့် ထုတ်ကုန်တွေကိုပဲ ထုတ်ရမယ် အကျိုးအမြတ်က တခြားပြိုင်ဘက်တွေထက် နည်းရင်နည်းပါစေ၊ အနာအဆာပါတဲ့ ပစ္စည်းမျိုးတော့ လုံးဝမရှိစေရဘူး”

အခုခေတ်မှာ အရာအားလုံးက ပွင့်လင်းမြင်သာမှုရှိနေပြီး အသုံးပြုသူတွေကလည်း မအကြပါတော့။ သူတို့က မျိုးချစ်စိတ်ရှိကြသလို ဈေးနှုန်းနဲ့ အရည်အသွေးကိုလည်း နှိုင်းယှဉ်တတ်ကြပါသည်။

“စိတ်ချပါ သူဌေး ကျွန်တော်တို့ စက်ရုံတွေကနေ အနာအဆာပါတဲ့ ထုတ်ကုန်တွေ လုံးဝထွက်လာမှာ မဟုတ်ပါဘူး”

လို့ ကျန်းဖန်က သူ့ရင်ဘတ်ကို ပုတ်ပြီး ကတိပေးလိုက်သည်။

Longteng Groupက တခြားဖုန်းကုမ္ပဏီတွေနဲ့ မတူ သူတို့၌ အပြင်ကုမ္ပဏီများ ငှားရမ်းထုတ်လုပ်ခိုင်းခြင်းမျိုး မရှိပေ။

အပြင်ဘက် အပ်နှံလိုက်ခြင်းက ထုတ်လုပ်မှုဖိအားများကို လျှော့ချနိုင်သော်လည်း လင်းဖန်ကတော့ ထုတ်လုပ်ရေးစက်ကိရိယာတွေကို ကိုယ်တိုင်ဝယ်ယူပြီး သီးခြားလွတ်လပ်စွာ ထုတ်လုပ်ဖို့ကိုပဲ ရွေးချယ်ခဲ့သည်။

ဒါတင်မကသေး လင်းဖန်က ဥရောပ၊ အာဖရိကနဲ့ အမေရိကတိုက်များအတွက်ပါ ရောင်းချနိုင်ရနိ ကမ္ဘာအနှံ့၌ စက်ရုံအသစ် ၃ ခုကို တည်ဆောက်ထားသေးသည်။

အာရှတောင်ပိုင်း၊ အရှေ့တောင်အာရှနဲ့ အာရှအနောက်ပိုင်း ဈေးကွက်များအတွက်လည်း အဆင်သင့်ဖြစ်နေသလို၊ ရှန်းချန် စက်မှုဇုန်မှ ထုတ်လုပ်မှုများမှာလည်း တစ်နိုင်ငံလုံးအပြင် အရှေ့အာရှတစ်ခုလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်ပေသည်။

ထိုသို့ အစမှ အဆုံးထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံးက Longtengရဲ့ လက်ထဲ၌သာ ရှိနေသည့်အတွက် အကျိုးအမြတ်အား တခြားသူနှင့် ခွဲဝေပေးစရာမလိုသကဲ့သို့ အရည်အသွေးကိုလည်း အပြည့်အဝ အာမခံနိုင်ခြင်း ဖြစ်သည်။

“ဖုန်းဈေးနှုန်းကိုလည်း သေချာစဉ်းစားဖို့ လိုတယ် ကျွန်တော်တို့ တရုတ်ပြည်သူတွေ အရင်ဆုံး လက်လှမ်းမီနိုင်ရမယ်၊ ပြီးတော့ ကောင်းကောင်းလည်း သုံးနိုင်ရမယ်”

လင်းဖန်က လေးနက်တဲ့ လေသံနဲ့ ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးအစုံမှာ စူးရှတောက်ပနေသည်။

စမတ်ဖုန်းလောကမှာတော့ Longtengက လူသစ်တစ်ယောက်သာ ရှိသေးသည်။

အကယ်၍သာ ဈေးနှုန်းကိုသာ Apple ဒါမှမဟုတ် Warwickတို့ဖြင့် ယှဉ်လိုက်မယ်ဆိုလျင်ဖြင့် ဈေးကွက်ထဲ၌ အလွယ်တကူ ပြုတ်ကျကျန်ရစ်ခဲ့ဖို့ များသည်။

“သူဌေး... ကျွန်တော်တို့ Nirvana ရဲ့ ပထမဆုံးအသုတ်အတွက် ဈေးနှုန်းကိုတော့...”

ကျန်းဖန်ကလည်း မိုဘိုင်းဖုန်းလောက၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်၍ ပြည်တွင်းအမှတ်တံဆိပ်တစ်ခုဟာ ကမ္ဘာကို စိုးမိုးချင်သည်ဆိုလျင် ပထမဦးစွာ ပြည်တွင်းဈေးကွက်ကို သိမ်းပိုက်ရမည့်အချက်အား ကောင်းစွာ သိထားခဲ့သည်။

ပြည်တွင်းဈေးကွက်အား သိမ်းပိုက်ရန်အတွက် ဈေးနှုန်းမှာ အရေးကြီးဆုံး အချက်တစ်ချက်ပဲ မဟုတ်လော။

“ဒါနဲ့... ခွင့်ပြုချက်ကိစ္စတွေကော အဆင်ပြေရဲ့လား”

ထိုအချိန်မှာပဲ လင်းဖန်က အရေးကြီးတဲ့ ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

တရုတ်နိုင်ငံရဲ့ စနစ်အရ ဘယ်လို အီလက်ထရွန်နစ် ပစ္စည်းမဆို ဈေးကွက်ထဲ မတင်ခင်မှာ အထူးခွင့်ပြုချက် ရယူရနိလိုသည်။

အထူးသဖြင့် အင်တာနက်နှင့် ဆက်စပ်သည့် ပစ္စည်းတများမှယ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) ဆီမှ ကွန်ရက်အသုံးပြုခွင့်လိုင်စင်ရရန် လိုအပ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျင် လိုင်စင်မရှိသည့် ပစ္စည်းများမှာ တရားမဝင်ပေ။

“သူဌေး.. အဲ့ဒါအတွက်တော့ စိတ်မပူပါနဲ့”

ကျန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

“ရှန်းချန် စည်ပင်သာယာရေးကော်မတီက ကျွန်တော်တို့အတွက် အားလုံး စီစဉ်ပေးထားပြီးသားပါ MIIT ဆီက လိုင်စင်လျှောက်တာကအစ အားလုံး ချောချောမွေ့မွေ့ပါပဲ”

ဒါကို ကြားတော့ လင်းဖန်က စဉ်းစားဟန်နဲ့ ခေါင်းညိတ်လိုက်သည်။

ပြည်တွင်းဖြစ် ပထမဆုံး စမတ်ဖုန်းရဲ့ ဌာနချုပ် တည်ရှိရာနေရာဖြစ်တာနဲ့အညီ ရှန်းချန်မြို့တော်က Longteng Groupကို သူတို့ရဲ့ အောင်မြင်မှု ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ထားလေပြီ။

နောင်တစ်ချိန်၌ ရှန်းချန်ရဲ့ ဂုဏ်ဆောင်က Longtengပဲ ဖြစ်လာတော့မှာပါ။ အခြေအနေက ထိုသို့ဆိုလျင်ဖြင့် ရှန်းချန်အစိုးရက အဘယ့်ကြောင့်အစွမ်းကုန် မကူညီဘဲ နေမည်နည်း။

Apple၏ ၆ ဆက်မြောက်ဖုန်းများ တရုတ်ပြည်မကြီး၌ရောင်းချရန် နောက်ကျခဲ့ရသည့် အဓိက အကြောင်းရင်းကလည်း MIIT ဆီက လိုင်စင်မရခဲ့၍ ဖြစ်သည်။

Apple ကတော့ ပြည်တွင်းဈေးကွက်အား ခဏထိန်ချန်ထားခဲ့ပြီး ကမ္ဘာ့ဈေးကွက်အား ရွေးချယ်နိုင်သော်လည်း Longteng ကတော့ ထိုသို့ ပြုလုပ်၍ မရပေ။

အဘာ့်ကြောင့်ဆိုသော် Longteng၏ အခြေခံအုတ်မြစ်မှာ ပြည်တွင်းဈေးကွက် ဖြစ်နေ၍ပင်။

“ကောင်းပြီ... ဒါဆိုရင် သတင်းစာရှင်းလင်းပွဲ အတွက်သာ ဆက်ပြီး စီစဉ်လိုက်တော့"

လင်းဖန်က လက်ယမ်းပြရင်း ပြောလိုက်သည်။ သတင်းစာရှင်းလင်းပွဲဆိုသည်က ကုမ္ပဏီတိုင်းအတွက် သဘာဝကျသည့် ကြော်ငြာချန်နယ်တစ်ခုဖြစ်ပြီး မီဒီယာမျအားလုံးရဲ့ အာရုံစိုက်မှုကိုလည်း သတင်းစာရှင်းလင်းပွဲမှတဆင့် ရယူနိုင်ခဲ့လျင်ဖြင့် ကြော်ငြာမှုအပိုင်း၌ အပြီးအပိုင် ပြည့်စုံသွားပြီလို့ ဆိုနိုင်သည်။

“ဟုတ်ကဲ့ပါ”

ကျန်းဖန်က ခေါင်းညိတ်ပြပြီး ရုံးခန်းထဲမှလိုအပ်သည့် လုပ်ငန်းစဉ်တွေကို ပြင်ဆင်ရန် သွားပါတော့သည်။

..................................................

All Chapters