← Chapters

မင်းရဲ့ဟာသက မရယ်ရဘူး

Vol. 50 Ch. 491

မင်းရဲ့ဟာသက မရယ်ရဘူး

Vol. 50 Ch. 491

အနက်ရောင်ကြံ့နတ်ဆိုးကြီး၏ ဧရာမ မူလပုံသဏ္ဍာန်မှာ အလိုအလျောက် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုကြောင့် ပုန်းကွယ်ရန်ကြိုးစားရင်း လျင်မြန်စွာ ကျုံ့ဝင်သွား၏။

သို့သော်လည်း ၎င်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသောအရိုးကျိုးသံက ညကောင်းကင်ယံကို တစ်ဖန် ဖြိုခွဲလိုက်ပြန်သည်။

ထို့နောက် ၎င်း၏ မြင်ကွင်းမှာ အနည်းငယ် ဝေဝါးသွားပြီး သွေးများ၏ နီရဲသော အရောင်များဖြင့်သာ လွှမ်းမိုးသွားတော့သည်။

၎င်း၏ ရှေ့တွင်တော့ မျက်လုံးတစ်စုံနှင့် အလွန်တည်ငြိမ်ပြီး ခန့်ညားသော မျက်နှာပိုင်ရှင်သာ ကျန်ရှိတော့၏။

မင်ရောင်ဝတ်ရုံနှင့် လူရိပ်သည် ကျိုးပဲ့နေသောဦးခေါင်းခွံများမှ သူ၏လက်ဝါးများကို ရုပ်သိမ်းလိုက်ပြီး တစ်ဖန် ပျောက်ကွယ်သွားကြပြန်သည်။

ရှန်းယီသည် နတ်ဆိုးနှစ်ကောင်၏ အလောင်းများကို သိမ်းဆည်းလိုက်၏။

ထို့နောက် သူ၏ အကြည့်သည် အရပ်မျက်နှာ အနှံ့အပြားသို့ ထွက်ပြေးနေကြသော နတ်ဆိုးများထံသို့ ရောက်ရှိသွားပြီး၊ သူ၏ လက်ဝါးကို အသာအယာ ဖိချလိုက်ရာ မီးပင်လယ်ကြီးသည် ဧရာမဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ကောင်းကင်ယံကို တစ်ဖန် လွှမ်းမိုးသွားပြန်သည်။

ထိုမီးပင်လယ်ထဲမှ သွယ်လျသော ရွှေရောင်မီးဖီးနစ်အမြီးများ ထွက်ပေါ်လာသည်။

၎င်းတို့သည် ကောင်းကင်ယံတွင် ဝဲပျံနေပြီးနောက် အရပ်မျက်နှာ အသီးသီးသို့ ထိုးဆင်းသွားကြ၏။

နတ်ဆိုးများ၏ အသက်ကို ရက်စက်စွာ ရိတ်သိမ်းပစ်လိုက်လေ၏။

“ဟူး... အဘိုးကြီးရေ၊ ငါနဲ့ အရှင်က အဆင့်တူ ကျင့်ကြံသူတွေဆိုတာ ယုံဖို့တောင် ခက်တယ်”

ကျင်းကျင့်စုန့် ကြည့်ရင်း သူ၏ ရင်ထဲတွင် ရှက်ရွံ့မှုများဖြစ်ပေါ်လာ၏။ ဤမသေမျိုးမှာ အနည်းဆုံး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှောင်းပိုင်းတွင်ရှိမည်ဟု သူ ထင်ထားခဲ့သည်။

ဤကဲ့သို့သောအချိန်မျိုးတွင် ရှန်းယီ၏ ကျင့်ကြံခြင်းအဆင့် နိမ့်လေလေ၊ နန်ယန်ဂိုဏ်း၏ နက်ရှိုင်းသောအခြေခံအုတ်မြစ်ကို ပိုမိုသက်သေပြနိုင်လေလေပင်။

ကျင့်ကြံခြင်းနယ်ပယ်တွင် ကံကောင်းသော စွန့်စားခန်းများနှင့် တွေ့ကြုံရနိုင်သည်ဟု ဆိုကြ၏။ သို့သော် အားနည်းသူက အားကြီးသူကို အနိုင်ယူရန်၊ မိမိ၏ နယ်ပယ်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်ရန်မှာ ဂိုဏ်း၏ ခွန်အားက ကျောထောက်နောက်ခံ ပြုထားမှသာ ဖြစ်နိုင်ပေမည်။

ရှင်းလင်းသော အမှန်တရားတစ်ခုပင်။

မိမိ၏ အဆင့်ကို မြှင့်တင်မည့်အစား အခြားသော နည်းလမ်းများပေါ်တွင် သက်တမ်းကို ဖြုန်းတီးရဲခြင်းမှာ၊ဂိုဏ်းအနေဖြင့် ထိုသူကို ကျောက်စိမ်းဖြူမြို့တော်သို့ ခေါ်ဆောင်သွားနိုင်ရန် လုံလောက်သော ယုံကြည်မှု ရှိနေကြောင်း ပြသနေခြင်းပင်။

“…”

ကျောက်မိသားစုမှာ ဤအချိန်အထိ တိတ်ဆိတ်မှုကို ထိန်းသိမ်းထားဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် စစ်ကူပေးရန်သာ လာခဲ့ခြင်းဖြစ်ပြီး နန်ယန်မသေမျိုးဂိုဏ်းကို တစ်ခါမျှ စော်ကားခဲ့ခြင်း မရှိပေ။

အခြားတစ်ဖက်တွင်တော့ ရုပ်သေးဂိုဏ်းဝင်များထဲမှ အကြောက်တရား ပိုကြီးသူများမှာ တုန်ယင်နေကြပြီ ဖြစ်၏။ မသေမျိုးဂိုဏ်းသို့ ပြန်လည် တင်ပြနေရန်ပင် မလိုတော့ပေ။ ဤမသေမျိုး တစ်ဦးတည်းနှင့်ပင် ရုပ်သေးဂိုဏ်း တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင်ပင်။

ကျင်းကျင့်စုန့်သည် ရုတ်တရက် အံ့သြသွားဟန်ဖြင့် နေရာတစ်ခုသို့ ကြည့်လိုက်၏။

သူသည် ရိုးရှင်းသောအသွင်အပြင်ရှိသည့် အဖြူရောင်ဝက်ဖြူနတ်ဆိုးကို စိုက်ကြည့်နေမိသည်။

ထိုဝက်နတ်ဆိုးက ရွှေရောင်မီးဖီးနစ်တစ်ကောင်ကို ပိုးကောင်လေး တစ်ကောင်ကဲ့သို့ အေးဆေးစွာ ပုတ်ချလိုက်သည်ကို သူ မြင်တွေ့လိုက်ရ၏။

“ဟေး။”

ဝက်နတ်ဆိုးက မော့ကြည့်ကာ ရှန်းယီကို လှမ်းခေါ်လိုက်၏။ တစ်စုံတစ်ရာကို သတိပေးလိုသည့် အလားပင်။

သူ၏ အသံမဆုံးမီမှာပင် လေဟာနယ်ထဲသို့ အားတက်သရော ခုန်တက်သွားတော့သည်။ မြောက်ပိုင်း ပေယန်တောင်တန်းတစ်ခုလုံးပင် အချိန်အတော်ကြာအောင် တုန်ခါသွားခဲ့၏။

“နတ်ဆိုး”

ကျင်းကျင့်စုန့်မှာ သူ၏ လက်ယားယံမှုကို မထိန်းနိုင်တော့ဘဲ မစဉ်းစားဘဲ ပျံသန်းသွားခဲ့၏။ သူသည် ဂါထာမန္တန်ကိုအလွန်ကျွမ်းကျင်စွာ အသုံးပြုလိုက်ရာ၊ သူ၏တတိယမျက်လုံးမှ အလင်းတန်းများဖြင့်စုစည်းလာပြီး သူ၏ တာအိုနန်းတော်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့မည့် ဆဲဆပင်။

“ဟိုဘက် သွားရပ်နေ။”

ဝက်နတ်ဆိုးက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ၊ ကျင်းကျင့်စုန့်၏ တတိယမျက်လုံးပေါ်သို့ အသာအယာ တွန်းလိုက်ရာ အပေါ်သို့ တက်လာတော့မည့် တာအိုနန်းတော်မှာ အတင်းအကျပ် ဖိချခံလိုက်ရသည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးမှာ၊ လှုပ်ရှားရန် အခွင့်အရေးပင် မရလိုက်ဘဲ ကျန်း ရာပေါင်းများစွာ အဝေးသို့ တွန်းထုတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကိုပင် တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။

“ဘာတွေ ဖြစ်နေတာလဲ...”

အင်အားစုကြီး သုံးခုလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။ စောစောက နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့စဉ်က ဤဝက်ကို သူတို့ မတွေ့ခဲ့ရပေ။

ဒီနတ်ဆိုးတွေက စစ်ကူတွေ ထပ်ခေါ်ထားတာများလား။

ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးဖြင့် အမည်မသိ နတ်ဆိုးတစ်ကောင် မည်သို့လုပ် ဖြစ်နိုင်မည်နည်း။

“တိုက်ခိုက်”

အခြေအနေများ ပြောင်းလဲသွားသည်နှင့်အမျှ အစိုးရိမ်ဆုံးမှာ ချန်မိသားစုမှ အကြီးအကဲ သုံးဦးဖြစ်သည်။

အကယ်၍ ဂိုဏ်းချုပ်ရှန်း တစ်စုံတစ်ရာ ဒုက္ခရောက်သွားပါက နန်ယန်ဂိုဏ်းလည်း ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတို့သာလျှင် သိကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် နန်ယန်ရတနာနယ်မြေရှိ လူအားလုံးမှာ ဂိုဏ်းတစ်ခု၏ အကာအကွယ်အောက်တွင် တကယ်ပင် ရှိနေကြဟည်လော။ဂိုဏ်းချုပ်ရှန်း တစ်ယောက်တည်းကသာ သူတို့အားလုံးကို စောင့်ရှောက်နေခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

သို့သော် ထိုဝက်ဖြူက ကြိုတင်သတိပေးခဲ့လျှင်ပင်၊ ဤသာမန်ကျင့်ကြံသူများ အမီလိုက်နိုင်မည့် အရာမျိုး မဟုတ်ပေ။

ဝက်၏ ခွာများမှ ကြာပန်းပုံစံ တိမ်တိုက် တစ်ခု ရုတ်တရက်ပွင့်အန်ထွက်လာပြီး ရှန်းယီထံသို့ ရဲတင်းစွာ ဝင်ရောက်တိုက်ခိုက်လိုက်၏။ ထိုဖြူဖွေးလှပပုံရသော ကြာပန်းတိမ်တိုက်မှာ လွှတ်တင်လိုက်သည်နှင့် နေလုံးအရွယ်အစားခန့် ကြီးမားသွားပြီး အသေးစိတ်ကျလှကာ သေခြင်းတရား၏ အရှိန်အဝါများကို ဆောင်ကြဉ်းလာသည်။

အရှိန်အဝါ အားလုံးကို ချိတ်ပိတ်ပစ်မည့်အလား ရှန်းယီ၏ ခေါင်းပေါ်သို့ မိုးမှောင်ကျလာတော့သည်။

“…”

ရှန်းယီသည် ကောင်းကင်ယံရှိ ကြာပန်းတိမ်တိုက်ကို ဘေးတစောင်း ကြည့်လိုက်၏။ ခဏတာ တိတ်ဆိတ်သွားသည်။

သူတတ်မြောက်ထားသော ကျင့်စဉ်အားလုံးထဲတွင် ထျန်းယန် ၄၉ မှလွဲ၍ ဤကြာပန်းနှင့် ယှဉ်နိုင်သော ကျင့်စဉ်တစ်ခုမျှ မရှိပေ။

သေချာသည်မှာ စိတ်ဝိညာဉ်နိယာမ များနှင့် ယှဉ်လျှင် ကွာဟချက် ရှိနေဆဲပင်။ သို့သော် ၎င်းသည် ရတနာအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားလှသည်။

မိမိကိုယ်တိုင်မှလွဲ၍ အခြားကျင့်ကြံသူများ ကျင့်စဉ်တစ်ခုကို ပြီးပြည့်စုံအောင် ကျင့်ကြံထားသည်ကို ရှန်းယီ တွေ့ရခဲလှသည်။

ဤသည်ကိုပင် ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ဟု ခေါ်ဆိုရမည်။

ရှန်းယီက ခေါင်းခါလိုက်ပြီးနောက် သူ၏ ပုံရိပ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

“ဒါတော့ ဆိုးပြီ။”

ဝက်နတ်ဆိုး၏ မျက်နှာထားမှာ အနည်းငယ် အေးခဲသွားပြီး မျက်လုံးထဲတွင် စိတ်အနှောင့်အယှက်ဖြစ်မှု အနည်းငယ် ပေါ်လာသည်။ တစ်ဖက်လူကို သူ ဘာလို့ သတိပေးလိုက်မိမှန်း မသိတော့ပေ။

မည်သို့ပင်ဖြစ်စေ ထိုလူသည် ထျန်းယန် ၄၉ ကဲ့သို့သော ကျင့်စဉ်ကို ပိုင်ဆိုင်ထားပြီး ခုနကပင် သူ၏ ရှေ့၌ လက်တွေ့ ပြသခဲ့ပြီး မဟုတ်ပါလား။

မထင်မှတ်ထားသည်များ ဖြစ်လာမည်မှာ အံ့သြစရာ မဟုတ်ပေ။

အမှန်တကယ်ပင် လေကိုခွဲထွက်သွားသော ပေါက်ကွဲသံကြီးက သူ၏ နားအနီးတွင် ရုတ်တရက် မြည်ဟည်းသွား၏။ ဝက်နတ်ဆိုးမှာ ခေါင်းတစ်ဝက်ခန့်သာ လှည့်နိုင်သေးပြီး ကြမ်းတမ်းစွာ ရိုက်ခတ်လာသော ဘွတ်ဖိနပ်တစ်ဖက်ကို ရေးရေးမျှသာ မြင်လိုက်ရသည်။

ကောင်းကင်ဖီးနစ်၏ ရှည်လျားသော အော်ဟစ်သံကြီး တစ်ဖန်ထွက်ပေါ်လာပြန်သည်။

ကောင်းကင်ယံအပြည့် ရွှေရောင်မီးတောက်များနှင့်အတူ ထိုခြေကန်ချက်မှာ ဝက်နတ်ဆိုး၏ လည်ပင်းပေါ်သို့ အားပါပါ ကျရောက်သွားတော့၏။

ဂျွတ်

လီယွီ သည် သူ၏ လည်ပင်းတစ်ခုလုံး ပြုတ်ထွက်သွားလုမတတ် ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ စုတ်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

မြောက်ပိုင်း ပေယန်တောင်တန်း တစ်ခုလုံးကို ဖောက်ထွင်းသွား၏။ သဘာဝဘေးအန္တရာယ် တစ်ခု ကျရောက်သကဲ့သို့ ကမ္ဘာမြေနှင့် တောင်တန်းများ တုန်ခါသွားသည်။

“ဟူး။”

ပုန်းကွယ်နေသော တိမ်တိုက်ထဲတွင် ဝေယွမ်လင်း သည် လက်ကိုချကာ ရပ်နေပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။

'ဒီအရူးကောင် နတ်ဆိုးအဖြစ် ဟန်ဆောင်ခိုင်းထားတာကို တခြားလူတွေနဲ့ ကိုယ်ခံပညာ စည်းမျဉ်းတွေအကြောင်း သွားပြောနေသေးတယ်။ ဒါပေမဲ့...'

ယခုအချိန်အထိ ရှန်းယီပြသခဲ့သည့် အင်အားများမှာ သူမအတွက်တော့ မျက်စိပွင့်သွားစေခဲ့၏။ ဤလူက မဟာမိတ်ဂိုဏ်းကျင့်ကြံသူတွေကြားတွင် တီးတိုးပြောဆိုနေကြသည့် လူမျိုးနှင့် လုံးဝတူမနေခဲ့ပေ။

All Chapters