← Chapters

လျိုယွင်သခင်နှင့် တစ်ကျော့ပြန် ထွက်ပေါ်လာသော နန်ယန် ၂

Vol. 50 Ch. 493

လျိုယွင်သခင်နှင့် တစ်ကျော့ပြန် ထွက်ပေါ်လာသော နန်ယန် ၂

Vol. 50 Ch. 493

ရှန်းယီ၏ စကားလုံးများမှာ သူ၏ နားထဲတွင် ထပ်မံ၍ ပဲ့တင်ထပ်နေ၏။

သူသည် ရှက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး “လီယွီဟာ အခြားသူတွေရဲ့အသက်နဲ့ ကစားခဲ့တယ်၊ ဂိုဏ်းရဲ့ ဘိုးဘေးသင်ကြားမှုတွေနဲ့ ရတနာတွေကိုလည်း အပေါစားလုပ်ခဲ့တယ်။ လီယွီဟာ အကြိမ်တစ်ထောင် သေသင့်ပါတယ်”

“…”

ဝေယွမ်ကျိုး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု နောက်ဆုံး၌ ပေါ်လာသော်လည်း ၎င်းမှာ လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွား၏။ “မင်းရဲ့ ဒဏ်ရာတွေကိုပဲ အာရုံစိုက်ပြီးကုသပါ။ ငါ မင်းရဲ့ ဆရာဆီသွားပြီး အလျင်စလို မလုပ်ဖို့သွားပြောလိုက်မယ်။ အတိတ်က ကိစ္စတွေကို ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့၊ သဘောတူရဲ့လား”

“ဝေစီနီယာအစ်ကိုရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ်” လီယွီက ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်တွင် ဝေယွမ်လင်းမှာ ဘေးတွင် အပယ်ခံထားရသကဲ့သို့ ဖြစ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ထိုအချိန်တွင် သူမ၏ အစ်ကိုဖြစ်သူက သူမကို နူးညံ့သောအသံဖြင့် လှမ်းခေါ်လိုက်၏။ “ဒီကို ခဏလာဦး”

“ဟုတ်”

ဝေယွမ်လင်းသည် ဝမ်းသာအားရဖြင့် အနီးသို့ အမြန်လျှောက်သွားခဲ့သည်။

သို့သော် သူမ အနီးသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်၊ ဝေယွမ်ကျိုး၏ မချရသေးသော လက်သည် ရုတ်တရက်ပြင်းထန်သော အရှိန်အဝါများစုစည်းလာပြီး သူမ၏ ပြူးကျယ်နေသော မျက်လုံးများရှေ့မှာပင် ရက်ရက်စက်စက် ရိုက်ချလိုက်တော့သည်။

ဖြန်း

ဝေယွမ်လင်းသည် စုတ်ပြဲနေသောအိတ်တစ်လုံးကဲ့သို့ နောက်သို့လွင့်ထွက်သွားပြီး သူမ၏ ဖြူလျော်နေသော မျက်နှာတွင် လုံးဝမယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်နေသည်။

ရေနဂါးများကဲ့သို့ သွယ်လျသောကွင်းဆက်ငါးခုမှာ တရှဲရှဲမြည်ကာ သူမ၏ မျက်နှာကို ဝိုင်းရံသွားပြီးနောက် သူမ၏ နဖူးကို အသံမြည်အောင် ချိတ်ပိတ်လိုက်တော့သည်။

“မင်းက တာအိုနန်းတော်ကို သုံးဖို့ မထိုက်တန်ဘူး”

ဝေယွမ်ကျိုးက သူမကို အေးစက်စွာ ကြည့်လိုက်ပြီး သူမ မြေပြင်ပေါ်သို့ မကျမီမှာပင် သူ၏ လက်ကို အောက်သို့ ဖိချလိုက်၏။

ရုတ်တရက်ပတ်ဝန်းကျင်မှ တိမ်တိုက်များ စုစည်းလာသည်။ ၎င်းတို့သည် ကိုးထပ်စေတီတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝေယွမ်လင်းကို ထစ်ချုန်းသံနှင့်အတူ အကျဉ်းချလိုက်ပြီးနောက် လက်ဖဝါးအရွယ်အစားခန့်အထိ ကျုံ့ဝင်သွားသည်။

ဝေယွမ်လင်း၏ နဖူးပေါ်ရှိ ကွင်းဆက်များမှာ ထပ်မံပြန့်ကားသွားပြီး သူမ၏ ခြေလက်များကို တင်းကျပ်စွာ ချည်နှောင်ကာ စေတီတော်အတွင်း၌ ချိတ်ဆွဲထားလိုက်သည်။

ဝေယွမ်ကျိုးက သူ၏ လက်အင်္ကျီကို တစ်ဖက်သို့ ဝှေ့ယမ်းလိုက်ရာ စေတီတော်မှာ တောင်နောက်ဘက်သို့ လွင့်ထွက်သွား၏။ “ဂိုဏ်းချုပ်ရှန်းက မင်းကိုခွင့်လွှတ်တဲ့အခါကျမှ မင်း အပြင်ထွက်လို့ ရမယ်။ အဲဒီအချိန်အထိ မင်း ကျင့်ကြံစရာ မလိုတော့ဘူး၊ ဒါဟာ မိုးမြေရတနာတွေကို ဖြုန်းတီးနေတာပဲ”

ထိုဆူညံသံကို ကြားရသောကြောင့် လီယွီသည် ဗီဇအရမျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး တောင်နောက်ဘက်သို့ ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။

ထို့နောက် သူက ဗီဇအရပင် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရှန်းက... ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

ရှန်းယီ၏ ပြတ်သားသော စရိုက်အရ၊ အကယ်၍ သူသာ ရှန်းယီနှင့် ထပ်တွေ့ပါက ရှန်းယီသည် လုံလောက်သောခွန်အားရှိလျှင် သူ့ကို သတ်ရန်သာ ရွေးချယ်မည်ဖြစ်ကြောင်း လီယွီ ခံစားနေရသည်။

ဤကဲ့သို့သော လူမျိုးက စီနီယာအစ်မဝေကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။

“…”

ဝေယွမ်ကျိုးက ပြန်မပြောဘဲ စာရွက်တစ်ရွက်ကို ထုတ်ယူကာ သူ၏ လက်ချောင်းများဖြင့် အလေးအနက်ရေးသားလိုက်သည်။ ရေးပြီးသောအခါ ၎င်းကို လီယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ “ဒီစာကို မင်းရဲ့ ဆရာဆီ ပို့ပေးဖို့ တပည့်လီကို အကူအညီ တောင်းပါရစေ”

ကျောက်စိမ်းဖြူမြို့တော် အုပ်စုမှာ မတည်မငြိမ် ဖြစ်နေပြီဖြစ်ရာ ယခုအခါ သူတို့ကို အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်းဖြစ်သည်။ ခွန်အားကို ပြသရန် လိုအပ်ပေ၏။

စကားပြောပြီးနောက် ဝေယွမ်ကျိုးသည် လီယွီကို အကြီးအကဲ၏ဂူဗိမာန်သို့ ပြန်ပို့ရန် တိမ်တိုက်တစ်ခုကို ထပ်မံ ဆင့်ခေါ်လိုက်၏။ သူကိုယ်တိုင်မှာမူ ဘိုးဘေးခန်းမ ဆီသို့ ဦးတည်သွားခဲ့သည်။

တိတ်ဆိတ်နေသော ခန်းမအတွင်း၌ အမွှေးတိုင်နံ့သာများသာ လွင့်ပျံ့နေ၏။ သူသည် ဘိုးဘေးဆရာကြီး၏ ကြီးမားလှသော ရုပ်တုရှေ့တွင် ဦးညွှတ်လိုက်ပြီး သူ၏ ဝတ်ရုံကို မကာ ကူရှင်ပေါ်တွင် ဒူးထောက်လိုက်သည်။ “ဆရာ့ကို ဂါရဝပြုပါတယ်၊ ယွမ်ကျိုးဟာ သူ၏ညီမအတွက် ဂိုဏ်းချုပ်ရှန်းဆီကနေ ခွင့်လွှတ်တဲ့ အမိန့်ကို သွားရောက် ရယူပါ့မယ်”

“ဒါ လိုအပ်လို့လား”

ဘိုးဘေးဆရာကြီး၏ ရုပ်တုမှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ “သူမသာ လှုပ်ရှားမှု မလုပ်ခဲ့ရင်တောင် တခြားအကြီးအကဲတွေနဲ့ တိုက်ရိုက်တပည့်တွေဟာ ထိန်းနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့ဟာ ဒီလို ကစားပွဲမျိုးထဲကိုလည်းရောက်လာမှာ မဟုတ်ဘူး”

ဂိုဏ်းချုပ်မှာ သူ့အောက်ခြေရှိ လူများ၏ အတွေးကို မသိဘဲ မနေပေ။ သို့သော် တာအိုနှင့် တစ်သားတည်း ဖြစ်ပြီးနောက် သူသည် ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းသာ လိုက်နာလိုတော့သည်။ တာအိုသည် သဘာဝအတိုင်း ဖြစ်ပျက်ခြင်းဖြစ်ပြီး သဘာဝဟူသည်မှာ... ဝင်ရောက်မစွက်ဖက်ခြင်းပင်။

၎င်းကို ကြားရသောအခါ ဝေယွမ်ကျိုးက ဖြည်းညှင်းစွာ ဦးညွှတ်လိုက်၏။ “စည်းကမ်းဆိုတာ စည်းကမ်းပဲ။ ဝေယွမ်လင်းဟာ ဒီနေ့ စည်းကမ်းကို ချိုးဖောက်ခဲ့တယ်။ သူမရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ သူမကို မသတ်ရက်ဘူး၊ ဒါဟာ ဘက်လိုက်မှု ပြလိုက်တာပဲ။ အကယ်၍ ကျွန်တော် နန်ယန်ဂိုဏ်းကို အစားထိုးမပေးဆပ်ဘူးဆိုရင်၊ မနက်ဖြန်မှာ တခြားသူတွေက ယွမ်ကျိုးရဲ့ ရတနာနယ်မြေကို လာလုကြလိမ့်မယ်”

“ဒါမှမဟုတ်ရင် နန်ဟုန်ခုနစ်ဂိုဏ်းဆိုတဲ့ နာမည်က နာမည်သက်သက်ပဲ ကျန်တော့မယ်”

“နဂါးနန်းတော်ရဲ့ ရေနေမျိုးနွယ်စုတွေဆီကို အရှုံးပေးဖို့ဆိုတာ အချိန်ကိစ္စပဲ ရှိတော့မယ်”

ထိုစကားများကို ကြားရသောအခါ ဘိုးဘေးဆရာကြီး၏ ရုပ်တုမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်၏။ “မင်း နန်ယန်ရတနာနယ်မြေကို မလိုချင်ဘူးလား။မင်းရဲ့ ဆရာက နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှည်ဦးမှာပါ”

ထိုစကားကြောင့် ဝေယွမ်ကျိုးလည်း ပြုံးလိုက်ပြီး မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်၏။ “သေချာပေါက် ကျွန်တော် လိုချင်ပါတယ်၊ ဒါပေမဲ့ ဒီလိုနည်းလမ်းမျိုးနဲ့ ရယူဖို့ကိုတော့ ကျွန်တော် စက်ဆုပ်ပါတယ်။ တပည့် ပြန်ခွင့်ပြုပါဦး”

…

ရုပ်သေးဂိုဏ်း၏ အပြင်ဘက်၊ မြောက်ပိုင်း ပေယန်တောင်ခြေတွင်..

တစ်ချိန်က ကျယ်ပြောလှသော သစ်တောကြီးမှာ မီးလောင်ပြင်အဖြစ်ပြောင်းလဲလုနီးပါး ဖြစ်နေပြီး၊ တောရိုင်းတိရစ္ဆာန်ကြီး တစ်ကောင်၏ ကုတ်ခြစ်ခြင်း ခံထားရသကဲ့သို့ နက်ရှိုင်းသော အက်ကြောင်းများနှင့် ချောက်ကြီးများ ဖြစ်ပေါ်နေ၏။

နီရဲသော နတ်ဆိုးအရှိန်အဝါနှင့် လှိုင်းထနေသော ရွှေရောင်မီးလျှံများမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ကြည်လင်သောကောင်းကင်ယံသာ ကျန်ရှိတော့သည်။ လက်အောက်ခံ အင်အားစုများမှ ကျင့်ကြံသူရာပေါင်းများစွာမှာ ယခုအခါ နတ်ဆိုးစခန်း၏ အောက်တွင် စုရုံးနေကြပြီး တီးတိုးစကား ပြောဆိုနေကြသည်။

သူတို့ရှေ့မှ မြင်ကွင်းမှာ လုံလောက်သော ထိတ်လန့်မှုကို ပေးစွမ်းနိုင်ခဲ့၏။ ခြောက်ထပ်ရှိသော မသေမျိုးတာအိုနန်းတော်သည်။ ၎င်းမှာ နန်ဟုန်ခုနစ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သော လင်းယွင်ဂိုဏ်း၏ လက်ရာဖြစ်ကြောင်း ထင်ရှားလှ၏။

ဤကဲ့သို့သော ခွန်အားမျိုးမှာ မည်သည့်နေရာတွင်မဆို မိုးနှင့် မြေ၏ ဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

သူ၏ လှုပ်ရှားမှုသည် သူ့နောက်ကွယ်ရှိ အင်အားစု၏ အလိုတော်ကို ကိုယ်စားပြုနိုင်သည်။ ၎င်းသည် ယန်လင်း စောစောက ပြောခဲ့သော “မဟာမိတ်ဂိုဏ်းကို အမျက်ထွက်စေခဲ့သည်”

ဟူသော စကားမှာ အမှန်ဖြစ်ကြောင်း ဘေးထွက် သက်သေပြနေသကဲ့သို့ပင်။

သို့သော် နန်ယန်မသေမျိုးဂိုဏ်း၏ ကျင့်ကြံသူ၏ ရက်စက်သော လှုပ်ရှားမှုမှာလည်း လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။

လက်သီးတစ်ချက်တည်းဖြင့် ဝက်နတ်ဆိုးအသွင် ဟန်ဆောင်ထားသော ကျင့်ကြံသူ၏ အသက်ကို အဆုံးသတ်လုနီးပါး ဖြစ်စေခဲ့သည်။

ယခုအချိန်အထိပင်... ထိုဖြစ်ရပ်မှာ ပြီးဆုံးသွားပုံရ၏။

ဝက်နတ်ဆိုး ထွက်ပြေးသွားပြီးနောက် မည်သည့်နောက်ဆက်တွဲမှ မရှိတော့ပေ၊ တစ်စုံတစ်ခုကို စိုးရိမ်နေသည့်အလားပင်။

နန်ယန်မသေမျိုးဂိုဏ်းက အခြေအနေ ဆိုးရွားနေတာလား။ အခြေအနေ ဆိုးရွားနေတဲ့ ဂိုဏ်းတစ်ခုက ဒီလိုလှုပ်ရှားမှုမျိုးကို လုပ်ရဲပါ့မလား။

ဤအတွေးများဖြင့် လူအုပ်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ဂူထဲသို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြ၏။

“…”

ရှန်းယီသည် သူ၏ အပေါ်ပိုင်းကိုယ်ဗလာဖြင့် ရှိနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံဖီးနစ်၏ အသက်စွမ်းအားဖြင့် အဆက်မပြတ် ပြန်လည်ကုသနေ၏။ သူ၏ ပျက်စီးလုနီးပါးဖြစ်ခဲ့သော စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ နောက်ဆုံးတွင် အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

မိုးမြေမှရရှိသော လက်ဆောင်များကို စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ပေါ်တွင် အသုံးပြုခြင်းမှာ လမ်းလွဲတစ်ခု ဖြစ်ကြောင်း ထင်ရှားလှ၏။ အခြားတစ်ဖက်တွင်မူ ဝက်နတ်ဆိုးက သူ၏တာအိုနည်းစနစ်ကို အားဖြည့်ရန်ပြုလုပ်ခဲ့ခြင်းမှာ ခရမ်းရောင်ဟုန်မုန့်ချီကို အထိရောက်ဆုံး အသုံးပြုခြင်းပင်။

ကောင်းကင်ဂဠုန်၏ဗုဒ္ဓဖမ်းယူခြင်းနည်းစနစ်ဖြင့် ရှန်းယီသည် စစ်မှန်သောပါရမီရှင်များ၏ ခွန်အားကို နောက်ဆုံး၌ ရိပ်စားမိလိုက်ပြီဖြစ်သည်။ (ဒီနည်းစနစ်ကို မူရင်းအတိုင်းဘာသာပြန်ထားတာပါ)

အမှန်တကယ်တွင်၊ အကယ်၍ သူသည် စီနီယာရွှမ်ချင်း ပေးခဲ့သော ခရမ်းရောင်ချီကိုပါ ထည့်သွင်းရေတွက်ပါက၊ ၎င်းမှာ တာအိုနန်းတော်၏ အဆင့်တစ်ခုနှင့်သာ ညီမျှပြီး ရှန်းယီနှင့် ဝက်နတ်ဆိုးကြားရှိ ကွာဟချက်မှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း

အဆင့် ၅ နှင့် အဆင့် ၆ ကြားတွင်သာ ရှိပြီး အလွန်ကြီးမားသော ခြားနားချက်မျိုး မဟုတ်ပေ။

All Chapters