← Chapters

လျိုယွင်သခင်နှင့် တစ်ကျော့ပြန် ထွက်ပေါ်လာသော နန်ယန် ၄

Vol. 50 Ch. 595

လျိုယွင်သခင်နှင့် တစ်ကျော့ပြန် ထွက်ပေါ်လာသော နန်ယန် ၄

Vol. 50 Ch. 595

ကျန်ရှိနေသော တစ်နေရာအတွက်မူ...

ဝက်နတ်ဆိုး၏ပေါ့ပေါ့ပါးပါး ရိုက်ချခံခဲ့ရပုံကို ပြန်လည်အမှတ်ရမိသော ကျင်းကျင့်စုန့် သည် မျက်နှာပူထူသွားကာ လက်ကိုယှက်၍ ပြောလိုက်၏။ "မသေမျိုးအရှင်... ကျွန်တော် ကျင့်စုန့်မှာလည်း ခွန်အားအနည်းငယ်ရှိပါတယ်။ အဲဒီနတ်ဆိုးက အရမ်းအစွမ်းထက်လွန်းနေလို့ပါ... ကျေးဇူးပြုပြီး နန်ယန်ဂိုဏ်းအတွက် ကျွန်တော်ရဲ့ တတ်နိုင်တဲ့ အင်အားလေးကိုလည်း ပါဝင်ခွင့်ပြုပါ"

သူ စကားပင် မဆုံးသေးမီ၊ ရှန်းယီက လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ နန်ယန်ဂိုဏ်း၏အထောက်တော် ဝတ်ရုံဆယ်ထည်မှာ ရွေးချယ်ခံရသူများ၏ လက်ထဲသို့ ကျရောက်သွား၏။

လီချင်းဖုန်း သေချာစွာစီစဉ်ပေးခဲ့သော နန်ယန်ဂိုဏ်း၏အမွေအနှစ်များထဲမှ၊ ရှန်းယီ အိမ်မှထွက်လာစဉ် အများဆုံးယူဆောင်လာခဲ့သည်မှာ ဤဝတ်ရုံများပင်။

"ဟင်"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွေးချယ်ခံရသည့် ချင်းဟိုင်စံအိမ်မှ ကျင့်ကြံသူများအားလုံး ကြက်သေ သေသွားကြသည်။ သူတို့လက်ထဲရှိ ပိုးသားဝတ်ရုံများကို ကြောင်စီစီဖြင့်စိုက်ကြည့်နေကြပြီး နန်ယန်ပုံစံဒီဇိုင်းများကို ကြည့်ကာ တစ်ခဏမျှ အိပ်မက်မက်နေသကဲ့သို့ ဖြစ်သွားကြသည်။ လစဉ်ရရှိမည့် လစာကိုပင် မေးရန် မေ့သွားကြ၏။

ရွေးချယ်ခံရသူများမှာ ဗီဇအရပင် ဒူးထောက်ချလိုက်ကြသည်။ "အရှင်ရဲ့ ကျေးဇူးတော်ကို ဝမ်းမြောက်စွာ ခံယူပါတယ်၊အရှင် အပ်နှင်းထားတဲ့ တာဝန်ကြီးကို ထမ်းဆောင်ဖို့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်"

သူတို့၏ ရယ်စရာကောင်းသော အမူအရာများကို မြင်သော်လည်း ကျန်ရှိနေသူများမှာ ရယ်ချင်စိတ် မရှိကြပေ။ သူတို့၏ မျက်လုံးများတွင် အားကျမှုနှင့် မနာလိုမှုများသာ ပြည့်နှက်နေသည်။

ရှန်းယီက သူတို့ကိုပါ တစ်ချက်လောက် ထပ်ကြည့်ပေးဖို့ ရှေ့သို့ပြေးထွက်သွားချင်စိတ်များ ပေါက်နေကြ၏။

တစ်ဖက်တွင် ရုပ်သေးဂိုဏ်းမှ အဘိုးကြီးများမှာမူ အလွန်စိတ်ပျက်နေကြပြီး မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့်သာ မဝံ့မရဲသာ မော့ကြည့်နေနိုင်ကြသည်။

"အော်... ခင်ဗျားတို့လည်း ကျန်သေးတာပဲ"

လစာမပေးရဘဲအလုပ်ခိုင်းနိုင်မည့် အထောက်တော်အနည်းငယ်ကို ထပ်မံရရှိလိုက်သဖြင့် ရှန်းယီမှာ အတော်လေး စိတ်အခြေအနေ ကောင်းမွန်နေ၏။ ထိုထူထဲသော မှတ်တမ်းစာအုပ်ကြီးထဲတွင် နတ်ဆိုးသားရဲများနှင့် ပတ်သက်သည့် ကိစ္စရပ်များ သိပ်မများလှသော်လည်း၊ နန်ယန်ဂိုဏ်းကသာ ၎င်းတို့ကို လျစ်လျူရှုထားပြီး အခြားအင်အားစုများကို မြင်တွေ့ခွင့်ပေးလိုက်ပါက၊ သူတို့အား အလေးမထားဟု ခံစားသွားရပေမည်။

ဤကိစ္စများကို တစ်စုံတစ်ယောက်က အမြဲတမ်း လုပ်ဆောင်ပေးနေရန် လိုအပ်သည်။

"အရှင်၊ ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ"

ရုပ်သေးဂိုဏ်းမှ လူများသည် ရှေ့သို့ တက်လာပြီး တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြ၏။

"ယဉ်ကျေးနေစရာ မလိုပါဘူး။ ငါက ပစ္စည်းတစ်ခုလောက် လာငှားတာပါ"

ရုပ်သေးဂိုဏ်းအတွင်းသို့ ဝင်ရောက်လာကတည်းက စိတ်ဝိညာဉ်ရုပ်သေး အများအပြားကို မြင်တွေ့ခဲ့ရပြီးနောက် ရှန်းယီ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိခဲ့ပြီးဖြစ်သည်။ ဤအရာများကို အသုံးပြု၍ခရီးသွားခြင်းသည် ချင်းယွဲ့ဝေဟင်ရတနာသင်္ဘောလောက် မကောင်းသော်လည်း၊ ကိုယ်တိုင် နေရာရွေ့ပြောင်းခြင်းနည်းစနစ်ကို သုံး၍ သွားရသည်ထက် အဆပေါင်းများစွာ ပို၍ အဆင်ပြေသည်။

"အာ..."

ရုပ်သေးဂိုဏ်းမှ လူများမှာ တစ်ခဏမျှ မှင်သက်သွားကြ၏။ ထိုမှသာ စိတ်လှုပ်ရှားမှုများကြားတွင် အရှင်က သူတို့နှင့် စာရင်းမရှင်းရသေးကြောင်း ရုတ်တရက် သတိရသွားကြသည်။

ယခုအချိန်တွင် သူတို့ မည်သို့တွန့်ဆုတ်ရဲမည်နည်း။ သူတို့သည် အလျင်အမြန် ကောင်းကင်သို့ ပျံတက်သွားပြီး ရှေ့မှ လမ်းပြလိုက်၏။ "ဒီဘက်ကို ကြွပါ အရှင်။ အရှင်လိုအပ်တာ မှန်သမျှကို ရုပ်သေးဂိုဏ်းက မပေးဘဲ မနေရဲပါဘူး"

အမွှေးတိုင်တစ်တိုင်စာမျှ လောင်ကျွမ်းချိန် အကြာတွင် ရုပ်သေးဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် နေအလင်းရောင်ကိုပင် ဖုံးကွယ်သွားစေနိုင်သော ဧရာမစိတ်ဝိညာဉ်ရုပ်သေး အခုနှစ်ဆယ်ခန့် ပေါ်ထွက်လာသည်။ အခြားသော အသက်ဝင်သည့် ရုပ်သေးများနှင့် မတူဘဲ၊ ခရီးသွားရန် အသုံးပြုသော ဤစိတ်ဝိညာဉ်ရုပ်သေးများမှာ ကြေးဝါဖြင့် တည်ဆောက်ထားသည့်ပုံစံကို ထိန်းသိမ်းထားပြီး ခန့်ညားထည်ဝါသော ခြင်္သေ့ကြီးများ ဖြစ်ကြသည်။

"လောလောဆယ် ဒီလောက်ပဲ ယူသွားမယ်။ မလောက်ရင် နောက်မှ လာငှားတာပေါ့"

ရှန်းယီက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ကြေးဝါခြင်္သေ့ရုပ်သေးတစ်ခုကိုသာ ချန်ထားကာ ကျန်သည်များကို သူ၏ လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ချင်းဟိုင်စံအိမ်မှ စေလွှတ်လိုက်သူများနှင့် ချန်မိသားစုမှ အကြီးအကဲအနည်းငယ်ကို ဝိညာဉ်ရုပ်သေးပေါ်သို့ ခေါ်ဆောင်ကာ တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားတော့သည်။

သူတို့၏ အရိပ်အယောင် လုံးဝ ပျောက်ကွယ်သွားမှသာ...

"ဟူး..."

ရုပ်သေးဂိုဏ်းမှ အဘိုးကြီးများမှာ သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်ကြ၏။ သူတို့၏ မျက်လုံးထဲမှ နှမြောတသဖြစ်မှုများကို အတင်းအကျပ်ဖိနှိပ်ထားရင်း အသက်ရှူနှုန်းကို ထိန်းညှိရန် ရင်ဘတ်ကို အားရပါးရပုတ်လိုက်ကြသည်။

ပစ္စည်းအချို့ ဆုံးရှုံးသွားခြင်းက ပြဿနာကြီး မဟုတ်ပေ။ အသက်ရှင်နေရခြင်းကပင် ဘိုးဘေးများ၏ ကျေးဇူးကြောင့်ဖြစ်သည်။

အစောပိုင်းက ယန်လင်းပြောခဲ့သော လုံးဝ ပုန်ကန်သည့် စကားများကို ထည့်တွက်မည်ဆိုလျှင်၊ ရုပ်သေးဂိုဏ်းတစ်ခုလုံးကို အကြိမ်သုံးဆယ်မျှ သုတ်သင်ပစ်ရန်ပင် လုံလောက်နေပြီဖြစ်သည်။

ထို့ပြင် နန်ယန်ဂိုဏ်း၏ စွမ်းအားကိုလည်း သံသယဖြစ်စရာ မလိုတော့ပေ။ ဤတာဝန်ကို ပြီးမြောက်ရန်အတွက် မင်ရောင်ဝတ်ရုံနှင့် မသေမျိုးတစ်ဦးတည်းပင် လုံလောက်နေပြီ ဖြစ်သည်။

ဤအသက်ကယ်ကြွေးကို ဆပ်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

"..."

ကျောက်မိသားစုမှာ အစမှအဆုံးတိုင်အောင် အတော်လေးသာမန်ကာလျှံကာသာ နေခဲ့ကြ၏။ သို့သော် ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် အသံတိတ်အကဲခတ်လိုက်ကြပြီး အားလုံး ပါးစပ်ကို လုံခြုံစွာ ပိတ်ထားလိုက်ကြသည်။

ရိုးရိုးသားသား ပြောရလျှင်... နန်ယန်မသေမျိုးဂိုဏ်းသာ တစ်ခဏလေးနောက်ကျပြီးမှ ရောက်လာခဲ့မည်ဆိုလျှင်၊ သူတို့သည်လည်း ယန်လင်း၏ စကားများကို ယုံကြည်သွားနိုင်ပြီး၊ ထိုအချိန်တွင်... သူတို့ ကျောက်မိသားစုမှာ ရုပ်သေးဂိုဏ်းကဲ့သို့ ဤမျှကြီးမားသောအသက်ကယ်ကြွေးကို ဆပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

သူတို့နှင့် ပုံမှန် အဆင်ပြေသော အင်အားစု အချို့ကို တွေးကြည့်ရာ၊ ထိုသူတို့လည်း ဤသို့သော အတွေးမျိုး ရှိနေပုံရ၏။ ကျောက်မိသားစုမှ လူတော်တော်များများသည် နန်ယန်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို မခံရမီသတင်းဖြန့်ရန် ကြိုးစားသည့်အနေဖြင့် သူတို့၏ကျောက်စိမ်းပြား များကို ထုတ်ယူနေကြပြီ ဖြစ်သည်။

နှစ်ပေါင်း တစ်သိန်းကျော် ပျောက်ကွယ်နေခဲ့ပြီးနောက်ယနေ့တွင် သူတို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ။ ရှေးဟောင်း ဒဏ္ဍာရီများထဲကအတိုင်း ရင်သပ်ရှုမောဖွယ် အရှိန်အဝါများဖြင့်ပင်။

All Chapters