နောက်ခါ တိုက်ရိုက်ပြော ၂
Vol. 50 Ch. 497
နောင်နှစ်အနည်းငယ်အတွင်း ဝမ်မိသားစု၏ ကျယ်ပြန့်လှသော ပိုင်ဆိုင်မှုများအားလုံးသည် နန်ဟုန်သားခုနစ်ယောက်၏ဝါးမြိုခြင်းကို အကုန်အစင် ခံကြရတော့မည်ဖြစ်သည်။
ဝမ်ချိုးကျင်းသည် လှေကားထက်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သူ့အနားရှိ သက်တော်စောင့်က ကျောက်စိမ်းပြားကို ကိုင်မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသောအရှိန်အဝါရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်စုသည် ရှစ်ထောင့်မျှော်စင်ရှေ့တွင် လျင်မြန်စွာ စုရုံးလာကြ၏။
ထို့နောက် ၎င်းတို့သည် တိမ်တိုက်များထဲသို့ ပျံတက်သွားပြီးဝဲယာနှစ်ဖက်တွင် နေရာယူလိုက်ကြသည်။ အားလုံးက ကျောက်စိမ်းပလွေများကို ထုတ်ယူလိုက်ကြ၏။
မကြာမီမှာပင် ထိုဒေသတစ်ခုလုံးသို့ နီမြန်းသောမြူခိုးများလွှမ်းခြုံသွားပြီး မင်္ဂလာရှိသော အေးချမ်းသာယာမှုများ ပျံ့နှံ့သွားလေသည်။ နတ်သံစဉ်ကဲ့သို့သော တေးဂီတသံများ တီးမှုတ်လာချိန်တွင် တိမ်တိုက်များကြားမှ ခန့်ညားထည်ဝါသော ကြေးဝါခြင်္သေ့ရုပ်သေးကြီးတစ်ရုပ် ပေါ်ထွက်လာ၏။
ဝမ်ချိုးကျင်းသည် မည်သည့်မာန်မာနမျိုးမျှ မပြဘဲ ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူမ၏နောက်တွင် သက်တော်စောင့် တစ်ဆယ့်ရှစ်ယောက် လိုက်ပါလာ၏။
"နန်ယန်မသေမျိုးဂိုဏ်းက ပုဂ္ဂိုလ်တွေကို ရွှေယွဲ့ ကုန်သွယ်ရေးမဟာမိတ်အဖွဲ့ကနေ ကြိုဆိုပါတယ် ချိုးကျင်းအနေနဲ့ အဝေးကနေ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တာကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်" ဟု သူက ဆိုလိုက်၏။
ထိုအခိုက်အတန့်တွင် ကုန်သွယ်ရေးမဟာမိတ်အဖွဲ့အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်သွားကြပြီး ကြေးဝါခြင်္သေ့ရုပ်သေးကြီးကို မော့ကြည့်လိုက်ကြသည်။ ရွှေယွဲ့ကုန်သွယ်ရေး မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဝမ်ချိုးကျင်း ကိုယ်တိုင် ထွက်ကြိုရသည်အထိဆိုလျှင် ဤသည်မှာ အလွန်တရာ ခမ်းနားသော မြင်ကွင်းဖြစ်ပေလိမ့်မည်။
နန်ယန် မသေမျိုးဂိုဏ်းဆိုသည်မှာ အဘယ်ကြောင့် ဤမျှ စိမ်းသက်နေရပါသနည်း။
"..."
ချန်မိသားစုဝင်များနှင့် ချင်းဟိုင်စံအိမ်မှ ကျင့်ကြံသူများသည် ဤကဲ့သို့ ခမ်းနားထည်ဝါသော ဆက်ဆံမှုကို တစ်ခါမျှ မကြုံဖူးကြပေ။ သူတို့ ဝတ်ဆင်ထားသော နန်ယန်ဝတ်ရုံများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကိုယ်ကို မတ်လိုက်ကြ၏။
ရှန်းယီသည် ခြင်္သေ့ရုပ်သေးအတွင်း၌ တည်ငြိမ်စွာ ထိုင်နေ၏။ သူ မျှော်လင့်ထားသော လာဘ်လာဘမျိုးတော့ ရနိုင်ဖွယ်မရှိတော့ပေ။ တစ်ဖက်လူက သူတို့၏ အရိပ်အယောင်ကို သိနေသည်ဆိုကတည်းက သတင်းအချက်အလက် စုံလင်နေရမည်။
တစ်စုံတစ်ခု ပေးလိုပါကလည်း နန်ဟုန်မှ အခြားဂိုဏ်းသားများကို အကဲခတ်ရခက်စေမည့် လူသိရှင်ကြား အခမ်းအနားမျိုးကို ပြုလုပ်မည် မဟုတ်ပေ။ သို့သော် အရေးမကြီးပေ။
တစ်ဖက်လူ၏ အပြုအမူက အနည်းဆုံးတော့ သစ္စာရှိမှုကို ပြသနေခြင်း ဖြစ်၏။ ထို့ကြောင့် ရှန်းယီသည် ဝိညာဉ်ရုပ်သေးကို ရှေ့သို့ တွန်းပို့ကာ ကျွန်းမျောပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။
"မသေမျိုးအရှင်တို့... အပေါ်ထပ်ကို ကြွပါဦး" ဟု ဝမ်ချိုးကျင်းက ဆိုလိုက်၏။
ဝမ်ချိုးကျင်းသည် မြေပြင်သို့ ပြန်လည်ဆင်းသက်လာပြီး အမျိုးသမီးကျင့်ကြံသူများ၏ ပလွေသံများကြားတွင် နန်ယန်အဖွဲ့ကို ကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားလေသည်။
"ချိုးကျင်းကို ကျေးဇူးတုံ့ပြန်ခွင့်လေး ပေးပါဦးနော်"
ရွှေယွဲ့ ကုန်သွယ်ရေး မဟာမိတ်အဖွဲ့၏ လုပ်ဆောင်ချက်မှာ အလွန်လျင်မြန်လှပေသည်။ သတင်းရရှိချိန်မှစ၍ ခြင်္သေ့ရုပ်သေး ဆင်းသက်လာချိန်အထိ ခဏတာအတွင်းမှာပင် တောင်ပင်လယ်အလျှံပယ် အစားအစာများနှင့် ကောင်းမွန်သော ဝိုင်များကို အသင့်ပြင်ဆင်ထားပြီး ဖြစ်၏။
"ကျေးဇူးပဲ" ဟု ရှန်းယီက ခေါင်းအနည်းငယ် ဆတ်၍ ပြောလိုက်သည်။ သူ မျှော်လင့်ထားသော အကျိုးအမြတ်များမရနိုင်တော့သဖြင့် စိတ်ဝင်တစား မရှိလှပေ။
သူသည် ချင်ဟိုင်စံအိမ်၏ ကိစ္စများကိုသာ ဆွေးနွေးလိုသော်လည်း တစ်ဖက်လူက ယဉ်ကျေးပျူငှာနေသဖြင့် ထမင်းတစ်နပ် အတူစားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"မသေမျိုးအရှင်က သိပ်အားနာတာပဲ။ ဒါတွေက ချိုးကျင်း လုပ်သင့်လုပ်ထိုက်တာတွေပါ" ဟု ဝမ်ချိုးကျင်းက ဆို၏။ ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် သူနသည် ရိုသေမှုရှိပြီး ဧည့်သည်များကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားစဉ်အတွင်း လူများ၏ အဆင့်အတန်းကို လျင်မြန်စွာ ခွဲခြားသိမြင်လိုက်သည်။
သူမသည် ရှန်းယီကို အဓိကနေရာတွင် ထိုင်စေရန် အမှတ်မထင်ပုံစံမျိုးဖြင့် ဂရုတစိုက် လမ်းပြပေးခဲ့သည်။ ထို့နောက် အမျိုးသမီးကျင့်ကြံသူများကို ခေါ်ကာ ဝိုင်ငှဲ့စေပြီး ဟင်းပွဲများ တည်ခင်းစေ၏။
ရှန်းယီသည် ဤကဲ့သို့သော ဆက်ဆံမှုကို မကျွမ်းကျင်သော်လည်း ဘာမျှမပြောတော့ပေ။
ဝမ်ချိုးကျင်း၏ အနောက်ရှိ သက်တော်စောင့်များက လူတိုင်းကို တိတ်တဆိတ် အကဲခတ်နေကြသည်။
ခေါင်းဆောင်မှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ ဖြစ်ပြီး အသက်အကြီးဆုံးသူမှာ အဆင့် ၆ တွင် ရှိ၏။ ကျန်သူများမှာ အဆင့် ၄ သို့မဟုတ် ၅ တွင်သာ ရှိကြသည်။
၎င်းတို့သည် ကင်းလှည့်နေသော ဂိုဏ်းအရာရှိများ၏အဆင့်အတန်းနှင့် ကိုက်ညီနေသော်လည်း ထိုလူငယ်မှလွဲ၍ ကျန်သူများမှာ အသက်ကြီးနေသကဲ့သို့ ရှိပြီး ချင်ဟိုင်စံအိမ်မှ လူများနှင့်လည်း အလွန်တရာ ဆင်တူနေ၏။
ဝမ်ချိုးကျင်းသည် ထိုသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားသော်လည်း ထုတ်ဖော်မပြောပေ။ သူမက ရှန်းယီကို ခွက်မြှောက်၍ ဂုဏ်ပြုလိုက်၏။
"မသေမျိုးအရှင် ချင်ဟိုင်စံအိမ်ကို ဖြတ်လာတယ်လို့ ကြားပါတယ်။ ရွှေယွဲ့ကုန်သွယ်ရေး မဟာမိတ်အဖွဲ့နဲ့ သူတို့ကြားမှာ အရင်က သမိုင်းကြောင်းတွေ အများကြီး ရှိခဲ့ဖူးပေမဲ့ ကျွန်မတို့ရဲ့ သာမန် စီးပွားရေး ကိစ္စတွေထက် မသေမျိုးဂိုဏ်းရဲ့
အလုပ်တွေက ပိုပြီး အရေးကြီးပါတယ်။"
ရှန်းယီကလည်း ခွက်ကိုပြန်မြှောက်ကာ ခေါင်းဆတ်ပြလိုက်၏။ သူ မကျွမ်းကျင်သော ကိစ္စများကို ရင်ဆိုင်ရချိန်တွင် နောက်တစ်ခါကျလျှင် လီချင်းဖုန်းကိုပါ ခေါ်လာရန် ဆုံးဖြတ်လိုက်သော်လည်း တစ်ဖက်လူက အလွန်ပါးနပ်လှသဖြင့် အလုပ်ရှုပ်စရာ မလိုတော့ပေ။
စကားဝိုင်း မြိုင်ဆိုင်နေစဉ်အတွင်းသက်တော်စောင့်တစ်ဦးက ဝမ်ချိုးကျင်းအနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"မဟာမိတ်ခေါင်းဆောင်... ကျွန်တော်တို့ရဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားပါပြီ။ ရေနေမျိုးနွယ်တွေရဲ့လက်ချက်ဖြစ်ပြီး တစ်ဖက်လူက ဘယ်သူလဲဆိုတာတော့ မသိရသေးပါဘူး။"
"..."
ဝမ်ချိုးကျင်းသည် တစ်ခဏမျှ စဉ်းစားကာ ရှန်းယီကို လှမ်းကြည့်လိုက်သော်လည်း အနှောင့်အယှက် မပေးခဲ့ပေ။ ဤသည်မှာ နန်ယန်ဂိုဏ်း၏ ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှု ဖြစ်ပြီး ဤလူများမှာလည်း တိုက်ပွဲအတွက် ပြင်ဆင်လာပုံ မရသောကြောင့် ဖြစ်၏။
နန်ယန်ဂိုဏ်းကို အကျပ်ရိုက်အောင် လုပ်ရန် မလိုအပ်ပေ။ သူက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အကြောင်းရင်းကို သိရအောင်စာပို့လိုက်ပါ။ ကျွန်မတို့ဘက်က သူတို့ကိုမရည်ရွယ်ဘဲ စော်ကားမိတာရှိလား စုံစမ်းကြည့်ပြီး သင့်တော်တဲ့ ယဉ်ကျေးမှုမျိုး ပြသလိုက်ပါ။ ဒီနေ့တော့ ပြဿနာတွေ မဖြစ်ပါစေနဲ့။"
ဤသို့ပြောပြီးနောက် ဝမ်ချိုးကျင်းသည် ပြုံးလိုက်ပြန်ပြီး ရှန်းယီကို ဝိုင်တစ်ခွက် ထပ်မံ တည်ခင်းလိုက်၏။
"မသေမျိုးအရှင်စိတ်ဝင်စားရင် ချိုးကျင်းက ရွှေယွဲ့ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ကို လိုက်လံပြသပေးပါ့မယ်။ နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေ အများကြီး ကြာခဲ့ပြီဆိုတော့ ကျုပ်တို့ကြားမှာ အကွာအဝေးလေးတစ်ခု ရှိနေနိုင်လို့ပါ။"
သူသည် အခွန်ပဏ္ဏာဆက်သရန် မရည်ရွယ်သော်လည်း နန်ယန်ဂိုဏ်းအနေဖြင့် မိမိတို့အဖွဲ့၏ အတိုင်းအတာကို နားလည်သွားစေရန် လိုက်ပြခြင်းက ပို၍ သင့်လျော်သည်ဟု ယူဆလိုက်ခြင်း ဖြစ်၏။
"ကောင်းပြီလေ" ဟု ရှန်းယီက ပြန်ဖြေလိုက်သည်။ သူသည် ဤအခွင့်အရေးကို သုံးကာ ပြင်ပကမ္ဘာအကြောင်း ပိုမိုသိရှိရန် ကြိုးစားလိုခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွန်းမျော၏ အစည်ကားဆုံးနေရာ၌ အဘိုးအိုတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အပြင်းအထန် ငြင်းခုံနေ၏။
"ဒီလောက် ပျက်စီးနေတဲ့ မြေကွက်လေးကို ဒီလောက်အထိ ဈေးတင်ချင်တာလား၊ မင်းခေါင်းထဲမှာ နောက်ချေးတွေပဲ ရှိနေတာလား"
"အကြီးအကဲကျန်း... စကားကို ဆင်ခြင်ပါ။ ကျွန်တော်တို့ အားလုံးက ရွှေယွဲ့ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ဝင်တွေချည်းပဲ။ ဈေးနှုန်းကို ခင်ဗျားကိုယ်တိုင်လည်း သိနေတာပဲ မဟုတ်လား" ဟု လူငယ်ကျင့်ကြံသူက မျက်လုံးလှန်ပြကာ ကျန်း၏နောက်ကွယ်ရှိ လူကိုလည်း လှမ်းကြည့်လိုက်သည်။
ထိုသူ၏ မျက်နှာတွင် အသစ်စက်စက်ဒဏ်ရာများ ရှိနေပြီး အားနည်းသော အရှိန်အဝါများ ရှိနေ၏။ ဘေးဒုက္ခမှ ထွက်ပြေးလာသူဖြစ်သဖြင့် အသည်းအသန် ဖြစ်နေရမည်မှာ သေချာပေသည်။
ထိုသူကိုလျစ်လျူရှုလိုက်ပါက နတ်ဘုရား၏ အပြစ်ဒဏ်ကို ဖိတ်ခေါ်သလို ဖြစ်ပေလိမ့်မည်။
ရှောင်ယွမ်လင်းသည် သက်ပြင်းချလိုက်၏။ ပေါင်ဟွားနတ်သမီး သတ်မှတ်ထားသော ဈေးနှုန်းသည် ထိုမြေကွက်မျိုးနှစ်ကွက်စာ ဝယ်ယူနိုင်သော်လည်း ရှောင်မိသားစု ခံတပ်မှ လူများကို ဤနေရာသို့ ပို့ဆောင်ပေးရန် တစ်ဖက်လူ ရင်ဆိုင်ခဲ့ရသော အန္တရာယ်များကို ထည့်တွက်လျှင် အပိုလိုချင်သည်မှာ သဘာဝပင် ဖြစ်၏။
"ငါ..."
ကျန်း၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး လူငယ်၏ ကော်လာကို ဆွဲကိုင်လိုက်၏။
"မင်း အရမ်းမလွန်နဲ့နော်"
ထိုအချိန်မှာပင် သူ၏ မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် ဒေါသများ ချက်ချင်းပျောက်ကွယ်သွားကာ မှင်တက်သွားသော ပုံစံဖြင့် အစားထိုးလိုက်သည်။ ရှောင်ယွမ်လင်းသည်လည်း ထိုအရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ရာ ဝမ်ချိုးကျင်းကို တွေ့လိုက်ရသော်လည်း သူ၏အကြည့်များသည် သူမဘေးရှိ မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူရိပ်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။