← Chapters

အခန်း (၅၅၄)

Vol. 45 Ch. 554

အခန်း (၅၅၄)

Vol. 45 Ch. 554

နောက်ဆုံးတံဆိပ်ပြားမှာ စီရင်စုတရားရုံးဟု ရေးသားထား၏။

…

စွင်းထျဲချွေ့မှ ပြောသည်။

“အားလုံးပဲ ဒါတွေက မြို့ထဲက အမျိုးမျိုးသော ဂိုဏ်းအဖွဲ့ကြီးတွေက ကျုပ်တို့ပန်းပဲရုံကို အလုပ်အပ်နှံထားတဲ့ လက်နက်တွေပါ။ ဒါကတော့ ဥပဒေချိုးဖောက်ရာ မရောက်ပါဘူး ဟုတ်တယ်မလား။ ပြီးတော့ ဒီကိစ္စကို စီရင်စုအုပ်ချုပ်ရေးမှူး သခင်ကြီးယဲ့လုလည်း သိထားပြီးသားပါ”

ယဲ့လုဖုန်းသည် အမှန်တကယ်ပင် ငါးဖမ်းကုန်သည်အဖွဲ့၊ ချောင်ကုန်သည်အဖွဲ့၊ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နှင့် စီရင်စုတရားရုံးများ အားလုံးသည် လက်နက်လိုအပ်ကြောင်း သိထားပါသည်။ သာ့ချန်ပြည်၌ သာမန်ပြည်သူများ လက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်ထားသော်ငြား ကုန်သည်အဖွဲ့များကိုမူ တားမြစ်ထားခြင်း မရှိပါချေ။

သို့သော် ထိုလက်နက်များကို စိတ်ရှိတိုင်း သွန်းလုပ်၍လည်း မရပါချေ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ လက်အောက်ခံဖြစ်သည့် စွင်းမိသားစုပန်းပဲရုံကဲ့သို့ ထုတ်လုပ်ရေးရုံများတွင်သာ သွန်းလုပ်ထုတ်လုပ်နိုင်ပေသည်။

သို့နည်းဖြင့် လက်နက်မှာယူရမည့် နေရာကို သတ်မှတ်ထားခြင်း ဖြစ်သည်။

ချီမုကောသည် တံဆိပ်ပြားတစ်ခုကို ကောက်ယူကာ နောက်ကျောဘက်မှ စာရင်းကို စစ်ဆေးသည်။

ရေးသားထားသည်မှာ— ငါးဖမ်းကုန်သည်အဖွဲ့၊ အောက်တိုဘာလ ၆ရက်၊ ငါးခုတ်ဓား ၇ဝ မှာယူ။ နောက်ရက်၂၀တွင် ပို့ဆောင်ရန်။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်…

ချီမုကောသည် စာရင်းများကို ဖတ်ကြည့်ပြီးနောက် နန်ပါးထျန်းနှင့် အခြားသူများဘက်သို့ ပြန်လှည့်လာပြီး ပြောသည်။

“ခင်ဗျားတို့တွေ ဒီမှာ လက်နက်မှာထားကြတာလား”

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှစ်ဦးစလုံး ခေါင်းညိတ်ကြကာ ဤလက်နက်များကို သူတို့မှာယူထားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ သို့ဖြစ်ပါက ဤဓားလက်နက်များကို တရားဥပဒေချိုးဖောက်၍ လက်နက်ထုတ်လုပ်ခြင်းအဖြစ် သတ်မှတ်မရနိုင်ပေ။

အတိအကျဆိုရသော် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ စည်းမျဉ်းအရ ဤသို့လက်နက်များကို ဥပဒေဖောက်ဖျက်ခြင်းအဖြစ် သတ်မှတ်မရနိုင်ပါချေ။

ဓားရှည်နှင့် တစ်ဖက်သွားဓားများသည် ထိန်းချုပ်မှုအတွင်း မပါဝင်သည့် လက်နက်များဖြစ်သောကြောင့် စစ်လက်နက်ပစ္စည်များ ထုတ်လုပ်ခြင်းအဖြစ် အကျုံးမဝင်ပေ။ ဒေသခံကုန်သည်အဖွဲ့အစည်းများကို ၎င်းဓားလက်နက်များ ထုတ်လုပ်အသုံးပြုခွင့် ပေးထားပါ၏။ သို့ဖြစ်ပါက တားမြစ်ထိန်းချုပ်ထားသည့် လက်နက်များဟူသည် အဘယ်နည်း။

သေချာပေါက်ပင် မြားများ၊ ဒူးလေးများနှင့် ချပ်ဝတ်တန်ဆာများ ဖြစ်ပါ၏၊ ၎င်းတို့ကို အလွန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်တားမြစ်ထားသည်။

အထူးသဖြင့် ချပ်ဝတ်တန်ဆာများ ဖြစ်သည်။ ဥပမာဆိုရသော် ဓားရှည်၊ တစ်ဖက်သွားဓားများကို သင့်ထံတွင် ရှာတွေ့ခဲ့ပါက မည်သူမျှ ပြဿနာရှာလိမ့်မည် မဟုတ်ပေ။ သို့သော် သင့်အိမ်တွင် ချပ်ဝတ်တန်ဆာတစ်စုံ ရှိနေခဲ့ပါက ၎င်းသည် ပုန်ကန်ရန်ကြံစည်မှုအဖြစ် မလွဲမသွေ စွဲချက်တင်ခံရလိမ့်မည်။

ချပ်ဝတ်တန်ဆာတစ်စုံအတွက် ကုန်ကျစရိတ်သည်လည်း အလွန်မြင့်မားပါ၏။ လက်ရှိ၌ မိန်ဂိုဏ်းသည်လည်း ချပ်ဝတ်တန်ဆာများကို ပမာဏအမြောက်အများ ထုတ်လုပ်ခြင်းငှာ မတတ်နိုင်သေးပါချေ။

ထို့ကြောင့် ယခုပြောနေသည့် စစ်လက်နက်ပစ္စည်းများဟူသည် အင်အားကြီးမားသည့် လေးများ၊ အားပြင်းသည့် ဒူးလေးများနှင့် မြားတံထိပ်ဖျားမှ သံမြားဦးတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြားဦးများ ထုတ်လုပ်ထားပါက လေးကိုလည်း မလွဲမသွေ ထုတ်လုပ်ရလိမ့်မည်။ သေနတ်မရှိဘဲ ကျည်ဆန်ဆောင်ထားခြင်းမှာ မဖြစ်နိုင်ခြင်းနှင့် အလားတူ၏။

သို့သော် ဓားရှည်နှင့် တစ်ဖက်သွားဓားများသည်တော့ ဘာကိုမျှ သက်သေမပြနိုင်ပါချေ။

ချီမုကောသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောသည်။

“အာ ဘာလို့ ကျားဖြူခန်းမရဲ့ တံဆိပ်ပြားကို မတွေ့ရတာလဲ”

ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။

“လွန်ခဲ့တဲ့လတွေတုန်းက ကျုပ် အရမ်းအလုပ်များနေလို့ ကျားဖြူခန်းမ နောက်ဆုံးတစ်ခေါက် အမှာစာလာတင်တုန်းက ငြင်းလိုက်ပါတယ်။ အဲဒါကို အငြိုးထားပြီးတော့ ကျုပ်ကို အခုလိုမျိုး စီရင်စုအုပ်ချုပ်ရေးမှူးဆီမှာ မတရားစွပ်စွဲလိုက်တာ ထင်ပါရဲ့၊ ဟုတ်သလား”

ချန်ကျဲ့ စွင်းထျဲချွေ့ကို ကြည့်၍ ပြောလိုက်သည်။

“ကျုပ် စီရင်စုအုပ်ချုပ်ရေးမှူးကို ဒီပန်းပဲရုံမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာဖြစ်နိုင်တယ်လို့ မပြောခဲ့ဖူးဘူး။ ဒီပန်းပဲရုံမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာပါလို့ လုံးဝ မပြောခဲ့ဖူးသလို လူကြီးမင်းစွင်းကို အထူးတလည် ပစ်မှတ်ထားတဲ့ စကားမျိုးလည်း ကျုပ် တစ်ခွန်းမှ မပြောခဲ့ဖူးပါဘူး”

“ငါ့ကို အထူးတလည် ပစ်မှတ်ထားတဲ့စကားမျိုး မပြောခဲ့ဖူးပါဘူးဆိုတာက ဘာစကားလဲ ချန်ကျိုစစ်။ မင်း ငါ့ကို သုံးနှစ်ကလေးများ မှတ်နေလား”

စွင်းထျဲချွေ့သည် ချန်ကျဲ့အား အေးစက်စက်ကြည့်လျက် ပြောသည်။

ထိုစဉ် ချီမုကောမှ ပြော၏။

“ကောင်းပြီ၊ ဘာမှရှာမတွေ့မှတော့ ကျုပ်တို့သွားကြတာပေါ့”

ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။

“တပ်မှူး ဂရုစိုက်ပြန်ပါ”

“ခဏလေး”

ထိုစဉ် ချန်ကျဲ့၏အသံ ရုတ်တရက် ထွက်ပေါ်လာပြန်ရာ စွင်းထျဲချွေ့ မျက်မှောင်ကြုတ်သွား၏။

“ဘာဖြစ်ပြန်ပြီလဲ ချန်ကျိုစစ်။ မင်း မပြီးနိုင်တော့ဘူးလား”

ချန်ကျဲ့မှ ပြောသည်။

“လူကြီးမင်းစွင်း ကျုပ် လူကြီးမင်းကို ပစ်မှတ်ထားနေတာ မဟုတ်ရပါဘူး။ ဒါပေမဲ့ ကျုပ်တို့က အပေါ်မျက်နှာပြင်ကိုပဲ စစ်ဆေးရပါသေးတယ်။ လူကြီးမင်းစွင်းရဲ့ ဒီနေရာမှာ မြေအောက်ခန်းတွေ လျှို့ဝှက်ခန်းတွေ ရှိ၊မရှိ ဘယ်သူနိုင်ပါ့မလဲ”

“မင်း အဲဒီစကားက ဘာအဓိပ္ပာယ်လဲ ချန်ကျိုစစ်”

ချန်ကျဲ့ ရယ်မောလိုက်ရင်း ပြောသည်။

“ဘာအဓိပ္ပာယ်လဲ.. တစ်ယောက်ယောက်က လူကြီးမင်းစွင်းကို သတင်းပေးထားလို့ လူကြီးမင်းစွင်းက စစ်လက်နက်ပစ္စည်းတွေကို ကျုပ်တို့ရှာမတွေ့နိုင်လောက်မယ့် တစ်နေရာရာမှာ ဖွက်ထားလိုက်တယ်လို့ ကျုပ်သံသယရှိတယ်”

“မင်း ဒါက သွားပုပ်လေလွင့်ပြောနေတာပဲ”

“မင်းစကားပြောတာ သတိထားပြောစမ်း”

စွင်းထျဲချွေ့သည် ဒေါသပေါက်ကွဲကာ ချန်ကျဲ့ကို လက်ညှိုးထိုးလျက် ဆဲရေးနေတော့သည်။ ထိုစဉ် ချန်ကျဲ့ဘေးတွင် ရပ်နေသည့် ရှောင်ဟူသည်လည်း ဒေါသပေါက်ကွဲကာ စွင်းထျဲချွေ့ လက်ညှိုးထိုးလျက် ပြန်ပြောတော့သည်။ အခြေအနေမှာ တစ်ယောက်ကိုတစ်ယောက် လည်ပင်းကို ဓားဖြင့် ချိန်ရွယ်တော့မည့်အလား ရုတ်တရက်ကြီး ပွက်လောရိုက်သွားတော့သည်။

ထိုမြင်ကွင်းတွင် ချီမုကော မျက်မှောင်ကြုတ်လိုက်သည်။

ချန်ကျဲ့၏စကားများသည် အဓိပ္ပာယ်ရှိ၏။ တစ်ယောက်ယောက် စွင်းထျဲချွေ့ကို သတင်းပေးခဲ့သောကြောင့် စစ်လက်နက်များအားလုံးကို လျှို့ဝှက်အခန်းထဲ ထည့်သိမ်းလိုက်ခြင်းလည်း ဖြစ်နိုင်ခြေရှိပေသည်။ ၎င်းဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ချီမုကောသည် စွင်းထျဲချွေ့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

“လူကြီးမင်းစွင်း ခင်ဗျားရဲ့ဒီပန်းပဲရုံမှာ မြေအောက်ခန်းတို့ လျှို့ဝှက်အခန်းတို့ တကယ်မရှိပါဘူးနော်”

ထိုအခါ စွင်းထျဲချွေ့မှ ပြောသည်။

“မရှိဘူး။ လုံးဝ မရှိဘူး။ ကျုပ်က ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲ။ ကျုပ်မှာ ဘာမြေအောက်လိုဏ်ခေါင်း ဘာလျှို့ဝှက်အခန်းမှ မရှိဘူး”

စွင်းထျဲချွေ့၏တုံ့ပြန်မှုတွင် ချီမုကောသည် စွင်းထျဲချွေ့ကို သံသယဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ထို့နောက် ပြော၏။

“တကယ်လား”

စွင်းထျဲချွေ့မှ ပြန်ပြောသည်။

“ကျုပ်က ဘာလို့လိမ်ရမှာလဲ”

ချီမုကောမှ ပြောသည်။

“ဒါဆိုလည်း ရှာကြည့်တာပေါ့”

ထိုသို့ပြောပြီးနောက် ချီမုကော အမိန့်ပေးလိုက်သည်။

“ရှာကြစမ်း။ လိုအပ်ရင် မြေကြီးကို သုံးပေအနက်တူးကြည့်လိုက်။ အောက်မှာ မြေအောက်ခန်းတွေ လျှို့ဝှက်အခန်းတွေ ရှိနေလား သိရအောင်”

‘ဟုတ်ကဲ့”

ချီမုကော၏အမိန့်ဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်စစ်သည်များသည် တူရွင်းများဖြင့် ပန်းပဲရုံကို စတင် တူးကြတော့သည်။

စွင်းထျဲချွေ့သည် နံရံများ အဖြိုခံရပြီး မြေလှန်ခံနေရသည့် သူ၏ခြံဝင်းကို ကြည့်လျက် မျက်လုံးအစုံမှာ သွေးနီရောင်သန်းလာသည်အထိ ဒေါသထွက်နေခဲ့သည်။ စွင်းထျဲချွေ့သည် ချန်ကျဲ့ကို စူးစူးရဲရဲ စိုက်ကြည့်လျက် ပြောသည်။

“ချန်ကျိုစစ် ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး”

ချန်ကျဲ့မှ တုံ့ပြန်ပြောဆိုသည်။

“ကျုပ်က တရားမျှတမှုကို အလေးအနက်ထားသူပါ။ ခင်ဗျားကို နည်းနည်းလေးမှ မကြောက်ပါဘူး”

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြကာ မည်သူမျှ နောက်ဆုတ်မပေးချေ။

ဤအခြင်းအရာကိုလည်း ချီမုကောသည် လေ့လာစောင့်ကြည့်ခဲ့ပါ၏။

ထိုမြင်ကွင်းကြောင့် ချီမုကောသည် စွင်းထျဲချွေ့မှာ အမှန်တကယ်ပင် မှားယွင်းစွပ်စွဲခံရခြင်းလောဟု ဇဝေဇဝါ ဖြစ်သွားရသည်။

အဲဒါဆို နန်ပါးထျန်းရဲ့လက်အောက်ငယ်သား ထွက်ပြေးသွားတဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ။ ဒါမှမဟုတ် နန်ပါးထျန်းနဲ့ စွင်းထျဲချွေ့တို့ ပူးပေါင်းပြီး စစ်လက်နက်ပစ္စည်းတွေကို ပြောင်းရွှေ့လိုက်တာများလား။

ချီမုကောမှာ အလွန် အကျပ်ရိုက်နေတော့သည်။ သို့သော် စွင်းမိသားစုပန်းပဲရုံတစ်ခုလုံးအား သေချာစေ့စပ်စွာ ရှာဖွေစစ်ဆေးပြီးသည့်တိုင် မြေကို သုံးပေအနက်တူး၍ မြေလှန်ရှာဖွေခြင်းအဆင့်သို့ ရောက်ရှိခဲ့သည့်တိုင် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

တကယ်ပဲ ဘာမြေအောက်ခန်းမှ မရှိတာလား။

လျှို့ဝှက်အခန်း မရှိခြင်းမှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။ လျှို့ဝှက်ခန်းတစ်ခန်းရှိပါသည်။ သို့သော် စွင်းထျဲချွေ့သည် လျှို့ဝှက်အခန်းဝင်ပေါက်ကို ကြိုတင်ပိတ်ဆို့ထားခဲ့သည်။ နတ်ဘုရားဆင်းလာပင်လျှင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ဤထောင်ချောက်ကို စွင်းထျဲချွေ့နှင့် ချန်ကျဲ့တို့ အတူပြင်ဆင်ထားခြင်း ဖြစ်သည်။ ဟာကွက်တစ်ခုခုရှိနေခဲ့ပါက အဘယ်သို့များ ဤသို့ ရဲတင်းစွာဖြင့် ချီမုကောကို အထဲဝင်ခွင့်ပြုရဲပါမည်နည်း။

မဖြစ်နိုင်ပါချေ။ ဟာကွက်မရှိသောကြောင့်သာ စွင်းထျဲချွေ့သည် သူတန်ဖိုးထားကွယ်ဝှက်ထားရသည့် ဤနေရာကို ချီမုကောအား ဝင်ခွင့်ပြုရဲခြင်း ဖြစ်သည်။ ယခုတွင် ချီမုကောမှ ပန်းပဲရုံတစ်ခုလုံးကို တစ်စစီ ဖြုတ်ပစ်လိုက်လျှင်ပင် ပြဿနာမရှိပါချေ။

All Chapters