အရှုပ်တော်ပုံ
Vol. 4 Ch. 320
ထျန်းမုန့်နတ်သမီးသည် တောင်တစ်တောင်ထက်တွင် ရပ်နေလေသည်။
သူမက ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ကူညီရန် ခရီး ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
သို့သော်…
အရံအတား တစ်ခုအထဲတွင် ပိတ်မိ နေခဲ့လေသည်။
အရံအတားကို ပြုလုပ်သူသည် အလွန် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်လေသည်။ အရံအတားထဲတွင် ပိတ်မိနေသည့် အချိန်တွင် သူမအနေဖြင့် လွတ်လမ်း မရှိတော့ ဟူ၍ပင် ထင်မြင်မိလေသည်။
သုံးရက်မြောက်သည့် နေ့တွင်မှ ထိုအရံအတား အတွင်းမှ သူမ ထွက်လာနိုင်ခဲ့လေသည်။
သူမကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် အတွက် သုံးရက်ဆိုသည့် အချိန်သည်မှာ ခဏလေးသာ ဖြစ်လေသည်။
သို့သော် သုံးရက်ဆိုသည့် အချိန်သည် အလွန်လည်း အရေးကြီးလေသည်။
ထို့ထက် ပိုပြီး ဆိုးဝါးသည့် အချက်မှာ သူမသည် အရံအတားထဲတွင် ပိတ်မိနေစဉ်တွင် သူမ၏ နှလုံးသားနှင့် ဝိညာဉ်သည် အမှောင်ချ ခံထားရပြီး သုံးရက်ကြာလို့ ကြာမှန်းပင် မသိလိုက်ရခြင်း ဖြစ်လေသည်။
သူမက လက်ချောင်းများကို ချိုးကာ ရေတွက် ကြည့်လိုက်သည်။
သူမအနေဖြင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို မကူညီနိုင်တော့ပေ။ ထို့ပြင် သူမနှင့် ရော့ရှီကြားမှ ဆက်သွယ်မှုသည်လည်း မရှိသလောက် မှေးမှိန် သွားပြီ ဖြစ်လေသည်။
သူမသည် စမ်းချောင်းလေး တစ်ခု၏ နံဘေးတွင် ရပ်နေပြီး စမ်းချောင်းထဲတွင် ထင်ဟပ်နေသည့် သူမ၏ ရုပ်သွင်ကို ကြည့်နေလေသည်။ သူမ၏ ပုံသဏ္ဌာန်သည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကအတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်လေသည်။
သူမက စမ်းချောင်းထဲတွင် မြင်နေရသည့် သူမ၏ ပုံရိပ်ကို ကြည့်ပြီး နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။
"နင်က ငါတို့ဂိုဏ်းကို သစ္စာဖောက်လို့ ဂိုဏ်းက အထုတ် ခံလိုက်ရပြီ မဟုတ်လား၊ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ငါ့ကို ဘာလို့ တားဆီးရတာလဲ"
"မင်းမှာ နတ်ဒေဝါ နှောင်ကြိုးနဲ့ ထိုက်စု နတ်ဘုရား ဓားဆိုတဲ့ မှော်ဝင် ပစ္စည်းနှစ်မျိုးတောင် ရှိတာပဲ၊ အဲဒီ ဆန်းလျန်ဆိုတဲ့ ကောင်လေးက နတ်ဘုရား တစ်ပါး ဖြစ်နေရင်တောင်မှ မင်းက သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်မှာပဲ"
ရေထဲတွင် လှိုင်းဂယက်ပေါင်း များစွာ ထသွားပြီး ယန်ရွှီး၏ ပုံရိပ် ပေါ်လာလေသည်။
ရေထဲမှ ယန်ရွှီး၏ ပုံရိပ်သည် သက်ပြင်း တစ်ချက် ချလိုက်ပြီး နောင်တ ရနေသည့် မျက်နှာထားမျိုးဖြင့် ထျန်းမုန့် နတ်သမီးကို ကြည့်နေလေသည်။
ထိုက်စု နတ်ဘုရား ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည် နန်းဆောင်သခင်မ ထျန်းမုန့် နတ်သမီးသည် ယန်ရွှီးကို တွေ့မြင် လိုက်ရသည့် အတွက် အံ့သြသွားခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူမ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အမှောင်ချနိုင်သူမှာ လောကတွင် ယန်ရွှီး တစ်ယောက်သာ ရှိလေသည်။
သူမ အံ့သြသည်မှာ ယခုအချိန်ကျမှ ယန်ရွှီး ရောက်လာပြီး သူမကို တားဆီးခဲ့ခြင်းကြောင့် ဖြစ်လေသည်။
"နင်ပြောတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီမှော်ဝင် ပစ္စည်းတွေက အရေးအကြောင်းရှိမှ မဖြစ်မနေသုံးရမယ့် ပစ္စည်းတွေပဲ၊ ဒါပေမဲ့ ဒီအချိန်မှာ နင်ဘာလို့ ငါ့ကို လာပြီး တားဆီးရတာလဲ၊ ငါနင့်ကို မုန်းတယ်ဆိုတာ နင်သိပါတယ်၊ ဒါပေမဲ့ နင်ကတော့ ငါ့ကိုမုန်းစရာ အကြောင်းမရှိဘူးလေ"
ထျန်းမုန့် နတ်သမီးက ပြန်ပြောလိုက်သည်။
"အဘိုးကြီး ငါ့ကိုပေးတဲ့ မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်မှာ အားနည်းချက် တစ်ခုရှိတယ်၊ သူက ငါ့ကို အဲဒါနဲ့ သွေးဆောင် ဖြားယောင်းခဲ့တာ၊ မင်းသိပါတယ်လေ၊ ကျုပ်ကို တခြား ဘယ်အရာနဲ့မှ သွေးဆောင် ဖြားယောင်းလို့ မရဘူးဆိုတာ"
ယန်ရွှီးသည် ရေထဲမှ ထွက်ပေါ်လာလေသည်။
သူ၏ ခန္ဓာကိုယ်သည် ဖန်သားကဲ့သို့ ကြည်လင်နေပြီး အနောက်ဘက်ဆီမှ ရှုခင်းများကိုပင် ဖောက်ထွင်း မြင်နေရလေသည်။
သူ့ကို ကြည့်ရသည်မှာ ဝိညာဉ်တစ်ခုနှင့် ဆင်တူလေသည်။ သို့သော် သူက ဝိညာဉ် တစ်ခုထက်ပိုပြီး လျှို့ဝှက် ဆန်းကြယ်သူ တစ်ယောက် ဖြစ်လေသည်။
ထျန်းမုန့် နတ်သမီးသည် ယန်ရွှီးကို သတိကြီးစွာ ထားနေရလေသည်။
သူမက ကျောတွင် လွယ်ထားသည့် ထိုက်စု နတ်ဘုရားဓားကို ဆွဲထုတ် လိုက်သည်။
ဓားသည် တိမ်ညိုများ အားလုံးကို လွင့်စဉ်သွားစေသည့် လရောင်ကဲ့သို့ လင်းလက် တောက်ပ နေလေသည်။
ဓားသွားသည် အလွန်မှ ထက်ရှ နေလေပြီး လောကတွင် ထိုက်စု နတ်ဘုရားဓားကို တားဆီးနိုင်သည့် အရာဟူ၍ မည်သည့် အရာမှ မရှိပေ။
ထိုက်စု နတ်ဘုရားဓားသည် ထူးခြား လွန်းသည့် မှော်ဝင် ပစ္စည်းတစ်ခု ဖြစ်လေသည်။
ထိုက်စု နတ်ဘုရား ဓားဖြင့်သာဆိုလျှင် ထျန်းမုန့် နတ်သမီးသည် နတ်ဘုရား တစ်ပါးကိုပင် တစ်ချက်တည်းဖြင့် ဒဏ်ရာ ရသွားအောင် တိုက်ခိုက်နိုင်သူ ဖြစ်လေသည်။
ထျန်းမုန့်နတ်သမီးသည် ထိုက်စု နတ်ဘုရားဓားဖြင့် ယန်ရွှီး၏ ခန္ဓာကိုယ်ကို ထိုးစိုက် ချလိုက်သည်။ ထိုအခါ ယန်ရွှီး၏ ခန္ဓာကိုယ်သည် ရေမှုံ ရေမွှားမွှားများ အဖြစ် တစ်စစီ ပြိုကွဲ သွားလေသည်။
သို့သော်…
ရေမှုံရေမွှားလေးများသည် ပြန်လည် ပေါင်းစည်း သွားပြီး ယန်ရွှီး၏ ပုံသဏ္ဌာန်ပြန်လည် ဖြစ်တည် လာလေသည်။ ယခင်ကထက်ပင် ပိုပြီး တောက်ပ ကြည်လင်နေသေးသည်။
ထျန်းမုန့်နတ်သမီးက နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း…
"လက်စသတ်တော့ နင်က မိုးကောင်းကင် နတ်မိစ္ဆာ ခန္ဓာရတဲ့ အထိ ကျင့်စဉ် အောင်မြင်သွားပြီကိုး"
သူမ၏ လေသံက ပုံမှန်ပင်ဖြစ်လေသည်။
သို့သော် သူမ၏ ရင်ထဲတွင်တော့ အံ့သြ တုန်လှုပ်မှုများနှင့် အတူ မယုံကြည်နိုင်ခြင်းများပါ ပြည့်နှက်နေလေသည်။
သူမက ယန်ရွှီးကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်လေသည်။
လေထဲတွင် ဓားဝှေ့ယမ်းသံများ ထွက်ပေါ်လာပြီး စမ်းချောင်းလေး တစ်ခုလုံးမှ ရေများမှာ ရေခဲအဖြစ်သို့ ကူးပြောင်း သွားလေသည်။
ဖန်သားအလား ကြည်လင်နေသည့် ယန်ရွှီး၏ ရုပ်ခန္ဓာမှာလည်း ရေခဲပန်းပုရုပ် တစ်ခုအလား အေးခဲ သွားလေတော့သည်။
သို့သော်… ထျန်းမုန့် နတ်သမီးကို ကြည့်နေသည့် ယန်ရွှီး၏ မျက်လုံးများသည် အကြင်နာ တရားများဖြင့် ပြည့်နေလေသည်။ သူ၏ နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးနေလေသည်။
ထျန်းမုန့် နတ်သမီးသည် ရင်ထဲတွင် ထိတ်လန့် တုန်လှုပ် လာမိလေသည်။
ထို့ကြောင့် အမြန်ဆုံး ထွက်ခွာသွားရန် ဆုံးဖြတ် လိုက်လေသည်။ သူမက လေထဲတွင် ကြည်လင်သည့် ရေအိုင်လေး တစ်ခုကို ဖန်ဆင်းလိုက်ပြီး ထိုရေအိုင်လေးမှ တစ်ဆင့် အမြန်ဆုံး ထွက်ပြေးရန် ဆုံးဖြတ် လိုက်လေသည်။
သူမဆီသို့ ယန်ရွှီး ရောက်လာခြင်းမှာ သူလုပ်ခဲ့သည့် အလုပ်အတွက် ဖြေရှင်းချက် ပေးရန် ရောက်လာခြင်း မဟုတ်ပေ။
သူမ၏ ထိုက်စု နတ်ဘုရားဓားနှင့် နတ်ဒေါဝ နှောင်ကြိုးကို အရယူရန် ရောက်လာခြင်း ဖြစ်လေသည်။ ထိုမှော်ဝင် ပစ္စည်းများသာ ယန်ရွှီး လက်ထဲသို့ ရောက်သွားပါက သူမအနေဖြင့် ယန်ရွှီးကို မည်သည့် နည်းနှင့်မျှ ထိန်းချုပ် နိုင်တော့မည် မဟုတ်ပေ။
ထျန်းမုန့် နတ်သမီးက လေထဲတွင် ဖန်ဆင်းထားသည့် ရေကန်လေးအတွင်းသို့ ခုန်ဝင် လိုက်လေသည်။
ရေခဲအရုပ်ဖြစ်နေသည့် ယန်ရွှီး၏ ပုံရိပ်ကတော့ တုတ်တုတ်မှ မလှုပ်ပေ။ သို့သော် ရေခဲအရုပ်ဆီမှ လူရိပ် တစ်ခု ပျံသန်း ထွက်ခွာလာလေသည်။
ထိုလူရိပ်မှာ ယန်ရွှီးပင် ဖြစ်လေသည်။
သူက ယနေ့တွင်တော့ ထိုက်စု နတ်ဘုရား ဓားကို မရ ရအောင် ယူမည် ဖြစ်လေသည်။
ထျန်းမုန့် နတ်သမီးသည် လေထဲမှ ရေကန်လေးထဲသို့ လျင်မြန်သည့် အရှိန်ဖြင့် ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မိုင်ထောင်ပေါင်းများစွာ အဝေးသို့ ရောက်ရှိ သွားလေသည်။
သို့သော် တစ်ခုခု မှားနေပြီဟု သူမစိတ်ထဲတွင် ခံစား လိုက်ရလေသည်။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အနက်ရောင် မီးခိုးများ အဆက်မပြတ် စီးဆင်းနေပြီး အနက်ရောင် မီးခိုးများ အလယ်တွင် သွေးနီရောင် အလင်းတန်း တစ်ခုကို မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်လေသည်။
သူမက ချက်ချင်းပင် နောက်သို့ ပြန်လှည့်ပြေး လေသည်။ သို့သော် အနောက်ဘက် တွင်လည်း အနက်ရောင် မီးခိုးငွေ့များနှင့် သွေးနီရောင် အလင်းတန်းတစ်ခုကို ထပ်မံ မြင်တွေ့ ရပြန်လေသည်။
အနက်ရောင် မီးခိုးငွေ့များနှင့် သွေးနီရောင် အလင်းတန်း ဆယ့်နှစ်ခုသည် သူမ ပတ်ပတ်လည်တွင် ဝန်းရံ ပိတ်ဆို့ ထားလေတော့သည်။
အနီရောင် အလင်းတန်း ဆယ့်နှစ်ခုသည် အလွန်သန်မာသည့် တန်ခိုးစွမ်းအား ဆယ့်နှစ်ခု ဖြစ်လေသည်။
ထိုတန်ခိုး စွမ်းအား ဆယ့်နှစ်ခု၏ ပိတ်ဆို့ထားခြင်းကို ခံရမည်ဆိုလျှင် နတ်ဘုရား တစ်ပါးပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထျန်းမုန့်နတ်သမီးမှာ အသက်ပင် မရှူနိုင် ဖြစ်နေရလေသည်။
တန်ခိုး စွမ်းအားဆယ့်နှစ်ခုကို ထိန်းချုပ်နေသူမှာ ယန်ရွှီးဖြစ်ကြောင်း ထျန်းမုန့်နတ်သမီး သိလိုက်သည်။ သို့သော် ထိုမျှ ရှေးကျပြီး အစွမ်းကြီးမားသည့် တန်ခိုးစွမ်းအား ဆယ့်နှစ်ခုကို ယန်ရွှီးသည် မည်သို့ ထိန်းချုပ်နိုင်သည်ကို နားမလည်နိုင် ဖြစ်နေရလေသည်။
သို့သော် သူမ နားလည်အောင် စဉ်းစားနိုင်ခွင့် မရှိတော့ပါ။ သူမ၏ ခန္ဓာကိုယ်သည် အနက်ရောင် မီးခိုးငွေ့များကြားထဲသို့ ကျရောက် သွားပြီ ဖြစ်လေသည်။
သူမက ထိုက်စု နတ်ဘုရားဓားဖြင့် အနက်ရောင် မီးခိုးငွေ့များကို ထိုးခုတ် တိုက်ခိုက် လိုက်သည်။ သို့သော် သွေးနီရောင် အလင်းတန်းများက သူမကို ထိုးဖောက်၍ မရအောင် ပိတ်ဆို့ထားလေသည်။
သူမက နတ်ဒေဝါ နှောင်ကြိုးကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်ရန် ကြိုးစား လိုက်ပြန်သည်။ သို့သော် အချည်းအနှီးသာ ဖြစ်ရလေသည်။
ထျန်းမုန့် နတ်သမီးကို ဝိုင်းထားသည့် တန်ခိုးစွမ်းအား ဆယ့်နှစ်ခုသည် နတ်ဘုရားများ မဟုတ်သလို နတ်မိစ္ဆာများလည်း မဟုတ်ကြပေ။ ထင်ယောင်ထင်မှား ပုံရိပ်ယောင်များလည်း ဖြစ်သလို အစစ်အမှန်လည်း ဖြစ်နေပြန်လေသည်။
ထိုတန်ခိုး စွမ်းအားများကို ထျန်းမုန့် နတ်သမီး၏ နတ်ဒေဝါ နှောင်ကြိုးက ထိန်းချုပ်ရန် မည်သို့မျှ မတတ်နိုင် ဖြစ်နေရလေသည်။
ထို့နောက်တွင်တော့….
ထိုက်စု နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းချုပ် ဖြစ်သူ ထျန်းမုန့် နတ်သမီး ထူးဆန်းစွာ ပျောက်ဆုံး သွားသည့် သတင်းသည် ကျင့်ကြံသူ လောကတွင် ပျံ့နှံ့ သွားလေသည်။ ထိုသတင်းသည် ဆန်းလျန် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်သွားသည့် သတင်းထက်ပင် ကျော်ကြား သွားလေသည်။
လောကီရေးရာများကို စိတ်မဝင်စားကြသည့် ထိုက်စုနတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား သုံးပါးသည်ပင် ထျန်းမုန့် နတ်သမီး ပျောက်ကွယ် သွားသည့် သတင်းကို ကြားရသည့် အတွက် တုန်လှုပ် သွားကြလေသည်။
အဘယ်ကြောင့် ဆိုသော် ထိုက်စုနတ်ဘုရားဓား၊ နတ်ဒေဝါ နှောင်ကြိုးနှင့် ထိုက်စု နတ်ဘုရား ဂိုဏ်းကို စောင့်ရှောက်သော ရတနာ တံဆိပ်တော်ပါ ထျန်းမုန့် နတ်သမီးနှင့် အတူ တစ်ခါတည်း ပျောက်ဆုံး သွားသောကြောင့် ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား သုံးပါးသည် ထိုကိစ္စကို စုံစမ်းရန် အတွက် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသို့ သွားရောက် ခဲ့ကြလေသည်။ သို့သော် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားငါးပါးမှာ တံခါးပိတ် ကျင့်ကြံနေကြသည့် အတွက် တွေ့ဆုံခွင့် မရရှိခဲ့ကြပေ။ နတ်ဘုရား ငါးပါးကိုယ်စား သူတို့ကို တာဝန်ယူ လက်ခံတွေ့ဆုံမည့် တပည့်တစ်ဦး တလေပင် ထိုက်ချန်းတောင်တွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား သုံးပါးသည် ဒေါသ အလွန်အမင်း ထွက်လေတော့သည်။ သူတို့က ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တပည့်နှင့် ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်၏ မင်္ဂလာ လက်ထပ်ပွဲ အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီဟု ကြေညာလိုက်ကြလေသည်။
ထျန်းမုန့် နတ်သမီးကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို ဖမ်းဆီး ပြန်ပေးဆွဲရဲသူသည် မည်သူ ဖြစ်ပါသနည်း။
ယန်ရွှီးသည် ထိုက်စု နတ်ဘုရားဓားနှင့် နတ်ဒေဝါ နှောင်ကြိုးကို ရရှိခဲ့သော်လည်း ထိုက်စု နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား သုံးပါးကိုတော့ ကြောက်ရွံ့လေသည်။ လောကကို ကျော်လွန်ပြီး မိုးကောင်းကင် နတ်ဘုရား တစ်ပါး မဖြစ်သေးသူ မည်သူမဆို ထိုက်စု နတ်ဘုရား ဂိုဏ်းမှ နတ်ဘုရား သုံးပါးကို ကြောက်ရွံ့ ကြမည်သာ ဖြစ်လေသည်။
အချန် လဝက်ခန့် ကြာသွားပြီ ဖြစ်လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်နေသည်ကို စတင် သတိ ပြုလာမိကြသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါးမှာ တစ်ပြိုင်နက်တည်း ပျောက်ကွယ် သွားကြခြင်းပင် ဖြစ်လေသည်။
ထိုသတင်းကို ကြားသည်နှင့် တံခါးပိတ် ကျင့်ကြံနေသည့် ယွိမင် နတ်ဘုရားသည် ဒေါသ ပေါက်ကွဲကာ သူကျင့်ကြံ အောင်မြင် သွားသည့် ကမ္ဘာ့ မှော်လက်နက် တန်ခိုးစွမ်းအားဖြင့် ထိုက်ချန်းတောင်မှ တောင်ထိပ် တစ်ခုကို ဖျက်ဆီး ပစ်လိုက်မိလေသည်။
သူ၏ ဒေါသကြောင့် သက်ရှိ သတ္တဝါများစွာမှာ အမှုန့် ဖြစ်သွားခဲ့ရပြီး သေကြေ ပျက်စီး ခဲ့ကြရလေသည်။
***