အခန်း (၁၁၆၉-၁၁၇၀)
Vol. 68 Ch. 1169-1170
အပိုင်း (၁၁၆၉)
ရင်ကွမ်း သေဆုံးမှုသည် တော်ဝင်ရင်အင်ပါယာ၏ တပ်တော် တစ်ခုလုံးကို တုန်လှုပ်စေရုံသာမက ချန်မြို့တော် ပြည်သူများကိုပါ တုန်လှုပ်သွားစေခဲ့သည်။ သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ရင်ကွမ်းက မည်မျှ စွမ်းအားကြီးလိုက်သနည်း။ ထို့အပြင် သူက ယုတ်မာကောက်ကျစ်၏။ ဤလောကမှာ လူဆိုးများ အသက်ရှည်သည်ဟူသော စကား ရှိသည် မဟုတ်ပါလား။
စွမ်းအားကြီးမားပြီး အသက်ရှူကျပ်လောက်အောင် ဖိအားပေးနိုင်သည့် ရင်ကွမ်း ကိုယ်တိုင်မှာပင် ကပ်ဘေး တစ်ခုကဲ့သို့ပင်။ တော်ဝင်ရန်အင်ပါယာမှလွဲ၍ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်တရက် သေဆုံးသွားရသနည်း။
ကြက်ကလေးတစ်ကောင်ကိုပင် ဖမ်းချုပ်နိုင်သည့် အင်အားမရှိသော ရှမ့်လန်က ရင်ဝူမင်ကို သတ်ခဲ့ရုံတင်မက၊ ယခုအခါ ရင်ကွမ်းကိုပါ သေသပ်လွန်းသည့် အစီအစဉ်များဖြင့် ထပ်မံလုပ်ကြံလိုက်ခြင်းမှာ အလွန်ပင် စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ရှမ့်လန်က ပိုမိုကြီးမားသည့် ကပ်ဘေးတစ်ခု ဖြစ်နေလေသည်လားဟု ထင်မှတ်စရာပင်။
သို့သော်လည်း လူအများအစိုးရိမ်ဆုံးဖြစ်သည့် ချန်မြို့တော်အတွင်း စစ်ပွဲကြီးဖြစ်ပွားခြင်းမျိုးတော့ မရှိခဲ့ပေ။ ထိုသို့ စစ်မဖြစ်ခဲ့သော်ငြား ရှမ့်လန်၏ မျက်နှာထားမှာ အေးစက်နေဆဲဖြစ်ပြီး ချန်မြို့တော်ပြည်သူများအပေါ် အလွန်မကျေမနပ် ဖြစ်နေခဲ့သည်။ သူက ၎င်းပြည်သူများကို ကြည့်ကာ တွေးလိုက်သည်။
‘မင်းတို့တွေ မျှော်လင့်ချက်တွေ ပြည့်နေတုန်းပဲလား။ ဒါက တော်ဝင်ချန်အင်ပါယာရဲ့ မြို့တော်ပဲ။ အလံ ပြောင်းသွားရင်တောင် မင်းတို့က ပထမတန်းစား နိုင်ငံသားတွေပဲလို့ ထင်နေတာလား။ ကျုပ် မင်းတို့ကို မထိရုံတင် မကဘူး၊ မင်းတို့ရဲ့နှလုံးသားကို ဝယ်ယူမယ်လို့ ထင်နေတာလား။ မင်းတို့ကို ပိုကောင်းအောင် ဆက်ဆံပေးမယ်လို့ ထင်နေတာလား။”
အိပ်မက် မမက်ကြနဲ့။ ကျုပ် မင်းတို့ကို သေချာပေါက် နှိပ်စက်မှာ။ မင်းတို့ ကျုပ်ကို တစ်နှစ်လောက် စိတ်မချမ်းသာအောင်လုပ်ရင် ကျုပ် မင်းတို့ကို ဆယ်နှစ်၊ နှစ်ဆယ်လောက် စိတ်မချမ်းသာအောင် လုပ်ပစ်မယ်။’
စစ်သည် သောင်းနှင့်ချီ၏ အကာအကွယ်အောက်တွင် ရှမ့်လန်သည် တော်ဝင်ချန်နန်းတော်ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွား၏။
ခုခံမည်လား။ မဖြစ်နိုင်ချေ။ တော်ဝင်ချန်နန်းတော် တံခါးများ ပွင့်နေသည်မှာ ကြာပြီဖြစ်ပြီး အတွင်းထဲတွင် လူများ ပြည့်နှက်စွာ ဒူးထောက်နေကြသည်။
ရှမ့်လန် ခေါင်းမော့ပြီး နန်းတော် တံခါးများကို ကြည့်လိုက်သည်။ ဤသည်မှာ တော်ဝင်ချန်နန်းတော်ထဲသို့ ဒုတိယအကြိမ် ဝင်ရောက်ခြင်း ဖြစ်သော်လည်း ခံစားချက် အနည်းငယ် ကွာခြားနေသည်။ ပြီးခဲ့သည့် တစ်ခေါက်တုန်းက သူက ဧည့်သည်အနေနှင့်ဖြစ်ပြီး ဤတစ်ခေါက်တွင်တော့ လုံးဝ အိမ်ရှင်အနေနှင့် ဖြစ်သည်။
သို့သော်ငြား သူသည် အထူးတလည် စိတ်လှုပ်ရှားမှု မပြခဲ့ပေ။ ရင်ကွမ်း သေဆုံးသွားချိန်တွင် ရှမ့်လန် အနည်းငယ် စိတ်လှုပ်ရှားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လောကတွင် ရန်သူမရှိသော အခြေအနေသို့ ခြေတစ်လှမ်း ပိုမို နီးစပ်သွားသောကြောင့်ပင်။ သို့သော်ငြား တော်ဝင်ချန်နန်းတော်ကို ပြန်လည် သိမ်းပိုက်လိုက်သည့်အခါတွင်မူ သူ သာမန်အတိုင်းသာ ခံစားခဲ့ရ၏။
သူ စိတ်မလှုပ်ရှားသော်လည်း နောက်မှလိုက်ပါလာသော အရာရှိများမှာမူ စိတ်လှုပ်ရှားလွန်းသောကြောင့် ငိုမတတ် ဖြစ်နေကြသည်။ တော်ဝင်ချန်နန်းတော်သည် ကျန်းမိသားစု ပိုင်ဆိုင်ခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိပြီ ဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ အတွင်း သူပုန်များနှင့် သစ္စာဖောက်များ လက်ထဲသို့ ကျရောက်ခဲ့ရသည်။ ယခု နောက်ဆုံးတွင် ကျန်းမိသားစု လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
အရှင်ရှမ့်လန်၏ လုပ်ငန်းတာဝန်သည် ကြီးကျယ်ခမ်းနားသော အချိန်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ချန်မြို့တော်နှင့် တော်ဝင်ချန်နန်းတော်ကို ပြန်လည်သိမ်းပိုက်ပြီးမှသာ သူသည် တော်ဝင်ချန်အင်ပါယာ၏ စစ်မှန်သော အင်ပါယာ ဖြစ်လာပေလိမ့်မည်။
ယခုအချိန်တွင် သူတို့သည် “အရှင် သက်တော်ရာကျော် ရှည်ပါစေ” ဟု အမှန်တကယ် အော်ဟစ်ချင် နေကြသည်။ ချန်မြို့တော်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ချန်နိုင်ငံသစ်၏ အခြားပြည်နယ်များတွင် ခုခံမှု ရှိတော့မည် မဟုတ်ပေ။ မကြာမီ ချန်နိုင်ငံသစ် တစ်ခုလုံး ရှမ့်လန် လက်ထဲသို့ လုံးဝ ကျရောက်တော့မည်။
တော်ဝင်ချန်အင်ပါယာ၏ နယ်မြေသည် စတုရန်းကီလိုမီတာ ၁.၅ သန်း သို့မဟုတ် ထိုထက်မက တိုးချဲ့လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်နိုင်ငံသည်လည်း ရင်ကလန်၏ လက်အောက်ခံ နိုင်ငံ ဖြစ်သောကြောင့်ပင်။ ယခု ရင်ကလန် ပျက်စီးသွားပြီ ဖြစ်သောကြောင့် ချင်နိုင်ငံကို ပြန်လည် သိမ်းပိုက်ရန်မှာ အချိန်မရွေး ဖြစ်နိုင်သည်။
ချန်နိုင်ငံ၊ တာ့နန်နိုင်ငံ၊ ဝူ၊ ချောင်၊ ရွဲ့နှင့် ချင်တို့ အပါအဝင် တော်ဝင်ချန်အင်ပါယာ၏ စုစုပေါင်း နယ်မြေသည် ၄.၅ သန်း စတုရန်းကီလိုမီတာ ကျော်လွန်သွားပေလိမ့်မည်။ ဤသည်မှာ စွမ်းအားကြီးမားသော အင်ပါယာ တစ်ခု ပိုင်ဆိုင်သင့်သည့် နယ်မြေ အကျယ်အဝန်း ဖြစ်၏။
မြောက်ပိုင်း လူရိုင်းများနှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်စုများ အပါအဝင် အရှေ့ပိုင်းလောက တစ်ခုလုံးသည် စုစုပေါင်း ၁၆ သန်း စတုရန်းကီလိုမီတာကျော် ရှိသည်။ မြောက်ပိုင်း လူရိုင်းနယ်မြေများ မပါဝင်ပါက စတုရန်းကီလိုမီတာ ၁၄ သန်း သာ ရှိပြီး ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် သုံးပုံတစ်ပုံခန့် သိမ်းပိုက်ထားပြီး ဖြစ်သည်။ မည်မျှ ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်သနည်း။ တော်ဝင်ချန်အင်ပါယာအရာရှိများ အ နေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။” ရုတ်တရက် နန်းတော် အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ် လာသည်။
အသံသည် ကောင်းကင်ကို တုန်ခါသွားစေပြီး မင်းသားကျင်းနှင့် အခြားသူများကို လန့်ဖျပ်သွား စေ၏။
‘ဘာဖြစ်တာလဲ။ ကျုပ်တို့တောင် မအော်ရသေးဘူး၊ မင်းတို့ သူပုန်တွေနဲ့ သစ္စာဖောက်တွေက အရင် အော်နေကြပါလား။’
ရှမ့်လန် မော့ကြည့်လိုက်ချိန်မှာတော့ တော်ဝင်ချန်နန်းတော် အတွင်း၌ လူများ ပြည့်နှက်စွာ ဒူးထောက် နေကြသည်ကို တွေ့လိုက်ရသည်။ အရပ်ဖက်အရာရှိများကို တော်ဝင်ရင်အင်ပါယာ၏ ဝန်ကြီးချုပ်ဟောင်း ကျောက်လင်က ဦးဆောင်ပြီး စစ်ဖက်အရာရှိများကို စစ်ဖက်ရေးရာဌာန ဒုတိယဝန်ကြီးချုပ် လန်ဖူက ဦးဆောင်ထားသည်။
အရပ်ဖက်နှင့် စစ်ဖက် အရာရှိ ထောင်ပေါင်းများစွာ၊ မိန်းမစိုး ထောင်ပေါင်းများစွာနှင့် နန်းတွင်းအပျိုတော် ထောင်ပေါင်းများစွာ ရှိနေသည်။ သူတို့ အားလုံးသည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး “အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ” ဟု အော်ဟစ်နေကြသည်။ ထို့နောက် သူတို့အားလုံး မြေကြီးပေါ်တွင် ဝပ်တွားပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေကြ၏။
ရှမ့်လန် စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်သည်။ ‘မင်းတို့တွေ အညံ့ခံတာ တကယ် မြန်ဆန်တာပဲ။ တစ်ယောက်မှ မကျန်ဘူးလား။ ရင်ကလန် အတွက် အသက်ပေးမယ့်သူ တစ်ယောက်မှ မပါဘူးလား။ ပြီးတော့ ဟိုဝန်ကြီးချုပ် ကျောက်လင်၊ လွန်ခဲ့တဲ့ ၁၀ လလောက်က ခင်ဗျား အရမ်း မာနကြီးခဲ့တယ် မဟုတ်လား။ ခင်ဗျားရဲ့ အရာရှိဝတ်ရုံကို ချွတ်၊ ခေါင်းပေါ်က အရာရှိဦးထုပ်ကို ချွတ်ပြီး ချန်နိုင်ငံရဲ့ အရာရှိ မလုပ်ချင်တော့ဘူးလို့ ပြောခဲ့တယ်လေ။ ပြီးတော့ တော်ဝင်ရင်အင်ပါယာရဲ့ အရာရှိဝတ်ရုံကို လဲဝတ်ပြီး “အရှင် ရင်ကွမ်း သက်တော်ရာကျော် ရှည်ပါစေ” လို့ အော်ခဲ့တယ် မဟုတ်လား။’
ရှမ့်လန် သူတို့ကို အာရုံစိုက်လိုက်စဉ် သူတို့၏ အရာရှိဝတ်ရုံများနှင့် ဦးထုပ်များ အားလုံး ပြောင်းလဲ သွားကြောင်း တွေ့ရှိလိုက်ရသည်။ ယခင်က သူတို့သည် တော်ဝင်ရင်အင်ပါယာ၏ အရာရှိဝတ်ရုံများနှင့် ဦးထုပ်များကို ဝတ်ဆင်ထားကြသော်လည်း ယခုအခါ တော်ဝင်ချန်အင်ပါယာ၏ အရာရှိဝတ်ရုံများနှင့် ဦးထုပ်များကို ဝတ်ဆင်ထားကြ၏။
‘သောက်ကျိုးနည်း... တစ်ရက်တောင် မပြည့်သေးဘူး၊ ခင်ဗျားတို့ အဆင်သင့် ဖြစ်နေကြပြီလား။ အပ်ချုပ် သမားတွေ ဘယ်က ရှာလိုက်ကြတာလဲ။ ပြီးတော့ နန်းတော်ပေါ်က အလံလည်း လုံးဝ ပြောင်းလဲသွားပြီ။ တော်ဝင်ရင်အင်ပါယာရဲ့ အနက်နဲ့ အဝါရောင် နဂါးအလံကို မီးရှို့ပစ်လိုက်ပြီး တော်ဝင်ချန်အင်ပါယာ၏ ရွှေနဂါးအလံနှင့် အစားထိုးထားလိုက်ကြပြီ။ အံ့မခန်းပဲ၊ အံ့မခန်းပါပဲ။ ခင်ဗျားတို့ လှုပ်ရှားတာ တကယ် မြန်တာပဲ။ ဒီလောက် မြန်မြန်ဆန်ဆန် အညံ့ခံလိုက်တာ စိတ်ပိုင်းဆိုင်ရာ ဖိအား မရှိကြဘူးလား။’
ရှမ့်လန်၏ အကြည့်ကို ခံစားမိသကဲ့သို့ ချန်နိုင်ငံသစ် ဝန်ကြီးချုပ်ဟောင်း ကျောက်လင်သည် အသည်းအသန် ဦးတိုက်ပြီး ပြောလိုက်သည်။ “အရှင်... ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် သေဒဏ်ထိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ လက အရှင်ကို စော်ကားမိခဲ့တာ ကျုပ် အရမ်း နောင်တရပြီး အရမ်း နာကျင်ရပါတယ်။”
ထို့နောက် ဝန်ကြီးချုပ်သည် ဆက်တိုက် ဦးတိုက်နေတော့သည်။ မကြာမီ သူ၏ နဖူးတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သနားစရာ ကောင်းလှ၏။
ထို့နောက် စစ်ဖက်ရေးရာဌာန ဒုတိယဝန်ကြီး လန်ဖူသည် ဒူးထောက်ထွက်လာပြီး ဦးတိုက်ကာ ပြောလိုက်သည်။ “အရှင်... ကျုပ်လည်း မှားပါတယ်၊ ကျုပ်လည်း မှားပါတယ်။ လွန်ခဲ့တဲ့ ၁၀ လက ကျုပ်ဦးလေး လန်ရှစ်က အရှင်ကို စော်ကားခဲ့ပါတယ်၊ ဒါပေမဲ့ တူတစ်ယောက် အနေနဲ့ ကျုပ် သူ့ကို လုံးဝ မတားခဲ့ပါဘူး။ ကျုပ်လည်း သေဒဏ်ထိုက်ပါတယ်၊ သေဒဏ်ထိုက်ပါတယ်။ ဒီနေ့ကစပြီး ကျုပ်နဲ့ လန်ရှစ်ဟာ မိုးမစဲ မြေမစဲ ရန်သူတွေ ဖြစ်သွားပါပြီ။ ကျုပ် သဘောထား ကွဲပြားကြောင်း ကြေညာပါတယ်။”
တော်ဝင်ရင်အင်ပါယာ၏ စစ်ဖက်ရေးရာဌာန ဒုတိယဝန်ကြီး လန်ရှစ်သည် အပိုင်းပိုင်း ဆုတ်ဖြဲခံရပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ချန်နိုင်ငံသို့လာစဉ်က နောက်ဆုံး ဓားချက်ကို ခံယူပြီး သေဆုံးသွားခဲ့သည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ယခုတွင်မူ အရင်းနှီးဆုံး တူဖြစ်သူ လန်ဖူသည် သဘောထား ကွဲပြားကြောင်း ကြေညာရန် မစောင့်နိုင်တော့ပေ။
လန်ဖူ ဤသို့ပြောလိုက်ချိန်မှာတော့ စစ်ဖက်ရေးရာဌာန ဝန်ကြီးချုပ် ကျောက်လင်သည် ချက်ချင်း ဒေါသ ထွက်သွားသည်။ ‘လန်ဖူ... မင်း ဘာသဘောလဲ။ မင်း ဘာသဘောလဲ။ အညံ့ခံတဲ့ အရာရှိတွေကို အဆင့်ခွဲခြားနေတာလား။ အရှင် ရှမ့်လန်ကို စော်ကားခဲ့တဲ့ သူတွေကို ခွင့်မလွှတ်နိုင်တဲ့ အရာရှိတွေ အဖြစ် စာရင်းသွင်းနေတာလား။ အဲဒီတုန်းက လန်ရှစ်က ရှမ့်လန်ကို စော်ကားခဲ့လို့ နောက်ဆုံးမှာ အပိုင်းပိုင်း ဆုတ်ဖြဲခံခဲ့ရတယ်။ အခု ကျုပ် ကျောက်လင်လည်း အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မယ် ဆိုတဲ့ သဘောလား။’
သို့သော်ငြား ဤအချိန်တွင် ကျောက်လင် ငြင်းခုံရဲခြင်း မရှိပေ။ သူသည် အစွမ်းကုန် ဦးတိုက်နေရုံသာ ရှိသည်။ နဖူးမှတဆင့် မျက်နှာပေါ်သို့ သွေးများစီးကျလာပြီး လူသားနှင့်ပင် မတူတော့ပေ။ “ကျုပ် အပြစ်ရှိပါတယ်၊ ကျုပ် အပြစ်ရှိပါတယ်၊ ကျုပ် သေဒဏ်ထိုက်ပါတယ်။”
ရှမ့်လန်သည် ကျောက်လင်ကို ကြည့်လိုက်သည်။ ထို့နောက် လန်ဖူကို ကြည့်လိုက်ပြီး စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရှမ့်လန် ပြောလိုက်၏။ “လာကြစမ်း။ လန်ဖူကို ဆွဲထုတ်ပြီး ကွပ်မျက်လိုက်။”
ဤစကားထွက်လာသည်နှင့် စစ်ဖက်ရေးရာဌာန ဒုတိယဝန်ကြီးလန်ဖူသည် မြေကြီးပေါ်သို့ ချက်ချင်း လဲကျသွားပြီး အော်ဟစ်လိုက်သည်။ “အရှင်... ချမ်းသာပေးပါ၊ ချမ်းသာပေးပါ။ အဲဒီနေ့က ကျုပ် အရှင်ကို မစော်ကားခဲ့ပါဘူး၊ ကျောက်လင် စော်ကားခဲ့တာပါ၊ ကျုပ် မဟုတ်ပါဘူး၊ ကျုပ် မဟုတ်ပါဘူး။”
ခဏအကြာတွင် လန်ဖူကို တိုက်ရိုက် ဆွဲထုတ်သွားကြသည်။ သူသည်လည်း မဟာပညာရှင် အဆင့် ရှိသူ ဖြစ်သော်လည်း ယခုအချိန်တွင် ရုန်းကန်ရန် စိတ်ကူး လုံးဝ မရှိပေ။ သူသည် အသက်ချမ်းသာပေးရန်သာ အသည်းအသန် တောင်းပန်နေခဲ့သည်။ ဓားချက် အနည်းငယ်ဖြင့် ထိုသူ၏ ခန္ဓာကိုယ် အတွင်းရှိ အကြောများ အားလုံး ပြတ်တောက်သွားပြီး မသန်စွမ်း ဖြစ်သွားခဲ့ရသည်။ နောက်ပိုင်းတွင် ကျူးယောင်အတွက် အလုပ် ပေါ်လာပြီဖြစ်၏။
ဤအချိန်တွင် စစ်ဖက်ရေးရာဌာန ဝန်ကြီးချုပ် ကျောက်လင်သည် ကြောက်ရွံ့မှုကို မခံနိုင်တော့ဘဲ တိုက်ရိုက် သတိလစ်သွားပြီး မြေကြီးပေါ်တွင် တုန်ခါနေ၏။ ရှမ့်လန် ထိုသို့ကို တစ်ချက်မှပင် မကြည့်ဘဲ တော်ဝင်ချန်နန်းတော်ထဲသို့ တည့်တည့် ဝင်သွားလိုက်သည်။
တော်ဝင်ရင်အင်ပါယာမှ အညံ့ခံလာသော သောင်းနှင့်ချီသော အရာရှိများသည် မြေကြီးပေါ်တွင် လုံးဝ ဒူးထောက်နေကြပြီး မလှုပ်မယှက် နေနေကြသည်။ သူတို့သည် “အရှင် သက်တော်ရာကျော် ရှည်ပါစေ” ဟု အသည်းအသန် အော်ဟစ်နေကြသည်။ သူတို့သည် ထပ်ခါတလဲလဲ အော်ဟစ်နေကြပြီး နောက်ဆုံးတွင် ငိုသံများပင် ပါလာ၏။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
စစ်ဖက်ရေးရာဌာန ဝန်ကြီးချုပ် ကျောက်လင် သတိပြန်ရလာပြီးနောက် မြေကြီးပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်သည်။ ခေါင်းနှင့် မျက်နှာပေါ်မှ သွေးများကိုပင် မသုတ်ရဲပေ။ သူသည် သောင်းနှင့်ချီသော လူအုပ်ကြီး နောက်မှ လိုက်ပါပြီး “အရှင် သက်တော်ရာကျော် ရှည်ပါစေ” ဟု အော်ဟစ်နေသည်။
နောက်ဆုံးတွင် သောင်းနှင့်ချီသော လူများသည် တိတ်ဆိတ်စွာ ငိုကြွေးနေကြသည်။ နာကျင်မှုနှင့် ဝမ်းနည်းမှုကြောင့်လား။ စိတ်လှုပ်ရှားမှုကြောင့်လား။
တစ်ခုမှ မဟုတ်ပေ။ ဤသည်မှာ အလွန်တရာ ရှုပ်ထွေးသော စိတ်ခံစားမှု တစ်မျိုး ဖြစ်သည်။ ရှုပ်ထွေးလွန်းသောကြောင့် ရှမ့်လန် တစ်ခါမှ မကြုံဖူးပေ။ တကယ်တော့ သူ နားလည်းမလည်ပေ။
…
ပင်မခန်းမထဲသို့ ဝင်ရောက်ပြီးနောက် မင်းသားကျင်း၊ နင်ချီနှင့် အခြားသူများ အားလုံး သေသပ်စွာ ဒူးထောက်ပြီး ဦးတိုက်က်လိုက်ကြသည်။ “ဘိုးဘေးတို့ရဲ့ အင်ပါယာကို ပြန်လည် သိမ်းပိုက်ပြီး ထာဝရ တည်တံ့မယ့် အောင်မြင်မှု ဖန်တီးနိုင်ခဲ့တဲ့အတွက် အရှင်ကို ဂုဏ်ပြုပါတယ်။”
ထို့နောက် တော်ဝင်ချန်အင်ပါယာမှ လိုက်ပါလာသော အရာရှိ ရာဂဏန်းသည်လည်း မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြသည်။ သူတို့၏ အသံများ တုန်ယင်နေပြီး ရှိုက်သံများပင် ပါဝင်နေသည်။ သူတို့အတွက် ချန်မြို့တော်ကို သိမ်းပိုက်ခြင်း၏ အဓိပ္ပာယ်မှာ အလွန် ကြီးမားလှ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကျင်း... အပြင်မှာ ဒူးထောက်နေတဲ့လူတွေကို ဘယ်လို ထင်လဲ။ သူတို့ အားလုံးကို သတ်ပစ်သင့်သလား။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း တုန်လှုပ်သွားကြ၏။
မင်းသားကျင်း၏ ဦးနှောက်သည် စကားပြောရန် ပြင်ဆင်နေမှုကို အလျင်အမြန် တားဆီးလိုက်သည်။
နင်ချီ ရှေ့သို့ ထွက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။ ကျုပ် အကြောင်းကို စဉ်းစားပေးပါ။ အဲဒီတုန်းက ကျုပ် အရမ်း မာနကြီးခဲ့တယ်။ အရှင်ကို စော်ကားဖို့ အသက်စွန့်ခဲ့ပြီး မရေမတွက်နိုင်အောင် ရန်သူအဖြစ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရှင်က ကျုပ်ကို အကြိမ်ကြိမ် အခွင့်အရေး ပေးခဲ့တယ်။ ဒါကြောင့် အခု အရှင် ရှေ့မှာ ဒူးထောက်နေနိုင်တာပါ။
အမှားလုပ်မိတဲ့ ကျုပ်တို့အရာရှိတွေဟာ နားမလည်နိုင်တဲ့ ကလေးတွေနဲ့ တူပါတယ်။ အရှင် ရိုက်နှက် ဆုံးမလို့ ရပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးပါ။ အရှင်... အရှင့်ရဲ့ စခန်းမှာ ကျုပ်ရဲ့သစ္စာရှိမှုက ဘာမှ မဟုတ်ပါဘူး။ ထိပ်တန်း တစ်သောင်း၊ တစ်သိန်း စာရင်းမှာတောင် မပါဝင်နိုင်ပါဘူး။”
နင်ချီ ဦးတိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ အရှင် အမိန့်ပေးတာနဲ့ သေရမယ်ဆိုရင်တောင် ကျုပ် တွန့်ဆုတ်မှာ မဟုတ်ပါဘူး။ အရှင်အတွက် အချိန်မရွေး သေပေးဖို့ အဆင်သင့်ပါပဲ။ ကျုပ်လို ခေါင်းမာပြီး မာနကြီးတဲ့ လူတောင် ပြုပြင်ပြောင်းလဲလို့ ရသေးတာပဲ။
ကျေးဇူးပြုပြီး ချန်နိုင်ငံက အပြစ်သားတွေကို အခွင့်အရေး ပေးလိုက်ပါ။ ကျန်းကလန်ကို သစ္စာဖောက်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ သတ်သင့်သူကို သတ်၊ ဒုက္ခိတ ဖြစ်အောင် လုပ်သင့်သူကို လုပ်၊ အလုပ်ကြမ်း စေခိုင်းသင့်သူကို စေခိုင်းသင့်ပါတယ်။
ဒါပေမဲ့ ချန်နိုင်ငံ တစ်ခုလုံးမှာ ပြုပြင်ပြောင်းလဲဖို့ နေရာ လုံးဝ မရှိတော့ဘူးလား။ နောက်ထပ် နှစ်နှစ် အတွင်း ဒီလူတွေက အရှင်အတွက် အသက်ပေးကြမှာ မဟုတ်ဘူးလား။ ရှိလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ အရှင်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။”
“အရာအားလုံးက အင်ပါယာရဲ့ ကျေးဇူးတော်ပါပဲ။ ကျုပ်တို့ တစ်သုတ်လောက်တော့ သတ်ကို သတ်ရမယ်။”
မင်းသားကျင်းက ပြောလိုက်၏။ “ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့ ဒီလူတွေကို အခွင့်အရေး ပေးသင့်တယ်လို့လည်း ကျုပ် ထင်တယ်။ ဟုတ်တယ်။ အရာအားလုံးကို အရှင် ဆုံးဖြတ်မှာပါ၊ ကျုပ် အပြည့်အဝ နာခံပါ့မယ်။”
ထိုအချိန်တွင် ရွှယ်ရင်၏ အသံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ “အရှင်... စေတီတောင် သံတမန် ဝူကျွယ် ဝင်ခွင့်တောင်းနေပါတယ်။”
‘သူ ဒီလောက် မြန်မြန် ရောက်လာတာလား။ သူ ဘာလုပ်ချင်တာလဲ။’
“ဝင်ခွင့်ပြုလိုက်။” ရှမ့်လန်က ပြောလိုက်၏။
ခဏအကြာတွင် စေတီတောင်မှ ဝူကျွယ် ဝင်လာပြီး သေသပ်စွာ ဒူးထောက်ကာ ဦးတိုက်လိုက်သည်။ “အရှင်ရဲ့ ကျေးကျွန် ဝူကျွယ်က အရှင်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”
“… …”
ရှမ့်လန် ကြောင်အသွားခဲ့သည်။ စေတီတောင်မှ ဝူကျွယ်က ဤကဲ့သို့ တုံ့ပြန်မှုမျိုး ရှိလိမ့်မယ်လို့ ထင်မှတ် မထားခဲ့ချေ။ ရှမ့်လန် အလျင်အမြန် လျှောက်သွားပြီး ဝူကျွယ်ကို ထူလိုက်၏။ “အစ်ကိုကြီး ... ဘာလို့ ဒီလောက်တောင် ရိုသေနေရတာလဲ။ ဒါက များလွန်းတယ်။”
သို့ပေမည့် သူ ဆွဲမထူခဲ့ချေ။
ဝူကျွယ်က မြေကြီးပေါ်မှာ ဒူးထောက်နေဆဲဖြစ်သည်။
“အရင်တုန်းက ကျုပ် မာနကြီးပြီး မိုက်မဲခဲ့ပါတယ်။ အရှင်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ နောက်နောင် ညီလေးလို့ ဘယ်တော့မှ မခေါ်တော့ပါဘူး။” ဝူကျွယ်က ရိုသေစွာ ပြောလိုက်၏။
အပိုင်း (၁၁၇၀)
ရှမ့်လန်က ပြောလိုက်သည်။ “တစ်နေ့တာ ညီအစ်ကို ဖြစ်ရင် တစ်သက်လုံး ညီအစ်ကိုပဲ။ အဲဒီတုန်းက ကျုပ်တို့ သွေးသောက်ညီအစ်ကို ဖွဲ့ခဲ့ကြတာလေ။ အစ်ကိုကြီး ဝူကျွယ်... မေ့သွားပြီလား။”
ထိုစဉ်က ရှမ့်လန်သည် ဗလာသွေးမျိုးဆက်ကို ပြုပြင်ပြောင်းလဲကာ စွမ်းအားကြီးမားလှသည့် နိဗ္ဗာန တပ်တော်ကို တည်ထောင်ခဲ့သည်။ ဤလုပ်ရပ်သည် စေတီတောင်၏အကျိုးစီးပွားကို တိုက်ရိုက် ထိပါးစေခဲ့သဖြင့် ဝူကျွယ်ကိုယ်တိုင် လာရောက်ကာ သတိပေးခဲ့ရသည်။ သို့သော်လည်း ဝူကျွယ်မှာ အမြဲပြုံးပြတတ်သော်လည်း စိတ်အတွင်း၌ ယုတ်မာသူတစ်ဦးဖြစ်ပြီး၊ မမျှော်လင့်ဘဲ သူတို့နှစ်ဦးမှာ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ သွေးသောက်ညီအစ်ကိုများ ဖြစ်သွားကြ၏။
ရှမ့်လန်၏ စကားကိုကြားပြီးနောက် ဝူကျွယ် မြေကြီးပေါ်တွင် ဒူးထောက်ပြီး ပြောလိုက်သည်။ “အရှင်... ကျေးဇူးပြုပြီး သွေးသောက်ညီအစ်ကိုဆိုတဲ့ စကားလုံးကို ဘယ်တော့မှ ထပ်မပြောပါနဲ့တော့။ မဟုတ်ရင် ကျုပ် ဒီလောကကြီးမှာ နေစရာ မျက်နှာ ရှိတော့မှာ မဟုတ်ပါဘူး။”
ထို့နောက် ဝူကျွယ်သည် မြေကြီးထဲတွင် အမြစ်တွယ်နေသကဲ့သို့ လုံးဝ ဆွဲထူ၍ မရတော့ပေ။
ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်ဝှေ့ယမ်းလိုက်၏။
မင်းသားကျင်းနှင့် အခြားသူများက ဦးညွှတ်ကာ ပြောလိုက်သည်။ “ခွင့်ပြုပါအုံး။”
ထို့နောက် ခန်းမထဲတွင် ချောင်ယောင်းအာ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ရှမ့်လန်သည် ဝူကျွယ်ကို ကြည့်လိုက်သည်။ သူသိသော လူအားလုံးအနက် ဤလူထက် ပိုမို ယုတ်မာကောက်ကျစ်သူ မရှိပေ။
ပြီးခဲ့သည့်အကြိမ်က ရင်ဝူချယ်သည် တပ်တော်ကိုဦးဆောင်ကာ နုရှောင့်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ရင်ဝူချယ် သေဆုံးသွားခဲ့ရပြီး၊ အကြီးအကဲဝူမှာမူ ရှမ့်လန်၏ ဓာတ်ခွဲခန်းထဲတွင် ရုပ်သေးရုပ် အဖြစ် ပြုလုပ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။ သို့သော်လည်း ဝူကျွယ်မှာမူ ယနေ့တိုင် အသက်ရှင်လျက် ရှိနေသေး၏။
လွန်ခဲ့သော နှစ်အနည်းငယ်မှ ယခုအချိန်အထိ ဝူကျွယ်သည် ရှမ့်လန်အပေါ် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ဆက်ဆံခဲ့သော်လည်း သူသည် ရှမ့်လန်ကို ရေတွက်၍မရနိုင်လောက်အောင် အကြိမ်ကြိမ် လှည့်စားခဲ့သူ ဖြစ်သည်။ သူသည် အမှန်တကယ်ပင် အဆိပ်ပြင်းသည့် မြွေတစ်ကောင်နှင့် တူသည်။
ရှမ့်လန်သည် တစ်ချိန်က ရင်ဝူမင်ကို အဆိပ်ပြင်းသောမြွေဟု ထင်မှတ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ရင်ဝူမင်က မြွေဘဝမှ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ရသည်။ သို့သော် ဝူကျွယ်မှာမူ အစမှအဆုံးတိုင်အောင် အဆိပ်ပြင်းသည့် မြွေတစ်ကောင်အဖြစ်သာ တည်ရှိနေခဲ့သည်။ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် နက်နဲလှသဖြင့် ထိုသူကို နားလည်နိုင်ရန် အထူးပင် ဂရုစိုက် စောင့်ကြည့်ရမည်။
ရှမ့်လန်က မေးလိုက်၏။ “ဝူကျွယ်... ဘာကိစ္စလဲ။”
ဝူကျွယ် ဦးတိုက်ပြီး ပြောလိုက်သည်။ “အရှင်ရှမ့်လန်က စေတီတောင်နဲ့ လက်ထပ်ထိမ်းမြားခြင်းအားဖြင့် မင်းသမီး ရင်ရင်နဲ့ စေ့စပ်ခဲ့ဖူးပါတယ်။”
“ခင်ဗျား ဘယ်လို ထင်လဲ။”
ဝူကျွယ်က ပြောလိုက်၏။ “မင်းသမီး ရန်ယင်ယင်က ကျုပ်တို့ စေတီတောင်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။ ဒီရှုထောင့်က ကြည့်ရင် အရှင်ရှမ့်လန်က ကျုပ်ရဲ့ သခင်ပါ။”
“ပြီးတော့”
ဝူကျွယ်က ပြောလိုက်သည်။ “ကျုပ်တို့ စေတီတောင်က အရင်တုန်းက ချန်နိုင်ငံသစ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ အရှင် ရှမ့်လန်က တော်ဝင်ချန်အင်ပါယာရဲ့ တစ်ဦးတည်းသော အင်ပါယာဖြစ်တဲ့အတွက် ကျုပ်တို့ စေတီတောင်က အရှင့်ကို သစ္စာခံသင့်ပါတယ်။ ဒါကြောင့် ကျုပ်လည်း အရှင့်ရဲ့ လက်အောက်ငယ်သားပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ... လိုရင်းကို ပြောကြရအောင်။”
ဝူကျွယ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က မင်းသမီး ရန်ယင်ယင်ကို အရမ်း သတိရနေလို့ နုရှောင့်မြို့ကို သွားပြီး စေတီတောင်မှာ ရက်အနည်းငယ် လာနေဖို့ ပြန်ခေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုင်းပျတယ်လို့ ခံစားရတဲ့အတွက် ကျုပ် လာပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်တာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “အမျိုးသမီး တစ်ယောက် မိဘအိမ်ပြန်တာ သဘာဝပါပဲ။ စေ့စပ်ထားတဲ့သူ ဆိုရင် ပိုတောင် ပြောစရာ မလိုပါဘူး။ ယောက္ခမကြီးက သိပ်အားနာတတ်တာပဲ။”
ထို့နောက် ရှမ့်လန်က ပြောလိုက်သည်။ “တခြား ဘာကိစ္စ ရှိသေးလဲ။”
ဝူကျွယ်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၁၀ လကျော်က အရှင်နဲ့ စေတီတောင် လက်ထပ်ထိမ်းမြားခြင်းနဲ့ မဟာမိတ် ဖွဲ့ခဲ့ပါတယ်။ အရင်တုန်းက စေတီတောင်က ချန်နိုင်ငံသစ်နဲ့ ပူးပေါင်းမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ ဒီနေ့ကစပြီး စေတီတောင်က သီးခြား အင်အားစုတစ်ခု မဟုတ်တော့ပါဘူး။ အခု အရှင်က တော်ဝင်ချန် အင်ပါယာရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာပြီဆိုတော့ ပူးပေါင်းမှုက အကျုံးဝင်သေးလားလို့ မေးချင်ပါတယ်။”
သူ ဘာကို ဆိုလိုသနည်း။ ရင်ကွမ်း သေဆုံးသွားပြီး ရင်ကလန် ပျက်စီးသွားချိန်မှာတော့ ဂိုဏ်းချုပ်ရန်က တော်ဝင်ချန်အင်ပါယာနှင့် လုံးဝ ပူးပေါင်းပြီး တော်ဝင်ရန်အင်ပါယာကို တွန်းလှန်ချင်နေသည်လား။ သဘာဝလွန် အင်အားစုများက တကယ်ပဲ သဘာဝလွန် ဖြစ်နေသည်လား။
သို့ပေမည့် သဘာဝလွန် အင်အားစု အများစုက လုံးဝ သဘာဝလွန် မဖြစ်ချင်ကြချေ။ သူတို့က နယ်မြေ၊ အာဏာ၊ ပိုက်ဆံနှင့် အလှပဂေးများကို လိုချင်ကြသည်။ သို့ပေမည့် တော်ဝင်ရန်အင်ပါယာ ချမှတ်ထားသော စည်းမျဉ်းတွေက အရမ်း ရှင်းလင်း၏။ သဘာဝလွန် အင်အားစုများအနေနှင့် လောကီဘုရင်တွေကြား၌ ရှင်းလင်းသော ခွဲခြားမှု ရှိရမည်။ စည်းမကျော်ရပေ။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက လူတိုင်း ဤစည်းမျဉ်းကို လိုက်နာခဲ့ကြသည်။ သို့သော်ငြား ရှမ့်လန်၏ အထောက်အထား ပေါ်ပေါက်လာပြီးနောက် ဤစည်းမျဉ်းသည် လုံးဝ အသုံးမဝင်တော့ပေ။
သဘာဝလွန် အင်အားစုတစ်ခု အနေဖြင့် သန်မာချင်လျှင် လောကီဘုရင်များကို အားကိုးပြီး လူအင်အားနှင့် အရင်းအမြစ်များကို အကန့်အသတ်မရှိ ရယူရမည်။ ဘုရင်များအနေဖြင့် သန်မာချင်လျှင် သဘာဝလွန် အင်အားစု တစ်ခု၏ ထောက်ပံ့မှုကို ရယူရမည်။
အတိတ်က ချန်နိုင်ငံသစ်သည် အထူးတပ်ဖွဲ့များနှင့် ငရဲတပ်တော်ကြောင့် အားကောင်းလွန်းသည်ဟု ကျော်ကြားခဲ့သည်။ သို့သော်ငြား ဤအရာအားလုံးကို စေတီတောင်က မွေးမြူပေးထားခြင်း ဖြစ်သည်။ ချန်နိုင်ငံသစ် တစ်ခုလုံးသည် စေတီတောင် ပူးကပ်နေသော ခန္ဓာကိုယ်တစ်ခုနှင့် တူသည်။
ယခု စေတီတောင်က တော်ဝင်ချန်အင်ပါယာနှင့် ပူးပေါင်းချင်သည် ဆိုခြင်းမှာ အရင်းအမြစ်နှင့် လူအင်အား အကန့်အသတ်မရှိ လိုချင်နေသောကြောင့်လား။
ရှမ့်လန်က ပြောလိုက်၏။ “ဝူကျွယ်... 'နှစ်ခု တစ်သားတည်း' ဆိုတာ ဘာကို ဆိုလိုတာလဲ သိချင်တယ်။”
ဝူကျွယ်က ပြောလိုက်သည်။ “ဒီနေ့ကစပြီး စေတီတောင်ဟာ သီးခြား သဘာဝလွန်အင်အားစု မဟုတ်တော့ပါဘူး။ တော်ဝင်ချန်အင်ပါယာရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပါလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို စေတီတောင်က သစ္စာခံမှာလား၊ ပူးပေါင်းမှာလား။”
ဝူကျွယ်က ပြောလိုက်သည်။ “သစ္စာခံမှာပါ။”
‘ဟမ်.. စေတီတောင်က သစ္စာခံမယ် ဟုတ်လား။ ဂိုဏ်းချုပ်ရန်က သစ္စာခံမယ့်ပုံ ပေါက်လို့လား။’
ဝူကျွယ်က ပြောလိုက်၏။ “အရှင်လည်း အရင်က ပြောဖူးတယ် မဟုတ်လား။ စေတီတောင်နဲ့ ပူးပေါင်းတာက နှစ်ခုပေါင်းတဲ့ ၁ + ၁ = ၂ ထက် သေချာပေါက် ပိုကြီးမားတယ် ဆိုတာ။ ဒါပေမဲ့ အခု ကျုပ်တို့က ပူးပေါင်း ဆောင်ရွက်ရေး အကြောင်း ပြောနေတာ မဟုတ်ပါဘူး၊ ပေါင်းစည်းရေး အကြောင်း ပြောနေတာပါ။”
“စိတ်ဝင်စားစရာပဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဆက်ပြောပါ။”
ဝူကျွယ်က ပြောလိုက်၏။ “ကျုပ်တို့ စေတီတောင်မှာ တောင်ပင်လယ် ရှေးဟောင်း အပျက်အစီး တစ်ခု ရှိပါတယ်။ မဖွင့်ရသေးတဲ့ လျှို့ဝှက် ဓာတ်ခွဲခန်းတွေ၊ လျှို့ဝှက် လက်နက် ဂိုဒေါင်တွေ၊ လျှို့ဝှက် စာကြည့်တိုက်တွေ ရာနဲ့ချီ ရှိပါတယ်။ မရေမတွက်နိုင်တဲ့ ရှေးဟောင်း လက်နက် ကိရိယာတွေ၊ နဂါးနောင်တ အမြောက်အမြားတောင် ရှိပါသေးတယ်။”
ထိုအရာက တကယ် သွားရည်ယိုစရာ ကောင်း၏။ ရှမ့်လန်၏ နုရှောင့်မြို့သည် အင်အားကြီးမားလာပြီ ဖြစ်သည်။ အထူးသဖြင့် ခေတ်သစ်နည်းပညာနှင့် ရှေးဟောင်းယဉ်ကျေးမှုကို ပေါင်းစပ်ပြီးနောက် အံ့အားသင့်ဖွယ် ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား အစမှအဆုံး ရှမ့်လန်သည် စစ်မှန်သော ရှေးဟောင်း အပျက်အစီး တစ်ခုကိုမှ မဖွင့်ဖူးသေးပေ။ သူ၏ နုရှောင့်မြို့တွင် မဖြေရှင်းရသေးသော ပြဿနာများစွာ ရှိနေသေးသည်။
ယခင်က တောင်ပင်လယ် ရှေးဟောင်း အပျက်အစီးများတွင် ရှိစဉ်က လျှို့ဝှက် ဂိုဒေါင်များကို ဖွင့်ကြည့်ချိန်မှာတော့ နဂါးနောင်တ အမြောက်အမြားကို သူ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ ရှမ့်လန် အလိုအပ်ဆုံး အရာပင် ဖြစ်သည်။ နဂါးနောင်တ အမြောက်အမြား ရှိပါက ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာကို မဟာဗျူဟာမြောက် ဟန့်တားထားနိုင်ပေလိမ့်မည်။
ဝူကျွယ်က ပြောလိုက်၏။ “အခုချိန်ထိ ကျုပ်တို့ဆီမှာ အထူးစစ်သည်တော် သုံးထောင်ကျော်နဲ့ ငရဲစစ်သည် တစ်သိန်း ရှိပါသေးတယ်။ ဒါက စွမ်းအားကြီးမားတဲ့ အင်အားစု တစ်ခုပါပဲ။ ကျုပ်တို့ဆီမှာ နဂါးအရှိန်အဝါ ပစ်လွှတ်စင် ဆယ်ခုနဲ့ မရေမတွက်နိုင်တဲ့ ရှေးဟောင်း ကိရိယာတွေ ရှိပါတယ်။ စေတီတောင်မှာ အလိုအပ်ဆုံး ဖြစ်တဲ့ အိပ်မက်ဆိုးကျောက်တုံး အမြောက်အမြားလည်း ရှိပါသေးတယ်။”
‘သောက်ကျိုးနည်း...’ ဤအရာက ရှမ့်လန်ကို ပိုပြီး မက်မောစေ၏။ ဤစစ်ပွဲ တိုက်ရန်အတွက် နုရှောင့်မြို့က အိပ်မက်ဆိုးကျောက်တုံး အကုန်နီးပါး သုံးခဲ့ရသည်။
ဝူကျွယ်က ပြောလိုက်၏။ “အရှင်... ရင်ကွမ်း သေပြီ။ ရင်ကလန် တစ်ခုလုံး ပျက်စီးသွားပြီ။ အနည်းဆုံး လောကီ လောကမှာ အရှင်နဲ့ တော်ဝင်ရန်အင်ပါယာ ကြားမှာ ကြားခံနယ် မရှိတော့ပါဘူး။ အရှင့်အနေနဲ့ တော်ဝင်ရန်အင်ပါယာရဲ့ ဒေါသကို ရင်ဆိုင်ရပါလိမ့်မယ်။ တော်ဝင်ရန်အင်ပါယာရဲ့ မျက်လုံးထဲမှာ ကျုပ်တို့ စေတီတောင်ကလည်း ဆူးငြောင့်ခလုတ်ပါပဲ။ ကျုပ်တို့မှာ ဘုံရန်သူ ရှိနေတယ် မဟုတ်လား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ခင်ဗျားတို့ တောင်ပင်လယ် ရှေးဟောင်း အပျက်အစီးတွေကို စူးစမ်းရှာဖွေတာက ကြောက်စရာကောင်းလောက်အောင် နှေးကွေးတယ်။ ပျမ်းမျှအားဖြင့် လျှို့ဝှက် ဓာတ်ခွဲခန်း တစ်ခုဖွင့်ဖို့ နှစ်အနည်းငယ် ကြာတယ်။ ကျုပ်ဆီ သစ္စာခံရင် ကျုပ် ချက်ချင်း ဖွင့်ပေးနိုင်တယ်။
ပြီးတော့ ခင်ဗျားတို့ ရှေးဟောင်း စာကြည့်တိုက် ဖွင့်ပြီးရင် မရေမတွက်နိုင်တဲ့ ရှေးဟောင်း စာအုပ်တွေ ရနိုင်တယ်။ ပညာရှင် ထောင်ပေါင်းများစွာ အချိန်အကြာကြီး ဘာသာပြန်မှ ရမှာ၊ ကျုပ်ကတော့ အချိန်တိုအတွင်း အကုန် ဘာသာပြန်ပေးနိုင်တယ်။ ဒါကြောင့် ဂိုဏ်းချုပ်ရန် ဘာတွေတွေးနေလဲဆိုတာ ကျုပ် တကယ် စဉ်းစားလို့ မရဘူး။ ကျုပ်နဲ့ ပူးပေါင်းတာ ကြာနေသင့်ပြီ မဟုတ်လား။”
ဝူကျွယ် ပြုံးလိုက်၏။ “ဒီလိုပါ... အခွင့်အရေးလွတ်သွားလို့ ပူးပေါင်းဆောင်ရွက်မှုကနေ သစ္စာခံမှုအဖြစ် ပြောင်းလဲသွားတာပါ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်လို သစ္စာခံမှာလဲ။ ပြောပြစမ်းပါ။”
ဝူကျွယ်က ပြောလိုက်၏။ “အရှင်... ဒီကိစ္စက သိပ်ကြီးမားပါတယ်။ ပြီးတော့ အရှင်က ရင်ကွမ်းကို သတ်လိုက်တာ သိပ်ရုတ်တရက် ဆန်လွန်းတော့ ကျုပ်တို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာ မရှိပါဘူး။ ဒါကြောင့် အသေးစိတ် အချက်အလက်တွေကို ကျုပ် တကယ် မပြောပြနိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ ရှေးရိုးစွဲ နည်းလမ်းကြီးပေါ့။”
ရှမ့်လန် ကြောင်အသွားခဲ့သည်။ “ရှေးရိုးစွဲနည်းလမ်းကြီး ဟုတ်လား။”
ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ပုံစံ အမျိုးမျိုး ရှိ၏။ တချို့လောကများတွင် ရှေးရိုးစွဲနည်းလမ်းများက တော်ဝင် အာဏာထက် ပိုအစွမ်းထက်သည်။
ဝူကျွယ်က ပြောလိုက်သည်။ “အတိုချုပ်ပြောရရင် ကျုပ်တို့ စေတီတောင်က တော်ဝင်ချန်အင်ပါယာကို လုံးဝ သစ္စာခံပါမယ်။ ဒါပေမဲ့ စေတီတောင်သခင်က တော်ဝင်ချန်အင်ပါယာမှာ ဘယ်လိုရာထူးနဲ့ ဘွဲ့ထူးရမလဲ၊ တော်ဝင်ချန်အင်ပါယာမှာ စေတီတောင်ရဲ့နာမည်နဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သေချာဆွေးနွေးဖို့ လိုပါတယ်။”
ရှမ့်လန်က ထောက်ပြလိုက်၏။ “ဒီတစ်ခါ ရန်တန်ရှောင် တပ်ဆုတ်သွားတုန်းက နဂါးအရှိန်အဝါ ပစ်လွှတ်စင်နဲ့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို ယူသွားတယ်။”
ဝူကျွယ်က ပြန်ဖြေသည်။ “အရှင်... ခွင့်လွှတ်ပေးပါ။ ဒီပစ္စည်းတွေက စေတီတောင် ပိုင်တာပါ။ ကျုပ်တို့က ရင်ကွမ်းကို ငှားထားတာမို့လို့ ပြန်ယူသွားတာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ စေတီတောင်နဲ့ တော်ဝင်ချန်အင်ပါယာ ပေါင်းစည်းလိုက်တာနဲ့ အရှင်က အထွတ်အထိပ် ခေါင်းဆောင် ဖြစ်လာမှာပါ။
ဒီမဟာဗျူဟာမြောက် အရင်းအမြစ်တွေကို ပြန်လည် ခွဲဝေပေးဖို့ လိုပါလိမ့်မယ်။ ဥပမာအားဖြင့် ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို နုရှောင့်မြို့ဆီ ရွှေ့ပြောင်းဖို့ လိုပါလိမ့်မယ်။ အဲဒါက တော်ဝင်ချန် အင်ပါယာအတွက် အရေးအကြီးဆုံးပါပဲ။”
‘တော်ဝင်ချန်အင်ပါယာ ဟုတ်လား။’
ရှမ့်လန် ပြုံးကာ စကားထောက်ပေးလိုက်၏။ “ဒါဆိုရင်။”
ဝူကျွယ်က ဆက်ပြောသည်။ “ဒါဆိုရင် အရှင်အားတဲ့အချိန် ကျုပ်တို့ စေတီတောင် ဌာနချုပ်ကို အလည်လာဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် စေတီတောင်နဲ့ တော်ဝင်ချန်အင်ပါယာ ပေါင်းစည်းလိုက်တာနဲ့ စေတီတောင်က အရှင့်ပိုင် ဖြစ်သွားမှာပါ။ ဒါတင်မကသေးပါဘူး၊ တောင်ပိုင်းကျွန်းစု တစ်ခုလုံး၊ အနက်ရောင် ရဲတိုက်နဲ့ တောင်ပင်လယ်ဒေသက စေတီတောင်ရေတပ် အားလုံးလည်း တော်ဝင်ချန်အင်ပါယာပိုင် ဖြစ်သွားမှာပါ။”
နားထောင်ရသည်မှာ အလွန်ဆွဲဆောင်မှု ရှိသော်လည်း အဓိကအချက်မှာ ပထမဝါကျပင် ဖြစ်သည်။ ဝူကျွယ်က ရှမ့်လန်ကို စေတီတောင်ဆီ ဖိတ်ခေါ်နေခြင်း ဖြစ်၏။
ရှမ့်လန် ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်ရန်က ချန်မြို့တော်ကိုလာပြီး ကျုပ်ဆီ သစ္စာခံလို့ မရဘူးလား။”
ဝူကျွယ်က ဖြေ၏။ “ရပါတယ်။ ဒါပေမဲ့ သစ္စာခံတယ်ဆိုတာ ကိစ္စကြီးလေ။ စေတီတောင်က လူသိန်းချီ စိတ်မသက်မသာ ဖြစ်ကြမှာပဲ။ ဒါကြောင့် အရှင် လာလည်ရင် သူတို့ကို စိတ်အေးစေမှာပါ။ ဟုတ်ပါတယ်။ အရှင် အလုပ်များလွန်းရင် စေတီတောင်က စောင့်နိုင်ပါတယ်။”
ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နက်နက်နဲနဲ စဉ်းစားလိုက်သည်။ ရုတ်တရက် ရှမ့်လန် မေးလိုက်သည်။ “ဝူကျွယ်... ဒါ့အပြင် တခြား ပြောစရာ ရှိသေးလား။”
ဝူကျွယ် တိတ်ဆိတ်သွားသည်။ အခက်ခဲဆုံး စကားလုံးများကို ပြင်ဆင်နေသကဲ့သို့ ဖြစ်နေသည်။ အချိန်အတော်ကြာပြီးနောက် ဝူကျွယ် ပြောလိုက်၏။
“အရှင်... ကျုပ်တို့ သိကျွမ်းခဲ့တာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိပြီနော်။”
ရှမ့်လန်က ထောက်ခံလိုက်သည်။ “ဟုတ်တယ်... ရှစ်နှစ်နီးပါး ရှိပြီ။”
ဝူကျွယ်က ဆက်ပြော၏။ “ဒီရှစ်နှစ်အတွင်း အရှင် အံ့ဖွယ်အမှု ဘယ်နှစ်ကြိမ် ဖန်တီးခဲ့သလဲ။ ကျုပ်က သေချာပေါက် သက်သေတစ်ယောက်ပါ၊ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတောင် ဖြစ်ပါတယ်။ ဒီနှစ်တွေ အတောအတွင်း အရှင်ရှမ့်လန်ရဲ့ အံ့ဖွယ်အမှုတွေကို မြင်တွေ့ခဲ့သူ အားလုံးက သေရင်သေ၊ မသေရင် အရှင့်ကို သစ္စာရှိကြပါတယ်။”
ရှမ့်လန် ဘာမှမပြောပေ။
ဝူကျွယ်က ဆက်ပြောသည်။ “ဒါပေမဲ့ ကျုပ် မသေသေးပါဘူး။ ဒီနှစ်တွေ အတောအတွင်း ကျုပ် မကြုံစဖူး တုန်လှုပ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျုပ်မှာ အတွေးတချို့ ရှိလာတယ်။ အရမ်းနက်နဲတဲ့ အတွေးတချို့ပေါ့။”
ရှမ့်လန်က မေးလိုက်၏။ “ဘာတွေ တွေးနေတာလဲ။ ပြောပြစမ်းပါ။”
ဝူကျွယ်က ပြောသည်။ “ကံကြမ္မာပါ ... ကံကြမ္မာဆိုတာ ဆန့်ကျင်လို့မရတဲ့ အရာပါ။ နာခံသူတွေ ကြီးပွားပြီး ဆန့်ကျင်သူတွေ ပျက်စီးကြတယ်။ ဟုတ်တယ်။ အရှင်အနေနဲ့ တော်ဝင်ရန်အင်ပါယာဆိုတဲ့ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရအုံးမှာပါ။ ဒါပေမဲ့ အရှင်က နောက်ဆုံးမှာ အောင်ပွဲခံမယ်လို့ ကျုပ် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အရှင်က ရွေးချယ်ခံရသူ မို့လို့ပါ။
ဒါကြောင့် တခြားသူတွေ ဘယ်လိုထင်ထင် ကျုပ် ဂရုမစိုက်ပါဘူး။ ကျုပ် ဝူ ကတော့ အရှင်နဲ့ လုံးဝ ရန်သူ မဖြစ်ချင်ပါဘူး။ အရှင်ကို သစ္စာခံချင်ရုံ သက်သက်ပါ။ အသက်ရှင်ရုံတင်မကဘဲ အကျိုးပြုလုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်မှာပါ။”
ပြောပြီးနောက် ဝူကျွယ်သည် မြေကြီးပေါ်တွင် ဆက်လက် ဒူးထောက်နေပြီး မလှုပ်မယှက် နေနေ၏။
ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “ကောင်းပြီ။ ကျုပ် နားလည်ပြီ။”
ဝူကျွယ် ဦးတိုက်လိုက်သည်။ “ခွင့်ပြုပါအုံး။ ကျုပ် နောက်ရက်နည်းနည်းလောက် ချန်မြို့တော်မှာနေပြီး အရှင်ရဲ့ ဆင့်ခေါ်မှုကို စောင့်နေပါ့မယ်။ အရှင်က စေတီတောင်ကို စစ်ဆေးဖို့နဲ့ စေတီတောင်က တော်ဝင်ချန်အင်ပါယာကို သစ္စာခံမဲ့ကိစ္စ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်တာနဲ့ ကျုပ် စေတီတောင်ကို ချက်ချင်းပြန်ပြီး အရှင်ကို အမြင့်ဆုံးဂါရဝနဲ့ ကြိုဆိုဖို့ ပြင်ဆင်ပါ့မယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ ဝူကျွယ် ဦးတိုက်ပြီး တံခါးဝအထိ နောက်ဆုတ်သွားသည်။ ထို့နောက် သူ ထွက်ခွာသွား၏။
………