အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
(274)
လွန်ခဲ့သော လေးရက်ကအချိန်ကို သွားကြည့်ရပါက..စွန်ရဲအင်ပါယာလက်အောက်ခံတိုင်းပြည်ဖြစ်သည့် အဆင့်လေးအဆင့်ရှိသော ဖလော်လန်တိုင်းပြည်၏ နန်းတော်ထဲ၌"ဟား...ဟား.ဟားဟား ရယ်ရတယ်ဟ" ပလ္လ င်ပေါ်၌သရဖူဆောင်းထားသောလူကြီးသည် အသည်းသန်ရယ်မောနေလေ၏။သူ၏ရယ်မောသံနဲ့အတူသူ၏မှူးမတ်များကလည်း ရယ်မောနေကြ၏။သူတို့ရယ်မောနေကြရခြင်း၏အကြောင်းရင်းသည် သူတို့ဘုရင်လက်ထဲ၌ရှိနေသော စာရွက်တစ်ရွက်ကြောင့်ဖြစ်၏။ထိုစာရွက်သည် ရာဇသံပေးသော စာရွက်ဖြစ်ပြီး ဂရိတ်တိုင်းပြည်မှလာ၏။"ဒီကောင်တွေက သူတို့ကိုသူတို့ဘာထင်နေကြလဲမသိဘူး... ""အရှင်မင်းကြီးပြောတာ ဟုတ်ကြောင်းပါ သူတို့က သွေးလေခြောက်ခြားပြီး ဂယောင်ဂယမ်းတွေဖြစ်ပျက်ပြီးလုပ်မိရာလုပ်နေကြတာပါ"မှူးမတ်များကပြန်လည်လျှောက်၏။သူတို့ရယ်မောရခြင်းသည် သူတို့တိုင်းပြည်အား ဂရိတ်တိုင်းပြည်မှ ရာဇသံပေးလိုက်သော စာရွက်၌ပါသောအချက်များကြောင့်ဖြစ်၏။ထိုစာရွက်ကို ဖတ်ပြရပါလျှင် "ဖလော်လန်တိုင်းပြည်မှ ဘုရင်ကြီးသိစေရန်..သင်တို့သည် ဒီအမိန့်တော်စာရပြီးသုံးရက်အတွင်း စာပြန်ရမည်။သင်တို့ရွေးချယ်ရမည်မှာ နှစ်ခုရှိ၏။ပထမတစ်ခုသည် မိမိတိုင်းပြည်ကို အညံ့ခံ၍ နှစ်စဥ်အခွန်ဘဏ္ဍာများဆက်သရန်ဖြစ်၏။ပထမအချက်ငြင်းဆန်ပါက မိမိတို့သည်တိုက်ခိုက်ရမည်ဖြစ်၏။ပုံ..ဂရိတ်တိုင်းပြည်၏ဘုရင် ဂျိတ် "ဟုဆိုပြီး ဂရိတ်တိုင်းပြည်၏အမှတ်သားအဖြစ်လက်သီးပုံစံကြီး ပါရှိ၏။ထိုစာကြောင့် ဖလော်လန်တိုင်းပြည်မှ ဘုရင်ကြီးနဲ့မှူးမတ်များရယ်မောနေကြ၏။သူတို့အမြင်၌ ဂရိတ်တိုင်းပြည်သည် မိမိတို့နဲ့အဆင့်တူသောတိုင်းပြည်ဖြစ်ပြီး ယခုအခါ ကာကွယ်မှူကင်းမဲ့နေ၏။ စွန်ရဲအင်ပါယာလက်အောက်မှ မရှိတော့သောကြောင့် ကျန်သောဘေးပတ်လည်မှ တိုင်းပြည်များမှ ဂရိတ်တိုင်းပြည်ကိုမျက်စိကျနေ၏။ထို့ပြင် ဂိုဏ်းများကပါ ဂရိတ်တိုင်းပြည်ကိုရန်ဘက်အဖြစ်သတ်မှတ်ထားခြင်းဖြစ်၏။အကယ်၌လာရောက်တိုက်ခိုက်နိုင်သည်ထားပါဦး ဖလော်လန်တိုင်းပြည်သည် စွန်ရဲအင်ပါယာ၏လက်အောက်မှဖြစ်သောကြောင့် စွန်ရဲအင်ပါယာမှ စစ်ကူပေးမည်ဖြစ်၏။ထို့ကြောင့် မကြောက်ရွံကြခြင်းလည်းဖြစ်၏။ထိုသို့သော အန္တရာယ်ပတ်လည်ဝန်းရံနေသော တိုင်းပြည်သည် သူတို့နဲ့အနည်းငယ်ဝေးကွာသော မိမ်တို့ဖလော်လန်တိုင်းပြည်အား ရာဇသံကြေညာသည်တိုသည်က ရယ်စရာပင်ကောင်းနေသေးတော့၏။ထို့ကြောင့် ဂရိတ်တိုင်းပြည်၏ရာဇသံသည် သူတို့အတွက်ရယ်မောစရာဖြစ်နေ၏။ထို့ကြောင့် စာ၌ပါရှိသော စာပြန်ရန် ကို မလုပ်ကြတော့ပဲ မေ့လျော့လိုက်ကြကာ ကျန်သောကိစ္စများကိုသာဆွေးနွေးကြတော့၏။.................လက်ရှိအချိန်၌.... ဖလော်လန်တိုင်းပြည်၏ကောင်းကင်နယ်နမိတ်ထဲသို့ လေယာဥ်ပျံကြီးရှစ်စင်းဝင်ရောက်လာလေ၏။ထိုလေယာဥ်ကြီးရှစ်စင်းသည် အလွန်ကြီးမားသော်လည်းလေထုအမြင့်မှပျံသန်းလာသောကြောင့် ဘယ်သူမှသတိထားမိခြင်းမရှိပေ။ထိုလေယာဥ်ပျံများသည် ဖလော်လန်တိုင်းပြည်၏အမှတ်သုံးဟူသောဒေသ ထဲရောက်ရှိလာကြပြီလည်းဖြစ်၏။ဖလော်လန်တိုင်းပြည်သည် ဒေသကြီးငါးခုဖြင့် ဖွဲ့စည်းထားပြီး ဂရိတ်တိုင်းပြည်ထက် အနည်းငယ်သာကြီး၏။ဒေသများကို အမှတ်တစ်နှစ်စသည်ဖြင့် ပေးထားခြင်းဖြစ်ပြီး လက်ရှိလေယာဥ်များရောက်နေသောနေရာသည် အမှတ်သုံးဒေသထဲရောက်ရှိနေခြင်းဖြစ်၏။ အနည်းငယ်ပျံသန်းပြီးနောက် လေယာဥ်ပျံရှစ်စင်းသည် မိမိတို့သတ်မှတ်ထားသောလမ်းကြောင်းအတိုင်းခွဲခွာလိုက်ကြ၏။နှစ်စင်းစီဖြင့် လေးကြောင်းခွဲထွက်ပြီး ပျံသန်းလိုက်ကြ၏။ပျံသန်းပြီး အချိန်အနည်းငယ်ကြာသောအခါမှ ရပ်တန့်လိုက်ကြတော့၏။ဂရိတ်တိုင်းပြည်မှ ဖလော်လန်တိုင်းပြည်ရောက်ရန်အတွက်အချိန်နာရီအနည်းငယ်သာပေးလိုက်ရ၏။"ကဲ ငါတို့ရောက်တော့ပြီ အစောကပြောထားတဲ့အချက်တွေမှတ်မိလား""ဟုတ်"စစ်သည်တော်တိုင်းက ပြန်လည်ဖြေကြား၏။"ကောင်းပြီ ဒါဆို အစီအစဥ်အတိုင်း ဆောင်ရွက်ကြပါ အခုစထွက်တော့""ဟုတ်" အသံဆုံးသည်နဲ့ လေယာဥ်၏တံခါးပေါက်မှ စစ်သည်တော်များသည် ထွက်လာကြတော့၏။ထိုထွက်လာသော စစ်သည်များသည် လေယာဥ်စီးစဥ်၌ ချမှတ်ထားသောအစီစဥ်အတိုင်းမိမိတို့၏လုပ်ဆောင်ရမည့်အဖွဲ့နဲ့အတူတူ ထွက်ခွာသွားကြတော့၏။လေယာဥ်မှဆင်းလာသည်နဲ့ လေယာဥ်နှစ်စင်းမှထွက်လာကြသောစစ်သည်ငါးထောင်သည် လေယာဥ်မှထွက်ခွာပြီး လေယာဥ်နဲ့ဝေးလေ သေးငယ်သောစစ်သည်တော်အုပ်စုငယ်လေးများအဖြစ်သို့ ဖွဲ့စည်းရင်း ထွက်ခွာသွားတော့၏။စစ်သည်တော်တိုင်း၏သွားလာပုံသည် အလွန်တည်ငြိမ်ပြီးစနစ်ကျလှ၏။သူတို့လက်ထဲတွင်လည်း အေကေသေနတ်များကို ကိုင်ဆောင်ထားကြ၏။သွားနေရင်းနဲ့လည်းပတ်ဝန်းကျင်အခြေနေကို အကဲခတ်ကြည့်ရှုသွားသေး၏။ထိုအုပ်စုငယ်လေးများဖွဲ့စည်းခြင်းသည် စစ်ရေးအရအလွန်အရေးပါသည်လည်းဖြစ်၏။အကောင်ကြီးလေ မြင်သာ လွယ်၏ဟူသောစကားတိုင်း မမြင်ရစေရန် လုပ်ဆောင်ထားခြင်းဖြစ်၏။လက်ရှိအခြေနေ၌ ဂရိတ်တိုင်းပြည်၏စစ်သည်တော်များသည်ဖလော်လန်တိုင်းပြည်၏အမှတ်သုံးဒေသရှိမြို့ကြီးလေးမြို့အား တိုက်ခိုက်ရန်ကြံရွယ်ထား၏။ထိုမြို့လေးမြို့မှ ရွှေ၊ငွေများ၊ဒေသထွက်အဖိုးတန်ရတနာများ၊ကုန်များနဲ့ဒေသထွက်သတ္ထုတွင်းထွက်များသည် ဖလော်လန်တိုင်းပြည်၌အများဆုံးထွက်သောနေရာလည်းဖြစ်သောကြောင့်ဖြစ်၏။"ဂရိတ်တိုင်းပြည်ကကောင်တွေက စောက်ပေါပါကွာ ငါတို့ဘုရင်ကို ရာဇသံပေးတယ်ဆိုပါလား""အေးလို့ စောက်ရူးတွေက ဘယ်လိုညဏ်မမှီနေတာလဲ ငါလဲမပြောတတ်တော့ဘူး"အမှတ်သုံးဒေသ၌ရှိသော ဗီလီလန်မြို့၏ တောင်ဘက်ဂိတ်၏တံခါးကို စောင့်ကြပ်နေသော အစောင့်စစ်သည်တော်နှစ်ယောက်၏စကားဖြစ်၏။သူတို့သည် စကားပြောကောင်းနေပြီး မိမိပတ်ဝန်းကျင်ကိုသေသေချာချာအကဲခတ်ရန်ကြည့်ရှုရန် မေ့လျော့နေကြ၏။သူတို့ပြောဆိုနေသော ရန်သူများသည် သူတို့မသိနိုင်သောလမ်းကြောင်းမှတစ်ဆင့်ရောက်လာပြီး သူတို့ဒေသအတွင်း၌ပင် သွားလာနေကြသည်ကိုတော့ သူတို့မသိပေ။"ဒက်...ဒက်"စိတ်မြန်လက်မြန်ရှိလှသည့် ဂရိတ်စစ်သည်တော်က ပစ္စတိုသေနတ်ဖြင့် ထိုအစောင့်နှစ်ယောက်ကို ပစ်ချလိုက်တော့၏။"ပြောချင်အုံး ငလူးမသား"အနီးကပ်ဖြစ်သလို ရုတ်ခြည်းဆိုသလိုရောက်လာပြီး ပစ်ခတ်လိုက်သောကြောင့် ပစ္စတိုကျည်များက ဖလော်လန်စစ်သည်များ၏ခေါင်းထဲ ဝင်ရောက်သွားသောကြောင့် သေဆုံးသွားကြပြီဖြစ်၏။ "ဟိုကောင် စိတ်လျော့အစီစဥ်အတိုင်းသွားမယ်"ထိုအုပ်စုကို ခေါင်းဆောင်သော စစ်သည်မှသတိပေး၏။"ဟုတ် နော က်ဆင်ခြင်ပါ့မယ်"ပြောဆိုပြီးသည်နဲ့ မိမိတို့အစီစဥ်အတိုင်းဆက်လက်သွားလုပ်ဆောင်လိုက်ကြ၏။သူတို့အစီစဥ်အတိုင်း သူတို့စစ်သည်အုပ်စု၏တာဝန်မှာ တောင်ဘက်ဂိတ်မှစစ်သည်များကိုသတ်ဖြတ်ရန်ဖြစ်ပြီး ကျန်သောစစ်သည်အုပ်စုများသည်လည်း ကျန်သောဂိတ်တံခါးမှစစ်သည်များကို သုတ်သင်နေကြသလို တစ်ချို့သော စစ်သည်များကတော့ မြို့ထဲရှိအဓိကနေရာများကိုပင် တိုက်ခိုက်နေကြပြီဖြစ်၏။"ရန်သူဟေ့ ပြန်""ဒက်ဒက်""အင့်" ဖလော်လန်စစ်သည်များ၏စကားပင်မဆုံးလိုက်ကြရပေ။သူတို့ဦးခေါင်းထဲသို့ ဂရိတ်စစ်သည်များ၏ကျည်ဆံများကနေရာယူသွားတော့၏။စနစ်တကျလေ့ကျင့်လာသောကြောင့် ဂရိတ်စစ်သည်များသည် မြန်မြန်ဆန်ဆန်နဲ့တာဝန်ပြီးမြောက်လာရန်တဖြေးဖြေးနီးလာပြီလည်းဖြစ်၏။ရာဇသံကို ပေါ့သေးသေးမှတ်ကာ အထင်သေးခဲ့သော ဖလော်လန်တိုင်းပြည်သည် ယနေ့၌သူတို့အမှတ်သုံးဒေသ၌ရှိသော မြို့လေးမြို့သည် ဂရိတ်စစ်သည်များ၏တစ်ပြိုင်တည်းထွက်ပေါ်လာပြီး တိုက်ခိုက်မှုကို ခံနေကြရပြီလည်းဖြစ်၏။တိုက်ခိုက်ခံရသော မြို့လေးမြို့မှ ဖလော်လန်စစ်သည်များသည် ဂရိတ်တိုင်းပြည်စစ်သည်များကြောင့် မြန်မြန်ဆန်ဆန်ဖြင့် သေပွဲဝင်ကြတော့သည်ဖြစ်၏။
(275)
"တိုက်ကြ" "ဒိုင်း...ဒက်...ဒက်...ဒက်"သေနတ်သံများကား ဆူညံသွားကြ၏။ရုတ်ခြည်းဝင်ရောက်လာသော ဂရိတ်စစ်သည်များကြောင့် ဖလော်လန်စစ်သည်များသည် တော်တော်အထိခိုက်များစွာကျဆုံးကြရ၏။အစောပိုင်း၌ ဂရိတ်စစ်သည်များသည် လွယ်ကူစွာသတ်ဖြတ်နိုင်ခဲ့သော်လည်း ဖလော်လန်စစ်သည်များက သတိထားမိသောအခါ အကြီးကျယ်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ကြတော့၏။ထိုသို့ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားတိုင်းလည်း တိုက်ပွဲတစ်ပွဲသည် တစ်နာရီထက် မပိုပေ။ဂရိတ်စစ်သည်များဖက်မှသာအနိုင်ရရှိသည်ကြချည်းသာဖြစ်၏။ဂရိတ်စစ်သည်များ ဖလော်လန်တိုင်းပြည်၏အမှတ်သုံးဒေသရှိမြို့လေးမြို့ကို ရုတ်ခြည်းဝင်ရောက်တိုက်ခိုက်ပြီး နောက်နေ့တစ်ရက် မနက်ခင်း အချိန်9နာရီ၌....... ဗီလီလန်မြို့၏မြို့တော်ခန်းမထဲ၌......"သောက်ကောင်တွေ ငါတို့ကို သတ်ချင်သတ်လိုက်စမ်းပါ"."ခွေးမသားတွေ"ရုတ်ရင်းကြမ်းတမ်းသောစကားသံများက ကျယ်လောင်စွာထွက်ပေါ်လာနေ၏။ထိုစကားသံများထွက်ပေါ်လာသောအသံပိုင်ရှင်များသည် မြေပြင်ပေါ်၌ထိုင်နေကြ၏။ထိုသူများသည် မြေပြင်ပေါ်၌ ထိုင်နေရုံတင်သာမဟုတ် ကြိုးဖြင့်တင်းကျပ်စွာ ချည်နှောင်ထားခံရ၏။ကြိုးဖြင့်သာ တင်းကျပ်စွာချည်နှောင်ခံထားတင်မဟုတ်ပဲ သူတို့၏ချာက္က ရာသွေးကြောများကိုပါ ပိတ်ပင်ထားခံရကြ၏။ချာက္က ရာသွေးကြောပိတ်ပင်ခံထားရသောကြောင့် သူတို့သည်ချာက္က ရာစွမ်းအင်များထုတ်သုံး၍မရဖြစ်နေ၏။ထို့ကြောင့်လက်ရှိအခြေနေ၌ ဖလော်လန်စစ်သည်များသည်အလွယ်တကူသေနိုင်သော ငှက်ကလေးများသာသာ ဖြစ်၏။ "တကယ်သေချင်တာလား""ဒိန်း"ထိုသေနတ်သံထွက်ပေါ်လာသောအခါမှ အစောပိုင်း၌ဆူညံဆဲရေးတိုင်းထွာနေကြသော လူများ၏အသံများတိတ်သွားကြ၏။"စောက်ဖြစ်မရှိတဲ့ကောင်."သေနတ်သံပေးလိုက်သော ဂရိတ်စစ်သည်မှ ဖလော်လန်စစ်သည်များကို ပြောလိုက်၏။ဂရိတ်စစ်သည်၏ပုံစံသည် တကယ့်ပစ်သတ်မည့်ပုံစံရှိ၏။ထို့ကြောင့်လည်း ဖလော်လန်စစ်သည်များ ငြိမ်သက်သွားကြတော့၏။သေချင်သည်ဟုအခါခါပြောနေသော သူများသည်တကယ်တမ်း၌ သေရဲစိတ်မရှိသော၊သေရမည်ကိုကြောက်ကြသောသူများသာဖြစ်၏။ ထိုဖလော်လန်စစ်သည်များသည် လက်ရှိ၌ ဗီလီယန်မြို့၏မြို့တော်ခန်းမ၏ ကြမ်းပြင်၌ ကြိုးတုပ်ခံထားရသောအခြေနေဖြစ်၏။လက်ရှိ၌ ဖလော်လန်စစ်သည်နှစ်ရာမျှသာကြိုးတုပ်ခံထားရ၏။ကျန်သော စစ်သည်တော်များဆိုပါကဂရိတ်စစ်သည်တော်များ၏လက်ချက်ကြောင့် သေဆုံးကြပြီလည်းဖြစ်၏။သူတို့သည် သေမည်ကြောက်သောကြောင့် လက်နက်ချလိုက်ကြသော စစ်သည်များဖြစ်ပြီး လက်ရှိ၌အဖမ်းခံထားကြရ၏။လက်ရှိအခြေနေ၌ ဗီလီလန်မြို့ကို ဂရိတ်စစ်သည်များကသိမ်းပိုက်ထားပြီလည်းဖြစ်၏။ဂရိတ်စစ်သည်ငါးထောင်သည် ဗီလီလန်မြို့ကို အသေးစိတ်ရှာဖွေတိုက်ခိုက်ပြီးမှ သိမ်းပိုက်လိုက်ပြီလည်းဖြစ်၏။ထို့ကြောင့် ဗီလီလန်မြို့သည် ရုတ်ခြည်းဆိုသလို ကျဆုံးသွားပြီလည်းဖြစ်၏။ထိုမြို့တင်မက ကျန်သောမြို့သုံးမြို့သည်လည်းဂရိတ်တိုင်းပြည်၏လက်အောက်ထဲကျရောက်သွားပြီဖြစ်၏။ ကျန်သောမြို့သုံးမြို့မှ စစ်သည်များလည်း ခုခံသူမှန်သမျှသေဆုံးကြရ၏။ရုတ်ခြည်းတိုက်ခိုက်ခြင်း၊ခေတ်မှီသောစစ်တိုက်ခြင်းဗျူဟာကို အသုံးပြုကာ ခေတ်မှီလက်နက်များနဲ့တိုက်ခိုက်ခြင်း၊စည်းစနစ်ကျခြင်းတို့ကြောင့် မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်စေခဲ့၏။ထိုမြို့လေးမြို့သည်နှစ်ရက်တာဟူသော ကာလအတွင်း၌ လုံးဝစုန်းစုန်းကျရှုံးသွားကြရ၏။မြန်ဆန်သောအဖြစ်ပျက်များကြောင့် ထို မြို့လေးမြို့သည် စစ်ကူတောင်းချိန်ပင်မရှိလိုက်ပေ။အမှန်မှာ စစ်ကူတောင်းသော အခိုက်တန့်များရှိသေး၏။ထိုစစ်ကူတောင်းသော စာပို့ငှက်များကိုလည်းကောင်း၊စစ်သည်များကိုလည်းကောင်း မြို့အပြင်ဘက်၌ ရှိနေကြသော ဂရိတ်စစ်သည်ဖြစ်သော စနိုက်ပါသူရဲများက လွတ်ထွက်ခြင်းမရှိစေရန် တာဝန်ယူထားကြသောကြောင့်ဖြစ်၏။ထို့ကြောင့် ဖ လော်လန်စစ်သည်များ၏စစ်ကူတောင်းခြင်းသည် လုံးဝကျရှုံးသွားတော့သည်ဖြစ်၏။..............."သေချာလား ခင်ဗျာ..ဗျားတို့က"ထိုအသံပိုင်ရှင်သည် ဗီလီယန်မြို့၏မြို့စားကြီးဖြစ်၏။သူသည်သူ၏ရှေ့၌ရှိနေသော ဂရိတ်စစ်သည်များကိုကြည့်ကာသွေးပျက်နေ၏။သူ၏ဂုဏ်ယူရသော ဖလော်လန်စစ်သည်များသည် တစ်ရက်အတွင်း သေကုန်ကြသောကြောင့်ဖြစ်၏။သူ၏ရှေ့၌ရှိသော ဂရိတ်စစ်သည်တော်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟူခံစားမိ၏။ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးခွန်အား၊ဆန်းပြားသောလက်နက်များကို သူတစ်သက်၌တစ်ခါမှမမြင်ဖူးသောကြောင့်ဖြစ်၏။ဖြစ်ရပ်တစ်ခုဆိုလျှင် မြို့စားကြီး၏မျက်စိထဲမှပင် မထွက်ပေ။ထိုဖြစ်ရပ်ကား သူ၏အားကိုးရသော သက်တော်စောင့်က ဂရိတ်စစ်သည်တစ်ယောက်ကို ဓားဖြင့်ခုတ်ပိုင်းလိုက်၏။ထိုအခါ ဓားသည် ဂရိတ်စစ်သည်တော်ကို ပိုင်းဖြတ်နိုင်ခြင်းမရှိပဲ သူ၏ချပ်ဝတ်၌သာ တန့်နေ၏။ထိုဂရိတ်စစ်သည်တော်သည် သူ၏သက်တော်စောင့်အား သေနတ်ဖြင့် အသာလေးပြန်လည်ပစ်သွားခြင်းပင်ဖြစ်၏။ထိုအချိန်၌ သူ၏သက်တော်စောင့်မှ သေနတ်ကျည်ထုတ်ချင်းပေါက်ခံရပြီး သေရသည်ကိုအခုချိန်ထိ သူပြန်မြင်နေရဆဲဖြစ်၏။ထိုဖြစ်ရပ်ကြောင့် သူသည် ဂရိတ်စစ်သည်ကိုကြောက်လန့်နေဆဲဖြစ်၏။သူ၏ရှေ့၌ရှိနေသော ဂရိတ်စစ်သည်သည် လက်ရှိဗီလီယန်မြို့ကို တိုက်ခိုက်သော ဂရိတ်စစ်သည်များကိုခေါင်းဆောင်သော ခေါင်းဆောင်ဖြစ်၏။သူသည် သူရှေ့၌ရှိသော သုံပန်းဖြစ်နေသော မြို့စားနဲ့ ညှိနှိုင်းနေ၏။"မလိမ်ဘူး ဒီကိစ္စက သေချာတယ်လို့ရဲရဲကြီးအာမခံတယ် မယုံရင် ကျုပ်အဆင့်မတက်ပါစေနဲ့" ထိုကျိန်ချက်ကြောင့် ဗီလီလန်မြို့စားကြီး ယုံကြည်သွား၏။အဆင့်မတက်ပါနဲ့ဟူသော စကားကို လူတိုင်းကျိန်မပြောရဲသောကြောင့်ဖြစ်၏။ဂရိတ်စစ်သည်ခေါင်းဆောင်ပြောသည်ကရိုးရှင်း၏။ဒီမြို့မှာထွက်သော အဖိုးတန်ရတနာများကို ရှာဖွေစုဆောင်းပြီး မိမိတို့သတ်မှတ်ထားရာနေရာကို ပို့ထားရန်ဖြစ်၏။အချိန်အားဖြင့် တစ်ပတ်ပေးမည်ဖြစ်ပြီး ထိုကာလအတွင်း၌ထိုသို့လုပ်ဆောင်ပေးပါက အန္တရာယ်မပြုဟုဆိုထားခြင်းဖြစ်၏။ထိုရိုးရှင်းသောလုပ်ဆောင်ချက်ကြောင့် ဂရိတ်စစ်သည်၏ကျိန်ဆိုမှုကြောင့် လွယ်ကူစွာသဘောတူလိုက်၏။သဘောတူညီမှုပြီးသည်နဲ့ မြို့စားက သူ၏အမိန့်ကို မြို့တွင်းရှိပြည်သူများအား ထုတ်ပြန်လိုက်၏။ထိုအမိန့်ကြောင့် မြို့နေပြည်သူပြည်သားများသည် မိမိတို့မြို့မှ ထွက်သမျှသောအဖိုးတန်ပစ္စည်းများ သဘာဝထွက်များကို ရှာဖွေစုဆောင်း ကြပြီး သတ်မှတ်ထားသောနေရာသို့သွားရောက်ပို့ဆောင်ကြလေ၏။ထိုသို့လုပ်ဆောင်ကြသည်မှာ တစ်ပတ်တိုင်အောင်ပင်ဖြစ်၏။ထိုသို့သော တစ်ပတ်အတွင်း၌ ဂရိတ်စစ်သည်များကလည်းသူတို့၏ကတိအတိုင်း အန္တရာယ်ပြုခြင်းမရှိ ကင်းကွာအောင်နေထိုင်ကြ၏။သူတို့အား မကျေမနပ်၍ရန်ပြုသော ဗီလီလန်မြို့သားများရှိပါကလည်း သေနတ်သံပေး၍ကြောက်လန့်အောင်သာခြောက်၍ နှင်ထုတ်ရ၏။တစ်ပတ်ပြည့်သွားသောအခါ ဂရိတ်စစ်သည်များသည် မိမိတို့သိမ်းပိုက်ထားသော မြို့များမှ ပြန်လည်ပျောက်ကွယ်သွား၏။သူတို့ပြန်လည်ပျောက်ကွယ်သွားသည်နဲ့ ထိုမြို့မှလူများသည်လည်း ပြန်လည်လွတ်လပ်သွားကြတော့၏။ထိုအခါမှ မိမိတို့အဖြစ်ပျက်အကြောင်းကို ဖလော်လန်နန်းတော်ထဲသို့သတင်းပေးပို့လိုက်ကြတော့၏။ထိုအခါမှပင် သတင်းသည်နန်းတော်ထဲသို့ရောက်ရှိလေတော့၏။ ကျန်သောမြို့သုံးမြို့၌လည်း ထိုနည်းအတိုင်းဖြစ်ပွားခဲ့၏။ထိုသို့ဖြစ်သွားသည်ကို ဖလော်လန်တိုင်းပြည်မှ အကြီးကဲများသည် နောက်ထပ်သုံးပတ်ကြာသောအခါမှပင်သိရှိကြလေ၏။ထို့သို့သိသွားသောအခါတွင်လည်း အလွန်ပင်တုန်လှုပ်ခြောက်ခြားသွားကြတော့၏။ဂရိတ်တိုင်းပြည်သည် တကယ်တမ်း၌စနေခြင်းမဟုတ်ကြောင်း အမှန်ကန်လုပ်နေခြင်းဖြစ်ကြောင်းသိရသောအခါ စိုးရိမ်စိတ်များပေါ်ပေါက်ကာစစ်ကူတောင်းနေတော့သည်ဖြစ်၏။
(276)
"ငါတို့ဘယ်လိုလုပ်ကြမလဲ.."စိုးရိမ်သောအသံဖြင့်ဆိုလာသူက ဖလော်လန်တိုင်းပြည်၏ဘုရင်ကြီးပင်ဖြစ်၏။ဒီတစ်ခေါက်တော့ သူသည်ပြောင်လှောင်ခြင်းမရှိသလို ရယ်မောနိုင်ခြင်းလည်းမရှိတော့ပေ။ ခန်းမတစ်ခုလုံးထဲရှိ လူများကလည်း တိတ်ဆိတ်ငြိမ်သက်နေကြ၏။အရင်တစ်ခေါက်၌ ဝက်ဝက်ကွဲအောင်ရယ်မောကြသော်လည်း ယခုအခါ ဘယ်သူကမျှရယ်မောနိုင်ခြင်းမရှိတော့ပေ။ဂရိတ်တိုင်းပြည်မှ အမှန်ကန်လုပ်ဆောင်ပြသွားသောကြောင့်ဖြစ်၏။မိမိတို့တိုင်းပြည်၏အမှတ်သုံးဒေသမှ မြို့လေးမြို့သည် ဂရိတ်တိုင်းပြည်မှ တစ်ပတ်မျှသိမ်းပိုက်ပြီးရှိသမျှသော ရတနာများသဘာဝထွက်ပစ္စည်းများယူဆောင်သွားကြောင်း သူတို့သည်သတင်းရရှိခဲ့ကြ၏။သတင်းရရှိခြင်း၌ ထိုဖြစ်စဥ်သည် သုံးပတ်မျှပင်ကြာညောင်းခဲ့ပြီဖြစ်ကြောင်းနဲ့ သိမ်းပိုက်ခံရသောမြို့လေးမြို့သည် အတော်ပင်ထိခိုက်နစ်နာရကြောင်းကြားလိုက်ကြရ၏။ထိုသတင်းကြောင့် အတော်ပင် ကြားကြားခြင်း၌ တုန်လှုပ်ခြောက်ခြားသွားကြ၏။ ဘယ်လိုဖြစ်ပြီး မြို့လေးမြို့မှ အသိမ်းခံရသနည်း။စဥ်းစားမရဖြစ်နေကြ၏။ထို့ပြင် သတင်းမှာလည်းနောက်ကျနေပြန်သေး၏။အသိမ်းခံရသောမြို့လေးမြို့သည် ဖလော်လန်တိုင်းပြည်၏အတွင်း၌ ရှိနေသောကြောင့်ဖြစ်၏။ထိခိုက်နစ်နစ်မှာများမှာ စစ်သည်တော်များနဲ့ ထိမြို့လေးမြို့၌ရှိကုန်သော ရွှေငွေနဲ့မြို့ထွက်ပစ္စည်းများဖြစ်၏။ထိုမြို့လေးမြို့အသိမ်းခံရပြီး တစ်ပတ်စာမျှသောပစ္စည်းများပါသွားခြင်းကလည်း ဖလော်လန်တိုင်းပြည်ကို အကျပ်ရိုက်စေ၏။တိုင်းပြည်၏11%သော ဝင်ငွေပျောက်ကွယ်သွားရသည့်အပြင် အနစ်နာဆုံးသည်ကတော့ စစ်သည်များဖြစ်၏။မြို့လေးမြို့ပေါင်း၌အသက်ရှင်ကျန်သောစစ်သည်သည် တစ်ထောင်အောက်၌ဖြစ်ကြောင်း သိလိုက်ရလေ၏။ထိုဖြစ်ရပ်ကတော်တော်လေး ဖလော်လန်အားအရှိုက်ထိစေခဲ့၏။ဘယ်သူကမျှ ဘုရင်ကြီးအား ပြန်လည်မပြောရဲကြပေ။လူတိုင်း၏ပါးစပ်သည် အာစေးမိနေသည့်ပမာငြိမ်သက်နေ ကြ၏။အချိန်အတော်တန်ကြာမှ"စွန်ရဲအင်ပါယာကိုစစ်ကူတောင်းထားတာဘယ်လိုရှိလဲ"ဘုရင်ကြီးမှ စစ်သူကြီးအားမေးလိုက်၏။ထိုမေးလိုက်သောကြောင့် စစ်သူကြီးသည် ဆွံအသွားတော့၏။ထိုမေးခွန်းကိုဖြေရန် သူ့အတွက် ပြောစရာအဖြေမရှိနေပေ။("ဘာ..မင်းတို့တိုင်းပြည်က ဂရိတ်တိုင်းပြည်တိုက်တာခံရတယ်ဟုတ်လား... မဖြစ်နိုင်တာ မင်းတို့ရဲ့နယ်စပ်မြို့တွေတောင်ဘာမှမဖြစ်တာ မင်းတို့တိုင်းပြည်ထဲကမြို့တွေအသိမ်းခံရတယ်ဟုတ်လား...ရယ်ရတယ်နော်"ထိုစကားကို စွန်ရဲအင်ပါယာမှတပ်မှူးပြောခဲ့သည်ကို ထိုစစ်သူကြီးပြန်လည်တွေးမိသွား၏။သူပြောသည်ကလည်းဟုတ်မှန်နေသည်မဟုတ်ပါလား။ "အကူညီတောင်းလို့မရခဲ့ပါဘူး...ကျနော်ပြောတာကိုမယုံကြည်ဘူးဖြစ်နေတယ်"စစ်သူကြီး၏စကားက ခန်းမထဲ၌ မီးစကိုငြိမ်းသက်လိုက်သည့်ပမာပင်ဖြစ်၏။"ဒါဆိုရင်တော့ ငါတို့ဘာသာငါတို့လုပ်ဆောင်ကြရတာပေါ့ကွာ".......
ဂရိတ်တိုင်းပြည်၌"မဆိုးဘူး မင်းတော်တယ် ""မခံယူရဲပါဘူး အရှင်မင်းကြီး"တပ်လေးတပ်အားတာဝန်ယူပြီးအနိုင်ယူနိုင်ခဲ့သော စစ်သည်တော်မြူ့က ဂျိတ်အားဆိုလိုက်၏။သူသည် ဖလော်လန်တိုင်းပြည်ရှိ မြို့လေးမြို့အား တိုက်ခိုက်သိမ်းပိုက်ပြီး တစ်ပတ်အကြာ၌အောင်မြင်စွာဆုတ်စွာလာနိုင်သည့်အတွက် ဂျိတ်မှသူ့အား ဆုချီးမြင့်ခြင်းဖြစ်၏။ ဂျိတ်ချီးမြင့်သောဆုသည် သေတ္တာတစ်လုံးဖြစ်၏။ထိုသေတ္တာထဲ၌ မြူ့အလိုရှိနေသော လှုပ်ရှားမှုခြေလှမ်းသိုင်းကျမ်းပါရှိ၏။ထိုသိုင်းကျမ်းသည် အလွန်အဖိုးတန်သောကြောင့် မြူ့မှတရိုတသေကိုင်ကာ ဂျိတ်အားအရိုသေပြုပြီးမှ ပြန်သွား၏။ထိုတိုက်ပွဲသည် ဂရိတ်တိုင်းပြည်အတွက်ပထမဆုံးသောတခြားသောတိုင်းပြည်ကိုပြန်လည်တိုက်ခိုက်သိမ်းယူနိုင်သောစစ်ပွဲအဖြစ်လည်းမှတ်တမ်းတင်ခြင်းခံရပြီလည်းဖြစ်၏။ထိုတိုက်ပွဲ၌ ကျဆုံးမှုစာရင်းမရှိသည့်အပြင် အလတ်လတ်ထိခိုက်ဒဏ်ရာရသည်ကသာ အမြင့်ဆုံးဖြစ်ခဲ့ရာဂရိတ်စစ်တပ်သည်လုံးဝအားကောင်းလာနေပြီဟုလည်းဆိုနိုင်လေ၏။စစ်တိုက်ပြီးပြန်လာသော တပ်ရင်းများမှ တခြားသောတပ်ရင်းများအား သူတို့မည်သို့မည်ပုံတိုက်လိုက်ကြောင်း တ သီတန်းကြီးဖွဲ့နွဲ့ပြောကြ၏။ထိုသို့ပြောရာတွင်လည်း တစ်ရက်တည်းမဟုတ် တစ်ပတ်မျှဖြစ်၏။ထိုအခါ ကျန်နေသောတပ်ရင်းမှ စစ်သည်များမှ ဒေါသထွက်ကုန်ကြပြီး နောက်တစ်ခေါက်၌မိမိတို့တပ်ရင်းများအားစစ်တိုက်ရန်အတွက် ခွင့်ပြုပေးပါရန် တောင်းဆိုကြ၏။ဒါမှသာ မိမိတို့အားကြွားနေသောတပ်များမှလူများကို ပြန်လည်လက်တုံပြန်ပြောဆိုနိုင်မည်ဖြစ်၏။ထိုသို့သောစစ်တိုက်ရန်စိတ်အားထက်သန်နေသည်က ဂျိတ်ကိုအားတက်စေ၏။"သိုလှောင်သေတ္တာကြီး သတ်မှတ်တဲ့နေရာပြန်ထားမယ်"ထောက်ပို့တပ်မှ တပ်သားတစ်ဦးမှ အလုပ်သမားများကိုစေခိုင်းလိုက်၏။ထိုသေတ္တာကြီးများသည် ဖလော်လန်တိုင်းပြည်မှ ရရှိသမျှရတနာများကို စုပုံထည့်လာသော အရာဖြစ်၏။သိုလှောင်သေတ္တာကြီးလေးလုံးဖြင့် ဖလော်လန်ရှိမြို့ လေးမြို့မှ ရရသမျှအရာများကို ထည့်သွင်းသိမ်းဆည်းခဲ့သည်လည်းဖြစ်၏။ထိုသို့သိမ်းဆည်းပြီးမှသာ စစ်သည်တော်များနဲ့ သိုလှောင်သေတ္တာများကို လေယာဥ်ပျံဖြင့် ပြန်လည်သယ်ဆောင်လာကြသည်လည်းဖြစ်၏။ပြန်လည်သယ်ဆောင်လာပြီးမှ သိုလှောင်သေတ္တာကြီးလေးလုံးမှ ပြန်လည်ထုတ်ယူလိုက်ကြပြီး မိမိတို့တိုင်းပြည်အားတိုးတက်ရန် အတွက် ပြန်လည်အသုံးပြုလိုက်ကြ၏။မြို့လေးမြို့သိမ်းပြီးပြန်လာခြင်းသည် စစ်သည်တော်တို့၏အစွမ်းကို တိုးတက်စေရန် ဖလော်လန်တိုင်းပြည်အားခြောက်လှန့်ရန်နဲ့ဘဏ္ဍာရေးလိုငွေကိုပြည့်တင်းစေရန်ဖြစ်၏။ဂရိတ်တိုင်းပြည်၏ပိုင်နက်ဖြစ်သောမြို့လေးများ၌အခြေနေသည်တော်တော်ပင်ဆိုးဝါးနေ၏။ထိုမြို့ငယ်လေးများသည်ဂရိတ်တိုင်းပြည်၏နယ်နိမိတ်ထဲမရှိသော်လည်း ဂရိတ်တိုင်းပြည်၏အာဏာစက်သက်ရောက်ရာနယ်ပယ်ထဲ၌ဖြစ်ရာ ဂရိတ်တိုင်းပြည်၏မြို့ငယ်လေးများဟုပြော၍ရလေ၏။လက်ရှိ၌ထိုမြို့ငယ်လေးများသည် လုံးဝပျက်စီးနေပြီးအသက်ရှင်ကျန်ရစ်သူတို့မှာ ပြေးလွှားနေကြရ၏။ထိုအသက်ရှင်သူများသည် ဂရိတ်တိုင်းပြည်နယ်နိမိတ်မြို့ရှိရာအထိအပြေးလွှားလာကြရပြီး အကူညီတောင်းခံကြ၏။ထိုအခါ ဂရိတ်တိုင်းပြည်မှ စစ်ဆေးကြည့်ရာ ထိုသို့လုပ်ဆောင်သူများသည် ဂရိတ်တိုင်းပြည်အားဖျက်စီးရေးဟူသောအဖွဲ့မှဖြစ်ကြောင်း သိရှိလိုက်ရ၏။ထိုအဖွဲ့၌လူတန်းစားမျိုးစုံနဲ့လူဆိုးလူရမ်းကားများအများစုပါဝင်ကြောင်းတွေ့လိုက်ရ၏။ထိုအဖွဲ့သည် ဂရိတ်တိုင်းပြည်နဲ့ပတ်သက်သမျှသော မြို့များရွာများအား အတင်းအဓ္ဓမတိုက်ခိုက်ဖျက်စီးလုယူနေကြသည်လည်းဖြစ်၏။ လူသတ် ပစ္စည်းယူ အတင်းအဓ္ဓမကျင့်စသောအကျင့်ဆိုးများကို လုပ်ဆောင်နေကြ၏။ဂရိတ်တိုင်းပြည်ကိုဖျက်စီးရန်ဟူသောခေါင်းစဥ်အောက်၌ ထိုအဖွဲ့ကြီးသည်လုပ်ချင်တိုင်းလုပ်နေကြသည်ဖြစ်၏။ထိုကြောင့် ဂရိတ်တိုင်းပြည်၌ရှိသော တပ်မှုးများကစုဝေးဆွေးနွေးကာ ထိုသတင်းကို ဂျိတ်ထံသို့တင်ပြလိုက်၏။"အမြစ်ဖြုတ်ပစ်ပါ"ထိုအမိန့်က ဂျိတ်ထံမှကျလာ၏။ထိုအမိန့်ကြောင့် တပ်မှူးများပြုံးသွားကြ၏။လက်နက်သစ်များကို စမ်းရန်လက်တယားယားဖြစ်နေကြသည်မှာ ကြာနေပြီမဟုတ်ပါလား။ထိုအမိန့်ကြောင့် သူတို့အတွက် အခွင့်ရေးရလာပြီဖြစ်၏။ထို့ကြောင့်မြန်ဆန်စွာပင် လှုပ်ရှားလိုက်ကြတော့၏။