← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

(277)

ကျယ်လောင်လှသော စစ်ချီခရာသံကြောင့် ဂရိတ်တိုင်းပြည်၏ စစ်တပ်ရင်းများလှုပ်လှုပ်ရှားရှား ဖြစ် ကြ၏။ “ဒါကတော့ငါတို့အတွက်ပဲ ""ဟုတ်တယ် “ဂရိတ်စစ်သည်များသည် စစ်ပွဲဆာလောင်သောအမူရာဖြင့်တုံ့ပြန် လိုက်ကြ၏။ ဖလော်လန်တိုင်းပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီး အောင်ပွဲခံပြန်လာသော တပ်သားများကိုပြန်လည်ပြောဆိုနိုင်သောအချိန်အခါ ရောက် ရှိလာပြီဟုခံစားလိုက်ရသည်။ထို့ပြင်သူတို့အားလက်တုံ့ပြန်နိုင်ရန် အခွင့်အရေးလည်း ဖြစ်ခဲ့ လေ၏။ ဂရိတ်တိုင်းပြည်၏အချုပ်အခြာအာဏာကို ထိပါးလာသော သူကိုအမြစ်ပြုတ်သုတ်သင်ရန် ဂရိတ်စစ်သူကြီးများ၏ကိုယ်စားအတိုင်ပင်ခံပုဂ္ဂိုလ် ဖယ်မှ မတိုက်ခိုက်ရသေးသော တပ်ရင်းများကို ဦးစားပေးစေ၏။“ကဲ ရှင်းပြပေတော့ ”မြူ့သည် မိမိရှေ့၌ရှိသော လူကို ပြောကြားလိုက်၏။ ထိုလူသည် ဂရိတ်​ထောက်လှမ်းရေးတပ်မှ ဖြစ်ပြီး လက်ရှိ သူ၏တာဝန်အရ သူရရှိလာသောသတင်းများကို တပ်မှူးများအား တင်ပြမည်ဖြစ်သည်။“ကျနော်ရရှိလာတဲ့ သတင်း အရဆိုရင်”ထိုထောက်လှမ်း ရေး တပ်သားသည် သူသိသောသတင်းအချက်လက်များကိုထုတ်ပြော၏။ သင် ဂရိတ်တိုင်းပြည်ကိုဖျက်စီးသိမ်းပိုက်ရန် လုပ်ဆောင်သောအဖွဲ့တစ်ခုရှိကြောင်း၊ထိုအဖွဲ့ သည် လူပေါင်း ခြောက်သိန်းထိရှိကြောင်း လက်ရှိတွင်လည်း လူဦးရေသည်တိုးပွားနေကြောင်း ဖြစ်၏။စိတ်ဝင်စားစရာအကောင်းဆုံး အချက်မှာ ထိုအဖွဲ့ ၌ပါနေသော လူအများစုသည် စွန်ရဲအင်ပါယာဘက်လက်အောက်ခံတိုင်းပြည်များပြိုင်ပွဲ၌ ဂရိတ်တိုင်းပြည်ကို ရှုံး နိမ့်ခဲ့သောတိုင်းပြည်များ မှဖြစ်ကြောင်းပင်ဖြစ်၏။လက်ရှိ၌ထိုအဖွဲ့ဝင် ခြောက်သိန်း သည် ဂရိတ်တိုင်းပြည်ကိုဗဟိုပြုကာ ပတ်ပတ်လည်၌ရှိသော မြို့ရွာများကို ရန်ရှာဖျက်စီးလုယူနေကြသည်ဖြစ်၏။ထိုသို့သောမြို့ရွာကလေးများ ကုန် သွားသောအခါ ထိုအဖွဲ့သည် ဂရိတ်တိုင်းပြည်ကိုပါ တိုက်ခိုက်လာမည်ဖြစ်၏။ထိုအချိန်ထိ ဂရိတ်တိုင်းပြည်မှ စောင့်ဆိုင်းနေမည် မဟုတ်ပဲတိုက်ခိုက်တော့မည်ဖြစ်၏။ ရရှိသောသတင်းပေါ် အခြေခံဆွေးနွေးပြီး ချက်ချင်းပင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။ထိုဆုံးဖြတ်ချက်အရ မတိုက်ခိုက်ရသေးသောတပ်ရင်းများကိုရွေးချယ်စေ၏။ထိုသို့ ရွေးချယ်သောအခါ ထူးထူး ခြားခြားအနေနဲ့ လေတပ်ပါ ပါလာလေ၏။ ထိုအခါ ကြည်းတပ်မှစစ်သည်တော်များသည် မျက်နှာ ပင် မကောင်းကြတော့ပေ။အကြောင်းမှာ လေယာဉ်များ မည်မျှအထိ အစွမ်းထက်ကြောင်း သူတို့သိရှိ နေကြသောကြောင့်ဖြစ်၏။သို့သော်လည်း အထက်မှ အမြစ်ဖြုတ်သုတ်သင်နိုင်ရန်အတွက်ကြိုက်နှစ်သက်ရာ လက်နက်များကို အသုံးပြုခြင်းကို ခွင့်ပြု ပေးထား၏။ ထို့ကြောင့် ဂရိတ်စစ်သည်များအတွက် ခံစားရသက်သာစေ၏။“ ငါတော့ တော်တော်ကို လက်ယားနေပြီဂရိတ်စစ်သည်များသည် မိမိကို,ကြိုက်နှစ်သက်ရာ လက်နက်များ ကိုင်ဆောင်လိုက်ကြရင်းတိုက်ပွဲကို ဆာလောင်နေကြပြီဖြစ်သည်။“ ငါကောပဲ”နောက်ဆုံး၌ကြည်းတပ်ခြောက်တပ်နဲ့ လေယာဉ်နှစ်စင်းကိုရွေးချယ်လိုက်ကြလေ၏။ ထိုသို့ ရွေးချယ်ခံရသော တပ်များသည် ရွေးခံရပြီး နောက်တစ်နေ့၌ ထွက်တိုက်ကြရတော့မည်ဖြစ်သည်။.................နောက်နေ့သို့ရောက်သောအခါ…နောက်နေ့ရောက်သည်နဲ့ ဂရိတ်တိုင်းပြည်ရှိ စစ်စခန်းမှ အသံများထွက်ပေါ်လာ လေသည်။ထိုအသံများသည် ဂရိတ်အား ချေမှုန်းရေးဟူသော အဖွဲ့ကို တိုက်ခိုက်ရန်အတွက်ဖြစ်၏။တပ်ရင်းခြောက်ရင်း မှ ကားများထွက်ပေါ်လာ၏။ထိုကားများသည် သယ်ယူပို့ဆောင်ရေးကားများဖြစ်ပြီး ကားပေါ်၌စစ်သည်တော်များကို သယ်ဆောင်ကား၏။ ထိုကားများသည်ဂရိတ်တိုင်းပြည်အနှံ့ ကို ဆက်သွယ်ထား သော မကြာသေးမီကမှ ဖောက်လုပ်ပြီးစီးထားသော လမ်းများမှ မောင်းနှင်သွားကြ၏။ထိုလမ်းများသည် ယခုအခါ၌ အသုံးဝင်လာပြီဖြစ်၏။ မြင်းများအစား ကားများကိုအသုံးပြု၍ လမ်းများမှသွားလာခြင်းကြောင်းက ယခင်သွားနေချိန်ကိုလည်း လျော့ချနိုင်ခဲ့ပြီလည်းဖြစ်သည်။……f-22 တိုက်လေယာဉ်နှစ်စင်းကလည်း လေပေါ်သို့ ပျံတက်သွားပြီး တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားကြ၏။လေယာဥ်ဖြစ်စေကားဖြစ်စေ ယာဉ်ကိုယ်ထည်ပေါ်၌ ဂရိတ် တိုင်းပြည်အမှတ်သား ဖြစ်သော လက်သီးပုံကြီးကအထင်းသားပင်။ရုတ်တရက်ဆိုသလို ကားများနဲ့လေယာဉ်ကြောင့် ဂရိတ်တိုင်းပြည်သူပြည်သားများ အထိတ့်တလန့်ဖြစ်သွားကြ၏။နောက်မှအကြောင်းရင်း သိသောအခါတိုက်ပွဲ၌အောင်စေရန် ဆုတောင်းမေတ္တာများပို့သကြလေတော့၏။......ဂရိတ်တိုင်းပြည်၏အနီးနားသောမြို့တစ်မြို့၌"ဟားဟား ဟားဟား"“ ဂရိတ်တိုင်းပြည်က ကောင်တွေက တကယ်ကစောက်ကြောက်တွေပါကွာ “"ဟုတ်တယ် ဟုတ်တယ် ” ထိုစကားကို ပြောနေကြသူများကတော့ ဂရိတ်တိုင်းပြည်ကိုဖျက်စီးရန် ဖွဲ့ထားသောအဖွဲ့မှလူများဖြစ်၏။လက်ရှိ၌ သူတို့သည် မြို့လေးတစ်မြို့ကို သိမ်းပိုက်ထားပြီး ရှာဖွေတွေ့ရှိသမျှသော ရတနာများကိုသိမ်းပိုက်ထားကြပြီးပြီလည်းဖြစ်၏။"ဟင် ဟိုဟာက ဘာကြီးလဲ”သူပြောလိုက်သော နေရာသို့ဝိုင်းကြည့်သောအခါကောင်းကင်ယံ၌ အရာတစ်ခုက ပျံသန်းလာနေ၏။ ထိုအရာသည် သေမင်းဖြစ်ကြောင်း နောင်မှသိလိုက်ကြတော့၏။

(278)

f22တိုက်လေယာဥ်နှစ်စင်းအနက် တစ်စင်းသည် ထိုမြို့သို့ပျံသန်းလာခြင်းလည်းဖြစ်၏။ပျံသန်းခြင်းမပြုမီ၌ ထိုမြို့၌ရှိသော ဒေသခံလူဦးရေအခြေနေနဲ့ တခြားခြားသောအကြောင်းရာများကိုပါ လေ့လာခဲ့ပြီးပြီးလည်းဖြစ်သည်။("ပစ်မှတ်ကို တွေ့ရှိပါသည် ချေမှုန်းမည်") တိုက်လေယာဥ်မှ ဗုံးအသေးစားနှစ်လုံးကို ပစ်ချလိုက်၏။"ဝီ....ဝီ""ဘာကြီးကျလာတာလဲဟ"ထိုမြို့ကိုသိမ်းပိုက်ထားပြီးဟောင်ဖွာဟောင်ဖွာလုပ်နေသောဓားပြများက ဗုံးနှစ်လုံးကို ကြည့်ရှုနေကြ၏။ဗုံးနှစ်လုံးမှာ မြေပေါ်သို့ကျသည်နဲ့...."ဝုန်း"ကြီးမားလှသော ပေါက်ကွဲအားကြီးနှစ်ခု​ထွက်ပေါ်လာ၏။ထိုဗုံးနှစ်လုံးကျသောမြေပြင်သည် လုံးဝဖွာကျဲလန်ထွက်သွားတော့၏။ထိုဗုံးနဲ့ဝေးသောမြေပြင်သည်ပင် ငလျင်ကြောလှုပ်သလိုပင် တုန်ခါဟီးထွက်သွားရာ ဗုံးကျ၍ပေါက်ကွဲသောနေရာကိုတော့ ပြောစရာပင်မ​လိုတော့ပေ။"အသက်ရှင်သူမရှိ အောင်မြင်" တိုက်လေယာဥ်မှ အသက်ရှင်သူမရှိသည်ဆိုမှ ထိုမြို့မှဆက်လက်ထွက်ခွာသွားတော့၏။ထိုဖြစ်ရပ်ဖြစ်စဥ်သည် တကယ်တမ်းအားဖြင့် ငါးမိနစ်မျှသာကြာ၏။ထိုတိုက်လေယာဥ်ရောက်ရှိလာပြီး ခဏ၌ ဗုံးကျဲလိုက်၏။ထို့​နောက် ပေါက်ကွဲသည့်အချိန်ခေတ္တ ခဏစောင့်ဆိုင်းပြီး၌ အသက်ရှင်သူရှိမရှိစစ်ဆေးပြီးသောထွက်ခွာချိန်ကိုပါ ပေါင်း၍ထည့်ထွက်သွားခြင်းဖြစ်၏။ထိုနေရာမှထွက်ခွာသွားသည်နဲ့ နောက်ထပ်သောပစ်မှတ်နေရာထံသို့ ပျံသန်းသွားလိုက်၏။နောက်ထပ်သောပစ်မှတ်တည်နေရာသို့ရောက်ရှိသည်နဲ့ ဗုံးဖြင့်သော်လည်းကောင်းလေယာဥ်ကျည်ဆန်များဖြင့်လည်းကောင်း ပစ်ခတ်လိုက်၏။အမြစ်ဖြုတ်ဟုသောအမိန့်ကြောင့် သနားကြင်နာခြင်းအလျဥ်းမရှိ တစ်ခါတည်း စမုံတုန်းပစ်လိုက်တော့၏။တိုက်လေယာဥ်နှစ်စင်း၏အဓိက တာဝန်သည် ဂရိတ်တိုင်းပြည်နဲ့အတန်ငယ် ကွာဝေးသော သို့မဟုတ် မြေပြင် တပ်ရင်းမှ သွားလာရခက်ခဲသော သွားလာရန်ကြာသောနေရာများကို ဦးစားပေးအဓိကထား တိုက်ခိုက်ခြင်းလည်းဖြစ်၏။ထိုသို့တိုက်ခိုက်ခြင်းခံရသောနေရာတိုင်းသည် အကောင်းပကတိကျန်ရစ်ခြင်းမရှိသလို အသက်ရှင်ရန်ရာခိုင်နှုန်းလည်းလွန်စွာမှပင် နည်းပါးလေ၏။("လေယာဥ်ဖြင့် ချေမှုန်းပြီး3%.....လေယာဥ်ဖြင့် ချေမှုန်းပြီး6%.....လေယာဥ်ဖြင့်ချေမှုန်းပြီး10%....")ဂရိတ်တိုင်းပြည်၏တိုက်စစ်သည်လုံးဝမြန်ဆန်သည်ဟုဆိုနိုင်၏။တိုက်လေယာဥ်နှစ်စင်းနဲ့ပင် ဂရိတ်တိုင်းပြည်အားဖျက်စီးချေမှုန်းရေးအဖွဲ့သားများ၏အသက်ပေါင်းတစ်သိန်းကို တစ်ရက်အတွင်း မျိုးတုန်းဖျက်စီးပစ်လိုက်ပြီလည်းဖြစ်၏။................ ဂရိတ်တိုင်းပြည်နဲ့အနီးစပ်ဆုံးသော မြို့ငယ်လေးတစ်မြို့၏နေရာအနီး၌...."ကျွီ ...ကျွီ ...."ကားသံများရပ်တန့်သွားကြ၏။ထိုကားများရပ်တန့်သွားသည်နဲ့ ကားပေါ်မှ စစ်သည်တော်များ ဆင်းသက်လာကြ၏။ထိုစစ်သည်များသည် တပ်ရင်းခြောက်ရင်းမှ တစ်ရင်းတစ်ခုဖြစ်၏။"မြန်မြန်ပြင်ဆင်ကြစမ်း"ထိုအသံထွက်ပေါ်လာသည်နဲ့စစ်သည်တော်များ သည် ကားပေါ်မှ စက်ပစ္စည်းကိရိယာများကို မြေပြင်ပေါ်သို့ ချလိုက်ကြပြီးလျှင် စတင်တပ်ဆင်လိုက်ကြ၏။ထိုတပ်ဆင်မှုဖြစ်စဥ်သည် နာရီဝက်မျှကြာမြင့်၏။"ပြီးပါပြီ " ပြီးဆုံးသွားသောအခါ ထိုအရာသည် လက်နက်ကြီးစင်တစ်ခုဖြစ်လေ၏။ထိုလက်နက်ကြီး၌ လက်နက်ကျည်များထည့်ပြီးအဝေးမှနေ၍ရန်သူကို ကောင်းကောင်းကြီးပြသနာပေးနိုင်သောကြောင့် ယူလာကြခြင်းလည်းဖြစ်၏။တပ်ဆင်ပြီးသည်နဲ့ လက်နက်ကျည်ဖြည့်သူက ဖြည့်တည်နေရာချိန်သူကချိန်ပစ်သားဖြစ်၏။"ပစ်ကြ."ခေါင်းဆောင်ဖြစ်သူမှ အမိန့်ပေးလိုက်၏။"ဂျုန်း."အသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာလေ၏။ထိူအသံလားရာနေရာသည် ဂရိတ်တိုင်းပြည်ချေမှုန်းရေးအဖွဲ့ရှိသောနေရာများကို ဦးတည်ထားခြင်းပင်ဖြစ်၏။"ဂျုန်း""အောင်မလေးဗျ" အပစ်ခံရသော ဂရိတ်တိုင်းပြည်ချေမှုန်းရေးအဖွဲ့သားများကတော့ သာသာယာယာရှိနေရာမှ ချက်ချင်းပင်ငရဲတွင်းထဲရောက်ရှိသွားကြတော့၏။ဘယ်ကပစ်မှန်းမသိသော လက်နက်များကြောင့် ဘယ်သို့ရှောင်ရမှန်းမသိကြပဲ သေဆုံးကြရကုန်တော့၏။"ဒါလေး စမ်းချင်တာကြာပြီး"ဂရိတ်စစ်သည်တော်တစ်ယောက်က ပခုံးထမ်းလောင်ချာကြီးကိုထမ်းပြီးပစ်မှတ်ကိုချိန်ရင်း"ကျီ ""ဝုန်း"သူ၏ပခုံးထမ်း​လောင်ချာ၏ကျည်ကြောင့် ပစ်မှတ်ထားခံရသောနေရာသည်ကြီးမားပြင်းထန်မှုကြီးဖြစ်ပွားခဲ့သောအခါ ထိုစစ်သည်တော်သည် ထိုလက်နက်အား ပိုမိုသဘောကျသွားလာပြီဖြစ်၏။("ဂရိတ်တိုင်းပြည်ချေမှုန်းရေးအဖွဲ့အား ဖျက်စီးပြီး34%....36%")တဖြေးဖြေးဖြင့် ဂရိတ်တိုင်းပြည်စစ်သည်များသည် ဖျက်စီးတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်၏။ဒီထက်ပိုပြီးရိုးသားစွာပြောဆိုရပါက စစ်စင်သည်ကား ဂရိတ်တိုင်းပြည်ချေမှုန်းရေးအဖွဲ့သားများသည် ဂရိတ်တိုင်းပြည်စစ်သည်များ၏လက်နက်ဆန်းများအသုံးပြုခံရသောသော ပစ်မှတ်သားကောင်များဖြစ်သွားခဲ့ရခြင်းသာဖြစ်လေတော့၏။

(279)

"သောက်ဂွပဲဟေ့"ကျီးကန်းမှာ ပုခုံးထက်၌နားနေသည်မှ လန့်ဖြတ်ကာအတောင်များထခတ်ကုန်၏။ထိုလူကြီး၏မျက်နှာသည် အခြေနေမကောင်းပေ။ဒေါသစိတ်ကြောင့် သူ၏မျက်နှာကြီးသည် လုံးဝရှုံ့တွနေ၏။ထိုသို့ဖြစ်ရသည့်အကြောင်းမှာ သူ၏ဂရိတ်တိုင်းပြည်အားချေမှုန်းရေးအဖွဲ့ကြီးသည် စည်းပြေသည့်ဝါးများပမာဖြစ်လာသောကြောင့်ဖြစ်၏။ထို့သို့ဖြစ်လာရခြင်းသည် ဂရိတ်တိုင်းပြည်၏တန်ပြန်တိုက်စစ်ကြောင့်လည်းပါလေ၏။အစပိုင်း၌ မိမိတို့၏အင်အားခြောက်သိန်းနဲ့ဆက်လက်တိုးလာမည့်အရေတွက်ကြောင့် သာလွန်နေပြီဟုလည်းထင်ခဲ့၏​။ထို့ပြင် ဂရိတ်တိုင်းပြည်၏ပတ်ပတ်လည်၌ရှိသောမြို့ရွာများကိုအောင်မြင်စွာသိမ်းပိုက်နိုင်သည့်အပြင် ဂရိတ်တိုင်းပြည်၏ငြိမ်သက်နေမှုကြောင့် မိမိတို့အားကြောက်ရွံနေသည်ဟု အထင်ရောက်ခဲ့သေး၏။ထိုအ​တွေးသည် ယနေ့မတိုင်ခင်အထိဖြစ်၏။ယနေ့သူရလာသောသတင်းကြောင့် ပေါက်ကွဲနေခြင်းလည်းဖြစ်၏။ရထားသောသတင်းအတိုင်းဆိုပါက အင်အားနှစ်သိန်းကျော်အထိ သေကြသွားကြပြီဖြစ်၏။ဤသည်မှာ လက်ရှိအင်အား၏သုံးပုံတစ်ပုံကို လျော့ကျစေခဲ့သည်ဖြစ်၏။ထိုမျှများပြားလှသော အင်အားကို ဂရိတ်တိုင်းပြည်မှစစ်သည်များ တစ်ပတ်အတွင်းလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း သိလိုက်ရရာ သူ၏မျက်နှာမှာ ပိုမိုရှုံတွသွားလေတော့၏။မည်သို့မည်ပုံလုပ်ဆောင်သွားခြင်းကို သူမသိသော်လည်းအင်အားနှစ်သိန်းမျှအသတ်ခံလိုက်ရခြင်းက သူ၏ဂရိတ်တိုင်းပြည်ချေမှုန်းရေးအဖွဲ့ဝင်များကိုလည်း သွေးလေခြောက်ခြားစေအောင်ဖြစ်စေခဲ့၏။ထို့ပြင် နောက်ထပ်ဝင်ရောက်လာမည့် လူများကိုလည်း သတိပေးသလိုဖြစ်စေနေခဲ့လေ၏။ထို့အ​ခြေနေကြောင့် ချက်ချင်းပင် သူသည် အဖွဲ့အတွင်း၌ရှိနေသော အကောင်ကြီးလူများကို အစည်းဝေးပြုလုပ်ရန်ဆင့်ခေါ်ရလေတော့၏။ .........."ဟုတ်ပြီကွ"ထိုအသံကိုအော်ဟစ်လိုက်သူက ဂရိတ်စစ်သည်တော်တစ်ယောက်ပင်။သူသည် လက်ရှိ၌ မိမိတို့တိုင်းပြည်အား ချေမှုန်းရေးအဖွဲ့ဝင်များကို သုတ်သင်ရန် သွားလိုက်ကြသောစစ်သည်တော်များ၏လူဦးရေအခြေနေစာရင်းဇယားကိုမှတ်တမ်းတင်ပြုစုရသူလည်းဖြစ်၏။လက်ရှိသူ၏လက်ထဲ၌ရှိသောစာရွက်တွင်ရေးသားထားသောကောင်းမွန်သောရလာဒ်ကြောင့်ပျော်နေသည်လည်းဖြစ်၏။လက်ရှိရလာဒ်အရဆိုပါက မိမိတို့ပတ်ဝန်းကျင်နယ်မြေပြန်လည်ထိန်းချုပ်နိုင်မှုသည်54% မိမိတို့ဘက်မှာ အကျဆုံးမရှိ ပြင်းထန်သောဒဏ်ရာရသူများက8ယောက် အသေးစားအလယ်လတ်ဒဏ်ရာရသူများက45ယောက် အကျဆုံးမရှိဖြစ်၏။ ထိုရလာဒ်က အလွန်ပင်ကောင်းမွန်နေသည်မဟုတ်ပါလား။ထိုအခြေနေရာရလာဒ်ကိုဖြစ်စေရန် တစ်ပတ်တည်းဟူသောအချိန်သာ ပေးလိုက်ရသည်လည်းဖြစ်၏။ထို့ကြောင့် ထိုဂရိတ်စစ်သည်တော်သည် ဘုရင်ကိုပင်ပိုမိုကျေးဇူးတင်မိလာသည်။လေးစားမိလာ၏။ယခင်လိုသာဆိုပါက ထိုအခြေနေရလာဒ်တစ်ခုဖြစ်ရန်ဘယ်လိုမှမဖြစ်နိုင်သော စိတ်ကူးဖြင့်ပင် မမှန်းနိုင်သောအခြေနေသာဖြစ်၏။လက်ရှိအခြေနေကို သူသည် အထက်သို့ဆက်လက်တင်ပြရန်အတွက် သူ၏လုပ်ငန်းစဥ်အတိုင်းဆက်လက်ဆောင်ရွက်လိုက်တော့သည်။..............စံအိမ်ကြီးတစ်ခုထဲ၌တစ်ရာမျှရှိသောလူအုပ်ကြီးသည် စုဝေး၍ရှိနေကြ၏။ထိုလူအုပ်ကြီးကို အသက်ခပ်ကြီးကြီးလူလေးယောက်မှ ဦး ဆောင်၏။အထူးခြားဆုံးမှာ ထိုလူကြလေးယောက်၏အရှိန်ဝါသည် အလွန်ပင်ပြင်းထန်သည်ဖြစ်၏။ထိုသူတို့၏အရှိန်ဝါကြောင့် ကျန်သောလူများသည် လက်အောက်ငယ်သားများဖြစ်သည်ဟု တပ်အပ်သိနိုင်၏။"အ​ခြေနေဘယ်လိုရှိနေလဲ"ဂိုဏ်းလေးဂိုဏ်းမှလူကြီးလေးယောက်သည် သူတို့၏လက်အောက်ငယ်သားများကို ပြောလိုက်၏။ထိုဂိုဏ်းလေးဂိုဏ်းမှလူများသည် ဂရိတ်တိုင်းပြည်အားချေမှုန်းရေးအဖွဲ့ထဲ၌ သူတို့၏ခြေလက်များဆန့်ဝင်အောင်လုပ်ထား၏။ထိုသို့လုပ်ရသည်မှာလည်း ဂရိတ်တိုင်းပြည်၏တကယ့်အင်အားကိုသိလိုသောကြောင့်ဖြစ်သလို အကျိုးမြတ်များစွာလည်းရရှ်ိနိုင်သောကြောင့်လည်းဖြစ်၏။"ဒါကို ကြည့်ရင် သဘောပေါက်မယ်လို့တော့ ထင်ပါတယ်" လက်အောက်ငယ်သားများမှ တစ်ယောက်မှ ​ရှေ့သို့ထွက်လာ၏။ထိုသူ၏လက်မှ တစ်စုံတစ်ခုကို ထုတ်လိုက်၏။ထိုအရာသည် အသံရုပ်များကို ဖမ်းယူသိမ်းဆည်းပြီးပြန်လည်ကြည့်ရှုနိုင်သော ကျောက်တုံး​ပင်ဖြစ်၏။ထိုကျော​က်တုံးကို လူအများမြင်သာအောင် စားပွဲတစ်ခုပေါ်၌တင်လိုက်၏။ထိုအခါ ထိုကျောက်တုံးမှ အလင်းတန်းများထွက်ပေါ်လာပြီး ရုပ်ရှင်တစ်ခုဆန်ဆန်ဖြစ်ပေါ်ပြသလာလေ၏။ထိုပေါ်လာမြင်ကွင်း၌ ကောင်းကင်ယံ၌ မြန်ဆန်လာသောအရာကြီးမှ လက်နက်တစ်ခုပစ်ချလိုက်သည်ကို မြင်တွေ့လိုက်၏။ထိုအရာသည် ကောင်းကင်ပေါ်မှ မြေကြီးသို့ကျသည်နဲ့"ဝုန်း""ဟာ....မဖြစ်နိုင်တာ" မြင်လိုက်သောလူအားလုံး ကြောက်လန့်တုန်လှုပ်သွားကြ၏။ကောင်းကင်ယံ၌ရှိနေသော အရာမှကျလာသောသေးငယ်သော အရာတစ်ခုက မြေကြီးသို့ရောက်လာသောအခါကြီးမားသောပြင်းထန်မှုကြီးဖြစ်ပေါ်လာသောကြောင့်ဖြစ်၏။ထိုကြီးမားသောပေါက်ကွဲမှုဖြစ်နေရာ၌ ဘယ်သူမှအသက်ရှင်နိုင်ခြင်းမရှိပေ။နောက်ပြီး ထိုကျောက်တုံးမှ ဖြစ်ရပ်များဆက်လက်ပြသနေ၏။ထိုဖြစ်ရပ်များ၌ ဂရိတ်စစ်သည်များသည် အဝေးမှနေ၍ တိုက်ခိုက်ကြသည်ဖြစ်၏။သူတို့၏ဝတ်ဆင်ထားသောချပ်ဝတ်တန်ဆာများကလည်း ထူးဆန်းသလို သူတို့ကိုင်တွယ်သုံးစွဲနေသော လက်နက်တိုင်းကလည်း မြင်ဖူးခြင်းလုံးဝမရှိသောအရာများဖြစ်နေ၏။နောက်ပိုင်းဖြစ်ရပ်များ၌ သူတို့ကိုင်နေသောလက်နက်များသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ ရှိလိုက်ကြတော့၏။ထိုဖြစ်ရပ်များကို ကျောက်တုံးလေးမှငါးမိနစ်အထိပြသပြီးလျှင် ငြိမ်သက်သွားတော့၏။"ဘယ်လိုသဘောရလဲ"ငယ်သားမှ အကြီးကဲလေးယောက်အား မေးမြန်းကြည့်၏။"အင်း"အကြီးကဲလူကြီးလေးယောက်အချင်းချင်းကြည့်လိုက်ကြ၏။ထိုမြင်ကွင်းအရဆိုပါက ဂရိတ်တိုင်းပြည်သည်အလွန်ကြောက်မက်ဖွယ်ကောင်းသောလက်နက်များကို ထုတ်ယူသုံးစွဲနေကြ၏။ထိုလက်နက်များ၏အစွမ်းပကားက သူတို့ကပင် ချွေး​စေးပြန်စေနိုင်သည်အထိဖြစ်၏။သတိမမူမိပါက သူတို့စစ်သည်တော်အဆင့်မြင့်သော်လည်း ချက်ချင်းသေနိုင်၏။"ငါတို့နောက်ဆုတ်လိုက်ကြစို့" အကြီးကဲလေးယောက်လုံး ဆုံးဖြတ်လိုက်ကြ၏။ထို့နောက်ထိုကျောက်တုံး၏မြင်ကွင်းများကို မိမိတို့သက်ဆိုင်ရာဂိုဏ်းသို့ပြန်လည်တင်ပြရန် ပွားယူလိုက်ကြတော့၏။သူတို့တင်ပို့လိုက်သောသတင်းက နောက်ဆက်တွဲပြသနာကြီးကြီးကို စတင်ဖြစ်ပေါ်စေခဲ့လေတော့၏။

All Chapters