အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
(280)
"ဘယ်လိုဆက်လုပ်ရတော့မှာလဲကွာ"မောရစ်ဘာတာ သက်ပြင်းရှည်ကြီးချပြီးညီးတွားမိ၏။သူ၏ပခုံးတွင်လည်း ကျီးကန်းတစ်ကောင်က ငြိမ်သက်စွာနားနေ၏။သူတည်ထောင်ထားသောဂရိတ်တိုင်းပြည်အားချေမှုန်းရေးအဖွဲ့ကြီးသည် ခေတ္တ မျှနဲ့ရပ်တန့်သွားမည်ဟုမထင်ထားသောကြောင့်ဖြစ်၏။ဂရိတ်တိုင်းပြည်၏ပြန်လည်ထိုးစစ်ဆင်မှုကြောင့် သူ၏အဖွဲ့ဝင်နှစ်သိန်းမျှသေခဲ့ရသည်က သူ၏အဖွဲ့အား ကြီးမားသောရိုက်ခတ်မှုကြီးတစ်ခုဖြစ်စေခဲ့၏။ ထို့ကြောင့် အဖွဲ့မငြိမ်သက်ဖြစ်ပေါ်မှုကို ရပ်တန့်ရန် သူသည်အစည်းဝေးခေါ်ပြီးအကျိုးကြောင်းရှင်းလင်းပြောကြားခဲ့၏။ထိုသို့ရှင်းပြပြီး သူ၏စည်းစိမ်အချို့ဆုံးရှုံးခံကာမက်လုံးပေးခဲ့မှုကြောင့် အဖွဲ့မှာ ပြန်လည်ငြိမ်သက်စပြုလာလေ၏။ထိုအခိုက်၌ကြီးမားသောအာဏာသြဇာရှိသူတစ်ချို့၏နောက်ထပ်ဆုံးဖြတ်မှု၌ သူ၏ဂရိတ်တိုင်းပြည်အားဖျက်စီးချေမှုန်းရေးအဖွဲ့သည် လုံးဝရပ်ဆိုင်းသွားရတော့၏။မောရစ်ဘာတာသည်ဂရိတ်တိုင်းပြည်ဖျက်စီးချေမှုန်းရေးအဖွဲ့ကြီး၏ခေါင်းဆောင်ဖြစ်သော်လည်းအလုံးစုံသောအာဏာရှိသူတစ်ယောက်လည်းမဟုတ်။သူဆုံးဖြတ်ရာ၌နောက်ထပ်သောအကြီးကဲလေးယောက်လည်းပါရှိသေး၏။ထိုအကြီးကဲလေးယောက်မှ မောရစ်ဘာတာ၏ဆုံးဖြတ်ချက်ကိုငြင်းပယ်ကာ တိုက်ပွဲရပ်တန့်ရန်အမိန့်ထုတ်လိုက်သော ကြောင့် မောရစ်ဘာတာ၏အကြံစည်မှာ ပျက်စီးသွားခဲ့ရတော့၏။"ဒါပေမဲ့ ငါလက်လျော့မှာမဟုတ်သေးဘူး"မောရစ်ဘာတာ အံကြိတ်ပြီးကြုံးဝါးလိုက်၏။သူသည် တစ်ခုခုလုပ်ပါက မပြီးဆုံးမချင်းမလျော့တတ်သောဇွဲရှိသူဖြစ်၏။ထို့ကြောင့်လည်း ဂရိတ်တိုင်းပြည်မပျက်စီးမချင်း ကြိုးပမ်းရန်ဆုံးဖြတ်ထားသူလည်းဖြစ်၏။မောရစ်ဘာတာ တစ်ယောက် သူ၏အဖွဲ့မှ ခေတ္တ ရပ်တန့်သွားရသောအခါ နောက်ထပ်သော ဖျက်စီးရေးအကြံများကိုဆက်လက်ကြံစည်လျက်ရှိလေ၏။......................."ဒေါက်.....ဒေါက်....ဒေါက်"မနက်ခင်းအချိန်၌ ခုတ်ထစ်သံများက မီးဖိုချောင်၌ ဆူညံနေလေ၏။"ရွှမ်း" မီးဖိုချောင်သုံးဓားတစ်ချောင်း၏ထက်လှသောဓားသွားကြောင့် အရောင်တစ်ချက်လက်သွား၏။ထိုမီးဖိုချောင်ထဲ၌လှုပ်ရှားနေသူကတော့ တခြားသူမဟုတ် ဂျိတ်ဖြစ်၏။သူ၏ဓားစကေးကို အသုံးပြုပြီး ဝက်ရိုးများကို ခုတ်ထစ်နေခြင်းလည်းဖြစ်၏။ဂျိတ်၏ကျွမ်းကျင်လှသောဓားခုတ်စတိုင်နဲ့ ထက်လှသောဓား၏အောက်၌ ဝက်ရိုးများဝက်နံရိုးများသည် တိခနဲတိခနဲဆိုသလို အပိုင်းပိုင်းပြတ်တောက်ကုန်လေ၏။ထိုသို့မခုတ်ပိုင်းခင်၌ ဝက်ရိုးဝက်နံရိုးများကို စင်ကြယ်စွာဆေးကြောပြီးသားလည်းဖြစ်၏။ထိုသို့ပြတ်တောက်သွားသော ဝက်ရိုးဝက်နံရိုးများကို ဂျိတ်မှစုစည်းလိုက်၏။ထို့နောက် မီးဖြင့်ကောင်းစွာအပူပေးပြီးထားသောကြောင့် ပွက်ပွက်ဆူနေသော အ်ိုးထဲသို့ ပစ်ထည့်လိုက်၏။ ဝက်ရိုးများဝက်နံရိုးများထည့်ပြီးသည်နဲ့ အိုးထဲသို့ လိုအပ်သော ဟင်းခတ်အမွှေးကြိုင်အနည်းငယ်စီ ခပ်ထည့်လိုက်ပြန်၏။ကြက်သွန်၊ငရုတ်၊ဂျင်း၊မှိုစသော အရာများလည်းပါဝင်၏။ဂျိတ်သည် ဝက်ရိုးဝက်နံရိုးပြုတ်ပြီး ဝက်သားအနံအရသာအပြည့်ဝပါရှိသော ဟင်းရည်ကိုဖန်တီးနေခြင်းလည်းဖြစ်၏။ဟုတ်ပေသည်။ဂျိတ်သည် ကမ္ဘာပေါ်၌စားဖူးခဲ့သော ရာမန်းခေါ်ခေါက်ဆွဲပွဲကို ပြုလုပ်နေခြင်းဖြစ်၏။ကောင်းမွန်သော ဝက်ရိုးပြုတ်ရည်မဖြစ်ခင်အချ်ိန်လေး၌ကြီးမားလှသော ဝက်သားကို သေချာသန့်ရှင်းဆေးကြောပြီးလျှင် ထိုဝက်သားပြားကြီးဖြစ်အောင် ဖြတ်တောက်၏။ထို့နောက် ထိုဝက်သားပြားကြီးကို လိပ်လိုက်၏။လိပ်ပြီးသည်နဲ့ ပြန်လည်ပြန့်ကားသွားခြင်းမရှိစေရန် ချာက္က ရာစွမ်းအားသုံးလိုက်၏။ ထို့နောက် ထိုဝက်သားလိပ်ကိုအရင်ဆုံး ပြုတ်လိုက်၏။ထို့နောက် ပြုတ်ပြီးသောအခါအိတ်တစ်အိတ်ထဲသို့ထည့်၏။ထိုအိတ်ထဲသို့ ပဲငံပြာရည်၊ခရုဆီ၊ရှာလကာရည်ကဲ့သို့သောအရာများကို ထပ်မံလောင်းထည့်လိုက်၏။ထို့နောက် ထိုအိတ်ကိုအလုံပိတ်ပြီးလျှင်ဆူပွက်နေသောနောက်ထပ်အိုးတစ်ခုထဲသို့ထည့်လိုက်၏။အချိန်တစ်ခုကြာသောအခါ ထိုဝက်သားလိပ်ကို ပြန်လည်ထုတ်ပြီးလျှင် ကြော်လိုက်၏။ထိုအခါ ဝက်သားလိပ်သည် အလွန့်မွှေးကြိုင်သောရနံဖြင့်စားချင်စဖွယ်ဖြစ်လာလေ၏။ကြော်ပြီးသောအခါ ထိုဝက်သားလိပ်ကို အနေတော်ပမာဏတစ်ခုစီထားပြီး လှီးချလိုက်၏။ထိုအခါ ဝက်သားပြားလိပ်ပြားလေးများရရှိလာလေ၏။ထိုအခါ ဆူပွက်နေသောရေနွေးကြောင့် အိတ်ထဲရှိ ဝက်သားလိပ်ထဲသို့ အိတ်ထဲ၌ထည့်ထားသော အရောနှောအရည်များက ကောင်းစွာစိမ့်ဝင်နိုင်မည်ဖြစ်၏။ ထိုဝက်သားအိတ်ထည့်လိုက်ခဲ့ပြီးသော ရေနွေးအိုးထဲသို့ပင်ကြ က်ဥလေးလုံးမျှ ပစ်ထည့်လိုက်ပြီး ငါးမိနစ်ကြာသောအခါမှသာ ပြန်လည်ဆယ်ယူလိုက်လေ၏။ထို့နောက် အရေးကြီးဆုံးသောပါဝင်ပစ္စည်းကို စတင်ကိုင်တွယ်လိုက်၏။ဟုတ်ပေသည်။ခေါက်ဆွဲဖတ်ပင်ဖြစ်လေ၏။စနစ်ထဲမှ အကောင်းဆုံးဟူသော ဂျုံကို ထုတ်ကာ ဂျိတ်သည် အချိန်ခေတ္တ အတွင်း၌ အရွယ်အစားတူညီလှသော ဂျုံခေါက်ဆွဲမျှင်လေးများကို ဖန်တီးလိုက်တော့၏။ထိုဂျုံခေါက်ဆွဲမျှင်များ ဖန်တီးနေသည်ကို တခြားသူများမြင်ပါကရင်သပ်ရှု့မောဖြစ်သွားကြမည်မှာ ဧကန်ပင်ဖြစ်၏။ပုံမှန်အားဖြင့်ဆိုလျှင် ရာမန်ပြုလုပ်ခြင်းသည် အချိန်ကြာသော်လည်း ဂျိတ်အတွက်တော့ သုံးဆယ်မိနစ်မျှသာကြာမြင့်၏။ဒါကလည်း ဂျိတ်၏မီးဖို၌သုံးသောမီးတောက်အစွမ်း ကြောင့်လည်း ဖြစ်၏။ထိုမီးတောက်က ကြာချိန်ဖြစ်စဥ်ကိုလျော့ချပေးလေ၏။"ကဲ စပြင်မယ်"ကောင်းမွန်လှသော ဟင်းရည်ရနံ့ကထွက်ပေါ်လာ၏။ထို့ကြောင့်ဂျိတ်မှ ဝက်ရိုးပြုတ် ခေါက်ဆွဲဟင်းရည် ရပြီဖြစ်ကြောင်းသိလိုက်သည်။ထိုအခါ ပန်းကန်သုံးပန်ကန်ပြင်ဆင်လိုက်၏။ထိုပန်းကန်သုံးခုထဲသို့ဝက်သား၏အနှစ်အရသာများပါဝင်သော ဟင်းရည်ကိုထည့်လိုက်၏။ထို့နောက် ပြင်ဆင်ပြုတ်ထားပြီးသော ခေါက်ဆွဲဖတ်များကိုထပ်ထည့်လိုက်၏။ထို့နောက် ကြက်ဥကို အခွံခွာ နှစ်ခြမ်းခြမ်းပြီး ထည့်၏။ထို့နောက် လှီးထားပြီးသော ဝက်သားပြားများထည့်လိုက်၏။မှိုများ၊ရေညှိပြား ကြ က်သွန်ထည့်ပြီးအဆုံးသတ်လိုက်၏။"ရပြီ သုံးဆောင်လို့ရပါပြီ" ကောင်းမွန်လှသော ရာမန် ခေါက်ဆွဲပွဲသုံးပွဲကို ပြင်ဆင်ပြီးသွားပြိီဖြစ်၏။ဆွဲဆောင်သောရနံ လှပသောအသွင်ပြင်အနေထားက ကြည့်သူတိုင်းကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်နေလေတော့၏။
(281)
"ဝိုး...ဖီဖီ...ဒါတကယ်စားကောင်းတယ်"သမီးလေးကတော့ ရာမန်ကို နှစ်ခြိုက်စွာစားသုံးနေပြီဖြစ်၏။ကောင်းမွန်လှသော ခေါက်ဆွဲ၊ကြီးမားလှသောအသားပြားများက စားချင်ပြီးစားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ထား၏။"ရှင်ကတော့ တစ်ခုခုတော့တစ်ခုခုပဲ"အယ်လီနာကတော့ ဂျိတ်ကို ချီးမွန်းရင်း ရာမန်ကိုစားသောက်နေ၏။သူမ၏မျက်လုံးထဲ၌ ဂျိတ်သည် အလွန်ပင်ခန့်ညားတင့်တယ်လာပြီးရင်း တင့်တယ်နေသော သူမ၏ကောင်လေးသာဖြစ်၏။ထို့ပြင် မလုပ်တတ်သည်မရှိအောင်လည်း ကျွမ်းကျင်သူဟုလည်းဆိုပေရမည်ဖြစ်၏။အစားသောက်အပြင်၊တိုက်ခိုက်ရေး၌ဆရာကျသော သူမ၏အကိုတော်ကိုပင် အနိုင်ယူနိုင်သည်က လုံးဝအထင်ကြီးစရာကောင်းနေဆဲဖြစ်၏။ထိုသို့အစွမ်းထက်လာသည့်အကြောင်းရင်းကို သူမ မေးမြန်းမည် မဟုတ်ပေ။ဂျိတ်တွင်ပြောပြရခက်ခဲနိုင်သော အကြောင်းရင်းများရှိနေနိုင်သည် မဟုတ်ပါလား။မိသားစုသုံးယောက်သား မနက်စာကို မြိန်ယှက်စွာစားသောက်လိုက်ကြ၏။စားသောက်ပြီးသည်နဲ့ ပန်းသီးများကို အယ်လီနာမှ ခွဲခြမ်းပြီးလျှင် အချိုပွဲအဖြစ်ဖန်တီး၏။ထိုအချိုပွဲကိုသုံးယောက်သားစားသောက်ပြီးသောအခါ ဂျိတ်ကိုတစ်ကိုယ်တည်းနားနေစေနိုင်ရန်အတွက် အယ်လီမာမှ သမီးလေးနဲ့အတူ အိမ်အပေါ်ထပ်သို့တက်ကာ အတူတကွ စာဖတ်ရှုကြလေ၏။("စနစ် အခုလက်ရှိအခြေနေကိုပြောပါ")ဂျိတ်၏အမိန့်ကြောင့် စနစ်လည်းရှင်းပြပေး၏။("လက်ရှိ ဂရိတ်တိုင်းပြည်မှ ပြန်လည်တိုက်ထုတ်သိမ်းပိုက်နိုင်စွမ်း86% အသေပျောက်မရှိ...၊ ဂရိတ်တိုင်းပြည်ကို တိုက်ခိုက်ချေမှုန်းအဖွဲ့ဝင်များနှစ်သိန်းထိသေဆုံး ၊ထို့ပြင် ထိုအဖွဲ့၏လှုပ်ရှားမှုရပ်တန့်သွားပါသည်။")ဤသည်က သတင်းကောင်းပင်ဖြစ်၏။ထိုအဖွဲ့မှ ငြိမ်သက်သွားသည်က မိမိတို့တိုင်းပြည်အတွက်ကောင်းမွန်လှသောသတင်းကောင်းပင်ဖြစ်၏။သို့သော် အမြစ်ဖြုတ်တိုက်ခိုက်ရန်အထိ ဂျိတ်မှ အမိန့်ပေးပြီးသားဖြစ်ရာ ထိုအဖွဲ့ကြီး မပျက်စီးမခြင်း ဂရိတ်တိုင်းပြည်၏ထိုးစစ်သည် ရပ်တန့်ခြင်းရှိမည်မဟုတ်ပေ။ဖျောက်....ဖျောက်......ဂျိတ်၏ကိုယ်မှ အသံများထွက်ပေါ်လာ၏။ထိုအသံများထွက်ပေါ်ပြီးသည်နဲ့ ဂျိတ်၏စစ်သည်တော်အဆင့်မှာ တက်သွားတော့၏။ပလက်တီနမ်အဆင့် ခြောက်..ခုနှစ်..ရှစ်တစ်ခါတည်းဖြင့် ဆက်တိုက်ဆိုသလို တက်သွားတော့၏။ ဒိုင်းမွန်းအဆင့်တစ်..ထိုအဆင့်သို့ ရောက်မှ ဂျိတ်၏အဆင့်တက်မှုသည် ရပ်တန့်သွားတော့၏။"တော်တော်နေလို့ကောင်းသားပဲ"ဂျိတ် ရေရွတ်လိုက်၏။အဆင့်တက်လာလေလေသူ၏ကိုယ်ခန္ဓာသည် အလွန်နေထိုင်ရကောင်းမွန်လာလေဖြစ်၏။ကျန်သူများမှာ ထိုဖြစ်စဥ်ကို မြင်လိုက်ရပါကကြောက်ရွံတုန်လှုပ်ကြရကုန်မည်ဖြစ်၏။....,......................."ကဲ လာလာ မနက်စာ အလှည့်ကျလာယူပါ"ထိုအသံသည် ပျံလွင့်လာ၏။ထိုအသံထွက်ရာနေရာသည်တခြားသောနေရာမဟုတ် ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့ဖြစ်သောထရွိုင်မြို့၌ဖြစ်၏။ထိုအသံသည် ဂရိတ်တိုင်းပြည်အားချေမှုန်းဖျက်စီးရေးအဖွဲ့များကြောင့် မိမိတို့နယ်မြေမိမိတို့အိမ်အား စွန့်အားပြေးလာခဲ့ ရပြီး ဂရိတ်တိုင်းပြည်၌ ခိုလှုံနေကြရသော လူများကို မနက်စာကျွေးမွေးသည့်အချိန်ရောက်ပြီဖြစ်သောကြောင့် လာရောက်ယူငင်ပါရန် ဆော်သြနေသောအသံသာဖြစ်လေ၏။"သွားတန်းစီကြစို့"လူအများပြားပင် ထိုအစားသောက်ဝေမျှသောနေရာသို့ရောက်ရှိကာ လာရောက်တန်းစီးကြ၏။"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ"လူတစ်ယောက်မှ တစ်ကိုယ်တည်းရေရွည်နေ၏။"ဘာတွေမဖြစ်နိုင်ရမှာလဲ"ဘေးမှလူမှ မေး၏။"ဒီမှာ ကြည့်လေ"ထိုလူကြီးမှ ဘေးမှလူကို သူရလာသော မနက်စာကိုပြသလိုက်၏။ထိုအခါမှ ဘေးမှလူလည်း မျက်ပြူးတန်ပြူးလာ၏။ "အားပါးပါး...မဖြစ်နိုင်တာ"ထိုလူကြီးလက်ထဲ၌ မနက်စာအဖြစ် အာ လူးပြုတ်နှစ်လုံးနဲ့ပေါင်မုန့်တစ်လုံးရှိ၏။ထိုအာလူးပြုတ် နှစ်လုံးသည် အရောင်အဆင်းအပြင် အနံပါကောင်းမွန်ပြီး အလွန်ကြီးမားနေသောကြောင့်ဖြစ်၏။လူကြီးလက်သီးဆုပ်ထက်ပင် ကြီးမားသောကြောင့်ဖြစ်၏။ပေါင်မုန့်ကလည်း မြင်သည်နဲ့ပင် သရေယိုစဖွယ်ပင်ဖြစ်၏။ကိုက်စားကြည့်သောအခါ အလွန်ပင်နူးညံကြောင်း တွေ့ရလေ၏။သူ၏ဘဝ၌ ထိုမျှကောင်းမွန်လှသော အာလူးပြုတ်နဲ့ပေါင်မုန့်ကို တစ်ခုမှ စားသောက်ဖူးခြင်းမရှိရာ အလွန်ပင်ခံတွင်းတွေ့လေ၏။"ဂရိတ်တိုင်းပြည်ကြီးတိုးတက်ပါစေ" ထိုအသံများက တဖြေးဖြေးဖြင့် မနက်စာရရှိလာသောသူများထံမှနေ၍ တဖြေးဖြေး ကျယ်လောင်လာလေ၏။သူတို့ကိုဂရိတ်တိုင်းပြည်ကသာ လက်ခံပေးသည့်အပြင် အစားသောက်များ နေရာများနှင့် လုံခြုံမှုကိုပေးစွမ်းသောကြောင့်ဖြစ်၏။ကျန်သောတိုင်းပြည်များသို့ လည်း သွားရောက်ခိုလှုံသူများလည်း ရှိဖူး၏။အကျိုးဆက်ရလာဒ်ကား ထိုတိုင်းပြည်များကလုံးဝငြင်းဆန်ခဲ့ကြသည်ပင်ဖြစ်၏။ထိုခိုလှုံသူများသည် ဂရိတ်တိုင်းပြည်မှ နေ့တိုင်းကျွေးမွေးသော အာဟာရများကြောင့် နဂိုရှိရင်းထင်ပင် ပိုမိုသန်မာလာကြ၏။ထိုခိုလှုံသူများသည် ဂရိတ်တိုင်းပြည်မှ တန်ပြန်စစ်ဆင်ရေးစသည်ဟုကြားရသောအခါ အလွန်ပင် ဝမ်းသာပီတီဖြစ်ကြ၏။ ပီတီဖြစ်သောလူများရှိသလို မုန်းတီးသောလူများလည်းရှိ၏။မိမိတို့သည် မိမိတို့နေထိုင်ရာနေရာမှ ထွက်ပြေးလာကြရခြင်းသည် ဂရိတ်တိုင်းပြည်ကြောင့် ဟု ဆဲရေးအပြစ်တင်သူများလည်းရှိသည်ဖြစ်၏။ထိုသူများကို ဂရိတ်စစ်သည်များမှ အစားသောက်ဝယ်ခွင့်ပိတ်ပင်ခြင်းနဲ့အစာဝေမျှခြင်း ရပ်တန့်ပေးလိုက်သောအခါမှသာထိုလူများသည် ငြိမ်ကျသွားတော့၏။တစ်ပတ်ကျော် နှစ်ပတ်မြောက်သောနေ့၌"ခိုလှုံသူများ သတင်းကောင်းပါပါတယ် သင်တို့နောက်နေ့ကစပြီး မိမိတို့နယ်ရပ်များထံ စိတ်ချစွာပြန်နိုင်ပါပြီ ရန်သူများကိုရှင်းလင်းပြီးပါပြီ"ထိုသတင်းကြောင့် ခိုလှုံများ အံသြတုန်လှုပ်ကြ၏။အချိန်အနည်းငယ်အတွင်း၌ ဂရိတ်တိုင်းပြည်မှ ရန်သူများကိုချေမှုန်းလိုက်သောကြောင့်ဖြစ်၏။ "ဝေး...."ပျော်ရွှင်သောလူများဖြင့် ပြည့်နှက်သွားသည်။တစ်ချို့သောလူများက ပြန်ရန်ပြင်ဆင်ကြသလို တစ်ချို့ကတော့ ပြန်ရန်ခဲယဥ်းနေကြ၏။အကြောင်းမှာ မိမိတို့နယ်မြေများသည် ယခင်ကလို မကောင်းမွန်တော့သောကြောင့်ဖြစ်၏။ထို့ပြင် ယခင်လိုအခြေနေမျိုးအလုပ်မျိုးပြန်လည်လုပ်ကိုင်ရန် ကြီးမားသောအချိန်ပမာဏတစ်ခုပေးဆပ်ရမည်ဖြစ်သောကြောင့်ဖြစ်၏။ထိုပြသနာက ခိုလှုံသူများအကြား ကြီးစွာသောပြသနာတစ်ခုကိုဖြစ်ပေါ်လာစေ၏။နောက်ဆုံး၌ ထိုပြသနာသည် ဂျိတ်၏နားတော်သို့ တင်သွင်းလျှောက်ရသည်အထိ ဖြစ်ပေါ်လာတော့သည်လည်းဖြစ်၏။282"ကောင်းပြီ ငါနားလည်ပြီ"ဂျိတ်သည် ပြသနာကိုနားလည်လိုက်ပြီဖြစ်၏။ပြသနာသည်ဂရိတ်တိုင်းပြည်ဖျက်စီးချေမှုန်းရေးအဖွဲ့ကြောင့် မိမိ တိုင်းပြည်အနီး၌ရှိကုန်သော မြို့ငယ်များ၊ရွယ်ငယ်များသည်ဓားစာခံဖြစ်သွားပြီး သူတို့၏စားဝတ်နေရေးပြသနာကိစ္စပေါ်ပေါက်လာခြင်းဖြစ်၏။ထိုပြသနာသည် မိမိတိုင်းပြည်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သောကြောင့် ကူညီဆောင်ရွက်ပေးရန် ဂျိတ်မှဆုံးဖြတ်လိုက်၏။မည်သို့မည်ပုံဆောင်ရွက်ပေးရန်လည်း ဂျိတ်မှညွှန်ကြားလိုက်၏။ဂျိတ်ပြောပြီးနောက်တစ်နေ့၌......ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့တိုင်း၌ ဆူညံပွက်လောရိုက်ခတ်နေ၏။ထိုသို့ဆူညံနေကြရခြင်းသည် ဂရိတ်တိုင်းပြည်၏လုပ်ဆောင်ချက်ကြောင့်ဖြစ်၏။ဂရိတ်တိုင်းပြည်မှ ခိုလှုံသူများအား အခွင့်ရေးနှစ်ခုပေးအပ်ထား၏။ပထမအခွင့်ရေးမှာ မိမိတို့နေထိုင်ရာမူလမြေသို့ပြန်နိုင်မည်ဖြစ်ပြီး ပြန်ရာတွင်လည်း မိမိတို့၏နယ်မြေမရောက်မ ချင်း ဂရိတ်စစ်သည်များက တာဝန်ယူစောင့်ရှောက်ပေးသွားမည်ဖြစ်၏။နောက်တစ်ခုကတော့ လက်ရှိဂရိတ်တိုင်းပြည်နယ်စပ်မြို့များ၏အနီး၌ နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး နေထိုင်စရာများနဲ့အသက်မွေးဝမ်းကြောင်းအခွင့်လမ်းများ ဖန်တီးပေးမည်ဖြစ်၏။ထိုအခွင့်ရေးနှစ်ခုကြောင့် ခိုလှုံသူများအကြား၌ အနည်းငယ်ဆူညံသွားလေ၏။ပထမအခွင့်ရေးကိုသာယူလိုသူများနဲ့နောက်အခွင့်ရေးကိုသာယူလိုသောသူများဟူ၍ ကွဲပြားသွားကြလေ၏။တစ်ကြိမ်သာရရှိမည့်အခွင့်ရေးဖြစ်သောကြောင့် အသေချာစဥ်းစားနေကြ၏။နောက်ဆုံး၌ ခိုလှုံသူများ၏58%က မိမိတို့နေရပ်ဌာနေပြန်ရန်ဆုံးဖြတ်လိုက်ကြပြီး ကျန်သော42%ကဂရိတ်တိုင်းပြည်၌သာဆက်လက်နေထိုင်ကြမည်ဖြစ်၏။ သူတို့ဆုံးဖြတ်ထားသည့်အတိုင်းကိုလည်း ဂရိတ်တိုင်းပြည်မှဆောင်ရွက်ပေးလေ၏။ပြန်မည့်သူများကို အချိန်နှစ်ရက်အတွင်းစုစည်းပြီး မိမိတို့နေရပ်ဌာနေသို့ ပြန်လည်ပို့ဆောင်ပေးလိုက်သလို နေမည့်သူများအတွက်လည်း ဂရိတိုင်းပြည်မှ ဆောင်ရွက်ပေးလေ၏။"မ..မဖြစ်နိုင်တာ"ခိုလှုံသူများအနေဖြင့် အံသြမြင်သက်ကြရပြန်၏။သုံးရက်ဟူသောအတွင်း၌ ဂရိတ်တိုင်းပြည်၏လုပ်ဆောင်ချက်များကိုကိုယ်တွေ့မြင်တွေ့လိုက်ရသောကြောင့်ဖြစ်၏။"ရော့ ဒါကခင်ဗျားတို့ရဲ့အိမ်ခြံသေ့ာ သေချာယူပါ"ဂရိတ်တိုင်းပြည်ဝန်ထမ်းတစ်ယောက်မှ ဆာလာဟူသော လူတစ်ယောက်၏လက်ထဲသို့ ထည့်ပေးပြီးလျှင် လှည့်ထွက်သွားလေ၏။ ဆာလာသည် ဂရိတ်တိုင်းပြည်နဲ့အနည်းငယ်ဝေးကွာသောနယ်မြေ၌ လယ်လုပ်ကိုင်စားသောက်သူတစ်ဦးဖြစ်ပြီး ဇနီးနဲ့သမီးလေးတစ်ယောက်ရှိသူဖြစ်၏။တစ်နေ့၌ ဓားပြများရောက်ရှိလာမှုကြောင့် မိမိနေရပ်စွန့်ခွာကာ ဂရိတ်တိုင်းပြည်၌လာရောက်ခိုလှုံသူဖြစ်လာသည့်သူလည်းဖြစ်၏။"ရှင်မ ဒါအိမ်မက်လား""တော်ရယ် ကျမလဲဒါကိုအိမ်မက်လို့ထင်နေတာ""ဒါက ကိုယ်တို့ခြံတဲ့"အဖြစ်ပျက်များကို မယုံကြည်နိုင်ဆဲပင်။သူတို့၏မြင်ကွင်းရှေ့၌ အတော်တန်ကျယ်ဝန်းသော ခြံဝင်းလေးတစ်ဝင်းရှိနေ၏။ထိုခြံဝင်းထဲလေး၌ သေသပ်လှပသော သစ်သားတိုက်အိမ်ငယ်လေးတစ်လုံးရှိ၏။ထို့ပြင် ခြံငယ်လေးထဲ၌ စားသောက်ဖွယ်ရာသီးပင်များလည်းပါရှိနေသေး၏။ သူတို့ မပြန်ပဲ ဂရိတ်တိုင်းပြည်၌ နေရန်ဟူသော ဆုံးဖြတ်ချက်ကို မှန်ကန်သည်ဟုခံစားမိလာ၏။သူတို့မိသားစုအတွက်သာမဟုတ် ဆက်လက်နေထိုင်မည်ဟူသောလူတိုင်းအတွက်ဂရိတ်တိုင်းပြည်မှနေ၍သုံးရက်ဟူသောအတွင်း၌ နေထိုင်ချင့်စဖွယ်ကောင်းမွန်သောအိမ်ခြံဝင်းတစ်ဝင်းနဲ့ လုပ်ကိုင်စားသောက်ရန် လယ်တစ်ကွက်စီပါပေးအပ်လေ၏။အိမ်ခြံဝင်းတို့အတွက်ကို ဂရိတ်တိုင်းပြည်မှ အခမဲ့ပေးအပ်ခြင်းဖြစ်ပြီး လယ်ကွက်နဲ့ထွန်ယက်စိုက်ပျိုးရန် ပစ္စည်းများကိုတော့ နောက်တွင်ဂရိတ်တိုင်းပြည်ကို အရစ်ကျပေးချေရမည်ဖြစ်၏။"ဒါက ဂရိတ်တိုင်းပြည် ဘုရင်ကြီးကျေးဇူးပဲ ဘုရင်ကြီးအသက်ရှည်ကျန်းမာပါစေ"ဆာလာတို့မိသားစုသည် ဂရိတ်ဘုရင်ကိုကျေးဇူးတင်ချီးမွန်းလိုက်ကြ၏။ယခင်လိုအခြေနေ၌ ဆိုပါက သူတို့မိသားစုသည် စားနိုင်သောက်နိုင်ရုံမျှနဲ့ သုံးယောက်သာအိပ်စက်၍ရနိုင်ရုံဆိုသော တဲလေးနဲ့ နေထိုင်ခဲ့ကြရ၏။ယခုမှ ကိုယ်ပိုင်အိမ်ခြံဝင်းလေးနဲ့ လယ်ယာမြေတစ်ကွက်လည်းရှိနေပြီဖြစ်၏။ထို့ပြင် လယ်ယာမြေများအတွက်အထူးသင်တန်းကိုလည်း ဂရိတိုင်းပြည်မှ ဖွင့်လှစ်ထားကြောင်း ဆာလာကြားသိထားရ၏။ထိုသင်တန်းသည်လယ်ယာလုပ်ကိုင်ရာ၌ အလွန်ပင် အထောက်ကူပြုသလိုအထွက်နှုန်းတိုးစေကြောင်းသင်တန်းသည် အခမဲ့ဖြစ်ကြောင်း ဂရိတ်တိုင်းပြည်သူပြည်သားများကဆိုထားသောကြောင့် ဆာလာသည် ထိုသင်တန်းကိုတက်ရောက်မည်ဖြစ်၏။ထို့ပြင် သူ၏သမီးလေးသည် အသက်ငါးနှစ်ပြည့်ပြီဖြစ်ရာကျောင်းတက်ရန် ဂရိတ်တိုင်းပြည်ဝန်ထမ်းပြောကြားသွား၏။ ထို့စကားကြောင့် ဆာလာတစ်ယောက် ရှေ့ကကိစ္စများထက်ပင် ပိုမို ဝမ်းသာမိ၏။စာသင်သည်ဆိုသည်က အထက်တန်းလူတန်းစားများသာ သင်ကြားခွင့်ရသည့်အရာမဟုတ်ပါလား။စာသင်သည့်ကိစ္စသည် ဘုရင်ကြီး၏စေတနာဖြစ်ကြောင်းအခမဲ့တက်ရောက်နိုင်ကြောင်း အဆိုပါ ဂရိတ်တိုင်းပြည်ဝန်ထမ်းမှဆို၏။ထိုဝန်ထမ်းမှာ ပြောနေရင်း အားပါလာသည့်ထင် ဘုရင်ကြီးက ပြောင်းလဲလုပ်ဆောင်ခဲ့သောအရာများကို အားပါးတရပြော၏။သူ၏ပြောကြားမှုကြောင့် ဆာလာမှာ ဂရိတ်တိုင်းပြည်ဘုရင်ကို လေးစားပြီးရင်း လေးစားမိလာတော့၏။"ဂရိတ်ဘုရင်ကြီးရဲ့ကျေးဇူးတွေကတော့ ဆပ်လို့မကုနိုင်ပါလား" ဆာလာတစ်ယောက် တွေးမိကာ ကျေးဇူးတင်ပြီးရင်း တင်မိနေတော့၏။