← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

(283)

တောတွင်းတစ်ခု၏ပြန့်ပြူးနေသောမြေပြင်တစ်ခု၌ခရက်...ခရက်....အသံသည်ထွက်ပေါ်၍လာ၏။ထိုအသံနဲ့အတူ ထိုပြန့်ပြူးနေသောမြေကြီးသည် တဖြေးဖြေးကွဲအက်ကြောင်းများထင်လာလေ၏။နောက်ဆုံး၌ ထိုမြေကြီးသည် အက်ကွဲနေရာမှနောက်ဆုံး၌ ပေါက်ကွဲထွက်သွားလေတော့၏။"ဝုန်း"ပေါက်ကွဲမှုမှာ အနည်းငယ်သော မဆိုစလောက်လေးဖြစ်သောကြောင့် တောထဲ၌ရှိနေသော တိရစ္ဆာန်များက ဂရုစိုက်မိကြခြင်းမရှိပေ။ထိုပေါက်ကွဲမှုဖြစ်ရာ မြေကြီး၏နေရာမှ အမဲရောင်အသွင်ရှိသော မီးခိုးငွေ့လေးသည် မြေကြီးထဲမှနေ၌စတင်ထွက်ပေါ်လာလေ၏။ ထိုမီးခိုးထွက်ရာနေရာသည် တွင်းပေါက်ငယ်ပမာဖြစ်ပြီး ထိုတွင်းပေါက်ငယ်မှနေ၍ မီးခိုးငွေ့များ ထွက်လာနေ၏။ထိုမီးခိုးငွေ့စတင်ထွက်ပေါ်လာပြီးသည်နဲ့ ထူးဆန်းသောအရာများစတင်ဖြစ်ပေါ်လာလေတော့၏။ထိုမီးခိုးငွေ့ဖြတ်သန်းပြီးခဲ့သော မြက်ပင်များပေါင်းပင်များသည် စိမ်းလန်းနေရာမှညှိုးခြောက်သွားကာ သေဆုံးကြကုန်၏။ထိုမီးခိုးငွေ့များသည် အမြဲမပြတ် အပေါက်တွင်းနေ၍ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။မည်သည့်အချိန်၌ရပ်တန့်မည်ဖြစ်ကြောင်းလည်း မသိနိုင်ပေ။အချိန်တစ်နာရီခန့်ကြာလာသောအခါ မီးခိုးငွေ့များသည်များသည်ထက်များပြားလာလေတော့၏။ထိုမီးခိုးငွေ့ပြန့်နှံပြီးရာ နေရာများ၌ စိမ်းလန်းစိုးပြေနေသော သစ်ပင်ဟူ၍တစ်ပင်မျှပင် မရှိတော့။အသက်ဓာတ်များကုန်ဆုံး၍သေဆုံးကြ၏။ နောက်ထပ်နှစ်နာရီမျှကြာသောအခါ တောတွင်းနေတိရစ္ဆာန်များသည်လည်း ထိုမီးခိုးငွေ့၏လွှမ်းခြုံခြင်းကို စတင်ခံစားလိုက်ကြရ၏။ထိုမီးခိုးလွှမ်းခြုံပြီး တစ်မိနစ်အကြာ၌ တိရစ္ဆာန်များသည် တဖြေးဖြေးခြောက်သွေ့ညိုးနွးမ်းကာ အရိုးပေါ်အရေတင်သော အသက်မဲ့အလောင်းများ အသွင်သို့ပြောင်းလဲသွားကြတော့၏။အသိညဏ်ရှိသော တိရစ္ဆာန်များသည် ထိုမီးခိုးငွေ့နဲ့ဝေးလာအရပ်သို့ စတင်ပြေးလွှားနေကြ၏။ထိုမီးခိုးငွေ့များသည် တဖြေးဖြေးဖြင့် အချိန်ကြာလာသောအခါ မီးခိုးထုကြီးအသွင်ပြင်သို့ပြောင်းလဲသွားပြီး ဘယ်တော့မှ မရပ်တန့်သည်နယ်အဆက်မပြတ် ဆက်တိုက်ဆိုသလို ဆက်လက်ကြီးထွားနေဆဲဖြစ်၏။ထိုသို့ အသက်ဓာတ်ကို ကောင်းစွာဖျက်စီးနိုင်သောမီးခိုးငွေ့သည် ရုတ်ခြည်းဆိုသလို မြေကြီးထဲမှ စတင်ထွက်ပေါ်လာခဲ့သည်ကို လူများတွေကတော့ မသိရှိနိုင်ကြသေးပေ။"ဂီး" ထိုအသံကြီးသည် မီးခိုးငွေ့များစတင်ထွက်ပေါ်လာသောတွင်းပေါက်မှနေ၍ ထွက်ပေါ်လာခဲ့လေ၏။ထိုအသံသည်အလွန်ပင်ကြောက်သီးထဖွယ်ကောင်းလှ၏။နတ်ဆိုးအော်သံလိုလို ငှက်ဆိုးတစ်ကောင်၏အသံလိုလို လူတစ်ယောက်သွေးပျက်၍ခြောက်ခြားဖွယ်အော်သည့်သံလိုလိုပင်ဖြစ်၏။ထိုအော်သံကို မီးခိုးငွေ့များမှ လွတ်အောင် ရှောင်တိမ်းနေကြသော တိရစ္ဆာန်အချို့မှကြားလိုက်ရ၏။ထိုအခါ သူတို့သည်ပြေးလွှားနိုင်ခြင်းမရှိတော့ပဲ ရပ်တန့်ကြ ကုန်၏။ထိုအခါမီးခိုးငွေ့များသည် ရပ်တန့်နေသော တိရစ္ဆာန် များကို ဖုံးလွှမ်းပြီး အသက်ကုန်ဆုံးစေခဲ့ပြီဖြစ်၏။................

"ကျုပ်တို့ကို ခွင့်ပြုမယ်မဟုတ်လား"ထိုစကားကို ဆိုသူက ဂိုဏ်းလေးဂိုဏ်းမှ လူကြီးလေးယောက်ပင်ဖြစ်၏။ထိုလေးယောက်၏အော်ရာသည် အလွန် ပင် ကြီးမြတ်လှ၏။ထိုလူများသည်ဂိုဏ်းကြီးလေးဂိုဏ်း၏တောင်အရှင်သခင်များဖြစ်ကြ၏။သူတို့လေးယောက်ပြောနေသူကတော့ တစ်ခြားမဟုတ် စွန်ရဲအင်ပါယာကို အုပ်စိုးနေသော ဘုရင်ကြီးပင်ဖြစ်၏။စွန်ရဲဧကရာဇ်သည် အနည်းငယ်ခေါင်းစားနေ၏။ထိုဂိုဏ်းလေးဂိုဏ်းမှ လူများသည် ဂရိတ်တိုင်းပြည်ကို မိမိတို့ဂိုဏ်းအား လက်လွှဲပေးပါရန် တောင်းဆိုနေ၏။တောင်းဆိုနေသည်ထက် ဓားသွားပေါ်ပျားရည်သုတ်ကာ ချိန်းခြောက်သည်ဆိုပါက ပို၍ပင်မှန်ကန်ဦးမည်ဖြစ်၏။"ကျုပ်ပြောပြီးပကော အဲ့တိုင်းပြည်က ကျုပ်ရဲ့နယ်နမိတ်ထဲမှာသာရှိပေမဲ့ ကျုပ်အပိုင်မဟုတ်ဘူး ခင်ဗျားတို့လုပ်ချင်သလိုသာလုပ်ပါ"စွန်ရဲဧကရာဇ် သေချာရှင်းပြနေရ၏။ဂိုဏ်းလေးဂိုဏ်း၏အမျက်ဒေါသကို မခံလိုသောကြောင့် သေချာရှင်းပြ နေရ၏။"ဟုတ်ပြီ ဒါဆိုလဲ ခင်ဗျားရဲ့တပ်အနည်းကျဥ်းကို ကျုပ်တို့ကိုငှားပါ"ထိုသို့ပြောသည်က စွန်ရဲဧကရာဇ်၏အာဏာကို ထိပါးစော်ကားခြင်းဖြစ်၏။သို့သော်လည်း စွန်ရဲဧကရာဇ်သည်ဂိုဏ်းလေးဂိုဏ်းမှ တောင်းဆိုသမျှသည်ကို လိုက်လျောဖြည့်စီးပေး၏။ထိုအခါမှ ဂိုဏ်းလေးဂိုဏ်းမှလူကြီးများသည်ကျေနပ်ကာ ပြန်သွားကြ၏။"ဂျိတ် မင်းကဘယ်လိုကောင်လားကွာ"ဂျိတ်၏မည်သို့လုပ်ပုံကြောင့်တော့ သူမသိသော်လည်း ယခုကိစ္စသည် အနည်းငယ်ပိုကြီးသည်ဆိုရမည်ဖြစ်၏။ယခင်က ဂိုဏ်းများမှ ဂရိတ်တိုင်းပြည်ကို သာမန်လျှံကာအနေဖြင့်သာ သူတို့ဂိုဏ်းသားများကို စေလွတ်ခဲ့ခြင်းဖြစ်၏။ယခုအခါတွင်ကား ဂိုဏ်းလေးဂိုဏ်းလုံး၏တောင် အရှင်သခင်များပါ ပါလာသည်ဆိုကတည်းက သာမန်မဟုတ်တော့ပေ။လုံးဝကို ကြီးမားသော အထိကရုဏ်းတစ်ခုခုဖြစ်တော့မည်ဟု စွန်ရဲဧကရာဇ် အာရုံရနေ၏။"အရှင် ကျနော်မျိုး သတင်းတစ်ခုရလာတယ်"အနက်ရောင်ဝတ်လူမှ စွန်ရဲဧကရာဇ်ကို သူရလာသောသတင်းဟူသောအရာကို ပြသ၏။ထိုအရာသည် ပုံရိပ်ဖမ်းကျောက်တုံးဖြစ်၏။"လခွမ်း သေစမ်း"စွန်ရဲဧကရာဇ်သည် ကြည့်ပြီးသောအခါ ဆဲရေးမိသွား၏။"သွား ဂရိတ်တိုင်းပြည်ကို သေချာစုံစမ်းနေကြ"စွန်ရဲဧကရာဇ်သည် ဒေါသကြောင့်နီမြန်းနေပြီဖြစ်၏။ဂိုဏ်းလေးဂိုဏ်း၏ရည်ရွယ်ချက်ကိုလည်း သိလိုက်ရပြီလည်းဖြစ်၏။သူတို့သည် ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ထက် ဂရိတ်တိုင်းပြည်မှ အသုံးပြုနေသော လက်နက်ဆန်းများနဲ့ထို လက်နက်များ၏ နည်းပညာများကို ရယူလိုနေကြသည်ဖြစ်၏။ထိုကိစ္စသည် လုံးဝမရိုးရှင်းတော့ပေ။ထိုလက်နက်ဆန်းများ၏နည်းပညာများကို ဂိုဏ်းကလူများထက် အရင်သာလွန်အောင် ယူမည်ဟု ကြုံးဝါးလိုက်၏။အဘယ်ကြောင့် ဂိုဏ်းလေးဂိုဏ်းမှ လူများသည် ဂရိတ်တိုင်းပြည်မှ လက်နက်ဆန်းများ၏ပညာများ လာရောက်ယူငင်သည်ကို မိမိမှာထိုင်ကြည့်နေရမည်နည်း။ထို့ပြင် ထိုပညာကို ဂိုဏ်းများက ရရှိသွားပါက မိမိစွန်ရဲအင်ပါယာကိုပါ ငြိမ်းချမ်းရေးမဖျက်စပါဟု အာမ မခံနိုင်ပေ။ထို့ကြောင့် သူပါလှုပ်ရှားရန် စွန်ရဲဧကရာဇ်သည် ဆုံးဖြတ်လိုက်သည်လည်းဖြစ်၏။..........."စနစ် ကာကွယ်ရေးစနစ် အခြေနေဘယ်လိုရှိလဲ"ဂျိတ်မှ မေးလိုက်၏။ ("ဂရိတ်တိုင်းပြည်၏ကာကွယ်ရေးအခြေနေ အဆင့်ကြီးသုံးဆင့်ပြီးစီးပါပြီ")ထိုအကာကွယ်ရေးအဆင့်သုံးဆင့်သည် တစ်မူထူးခြားလှ၏။ထို့ကြောင့် ထိုကာကွယ်ရေးအဆင့်သုံးဆင့်ပြီးစီးအောင် တပ်ထားရခြင်းလည်းဖြစ်၏။နောက်ပြီး အားသာချက်မှ ထိုကာကွယ်ရေးအဆင့်သုံးဆင့်သည် ထိခိုက်ပါက ပြန်လည်ကုသနိုင်စွမ်းရှိ၏။အကောင်းဆုံးအချက်ဟုဆိုပါက ထိုကာကွယ်ရေးစနစ်သည် ဆင့်ကဲဖြစ်စဥ်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်းပင်ဖြစ်၏။"ကဲ ငါ့သမီးအတွက်လုပ်ထားတဲ့တိုင်းပြည်ကို ကြိုက်တဲ့ကောင်လာခဲ့စမ်းပါ"

(284)

အခြေအနေသည် ပြန်လည်၍ငြိမ်သက်နေ၏။​ငြိမ်သက်နေသည်ထက် ငြိမ်ချက်ကောင်းနေသည်ဆိုပါက ပိုမို၍မှန်ကန်သည်ဖြစ်၏။ ဂျိတ်သည် ဖြစ်နိုင်ချေရှိသမျှသော အရာအားလုံးကို တွက်ဆပြီးလုပ်ဆောင်ထားခြင်းဖြစ်သည်ကို တခြားသောသူများကလုံးဝရိပ်စားမိဟန်မရှိကြသလို၊ရိပ်စားမိရန်လည်း မပေါ်ပေ။ဂျိတ်၏တွေးခေါ်နှုန်းနဲ့ရန်သူများ၏တွေးခေါ်နှုန်းကစစ်တုရင်ကစားရာ၌ အတွေ့ကြုံရင့်ကျက်ထက်သန်လှသောအောင်ပွဲရကစားသမားနဲ့ယခုမှ စတင်ကစားသောကလေးငယ်တစ်ယောက်လိုပင် ဖြစ်နေသည်ဖြစ်ရာ မသိနိုင်သည်မှာမခြားနားပေ။"ဟင်း...ဟင်း...ကြောင်မှန်ရင် ကြာကြာရေမငုပ်နိုင်ပါဘူးကွာ"ဂျိတ်သည်အခြေနေကို အသာယာပင်အကဲခတ်ကြည့်ရှူနေလေ၏။မိမိတိုင်းပြည်သည် နဂိုကတည်းကမှ အန္တရာယ်စက်ဝန်း၌ ကျရောက်နေသည်မဟုတ်ပါလား။ထိုအချိန်၌ ဂျိတ်သည် ဂရိတ်တိုင်းပြည်၏စစ်သည်အင်အားကို တိုးချဲ့ရုံတင်မက များစွာလှသောလက်နက်ဆန်းများကို မဖြစ်နိုင်သောအချိန်တိုလေးအတွင်း၌ တပ်ဆင်ကာအသုံးပြုစေ၏။ ထို့ပြင် ဆန်းကြယ်မြင့်မားလှသော နည်းပညာများနဲ့တခြားခြားသော သိပ္ပံ​ခေတ်မှအရာများကိုလည်းဖွံ့ဖြိုးအောင်လည်းအကောင်ထည်ဖော်ပြန်စေသေး၏။ထိုသို့လုပ်ဆောင်ရာ၌လုံခြုံမှုရှိစေရန် တိုင်းပြည်အား အလုံပိတ်ချထားစေပြီးလုပ်ဆောင်စေလိုက်၏။ထိုအချိန်၌ စွန်ရဲအင်ပါယာ၏အမိန့်နဲ့အတူ ကျန်သောတိုင်းပြည်များ၏ငြင်းပယ်ခြင်းခံသော အပယ်ခံအထီးကျန်တိုင်းပြည်အဖြစ်ရောက်စေခဲ့ခြင်းက ဂရိတ်တိုင်းပြည်ကိုအလွန်လုံခြုံစေခဲ့၏။ထိုအချိန်ကာလကို အပြည့်ဝအသုံးချကာတိုင်းပြည်၏စီးပွားရေး၊လူမှုရေး၊အကုန်လုံးကို တစ်တိုင်းပြည်တည်းဖြင့် လုံးဝရှင်သန်နိုင်သည်အထိ ပြောင်းလဲပစ်စေခဲ့၏။"ဟူး ငါတောင် ဒီကမ္ဘာရောက်လာတာ တစ်နှစ်ပြည့်တော့မှာပါလား" ဂျိတ် တစ်ကိုယ်တည်း တွေးတောနေမိ၏။မိမိကိုယ်ခန္ဓာထဲပြန်လည်ဝင်စားပြီး ယခုအချိန်ထိဆိုပါက ဆယ့်တစ်လကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။ထိုဆယ့်တစ်လအတွင်း၌ ဂရိတ်တိုင်းပြည်ပြိုင်ပွဲဝင်အဖွဲ့အားလေ့ကျင့်ပြီးခရီးထွက်သည်က ပျှမ်းမျှအားဖြင့် ခုနှစ်လကျော်၊ ဘုရင်ဖြစ်ပြီး တိုင်းပြည်ကို စတင်ပြောင်းလဲသည်ကလေးလမျှဖြစ်၏။လေးလတည်းဟူသော ကာလ၌ ဂျိတ်သည် အရင်းမြစ်များစွာသုံးပြုပြီး တိုင်းပြည်၏အဘက်ဘက်နေရာတိုင်း တိုးတက်စေအောင်ဆောင်ရွက်စေခဲ့၏။ထိုလေးလအတွင်း၌ အားအားနေရသော သူဟူ၍တစ်ယောက်မျှမရှိပေ။အယုတ်ယွဆုံးထောင်ကျသူများပင် အနည်းဆုံးတော့ ကျောက်တူးကြရ၏။ကျွန်များ၊ဖမ်းဆီးရမိသော ရန်သူများဆို ပို၍ပင်ဆိုးလှ၏။မည်မျှအထိ စေခိုင်းမိမှန်းပင် မသိ။ရန်သူများလည်း ကြာတော့ မနက်ရောက်မည်ကိုပင် ကြောက်လာသည်ဟုဆို၏။ ကောင်းသောအချက်ကို ပြောပါဆိုပါက ထိုသို့ အပြစ်ရှိသောသူများ ထောင်ကျသူများကို ကျောက်တူးခြင်းနဲ့အခြားခြားသောပင်ပန်းရသည့်အလုပ်များစေခိုင်းလိုက်ခြင်းကြောင့်တိုင်းပြည်အတွင်း၌ မကောင်းမှုလုပ်သူများ သူခိုးများ၊ပြစ်မှုကျူးလွန်းသူများ သည် ယခင်နှစ်များထက်စာပါက လုံးဝကိုလျော့ကျသွားသည်ဖြစ်၏။"အရှင်မင်းကြီး တိုင်းတစ်ပါးသားတွေခိုးဝင်လာပါပြီ"အထိန်းတော်တစ်ယောက်မှ လာရောက်သတင်းပေး၏။"အို စလာပြီလား"ဂျိတ်ရေရွတ်လိုက်၏။ ရန်သူများအား လက်နက်ဆန်းများအသုံးပြုပြီး တိုက်ခိုက်စေလိုက်ကတည်းက ထိုအဖြစ်ပျက်များကို တစ်ခါတည်းကြိုတင်မြင်ပြီးသားဖြစ်၏။ယခုလည်းကြည့်ရသည်မှာ မိမိတို့အသုံးပြုသော လက်နက်ဆန်းများကိုလည်းကောင်း၊ထိုလက်နက်များ၏နည်းပညာများကို လည်းကောင်း လိုချင်တပ်မက်မှုကြောင့် ယခုအခါ မိမိတို့တိုင်းပြည်ထဲခိုးဝင်လာကြပြီဖြစ်၏။ထိုလူများသည် မြို့ထဲ၌ အသုံးပြုသော အဆင့်မြင့်သောလူသုံးကုန်ပစ္စည်းများ အဆောက်ဦးများ ထပ်မံတွေ့ရှိပါက ပိုမိုလောဘဇောတက်လာမည်ကိုတော့ ဂျိတ်မသိပဲ မနေပေ။ထို့ကြောင့် ကာကွယ်ရေးအစီစဥ်များလည်း ချပြီးသားဖြစ်၏။"ကာကွယ်ရေးအစီစဥ်စပါလို့ ပြောလိုက်ပါ""ကောင်းပါပြီ အရှင်မင်းကြီး"အထိန်းတော်သည် ဂျိတ်၏စကားကို နာခံပြီး ပြန်လည်ထွက်ခွာသွား၏။ကာကွယ်ရေးအစီစဥ်သည် ဂျိတ်ကြိုတင်လုပ်ဆောင်ပြင်ဆင်ထားသောအရာများထဲမှ တစ်ခုဖြစ်၏။ထိုအစီစဥ်ကို စတင်လိုက်ပါက ဂရိတ်တိုင်းပြည်ကြီးလုံးဝ ပျက်စီးမှုသည်မှသာရပ်တန့်မည့်အစီစဥ်တစ်ခုဖြစ်၏။ထိုအစီစဥ်သည် ရေရှည်အ စီစဥ်များထဲမှ တစ်ခုဖြစ်၏။ထိုအစီစဥ်ကို ယခုအခါ၌ စတင်လိုက်ပြီလည်းဖြစ်၏။အထိန်းတော်မှ ဂျိတ်ပြောသည့်အတိုင်း အစီစဥ်စတင်ရန်ပြန်လည်ညွှန်းကြားလိုက်သည်နဲ့ ကာကွယ်ရေးဌာနသည်စတင်အသက်ဝင်လာပြီဖြစ်၏။ထိုကာကွယ်ရေးဌာနမှ လူများသည် ထိုအစီစဥ်စတင်သည်နဲ့ စတင်တာဝန်ထမ်းဆောင်ကြပြီလည်းဖြစ်၏။ကာကွယ်ရေးအစီစဥ်စတင်လိုက်သည်နဲ့ ဂရိတ်တိုင်းပြည်တစ်ခုလုံးသို့ ပြန့်နှံ့ချိန်သည် ကြာ​ ညောင်းလှခြင်းမရှိပေ။တစ်နာရီတည်းဟူသော အချိန်အတွင်း၌ တစ်တိုင်းပြည်လုံး၌ကာကွယ်ရေးအစီစဥ်သည် စတင်အသက်ဝင်သွားခဲ့ပြီလည်းဖြစ်၏။ထိုကာကွယ်ရေးအစီစဥ်၏ရည်ရွယ်ချက်သည် ဂရိတ်တိုင်းပြည်လုံခြုံရေး ၊ဂရိတ်တိုင်းပြည်နေ ပြည်သူပြည်သား များ၏လုံခြုံမှုအပြည့်ဝရရှိရေးအတွက် အကောင်ထည်ဖော်တည်ရှိနေထားခြင်းလည်းဖြစ်၏။ထိုကိစ္စသည် အလွန်ပင်အရေးကြီးလှရာ ကာကွယ်ရေးဌာန၌လုပ်ကိုင်​သော လူများသည် တာဝန်စတင်ထမ်းဆောင်ကတည်းက ကျမ်းသစ္စာကျိန်ဆိုရ၏။မိမိတိုင်းပြည်အပေါ်သစ္စာရှိမည်ဖြစ်ကြောင်းနဲ့ လုပ်ငန်းကိစ္စမှအချက်လက်များပေါက်ကြားခြင်းမရှိစေရန် ကျိန်ဆိုရသည်ဖြစ်၏။ဖောက်ဖျက်ပါက ကြီးလေးသောအပြစ်ဒဏ်ကျမည်ဖြစ်ပြီးထွက်ပြေးရှောင်တိမ်းပါကလည်း လွတ်ရန်မဖြစ်နိုင်ပေ။အကြောင်းမှာ ကျမ်းသစ္စာကျိန်ဆိုထားသောကြောင့်ဖောက်ဖျက်ပါက ထိုကျမ်းသစ္စာသည် အသက်ဝင်လာပြီးဖောက်ဖျက်သောသူကို သေစေနိုင်သောကြောင့်ဖြစ်၏။ကာကွယ်အစီစဥ်ကြောင့် ပြင်ပမှ မိမိတို့တိုင်းပြည်အထဲဝင်ရောက်ကျူးကျော်လာပါက အချိန်ခေတ္တ အတွင်း၌ မြန်ဆန်စွာ သိနိုင်ပြီး ဖမ်းဆီးအရေးယူနိုင်မည်လည်းဖြစ်၏။ထိုသို့ကာကွယ်ရေးအစီစဥ်စတင်ကြောင်း ဂရိတ်တိုင်းပြည်၌ရှိသော တာဝန်ရှိသူများသာ သိရှိကြသည်ဖြစ်ရာဂိုဏ်းများမှ လာသော လူများမှာ မသိကြပေ။ကာကွယ်ရေးအစီစဥ်စတင်စေချိန်သည် မနက်ကိုးနာရီဖြစ်ပြီးတစ်တိုင်းပြည်လုံးစတင်အသက်ဝင်လာချ်ိန်သည် ဆယ်နာရီ၌ဖြစ်၏။ထိုအစီစဥ်အသက်ဝင်လာချိန်မှ စတင်၌ ဂရိတ်တိုင်းပြည်၏စနစ်သည် စတင်ပြောင်းလဲသွားသည်ဖြစ်၏။ဂရိတ်တိုင်းပြည်၌ရှိကုန်သော နယ်စပ်မြို့များသာမက ကျန်သောမြို့တိုင်းလိုလိုသည် ဝင်ခွင့်စနစ်ကိုပြောင်းလဲကျင့်သုံးလိုက်ကြ၏။မည်သူမဆို ဝင်ထွက်သွားလာနိုင်ရာမှ တစ်ဆင့်ထပ်ပြီးတင်းကျပ်စေလိုက်ပြီလည်းဖြစ်၏။ဝင်ထွက်သွားလာနိုင်စေရန် ဂရိတိုင်းပြည်သူပြည်သားများသည် ဂရိတ်တိုင်းပြည်၌ အစောပိုင်းကာလ၌ထုတ်ပေးခဲ့သော မှတ်ပုံတင်ကတ်များကိုအသုံးပြုကြရမည်ဖြစ်၏။ထိုမှတ်ပုံတင်ကတ်ပါလာသောသူများကိုသာ မြို့တိုင်းလိုလို၌ဝင်ထွက်သွားလာခွင့်ပြုပေးတော့မည်ဖြစ်၏။ထိုအခါ တခြားသောတစ်ပါးသူများ ဝင်လာရန် ခက်ခဲစေခဲ့ပြီလည်းဖြစ်၏။ဤသည်က ဝင်လာစေသည်ကို တင်းကျပ်သည်လည်းဖြစ်သော ပထမဆုံးသော လှုပ်ရှားမှုဖြစ်၏။ဂရိတ်တိုင်းပြည်သည် ခုခံတန်ပြန်မှုကို စတင်လိုက်ပြီးလည်းဖြစ်၏။

(285)

တည်နေရာ..ဂရိတ်တိုင်းပြည်၏ကလိတ်ဒေသ၏နယ်စပ်မြို့ဖြစ်သော.. နွိုက်မြို့"လိုက်ဖမ်းကြဟေ့ လိုက်ဖမ်းကြစမ်း"အသံများက ဆူညံပွက်လောရိုက်ခတ်သွား၏။ထိုအသံများအရ ဂရိတ်စစ်သည်များသည် တစ်စုံတစ်ယောက်ကို လိုက်လံဖမ်းဆီးနေခြင်းပင်ဖြစ်၏။ "ဘယ်လိုတောင်လားဟ ငါ့လခွီးတယ်မှ"ပြေးလွှားနေသောသူ(ဗက်စ်)သည် ဆဲရေးပြီးဆက်လက်ထွက်ပြေးသွား၏။သူ၏ပြေးလွှားနှုန်းမှာ အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းမွန်ပြီး မြန်ဆန်လှသောကြောင့်ဂရိတ်စစ်သည်များကို အသာလေးပင် မျက်ခြေဖျက်နိုင်ခဲ့လေ၏။"ကြည့်ရတာ ထင်သလောက်မရိုးရှင်းနေဘူး"ထိုပြေးလွှားခဲ့ရသောလူသည် တစ်နေရာအလျှောက်၌ပုန်းရှောင်တိမ်းပြီး မိမိအားသတိထားမိရခြင်းအကြောင်းရင်းကို ပြန်လည်သုံးသပ်စစ်ဆေးနေမ်ိပြန်၏။"ဒါကြောင့်နေမှာ"ဂိတ်ပေါက်ဝ၌ လူတိုင်းဂိတ်သို့ ပြသရသော ကတ်လေးအကြောင်းကို ပြန်လည်သတိရလာလေ၏။ ထိုကတ်လေးကို ပြသပြီးသောလူမှသာ မြို့ထဲသို့ ဝင်ရောက်၍ရသည်ကို ပြန်လည်သတိထားမိလာ၏။ထိုစဥ်က သူသည် ထိုကတ်မရှိသောကြောင့် ကြီးမားသောရွှေတုံးတစ်တုံးကို ဂိတ်ပေါက်မှစစ်သူအား ပေးပြီး လာဒ်ထိုးကာအထဲဝင်ရောက်ရန်ကြိုးပမ်းခဲ့၏။သို့သော်လည်း မျှော်လင့်ချက်နဲ့တက်တက်စင်အောင် လွှဲချော်ခဲ့လေ၏။ထိုဂိတ်ပေါက်မှ စစ်သူသည် ထိုရွှေတုံးပေးသော သူ့အား ဖမ်းစေခိုင်းခဲ့သည်ဖြစ်၏။ထို့ကြောင့် ဒေါသထွက်ကာထိုစစ်ဆေးသူကို နံရိုးကျိုးအောင် ထိုးပြီးလျှင် မြို့ထဲသို့အတင်းပြေးဝင်လာခဲ့၏။လိုက်ဖမ်းသောစစ်သည်များသည် သူထက် စစ်သည်တော်အဆင့်နိမ့်ပါးခြင်းကြောင့် မဖမ်းမိနိုင်ခဲ့ရာ သူသည်လုံးဝလွတ်မြောက်သွားလေတော့၏။သူသည် တခြားသူမဟုတ်ပေ။ညဏ်ပြေး၏။ဂရိတ်တိုင်းပြည်ထဲ၌ ဆက်လက်လှုပ်ရှားလိုပါက ထိုကတ်ပြားလိုကြောင်း သူသေချာပေါက်ရိပ်စားမိ၏။သူသည် သားရဲဂိုဏ်းမှ စေလွှတ်ခြင်းခံရသော သူလျှိုတစ်ယောက်ဖြစ်၏။သူ၏တာဝန်သည် တစ်ခြားသောဂိုဏ်းသုံးဂိုဏ်းထက် မြန်ဆန်စွာလှုပ်ရှားပြီး ဂရိတ်တိုင်းပြည်မှအသုံးပြုသော ကြမ်းသည်ဆိုသောလက်နက်များ၏နည်းပညာများကို ယူဆောင်လာစေရန်ဖြစ်၏။သူ၏အဆင့်အရဆိုပါက ထိုသို့အဆင့်နိမ့်တိုင်းပြည်ထဲလှုပ်ရှားရန် လုံးဝမလိုအပ်ပေ။သို့သော် ဂိုဏ်းထဲ၌ပေးထားသော လက်ရှိတာဝန်၏လုံးဝမြင့်မားလှသော ဆုကြေးကြောင့်ယခုလိုလှုပ်ရှားနေရသည်လည်းဖြစ်၏။ထိုဆုကြေးသည်ယခင်ကအမြင့်ဆုံးဆိုသောဆု၏သုံးဆမျှရှိနေရာ အဘယ်ကြောင့်မလုပ်ပဲနေရမည်နည်း၏။လက်ခံစဥ်က လွယ်ကူသည်ဟုထင်မိကာ လက်ခံခဲ့သော်လည်း ယခုအခါ ထင်သလောက်မရိုးရှင်းကြောင်း သူသိလိုက်ရပြီဖြစ်၏။ ထိုကြောင့် ပထမဆုံးသောအစီစဥ်အတိုင်း မြို့ထဲ၌ မသိသာသောလူတစ်ယောက်ကိုအရင်ဆုံး မေ့မြောစေပြီးလျှင် လူရှင်းသောနေရာသို့ ခေါ်သွား၏။ထို့နောက် ထိုလူ၏ကတ်ပြားကို ယူ၏။ကတ်ပြားကို ယူပြီးလျှင် ထိုလူပုံစံအတိုင်းရုပ်ဖျက်၏။သူ၏ရုပ်ဖျက်ကျွမ်းကျင်မှုကြောင့် သူ၏ရုပ်သည်ယခုချိန်၌ သူဖမ်းခေါ်လာပြီး မေ့မြောနေသော လူအတိုင်းပင်ဖြစ်၏။ထိုလူအတိုင်း တူပြီဆိုမှသာ ဗက်စ်သည် သွားလာနေသောလူအုပ်ကြားထဲ ရောနှောသွားလာလိုက်၏။ထိုအချိန်၌ နွိုက်တစ်မြို့လုံးသည် သူ့အားရှာဖွေနေကြသည်ဖြစ်၏။စစ်ဆေးသောအရာရှိကို နံရိုးကျိုးအောင်လုပ်ဆောင်မှုက သူ့အား ပြသနာကြီးယူဆောင်စေခဲ့သည်ကို သူမသိလိုက်ပေ။အရင်ဆုံး မြို့ထဲရှိ စားသောက်ဆိုင်၌ ဝမ်းဝအောင်စားသောက်လိုက်၏။ စားသောက်သောအခါမှပင် မြို့၌ရှိသော အရာများကိုသတိထားမိလာ၏။လက်နက်ပညာကိုသာ ယူဆောင်ရန်စိတ်အားသန်နေသောကြောင့် သတိမထားမိခဲ့ခြင်းလည်းဖြစ်၏။မြို့ထဲရှိ တစ်ချို့သောအိမ်များသည် လုံးဝတောက်​ပြောင်လှပနေသလို ထူးခြားဆန်းပြားသော အရာများကိုလည်း တွေ့ရှိနေရ၏။ထို့ပြင် အနုစိတ်လှသော သတ္ထုစပ်ပစ္စည်းများကိုလည်း အသုံးပြုနေကြသည်ကို တွေ့ရှိရလေ၏။ဗက်စ်သည် စားသောက်ပြီးသောအခါ မြို့မှထွက်ခွာရန်ကြံစည်၏။ကတ်ပြားဖြင့် နွိုက်မြို့မှနေ၍ ထွက်ရန်ဆောင်ရွက်ထားခြင်းဖြစ်ရာ ခပ်တည်တည်ပင်နွိုက်မြို့၏အတွင်းဂိတ်ဝသို့ ရောက်ရှိလာလေ၏။အတွင်းဂိတ်ဆိုသည်မှာ နွိုက်မြို့မှထွက်ခွာပြီး ဂရိတ်တိုင်းပြည်မြို့များသို့ဆက်လက်သွားလာနိုင်သောနေရာ၌ရှိသောကြောင့်ဖြစ်၏။အပြင်ဂိတ်ဝသည် ပြင်ပမှ ဂရိတ်တိုင်းပြည်သို့ စတင်ဝင် ရောက်ရန် နေရာဖြစ်၏။ထို့ကြောင့် အတွင်း၊အပြင်ဂိတ်ဝဟူ၍ ခွဲခြားထားခြင်းလည်းဖြစ်လေ၏။"ကတ်ပြပေးပါ"ဂိတ်မှ စစ်ဆေးသူက တောင်းသောအခါ ဗက်စ်လည်းသူ၏ကတ်ပြားကို ပေးလိုက်၏။တစ်မိနစ်ခန့်ကြာသောအခါ"ရော့ ခင်ဗျားကတ်ပြား သွားလို့ရပါပြီ"ဗက်စ်သည်လည်း ထိုကတ်ပြားကို ကိုင်ကာ ဂိတ်ပေါက်မှထွက်ခွာသွားတော့၏။"တယ်တော်တဲ့ ငါပါလား"ဗက်စ်သည် ကိုယ့်ကိုယ်ကို ချီးမွမ်းပြီး ခရီးကိုဆက်လက်ချီတက်သွား၏။သူမသိသည်ကား သူသာ်လုံးဝအမှားကြီးကိုလုပ်မိခဲ့သည်ပင်ဖြစ်၏။"ကျူးကျော်လာသူတွေ့ရှိထိုသူသည် ဂရိတ်တိုင်းပြည်သား*******၏မှတ်ပုံတင်ကတ်ဖြင့် လှုပ်ရှားနေ ပါသည်။သူ၏ခွန်အားသည် ဒိုင်းမွန်းအဆင့်သို့ရောက်ရန်အနည်းငယ်သာလိုပါတော့သည်။လက်ရှိ၌ ထိုသူသည် နွိုက်မြို့မှ ထွက်ခွာသွားသည်မှာ တစ်မိနစ်ရှိပြီဖြစ်၏"တိကျသော သတင်းကြော်ငြာချက်သည် တာဝန်ရှိသူများအကြား ပြန့်နှံသွားတော့၏။ဗက်စ်သည် ဂရိတ်တိုင်းပြည်၏လုံခြုံရေးစနစ်ကို အတော်လေးအထင်သေးမိခဲ့၏။သူမသိသည်ကား ကတ်ပြားသည် သာမန်ကတ်မျိုးမဟုတ်ပဲတော်တော်လေးအဆင့်မြင့်သည်ကိုပင်။ကတ်ပြားကို စတင်အသက်သွင်းကတည်းက သွေးစက်ချရ၏။ထိုအချိန်ကတည်းက ထိုကတ်သည် သူ၏ကိုယ်လေးကိုယ်တာအချက်လက်များနဲ့ တည်နေရာကိုပါ ဖော်ပြနိုင်စွမ်းရှိလေ၏။ဗက်စ်မှထိုကတ်ကို ဂိတ်ဖြတ်သောအခါ၌စစ်ဆေးရန်ပေးသောကြောင့် စစ်ဆေးသောအခါ ကတ်ပိုင်ရှင်သည် မြို့တွင်း၌သာရှိနေသေးကြောင်း စက်မှအချက်ပြ လာ၏။ထို့ကြောင့် ထိုကတ်ကိုင်သောသူသည် ကျူးကျော်သူဖြစ်ကြောင်း သိသာထင်ရှားစေခဲ့တော့၏။"ကျူးကျော်သူသည် စစ်ဆေးသူကို အသက်ဘေးဖြစ်အောင်လုပ်ဆောင်ထားကြောင်း တွေ့ရှိသည်။ထို့ကြောင့် သေသင့်ကြောင်း တွေ့ရှ်ိကာ အပြစ်ပေးရန် စေလွတ်လိုက်ပါသည်။."ထိုစကားဆုံးသည် နွိုက်မြို့ထဲ၌ငြိမ်သက်နေသော တစ်စုံတစ်စုသည် စတင်အသက်ဝင်လာလေတော့၏။ထိုအရာသည်အသက်ဝင်လာသည်နဲ့ ပထမဆုံးလုပ်သည်ကား ကျူးကျော်သူကို သတ်ဖြတ်ရန်ဖြစ်၏။"ကျူးကျော်သူကို သတ်ဖြတ်ရန် စတင်တာဝန်ထမ်းဆောင်ပါမည်"နွိုက်မြို့အပြင်ဘက်၌ ဗက်စ်တစ်ယောက်သည် သွားလာနေ၏။သူ၏စစ်သည်တော်အဆင့်မြင့်မားလှရာ မြင်းမလိုပေ။ပြေးလွှားနေသည်ကပင် မြင်းထက်များစွာသာလွန်နေပေ၏။ ထိုအခိုက်၌"ဟင် မဟုတ်တော့ဘူး"သူသည် ဆိုးဝါးသောခံစားချက်ကိုရရှိလိုက်ရာ ချက်ချင်းရှောင်တိမ်းသော်လည်း"အား""ဘုတ်"သူ နာ​ကျင်စွာအော်ဟစ်ပြီးနောက် ကြည့်လိုက်ရာ သူ၏လက်တစ်ဖက်သည် မြေပြင်ပေါ်၌ ပြတ်တိကြီးပြတ်တောက်ခြင်းခံထားရကာ ကျနေကြောင်းတွေ့ရလေ၏။ဤသည်က သူရှောင်တိမ်းလိုက်သောကြောင့်သာဖြစ်၏။ မဟုတ်ပါက ယခုချိန်၌ သေနေပြီဖြစ်၏။"မင်းဘယ်သူလဲ"ဗက်စ်မေးလိုက်၏။သူ၏ရှေ့၌ ရှိသောလူသည် အနီရောင်တောက်ပနေသော ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားပြီး ရှည်လျားသော ဓားနီတစ်ချောင်းကို ကိုင်ထား၏။သေချာပေါက် သူသည် မိမိ၏လက်ကိုဖြတ်တောက်သူဖြစ်ကြောင်း ပြောနေစရာမလိုပေ။"ကျူးကျော်သူ သေရမည်"ထိုအနီရောင်စစ်သည်တော်သည် ထိုသို့သာပြောပြီး ဗက်စ်ထံပြေးဝင်သွား၏။ဗက်စ်ကလည်း ကြောက်နေသူမဟုတ်ရာသူ၏လက်စွဲတော်ပုဆိန်ကိုထုတ်ကာ ပြန်လည်တိုက်ခိုက်၏။ငါးမိနစ်ကြာသောအခါ"မစ်ရှင်ပြီးဆုံး.ကျူးကျော်သူအား သုတ်သင်ပြီး"အနီရောင်စစ်သည်တော်သည် သူ၏သွေးစွန်းနေသောဓားကိုကိုင်လျက်ဖြင့် မြန်ဆန်စွာပင် နွိုက်မြို့သို့ပြန်လည်ထွက်ခွာသွား၏။ကျန်နေသောအရာသည်ကား လူတစ်ယောက်၏ကိုယ်ခန္ဓာသည် အပိုင်းပိုင်းဖြစ်ကာ နေရာအနှံပြန့်ကျဲနေ၏။ မြေကြီးပေါ်၌လည်းပုဆိန်တစ်ချောင်းသည် စိုက်လျက်ရှိနေ၏။ထိုစိုက်ထားသောကြောင့် ထောင်နေသောပုဆိန်ပေါ်၌ဗက်စ်၏ခေါင်းပြတ်ကြီးသည် ရှိနေလေ၏။ထိုခေါင်းပြတ်ကြီး၏အမူရာသည် တုန်လှုပ်ခြောက်ခြားနေသော အမူရာရှိလေ၏။ဂရိတ်တိုင်းပြည်ထဲဝင်ရောက်ကာ နည်းပညာလာယူသောသူများအနက် ဗက်စ်သည် အစောဆုံးသေဆုံးခဲ့ရပြီလည်း ဖြစ်၏။

All Chapters