အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အနှိုင်းမဲ့စနစ် book20(286-300)
(286)
ဂရိတ်တိုင်းပြည်ထဲသို့ ခိုးဝင်လာသူများတွင် ဗက်စ်သည် ပထမဆုံးသော သေဆုံးသူဖြစ်ခဲ့ရ၏။နောက်ပိုင်းတွင်လည်း ခိုးဝင်လာသူများက ပိုမို များပြားလာခဲ့၏။ထိုခိုးဝင်လာသူများသည် မည်သို့ပင် ဖုံးကွယ်လာပင် သော်လည်း ဂရိတ်တိုင်းပြည်၏ပြောင်းလဲထားသော စနစ်ကြောင့်ခိုးဝင်လာ သူများဖြစ်ကြောင်းကို ဖုံးကွယ်၍မရနိုင်ပေ။ ထို့ကြောင့် ဂရိတ်တိုင်းပြည်အနှံ့၌ ခိုးဝင်လာသူများနဲ့ ဂိတ်တို့သည် မကြာခဏဆိုသလို ပြသနာတက်လာကြ၏။ပြသနာတက်တိုင်းလည်း ဂိတ် ပေါက်မှ အရာရှိများကသာ အလူးလိမ့်ခံကြရ၏။အကြောင်းမှာ ခိုးဝင်လာ သူများသည် သာမန်စစ်သည်တော်များမဟုတ်ကြပဲ အနည်းဆုံးပင် ပလက်တီနမ်အဆင့်ငါးဖြစ်သောကြောင့်ဖြစ်၏။ ထိုအဆင့်သည် ဂရိတ်တိုင်းပြည်အတွက်တော့ အန္တရာယ်များလှသောအခြေ နေထဲ၌ရှိနေသည်ဖြစ်၏။ထိုကြောင့် ကာကွယ်ရေးစနစ်ဖွင့်ပြီးနောက်ထပ်နှစ် ရက်မြောက်၌ ဂျိတ်သည် စစ်သည်တော်များအားလုံးကို ဂိတ်ပေါက်များ၌ တာဝန်အလှည့်ကျစီစောင့်ခိုင်းစေ၏။ဝင်လာသောသူများကို ဂျိတ်အနေနဲ့ အလွယ်တကူသုတ်သင်နိုင်ပါသော်လည်း ထိုသို့မလုပ်ပေ။ မိမိ၏စစ်သည်များသည် ခိုးဝင်လာသောစစ်သည်များထက် အဆများစွာအ ဆင့်နိမ့်ကျ၏။ထိုအကြောင်းကိုလည်းသိ၏။စနစ်၏အစွမ်းကြောင့် ဂိုဏ်း လေးဂိုဏ်းမှ လူများသည် တာဝန်ထုတ်ပြန်ထားခြင်းကိုလုပ်ဆောင်ရန် မိမိ တိုင်းပြည်ထဲဝင်လာခြင်းဖြစ်ကြောင်း သိပြီးသားဖြစ်၏။ သူတို့၏တာဝန်သည် ကြယ်ပွင့်အဆင့်လေးသတ်မှတ်ထားပြီး ဂရိတ် တိုင်းပြည်မှလက်နက်နည်းပညာယူလာရန်ဖြစ်၏။ထိုတာဝန်အောင်မြင်ပါက ဂိုဏ်းအမှတ်တစ်သိန်းနဲ့အဆင့်ချိုးဖျက်ဆေးလုံးရမည်ဟု မက်လုံးပေး ထား၏။ ထို့ကြောင့်လည်း ခိုးဝင်သူများပြားနေခြင်းလည်း ဖြစ်၏။ ထိုတာဝန်ကိုယူလိုပါက အနည်းဆုံးပလက်တီနမ်အဆင့်ငါးဖြစ်ရမည်ဆိုထား သေးရာ မိမိတိုင်းပြည်ထဲဝင်လာသော စစ်သည်များသည် ပလက်တီနမ်အဆ င့်မှဖြစ်ကြောင်း ဂျိတ်သိ၏။ထို့ကြောင့် ထိုသူများအား တားဆီးရန် ဂျိတ်မှ မိမိ၏ရွှေအဆင့်၊ငွေအဆင့်စစ်သည်များကို တာဝန်ပေးထား၏။ အကြောင်းကား မိမိစစ်သည်များသည် အကူညီများများကြောင့် နောင်တွင် ပျော့ညံ့သွားနိုင်သောကြောင့်ဖြစ်၏။ထို့ကြောင့် အခြေနေဆိုးသည့်အခါမှသာ ကူညီရန်ဆုံးဖြတ်ထားလေ၏။ လေဒဏ်မိုးဒဏ်ခံစားဖူးသော မြက်ပင်သည် ပန်းပျိုးဥယျာဥ်မှ အပင်များ ထက် သန်မာသလိုပင် ဂျိတ်လည်း သူ၏စစ်သည်များ သန်မာစေလိုသော ကြောင့်ဖြစ်၏။ မျှခြေညီစေရန်အတွက်လည်း သင့်တော်သောလက်နက်များ ပေးအပ်ထား သေး၏။ထို့ကြောင့် အခြေနေလုံးဝမဆိုးရွားပါက ဝင်ကူညီရန်အကြောင်းမရှိ နေခြင်းလည်းဖြစ်၏။ ဂျိတ်မှလည်း တာဝန်ပြန်လည်ထုတ်ပြန်ထား၏။ထိုတာဝန်ကတော့ မိမိ တိုင်းပြည်ထဲဝင်လာသူများကို သုတ်သင်ချေမှုန်းရန်ဖြစ်ပြီး သတ်မှတ်ထား သောလက်နက်အမျိုးစားကို မဆို ကိုင်ဆောင်နိုင်မည်ဖြစ်၏။ကိုင်ဆောင်ထား သောလက်နက်များအတွက် ကျည်များကိုလည်း လိုလေသေးမရှိပေးမည် ဖြစ်၏။ သတ်မှတ်ထားခြင်းမရှိသောလက်နက်များသည် အလွန်အဖျက်အားများပြား သောကြောင့် သတ်မှတ်ပေးထားသောလက်နက်များကိုသာ ကိုင်ဆောင်ခွင့်ပြု စေခြင်းလည်းဖြစ်၏။ တာဝန်ကိုထမ်းဆောင်နိုင်ရန်အတွက် အသက်ကယ်အကာကွယ်များလည်း တပ်ဆင်ပေးစေ၏။ထိုအကာကွယ်များ၏အားသာချက်သည် မာစတာဆရာ သခင်အဆင့်အောက်မှ အသေတိုက်ကွက်များကို သုံးကြိမ်ခံနိုင်ရည်ရှိခြင်း ပင်ဖြစ်၏။ထိုအချက်ကိုတော့ ဂျိတ်မှပြောပြပေးထားခြင်းမရှိပေ။ ပေါက်ကြားသွားပါက လုံးဝကြီးမားသော ပြသနာဖြစ်စေလာနိုင်သောကြောင့် လည်းဖြစ်၏။ ဂျိတ်ပေးထားသောတာဝန်ကို အောင်မြင်အောင်ထမ်းဆောင်နိုင်သူအား ရ မှတ်များပေးအပ်မည်ဖြစ်၏။ထိုရမှတ်များသည် ကြီးမားသောဆုလာဒ်များနဲ့ ပြန်လည်လဲယူနိုင်စွမ်းရှိ၏။ ဂျိတ်၏ကြီးမားသောဆုလာဒ်ကြောင့်က တစ်ကြောင်း၊မိမိတို့အား အဆင့်မြင့် ခေတ်မှီလက်နက်များကိုင်ဆောင်စေခြင်းကြောင့်လည်းကောင်း၊အသက်သေ စေရန်လမ်းနည်းပါးသောကြောင့်လည်းကောင်း ဂရိတ်စစ်သည်များသည် လည်း မိမိတို့၏ရမှတ်များများရရှိစေရေးအတွက် ကြိုးစားပြီးဆောင်ရွက်ကြ လေတော့၏။ ထူးခြားချက်အနေဖြင့် ထိုတာဝန်လုပ်ဆောင်ပါက ဆုလာဒ်များမည့်သူများမှာ စစ်သည်တော်များသာမဟုတ်ပဲ ငွေအဆင့်ရောက်ပြီးသောလုပ်ကြံသူများ လည်း လုပ်နိုင်မည်ဖြစ်၏။ထိုလုပ်ကြံသူများသည် ဂရိတ်တိုင်းပြည်အသစ် ဖွဲ့စည်းပြီးနောက်ပိုင်း၌ ဂရိတ်တိုင်းပြည်နဲ့ပူးပေါင်းလိုက်သော လုပ်ကြံသူ အဖွဲ့စည်းမှဖြစ်၏။ အဖွဲ့သည် တစ်ဖွဲ့လုံးဝင်ရောက်ခြင်းမဟုတ်ပဲ တစ်ဝက်မျှသောပမာဏရှိသော လူများက ဂရိတ်တိုင်းပြည်မှထွက်ခွာသွားပြီး ကျန်ရှိခဲ့သောလုပ်ကြံသူ တစ်ဝက်က ဂရိတ်တိုင်းပြည်နဲ့ပူးပေါင်းလိုက်ခြင်းဖြစ်၏။ပူးပေါင်းလိုက် သော သူများသည် တိုင်းပြည်ထဲအားဝင်လာသူသောများကို ရှင်းလင်းသော တာဝန်ကိုထမ်းဆောင်ပြီး ဆုလာဒ်ရယူနိုင်ကြမည်ဖြစ်၏။ ကာကွယ်ရေးစနစ်ဖွင့်ပြီး ဆယ့်ငါးရက်မြောက်နေ့... "နောက်ထပ်နည်းနည်းလေးဆိုရင် ငါတော့အဆင်ပြေပြီ" ထိုစကားကိုဆိုသူက လုပ်ကြံသူခေါင်းဆောင်ဟောင်းဖြစ်ခဲ့သူ မိုဂေါ့ဖြစ်၏။ သူသည် ဂရိတ်တိုင်းပြည်အခြေစိုက် လုပ်ကြံသူအဖွဲ့စည်း၏ခေါင်းဆောင် ဟောင်းဖြစ်ပြီးဂရိတ်တိုင်းပြည်နဲ့ပူးပေါင်းရန်ကို ရွေးချယ်ခဲ့သူလည်းဖြစ်၏။ သူ၏ရွေးချယ်မှုသည် လုံးဝမှန်ကန်သည်ဟုခံစားမိလာ၏။ ကာကွယ်စနစ်ဖွင့်ပြီးမကြာမီ၌ သူ့ထံ ဂရိတ်တိုင်းပြည်တာဝန်ထမ်းဆောင်ရန် အမိန့်ကျရောက်လာ၏။ထိုအမိန့်နဲ့အတူ လုပ်ရမည့်တာဝန်နဲ့ဆုလာဒ်များပါ ပြ ထား၏။ထိုတာဝန်ကို မိုဂေါ့လည်း ယူကာ ထမ်းဆောင်လိုက်၏။သူ၏အဆင့် သည် ရွှေအဆင့်ခြောက်ဖြစ်သော်လည်း ပူးပေါင်းသောအခါ ဂျိတ်၏ချီးမြင့် သောဆေးလုံးကို သူရရှိလိုက်၏။ထိုဆေးလုံးအစွမ်းကြောင့် လက်ရှိ၌သူ၏အဆင့်သည် ရွှေအဆင့်ကိုးသို့ရောက်ရှိနေပြီဖြစ်၏။ (မိုဂေါ့သည် အပိုင်း39၌ ပါခဲ့သောလုပ်ကြံသူခေါင်းဆောင်ဖြစ်၏) ဂျိတ်၏ဆေးလုံးကြောင့် သူ၏တိုးတက်လိုစိတ်သည် ငုပ်လျှိူးနေရာမှ ပြန်လည်နိုးထလာလေ၏။ထို့ကြောင့် လက်ရှိတာဝန်ကို အကောင်းဆုံးထမ်း ဆောင်နေလေ၏။ သူ၏များပြားလှသောအတွေ့ကြုံနဲ့သူ၏လုပ်ကြံသူများ၏ပညာများ ပေါင်းစပ်လိုက်သောအခါ ခိုးဝင်လာသော စစ်သည်များအတွက် ကြောက်မက်ဖွယ်ကောင်းမွန်သွားတော့၏။ ခိုးဝင်လာသောသူသည် မ ည်မျှပင် အားကြီးသည်ဆိုသော်လည်း အဆင့်မြင့် သည်ဆိုသော်လည်း မိုဂေါ့၏ပရိယာယ်အောက်သို့ကျဆင်းရသည်သာ ဖြစ်၏။ အလစ်ငိုက်တိုက်ခိုက်ကာ အားနည်းချက်ကိုတစ်ချက်တည်းဖြင့်တိုက်ခိုက် သတ်ဖြတ်ခြင်း၊အစားသောက်များ၌ ချာက္က ရာကုန်ခမ်းအောင်ဆေးများထည့် ပြီးမှ တိုက်ခိုက်ခြင်းစသောနည်းမျိုးစုံဖြင့် ရန်သူကို ကိစ္စတုံးစေခဲ့၏။ သူသည် လက်ရှိ၌ ဂိုဏ်းလေးဂိုဏ်းလုံးမှ ခြောက်ယောက်အထိသတ်ဖြတ်ခဲ့ ပြီးဖြစ်၏။ထိုလူများသည် အစွမ်းထက်သော်လည်း အတွေ့ကြုံနည်းပါးခြင်း ကြောင့် သေပွဲဝင်ခဲ့ရခြင်းလည်းဖြစ်၏။ထိုသူများကို မိမိသတ်ကြောင်း ပြသ ပြီးဆုလာဒ်လည်းထုတ်ခဲ့သည်မှာနှစ်ကြိမ်မြောက်ရှိခဲ့ပြီလည်းဖြစ်၏။ ယခုလည်းသူသည် နောက်ထပ်သော ခိုးဝင်သူများကို ဖမ်းသတ်ဖြတ်ပြီး ဆု လာဒ်ထုတ်ရန် ဆန္ဒပြင်းပြနေ၏။အကြောင်းရင်းကား ဆုလာဒ်ထုတ်ရာဌာန၌ သူတွေ့လိုက်သော လက်နက်တစ်ခုကြောင့်သာဖြစ်၏။ထိုလက်နက်သည် အနီ ရောင်ရဲရဲတောက်ပနေသော လုပ်ကြံသူများသာ အသုံးပြုလေ့ရှိသော ဓား မြောင်ကောက်ဓားအသေးလေးဖြစ်၏။ ထိုဓားသည် ရမှတ်220ဖြစ်၏။ပြသနာကား ထိုဓားမြောင်ကောက်လေးကိုမ တွေ့ခင် အနည်းကျဥ်းသုံးမိထားသောကြောင့် လက်ရှိ၌ သူထံတွင် ရမှတ် သည်190သာကျန်ရှိနေခြင်းဖြစ်၏။ ထိုဓားမြောင်ကောက်လေးကို မြင်လိုက်ခြင်းခြင်း သူသည်လုံးဝလိုချင်စိတ် ပေါ်ပေါက်လာ၏။အဘယ်ကြောင့်ဆိုသော် ထိုဓားမြောင်မှ အော်ရာများထွက် ပေါ်နေလေ၏။ထိုအော်ရာများသည် နီရဲနေပြီး ကြောက်မက်ဖွယ်ဖြစ်စေနိုင် သော အငွေ့သက်ကိုလည်းပေးစွမ်းလေ၏။ ထိုလိုလက်နက်မျိုးကို လုပ်ကြံသူတစ်ယောက်ဖြစ်သောသူက ရှောင်လွှဲနိုင် ခြင်းမရှိခဲ့ပေ။ ထိုကြောင့် ထိုဓားမြောင်အကြောင်းကို မေးကြည့်ဖြစ်၏။ သွေးဆာသတ်ဖြတ်သူ ဓားမြောင် လိုအပ်သောရမှတ်..220 (ပလက်တီနမ်အဆင့်အလယ်လတ်) အဆင့်မြင့် ပလက်တီနမ်အဆင့်ရှိသောရှားပါးကျောက်သတ္ထုနဲ့တခြားသော ရှားပါးသတ္ထုများဖြင့်ရောစပ်ပြုလုပ်ထား၏။သွေးသွန်းလောင်းပြီးပြုလုပ် ထားသောကြောင့် အလွန်မင်းအစွမ်းထက်၏။ထို့ပြင် ဓား၌မှော်အင်းကွက်ပါ ရေးဆွဲထား၏။ အားနည်းချက် သွေးဆာတတ်သောလက်နက်ဖြစ်သောကြောင့် ပိုင်ရှင်မှ သတိထားကိုင်တွယ်ရမည်။အဆင့်တူလက်နက်ချင်းဆိုပါက ဖျက်စီး နိုင်သည်။ အဆင့်တူခြင်းဆိုပါက ဖျက်စီးနိုင်သည့်အပြင် ရေးသားထားသောအချက် များနဲ့သူမြင်လိုက်ရသော ဓားမြောင်၏အသွင်ပြင်က မိုဂေါ့အားလုံးဝဆွဲဆောင်ခဲ့ပြီဖြစ်၏။ထို့ကြောင့် လက်ရှိ၌ ထိုဓားမြောင်ကိုရရန် နောက်ထပ်သောခိုးဝင်သူရှိလာရန် မိုဂေါ့ ဆုတောင်းမိ၏။ သူ၏ဆုတောင်းမှုကို ကြားသွားသည့်ထင်။သူ၏မြင်ကွင်းရှေ့၌ပင် လူတစ် ယောက်ပေါ်လာ၏။ထိုလူတစ်ယောက်သည် တခြားသူများအမြင်၌သာမန်သာ ဆိုသော်လည်း အတွေ့ကြုံရင့်သန်လှသောသူ၏မျက်စိ၌ ကွင်းကွင်းကွက် ကွက်ပင် ထင်ရှားနေပြီဖြစ်၏။ "ကဲ စရတာပေါ့ကွာ" မိုဂေါ့တစ်ယောက် သူ၏အစီစဥ်များစတင်ဆောင်ရွက်လိုက်ပြီဖြစ်၏။
(287)
ဒီတစ်ခေါက် ခိုးဝင်လာသောသူသည် ကျားရဲဂိုဏ်းမှဖြစ်ပြီး သူ၏စစ်သည် တော်အဆင့်သည် ပလက်တီနမ်အဆင့်ခုနှစ်ဖြစ်၏။သူသည် ဂရိတ်တိုင်းပြည် ထဲသို့ ရောက်လာသည်မှာ နှစ်ရက်မြောက်သောနေ့ဖြစ်၏။ သူ၏မြန်ဆန်လှသောလှုပ်ရှားမှုနဲ့ ပိပိရိရိအသွင်ပြောင်းနိုင်မှုကြောင့် ဂရိတ် စစ်သည်တော်များသည် သူ့အားမတွေ့ရှိနိုင်ခဲ့ကြခြင်းလည်းဖြစ်၏။ ထိုသို့သေချာစီမံထားသောလည်း သူသည် သူ့အားနောက်တစ်ယောက်မှ စော င့်ကြည့်နေကြောင်းကိုတော့ မသိရှိလိုက်ပေ။ ကျားရဲဂိုဏ်းမှလူသည် သာမန်အတိုင်းမြို့ထဲသို့ လှည့်ပတ်သွားလာပြီးလျှင် တစ်နေရာအရောက်၌ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်လိုက်၏။ "စားပွဲထိုး ငါ့ကို သေရည်သုံးအိုးနဲ့ ကောင်းတာမှန်သမျှချကွာ" "ဟုတ်ကဲ့ အမြန်ဆုံးစီစဥ်ပေးပါမယ်" ထိုစားသောက်ဆိုင်မှ စားပွဲထိုးကလည်း ပြုံးရွှင်စွာဖြင့် ပြန်လည်ဖြေကြား၏။ သူ၏အမြင်၌ထိုဖောက်သည်သည် ကြွယ်ဝချမ်းသာလူဖြစ်ကြောင်း သိနေ သောကြောင့် ဖြစ်၏။ အချိန်တအောင့်မျှကြာသောအခါ.... "ရပါပြီဗျ သုံးဆောင်ပါ" ထိုလူရှေ့သို့ သေရည်သုံးအိုးနဲ့ကြက်ကောင်လုံးကင်နဲ့တခြားခြားသောဟင်း ပွဲများရောက်ရှိလာတော့၏။ရောက်ရှိလာသည်နဲ့ ထိုလူကြီးသည်လည်း တစ်ထိုင်တည်းဖြင့် စတင်စားသောက်တော့၏။ ပထမဦးဆုံး သေရည်တစ်အိုးကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက် ပစ်၏။သောက်ပြီးသောအခါ ကြ က်ကောင်လုံးကင်ကို ဆွဲစား၏။ထို့နောက် နောက်တစ်အိုး ထပ်သောက်၏။ဤသို့ဖြင့် စားပွဲပေါ်၌အပြည့်တည်ရှိနေ သော သေရည်အိုးနဲ့ဟင်းများမှား ကု န်ဆုံးသွားတော့၏။ "ရှင်းမယ်" ပြောပြီးသည်နဲ့ ရွှေတုံးများပစ်ချကာ စားသောက်ဆိုင်မှ ထွက်ခွာသွား လိုက်၏။ "ကျေးဇူးတင်ပါတယ် ဖောက်သည်ကြီး နောက်လာအားပေးပါဦး" စားပွဲထိုးလေး၏အသံကတော့ ကျယ်လောင်စွာထွက်ပေါ်လာ၏။ "အင်း...အစားသောက်တွေက မဆိုးဘူးပြောရမယ်" ကျားရဲဂိုဏ်းမှလူမှ တစ်ကိုယ်တည်းရေရွတ်လိုက်၏။သူသည် ရွှေတုံးရွှေခဲ များပေါများစွာရှိနေ၏။အကြောင်းကား ဂိုဏ်း၌ရွှေကိုသုံးသည်က အလွန် ရှားပါး၏။ဂိုဏ်းတွင် နေပါက ဂိုဏ်းရမှတ်ကသာ အသုံးဝင်လေ၏။ရွှေများ က အသုံးမဝင်ပေ။ထို့ကြောင့် လက်ရှိစားသောက်ရာ၌ ရွှေတုံးများဖြင့် ပေးချေမှုကို လက်မတွန့်ပဲ ပေးနိုင်ခြင်းလည်းဖြစ်၏။ ပလက်တီနမ်အဆင့်ရောက်လာသောအခါ စစ်သည်တော်၏စားသောက်ချင် စိတ်သည်လည်း ကြီးမားလာသလို စားသောက်နိုင်စွမ်းသည်လည်း များပြား လာသောကြောင့်ဖြစ်၏။ထို့ကြောင့်လည်း စားပွဲပေါ်၌ချထားသမျှသော ဟင်း များကို စားသောက်နိုင်ခြင်းလည်းဖြစ်၏။ ယခုလည်း စားသောက်ပြီးပြီဖြစ်သောကြောင့် အားအင်များပြည့်ဝလာသလို ခံစားလိုက်ရ၏။ သူသည် ဂိုဏ်းတာဝန်ကိုထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သောသတင်းများ ရနိုင်မည့်နေရာများကို သွားရောက်ခဲ့သေး၏။ ဂရိတ်တိုင်းပြည်၌ သူလိုချင်သောသတင်းသည် ထင်သည်ထက်ခက်ခဲနေ ကြောင်း သိလိုက်ရ၏။ကြည့်ရသည်မှာ ဂိုဏ်းတာဝန်ထမ်းဆောင်ရန်အတွက် သူအနေဖြင့် ဂရိတ်စစ်တပ်ထဲအထိ ထိုးဖောက်ဝင်ရောက်ရမည့်အခြေနေရှိ နေလေ၏။ "ဘယ်ကောင်လိုက်နေတာလဲ ထွက်ခဲ့စမ်း" ကျားရဲဂိုဏ်းမှလူက လူသူရှင်းသော နေရာအရောက်တွင် အော်ဟစ်လိုက် လေ၏။အော်ရာတွင်လည်း ချာက္က ရာအစွမ်းပါသုံးပြီးအော်လိုက်သည်ဖြစ်ရာ အသံလိုင်းများထွက်ပေါ်လာ၏။ ထိုအသံလိုင်းကြောင့် လူတစ်ယောက်သည် ပုန်းခိုနေရာမှ ထွက်ပေါ်လာလေ တော့၏။ဟုတ်ပေသည်။ထိုလူသည် တခြားသောလူမဟုတ် မိုဂေါ့ပင်ဖြစ်၏။ "မင်းဘယ်လိုလုပ်ပြီး သိတာလဲ" "သိတာပေါ့ မင်းရဲ့အငွေ့သက်အော်ရာက ငါမြင်ကွင်းကနေပျောက်မသွားပဲ ငါနဲ့ပဲတစ်ချိန်လုံးရှိနေတာလေ" ("ချီးပဲ") ကျားရဲဂိုဏ်းမှလူ၏ပြောမူကြောင့် မိုဂေါ့ဆဲရေးမိသွား၏။ကြည့်ရသည်မှာ ကျားရဲဂိုဏ်းမှလူကို သူအထင်သေးမိလိုက်ပြီဖြစ်၏။ သူမသိလိုက်သည်မှာ ကျားရဲဂိုဏ်းမှလူသည် အတတ်ပညာတစ်မျိုးကို တတ်မြောက်ထားခြင်းကြောင့် လူများကိုကြည့်ရှုပါက သူတို့၏အော်ရာများပါ မြင်နိုင်စွမ်းရှိလေ၏။ထိုအတတ်ပညာကြောင့် မိုဂေါ့ကို သိလိုက်ခြင်းလည်း ဖြစ်၏။ "မင်းက ဘာကိစ္စနဲ့ ငါ့နောက်လိုက်ရတာလဲ" ကျားရဲဂိုဏ်းမှလူအမေးကြောင့် "ငါလား မင်းကိုသတ်နိုင်ရင် ငါလည်းလိုချင်ရနိုင်တော့မှာမို့ပါ" မိုဂေါ့၏စကားကြောင့် ကျားရဲဂိုဏ်းမှလူရယ်မောတော့၏။ရွှေအဆင့်မှ ကောင်လေးမှ မိမိအားသတ်ချင်သည်ဆိုပါလား။ "ဒါအခွင့်ရေးပဲ" မိုဂေါ့ကလည်း သူရယ်မောချိန်၌ သူထံသို့ အထုပ်လေးနှစ်ထုပ်ပစ်လွင့် လိုက်၏။ထိုလွင့်လိုက်သောအထုပ်အား ကျားရဲဂိုဏ်းမှလူက သူ၏လက်ဖြင့် ဝှေ့ယမ်းကာ ဖျက်စီးလိုက်ပစ်၏။ "ဘာတွေတုန်းဟ" သူဖျက်စီးလိုက်သောအခါ အထုပ်ထဲမှ အမှုန့်များထွက်ကြာလာသည်ကို တွေ့ လိုက်ရလေ၏။ထိုအမှုန့်များကို ရှုမိသည်နဲ့ တစ်ခုခုဖြစ်ပြီမှန်း သူသိလိုက်ရပြီ ဖြစ်၏။သူသိလိုက်သောအချိန်၌ နောက်ကျသွားပြီဖြစ်၏။ ဟုတ်ပေသည်။ထိုအထုပ်ထဲမှ အမှုန့်များသည် လူကိုနှုန်းခွေပျော့သွားစေနိုင် သော သတ္တိရှိ၏။ "မင်းက ဒီအမှုန့်နဲ့ သုံးပြီးငါ့ကို နိုင်မယ်ထင်ရင်မှားသွားမှာပေါ့" ကျားရဲဂိုဏ်းမှလူဒေါသထွက်ပြီး မိုဂေါ့အား စတင်တိုက်ခိုက်တော့၏။မို ဂေါ့၏အတွက်မှားသွားခြင်းလည်းဖြစ်၏။ တစ်ဖက်လူသည် ကိုယ်ခန္ဓာကျင့် ကြံသောပါ ဖြစ်နေသောအခါ သူ၏ဆေးမှုန့်များသည် ပျော့ခွေနိုင်ခြင်းမရှိတော့ပဲ အားနည်းစေရုံမှသာ စွမ်းဆောင်နိုင်လေ တော့၏။ ကျားရဲဂိုဏ်းမှလူ၏ထိုးချက်ကို မိုဂေါ့ကျွမ်းကျင်စွာပင်ရှောင်တိမ်းလိုက်၏။ "ဝုန်း" ကျားရဲဂိုဏ်းမှလူ၏လက်သီးချက်သည် မြေကြီးသို့ထိမိသောအခါ ကြီးမားသောချိုင့်ကြီးဖြစ်ပေါ်သွားလေ၏။ စစ်သည်တော်များတွင်လည်း သာမန်စစ်သည်တော်နဲ့ကိုယ်ခန္ဓာကျင့်ကြံသူဆို ပြီး နှစ်မျိုးရှိလေ၏။ကိုယ်ခန္ဓာကျင့်ကြံသောစစ်သည်တော်သည် သာမန် စစ်သည်တော်ထက် နှစ်ဆကြိုးစားရသလို နှစ်ဆလည်းပိုမိုအစွမ်းထက်သန် လေ၏။ ယခုကျားရဲဂိုဏ်းမှလူသည်လည်း ကိုယ်ခန္ဓာကျင့်ကြံသောသူဖြစ်ရတကား သာမန်စစ်သည်ထက်များစွာ သန်မာလေ၏။ဆေးမှုန့်၏အာနိသင်သည် သူ့ အား အနည်းငယ်အားလျော့စေရုံသာရှိ၏။အနည်းငယ်သာ အားလျော့သွား ခြင်းဖြစ်ပြီး မိုဂေါ့ကိုသတ်ရန် သူ့အနေဖြင့် လုံလောက်သည်ထက်ပိုသော အားအင်ရှိသည်ဟုဆိုနိုင်လေ၏။ ကျားရဲဂိုဏ်းမှလူထက် မိုဂေါ့သာသည်ပြောနိုင်သည်က သူ၏အတွေ့ကြုံများ သာဖြစ်လေ၏။တစ်ဖက်လူသည် သူ့ထက် အစွမ်းကြီးအဆင့်မြင့်နေ သောအခါ သူအားကိုးစရာရှိသည်ကတော့ ညဏ်လွှာသုံးပြီးအတွေ့ကြုံနဲ့ ပေါင်းစပ်ကာ ရင်ဆိုင်သည်ပင်ဖြစ်၏။ "ပျော့ပြောင်းသောအသွင်ပြင်" ဤအစွမ်းသည် မိုဂေါ့ငွေအဆင့်ရောက်သောအခါ ရရှိလာသောအစွမ်းဖြစ် လေ၏။သူများတွေလိုထူးခြားခြင်းမရှိသော်လည်း မိုဂေါ့၏အားသာ ချက်သည် ရရှိသောအစွမ်းကို လိုက်လျောညီထွေဖြစ်အောင်လုပ်ကာ အသုံးပြုတတ်ခြင်းပင်ဖြစ်၏။ ထိုအစွမ်းကို အသုံးပြုသောအခု သူ၏ကိုယ်ခန္ဓာသည် အရိုးမရှိသော လူတစ် ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့၏။ "သေစမ်း" ကျားရဲဂိုဏ်းမှလူက. မိုဂေါ့အား သူ၏ခွန်အားချည်းသပ်သပ်ဖြင့် ထိုး လေ၏။ချာက္က ရာကို မသုံးပေ။အကြောင်းမှာ သုံးရန်မတန်ဟုထင်မြင် သောကြောင့်ဖြစ်၏။ လက်သီးချက်များစွာက မိုဂေါ့ထံပြေးဝင်လာ၏။ထိုအခိုက်၌ မထင်မှတ်သော အဖြစ်ပျက်ဖြစ်လာ၏။လက်သီးသည် မိုဂေါ့၏ရင်ဝသို့တည့်မှတ်စွာလာ သော်လည်း မိုဂေါ့မှရှောင်တိမ်းနိုင်လိုက်ခြင်းပင်ဖြစ်၏။ မိုဂေါ့၏ကျန်သောအစိတ်ပိုင်းများကိုလည်း ဆက်တိုက်ပစ်ထိုးလိုက်ပြန်၏။ သို့သော်လည်း တစ်ကိုယ်လုံးအရိုးမရှိသလိုဖြစ်နေသော မိုဂေါ့၏ကိုယ်ကို ထိ ရန်က ရွံ့ထဲရှိနေသော ပြောင်ချောနေသော ငါးရှဥ့်တစ်ကောင်ကို ဖမ်းရသ လိုပင်ဖြစ်နေသည်ဖြစ်၏။ သုံးလေးဆယ်အချက်အထိ လွှဲသည်ဖြစ်နေရာ ကျားရဲဂိုဏ်းမှလူသည်လည်း စိတ်မရှည်တော့ပေ။သူ၏သဘာဝအစွမ်းကို ထုတ်သုံးလိုက်လေ၏။ "ကျားရဲလက်သည်း" ထိုအစွမ်းသည် သူငွေအဆင့်၌ရရှိလာသောအစွမ်းဖြစ်၏။သူ၏လက် များသည် ကျားတစ်ကောင်၏လက်သည်းများအသွင်သို့ပြောင်းလဲသွားလေ တော့၏။ ထို့နောက် ကျားလက်သည်းဖြင့် မိုဂေါ့အား ကုတ်ချလိုက်၏။ဒီတစ်ခါတော့ မို ဂေါ့လည်း တိမ်းရှောင်ရတော့၏။ကုတ်ချက်တစ်ချက်ထိလိုက်ပါက လုံးဝ သေစေနိုင်သည်မဟုတ်ပါလား။ "ဟင် ဘာ..ဘာဖြစ်တာတုန်း" ကျားရဲဂိုဏ်းမှလူအနည်းငယ်မူးစေလာတော့၏။ထိုအခါ မိုဂေါ့သည် ပြုံး လိုက်၏။အစောပိုင်းကာလ၌ ကျားရဲဂိုဏ်းမှလူက စားသောက်ခဲ့သောအစား သောက်များ၌ သူသည် အရောင်ဆင်းမရှိသော အဆိပ်များထည့်ပေးထားခဲ့ သည်မဟုတ်ပါလား။ထိုအဆိပ်များနဲ့ အစောပိုင်းက နောက်ထပ်သော ဆေးမှု န့်နှစ်ထုပ်နဲ့ ပေါင်းစပ်လိုက်သောအခါ အချိန်တိုတွင်း၌ အစွမ်းပြသော အရိုး များပါ ခွေနှုန်းသွားနိုင်သောအစွမ်းသတ္တိများပြသလာတော့၏။ အသာစီးရထားသော ကျားရဲဂိုဏ်းမှလူဖက်မှ မိုဂေါ့ဖက်သို့အခြေနေသည် ပြောင်းလဲသွားပြီလည်းဖြစ်၏။
(288)
"ဟူး နောက်ဆုံးတော့ ငါရတော့မယ်ကွ." မိုဂေါ့ဝမ်းသာအားရအော်ကာပြောလိုက်၏။ထိုသို့အော်ပြောသော်လည်း သူ သည်လည်း သိပ်အခြေနေမဟန်ပေ။သူ၏နံရိုးသုံးချောင်းကျိုးသွားသည့် အပြင်လက်ဖျံရိုးနဲ့ ခြေထောက်ရိုးတစ်ချောင်းပါ ကျိုးသွားခဲ့ရပြီဖြစ်၏။ "မအေဘေးက အဲ့လောက်ဆိုးမယ်လို့ငါမထင်မိဘူး. မိုဂေါ့ဆဲရေးလိုက်၏။ဆေးခတ်ထားသောကြောင့် လွယ်ကူမည်ဟုထင်မိ သော်လည်း ကျားရဲဂိုဏ်းမှလူက ရုတ်ခြည်းဆိုသလို သူ၏အသက်စွမ်းအင် ကိုစတေးပြီး တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ပေ။ထိုကျားရဲဂိုဏ်းမှလူအား သတ်ဖြတ်ရန် တစ်နာရီမျှပေးလိုက်ရပြီး သူ၏နံရိုးသုံးချောင်း၊လက်ဖျံရိုးနဲ့ ခြေထောက်ရိုးကို အကျိုးခံပြီးမှသာ သတ်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်၏။ သို့သော်လည်း မိုဂေါ့အနေဖြင့် တန်သည်ဟု ယူဆနိုင်၏။ထိုသို့ကြမ်းတမ်းလှ သော သူအား သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့် သူ၏လိုချင်သောဓားမြောင်လေး ကို ရရှိတော့မည်ဖြစ်၏။ ..... အဆောက်ဦးတစ်ခုထဲသို့ မိုဂေါ့ဝင်ရောက်သွား၏။ထိုအဆောက်ဦးသည် အပြင်ပိုင်းကြည့်ပါက သာမန်ဆန်သည်ဟုထင်ရသော်လည်း အထဲ၌ လုံးဝ ဆန်းကြယ်ပေ၏။အထဲပိုင်း၌ ကြီးမားပြီးကျယ်ပြန့်ကာ များစွာသော အသုံးအဆောင်ပစ္စည်းများနဲ့ ဆန်းကြယ်စွာစီချယ်ထား၏။ အမြဲထိန်ထိန်လင်းနေပြီး ထိုသို့လင်းနေအောင်လည်း လျှပ်စစ်မီးသီးဟူသော အရာဖြင့်ဆင်ယင်ထားကြောင်း မိုဂေါ့ကြားသိပြီးဖြစ်၏။အဆောက်ဦးထဲသို့ ပထမဆုံးသော ရောက်ခြင်းမဟုတ်သော်လည်း ဝင်မိတိုင်း ရင်သပ်ရှူမောဖြစ် ခဲ့ရ၏။ ယခုလည်း အဆောက်ဦးထဲ၌ များစွာသောလူများစွာက မိမိတို့အလုပ်ကိုယ်စီ ဖြင့် သွားလာလှုပ်ရှားနေကြ၏။မိုဂေါ့ကို ဂရုစိုက်ဟန်မရှိကြ။ဒါကလည်း မို ဂေါ့အတွက်ပြသနာမရှိပေ။ ကောင်းနေသော လက်တစ်ဖက်နဲ့ကောင်းနေ သော ခြေထောက်တစ်ချောင်းကို အားပြုကာ အလဲလှယ်လုပ်ပေးသည့် ကောင်တာဘက်ကို လာခဲ့လေ၏။ "လူကြီးမင်း ဒီတစ်ခေါက်ကော ဘယ်လိုပါလဲ" ကောင်တာမှ လူက ကြိုဆိုလိုက်၏။သူအနေဖြင့် မိုဂေါ့အား မစိမ်းတော့ပေ။ ရန်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းတာဝန်၌ ခဏခဏအောင်မြင်၍လာ ရောက်လေ့ရှိသော မိုဂေါ့ကို မှတ်မိနေလေ၏။ "ရော့ ဒါက ဘယ်လောက်ရမလဲ" မိုဂေါ့လက်ထဲမှ အမှတ်သားပါကျောက်တုံးလေးကို ပေးလိုက်၏။ထိုကျောက် တုံးလေးသည် မိမိလုပ်ကြံအောင်မြင်သောအခါ မိမိလုပ်ကြံခဲ့သော လူ၏အလောင်းကို သိမ်းဆည်းနိုင်သော အရာလေးဖြစ်၏။ကျားရဲဂိုဏ်းမှ လူကို သတ်ဖြတ်ပြီးသောအခါ မိုဂေါ့မှ ထိုအထဲသို့ထည့်လာခြင်းလည်း ဖြစ်၏။ "ကောင်းပါပြီ စစ်ဆေးကြည့်ပါမယ်" ကောင်တာမှ လူမှ ထိုအမှတ်သားပါကျောက်တုံးအား ယူပြီး စစ်ဆေးသည့် အရာဖြင့်စစ်ဆေးလိုက်၏။ "လူကြီးမင်း ဒီတစ်ခေါက်တော့ အမှတ်သုံးရာရရှိပါတယ် ဒီတစ်ခေါက်လူရဲ့ အလောင်းက တော်တော်လေးအကျိုးမြတ်ဖြစ်ထွန်းစေလို့ပါ" ထိုစကားကြောင့် မိုဂေါ့အလွန်ဝမ်းသာသွား၏။သူ၏ထိခိုက်မှုရရှိလာသည် များသည် လုံးဝတန်သည်ဟုခံစားမိ၏။ယခင်အခေါက်များမှ ပေါင်း၍ရ သောရမှတ်များထက် ယခုတစ်ခေါက်တည်းဖြင့် သာလွန်သွားသောကြောင့် ဖြစ်၏။ ရန်သူ၏အလောင်းများကို ယူဆောင်လာစေခြင်းသည် ပြန်လည်အသုံးချနိုင် ရန် နည်းအမျိုးမျိုးရှိသောကြောင့်ဖြစ်၏။ထိုအလောင်း၏အရည်သွေးကို အခြေ ခံကာ အမှတ်များခွဲဝေပေးခြင်းလည်းဖြစ်၏။ မိုဂေါ့၏ရမှတ်ထဲသို့ သုံးရာထည့်ပေးလိုက်၏။ထိုအခါ မိုဂေါ့၌ ရှိနေသော အမှတ်များသည်490အထိရရှိသွားပြီဖြစ်၏။ "ကောင်းပြီ ဒါဆို ကျုပ်ကို သွေးဆာသတ်ဖြတ်သူဓားမြောင်နဲ့ လဲလှယ်ချင်ပါ တယ် " မိုဂေါ့မှ ပြောလိုက်၏။ထိုအခါ မိုဂေါ့၏ရမှတ်များထဲမှ 220ကို ပြန်လည်နှုတ် ယူသွားလေ၏။ထိုအခါ မိုဂေါ့လက်ထဲ၌ ရမှတ်270သာ ကျန်ရှိတော့၏။ "ကောင်းပါပြီ လူကြီးမင်း အဲ့ပစ္စည်းကို ဆယ့်ငါးမိနစ်လောက်စောင့်ဆိုင်းပေး ပါဗျ မကြာခင်ရောက်ရှိလာပါလိမ့်မယ်" မိုဂေါ့လည်း မိမိလိုချင်သော ဓားမြောင်ကို စောင့်ဆိုင်းလိုက်၏။စောင့်ဆိုင်း နေရင်း ကောင်တာ၏နောက်၌ ပြသထားသောလက်နက်ပုံများကို ပြန်လည် ငေးကြည့်မိနေ၏။ "ကြည့်ရတာ လူကြီးမင်းက လက်နက်တွေတော်တော်သဘောကျတယ်ထင် တယ်" ကောင်တာမှ လူက မိုဂေါ့၏အကြည့်ကို သတိထားမိဟန်ပြော၏။ "ဟုတ်တယ် ကျုပ်သဘောကျတယ်" "ဒါဆို ဘာလို့ ဘေးက စာအုပ်ကိုမကြည့်တာလဲ အဲ့ထဲမှာအများကြီးပဲ ကျုပ်တို့ ပြထားတဲ့အရာတွေကတောင် အဲ့ထဲမှာ ဆိုရင် သာမန်ပဲ" ထိုစကားကြောင့် မိုဂေါ့စက္က န့်ပိုင်းမျှ ဆွံအသွား၏။လာသည်မှာ အနည်းငယ် ရှိသော်လည်း ကောင်တာမှ စာအုပ်ကို လုံးဝသတိမထားမိသည်မှာ အသေချာ ဖြစ်၏။ကောင်တာနောက်၌ ပြသထားသော လက်နက်ပုံများကိုသာ ကြည့် မိသည်ဖြစ်၏။ သူပြောသလိုဆိုပါက မိမိကြည့်မိသောလက်နက်များပင် စာအုပ်ထဲ၌ သာမန် ဟုဆိုသောကြောင့် အတော်လေးစိတ်ဝင်စားသွာ၏။ ("ဒါဆို ဒီထက်စွမ်းတာရှိသေးတယ်ဆိုတဲ့သဘောပေါ့") မြန်ဆန်စွာပင် ကောင်းသောလက်ဖြင့် ထိုစာအုပ်ကို ကိုင်ကာဖွင့်လိုက်၏။ထို စာအုပ်၏အထူသည် လက်ခြောက်သစ်စာမျှပင်ရှိ၏။ပိုမိုမင်သက်သွား စေသည်ကတော့ စာအုပ်အဖုံးမှ စာသားပင်ဖြစ်၏။ လဲလှယ်နိုင်သောလက်နက်များ အပိုင်း1/2000 ("ဟ") မိုဂေါ့စိတ်ထဲ ဆူပွက်သွား၏။ ("ဒါက ပထမပိုင်းစာအုပ်ပေါ့ နောက်ပြီး...အပိုင်းတစ်ထောင့်ကိုးရာကိုးဆယ့် ကိုးအုပ်ကျန်သေးတယ်ဆိုတဲ့သဘောပဲ") ရူးချင်စရာကောင်းလှ၏။ထိုမျှများပြားလှသောလက်နက်များကို တွေးကြည့် ရုံဖြင့်ပင် ကြောက်သီးစဖွယ်ကောင်းလွန်းလှ၏။ လက်တုံဆိုင်းမနေပဲ ချက်ချင်းပင် စာအုပ်ကို ကောက်ဖွင့်လိုက်၏။ထိုအခါ စာအုပ်၏မာတိကာနဲ့စာသားများတွေ့ရလေ၏။ထိုအခါမှ စာအုပ်ထဲ၌ ပထမ စာမျက်နှာသည် စျေးနည်းဆုံးဖြစ်ပြီး နောက်ပိုင်းစာရွက်များရောက်လာလေ လေ စျေးကြီးလာလေဖြစ်ကြောင်းတွေ့ရလေ၏။လဲလှယ်နိုင်သောလက်နက် များကို ပုံနဲ့အတွ အားသာချက်များနဲ့ စျေးနှုန်းများ ကိုလည်းသတ်မှတ် ထားသည်ကိုလည်းတွေ့နိုင်လေ၏။ လက်ခြောက်သစ်အထူဆိုပါက စာမျက်နှာမည်မျှရှိကြောင်း ခန့်မှန်းကြပါကုန်။ ဖတ်ကြည့်ရာ စာမျက်နှာလေး၌ သူလိုချင်သော သွေးဆာသတ်ဖြတ်သူဓား မြောင်ကို တွေ့ရလေ၏။နောက်ထပ်ဖတ်ကြည့်ရာ သူတွေ့ဖူးသော ယာဥ်ကို တွေ့လိုက်ရလေ၏။ လက်နက်အမည်-f-22တိုက်လေယာဥ် စျေးနှုန်း-ရမှတ်တစ်သောင်း ရွှေအဆင့်စစ်သည်များကိုထိုးဖောက်နိုင်စွမ်းရှိသော လေယာဥ်ပစ်မီးရှင်းဂ န်း၊ဖျက်အားပြင်းဒုံးကျည်ရှစ်စင်းနဲ့တခြားသောလက်နက်များပါဝင်၏။ လေတွင်ပျံသန်းနိုင်ပြီး အမြန်နှုန်းမှာ ပလက်တီနမ်အဆင့်ခြောက်လေ သားရဲ၏အမြန်နှုန်းရှိ၏။ ပထမဆုံးဝယ်ယူပါက လေယာဥ်ဆီသုံးကြိမ်နဲ့လက်နက်များအခမဲ့ပြန်လည်ဖြ ည့်တင်းပေး၏။ကျန်နောက်ပိုင်းသောအကြိမ်များ၌ သတ်မှတ်သော ရမှတ် ပေးချေရမည်။ ထိုစာမျက်နှာကို မြင်မိသောအခါ ပိုင်ဆိုင်ချင်စိတ်များပေါ်ပေါက်လာ၏။ထို လေယာဥ်ရလိုက်ပါက ပိုမိုအစွမ်းလာမည်ဖြစ်၏။သို့သော်လည်း ရမှတ်တစ် သောင်းက သူလှမ်းမမှီသောနေရာ၌ ရှိနေသည်ဖြစ်၏။ နောက်ပြီး ထိုလေယာဥ်အား အဆင့်မြင့်တင်မွမ်းမံနိုင်၏။ဟူသောအချက်ကို လည်းတွေ့ရ၏။ထိုအချက်များကို လက်နက်တိုင်း၏အောက်၌ ရေးသားထား ကြောင်းကိုလည်း တွေ့ရှိရလေ၏။ လက်နက်အမည်-လျှပ်စီးနဂါးဓား ရမှတ်-သုံးသောင်း လျှပ်စီးဓာတ်ကျင့်ကြံသောသူများနဲ့သင့်တော်၏။ဓားမှ ကြီးမားသောလျှပ်စီး နဂါးစွမ်းအင်ကိုထုတ်လုပ်ပေးပြီး တိုက်ပွဲ၌ကြီးစွာသောအားသာချက်ကိုဖြစ် စေ၏။ဓားမှ ဓားအင်းကွက်ကိုနားလည်ပါက ပိုမိုအစွမ်းထက်စေမည်။ ထိုလက်နက်ပုံသည် အလွန်ထက်မြက်သောဓားတစ်ချောင်းအသွင်ရှိပြီး လက်ကိုင်သည် နဂါးတစ်ကောင်က ရစ်ပစ်သောပုံစံရှိ၏။ရစ်ပတ်ခံထားသော အရာသည် ဓားအင်းကွက်ဖြစ်ပြီး ကြည့်မိသူတိုင်း လိုချင်စိတ်ပေါက်လာစေ နိုင်၏။ တစ်ချို့သောလက်နက်များသည်ကား တစ်ခါသုံးဖြစ်ကြောင်းတွေ့ရလေ၏။ ထိုလက်နက်များ၏အောက်တွင်တော့ အဆင့်မြင့်တင်နိုင်သေးကြောင်း မပါရှိ တော့ပေ။ လက်နက်အမည်-လျှပ်စီးသံလိုက်ဗုံး ရမှတ်-3000(သုံးထောင်) ကြီးမားသောလျှပ်စီးသံလိုက်စက်ကွင်းနယ်ပယ်ဖြစ်ပေါ်စေမည်။ အချိန်15မိနစ် (တစ်ခါသုံးအမျိုးစား) လက်နက်အမည်-လူအစားထိုးရုပ်သေးရုပ် ရမှတ်-နှစ်ထောင် (တစ်ခါသုံးအမျိုးစား) အသက်အန္တရာယ်ကြုံပါက သေဘေးမှတစ်ကြိမ်လွတ်မြောက်စေမည်။ လက်နက်အမှတ်-နျူကလီးယားဒုံးကျည် ရမှတ်-50000(ငါးသောင်း) (တစ်ခါသုံးအမျိုးစား) ကြီးမားသောပေါက်ကွဲမှုနယ်ပယ်ဖြစ်ပေါ်စေမည်။ (ဥပမာ ဂရိတ်တိုင်းပြည်၏တစ်ဝက်မျှ လုံးဝပျက်စီးစေမည်။ပျက်စီးသွား သောနေရာသည် မည့်သည့်အရာမျှဖြစ်ထွန်းမည်မဟုတ်ပေ။) ထိုနယ်ပယ်၌ မည်သည့်သက်ရှိမဆို ရှင်သန်ရန်မဖြစ်နိုင်ပေ။(အထူးအဆင့်မြ င့်စစ်သည်များမှလွှဲ၍) ထိုလက်နက်သည် တစ်ကြိမ်သာဝယ်ယူခွင့်ပြုမည်။ ထိုစာကြောင်းကတော့ ထူးခြားချက်အနေနဲ့ပါရှိလေ၏။တစ်ယောက်ကို တစ် ခုသာရောင်းချမည်ဖြစ်ကြောင်းဖြစ်၏။ထိုအချက်က ထိုလက်နက်မည်မျှ ပြင်းထန်ကြောင်း သိသာစေသောအချက်ပင်ဖြစ်၏။ "ဟူး" ဖတ်ရင်းဖတ်ရင်း မိုဂေါ့စိတ်လှုပ်ရှားလာလေတော့၏။ယခုလက်နက်များက ရမှတ်များများပေးရသလောက် လုံးဝ ကြမ်းတမ်းသောလက်နက်များ ဖြစ်ကြောင်း ဝန်ခံရပေမည်။ "လူကြီးမင်း ရပါပြီ" နောက်ဆုံး၌ မိုဂေါ့လိုလားနေသောလက်နက်သည် သူထံသို့ရောက်ရှိလာပြီ ဖြစ်၏။