အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
(289)
မိုဂေါ့တစ်ယောက် ဝမ်းသာအားရစွာဖြင့် မိမိထံရောက်ရှိလာသောအထုပ်ကို ယူလိုက်၏။ထိုအထုပ်သည် သူလိုချင်နေသောအရာပါနေသည်လည်းဖြစ်၏။ မိုဂေါ့ရောက်ရှိသောအဆောက်ဦးသည် မစ်ရှင်တာဝန်များထမ်းဆောင်စေ ရန်၊ရမှတ်ပေးခြင်းနဲ့လဲလှယ်နိုင်သောပစ္စည်းများကိုသာ ပြသပေးခြင်းကို ဆောင်ရွက်ပေး၏။ တကယ့်အစစ်မှန်ပစ္စည်းများသည် လျှိ့ဝှက်အပ်သောနေရာ၌သာ ထား၏။ လာရောက်လဲလှယ်သောအခါမှသာ ထိုနေရာမှ ထုတ်ပေးခြင်းလည်းဖြစ်၏။ ယခုလည်း မိုဂေါ့၏ပစ္စည်းကို ထိုနေရာမှထုတ်ပေးလာခြင်းလည်းဖြစ်၏။ မိုဂေါ့သည် အထုပ်အား သိမ်းဆည်းပြီးလျှင် နောက်ထပ်သော အလဲလှယ် များ ဆက်လက်လုပ်ဆောင်၏။ထိုအလဲလှယ်များမှာ ဆေးကန်စိမ်ခြင်းနဲ့ချာက္ကရာစွမ်းအင်ဖြည့်တင်းပေးခြင်း၊အရောင်အနံမရှိသောအဆိပ်မှုန့်များနဲ့ ဒဏ်ရာအကျက်မြန်စေသောဆေးလုံးများဖြစ်၏။ထိုအရာများအတွက် ကျန် ရှိနေသော ရမှတ်အားလုံးကို မိုဂေါ့မှ သုံးစွဲပစ်လိုက်၏။ ယခုအချိန်၌ မိုဂေါ့သည် ရမှတ်တစ်မှတ်ပင်မကျန်ရှိတော့ပဲ လူမွဲအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီလည်းဖြစ်၏။ "လူကြီးမင်း လိုက်ခဲ့ပါ" မိုဂေါ့ကို အစေခံမလေးနှစ်ယောက်မှ ဘေးမှတွဲ၍ ခေါ်ဆောင်သွား၏။ထို အစေခံမလေးမှာလည်း ရွှေအဆင့်ရှိကြောင်း သိလိုက်ရသောအခါ မိုဂေါ့အံသြမိ၏။ ထိုအစေခံမလေးနှစ်ယောက်သည် မိုဂေါ့အား တစ်ခုသောအခန်းသို့ပို့ဆောင် ပေး၏။ထိုအခန်းထဲ၌ ဆေးရည်များပြည့်နေသော ရေချိုးကန်တစ်ခုရှိ လေ၏။ ထိုကန်သည် သူရမှတ်ဖြင့်လဲလှယ်ထားသည့် ဆေးကန်ပင်ဖြစ်လေ၏။ "ရမှတ်တန်သလားဆိုတာ စမ်းကြည့်မယ်" ပြောပြောဆိုဆိုဖြင့် မိုဂေါ့တစ်ယောက် ဆေးစိမ်ကန်ထဲသို့ ဝင်ရောက် လိုက်၏။ဝင်လိုက်သည်နဲ့ "ရှဲ...." ပြင်းထန်သောနာကျင်မှုတစ်ရပ်က မိမိကိုယ်ထဲ၌ဖြစ်ပေါ်လာကြောင်း မိုဂေါ့ ခံစားမိ၏။မပြောပြနိုင်သောဝေဒနာမျိုးပင်ဖြစ်၏။ ဆေးကန်ထဲသို့ တစ်ကိုယ်လုံးဝင်စိမ်လေလေ နာကျင်မှုမှာ ပိုမိုတိုးလာလေ လေဖြစ်၏။ထိုသို့နာကျင်မှုသည် ဆယ့်ငါးမိနစ်မျှအထိကြာ၏။ထို့နောက် တ ဖြေးဖြေးချင်းသက်သာလာလေ၏။ "တော်တော်ကောင်းတာပဲ" မိုဂေါ့ဝမ်းသာအားရရေရွတ်လိုက်၏။သူပေးလိုက်ရသောရမှတ်တန်သည်ဟု ခံစားမိ၏။သူ၏ကျိုးနေသောခြေလက်များမှာ တဖြေးဖြေးချင်းပြန်လည် ဆက်သွယ်လာပြီး ကောင်းမွန်လာကြောင်းတွေ့ရလေ၏။ ထိုမျှနဲ့မပြီးသေးပေ။သူ၏ရရှိထားသောနဂိုမူလဒဏ်ရာများကိုပါ ဆေးရည် က ပျောက်ကင်းအောင်ကုစားပေးလေ၏။ထို့ပြင် ကိုယ်တွင်း၌ ယခင်က အစားသောက်များကြောင့်သော်လည်းကောင်း၊ဆေးဝါးများသုံးစွဲရသော ကြောင့် ကိုယ်တွင်း၌စုပုံနေသော ဆေးအဆိပ်များသည်လည်း ယခုအခါ ကိုယ်ခန္ဓာအပြင်သို့ထွက်လာလေတော့၏။ ထိုသို့ အဆိပ်တောက်များထွက်သွားသည်နဲ့ မိုဂေါ့၏ကိုယ်ခန္ဓာသည် ပြန်လည် သန်စွမ်းကုသနိုင်မှူကလည်း ပိုမိုမြန်ဆန်လာလေ၏။တစ်နာရီခန့်စိမ်ပြီး သောအခါ မိုဂေါ့ကန်ထဲမှ နေ၍ ထွက်လာလိုက်တော့၏။ ဆေးရည်၏အာနိသင်ကုန်ဆုံးသွားပြီဖြစ်သလို သူ၏ဖြစ်ခဲ့သောဒဏ်ရာများ လည်းမရှိတော့သောကြောင့်ဖြစ်၏။အစောပိုင်း၌ကျိုးပဲ့နေသည်မှ ယခုအခါ လူကောင်းလူသန်တစ်ယောက်အသွင်သို့ပြန်လည်ပြောင်းလဲသွားပြီလည်း ဖြစ်၏။ မိုဂေါ့လည်း သန့်ရှင်းသပ်ရပ်သောသူ၏အဝတ်စားသစ်များဝတ်ကာ ရရန် ကျန်သေးသောပစ္စည်းများကို ပြန်လည်သွားယူကာ အဆောက်ဦးထဲမှ ထွက် ခွာရန်ပြင်၏။ "ဟာ ဆရာ အဆင်ပြေလား" မိုဂေါ့အသံကြားရာကို ကြည့်တော့ ယခင်ကသူ၏လက်ထောက်ဖြစ်ခဲ့သည့် ဖန်။ယခုအချိန်၌ ဖန်တစ်ယောက် လုံးဝအဆင်ပြေနေပုံပေါ်ပုံရ၏။ သူ၏ကျောတွင်လည်း သူမမြင်ဖူးသော လက်နက်ကြီးဘူးကြီး ထမ်း ထားသည်ကိုလည်းမြင်ရ၏။ "မင်းကျောပေါ်က ဘာတုံး" မိုဂေါ့၏အမေးကြောင့် "ဒါလား ကျနော်ရဲ့လက်စွဲတော်လက်နက်လေဗျာ တော်တော်အားကိုးရတယ်" ဖန်မှပြောရင်းဆိုရင်း သူ၏ရမှတ်ကို ပြသ၏။သူ၏ပြသသောရမှတ်ကြောင့် မိုဂေါ့ပင် မျက်လုံးပြူးသွား၏။သူ၏ရမှတ်သည် နှစ်ထောင်ကျော်နေသည် မဟုတ်ပါလား။ "မင်းဘယ်လိုဖြစ်ပြီး" မိုဂေါ့ပြောစရာပင်မရှိတော့ပေ။သူ့ထက် အတွေ့ကြုံနည်းပါးပြီး အဆင့်နိမ့်သူ က သူ့ထက်ရမှတ်များနေသည်မဟုတ်ပါလား။ "ဒါက ကျနော်လက်စွဲတော်ကြောင့်လေ အခုလည်း သူ့အတွက်လာဝယ်တာ" ဖန်မှ ပြောဆိုရင်း ကောင်တာသို့သွားကာ ရမှတ်များထုတ်နေ၏။ထို့နောက် သိုလှောင်လက်စွပ်နဲ့ သူ၏လက်နက်အတွက်ပစ္စည်းအမျိုးမည်ပြောနေသည် ကို မိုဂေါ့လည်း ကြားလိုက်ရ၏။ "လူကြီးမင်း ဆယ့်ငါးမိနစ်စောင့်ပေးပါ" ကောင်တာမှ လူကလည်း ဖန်ကို သူအတိုင်းလိုပင် ဆယ့်ငါးမိနစ်တိတိ စောင့် ဆိုင်းစေပြန်၏။ထိုအချိန်၌ ဖန်ကို မိုဂေါ့မှရှင်းပြစေ၏။ ထိုအခါမှ ဖန်၏ရမှတ်များရသည့်အကြောင်းရင်းကိုသိရှိလိုက်ရ၏။ဖန်လွယ် ထားသော ပုံးကြီးသည် လက်ဖြောင့်သေနတ်ဟူသောအရာဖြစ်ကြောင်းသိ လိုက်ရ၏။ ထိုအရာသည် ရမှတ်တစ်ရာတန်သော လက်နက်မျိုးစားဖြစ်၏။ထိုလက်နက် ကိုအသုံးပြုလိုပါက ဝယ်ပြီးသည်နဲ့ နောက်ထပ်ရမှတ်တစ်ရာပေးကာ သင်တန်းတက်ရသေးသည်ဟုလည်းဆို၏။ထိုသင်တန်းသည် သူအား ထို လက်နက်အသုံးပြုနည်းကို အသေးစိတ်သင်ကြားပေးသည်လည်းဖြစ်၏။ ထိုလက်နက်သည် အဝေးပစ်လက်နက်ဖြစ်ပြီး ရန်သူအားကောင်းစွာ သတ်ဖြတ်နိုင်သောလက်နက်ဖြစ်ရာ ဖန်မှ ရမှတ်များ ကို မရရအောင် စုဆောင်းပြီးဝယ်ထားသည်လည်းဖြစ်၏။ ထို့ပြင် ထိုလက်နက်ဝယ်ပြီးပါကလည်း မပြီးသေးကြောင်း ထိုလက်နက်၌ထ ည့်သွင်းပစ်ခတ်ရသည့်ကျည်ပါဝယ်ရကြောင်း၊ထိုကျည်များသည်လည်း အမျိုးစားများစွာရှိကြောင်း ကျည်များအဆင့်မြင့်လေ စျေးကြီးလေဖြစ်ပြီး အဆင့်မြင့်ရန်သူများကိုပင် သတ်နိုင်ကြောင်း ဆို၏။ ထိုအခါ မိုဂေါ့လည်း ကောင်တာမှစာအုပ်၌ ရှာကြည့်၏။ လက်နက်အမည်-အဝေးပစ်သတ်ဖြတ်ခြင်းစနိုက်ပါ အသုံးပြုနိုင်သောကျည်များ-ကြေးအဆင့်ကျည်တစ်ဗူး(အတောင့်သုံးရာပါ) တန်ကြေး -သုံးမှတ် ငွေအဆင့်ကျည်-နှစ်ဆယ်မှတ်(အတောင့်တစ်ရာ့ငါးဆယ်ပါ) ရွှေအဆင့်ကျည်-ခြောက်ဆယ်(အတောင့်တစ်ရာပါ) ပလက်တီနမ်အဆင့်ကျည်-တစ်ရာမှတ်(အတောင့်ရှစ်ဆယ်ပါ) ဒိုင်းမွန်းအဆင့်ကျည်-နှစ်ရာ့ငါးဆယ်မှတ်(အတောင့်လေးဆယ်ပါ) (ထိုထက်အဆင့်မြင့်သောကျည်များသည် ထိုသေနတ်အဆင့်နဲ့မကိုက်ညီသော ကြောင့် မဖော်ပြပါ) ("ငလူး စော က်ကျိုးနည်း") ထိုအကြောင်းရာကို မြင်လိုက်ရသောအခါ မိုဂေါ့ဆွံအသွား၏။ သူ၏လက်ထောက်ပင် သူ့ထက်ချမ်းသာနေသည်မဟုတ်ပါလား။ထို့ပြင် ရ မှတ်ရှာဖွေရာ၌ သူက နည်းမျိုးစုံသုံးပြီး အသက်ရင်းကာရှာဖွေချိန်၌ သူ၏လက်ထောက်က အမြင့်တစ်နေရာ၌အငြိမ်ထိုင်ပြီး လက်ညှိးကလေး ကွေးလိုက်ရုံသာဖြစ်၏။ ရှာပုံရှာနည်းကလည်း ကွာသောကြောင့် မိုဂေါ့အနည်းငယ်စိတ်ဓာတ်ကျသွား လေ၏။အစောပိုင်း၌ သူရရှိလာသော ဓားမြောင်ကို ဖန်အား ကြွားရန်ကြံထား သော်လည်း ဖန်၏သုံးသော လက်နက်နဲ့ကျည်စျေးအကြောင်း သိလိုက်ရ သောအခါ သူ၏ကြွားချင်စိတ်သည် လုံးဝပျောက်ဆုံးသွားလေတော့၏။ ဖန်အားနှုတ်ဆက်ပြီးလျှင် သူသည် သူ၏ဓားမြောင်ထည့်ထားသောဘူးကို ကိုင်ဆောင်ကာ အဆောက်ဦးပြင်သို့ ထွက်ခွာလာခဲ့လေတော့၏။ ယခုလက်ရှိ၌ သူ၏စိတ်ထဲ၌ တစ်ခုသာရှိ၏။ ဤသည်ကား ("ငါ သူ့ထက်ကြမ်းတဲ့လက်နက်ကို ဝယ်ပြီး သူ့ထက်သာအောင် ရမှတ်ရှာပြ မယ်")
(290)
"ဖြောင်း..ဖြောင်း" ဝါးကြိမ်လုံးလေး၏ရိုက်သံများက ထွက်ပေါ်လာလေ၏။ထိုကြိမ်လုံးလေးဖြ င့်ရိုက်နေသူကတော့ တခြားသူမဟုတ် ဂျိတ်သာဖြစ်လေ၏။ "ငါ့ကို အသိမပေးပဲ လုပ်ချင်ဦး" ဂျိတ်သည် ဇိုက်အား ပညာပေးနေခြင်းဖြစ်၏။သူသည် ဒေါသထွက်ထွက်ဖြင့် ရိုက်နေသည်မှာ ဆယ်ချက်မကတော့ပေ။ဘေးမှာ ခွေးမိုက်ကယ်ကလည်း အတိုင်းသားကြည့်နေရ၏။သူသည်ဝင်မကူရဲပေ။ဂျိတ်အကြောင်းကိုသိသော ကြောင့်ဖြစ်၏။ဇ်ိုက်မရိုက်ခံရအောင် သူပါဝင်ကူပါက သူပါအရိုက်ခံရမည် ဖြစ်၏။ "နောက်မလုပ်တော့ပါဘူး ကိုကြီး" ထိုအသံကြားတော့မှ ဂျိတ်ရိုက်သည်ကို ရပ်တန့်လိုက်၏။ဇိုက်သည် စစ်သည် တော်အဆင့်မြင့်သွားပြီဖြစ်သောကြောင့် ဓားဖြင့်ခုတ်လျှင်တောင် အရာမ ထင်သည်အထိ သန်စွမ်းနေပြီဖြစ်၏။သို့သော်လည်း ဂျိတ်၏ကြိမ်လုံးနဲ့ တွေ့ သောအခါ တစ်ကိုယ်လုံး ကြိမ်ရာများက အထင်းသားပင်ဖြစ်၏။ ရိုက်ရသည့်အကြောင်းကတော့ ဇိုက်သည် သူ့အားအကြောင်းမကြားပါပဲ တိုင်းပြည်ထဲခိုးဝင်လာသောရန်သူများကို သွားရောက်တိုက်ခိုက်နေသော ကြောင့်ဖြစ်၏။သူအနေဖြင့် ရန်သူအား သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ပြီး ဒဏ်ရာ အနည်းကျဥ်းသာရရှိခဲ့သော်လည်း ဂျိတ်က စိတ်ဆိုးနေ၏။ဇိုက်သတ်နိုင်ခဲ့ သည်မှာလည်း တစ်ဖက်ရန်သူမှ ဇိုက်ထက်အဆင့်နိမ့်နေသောကြောင့်ဖြစ်၏။ အကြောင်းမှာ ဇိုက်သည် တကယ်တမ်းလက်တွေ့တိုက်ခိုက်ရန် အရည်ချင်းမ ပြည့်မှီသေးသောကြောင့်ဖြစ်၏။ထို့ကြောင့် ပညာပေးသည့်အနေဖြင့် ကြိမ်ဖြ င့်ဆော်လိုက်ခြင်းဖြစ်၏။ "ရော့ ဒါလေးလိမ်း" ဂျိတ်မှ ဇိုက်အား အနာကျက်စေသည့်ဆေးပေးလိုက်၏။ထိုဆေးကို ဇိုက်မှယူ ကာ လိမ်းလိုက်၏။သူ၏အကိုကြီးဂျိတ်သည် သူ့အားဂရုစိုက်သောကြောင့် သာ ရိုက်ခြင်းဖြစ်ကြောင်း သိသဖြင့် အတွန့်မတက်ရဲပေ။ "မင်းတကယ် တိုက်ခိုက်ချင်လားပြော" ဂျိတ်အပြောကြောင့် "ကျနော်တကယ်တိုက်ခိုက်ချင်နေပါပြီ အဆင့်မြင့်နေပြီးမှ အခုထိ တကယ်တမ်းမတိုက်ခိုက်သေးရဘူးလေ" ဇိုက်၏အပြောကြောင့် ဂျိတ်လည်း ခေတ္တ ငြိမ်သက်သွား၏။ထို့နောက် "ကောင်းပြီ ဒီတံခါးထဲဝင်သွား ပြန်ထွက်လာနိုင်တဲ့အချိန်ကျရင် ခွင့်ပြုမယ်" ဂျိတ်သည် သူ၏ဘေး၌ တံခါးပေါက်တစ်ခုဖန်ဆင်းပြီးပြောလိုက်၏။ ဇိုက်လည်း ထိုတံခါးကိုကြည့်လိုက်၏။ထိုတံခါးသည် ထူးခြားသောအော်ရာနဲ့ ပြည့်နှက်နေ၏။ထိုအခြင်းရာက သူ့အား ဝင်စေရန် ဆွဲဆောင်နေလေ၏။ "ဟုတ် ကြိုးစားပါ့မယ်" ဇိုက်လည်း ဆေးလိမ်းပြီးသည်နဲ့ ထိုတံခါးပေါက်ထဲသို့ ဝင်သွားလိုက် တော့၏။ "မိုက်ကယ် မင်းလဲ လိုက်သွား" "ဝုတ်" မိုက်ကယ်လည်း ဂျိတ်၏အမိန့်ကြောင့် ဇိုက်၏နောက်သို့ပြေးလိုက်သွား၏။ "ဂျိန်း" ထို့နောက်တံခါးမှပြန်လည်ပိတ်သွားလေတော့၏။ "ကြည့်ရတာ သူလည်း အရွယ်ရောက်လာပြီထင်တယ်" ဂျိတ်တစ်ယောက်တည်း ပြုံးလိုက်၏။သူ၏မွေးစားညီလေးသည် လောကသို့ စွန့်စားလိုစိတ်ပြင်းပြပြီး ရှင်သန်ချင်ပုံရှိလာပြီဖြစ်၏။ထို့ကြောင့် သူသည် စမ်းသပ်ချက်တစ်ခုလုပ်ဆောင်ခိုင်းလိုက်ခြင်းဖြစ်၏။ ထိုစမ်းသပ်ချက်သည် တခြားမဟုတ် တံခါးတစ်ခုဖန်တီးပြီး တစ်နေရာသို့ပို့ ပေးလိုက်ခြင်းဖြစ်၏။ထိုနေရာသည် စစ်သည်တော်များအတွက် အကောင်း ဆုံးသောလေ့ကျင့်ရေးနေရာဖြစ်၏။ ထိုနေရာမှာသာ ဇိုက်အောင်မြင်လာပါက သူသည် ဇိုက်ကိုလုံးဝစိတ်ချလက်ချ ရှိသွားမည်ဖြစ်၏။ထိုသို့မဖြစ်ချင်အထိတော့ စိတ်မချသေးရာ မိုက်ကယ်ကို သူ၏အနောက်မှ လိုက်သွားစေခိုင်းသည်လည်းဖြစ်၏။ ("ဘာလိုလိုနဲ့ ထန်ဟောင်တောင် ပြန်လာတော့မှာပဲ") ဂျိတ်သည် သူ၏တပည့်ဖြစ်သူကို သတိရသွား၏။သူ၏တပည့်ကို လေ့ကျင့် ခိုင်းထားသည်မှာ အချိန်တစ်ခုကြာသွားပြီလည်းဖြစ်၏။မနက်ဖြန်ဆိုလျှင် သူ၏တပည့်က ပြန်ရောက်လာတော့မည်လည်းဖြစ်၏။ သူ၏တပည့်သည် အသက်ဆယ့်နှစ်နှစ်သာရှိသေးသော်လည်း ရင့်ကျက်နေပြီ ဟုဆိုနိုင်၏။ထို့ကြောင့် ထန်ဟောက်ကို လေ့ကျင့်ခိုင်းစေပြီးမှသာ ဇိုက်ကို နောက်မှရွေးချယ်လေ့ကျင့်စေခိုင်းခဲ့ခြင်းလည်းဖြစ်၏။ ထန်ဟောက်ပြန်လာသည်နဲ့ သူ့အတွက်သိုင်းဝိညာဥ်ကို ရွေးချယ်စေခိုင်းရ မည်လည်းဖြစ်၏။သိုင်းဝိညာဥ်ဆိုမှ လက်တည့်စမ်းချင်စိတ်ပင် ဖြစ်သွား၏။ "လာစမ်း" ဂျိတ်သည် စနစ်အစွမ်းဖြင့်သိုင်းဝိညာဥ်များထဲမှ ဖီးနစ်ငှက်၏အစွမ်းကို ထုတ်လိုက်၏။ "ဖီးနစ်ငှက်ထွက်ပေါ်စေ" "ဂီး" ဂျိတ်၏ကျောမှ ဖီးနစ်ငှက်အတောင်များပေါ်လာပြီးလျှင် ဂျိတ်အားအမြင့်သို့ ခေါ်ဆောင်သွား၏။ယခုအချိန်သည် ဂျိတ်သည် ကောင်းကင်ယံ၌ ရောက်ရှိ နေပြီဖြစ်၏။ ဖီးနစ်ငှက်၏အမြန်နှုန်းကြောင့် ဂျိတ်သည်ကောင်းကင်ယံသို့ ချက်ချင်း ရောက်သွားသည့်အပြင် ဖီးနစ်တောင်ပံမှ မီးတောက်များက အမြဲမပြတ် လောင်ကျွမ်းနေလေ၏။ထိုသို့လောင်ကျွမ်းနေသော်လည်း နာကျင်ခြင်းမရှိပါ ချေ။ "အို သူခိုးတစ်ကောင်ပါလား" ဂျိတ်ဆိုလိုက်၏။ဖီးနစ်ငှက်၏နောက်အစွမ်းတစ်ခုဖြစ်သည့် အမြင်အာရုံ ကြောင့် ဂျိတ်သည် ကောင်းကင်မှနေ၍ မြေပြင်မှပြေးလာသူကိုကောင်းစွာ မြင်တွေ့နေရ၏။ ထိုလူသည် ဂိုဏ်းများထဲမှလူတစ်ယောက်ဖြစ်ဟန်တူ၏။သူ၏အဝတ်စားကို ကြည့်ပြီးခန့်မှန်းလိုက်ခြင်းဖြစ်၏။ "ကြည့်ရတာ ဒီကောင်တော့ကံဆိုးတာပဲ" ဂျိတ်သည်မိမိတိုင်းပြည်ထဲသို့.ရန်သူများမဝင်မခံပေ။ဝင်လာပါကလည်း သတ်ဖြတ်ရန် အမိန့်ချပြီးသားဖြစ်၏။ဝင်လာသောသူသည် မြန်ဆန်သော အရှိန်ဖြင့် ဒီယေဂိုမြို့မှနေ၍ ရေကာမြို့သို့သွားနေ၏။လက်ရှိ၌ ထိုလူသည် မြို့ နှစ်မြို့ကြားရှိ လမ်း၌ရောက်ရှိနေခြင်းလည်းဖြစ်၏။မိမိတိုင်းပြည်ထဲ ခိုးဝင် လာသော ရန်သူကို ဂျိတ်မှ အလွတ်ပေးမည်မဟုတ်ပေ။ ဂျိတ်၏ကိုယ်မှ အနီရောင်အကွင်းကထွက်ပေါ်လာ၏။ထိုသို့ဖြစ်ရခြင်းသည် ဂျိတ်သည် သိုင်းဝိညာဥ်စွမ်းရည်သုံးသည်ဟုလည်း အဓိပ္ပါယ် သက်ရောက်၏။ "ငါးခုမြောက်စွမ်းရည်..ဖီးနစ်ဥက္ကာမိုးကြွေဆင်းခြင်း" မြေပြင်၌ မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားနေသောသူသည် ကြောက်မက် ဖွယ်အငွေ့သက်ရ၍ ကောင်းကင်သို့မော့ကြည့်လိုက်၏။ "အိုးလီးရှစ်" သူမြင်လိုက်ရသည်ကတော့ ကောင်းကင်ယံမှ နီရဲနေသော ဥက္ကာခဲများကြွေ ဆင်းလာသည်ကိုပင်ဖြစ်၏။ထိုကြွေဆင်းလာသောပုံရိပ်သည် သူ၏ဘဝ၌နောက်ဆုံးမြင်ကွင်းလည်းဖြစ်၏။ "ဝုန်း..ဝုန်း..ဝုန်း" မီးဥက္ကာခဲများစွာက ထိုလူပေါ်သို့ ကျရောက်သွားတော့၏။သေချာပေါက်ပင် ထိုလူသည် လွတ်လမ်းမရှိသေဆုံးခဲ့ရပြီလည်းဖြစ်၏။ ဂျိတ်လည်း ဖီးနစ်သိုင်းဝိညာဥ်အစွမ်းသုံးပြီးသည်နဲ့ ဥက္ကာခဲကျရာနေရာအား မူလအတိုင်းအကောင်းပြန်ဖြစ်အောင်ပြင်ပြီးလျှင် နန်းတော်သို့ပြန်သွားလိုက် တော့၏။ နောက်တစ်နေ့၌ ဂျိတ်၏ခြံဝင်းထဲ၌ "ကျနော်ရောက်ပါပြီဆရာ" ထိုစကားကိုဆိုလိုက်သူကတော့ ထန်ဟောက်ဖြစ်၏။သူ၏တစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသော အကျီမှ အကောင်းဟူ၍မရှိ စုတ်ပျက်နေ၏။ သို့သော်လည်း သူသည်ထိုအခြင်းရာကိုမမူပေ။သူ၏အသွင်ပြင်သည် ပိုမိုရင့် ကျက်လာဟန်ရှိပြီ တည်ငြိမ်လာ၏။အထူးခြားဆုံးကား သူ၏မျက်လုံးများ ပင်ဖြစ်၏။ ရဲစွမ်းသတ္တ ရှိပြီးအခက်ခဲများကို မကြောက်ရွံဟူသောအမြင်မျိုးကို သူ၏မျက်လုံးကိုကြည့်ရှုပြီး သိရှိနိုင်သည်လည်းဖြစ်၏။ "မင်းပြန်ရောက်ပြီပဲ" ဂျိတ်လည်း ယခင်ကထက်သန်မာလာသော တပည့်ဖြစ်သူကိုကြည့်ကာ ပြုံး လိုက်၏။ "အရင်ဆုံး သန့်ရှင်းရေးလုပ်ချေ" "ဟုတ်" ထန်ဟောက်လည်း အရင်ဆုံးရေမိုးချိုးကာ အဝတ်စားသစ်ကိုဝတ်ဆင်ပြီး မိမိအတွက် ဂျိတ်မှပြင်ဆင်ထားသော အစားသောက်ကို အားပါးတရစား သောက်လိုက်၏။ထို့နောက် ဂျိတ်ထံသို့သွားလိုက်ကာ အရိုသေပေး၏။ ဂျိတ်လည်း ထန်ဟောက်မှ မိမိအနားရောက်ရှိလာသည်နဲ့ "ကဲ မင်းအတွက် သိုင်းဝိညာဥ်ရွေးချယ်ကြတာပေါ့ကွာ"
(291)
ထန်ဟောက်စိတ်မလှုပ်ရှားပါဟုပြောလျှင် လိမ်ရာကျပေမည်ဖြစ်၏။ သူ၏စိတ်ကလည်း အလွန်လှုပ်ရှားနေသောကြောင့် မိမိကိုယ်ကိုမိမိပြန်လည် ထိန်းသိမ်းလိုက်ရလေ၏။ ဂျိတ်ကလည်း ထန်ဟောက်၏အပြုမှုကိုကြည့်ကာ ခေါင်းညိတ်လိုက်၏။ထို ကလေးငယ်သည် မိမိ၏တပည့်ဖြစ်ရကျိုးနပ်ပေသည်ဟုယူဆလာသည်။မိမိ ကိုယ်ကို ထိန်းချုပ်ခြင်းဖြင့် စိတ်လှုပ်ရှားခြင်းကို ရပ်တန့်အောင်လုပ်ခြင်းက အရေးကြီးသောကြောင့်ဖြစ်ပေ၏။ "ကဲ စရွေးကြမယ်" ဂျိတ်မှပြောပြီးသည်နဲ့ ထန်ဟောက်ပခုံးအား လက်ဖြင့်ထိလိုက်၏။ထိလိုက် သည်နဲ့ ဂျိတ်နဲ့ထန်ဟောက်သည် အဖြူရောင်ချည်းသာရှိသော ခမ်းနားထည် ဝါသောခန်းမကြီးတစ်ခုထဲသို့ရောက်ရှိသွားလေ၏။ "ကဲ ထန်ဟောက်ရွေးမယ်လေ" ရုတ်ခြည်းဆိုသလို ခမ်းနားလှသော ခန်းမထဲသို့ရောက်သွားသောကြောင့် ကြောင်တောင်တောင်ဖြစ်သွားသော ထန်ဟောက်ကို ဂျိတ်အသိပေးလိုက်၏။ ထိုအခါမှသာ ထန်ဟောက်လည်း အသိစိတ်ဝင်ကာ ကြည့်ရှုလိုက်၏။ သူ၏ရှေ့၌ မြင်လိုက်ရသည်ကတော့ စာလုံးများပင်ဖြစ်၏။ထိုစာလုံးများ ကား လက်နက်သိုင်းဝိညာဥ်များ ဒြပ်စင်သိုင်းဝိညာဥ်များ ထောက်ပံရေးသိုင်းဝိညာဥ်များ ထိန်းချုပ်ရေးသိုင်းဝိညာဥ်များ ဟူ၍ဖြစ်လေ၏။ထိုစာလုံးများကို မြင်လိုက်ရသောအခါ ထန်ဟောက်ရွေး ကန်အနည်းငယ်တွေဝေသွား၏။ခေတ္တ ဆုံးဖြတ်ပြီးသောအခါ ထန်ဟောက် သည် ခိုင်မာသောစိတ်ဖြင့် လက်နက်သိုင်းဝိညာဥ်များဆိုသည်ကို ရွေးချယ် လိုက်၏။ ထို လက်နက်သိုင်းဝိညာဥ်များ မှ နေ၍ နောက်ထပ်သောစာနှစ်ကြောင်း ပေါ်ပေါက်လာခဲ့ပြန်လေ၏။ အဝေးပစ်ခတ်လက်နက် အနီးကပ်လက်နက်များဟူ၍ပေါ်ပေါက်လာပြန်၏။ "အဝေးပစ်လက်နက်ဆိုတာက ကိုယ်ကအဝေးကနေဆိုရင် အားသာချက်ရှိ တယ် ရန်သူကိုအဝေးကနေတောင် သတ်ဖြတ်နိုင်တယ်" ထန်ဟောက်ကို ရွေးချယ်မှုမှန်ကန်စေရန် ဂျိတ်မှရှင်းပြပေး၏။ "အနီးကပ်လက်နက်တွေကတော့ ယှဥ်ပြိုင်တိုက်ခိုက်တာမှာဆရာတစ်ဆူပါ ပဲ....မင်းကြိုက်တာရွေးပါ" ထိုစကားကိုကြားသည်နဲ့ ထန်ဟောက်သည် တုံဆိုင်းနေခြင်းမရှိပဲ အနီးကပ် လက်နက်များကိုရွေးချယ်လိုက်၏။ထို့နောက် တစ်ဆက်တည်းမှာပင် တူ ဟူသောလက်နက်ကိုရွေးချယ်လိုက်၏။ ဂျိတ်ပြုံးမိ၏။ကြည့်ရသည်မှာ ထန်ဟောက်သည် သူသည် ထန်ဟောက် အတွက်ပြသနာရှာစဥ်က မိုးကြိုးတူသုံးကာ ဖြေရှင်းသည်ကို သူ့စိတ်ထဲ အားကျနေတုန်းဟု သဘောပေါက်သွား၏။ တူဟုရွေးပြီးသောအခါတွင်တော့ စာသားများထပ်မံကျလာခြင်းမရှိတော့ပေ။ ထိုအစား တူလက်နက်အမျိုးစားများစွာ၏ပုံများက ထန်ဟောက်ရှေ့၌ ပေါ်လာလေတော့၏။ များစွာသော တူများ၏ပုံစံကြောင့် ထန်ဟောက်လည်း ငေးမောလိုက်ရ လေ၏။တူများသည် တစ်ခုနဲ့မတူသလို အရှိန်အဝါကလည်း မတူညီကြပေ။ တစ်ချို့က ငြိမ်သက်နေသလို၊တစ်ချိုု့က ကြမ်းကြုတ်သောအော်ရာရှိ၏။တစ် ချို့က သွေးဆာနေသော အငွေ့သက်ထွက်သလို၊တစ်ချ်ို့က မြင့်မြတ်သော အငွေ့သက်ပါရှိနေ၏။ "တပည့်ရွေးရခက်နေတယ်မလား" "ဟုတ်တယ် " ထန်ဟောက် ခေါင်းညိတ်ကာ ပြော၏။ "မင်းလက်ကို ရှေ့က သလင်းကျောက်ပေါ်တင်လိုက် ဒါဆို မင်းနဲ့ထိုက်တန်တဲ့ လက်နက်ဝိညာဥ်ရလာလိမ့်မယ်" ထန်ဟောက်လည်း ဂျိတ်ပြောသည့်အတိုင်း လုပ်ဆောင်လိုက်၏။ထိုအခါ သလင်းကျောက်မှလင်းလာ၏။လင်းလာသည်နဲ့ တူဝိညာဥ်များသည် စတင် အသက်ဝင်လာကြ၏။တစ်မိနစ်ခန့်ကြာသောအခါ ထန်ဟောက်ထံသို့ တူဝိညာ ဥ်သုံးခုက ရောက်ရှိလာ၏။ ထိုအခိုက်မှာပင် ဆန်းကြယ်သောအခိုက်တန့်ဖြစ်ပေါ်လာ၏။ထိုလက်နက်သုံး ခုသည် စတင်ပေါင်းစပ်ကာ တစ်ခုတည်းအဖြစ်သို့ရောက်ရှိပြီးလျှင် ထန် ဟောက်ရှေ့၌ ရပ်နေတော့၏။ ဂျိတ်လည်း ဖြစ်ရပ်ဆန်းကြောင့် အံသြသွား၏။ပေါင်းစပ်သွားသောတူ လက်နက်သုံးမှာ မိုးကြိုးတူနဲ့မရဏသတ်ဖြတ်ခြင်းတူနဲ့ဝါးမျိုခြင်းတူတို့ပင် ဖြစ်၏။ ("စနစ် အဲ့တူကို အခုက ဘယ်လိုခေါ်လို့ရလဲ") ("သခင် အဲ့တူကို မိုးကြိုးဝါးမြိုမရဏလက်နက်လို့ ခေါ်ရပါမယ် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး စကြာဝဠာအဆင့်တန်းရှိပါတယ်") ထန်ဟောက်၏ကံကို ဂျိတ်ပင် အံအားသင့်ရလေ၏။ထိုမျှအဆင့်မြင့်သောတူ ဝိညာဥ်ကို ရရှိသွားသောကြောင့်ဖြစ်၏။ စနစ်ပြောပုံအရဆိုပါက ထိုတူဝိညာဥ်သည် အလွန်အစွမ်းထက်၏။မိုးကြိုး များဆင့်ခေါ်နိုင်သလို ဝါးမြိုနိုင်စွမ်းလည်းရှိ၏။ဝါးမြိုနိုင်စွမ်းက ပိုင်ရှင်အား ဝါးမြိုထားသမျှကို စွမ်းအင်အဖြစ်ပြန်လည်ပေးမည်ဖြစ်၏။မရဏအစွမ်း ကတော့ သေပြီးသောအရာများကိုလည်း ထိန်းချုပ်နိုင်သလို အင်မော်တယ် များပင်ကြောက်ရမည်ဖြစ်၏။ထိုအစွမ်းသုံးမျိုးစပ်တူကို ထန်ဟောက်မှရရှိ လိုက်ပြီလည်းဖြစ်၏။ ("သူ့ကိုယ်ထဲက ချိတ်ပိတ်ထားတဲ့ကိုရော အခုပဲဖွင့်မယ်") ("ကောင်းပါပြီ") စနစ်ကို ထန်ဟောက်၏ကိုယ်မှ ချိတ်ပိတ်ထားသောအရာကို ဖွင့်စေခိုင်း၏။ "ထန်ဟောက်အဲ့ဒီတူဝိညာဥ်နဲ့ ပေါင်းစပ်ဖို့လုပ်တော့ ဆရာပြောပြမယ်" ထန်ဟောက်လည်း ဂျိတ်ပြောသည့်အတိုင်း လိုက်နာလိုက်၏။ ထိုအခါ အပြင်၌လွင့်မျောနေသော သုံးမျိုးစပ်တူမှာ ထန်ဟောက်၌ကိုယ်ထဲသို့ ဝင် ရောက်ကာ သဟဇာတဖြစ်အောင် ဆောင်ရွက်လေတော့၏။ ထိုအချိန်အတွင်း၌ ဂျိတ်မှာ ထန်ဟောက်၏ချိတ်ပိတ်ထားသောအရာကို စနစ် အစွမ်းဖြင့် ဖွင့်ပစ်လိုက်ပြီဖြစ်၏။ "လခွမ်းတယ်မှ " ဒီတစ်ခါတော့ ဂျိတ်မှ လွတ်ထွက်ကာ ဆဲမိလိုက်ခြင်းဖြစ်၏။ချိတ်ပိတ်ထား သောအရာကို ဖြည့်ချလိုက်ရာ မထင်မှတ်ထားသောအရာကိုတွေ့လိုက်ရသော ကြောင့်ဖြစ်၏။ ဟုတ်ပေသည်။ဂျိတ်တွေ့လိုက်ရသည်ကတော့ ပျောက်ဆုံးနေသော ဒဏ္ဏာရီ လာသိုင်းဝိညာဥ်ကြီးဖြစ်သော ဝိညာဥ်စားသုံးသူတံစဥ်းကြီးဖြစ်လေ၏။ ဂျိတ်လည်း အံအားသင့်ရပြန်၏။ထိုလက်နက်ဝိညာဥ်ကို သူလည်းတစ်ကြိမ်မှ ထုတ်သုံးဖူးသောကြောင့် ဖြစ်၏။ထန်ဟောက်ကိုယ်ထဲ၌ ချိတ်ပိတ်ထားသောအရာက မိမိကြုံရာကျပန်းသုံးလိုက်သော လက်နက်ဝိညာဥ်နဲ့လာတူနေမည် ဟု တစ်ခါမှလည်း မတွေးမိထားသောကြောင့်ဖြစ်လေ၏။ ဂျိတ်မှ ချိတ်ပိတ်ရာမှာထွက်လာသော ဝိညာဥ်စားသုံးသူတံစဥ်းနဲ့ ယခုမှ ဝင် ရောက်လာသော တူဝိညာဥ်တို့ကို ထန်ဟောက်ကိုယ်၌ သဟဇာတဖြစ်စေရန် ကူညီပေး၏။ သူမကူညီ၍လည်းမရပေ။ထိုသိုင်းဝိညဥ်နှစ်ခုအစွမ်းမှာ အလွန်ပင်ပြင်းထန် လှ၏။ထိုအစွမ်းကြောင့် ထန်ဟောက်ကိုယ်မှမတောင့်ခံနိုင်ပဲ သေဆုံးသွားနိုင် သောကြောင့် ဂျိတ်မှ ကူညီပေးနေခြင်းဖြစ်၏။ ဂျိတ်၏ကူညီမှုအောက်၌ ထန်ဟောက်သည် သူ၏လက်နက်ဝိညာဥ်များနဲ့ ထပ်တူကျလာလေတော့၏။လက်နက်ဝိညာဥ်များနဲ့ ထပ်တူကျလာသည်နဲ့ သူ၏ကိုယ်မှလည်း စတင်ပြောင်းလဲလာတော့၏။သူ၏ကိုယ်မှ အလို လျောက်စတင်ကာ ဝိညာဥ်စွမ်းအားများစတင်စုပ်ယူလေတော့၏။ ဤသည်မှာ ထန်ဟောက်သည် တရားဝင်သိုင်းဝိညာဥ်ပညာရှင်တို့၏လမ်းကို စတင်လျှောက်ပြီဟူသော သဘောလည်းဖြစ်ပေ၏။ "ဟင်" ထန်ဟောက် ပိတ်ထားသောမျက်လုံးများ ပွင့်လာကာ ဂျိတ်အားကြည့်၏။ လက်နက်ဝိညာဥ်နှစ်ခုနဲ့ ထပ်တူကျသောအခါ သူသည်လက်နက်ဝိညာဥ်နှစ် ခု၏အမည်နဲ့အဆင့်များကို သိလိုက်ရသည်လည်းဖြစ်၏။ ထိုကြောင့် ဂျိတ်ကိုကြည့်လိုက်ခြင်းလည်းဖြစ်၏။သူ၏ဆရာအပေါ် သူသည် အကြွေးကြီးကြီးတင်မိလိုက်သလို ခံစားလိုက်ရ၏။ "ဒီလက်နက်ဝိညာဥ်နှစ်ခုက" "ဒါက ငါနဲ့မဆိုင်ဘူး မင်းရဲ့ကံတရားပဲ " ဂျိတ်မှ ထန်ဟောက်အား ပြောပြပေး၏။ထို့နောက် ဝိညာဥ်စွမ်းအားအဆင့် တစ်ဆယ့်ထိရောက်အောင် လေ့ကျင့်ခိုင်းလိုက်၏။ ထန်ဟောက်သာ အဆင့်တစ်ဆယ့်သို့ရောက်မှသာ သူ့အတွက် ဂျိတ်မှ ဝိညာဥ် ကွင်းရွေးချယ်ပေးနိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ အရင်ဆုံး ဂျိတ်သည် ထန်ဟောက်အား ဝိညာဥ်စွမ်းအားကြွယ်ဝရာနေရာ၌ နေစေကာ ကျင့်ကြံစုပ်ယူစေ၏။ထန်ဟောက်ကလည်း ကျင့်ကြံ၏။ ကျင့်ကြံသောအခါ ထန်ဟောက်၏နောက်မှ လျှပ်စီးများထနေသော တူဝိညာ ဥ်ကြီးကပေါ်လာလေ၏။ထိုတူဝိညာဥ်ကြီးသည် ပတ်ဝန်းကျင်၌ရှိသမျှသော ဝိညာဥ်စွမ်းအားများကို လေဆင်နှာမောင်းသဖွယ်ယူငင်ပြီးလျှင် ထန် ဟောက်၏ကိုယ်ထဲသို့ အဆက်မပြတ်ပို့ဆောင်ပေး၏။ ထိုတူဝိညာဥ်၏အစွမ်းကြောင့် ထန်ဟောက်သည် ဆယ့်ငါးမိနစ်အတွင်း၌ ပထမအဆင့်ကို ရောက်ရှိနိုင်ခဲ့လေ၏။နောက်မိနှစ်သုံးဆယ်၌ ဒုတိယအဆင့် ကို ဝင်ရောက်နိုင်ခဲ့လေ၏။ ထန်ဟောက်သည် သိုင်းဝိညာဥ်မရှိသောဘဝမှ ယခုအခါ ကြောက်မက်ဖွယ် ကောင်းလှသောသိုင်းဝိညာဥ်ပါရမီရှင်ဘဝသို့ပြောင်းလဲသွားခဲ့ပြီလည်းဖြစ် ပေ၏။