အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
(292)
ထန်ဟောက်၏ကျင့်ကြံမှုကား ကြောက်ခမန်းလိလိပင်ဖြစ်၏။တစ်ရက်ကြာ သောအခါ သူ၏သိုင်းဝိညာဥ်အဆင့်မှ တစ်ဆယ့်ငါး(15)ထိပင်ရောက်ရှိသွား လေ၏။အဆင့်တစ်ဆယ့်ကို ကျော်သွားပြီဖြစ်သောကြောင့် သိုင်းဝိညာဥ် ပညာရှင်(သို့မဟုတ်)သင်ယူသူ အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်၏။ ထိုအဆင့်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် ထန်ဟောက်သည် အသုံးပြုရန် အတွက် ဝိညာဥ်ကွင်းကို လိုအပ်လာပြီလည်းဖြစ်၏။ထို့ကြောင့် သူလိုအပ် သော ဝိညာဥ်ကွင်းရယူရန်အတွက် ဂျိတ်ထံသွား၏။ ဂျိတ်ကလည်း ထန်ဟောက်ကို ဝိညာဥ်သစ်တောထဲသို့ပို့ပေးလိုက်၏။ထန် ဟောက်၏အခြေနေကိုစစ်ဆေးကြည့်ကာ ထန်ဟောက်သည် တစ်ကြိမ်တည်း ဖြင့် သိုင်းဝိညာဥ်နှစ်ခုအတွက် တစ်ပြိုင်တည်း ဝိညာဥ်ကွင်းစုပ်ယူနိုင်ကြောင်း ဂျိတ်တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် ထန်ဟောက်သည် ဝိညာဥ်ကွင်းနှစ်ကိုလိုအပ်မည်ဖြစ်၏။ထန် ဟောက်လိုအပ်သောဝိညာဥ်ကွင်းအမျိုးစားကို ဂျိတ်မှပြောပြပေးပြီး တိုက်ခိုက်ရမည့်သားရဲကို ပြသပေး၏။ထန်ဟောက်အတွက် ဝင်ရောက် တိုက်ခိုက်ပေးခြင်းတော့မရှိပါချေ။ ဝိညာဥ်ကွင်းယူမည့်သူသည် ဝိညာဥ်သားရဲကို ကိုယ်တိုင်သတ်ပြီးမှသာ ထို သားရဲ၏ဝိညာဥ်ကွင်းကို စုပ်ယူနိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ "ဂါး....ဂါး....." ဝုန်း....ဝုန်း.... တောထဲ၌ဆူညံသံများက ပွက်လောရိုက်ခတ်ကုန်၏။ တောထဲ၌ အရာနှစ်ခု၏တိုက်ခိုက်မှုကြောင့် ပွတ်လောရိုက်ကုန်ခြင်းလည်း ဖြစ်၏။ သံမဏိသဖွယ်တုတ်ခိုင်ကြီးမားသောလက်ကြီးများကို ပိုင်ဆိုင်ထားသော လူဝံကြီးနဲ့ထန်ဟောက်တို့ တိုက်ခိုက်နေကြသောကြောင့် ထွက်ပေါ်လာရခြင်း ဖြစ်၏။ထန်ဟောက်လည်း လျှပ်စီးများလက်နေသော တူတစ်ချောင်းကို ကိုင် ဆောင်ကာ လူဝံကြီးကို တိုက်ခိုက်ပစ်၏။ လူဝံကြီးကလည်း သူ၏သံမဏိလက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်၏။ ထိုအခါ ကောင်းမွန်စွာလေ့ကျင့်လာခဲ့သော ထန်ဟောက်အတွက်တော့ သာမန် ကိစ္စတစ်ခုသာသာပင်ဖြစ်၏။ ထန်ဟောက်လည်း လေဟုန်ခွင်း81ချက်ဖြင့် လူဝံအား ဆက်လက်တိုက်ခိုက် လိုက်၏။ ဝိညာဥ်ကွင်းရရန် ဝိညာဥ်သစ်တောထဲမသွားခင်၌ ဂျိတ်သည် ထန်ဟောက် အတွက် သိုင်းတစ်ခုသင်ပေး၏။ထိုသိုင်းသည် ထန်ဟောက်၏တူလက်နက်နဲ့ လုံးဝသဟဇာတဖြစ်သော လေဟုန်ခွင်း81ချက်သိုင်းပင်ဖြစ်၏။ ထိုသိုင်းနာမည်အတိုင်း 81ရိုက်ချက်ပါရှိကာ နောက်ထပ်ရိုက်လိုက်သော အချက်တိုင်းသည် ပိုမိုအားကောင်းပြီးပြင်းထန်လာသည်လည်းဖြစ်၏။ထို သိုင်းကိုသာ အားကောင်းစွာဖြင့် ပိုင်နိုင်စေရန် တူလက်နက်ကိုသာအသုံးပြု စေသေး၏။နောက်သိုင်းဝိညာဥ်ကိုကား နောက်မှသင်ပေးမည်ဟု ဂျိတ်မှ ပြောထား၏။တစ်ပြိုင်တည်းနှစ်ခုသင်ပါက ထန်ယောက်အတွက် ဆိုးကျိုးက သာ များစေနိုင်သောကြောင့်ဖြစ်၏။ လျှပ်စီးအစွမ်းပါသောကြောင့် အချိန်ကြာတော့ လူဝံကြီးမှာ မီးလောင်ကျွမ်း နေသောပုံစံဖြစ်လာလေ၏။ထိုအချိန်မှာပင် ထန်ဟောက်သည် ပထမ ရိုက်ချက်ကို ကျွမ်းကျင်သွားပြီလည်းဖြစ်၏။ လေဟုန်ခွင်းပထမရိုက်ချက်အသုံးပြုလိုက်သောအခါ လူဝံကြီးမှာ သေဆုံး သွားတော့၏။ထိုအခါမှ ထန်ဟောက်သည် ထိုလူဝံကြီးကိုယ်မှ ထွကိလာသော ဝိညာဥ်ကွင်းကို စုပ်ယူလိုက်၏။ထိုဝိညာဥ်ကွင်းမှာ ထန်ဟောက်ကို အစပိုင်း၌ ငြင်းဆန်နေသော်လည်း နောက်ဆုံး၌ ထန်ဟောက်၏ပထမဆုံးသောဝိညာဥ် ကွင်းတစ်ခုဖြစ်လာလေတော့၏။ "ဟူး ရသွားပြီကွ" ထန်ဟောက် ပျော်ရွှင်နေ၏။သူ၏ကိုယ်ကို့ ပထမဝိညာဥ်ကွင်းက ရစ်ပတ် ထားသောကြောင့်ဖြစ်၏။သူသတ်လိုက်သော လူဝံသည် သံမဏိလက်လူဝံ ဖြစ်ပြီး နှစ်ငါးရာသက်တမ်းရှိ၏။ထို့ကြောင့် ထန်ဟောက်ကို အဝါရောင်ဝိညာ ဥ်ကွင်းက လွှမ်းထားခြင်းလည်းဖြစ်၏။ "နောက်တစ်ခုအတွက်ပြင်ထားပါ" ဂျိတ်၏စကားကြောင့် ထန်ဟောက်လည်း သူ၏ဝိညာဥ်စွမ်းအားများကို ပြန်လည်ဖြည့်စီးလိုက်လေ၏။ပြည့်သွားသောအခါ နောက်သိုင်းဝိညာဥ် အတွက် ဝိညာဥ်ကွင်းရှာရန် လုပ်ဆောင်လိုက်၏။ ဒီတစ်ခေါက်ရွေးထားပေးသော သားရဲသည် တစ္ဆေငါးတစ်ကောင်ဖြစ်၏။ သက်တမ်းရှစ်ရာကျော်ပြီဖြစ်ပြီး ရေထဲ၌ ဘုရင်တစ်ကောင်ကဲ့သို့ နေထိုင် နေ၏။ထိုသားရဲရှိသောမြစ်ထဲ၌ ကျန်သောသားရဲများမရှိပေ။ဤသည်မှာ ထို ငါး၏အစွမ်းကြောင့်ဖြစ်၏။ "ပထမစွမ်းရည် တူစက်ကွင်း" ထန်ဟောက်၏တူမှ မိုးကြိုးများတောက်ပလာသလို တစ္ဆေငါးရှိရာ နေရာ၌လည်း စက်ကွင်းတစ်ခုက လွှမ်းခြုံထား၏။ ဟုတ်ပေသည်။ထန်ဟောက် တူသိုင်းဝိညာဥ်၏ပထမဆုံးစွမ်းရည်သည် တူကို မိုးကြိုးဓာတ်များပြည့်စေပြီး ရန်သူကိုလည်း ပစ်မှတ်ထားလော့ဒ်ချထားမည် ဖြစ်၏။လော့ချပြီး တိုက်ခိုက်သည်ဖြစ်ရာ ရန်သူက ထွက်ပြေးနိုင်ခြင်းရှိမည် မဟုတ်တော့ပဲ တူထုခံရသည်ကို ငြိမ်ခံရတော့မည်ဖြစ်၏။ထို့ပြင် တူ၏စွမ်း ရည်ကိုလည်း သုံးဆမြင့်တင်ပေးသည်ဖြစ်၏။ ပထမစွမ်းရည် ကို သုံးပြီးသည်နဲ့ တစ်ဆက်တည်းမှာပင် ထန်ဟောက်သည် လေဟုန်ခွင်းပထမရိုက်ချက်ကိုပါ တွဲသုံးတော့၏။ အန္တရာယ်အငွေ့သက်ရသောကြောင့် တစ္ဆေငါးသည် ပြေးရှောင်ရန်ကြံ သော်လည်း ပြေးမရနေပေ။လော့ဒ်ခတ်တိုက်ခိုက်သည်ဖြစ်ရာ လုံးဝမ ရှောင်တိမ်းနိုင်တော့ပေ။ "ဝုန်း" ကြီးမားကျယ်လောင်သော အသံကြီးက ဝိညာဥ်သစ်တောရှိမြစ်တစ်ခု၌ ပေါ်ပေါက်လာလေ၏။ထိုအသံမှ ကျယ်လောင်လှသောကြောင့် အနီးနားမှ ရှိ ကုန်သော တိရစ္ဆာန်များမှာ ထွက်ပြေးကုန်၏။ "ဟ" ထန်ဟောက် အံအားသင့်သွား၏။တစ္ဆေငါးသည် လုံးဝကြေမွနေသောကြော င့်ဖြစ်၏။ကံကောင်းထောက်မှစွာဖြင့် ဝိညာဥ်ကွင်းမှာ စုပ်ယူ၍ရနေ၏။ထို့ ကြောင့် ထန်ဟောက်မှ ဝိညာဥ်ကွင်းကို စုပ်ယူလိုက်၏။ တစ်ချက်တည်းဖြင့် သေ သွားသောငါးအစား ဂျိတ်စိတ်မကောင်းဖြစ်မိ၏။ တစ္ဆေငါးတို့သည် မိုးကြိုးလျှပ်စီးကို သူတို့၏သလာဝအရကြောက်လန့်ကြ သလို သူတို့ကို ငယ်နိုင်ဖြစ်၏။ဤသည်ကို ထန်ဟောက်မှ မိုးကြိုးအစွမ်းတူဖြ င့် သုံးဆအစွမ်းတိုးပြီး လေဟုန်ခွင်းရိုက်ချက်ပါ သုံးလိုက်ရာ ငါးမှာ အသား ပြားဘဝသို့ တစ်ခါတည်းဖြင့် ရောက်ရှိသွားလေတော့၏။ ထန်ဟောက်မှာ တစ္ဆေငါးထံမှလည်း စုပ်ယူပြီးသွားသောကြောင့် ဂျိတ်ထံ ပြန်လာလိုက်၏။ဂျိတ်လည်း ထန်ဟောက် ရောက်လာသည်နဲ့ ဝိညာဥ် သစ်တောထဲမှ ထွက်ခွာလာပြီးလျှင် ဂရိတ်တိုင်းပြည်သို့ပြန်ရောက်လာခဲ့ကြ တော့၏။ ပြန်ရောက်ပြီးသည်နဲ့ ထန်ဟောက်အား ရရှိလာသောဝိညာဥ်ကွင်းများနဲ့ သဟဇာတဖြစ်စေသည်အထိ လေ့ကျင့်စေခိုင်း၏။ ထန်ဟောက်ကို လေ့ကျင့်စေပြီးလျှင် မိမိမှာတော့ မိမိလုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်၏။ "ကဲ ငါပြောတဲ့အစီစဥ်အခုပဲ ဆောင်ရွက်တော့" ဂျိတ်သည် ကျောက်ပြားမှ နေ၍ တာဝန်ရှိသူများကို အမိန့်ပေးလိုက်၏။ဂျိ တ်၏အမိန့်ထွက်ပြီး စက္က န့်ပိုင်းလေး၌ တစ်တိုင်းပြည်လုံး အလုပ်ရှုပ်ကြ လေ၏။ "ဘာတွေဖြစ်ကုန်တာလဲ" ဂရိတ်တိုင်းသူပြည်သားများကလည်း ရုတ်တရက်ဆိုသလို စစ်သည်များ အလုပ်လုပ်နေသောကြောင့် အနည်းငယ်တွေဝေသွားကြ၏။နောက်ဆုံးတော့ စစ်သည်များအလုပ်ရှုပ်ရခြင်းအကြောင်းရင်းကို တွေ့လိုက်ရလေ၏။ "ဒါဘာကြီးတုန်း" ဂရိတ်တိုင်းပြည်သားတစ်ယောက်က မေး၏။သူမြင်နေရသောအရာသည် ကြီးမားပြီးလေးထောင့်ပုံစံရှိနေ၏။စာများရေးသားထားသော်လည်း စာမ တတ်သောကြောင့် မေးမြန်းလိုက်ခြင်းလည်းဖြစ်၏။ထိုအရာကြီးသည် စာ များရေးသားထားပြီး အလွန်ပင် လှပသောအရာများကလည်း ထိုအတွင်း၌ရှိ နေသည်ကို တွေ့မြင်ကြလေ၏။ "ဒါက ရေခဲသေတ္တာဆိုပဲ ဒီအပေါက်ထဲကို ပိုက်ဆံထည့်ရင် အလွန်အရသာရှိ တဲ့ဖျော်ရည်သောက်နိုင်တယ်တဲ့" စာဖတ်တတ်သော တိုင်းပြည်သားတစ်ယောက်မှ ဝင်ရောက်ရှင်းပြပေး၏။သူ သည်ဖတ်ပြရင်း သူကိုယ်တိုင်ပင် စမ်းကြည့်၏။သူသည် ကြေးဆယ်ပြားကို ထိုလေးထောင့်အရာထဲသို့ထည့်လိုက်၏။ ကြေးဆယ်ပြားသာ ကုန်ကျသည်ဖြစ်သောကြောင့် စမ်းကြည့်လိုက်ခြင်း လည်းဖြစ်၏။ ထို့နောက် ထိုအရာ၌ စပရိုက်နဲ့ကိုလာဟူသောရွေးချယ်နှစ်ခုပေးထားကြောင့် တွေ့လိုက်ရလေ၏။ထိုနှစ်ခုမှ သူသည် စပရိုက်ကို ရွေးချယ်လိုက်၏။ "ဟော ရပြီဟ" ထိုလေးထောင့်အရာမှ အရာတစ်ခုပြုတ်ကျလာသည်ကို တွေ့ရာ ထိုလူမှ ကောက်ကိုင်လိုက်၏။ထိုအရာသည် အေးစက်နေသောပုလင်းတစ်လုံးဖြစ် ပြီး အဖုံးဖွင့်သောက်ရန် ရေးသားထားသောကြောင့် ထိုအတိုင်းလိုက်နာကာ လုပ်ဆောင်လိုက်၏။ "အား ကောင်းလိုက်တာ" ထိုပုလင်းကို ဖွင့်ပြီးသောက်လိုက်သည်နဲ့ တမူထူးခြားသောအရသာကို သူ ခံစားလိုက်ရလေ၏။ ပုလင်းအဖုံးဖွင့်လိုက်သောအခါ ထွက်လာသောအသံနဲ့အမြုပ်လေးများက လည်း တမူထူးခြားသလိုခံစားရ၏။သောက်လိုက်သောအခါတွင်လည်း စပ ရိုက်၏အေးမြမှုနဲ့အရသာက လူကိုစိတ်ကျေနပ်စေသွား၏။သောက်ပြီးသွား သောအခါတွင် လူကို အားအင်ပြည့်စေသလို ခံစားလိုက်ကြရလေ၏။ "တော်တော်ကောင်းတာပဲ" ပထမတစ်ယောက်စမ်းကြည့်၍ကောင်းသည်နဲ့ ကျန်သောလူများကလည်း တောက်လျှောက် ပိုက်ဆံထည့်ကာ စမ်းသောက်ကြည့်ကြတော့လေ၏။ပထမ လူမှ လုပ်နည်းပြသွားသောကြောင့် နောက်လူများအတွက် ခက်ခဲခြင်းမရှိ တော့ပေ။ "တကယ်ကြီးဟ" သောက်သုံးလိုက်သည့်လူတိုင်း ကောင်းမွန်သောမှတ်ချက်ထွက်ပေါ်လာကြ လေ၏။ဤသည်မှာ ဂျိတ်၏အစီစဥ်များမှ သေးငယ်သောအစိတ်ပိုင်းလေး တစ်ခုသာဖြစ်၏။ဂျိတ်သည် တိုင်းပြည်၌ရှိသောလူတိုင်း စပရိုက်နဲ့ကိုလာ ကို စျေးသက်သာစွာဖြင့်သောက်သုံးနိုင်စေရန် လူမဲ့ရောင်းချနိုင်သော ရေခဲသေတ္တာများကို တိုင်းပြည့်အနှံ၌ လုပ်ဆောင်ပေးထားသောကြောင့် ဖြစ်၏။ ဂရိတ်တိုင်းပြည်ကြီးသည် ဂျိတ်၏လက်အောက်၌ မြန်ဆန်စွာတိုးတက် ပြောင်းလဲလာလေတော့သည်လည်းဖြစ်၏။
(293)
ကျားရဲဂိုဏ်း၏ကြီးကျယ်ခမ်းနားလှသော ခန်းမကြီးတစ်ခု... ထိုခန်းမ၏ဝင်ပေါက်ကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဝါရှိသော ကျားတစ်ကောင်၏မျက်နှာဖြင့် ပုံဖော်ထား၏။ထိုခန်းမသည် အရေးကြီးမှ သာ သုံးခွင့်ရှိ၏။ ယခုလက်ရှိ၌ ထိုခန်းမကြီးထဲ၌ လူများသည်စုဝေးနေကြ၏။အရေးကြီး သောအရာဆွေးနွေးမည့်ပုံရှိ၏။ "ကဲ မင်းစတင်ပြောလို့ရပြီ" ထိုစကားကို ဆိုလိုက်သူကတော့ ကျားရဲဂိုဏ်းမှ အကြီးကဲဖြစ်၏။လက်ရှိတွင် ကျားရဲဂိုဏ်းမှ သက်ဆိုင်ရာအကြီးကဲများစွာစုဝေးနေကြ၏။စုဝေးနေရ သောအကြောင်းရင်းမှာလည်း တစ်ခုတည်းသာဖြစ်၏။ တစ်ခုတည်းသော အကြောင်းရင်းမှာ ဂရိတ်တိုင်းပြည်အကြောင်းသာဖြစ်၏။ ဂရိတ်တိုင်းပြည်မှလက်နက်နည်းပညာရရှိစေရေးအတွက် ဂိုဏ်းမှ တာဝန်(မစ်ရှင်)အနေဖြင့် ထုတ်ပေးထား၏။ထိုတာဝန်ကိုထမ်းဆောင်နိုင် သောသူကို အမှတ်များစွာပေးမည်ဖြစ်၏။သို့သော်လည်း လက်ရှိအခြေနေ အထိ ထိုတာဝန်ကိုကျေပွန်ပြီးမြောက်အောင်ထမ်းဆောင်နိုင်သည့်သူ မရှိ သေးသည့်အပြင် တာဝန်ယူသမျှဂိုဏ်းသားများကပါ သေဆုံးကုန်ကြသော ကြောင့်ဖြစ်၏။ ထိုသို့ဂိုဏ်းသားများသေဆုံးရသည့်ဖြစ်စဥ်သည် ကျန်သောဂိုဏ်များလည်း ဖြစ်ပျက်ကြောင်း သိရှိထား၏။ထို့ကြောင့် ထိုတာဝန်ကိုထမ်းဆောင်နိုင်သည့် စစ်သည်တော်အဆင့်များလည်း မြင့်လိုက်သလို တာဝန်ပြီးမြောက်ပါက လည်း ရရှိနိုင်သည့် ဆုကြေးများမှာ ပိုမိုတင်ပေးထားလိုက်၏။ ထိုသို့လုပ်ထားသော်လည်း ဂိုဏ်းသားများမှာ သေမြဲသေနေဆဲဖြစ်၏။သေ သည့်အထဲတွင် ဂိုဏ်းမှ တန်ဖိုးထားရသည့် ပါရမီရှင်များပါလာရာ ဂိုဏ်းမှ အကြီးကဲများက ခေါင်းခဲလာကြလေတော့၏။ ထိုအချိန်၌ ဂရိတ်တိုင်းပြည်၏အကြောင်းအနည်းကျဥ်းသိပါသည်ဟူသော ဂိုဏ်းမှ အောက်ခြေအဆင့်ဂိုဏ်းသားမှ ဆိုလာသောကြောင့် ထိုသူကိုခေါ်ကာ ယခုကဲ့သို့အစည်းဝေးလုပ်လိုက်ရခြင်းပင်ဖြစ်၏။ဤသည်ကား အစည်းဝေး ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းပေတည်း။ "ဟုတ် ကျနော်ပြောပါမယ်" အကြီးကဲများလည်း စကားပြောမည့်သူကို ကြည့်လိုက်ကြ၏။စကားပြောမ ည့်သူသည် ခေါင်းပြောင် ဦးကတုံးဖြစ်နေပြီး အဖြူရောင်ချည်းသပ်သပ်ဖြစ် သော ဝတ်စုံကိုဝတ်ဆင်ထား၏။ သူ၏ကိုယ်ခန္ဓာပုံစံကလည်း သန်မာတောင့်တင်းနေ၏။လက်များကလည်း သန်မာနေ၏။ "ကျနော်က ဒီကျားရဲဂိုဏ်းကအောက်ခြေအစေခံအလုပ်သမားတစ်ဦးပါ" "ဟုတ်ကောဟုတ်ရဲ့လား မင်းပုံစံက" အကြီးကဲတစ်ယောက်မှ ဝင်ရောက်ပြောဆို၏။သူပုံစံက အစေခံနဲ့ လားလားမျှမတူပေ။သန်မာထွားကြိုင်းနေသောကြောင့်ဖြစ်၏။ "တကယ်ပါ ကျနော်ကလွန်ခဲ့တဲ့လေးလလောက်က ဂရိတ်တိုင်းပြည်မှာ အခြေနေတွေဆိုးရွားနေတယ်ကြားလို့ အခွင့်ကောင်းရပြီးဆိုပြီး ရတနာတွေ သွားရှာဖွေဖို့ကြိုးစားခဲ့ပါတယ် အဲ့တာကြောင့် ဂရိတ်တိုင်းပြည်မှာ မထင်မှတ် ပဲ အဖမ်းခံပြီး အလုပ်ကြမ်းလုပ်ခိုင်းခံခဲ့ရလို့ အခုလိုဖြစ်လာတာပါ" မိမိဂိုဏ်းသားအား ယခုလိုအလုပ်ကြမ်းခိုင်းသည်ဟုကြားသောအခါ အကြီး ကဲများဒေါသထွက်လာကြ၏။ "ဖမ်းခဲ့ရပြီး နောက်နေ့ကစပြီး ကျောက်တောင်တွေမှာ ကျောက်တူးရပါတယ် အခုလိုဒီကိုမရောက်ခင်အထိပေါ့" ထိုအစေခံသမားမှ သူ၏အဖြစ်ပျက်ကိုစတင်ပြောဆို၏။ထို့နောက်သူသည် "အစက ထွက်ပြေးဖို့လုပ်ပါသေးတယ် ဒါပေမဲ့ ကျနော်ထက်အဆင့်မြင့်တဲ့ စစ်သည်တော်တွေတောင် မလွတ်လို့ ကြိတ်မှိတ်ပြီးလုပ်ကိုင်ခဲ့ရပါတယ်" အကြောင်းရင်းအသေချာရှင်းပြနေ၏။သူတို့ကို လက်နက်ဆန်းများနဲ့ စစ်သည်များက စောင့်ကြပ်ကြောင်း ကျောက်တောင်များကို ဒိုင်းနမိုက် ဟူသောအရာများဖြင့် ဖြိုခွဲကြောင်း ထိုအရာများကြောင့် ပုံမှတ်ဆယ်ရက် ကျော်တူးရသည့် ကျောက်ပုံမှ စက္က န့်ပိုင်းအတွင်း ကြေကွဲကုန်ကြောင်းနဲ့ ထို အရာများကို လေယာဥ်ပျံဟူသော လေပေါ်ပျံသန်းနိုင်သော အရာကြီးများဖြ င့်လည်း တင်ကြကြောင်း ပါရှိ၏။ထိုလေယာဥ်ပျံဟူသောအရာများသည် လည်း မိမိတို့ဂိုဏ်းမှ တစ်လမျှသယ်ယူရသော ကျောက်များကို တစ်ကြိမ်တည်းဖြင့် သယ်ယူ ပို့ဆောင်ပေးကြောင်း ပါရှိ၏။ ထို့ပြင် တိုင်းပြည်တစ်ခုလုံးသည် ဂျိတ်၏လက်အောက်၌ကျရောက်နေ ကြောင်းနဲ့ဂျိတ်၏ဘုရင်ဖြစ်လာပုံမှစ၍ တိုင်းပြည်မှတိုးတက်ပြောင်းလဲလာပုံ ကိုလည်း တင်ပြ၏။ ထိုအကြောင်းရာများကို ကြားလာရလေ အကြီးကဲများ၏မျက်နှာများ မ ကောင်းတော့ပေ။ထိုအကြောင်းများမှ ပါသော လက်နက်များနဲ့တခြားခြား သော ပစ္စည်းဆန်းများသည် ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် ဖြစ်၏။ လေယာဥ်ပျံများနဲ့ဒိုင်းနမိုက်များသည် ကျောက်တူးချိန်ကိုများစွာလျော့ချပေး နိုင်သာ်ဆိုရသော် ကျန်သောနေရာများတွင်လည်း အသုံးပြုနိုင်သေးပါက သူတို့ဆက်လက်၌မတွေးဝံ့ကြတော့ပြီ။ထိုအရာဖြင့်သာဆိုပါက ဂရိတ် တိုင်းပြည်သည် အချိန်တိုတွင်းကြောက်မက်ဖွယ်ဖြစ်လာတော့မည်ဖြစ်၏။ အစေခံမှ ပြောပြီးသောအခါ အခန်းတွင်မှထွက်ခွာသွားတော့၏။ "ကဲ အကြီးကဲတို့ဘယ်လိုလုပ်ကြမလဲ" အကြီးကဲများ၏မျက်နှာမကောင်းတော့ပေ။သူတို့သည် အဆင့်သေး တိုင်းပြည်နဲ့တွေ့နေခြင်းမဟုတ်ပဲ ထူးဆန်းသောသားရဲတွေ့နေသည်ဟုခံစား မိလာ၏။ "ကျနော်အထင် ပြောရရင် ဒီတိုင်းပြည်ကိုအုပ်စိုးတဲ့ ဂျိတ်ဆိုတဲ့လူနောက်မှာ ရှေးဟောင်းမျိုးနွယ်တစ်စုတော့ရှိမယ်ထင်တယ်" ထိုစကားကြောင့် အစည်းဝေးတစ်ခုလုံးတိတ်ဆိတ်သွား၏။ရှေးဟောင်းမျိုး နွယ်ဆိုပါလား။ ရှေးဟောင်းမျိုးနွယ်ဆိုသည်မှာ အစွမ်းကြီးမားသော မျိုးနွယ်များဖြစ်၏။သူ တို့သည် ရှေးခေတ်က ကြီးးမားသောတိုက်ပွဲတစ်ခုကြောင့် လက်ရှိအခြေ နေ၌ ပျောက်ကွယ်နေသော မျိုးနွယ်ဖြစ်၏။ ထိုမျိုးနွယ်စုများသည် ရှေးဟောင်းအစွမ်းများနဲ့တခြားခြားသော ပညာများ ကိုပိုင်ဆိုင်ကြလေ၏။ထိုမျိုးနွယ်စုမှသာမန်လူတစ်ယောက်ကပင် လက်ရှ်ိ ခေတ်အခြေနေကို တုန်လှုပ်နိုင်စွမ်းရှိကြ၏။ ယခုလည်း ဂရိတ်တိုင်းပြည်ကို ထိုသို့သောရှေးဟောင်းမျိုးနွယ်တစ်ခုမှ ထော က်ပံထားကြောင်း ကျားရဲဂိုဏ်းမှ အကြီးကဲများက ထင်မြင်ယူဆကြဟန် ရှိ၏။ "ဒီလိုဆိုရင် ကျုပ်တို့က သွားပြီး လက်ဆောင်ပဏ္ဏာနဲ့တောင်းပန်ချေရမှာပဲ" အကြီးကဲတစ်ယောက်က ဆို၏။ "တကယ်လို့ ရှေးဟောင်းမျိုးနွယ်စုက မထောက်ပံဘူး ဂျိတ်ကပဲ ရှာဖွေတွေ့ရှိ လာတယ်ဆိုရင်ကော" ထိုစကားလုံးကြောင့် အကြီးကဲများ၏မျက်လုံးများ၌ လောဘများလွှမ်းမိုး သွား၏။ရှေးဟောင်းမျိူးနွယ်စုသည် ထောက်ပံခြင်းမရှိနေပါက ဂျိတ်သည် သူတို့မျက်စိထဲ၌ လမ်း၌ရှိနေသော ကျောက်စိမ်းတုံးကို ကောက်ရမိသော ဆင်းရဲသားလေးသာဖြစ်၏။ ကောက်ရမိသော ဆင်းရဲသားသည် သူတို့မျက်စိတွင်တော့ အဖိုးတန်သော ကျောက်စိမ်းကို ကောက်ရထားသော ဆင်းရဲသားသည် အပြစ်သားသာဖြစ် ချေ၏။ထို့ကြောင့် ဂျိတ်ထံမှ ယူငင်ရန်လည်းကြံစည်လိုက်ကြ၏။ ဂျိတ်သည် ထူးခြားသောရှေးဟောင်းရတနာနယ်မြေမှရရှိလာသည်ဆိုပါက လည်း ထိုနယ်မြေကို ပြန်လည်ရှာစေခိုင်းကာ ယူငင်မည်ဖြစ်၏။ "ဒါဆိုရင်တော့ ရှင်းပါတယ် ဂရိတ်တိုင်းပြည်ကို သိမ်းပိုက်ကြတာပေါ့" ထိုစကားကိုတော့ အကြီးကဲတိုင်းသဘောတူကြလေ၏။စည်းစိမ်ရတနာကို မ တပ်မက်သောသူမရှိကြပေ။ "ကောင်းပြီ ဒါဆို ဆရာသခင်နှစ်ယောက်ကို ပြောကြားလိုက်တော့မယ် ဒီကိစ္စ ကိုပေါ့ပြီးမှဆက်လုပ်ကြမယ်" အစည်းဝေးကို ကျင်းပသောအကြီးကဲ၏နောက်ဆုံးစကားကြောင့် ကျန်သော အကြီးကဲများ အံသြကုန်၏။ ဆရာသခင် ဆိုပါလား ဆရာသခင်နှစ်ပါးသည် မိမိတို့ဂိုဏ်းတွင် အစွမ်းအထက်ဆုံးသော စစ်သည် တော်များဖြစ်ကြ၏။ထိုစစ်သည်တော်နှစ်ယောက်ထံ ထိုကိစ္စကို တင်ပြမည်ဆို က တော်ရုံကိစ္စမဟုတ်ကြောင်း သူတို့သိရှိကြလေ၏။ထိုကိစ္စကိုသာ ဆရာ သခင်နှစ်ယောက်ကိုင်တွယ်ပါက အောင်မြင်သည်ဟုလည်း ယုံကြည်ထားကြ လေ၏။ "ဂရိတ်တိုင်းပြည်တော့ သေပြီပဲ" အကြီးကဲများသည် ဂရိတ်တိုင်းပြည်၏နောက်ကွယ်၌ ရှေးဟောင်းမျိုးနွယ်မ ရှိစေရန်သာ ကြိတ်ပြီးဆုတောင်းနေလိုက်ကြတော့၏။
(294)
ဂရိတ်တိုင်းပြည်ထဲသို့ ဝင်ရောက်တိုင်းကျရှုံးကြသောကြောင့် ဂိုဏ်းများသည် မစ်ရှင်ကို ဆက်လက်လုပ်ခွင့်ပေးသင့်မပေးသင့် ဆုံးဖြတ်လာကြ၏။ထိုအထဲ တွင် ကျားရဲဂိုဏ်းသည် ပထမဆုံးပြန်လည်ရုတ်သိမ်းသောဂိုဏ်းဖြစ်၏။ ကျားရဲဂိုဏ်းမှ ပြန်လည်ရုတ်သိမ်းလိုက်ခြင်းကြောင့် ကျန်သောဂိုဏ်းများ ကလည်း ရုတ်သိမ်းရန် စဥ်းစားလာကြပြီဖြစ်၏။ .......... "ဟောဟဲ.....ဟောဟဲ" လူတစ်ယောက်သည် အမောဆို့သည့်ပုံစံဖြင့် ပြေးလွှားနေ၏။ပြေးလွှားရ လွန်းသောကြောင့် အမောဆိုခြင်းဖြစ်သော်လည်း သူ၏အရှိန်ကို လျော့ချ ခြင်းမရှိပါချေ။ သူသည် ဂရိတ်တိုင်းပြည်၏နယ်စပ်သို့ပြေးလွှားနေခြင်းလည်းဖြစ်၏။ "ငါ ဆက်ပြေးမှရမယ် ဆက်ပြေးမယ်" ထိုပြေးနေသောသူသည် သာမန်လူမဟုတ်ပေ။ဒိုင်းမွန်းအဆင့်ရောက်ခါနီးနေ ပြီဖြစ်သော စစ်သည်တော်တစ်ယောက်ဖြစ်၏။ထိုလိုအဆင့်မြင့်စစ်သည် တော်က အဘယ်ကြောင့် အခုလိုအမောဆို့နေသော်လည်း အသည်းသန် ပြေးလွှားနေရသနည်း။ "ငါ ဆက်ပြေးမှရမယ်" ထိုစစ်သည်တော်သည် ပြေးလွှားနေရင်းဖြင့် သူ၏လက်စွပ်မှ ဆေးလုံး တစ်လုံးကို ထုတ်ကာသောက်သုံးလိုက်၏။ထိုဆေးလုံးသည် ချာက္က ရာကိူ အနည်းငယ်ပြန်လည်ဖြည့်စွမ်းပေးနိုင်သော အဆင့်နိမ့်ဆေးဝါးတစ်လုံးသာ ဖြစ်၏။ အဆင့်နိမ့်ဆေးဖြစ်သော်လည်း သူသည် အားပါးတရဝါးမျိုလိုက်ကာ ဆက်လက်ပြေးလွှားပစ်၏။သူပြေးသည်မှာ အလွန်ပင် မြန်ဆန်လွန်းသော ကြောင့် သူ၏ခြေထောက်ပင် မမြင်နိုင်သည်အထိ ပင်ဖြစ်၏။သေချာကြည့် မည်ဆိုပါက သူ၏ခြေထောက်တွင် တိမ်ပုံစံငယ်လေးများဖြစ်ပေါ်နေမည်ကို တွေ့ရမည်ဖြစ်၏။ ဤတိမ်ပုံစံငယ်လေးများကိုသာ တွေ့ပါက ထိုစစ်သည်တော်သည် ဝင်း လ်(လေပြေဂိုဏ်းမှ)ဖြစ်ကြောင်း သိနိုင်မည်ဖြစ်၏။လေပြေဂိုဏ်းမှလူသည် ယခုအချိန်၌လုံးဝသေလုမတတ် သေလုနီးဆဲဆဲအချိန်ရောက်နေသည့်ပမာ ပြေးလွှားနေလေ၏။ သူပြေးရင်းလည်း သူ၏စိတ်ထဲ၌ ဂရိတ်တိုင်းပြည်သို့ပြန်ရောက်လာခဲ့ပုံကို ပြန်လည်တွေးတောမိ၏။ သူ၏နာမည်က ဇာ။ဒိုင်းမွန်းအဆင့်ရောက်ရန် အချိန်အနည်းငယ်သာလိုတော့ သူ။အဆင့်တက်ရန်အတွက် ဂိုဏ်းရမှတ်များလိုအပ်နေ၏။ထိုအချိန်တွင် သူ သည် တာဝန်တစ်ခုကို မြင်လိုက်၏။ ဇာသည် ဝင်းလ်(လေပြေ)ဂိုဏ်းမှဖြစ်ပြီး သူ၏မစ်ရှင်တာဝန်ကို ထမ်းဆောင် ရန် ဂရိတ်တိုင်းပြည်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ဂရိတ်တိုင်းပြည်သို့ ရောက်ရှိလာစဥ်က သူသည် အပေါင်းသင်းများနဲ့တကွ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ သူတစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည်ဖြစ်၏။ အစောပိုင်း၌ ဂရိတ်တိုင်းပြည်သည် အဆင့်နိမ့်တိုင်းပြည်ဖြစ်ပြီး တာဝန်ကျေ ပါကရရှိမည့်ဆုလာဒ်ကလည်း အလွန်များပြားနေသောကြောင့် တာဝန်ယူခဲ့ ခြင်းလည်းဖြစ်၏။ ထိုစဥ်က တာဝန်ပေးသော ဂိုဏ်းမှလူများသည် မျက်စိရှန်ကာ တာဝန်ထက် ပိုသော ဆုလာဒ်များရေးခဲ့လေသလားဟုပင် ကပြက်ကချော်လုပ်မိသေး၏။ ဂရိတ်တိုင်းပြည်ထဲသို့ခိုးဝင်စဥ်က သူတို့သည် လုံးဝအဆင်ပြေနေသေး၏။ ပြသနာသည် သူတို့ ဂရိတ်တိုင်းပြည်ကို ရောက်ပြီး လေးရက်အကြာမှ စတင် လာခဲ့ခြင်းဖြစ်၏။ ဂရိတ်တိုင်းပြည်၏မှတ်ပုံတင်ဖြင့် စစ်ဆေးခြင်းစနစ်ကြောင့် သူတို့သည် ခိုး ဝင်လာမှန်း ပေါ်လာလေကြ၏။ထိုအချိန်ထိ ပြသနာမရှိသေးပေ။ပြသနာဖြစ် စေခဲ့ ကိစ္စမှ သူနဲ့ရောက်ရှိလာသော အပေါင်းသင်းထဲမှ ဂိုဏ်းတူတစ်ယောက် ကြောင့် ဖြစ်၏။ထိုဂိုဏ်းသားမှာ ဂရိတ်တိုင်းပြည်ရှိသော စစ်သည်နှစ် ယောက်ကို အထင်မြင်သေးကာ သတ်ဖြတ်သည်မှ စတင်ခဲ့၏။ သတ်ဖြတ်ခဲ့ရသော စစ်သည်နှစ်ယောက်သည် သူ့ထက်အဆင့်များစွာနိမ့်ပါး သည့်အပြင် အတွေ့ကြုံလည်းမရင့်ကျက်ကြသေးပေ။ ထို့ကြောင့် ထိုစစ်သည်တော်နှစ်ယောက်ကို အသာလေးရှောင်တိမ်း၍ဖြစ်စေ ဒဏ်ရာရအောင်ဖြစ်စေလုပ်ပြီး ထွက်ပြေးနိုင်၏။ဤသည်ကို သွေးဆာလို စိတ်ပြင်းပြသော သူ၏သူငယ်ချင်းက ခေါင်းတစ်ခုလုံးပေါက်ကွဲထွက်သွား အောင် လုပ်ပြီးမှ ထွက်ပြေးခဲ့၏။ ထွက်ပြေး၍လွတ်မြောက်သောအခါတွင်လည်း ထိုသတ်ခဲ့ရသည်ကို ထိုသတ် ခဲ့သောသူမှ အားပါးတရပြောနေသေး၏။မကြာပါချေ။သူတို့ရှိရာနေရာသို့ တစ်စုံတစ်ခုက ရောက်ရှိလာလေ၏။ ထိုအရာသည် လူသားနဲ့ဆင်တူသော်လည်း လူသားတစ် ယောက်၏လုပ်ဆောင်ချက်နဲ့လုံးဝကွဲပြားနေလေ၏။ချပ်ဝတ်တန်ဆာအပြည့် ဆင်ယင်ထားပြီး ရှည်လျားသောဓားကိုလည်း ကိုင်ဆောင်ထားသေး၏။ ထိုထူးဆန်းသောအရာက သူတို့အားလက်နက်ချပြီးအညံ့ခံစေရန် ပြော ကြား၏။ထိုအခါ သူတို့အုပ်စုက လူအင်အားတင့်တင်းသောကြောင့် ငြင်းပယ် လိုက်ကြ၏။ ထိုအခါ ထိုအရာက သူတို့အုပ်စုအား စတင်တိုက်ခိုက်လေ၏။သူတို့ကလည်း ပြန်လည်တိုက်ခိုက်ကြ၏။သို့ရာတွင် သူတို့တိုက်ခိုက်သည်မှာက ထို ထူးဆန်းသောအရာကို တစ်ချက်မျှပင် မထိခိုက်စေကြောင်း သိရှိလာခဲ့ ကြ၏။ သိလာခဲ့သောအချိန်တွင် သူတို့နောက်ကျသွားပြီလည်းဖြစ်၏။ထိုအချိန်၌ ထို ထူးဆန်းသောစစ်သည်တော်လိုလိုကောင်မှ သူ၏ရှည်လျားသောဓားဖြင့် သူ တို့အားခုတ်ပိုင်းပစ်၏။ထိုထူးဆန်းသော ချပ်ဝတ်အပြည့်စစ်သည်တော်မှ ဓားဖြင့်ခုတ်သောအခါ သူတို့ဖက်မှ တစ်ယောက်သေသော်လည်း ထိုချပ်ဝတ် စစ်သည်တော်ကို ပြန်တိုက်ခိုက်သောအခါ ထိုထူးဆန်းသောချပ်ဝတ်စစ်သည် တော်မှာ သေရန်မပြောနဲ့အရာပင်မထင်ချေ။ ထိုအချ်ိန်၌ ထိုချပ်ဝတ်စစ်သည်တော်သည် ထူးဆန်းသောအရာတစ်ခု လုပ်ဆောင်လိုက်၏။ထိုအချိန်၌ သူ၏မျက်လုံးနေရာသည် တောက်ပလာပြီး သူ၏ဓားမှလည်း အရောင်များလက်လာ၏။ ထိုခဏ၌ ဇာသိလိုက်သည်ကတော့ သူ၏အပေါင်းပါများအားလုံးသည် သေဆုံးကုန်ကြသည်ဆိုသည်ကိုပင်ဖြစ်၏။သူသည် ကြောက်လန့်လွန်းသော ကြောင့် မြေကြီးထဲငုပ်ဝင်ကာ ချာက္က ရာကိုပါ မသုံးပဲ ကိုယ်ယောင်ဖျောက် လိုက်၏။ ထို့ကြောင့် ဇာသည် ကံကောင်းသွားခဲ့ခြင်းဖြစ်၏။ထိုချပ်ဝတ်စစ်သည် တော်သည် နောက်ထပ်ငါးမိနစ်အထိ အသက်ရှင်သူရှိမရှိ စစ်ဆေးပြီးမှသာ ပျံသန်းထွက်ခွာသွားလေ၏။ ထိုအခါမှသာ ဇာ၏အပူလုံးကြီးကျလာတော့၏။သူတို့တိုက်ခိုက်ခဲ့သော စစ်သည် သည် လေပေါ်ပျံနိုင်သည်ဆိုသည်ကို ကြိုသိပါက အရှုံးပေးလိုက် ကြမည်ဖြစ်၏။ယခုမှာတော့ ဇာတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ် တော့သည်ဖြစ်၏။ ဇာသည် အချိန်အတော်ကြာမှ မြေကြီးထဲမှ ထွက်လာ၏။မြေကြီးထဲသို့ ငုပ်လျှိုးနိုင်ခြင်းသည် ဇာ၏ငွေအဆင့်ရောက်စဥ်၌ ရရှိလာသောအစွမ်းဖြစ် လေ၏။ သူသည် ထိုအစွမ်းကြောင့်လည်းကောင်း ထူးဆန်းသောစစ်သည်တော် တိုက်ခိုက်စဥ်က အဝေးဆုံးနေရာ၌ရောက်နေသောကြောင့်လည်း အသက်ရှင် လွတ်မြောက်သွားခဲ့ခြင်းဖြစ်၏။ သူ၏အပေါင်းပါများကတော့ ထူးဆန်းသောစစ်သည်တော်ကြောင့် သူတို့ ကိုယ်ခန္ဓာမှာ တိတိရိရိပြတ်တောက်ခြင်းခံရကာ သေဆုံးသွားကြပြီဖြစ်၏။ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး အဘယ်ကြောင့်တာဝန်သည် ရမှတ် များများပေးထားကြောင်းကိုလည်း ယခုမှ သူသဘောပေါက်မိလာလေ၏။ ထို့ကြောင့် သူသည် တာဝန်လည်းပြီးဆုံးစေရန်နဲ့ အပေါင်းသင်းများအတွက် လည်း တာဝန်ကျေလိုသောကြောင့် တစ်ယောက်တည်းဆက်လက်လှုပ်ရှား ခဲ့၏။ တစ်ပတ်ခန့်ကြာသောအခါ သူ၏ကံကောင်းမည်ပြောရမည်ထင်။သူမြေကြီး ထဲငုပ်ပြီးလျှိူးဝင်ပြီး ထွက်လာသောနေရာသည် ဂရိတ်စစ်သည်တော်များ နေထိုင်ရာ စခန်းတစ်ခုဖြစ်နေခဲ့၏။သူလျှိုးဝင်ပြီးပြန်ထွက်လာသောအခါ ထွက်လာသောနေရာနဲ့အနည်းငယ်ဝေးကွာသောနေရာ၌ ဝရိတ် တိုင်းပြည်၏လက်နက်နည်းပညာများကို သိမ်းဆည်းထားကြောင်းတွေ့လိုက် ရ၏။ ထိုအခါ သူသည် သူတွေ့သမျှသော လက်နက်နည်းပညာစာလိပ်များကိုယူငင် ကာ လက်စွပ်ထဲသိမ်းဆည်းထားလိုက်၏။ထို့နောက် မြေကြီးထဲပြန်လည် ငုပ်လျှိုးကာ ထွက်ပြေးလာခဲ့တော့၏။ မြေကြီးထဲငုပ်လျှိုးပြေးရာ၌ ချာက္က ရာကို သုံးရသောကြောင့် နှစ်နာရီကြာ သောအခါ မြေပေါ်သို့ပြန်လည်ရောက်ရှိလာခဲ့၏။မြေပြင်ပေါ်သို့ရောက်သည် နဲ့ ဆက်လက်ပြေးလွှားပစ်၏။ မြင်းများထက် သူ၏ပြေးနှုန်းကပိုမြန်ဆန် နေရာ မြင်းစီးခြင်းမရှိပေ။ သူသည် စာလိပ်များကိုရလာသောအခါ သူ၏ရည်မှန်းချက်မှာ မိမိ၏ဂိုဏ်းသို့ ပြန်ရောက်ရေးအတွက် ဒီတိုင်းပြည်မှ မြန်မြန်ဆန်ဆန်ထွက်လာနိုင်ရေးကို ပင်ဖြစ်၏။ ထို့ပြင် သူ၏အပေါင်းပါများကို သတ်သွားသော ထူးဆန်းသောချပ်ဝတ် စစ်သည်တော် ရောက်လာမည်ကိုလည်း ကြောက်ရွံသောကြောင့် ဖြစ်၏။ထို စစ်သည်တော်သည် ဂရိတ်တိုင်းပြည်၏ဝန်ထမ်းများကို သတ်ဖြတ်မိမှသာ ရောက်လာခြင်းဖြစ်သည်ကိုလည်း သူမသိရှိသောကြောင့်ဖြစ်၏။ ဤအကြောင်းပြချက်သည်ကား ဇာတစ်ယောက် ဂရိတ်တိုင်းပြည်နယ်စပ်သို့ ပြေးလွှားလာရခြင်း၏အကြောင်းရင်းတရားလည်းဖြစ်လေ၏။ ဇာတစ်ယောက် ဆေးလုံးစားပြီး ဆက်ပြေးသောအခါ သူ၏အရှိန်ကြောင့် နာရီဝက်ဟူသောအချိန်တွင် ဂရိတ်တိုင်းပြည်မှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်၏။ နယ်စပ်မြို့တံတိုင်းကိုလည်း မြေလျှိုးကာ ဖြတ်သန်းပြေးလွှားလာခဲ့သော ကြောင့် ဘယ်သူမှသိလိုက်ခြင်းမရှိပေ။ "ဟူး...ဟောဟဲ" ဂရိတ်တိုင်းပြည်မှ ထွက်လာနိုင်သောအခါမှသာ ဇာတစ်ယောက် အသက်ဝ ဝ ရှူနိုင်တော့၏။ထို့နောက် သူ၏ကျန်ရစ်နေသောခွန်အားကို သုံးကာ သူ၏ဂိုဏ်းထံရောက်ရန်ပြန်အောင်ကြိုးစားလိုက်လေ၏။ သူ၏လုပ်ဆောင်မှုကြောင့်လည်း နောင်တွင် ဂရိတ်တိုင်းပြည် သည် အရှုပ် များကြားထဲပါပြီးရင်းပါလာခဲ့ပြီလည်းဖြစ်၏။