← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

(295)

"ဒုန်း....ဒုန်း..ဒုန်း...." တူထုသံကား ပန်းပဲဖိုတစ်ခုလုံးကို လွှမ်းမိုးထားလေ၏။ပန်းပဲဖိုရှိ လူတိုင်းက လည်း အံသြမင်သက်သောအမူရာဖြင့် ရှိနေကြ၏။အကြောင်းကား ထိုအသံ များထွက်ပေါ်အောင်လုပ်နိုင်သောအသံပိုင်ရှင်ကြောင့်ဖြစ်၏။ ထိုအသံဖြစ်ပေါ်အောင် လုပ်သောပိုင်ရှင်သည် တခြားသူမဟုတ် ထန်ဟောက် ပင်ဖြစ်၏။ "အမလေး....တကယ်ပဲ" "တော်တော်အားသန်တဲ့ကလေးငယ်ပဲ...ငါသာမမြင်ရင်ယုံမိမှာမဟုတ်ဘူး" "အေးဟ...ငါရောပဲ" ထန်ဟောက်သည် ဂျိတ်၏လေ့ကျင့်ရေးကြောင့် ပန်းပဲဖိုသို့ရောက်ရှိလာခြင်း လည်းဖြစ်၏။သူ၏ထူးခြားသော ပြည့်ဝဝိညာဥ်စွမ်းရည်ပိုင်ဆိုင်ထားခြင်းနှ င့် ပုံမှန်မဟုတ်သော သိုင်းဝိညာဥ်နှစ်ခုကြောင့် သူသည် ပုံမှန်ထက်သန်မာနေ ရန်လိုအပ်၏။ထို့ပြင် တူသိုင်းဝိညာဥ်ကို သုံးရာ၌ ပိုမိုလွယ်ကူအဆင်ပြေ ချောမွေ့နေစေရန် ပန်းပဲဖို၌ သံရိုက်ပုံစံသွင်းခြင်းကို လုပ်ဆောင်နေသည် လည်းဖြစ်၏။ ထန်ဟောက်သည် ရောက်ကတည်းကမှ စတင်၍ ထုရိုက်နေသည်မှာ သုံးနာရီ ပင် ကြာညောင်းခဲ့ပြီဖြစ်၏။သူ၏ကိုယ်တွင်လည်း ချွေးများက ရေများ သဖွယ်ပင်။သူ၏တောင့်တင်းကျစ်လစ်လှသော ကိုယ်ခန္ဓာတည်ဆောက်ပုံက လည်း အဝတ်မဝတ်ထားသောကြောင့် အထင်သားပေါ်နေ၏။ ထန်ဟောက်၏အားကြီးမားမှုကြောင့် ပန်းပဲဖိုမှလူတိုင်းက အံသြ သွားကြရ ခြင်းလည်းဖြစ်၏။ မအံသြပဲနေနိုင်ရိုးလား။အသက်ရွယ်အားဖြင့် ငယ်လွန်းသေးသော ကောင် လေးမှ ခွန်အားလွန်စွာကြီးမားပြီး သန်မာထွားကြိုင်းသောကြောင့်ဖြစ်၏။ ထန်ဟောက်လည်း မပျင်းမရိကြိုးစားနေ၏။တူထုရိုက်ခြင်းသည် သူ၏လေ ဟုန်ခွင်းရိုက်ချက်သိုင်းကို အသုံးပြုရာ၍များစွာ အကျိုးပြုသောကြောင့် ဖြစ်၏။ ထန်ဟောက်ရောက်လာသောနေမှစ၍ ပန်းပဲဖိုရုံသည် ဆူညံနေလျက်ရှိ၏။ ................... "မဆိုးဘူး..မဆိုးဘူး" ထိုစကားကို ဆိုသူကတော့ ဂျိတ်ဖြစ်၏။ဂျိတ်သည် အယ်မလီနဲ့အယ်လီနာတို့နဲ့ အတူ မနက်စာစားသောက်ပြီး လက်ဖက်ရည်သောက်နေရင်း သတင်းစာဖတ် နေခြင်းဖြစ်၏။ မဆိုးဘူးဟုဆိုသည်မှာ... သတင်းစာကိုပြောခြင်းဖြစ်၏။ဤသတင်းစာသည် ဂရိတ်တိုင်းပြည်၏လုပ်ဆောင်ရမည့်အစီစဥ်များထဲ၌ ပါရှိသည်လည်း ဖြစ်၏။ထိုသတင်းစာသည် ဂရိတ်တိုင်းပြည်၏ပထမဆုံးသော သတင်းစာ လည်းဖြစ်၏။ သတင်းစာထုတ်ရခြင်း၏ရည်ရွယ်ချက်သည် ဂရိတ်တိုင်းသူပြည်သားများကို စာဖတ်တတ်ပြီး နေရာအရပ်ရပ်၌ဖြစ်ပျက်နေသော သတင်းအချက် လက်များကို တစ်နေရာတည်း၌ စုံလင်စွာသိရှိစေရန်ဖြစ်၏။ သတင်းစာကို ဂရိတ်တိုင်းပြည်၏ပြည်သူသတင်းစာဟုနာမည်ပေးထား၏။ ခေါင်းကြီးပိုင်း၌ ဂရိတ်တိုင်းပြည်၏လုပ်ဆောင်နေသော အစီစဥ်များကို ပုံနဲ့ တကွ ဝေဝေဆာဆာဖော်ပြထားပေး၏။ သတင်းစာကို ဂရိတ်တိုင်းပြည်၏လုပ်ဆောင်နေသောအစီစဥ်များ၊တစ် တိုင်းပြည်လုံး၌ဖြစ်ပျက်နေသော အကြောင်းရာများ၊အများပြည်သူတို့ ဗဟုသုတရရှိစေရန် အကြောင်းရာများနဲ့ အပျင်းပြေဖတ်ရှုနိုင်သော ဝတ္ထု ဟူ၍ ထည့်သွင်းပေးထား၏။ ပထမဆုံးဝတ္ထုအနေဖြင့် ဂျိတ်သည် အခန်းဆက်ဝတ္ထုလည်းဖြစ် ဖတ်၍လည်းကောင်းလှသော အနောက်ဘက်သို့ ခရီးသွားခြင်းဟူသော ဝတ္ထု ကို ရွေးချယ်တင်ဆက်ခိုင်းထား၏။ ထိုဝတ္ထုကို ရွေးချယ်ရခြင်းသည် ယခင်ဘဝ၌ ဒိတ်ဒိတ်ကြဲအောင်မြင်လှသော ကြောင့် ဖြစ်၏။ကလေးမှအစ လူကြီးအဆုံး အားပေးကြသည့် ဝတ္ထုလည်း ဖြစ်ပေ၏။ အနောက်ဘက်သို့ခရီးသွားခြင်းဝတ္ထုတွင်..... ဘုန်းကြီးတစ်ပါးသည် တိုင်းပြည်အတွက် ဗုဒ္ဓကျမ်းဂန်များပင့်ဆောင်ရန် ကျမ်းဂန်များရှိရာ အနောက်ဘက်သို့ထွက်ခွာလာရာတွင် အခက်ခဲများစွာ ကြုံတွေ့ခဲ့ရ၏။ထိုအခက်ခဲများကို ခရီးလမ်း၌တွေ့လာရသော ထူးဆန်းလှသ ည့် တပည့်များနဲ့တွေ့ကာ ထိုတပည့်များနဲ့အတူ အခက်ခဲများကိုရင်ဆိုင်ပြီး သွားရောက်ယူဆောင်ပုံကို ရေးသားထားခြင်းဖြစ်၏။ သတင်းစာသည် တစ်ရက်ခြားတစ်ကြိမ်ထုတ်ဝေမည်ဖြစ်ပြီး ထိုဝတ္ထုကို လည်း တစ်ကြိမ်ထုတ်တိုင်း တစ်ပိုင်းထည့်သွင်းဖော်ပြမည်ဖြစ်၏။ ............ "မင်းကြီး ပြသနာကြီးတစ်ခုပေါ်လာပါတယ်" အတိုင်ပင်ခံဖယ်မှ ပြေးလွှားကာ ပြော၏။သူ၏ပုံစံသည် တစ်ခုခုဖြစ်နေ ကြောင်း ပေါ်နေလေ၏။ "ကဲ ပြောပါ" "ကျနော်တို့ရဲ့လက်နက်ပုံစံစာရွက်ပျောက်ဆုံးသွားပါတယ်" ထိုသတင်းကြောင့် ဂျိတ် သိလိုက်ပြီဖြစ်၏။တစ်ယောက်ယောက်မှ အောင်မြင် စွာ ခိုးသွားနိုင်ပြီဖြစ်ကြောင်း ဂျိတ်သိနေ၏။ "ဘယ်လိုပုံစံစာရွက်လဲ" ထိုအခါ ဖယ်မှ ပြောပြ၏။ဖယ်၏ပြောပြချက်အရဆိုလျှင် ထိုစာရွက် များသည် ak-47နဲ့တခြားသောလက်နက်အမျိုးနှစ်ဆယ် ဖြစ်ကြ၏။ ထိုလက်နက်စာရွက်များသည် သေနတ်များတည်ဆောက်ပုံကို ရေးဆွဲထား သောစာရွက်ဖြစ်၏။ထို့ကြောင့် ဖယ်က ဂျိတ်ဒေါသထွက်မည်ကို စိုးရိမ်နေ ခြင်းဖြစ်၏။ "ပြသနာမရှိပါဘူး ဒါဆိုရင် လက်နက်တွေခိုးသွားမှသာပြသနာပါ" ဂျိတ်၏အပြောကြောင့်ဖယ်ပြန်ပြောမည်အပြု "ကိစ္စမရှိဘူး သူတို့တည်ဆောက်ပုံရဦးတော့ တည်ဆောက်နိုင်မှာတဲ့လား တည်ဆောက်နိုင်တယ်ပဲ ထားဦးတော့ သေနတ်ထဲထည့်ပစ်တဲ့ ကျည်ဆန် အမျိုးအစားတွေထုတ်လုပ်နိုင်မှာတဲ့လား" ထိုအခါမှ ဖယ်လည်း စိတ်သက်ရာ ရသွား၏။ဂျိတ်ပြောနေသည်က ဟုတ် သောကြောင့်ဖြစ်၏။ "သွားသွား..လုပ်ရမှာက တိုင်းပြည်ကို နှစ်ဆတင်းကျပ်ထား မျက်ခြေမပျက် စေနဲ့ လိုအပ်ရင် ငါ့ဆီတိုက်ရိုက်အကြောင်းကြားနိုင်တယ်လို့" ထိုအခါမှ အတိုင်ပင်ခံ လည်း ပြန်သွားတော့၏။ဂျိတ်သည် ထိုစာရွက်များ ပါသွားသည်ဆိုကတည်းက ပွဲစတော့မည်ဖြစ်ကြောင်း သိလိုက်ပြီဖြစ်၏။ထို့ ကြောင့် လုံခြုံရေးကို ပိုမိုတင်းကျပ်စေလိုက်၏။ "အော် အေ့..ငါ့နှယ် မေ့တော့မယ် နောက်အပတ်ကျရင် သမီးလေးမွေးနေ့ပဲ" နောက်အပတ်၌ ဂျိတ်၏သမီးလေး၏မွေးနေ့ကျရောက်လာမည်ဖြစ်၏။ထို နေ့သည် သမီးလေး၏မွေးနေ့ဖြစ်သလို သူသည်လည်း ဂျိတ်၏ကိုယ်ခန္ဓာထဲ စတင်ဝင်ရောက်လာသည့်နေ့လည်းဖြစ်ပေ၏။ သမီးလေး၏မွေးနေ့ဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ်လုပ်ပေးမည်ဟု ဂျိတ်ဆုံးဖြတ်ထား၏။ထို့ကြောင့် ဂျိတ်သည် တစ်တိုင်းပြည်လုံးရှိအမူထမ်း များကို အမိန့်ထုတ်ပြန်လိုက်၏။ "လုပ်ကြဟေ့...လုပ်ကြဟေ့" အမိန့်ပေးပြီးသည်နဲ့ တစ်တိုင်းပြည်လုံးရှိအမူထမ်းများသည် နောက် ငါးမိနစ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။ ဘုရင့်သမီးတော်မွေးနေ့ကျင်းပရန် ဂျိတ်မှ အမိန့်ပေးခဲ့၏။ထိုအမိန့်အတိုင်း လိုက်နာလုပ်ဆောင်နိုင်ပါက ဆုလာဒ်များစွာလည်း ရရှိမည်ဖြစ်သောကြောင့် ဖြစ်၏။ အမူထမ်းများသည် ထိုဆုလာဒ်ထက် ဂျိတ်ကို ကျေးဇူးဆပ်နိုင်မည့်အခွင့်ရေး တွေ့ပြီဟု ယူဆထားကြ၏။ဘုရင်သစ်သည် သူတို့အားများစွာသော ပေးဆပ် မှုများနဲ့ပြောင်းလဲပေးခဲ့၏။ ယခုအချိန်၌ ပြန်လည်ကျေးဇူးဆပ်ရန်က အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိလိုက်ကြသောကြောင့်ဖြစ်၏။ ..................... "ကောင်းတယ်.... ကောင်းတယ်" အကြီးကဲသည် လုံးဝဝမ်းသာအားရနေ၏။ထိုအကြီးကဲသည် ဝင်း လ်(လေပြေ)ဂိုဏ်းမှ ဖြစ်၏။သူ၏လက်ထဲ၌ လက်နက်ပုံစံစာရွက်ကို ကိုင် ဆောင်ထားကာ သူ၏မျက်နှာကြီးသည် ပြုံးဖြဲနေ၏။ ဟုတ်ပေသည်။ထိုစာရွက်ကို ဇာမှယူဆောင်ပေးခဲ့ခြင်းဖြစ်၏။ဇာသည် တာဝန်ကိုပြီးစီးအောင်ထမ်းဆောင်နိုင်ခဲ့ခြင်းကြောင်း ဆုလာဒ်များစွာနဲ့ရမှတ် များစွာရရှိခဲ့လေ၏။ ထိုအရာများကို အသုံးချပြီး ဇာသည် အဆင့်တက်အောင်ကြိုးစားမည်ဖြစ်၏။ အဆင့်တက်သွားပါက သူသည် သူ၏အပေါင်းပါများအတွက် ဂရိတ် တိုင်းပြည်သို့သွားကာ လက်စားချေမည်ဟု ကြုံးဝါးထားလေ၏။ ထိုအကြီးကဲသည် ထိုစာရွက်များကို ဂိုဏ်းထဲရှိ ပန်းပဲရုံများ၌ ထိုစာရွက်ကပုံ အတိုင်းပြုလုပ်စေတော့၏။လေပြေဂိုဏ်းသည်လည်း ထိုစာရွက်ရောက်သည့် နေ့မှစ၍ သာမန်ထက် နှစ်ဆပိုမိုလုပ်ကိုင်ကြရတော့၏။ လေပြေဂိုဏ်းသည် ရလာသော လက်နက်စာရွက်များဖြင့် လက်နက်များ ပြုလုပ်သလို ကျားရဲဂိုဏ်းသည် လည်း ဂိုဏ်းမှ ဆရာသခင်များကို အကျိုး ကြောင်းသတင်းတင်ပြနေကြပြီဖြစ်၏။ကျန်သော နှစ်ဂိုဏ်းသည်လည်း သူ အခြေနေနဲ့သူ လှုပ်ရှား လုပ်ကိုင်နေကြဆဲဖြစ်၏။ သူတို့လေးဂိုဏ်းလုံးမသိသည်ကား ကြီးမားသောဘေးကပ်ဆိုးကြီးသည် အရှိန်ယူကာ စတင်ပြန့်နှံနေခဲ့သည်ကိုပင်ဖြစ်၏။ထိုကပ်ဆိုးကြီးသည် တိတ်ဆိတ်စွာဖြင့် စတင်ပြန့်နှံအမြစ်တွယ်နေပြီလည်းဖြစ်၏။

(296)

ဝင်းလ်ဂိုဏ်းမှ အကြီးကဲများ ခေါက်တုံခေါက်ပြန် သွားလာနေကြ၏။ အကြောင်းရင်းကတော့တစ်ခုတည်းသာ ။သူတို့သည် ပန်းပဲရုံမှအခြေနေများ ကို သိရှိလိုသောကြောင့်ဖြစ်၏။ "အကြီးကဲ ပန်းပဲရုံခေါင်းဆောင်ရောက်လာပါပြီ" ထိုသတင်းပေးသောအစေခံကြောင့် အကြီးကဲများ စိတ်လှုပ်ရှားသွားကြ၏။ သူတို့သည် ပန်းပဲရုံခေါင်းဆောင်ကို စောင့်မျှော်နေလိုက်ကြ၏။ "ကျနော်မျိုးရောက်ပါပြီ အကြီးကဲတို့" ပန်းပဲရုံခေါင်းဆောင်မှ ရောက်လာကာ အရိုသေပေး၏။ "အရိုသေမပေးနေပါနဲ့ အခြေနေဘယ်လိုရှိလဲ" အကြီးကဲများက အဆောတလျင်ပြုဟန်ဖြင့်မေးလိုက်၏။ထိုအခါ ပန်းပဲရုံ ခေါင်းဆောင်မှ "အကြီးကဲတို့ကို လက်ဖျားခါရအောင် ကျေးဇူးတင်ရမယ် ဒီလိုလက်နက် လုပ်နည်းတွေက ဘယ်ကရလာသလဲလို့ မသိပင်ပဲ့ ဒါတွေက အတော်တော် အသေးစိတ်တဲ့ အရာတွေပဲ" ပန်းပဲရုံခေါင်းဆောင် အံသြနေသည်ဖြစ်၏။သူသည် ထိုလက်နက်လုပ်နည်း စာရွက်များရသောအခါ ရွှေထုပ်ကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။ တကယ်တမ်းလည်း ပန်းပဲရုံအတွက် တစ်ခါမှမလုပ်ဖူးသေးသောလက်နက် အသစ်များဖြစ်နေသောကြောင့်လည်းဖြစ်ပေ၏။ "ရလာဒ်ကိုပဲ ပြောပြပေးပါဗျာ" "ဟုတ်တယ်" အကြီးကဲများကဆို၏။ "ကောင်းပြီ ပြောပြပေးပါမယ် အခုချိန်မှာ ကျနော်တို့က အကြီးကဲရဲ့ လက်နက်စာရွက်အတိုင်း ကျနော်တို့လုပ်ကြည့်တယ်..ကျနော်တို့က အဲ့စာရွက် ရဲ့70%ပဲ လုပ်ဆောင်နိုင်ပါတယ်" ထိုစကားကြောင့် အကြီးကဲများ စိတ်ဓာတ်ကျသွား၏။ "အကုန်လုံးလုပ်လို့မရဘူးလားဗျ" အကြီးကဲတစ်ယောက်မှ ဝင်ရောက်အတွန့်တက်၏။ "ဟ..လွယ်မယ်များ ထင်နေတာလား..ကျုပ်ပန်းပဲထုလာတာ နှစ်တစ်ရာကျော် ပြီဗျ...ဒီလောက်အသေးစိတ်တဲ့လက်နက်မျိုး ရှိတယ်လို့...ခင်ဗျားတို့ထင်နေ တာလား...အခုလိုမြင်ရတာတောင် ကံကောင်းပြီးတော့70%ဆိုတာကလဲ ပန်းပဲရုံတစ်ခုလုံး အစွမ်းကုန်ကြိုးစားထားတာဗျ" "ဒါမှ မကျေနပ်သေးဘူးဆိုရင် ကျုပ်ပစ္စည်းအစုံပေးလိုက်မယ်...ခင်ဗျားတို့ လုပ်ကြည့်လေ" ပန်းပဲခေါင်းဆောင်၏ဒေါကြီးမောကြီးသံကြားမှ အကြီးကဲများအသံ တိတ်ဆိတ်သွားကြတော့၏။ ပန်းပဲအရာ၌တစ်ဖတ်ကမ်းခတ်တော်သော သူထံမှ ထိုစကားမျိုး ကြားရတော့ စိတ်ဓာတ်ကျမိကြ၏။သိူ့သော်လည်း ထိုလက်နက်စာရွက်များရရန် များစွာ သော ဂိုဏ်းသားများ ကိုစတေးထားရသည်ကို ပြန်လည်တွေးမိသောအခါ အံကြိတ်မိကြ၏။ "30%လိုတယ်ဆိုတာက တခြားမဟုတ်ဘူး အဲ့ဒီလက်နက်ကပါဝင်ပစ္စည်းတွေ ကို ဘာလို သတ္ထုတွေနဲ့အချိုးကျရောစပ်ပြီး လုပ်တာကို မသိတာရယ်...အဲ့ လက်နက်မှာသုံးတဲ့ကျည်ဆန်ဆိုတဲ့အရာကို ဘယ်လိုသတ္ထုနဲ့လုပ်ပြီး ပေါက်ကွဲ အားပြင်းတဲ့ယမ်းမှုန့်ဖော်မြူလာကို မသိလို့ပဲ ...သိရင်လုပ်နိုင်ပါတယ်" ပန်းပဲခေါင်းဆောင်၏နောက်လာသောစကားများကို ပြန်ကြားသောအခါ အကြီးကဲများ၏မျက်နှာသည် ပြန်လည်ဝင်းပလာကြ၏။ ပန်းပဲခေါင်းဆောင် အခက်တွေ့နေရခြင်းမှာ..သေနတ်လုပ်ရာ၌ သုံးသောသ တ္ထုများရောစပ်ပုံနဲ့ ထိုသတ္ထုငယ်ချောင်းလေးများပုံဖော်ရာ၍ အမှားယွင်းမခံ စေရန် လုပ်တတ်ရန်အရေးကြီးသောကြောင့်ဖြစ်၏။ နောက်ပြီး သေနတ်ကျည်ဆန်ခွံများဖန်တီးခြင်းနဲ့သေနတ်ကျည်ဆန်ထဲ၌ သုံး သောယမ်းမှုန့်၏ဖော်မြူလာ ပြသနာဖြစ်လေ၏။ အလွန့်လွန့်အရေးကြီးသောနေရာများ၌ အခက်ခဲဖြစ်နေသောကြောင့် ပန်းပဲ ရုံခေါင်းဆောင်လည်း ရှေ့ဆက်တိုးရန် ခက်ခဲနေခြင်းလည်းဖြစ်၏။ "ကောင်းပြီ..ဒါဆို ကျုပ်တို့တာဝန်ထားပါ" အကြီးကဲများ၏အာမခံစကားကြောင့် ပန်းပဲခေါင်းဆောင်သည်လည်း ပန်းပဲ ရုံသို့ပြန်သွားလေ၏။ ပန်းပဲရုံခေါင်းဆောင်ပြန်သွားသည်နဲ့ ဝင်းလ်ဂိုဏ်းမှအကြီးကဲများ ခေါင်း ချင်းဆိုင်ကာ ဆုံးဖြတ်လိုက်ကြရပြန်၏။ ဤသည်ကား ဂရိတ်တိုင်းပြည်ကို ဝင်ရောက်တိုက်ခိုက်လိုက်ရန်သာဖြစ် ပေ၏။ပထမအကြိမ်၌ အခိုးခံရသည်ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်မံခိုးရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် တိုက်ခိုက်ရန်သာ ကျန်ရှိတော့သည်ဖြစ်ရာ တိုက်ခိုက်ရန်သာ ပြင်ဆင်လိုက်ကြ၏။ဂရိတ်တိုင်းပြည်ကိုလည်း အချိန်ကြာကြာမပေးလိုသော ကြောင့်လည်းပါရှိ၏။ ထိုလက်နက်များ အမြန်ရရှိလေ ပိုကောင်းလေဖြစ်၏။ထိုလက်နက်များသည် သာမန်လူတစ်ယောက်ကိုင်ဆောင်လိုက်ပါက အချိန်ပေးကြိုးစားခဲ့ရသော ရွှေ အဆင့်ရှိသူကိုပင် သတ်ဖြတ်နိုင်လေရာ ထိုလက်နက်များကို မက်မောနေကြ ခြင်းလည်းဖြစ်ပေ၏။ ဂရိတ်တိုင်းပြည်သည် ထိုလက်နက်များနဲ့သာဆိုပါက အချိန်ကြာပါက များစွာကြောက်မက်ဖွယ် ကောင်းသွားနိုင်သောကြောင့်ဖြစ်၏။ထိုလက်နက်များကိုသာ ဝင်း လ်(လေပြေ)ဂိုဏ်းမှသာ ရရှိလိုက်ပါက များစွာအင်အားတောင့်တင်းသွားပြီး ကျန်သောသုံးဂိုဏ်းကို ဖိနှိပ်နိုင်တော့မည် ဖြစ်သောကြောင့်ဖြစ်၏။ ဂိုဏ်းလေးဂိုဏ်းပူးပေါင်းထားသည်ဆိုသော်လည်း ထိုပူးပေါင်းချက်က စကားသပ်သပ်အပြင်မပိုပေ။ဂိုဏ်းတိုင်းလိုလိုက မိမိတို့ဂိုဏ်းမှ အသာစီးရရှိ ရန်အတွက်သာ ယှဥ်ပြိုင်နေကြသည်ဖြစ်၏။ "အကြီးကဲတို့ အတွင်းသတင်းရလာတယ်" ဂိုဏ်းသားတစ်ယောက်မှ အကြီးကဲများ အစည်းဝေးလုပ်နေရာနေရာသို့ ပြေးဝင်လာ၏။ "ဘာလို့အဲ့လောက် ပြေးလာရတာလဲ" ပြေးဝင်လာသော ဂိုဏ်းသားကို အကြီးကဲတစ်ယောက်မှဆူလိုက်၏။ "ကျနော်ကြားတာ ကျားရဲဂိုဏ်းက ဆရာသခင်နှစ်ယောက်က ဂရိတ် တိုင်းပြည်ကို ထွက်သွားလိုက်ပြီတဲ့" ထိုသတင်းစကားက အကြီးကဲများ၏နားထဲ၌ မိုးကြိုး ပစ်ခွင်းသလိုပင် ဖြစ်၏။ "မဖြစ်နိုင်တာ" အကြီးကဲများ အံသြ ကုန်၏။ကြည့်ရသည်မှာ ကျားရဲဂိုဏ်းမှ အရင်ဆုံးလက် ဦးမှုရယူလိုနေသည်ဖြစ်ကြောင်း ထင်မှတ်လိုက်ကြ၏။ သတင်းပေါက်ကြားရချင်းမှာလည်း ဝင်းလ်ဂိုဏ်းမှ ကျန်သောဂိုဏ်းများ၌ သူလျှိုများစေလွတ်ထားသောကြောင့်ဖြစ်၏။ "ကောင်းပြီ သူတို့ကတောင် လှုပ်ရှားလာမှတော့ ငါတို့ကလဲ ပြန်လှုပ်ရှားကြရ တာပေါ့... သွားမယ်..ငါတို့ရဲ့ဆရာသခင်တွေကို သွားပြောကြမယ်" ဝင်းလ်ဂိုဏ်းမှ အကြီးကဲများလည်း ဂိုဏ်းထဲ၌ ကျင့်ကြံနေကြသော ဆရာ သခင်များကို နိူးရန်ဆုံးဖြတ်လိုက်ကြ၏။ ထူးဆန်းစွာပင် သားရဲဂိုဏ်းနဲ့စိတ်ဝိညာဥ်ဂိုဏ်းတို့ကတော့ ထိုနှစ်ဂိုဏ်းလို လှုပ်ရှားခြင်းလည်းမရှိသလို ပုံမှန်အတိုင်းသာရှိနေခြင်းလည်းဖြစ်၏။ ထိုနှစ်ဂိုဏ်းမှ ငြိမ်နေလေ ကျန်နှစ်ဂိုဏ်းမှာ စိတ်ချမ်းသာလေဖြစ်၏။ဖြစ်နိုင် လျှင် ထိုနှစ်ဂိုဏ်းနဲ့ မတွေ့စေရန်ပင် နေကြလေ၏။ သားရဲဂိုဏ်းက ရက်စက်ကြမ်းကြုတ်သောကြောင့်ဖြစ်ပြီး စိတ်ဝိညာဥ်ဂိုဏ်း မှာမူ ရူးကြောင်ကြောင်လုပ်နိုင်လွန်းသောကြောင့်ဖြစ်၏။ ဂျိတ်ကတော့ ထိုလေးဂိုဏ်းကို ရှိသည်ဟုပင်မထင်ပေ။သူ၏မိသားစုကိုသာ အချိန်ပေးပြီး အေးချမ်းစွာ အချိန်ကုန်ဆုံးနေ၏။ ဂျိတ်သည် ယခုလက်ရှိဘဝလေးကို သာယာနေမိ၏။ချစ်ရသောသူများနဲ့နေရ ခြင်းသည် ဘဝ၌အကောင်းမွန်ဆုံးသော အချိန်ကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်ဟု ခံယူထား၏။ ဂျိတ်သည် သမီးလေးနဲ့အတူ ဆော့ကစားပေးပြီးလျှင် ရေနွေးကြမ်းသောက် ကာ ထိုင်ခုံထက်၌ အပန်းဖြေ၏။ ("စနစ်... ဂရိတ်တိုင်း​ပြည်ပထမအဆင့်ဘယ်ချိန်ပြီးမလဲ") ဂျိတ်သည် စနစ်အားမေးလိုက်၏။ ("ပထမအဆင့်ပြီးဆုံးရန် သုံးလမျှလိုပါသေး၏။") တိုင်းပြည်၏ပထမအဆင့်ဆိုသည်မှာ တိုင်းပြည်တစ်ခုလုံးသည် 21ရာစု လက်ရှိနိုင်ငံများကဲ့သို့ ဖြစ်ပေါ်နေသောအခြေနေကို ဆိုလိုခြင်းဖြစ်၏။ တိကျစွာပြောရပါက တစ်တိုင်းပြည်လုံးနဲ့ လမ်းပန်းဆက်သွယ်ရေးဆက်သွယ်ပြီးစီးပြီးမြောက်ခြင်း ၊လူနေမှုအဆော က်ဦးများနဲ့ဖွဲ့ဖြိုးတိုးတက်သော အခြားအရာများပါဝင်၏။ပထမအဆင့်၌ တိုးတက်ဖွံဖြိုးသောအရာများသည် အ​ခြေ ခံအုတ်မြစ်တည်ချပြီးသည်ကို လည်း ဆိုလိုခြင်းဖြစ်၏။အုတ်မြစ်ချပြီးမှသာ တွင်ကျယ်စွာဆက်လက်လုပ် နိုင်မည်ဖြစ်သောကြောင့်ဖြစ်၏။ ("တစ်လနဲ့ပြီးချင်တယ်...လိုအပ်ထား ထပ်ထုတ်လိုက်မယ်..ဆောင်ရွက်ပေး ပါ") ("ကောင်းပါပြီ...") သုံးလဟူသောအချိန်သည် ကြာညောင်းလွန်းသောကြောင့် စနစ်အစွမ်းကို ပေါင်းပြီးလျှင် တစ်လဖြင့် ပထမအဆင့်ပြီးမြောက်စေလိုနေ၏။ ဂရိတ်တိုင်းပြည်သူသားများအတွက်တော့ ထိုသို့မြန်ဆန်စွာတိုးတက်မှုနောက် ကို လိုက်ရာ၌ အခက်ခဲဖြစ်နေဦးမည်ဖြစ်၏။သို့သော်လည်း ကိစ္စမရှိပေ။ အချိန်အနည်းငယ်သာ ပေးလိုက်ပါက အသားကျလာမည်ဖြစ်သောကြောင့် ဖြစ်၏။ စနစ်အား ပထမအဆင့်ပြီးမြှောက်ရန် မေးပြီးသည်နဲ့ ဂျိတ်လည်း သမီးဖြစ် သူမွေးနေ့၌ လုပ်ပေးရမည့် မွေးနေ့ကိတ်အကြောင်းကိုသာ ပြန်လည် တွေးတောနေလိုက်လေတော့၏။

(297)

"ပြေးကြဟေ့...ပြေးကြ" လူများသည် ကြောက်လန့်တကြားပြေးလွှားနေကြ၏။သူတို့၏မျက်နှာတွင် လည်း ကြောက်သောအမူများက အထင်းသားပေါ်ပေါက်နေ၏။သေမည်ကို မကြောက်သောသူမရှိကြပေ။မိမိတို့၏အသက်မသေစေရေးအတွက် ပြေးလွှားနေကြ၏။ "သတင်းပို့လို့ကောမရဘူးလား" "ဘာမှမရရဘူးဟေ့ လွတ်အောင်သာပြေးကြ" "ဂါး....ဂါး" ကြောက်မက်ဖွယ်ကောင်းသောအသံကြီးများအော်ဟစ်ကာ ထူးဆန်းသော အရာများသည် လူများထံပြေးဝင်လာကြ၏။သူတို့၏ပုံစံသည် ကြောက်မက် ဖွယ်ကောင်းသောအဆင်းလည်းရှိ၏။ အရိုးစုများဖြင့်သာ ဖွဲ့စည်းထားသော အရိုးများဖြစ်ကြပြီး မျက်လုံးရှိရမည့် နေရာ၌ အနက်ရောင်မြူခိုးများက တည်ရှိနေ၏။ထိုထူးဆန်းသော အရိုး ခြောက်များသည် လူများထံပြေးဝင်နေကြ၏။ ထိုသူများသည် လူများကိုမိသောအခါ သူတို့၏လက်ရိုးများဖြင့် ဖမ်းချုပ် လိုက်ကြ၏။ဖမ်းချုပ်ခံရသော လူများသည် ထူးဆန်းစွာဖြင့် သူတို့၏တစ် ကိုယ်လုံး ခြောက်ကပ်သွေ့လာ၏။သူတို့၏အသွေးအသားများသည် ရေငွေ့ များအငွေ့ပျံသကဲ့သို့ ပျောက်ကွယ်ပြီး သေဆုံးကြလေတော့၏။ ဤသို့ဖြစ်ရသည်မှာ ဖမ်းချုပ်ထားသောအရိုးခြောက်များက စုပ်ယူစားသုံး လိုက်သောကြောင့်ဖြစ်၏။ ထိုအခါမှ ဖမ်းချုပ်ထားသော အရိုးခြောက်မကောင်းဆိုးဝါးများသည် ပိန်လှီ ခြောက်ကပ်ကာသေဆုံးသွားပြီဖြစ်သော လူများကို လွတ်ပစ်ကာ နောက်ထပ် သောလူများကို ဆက်လက်ရှာဖွေအမဲလိုက်လေတော့၏။ ပိုပြီးခြောက်ခြားဖွယ်ရာ ကောင်းသည်ကတော့ လူများ၏အသွေးအသားများ ကိုစုပ်ယူစားသုံးလိုက်သော အရိုးခြောက်များ၏မျက်လုံးနေရာ၌ရှိသော အနက်ရောင်မြူထုသည် ပိုမိုပြီးအရောင်နက်ပြောင်လာသလို သူတို့လှုပ်ရှားမှု များကလည်း ပိုမိုမြန်ဆန်လာကြခြင်းပင်ဖြစ်၏။ မြန်ဆန်ရုံတင်မကပဲ သန်မာမှုများကလည်း ပိုမိုပြီးတိုးတက်လာကြ၏။အရိုး ခြောက်မှ စုပ်ယူစားသုံးသောကြောင့်သေဆုံးသွားသောလူများကလည်း အရိုးစုများဖြစ်လာကြပြန်၏။ တစ်ခုမတူသည်ကတော့ ပြန်လည်ရှင်သန်လာစ အရိုးခြောက်များ၏မျက်လုံး နေရာ၌ရှိနေသော အနက်ရောင်မြူထုသည် လုံးဝမမဲနက်နေခြင်းပင်ဖြစ်၏။ ထို့ပြင် အရိုးစုများထွက်ပေါ်လာရာနေရာဖြစ်သော မူလဇစ်မြစ်နေရာသည် သေမင်းတောအုပ်ဖြစ်ကြောင်းကို ဘယ်သူကမျှသတိထားမိဟန်မတူကြပေ။ လက်ရှိအခြေနေများဖြစ်ပျက်နေသောနေရာသည် ထိုတောအုပ်နဲ့လွန်စွာမှ နီးကပ်သော အဆင့်တစ်တိုင်းပြည်ငယ်လေးတစ်ခုဖြစ်၏။ထိုတိုင်းပြည် လေးသည် အလွန်ပင် အေးချမ်းသော်လည်း ရုတ်ခြည်းဆိုသလိုပင် ကပ်ဆိုး ကြီးဆိုက်ရောက်သည်ကို ခံစားလိုက်ကြရ၏။ ............ အစောပိုင်း၌ အရိုးခြောက်အရိုးစုများသည် တစ်ရာမျှသာရှိ၏။များ​ပြားသည် ကတော့ ထိုအရိုးစုအရိုးခြောက်များ၏နောက်တွင်ရှိသော အနက်ရောင်မြူခိုး များသာဖြစ်၏။ ထိုအ​ခြေနေ၌ အဆင့်တစ်တိုင်းပြည်မှ စစ်သည်တော်များသည် ထိုအရိုးစု အရိုးခြောက်တစ်ရာကို သတ်ဖြတ်ကြသေး၏။ သို့သော်လည်း ထိုအရိုးစုအရိုးခြောက်များသည် ဘယ်လိုသတ်သတ်မ​သေ ရုံမက သတ်သောစစ်သည်တော်များကသာ သေပွဲဝင်ကြရတော့၏။ သတ်ဖြတ်ရန်ကြိုးပမ်းသော စစ်သည်တော်များသည် နောက်တွင်ရှိသော အနက်ရောင်မြူခိုး၏တိုက်စားမှုကြောင့် သေဆုံးရလို၊အရိုးစုများ၏စုပ်ယူမှု ကြောင့်လည်း သေဆုံးနေကြရ၏။ သေဆုံးသွားသောစစ်သည်တော်များမှ တဖန်ပြန်လည်ရှင်သန်ပြီးအရိုး ခြောက်များဖြစ်လာကြသောအခါ အရိုးစုများ၏အရေတွက်မှာ တဖြေးဖြေး တိုးပွားလာလေတော့၏။ ထိုသို့ဖြင့် အရိုးခြောက်များသည် တိုးပွားလာသလို သူတို့၏နောက်တွင်ရှိ သော အနက်ရောင်မြူခိုးများကလည်း ပိုမိုတိုးပွားကာ ထူထဲလာတော့၏။ စစခြင်းဖြစ်တုန်းက အရိုးခြောက်တစ်ရာသာဖြစ်သော်လည်း လေးရက်ကြာ ပြီးသော ကြောက်ခမန်းလိလိပင် သိန်းဂဏန်းထိရောက်ရှိသွားလေတော့၏။ ထိုဂဏန်းအရေတွက်ထိ ရောက်သွားခြင်းသည် အဆင့်တစ်တိုင်းပြည်မှ လူ ဦးရေတစ်ဝက်သည် သေဆုံးသွားကြပြီဖြစ်ကြောင်းလည်း ဖော်ပြနေ၏။ တစ်ရာမှစလာသော အရိုးခြောက်များသည် လေးရက်မျှကြာပြီးသောအခါ အရိုးစုစစ်တပ်ကြီးအသွင်တည်ရှိလာတော့၏။ တစ်ပတ်ကြာပြီးသောအခါ သေမင်းတောအုပ်နဲ့နီးကပ်သော အဆင့်တစ် တိုင်းပြည်တစ်ခုလုံးသည် အရိုးစုစစ်တပ်အောက်သို့ကျရောက်သွားလေ တော့၏။ ထိုတိုင်းပြည်မှလွတ်မြောက်သွားသူဟူ၍ အဆင့်တစ်တိုင်းပြည်ကို အုပ်စိုး သော ဘုရင်မိသားစုသာဖြစ်လေ၏။ဒါတောင်မှ အသက်စွန့်ကာကွယ်ပေးကြ သော သက်တော်စောင့်များကြောင့်သာ အသက်ရှင်ကျန်ရစ်ခဲ့ကာ လွတ်မြောက်သွားကြခြင်းလည်းဖြစ်၏။ "အဆင့်တစ်တိုင်းပြည်တစ်ခု ပျက်စီးသွားပြီတဲ့" ထိုသတင်းစကားက ကျန်သောတိုင်းပြည်များထံ ပြန်နှံသွားလေ၏။ "ဟေး...ကြားပြီးပြီလား အဆင့်တစ်တိုင်းပြည်တစ်ခု ပျက်စီးသွားတယ်ဆို တာ" ."ဘယ်လိုပျက်စီးသွားတာလဲ" "ပြောကြတာကတော့ အရိုးခြောက်အရိုးစုတွေဖျက်စီးလို့တဲ့" "ဟား....ဟား.....ဟာသတွေလာပြောနေပြန်ပြီကွာ" ............ ."ဟူး...လူတွေကလည်း ခက်တယ်ကွာ" ထိုစကားကို ဆိုသူကတော့ အရိုးစုများ၏ဖျက်စီးမှုကြောင့် မိမိတိုင်းပြည် ပျက်စီးသွားခြင်းကို ခံလိုက်ရသည့် အဆင့်တစ်တိုင်းပြည်ဘုရင် ဖြစ်၏။ သူ၏တိုင်းပြည်လို မဖြစ်စေလိုသောကြောင့် ကျန်သောတိုင်းပြည်များကို သတင်းစကားများပြန့်နှံစေခဲ့၏။သို့သော်လည်း သူပြန်ရလိုက်သည်ကတော့ အပျော်ပျက်လုပ်သော စကားများနဲ့မယုံကြည်မှုသာ ဖြစ်၏။ လက်ရှိ၌သူသည် အဆင့်သုံးတိုင်းပြည်ဖြစ်သော မက်စ်တိုင်းပြည်၌ ရှိနေ၏။ ဤသည်ကလည်း မက်စ်တိုင်းပြည်၏ဘုရင်သည် သူနဲ့သူငယ်ချင်းဖြစ်သော ကြောင့်လည်း နေထိုင်ခွင့်ပေးထားခြင်းဖြစ်၏။ မက်စ်ဘုရင်ကလည်း သူ၏စကားကို ယုံကြည်၏။ထို့ကြောင့် သူပြောသော သတင်းစကားကို ဖြန့်ဝေပေး၏။ထို့ပြင် သူ၏တိုင်းပြည်ကိုလည်း အရေး ပေါ်အမိန့်ထုတ်ပြန်ကာ တပ်လှန့်ထားလေ၏။ "ကပ်ဆိုးကြီး ပြန်ပေါ်ပြီ နိူးထကြလော့" ထိုသတင်းစကားများကလည်း ထိုအချိန်၌ ပြန်လည်ပေါ်ပေါက်လာ၏။ထို သတင်းစကားများ ကောလဟာလများဖြစ်စေသူများကတော့ ဘာသာရေး အသင်းတစ်ခုဖြစ်သော ဘုရားသခင်ကို ကိုးကွယ်သူများအသင်းမှဖြစ်၏။ ထိုအသင်းမှ လူများသည် အဆင့်တစ်တိုင်းပြည်ဖျက်စီးခြင်းခံသည်ဆိုသော သတင်းစကားပေါ်ပေါက်လာပြီးနောက် ငြိမ်သက်နေရာမှ ပြန်လည်လှုပ်ရှား လာကြသော အသင်းလည်းဖြစ်၏။ ဘုရင်များကို ကိုးကွယ်သော အမျိုးမျိုးကို ယုံကြည်ကိုးကွယ်သူများတွင် ထို ဘာသာရေးအသင်းသည်လည်း အထင်ကရထဲမှ တစ်ခုဖြစ်လေ၏။ ယခင်ကဆိုလျှင် ထိုအသင်း၌ရှိသောလူဦးရေပမာဏသည် သန်းချီပြီးပင် ရှိ ကြသည်ဟုဆို၏။သို့ရာတွင်လက်ရှိ၌ ထိုအသင်းသည် တစ်သိန်းပင်မပြည့် သော လူများသာကျန်ရှိတေ့ာ၏။ သို့သော်လည်း ထိုကျန်ရှိနေသေးသောလူများသည် အဆင့်တစ်တိုင်းပြည် သည် အရိုးစုများဖျက်စီးခြင်းခံရသည်ဆိုသောနောက်၌ ပြန်လည်တက်ကြွ ကာ လှုပ်ရှားလာကြတော့၏။ ထိုအသင်းဝင်လူများသည် တိုင်းပြည်အနှံ၌ရှိရာ ရှိသောနေရာတိုင်း၌လည်း ထိုသတင်းစကားကို ဖြန့်ဝေကြလေ၏။ "ကပ်ဆိုးကြီး ပြန်ပေါ်ပြီ နိူးထကြလော့" "ကပ်ဆိုးကြီး ပြန်ပေါ်ပြီ နိူးထကြလော့" "ကပ်ဆိုးကြီး ပြန်ပေါ်ပြီ နိူးထကြလော့" ထိုသတင်းစကားများက နေ့တိုင်းပြန့်နှံနေ၏။ဂရိတ်တိုင်းပြည်သည်လည်း ထိုသတင်းစကားပြန့်နှံခြင်းကို ကြုံရသည်လည်းဖြစ်လေ၏။ "သွား အဲ့လိုလူတွေကို တစ်နေရာမှာ စုဝေးပေးလိုက်ပါ...သမီးလေးမွေးနေ့ အတွက် နှောင့်ယှက်ဖြစ်တယ်" ဂျိတ်ကတော့ ထိုသတင်းစကားဆိုသော အသင်းဝင်များက တစ် နေရာ၌ခေတ္တ ထိန်းသိမ်းခိုင်းလိုက်၏။ ထိုကပ်ဆိုးကြီးဖြစ်လာမည်ကိုလည်း သူသိပြီးသားဖြစ်၏။သိရခြင်းမှာလည်း သူဖမ်းထားသော မီးတောက်အရိုးစုနှစ်ကောင်ထံမှ ကြားထားခြင်းဖြစ်၏။ ထိုဘာသာရေးအသင်းဝင်လူများက ထိုသတင်းစကားများကို နေ့တိုင်းဆိုနေ ပါက သမီးလေး၏မွေးနေ့ရက်အတွက် နှောင့်ယုက်သလိုဖြစ်သည့်အပြင် တိုင်းပြည်သူပြည်သားများအတွက်လည်း စိုးရိမ်ပူပန်မူဖြစ်စေသောကြောင့် ဖြစ်၏။ "နောက်ဆုံးတော့ ကပ်ဆိုးကြီးက စတင်လှုပ်ရှားနေပြီပေါ့.....ဂရိတ်တိုင်းပြည် ကို ထိလို့ကတော့...ဟင်း..." ဂျိတ်ကတော့ ထိုကပ်ဆိုးကြီးထက် သမီးဖြစ်သူ၏မွေးနေ့ကိုသာ အကောင်း ဆုံးဖြစ်စေရန်သာ စိတ်ထဲထားထားသည်ဖြစ်၏။

All Chapters