← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

(298)

"ငါတို့ကိုလွတ်ပေး...လွတ်ပေး" လူတစ်ယောက်သည် ထိုသို့အော်ဟစ်ကာ တံခါးအား အမြဲမပြတ်ထုရိုက် နေ၏။ "တော်တော့ မင်းဘယ်လောက်ထုရိုက်ပြီးအော်နေနေ မပွင့်လာဘူးနော်" အသက်ရွယ်ကြီးရင့်သောလူကြီးမှ ထိုလူငယ်အားပြောလိုက်၏။ "ကျနော်တော့ မတော်နိုင်ဘူးဗျာ..ကပ်ဆိုးကြီးလာနေပါပြီဆိုမှ..ကျနော်တို့ကို အခုလိုလုပ်ထားတယ် ကြည့်ဦးလေ" ထိုလူငယ်၏စကားကြောင့် အခန်းတွင်းရှိလူများ ​ငြိမ်သက်သွားလေ၏။အ ဘယ်ကြောင့် ထိုလူတစ်စုသည် အခန်းတစ်ခန်းထဲ၌ ပိတ်လှောင်ခြင်းခံထား ရသနည်း။ အခန်းအတွင်း၌ရှိသော လူအယောက်သုံးဆယ်ကျော်သည် ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူများအသင်းမှ လူများဖြစ်ကြ၏။သူတို့သည် အရိုးစုများ မှ တိုင်းပြည်တစ်ခုကို ဖျက်စီးလိုက်သည်ဟု ကြားကတည်းက သတင်းစကား ကို ဖြန့်ဝေကြသူများဖြစ်၏။ သူတို့သည် ဂရိတ်တိုင်းပြည်၌သတင်းဖြန့်ဝေခြင်းပြုလုပ်နေစဥ် ဂရိတ် စစ်သည်များ၏ခေါ်ဆောင်ခြင်းကို ခံလိုက်ကြရ၏။ထို့နောက် ယခုလိုအခန်း ကျယ်ကြီးထဲသို့ရောက်ရှိနေကြခြင်းလည်းဖြစ်၏။ "မင်းတို့ကော သတင်းစကားဖြန့်ဝေပြီးကြပြီလား" အသက်ရွယ်ကြီးသောသူမှ မေး၏။အခန်းထဲမှ လူအများစုကလည်း သူ၏စကားကို ပြန်လည်ဖြေဆိုကြ၏။ "ကျနော်တို့က ကျန်တဲ့တိုင်းပြည်တွေမှာ ဖြန့်ဝေးပါသေးတယ်... သူတို့ကမ ယုံကြည်ကြဘူးလေ..." "နောက်ဆုံး ဒီဂရိတ်တိုင်းပြည်မှာ ဖြန့်ဝေမယ်လုပ်တော့.. အခုလိုဒီအခန်းထဲ ရောက်လာတာပါဗျာ" ကျန်သောသူများကလည်း ထိုလူနည်းတူခေါင်းညိတ်ပြလိုက်ကြ၏။သူ တို့သည်လည်း ဂရိတ်တိုင်းပြည်၌ တစ်ရက်မျှသာ သတင်းစကားဖြန့်ဝေကြရ သေး၏။အခုလို အခန်းကျယ်ကြီးထဲ ရောက်ရှိလာကြခြင်းဖြစ်၏။ "ဒီတိုင်းပြည်ဘုရင်က မကြောက်ဘူးလားမသိဘူး.. ကပ်ဆိုးကြီးသာဆိုက်လာ ရင်..ဘယ်လိုကြောက်စရာကောင်းမယ်ဆိုတာကို.." ပြောနေရင်း ရပ်တန့်သွား၏။ "အော် ပြောပါဆက်ပြောပါဦး" ကျီ ........ အခန်း၏ပိတ်နေသော တံခါးမှ ပွင့်လာလေ၏။တံခါးပွင့်လာသည်နဲ့ "ဘုရင်မင်းမြတ်ကြွလာပြီ" ထိုအခါ အခန်းထဲ၌ရှိသော လူများက ဝင်လာသောသူကိုကြည့်ကာ ကြောင် အသွားကြ၏။အကြောင်းမှာ ဝင်လာသောသူသည် အလွန်ပင်ငယ်ရွယ်နေ သောကြောင့်ဖြစ်၏။သူ၏အသက်မှာ သုံးဆယ်ပင်မကျော်သေးကြောင်း ရုပ် ကိုကြည့်ရုံဖြင့်သိနိုင်လေ၏။ "ငယ်ငယ်လေးနဲ့ စစ်သည်တော်အဆင့်က တော်တော်မြင့်လှပါလား" အသက်ရွယ်ကြီးရင့်နေသော လူကြီးမှ အံသြစွာဖြင့်ရေရွတ်မိ၏။ "သေစမ်း" "ဟ မလုပ်နဲ့" လူကြီးမှ တားသော်လည်း နောက်ကျသွားလေ၏။အခန်းထဲသို့ ဝင်လာသော ဂျိတ်အား တံခါးအားအမြဲမပြတ်ထုနေသော ကောင်လေးမှ တိုက်ခိုက် လိုက်၏။ "မီးလက်သီး" မီးများတောက်လောင်နေသော လက်သီးက ဂျိတ်ထံပြေးဝင်သွား၏။ထို ကောင်လေးသည် ဂျိတ်ဝင်လာသည်နဲ့ ချက်ချင်းတိုက်ခိုက်လိုက်သောကြောင့် လူကြီးမှ တားချိန်မရလိုက်ပေ။ "ဟင်" လူများ အံသြကြ၏။မီးများတောက်လောင်နေသော လက်သီးကို ဂျိတ်မှ လက်ဗလာဖြင့်ဖမ်းကိုင်လိုက်သောကြောင့်ဖြစ်၏။ထို့နောက် အသာပင် နောက်သို့ပြန်တွန်းပေးလိုက်၏။အသာယာသာ နောက်သို့ပြန်တွန်းလိုက် သော်လည်း "အင့်" လက်သီးဖြင့်ထိုးသောလူငယ်မှာ နံရံအထိလွင့်စင်သွားကာ နံရံဖြင့်ထိပြီး ကြမ်းပြင်ပေါ်သို့ ကားခနဲ လဲကျသွားလေ၏။ "အရှင်မင်းမြတ်ကို ဒီလူအိုကြီးကအရိုသေပြုပါတယ် အရှင်လိုငယ်ငယ်ရွယ် ရွယ်နဲ့ ဒိုင်းမွန်းအဆင့်ရောက်တာကို အခုမှမြင်ဖူးပါတယ်" လူကြီးမှ အရိုသေပြုလိုက်၏။ထိုအခါကျန်သောလူများကလည်း အရိုသေပြု လိုက်ကြ၏။ ဂျိတ်ကိုလက်သီးဖြင့် ထိုးသောလူငယ်ကတော့ ဆွံအသွား၏။သူ၏အဆင့် သည် ပလက်တီနမ်အဆင့်ရှစ်ဖြစ်၏။သူသာ် လက်ရှိ၌အသက်နှစ်ဆယ့်ရှစ် ဖြစ်ပြီး သူ၏စစ်သည်တော်အဆင့်ကိုအမြဲဂုဏ်ယူသူလည်းဖြစ်၏။ လက်ရှိဂရိတ်တိုင်းပြည်၏ငယ်ရွယ်သောဘုရင်မှ သူ၏အသက်ထက်ငယ်သ ည့်အပြင် သူ့ထက်အဆင့်မြင့်မားကြောင်းသိလိုက်သောအခါ လက်တုံပြန်ရန် ကြံရွယ်မှုကို ပြန်လည်ဖျက်လိုက်ရ၏။ "ဘုရားသခင်ကိုယုံကြည်တဲ့အဖွဲ့ခေါင်းဆောင်က အခုလိုအရိုသေပြုတာကို တော့ ကျေးဇူးတင်ပါတယ်ဗျာ..ခေါင်းဆောင်လည်း ဒိုင်းမွန်းအဆင့်လေး ရောက်နေတာပဲကို" ဂျိတ်၏စကားကြောင့် ကျန်သောအသင်းဝင်လူများသည်လည်း လူကြီးခေါ် လူအိုကြီး၏အဆင့်အား သိလိုက်ကြလေ၏။ထိုအခါ ထပ်မံထိတ်လန့်သွားကြ လေ၏။ထိုအဆင့်ရှိသော လူအိုကြီးမှာ အဘယ်ကြောင့် ယခုလို အသင်း ခေါင်းဆောင်လုပ်ကာ ဖုံးကွယ်နေရသနည်း။မတွေးတတ်အောင်ရှိနေ၏။ ဒိုင်းမွန်းအဆင့်ရှိပါက အသာလေးပင် စည်းစိမ်ဉစ္စာအာဏာများယူရန် မ ခက်ခဲသောကြောင့်ဖြစ်၏။ ဂျိတ်သည် မိမိအားအရိုသေပေးသောသူများကို ပြန်လည်မတ်တပ်ရပ်စေ၏။ ထို့နောက်မိမိအား လက်သီးဖြင့်ထိုးသောကောင်လေးကို ကြည့်ကာ "ဟိုကောင်လေး အမြဲတမ်းစိတ်လိုက်မာန်ပါလုပ်တာမကောင်းဘူးနော်" "ဘာကိုလာပြောနေတာလဲ..ခင်ဗျားပဲ ကျုပ်တို့ကို ဒီအခန်းထဲထည့်ထားတာ ကော ကောင်းတယ်ထင်နေတာလား" ထိုကောင်လေးမှာ ပေါက်ကွဲစရာများကို ဂျိတ်ထံတောက်လျှောက်ပစ်လွတ် နေ၏။ "ကပ်ဆိုးကြီးလာတော့မယ် ဒါကို လူတွေသိအောင်ကျုပ်တို့ဖြန့်ဝေမှဖြစ် မယ်...ဒါကြောင့်ကျုပ်တို့ကိုပြန်လွတ်ပေးလိုက်..မဟုတ်ရင် ကပ်ဆိုးကြီးက ဘယ်လောက်ကြောက်ဖိုးကောင်းတယ်ဆိုတာ.. " ကောင်လေး၏စကားမဆုံးခင် ဂျိတ်မှဝင်ဖြတ်ပြောဆို၏။ "ဟုတ်ပြီ ကောင်လေး..မင်းပြောသလို...ငါကမင်းတို့ကို အပြင်ပြန်လွတ် ပေးလိုက်မယ်..မင်းတို့ကသတင်းစကားဖြန့်ဝေမယ်..ကပ်ဆိုးကြီးနီးလာ ကြောင်းပေါ့..ပြီးရင်ကော ဘာဆက်လုပ်မှာလဲ" ဂျိတ်၏စကားကြောင့် ထိုကောင်လေးမှ "သတင်းစကားဖြန့်ဝေလို့ရှိရင် သူတို့သိသွားမယ်..သူတို့သိရင် သူတို့ လွတ်မြောက်ဖို့အတွက် ပြင်ဆင်ချိန်ရမယ်.." "ဒါဆို မင်းကဘယ်နေရာလွတ်​မြောက်မယ်ဆိုတာ သိလား" "အဲ့နေရာက" ထိုစကား၌ ကောင်လေးဆက်လက်မပြောနိုင်တော့ပေ။ထို့နောက် အံကြိတ် ကာ.. "ရှိတယ်လို့ ကျနော်တို့ကျမ်းစာမှာပါတယ်..အဲ့နေရာကို မရရအောင်ရှာပြီး သူ တို့ကိုခေါ်​ဆောင်သွားမယ် ဒါဆိုကပ်ဆိုးကနေလွတ်မြောက်ပြီ" ကောင်လေးသည် နေရခက်နေ၏။သူထက်ငယ်သောသူမှ သူ့အားကောင် လေးဟုခေါ်နေသလို မယုံကြည်သလိုလုပ်နေသောကြောင့်ဖြစ်၏။ "ကပ်ဆိုးကြီးကရောက်နေပြီဆိုတာဟုတ်တယ်..ဒါပေမဲ့ ကျုပ်တိုင်းပြည်မှာ ဒီ လိုလာအော်နေတာကိုတော့..ကျုပ်လက်မခံနိုင်ဘူး" ဂျိတ်၏စကားကြောင့် အသင်းဝင်လူများလည်း ဆွံအသွားကြ၏။ "အရှင်လည်း ယုံတယ်ပေါ့..." လူအိုကြီးမှ ပြော၏။ "ယုံတယ်မကဘူး ကိုယ်တိုင်ကြုံဖူးတယ်....မီးတောက်အရိုးစုကိုတောင် ဗျင်း ပြီးဖမ်းထားပြီးမေးထားလို့သိတာ" ထိုစကားကြောင့် လူအိုကြီး၏ပါးစပ်မှာ ယင်ကောင်ဝင်ရအောင်ပင် ပြူး ကျယ်လာလေ၏။ထိုလူအိုကြီးကို ဂျိတ်မှဂရုပင်မစိုက်ပဲ ကောင်လေးဘက်သို့ ဦးတည်ကာ "ကဲ..ဆက်ပြောရဦးမယ်...ကပ်ဆိုးကြီးလာကြောင်း မင်းအသိပေးမယ်ဆိုပါ စို့..အဲ့အကြောင်းလူတွေသိသွားရင် စိတ်တွေခြောက်ခြားကုန်မယ်ကြောက်လှ န့်ကုန်မယ်..အဲ့လိုဆိုရင်..ကပ်ဆိုးကြီးမလာခင်..ဆူပူမှုဖြစ်ကုန်ပြီး အချင်းချင်းသတ်ဖြတ်ကုန်ကြလိမ့်မယ်..ဒါကြောင့် မင်းတို့ကို ဆက်ပြီး သတင်းစကားမဖြန့်ရလေအောင် ဒီမှာ စုပေးထားတာ...ပြီးတော့ မင်းပြောတဲ့ မသေချာတဲ့လွတ်မြောက်နေရာကို ငါမယုံကြည်ဘူးကွ...တွေ့တယ်ဆိုဦး တော့..ငါ့တိုင်းပြည်ထဲမှာ လူကဆယ့်နှစ်သန်းရှိတယ်....သူတို့အကုန်လုံးက လွတ်မြောက်နယ်မြေထဲ ဝင်ဆံမယ်လို့ထင်နေလား" ဂျိတ်၏စကားကြောင့် ကောင်လေးမှ ဆွံအသွား၏။ဂျိတ်ပြောသမျှသည် အမှန်ဖြစ်နေသောကြောင့်ဖြစ်၏။သို့သော်လည်း လက်သီးဆုပ်ကာ "ဒါဆို ကပ်ဆိုးလာမှာတော့ ယုံတယ်..လွတ်မြောက်နယ်ထဲလဲမသွားဘူးဆို တော့...ခင်ဗျားက ခင်ဗျားတိုင်းပြည့်ကဆယ့်နှစ်သန်းလုံးကို သေစေချင်နေ တာလား" ကောင်လေးသည် ဒေါသတကြီးဖြင့် ဂျိတ်အားအော်ပြော၏။ "ငါက ငါ့တိုင်းပြည်ကလူတွေသေနေတာကို ထိုင်ကြည့်နေမယ်လို့ထင်နေတာ လား...ဒါကငါလုပ်ရမဲ့အလုပ်ပါ...မယုံကြည်နေရင်လဲ ဟိုအခန်းတံခါးကိုသွား ဖွင့်ကြည့်ချေ..အော်..ဒါနဲ့ခနနေ နေ့လည်စာလာပို့လိမ့်မယ်..စားဝတ်နေရေးမ ပူစေရပါဘူး... စိတ်ချမ်းသာစွာနဲ့နေကြပါ" ဂျိတ်သည် နောက်ဆုံးပြောပြီး ပြန်လည်ထွက်ခွာသွားလေ၏။ "ဒီဘုရင်က." လူအိုကြီးသည် ထိတ်လန့်စွာဖြင့် ဂျိတ်ထွက်သွားမှ စကားပြန်ပြောနိုင်၏။ သူ၏စိတ်ထဲ အတွေးများပြားနေ၏။ဂျိတ်၏စကား၌ မီးတောက်အရိုးစု ဟူသော စကားပါလာသောကြောင့်ဖြစ်၏။ထိုလိုအရာကို ဂျိတ်သိနေခြင်းကို အံသြနေ၏။ထို့ကြောင့် ဂျိတ်သိသည်လား လိမ်နေသည်သိစေရန် ဂျိတ်ပြော ခဲ့သော အခန်းတံခါးကို ဖွင့်ကြည့်လိုက်၏။ ....ကျွီ .... "ဟင်....မဖြစ်နိုင်တာ". ဖွင့်ကြည့်လိုက်သောအခါ ထိုလူအိုကြီးသာမက ကျန်သောအသင်းဝင်လူ များသည်လည်း ကြောက်လန့်တုန်လှုပ်သွားကြ၏။ဂျိတ်အား ဒေါသတကြီး အော်ခဲ့သော ကောင်လေးပင် ကြ က်သေသေသလိုကြောင်တောင်တောင်ကြီး ဖြစ်သွားလေတော့၏။

(299)

"မ...မဖြစ်နိုင်တာ" လူအိုကြီးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောဆိုလိုက်၏။ "မဖြစ်နိုင်ပင်မဲ့...လက်တွေ့ တွေ့လိုက်ရပြီ" သူတို့မြင်နေရသည်ကတော့ သူတို့ပျောက်ကွယ်သွားပြီဟု ထင်ခဲ့သော အရာ များ သူတို့၏ရှေ့မှောက်၌ တည်ရှိနေသောကြောင့်ဖြစ်၏။ တကယ်တော့ သူတို့မြင်လိုက်ရသောအခန်းသည် သူတို့ဘာသာရေး အသင်း၏အထွတ်မြတ်ထားရာ ပစ္စည်းများရှိနေသောအခန်းဖြစ်သောကြော င့်ဖြစ်၏။ "ဒါတွေက မရှိတော့ဘူးမဟုတ်လား..ဒါပေမဲ့" မယုံကြည်နိုင်သော အမူရာများဖြင့် သေချာကြည့်ရှူနေကြ၏။ "ဒါက ဘုရားသခင်ရဲ့မြင့်မြတ်တဲ့ရေစင်ပဲ" အလင်းရောင်တောက်ပနေသော စင်ပေါ်၌ အလွန်တရာကြည်လင်တောက်ပ နေသော ရေစင်ကိုတွေ့လိုက်ကြရ၏။ "ဒါက ဘုရားသခင်ရဲ့စစ်သည်တော်ဝတ်ဆင်တဲ့ချပ်ဝတ်တန်ဆာတွေ..ပြီး တော့ဒါက အောင်နိုင်ခြင်းဓား...ဒါကမြင့်မြတ်တဲ့မူလကျမ်းစာအုပ်..ဘုရား ဘုရား" လူအိုကြီးသည် သူ၏ခေါင်းတစ်ခုလုံးချာချာလည်နေသလို ခံစားလိုက်ရ၏။ သူသာလျှင် ကျန်သောသူများကလည်း ထိုနည်းတူခံစားလိုက်ကြရ၏။ လူအိုကြီး၏အတွေး၌ သူ၏အဖိုးပြောခဲ့သောစကားများပြန်ကြားယောင် လာ၏။ "ငါ့မြေး ငါတို့ဘာသာရေးအသင်းရဲ့အထွတ်မြတ်ထားရာ ပစ္စည်း တွေက မရှိ တော့ဘူး..နောက်ဆုံးသောတိုက်ပွဲမှာ အကုန်လုံးသုံးလိုက်ကြရတယ်.ယကျန် တဲ့အရာဆိုလို့.ငါ့မြေးလည်ပင်းမှာဆွဲထားတဲ့မြင့်မြတ်တဲ့ရေစင်တစ်စက် ရယ်..ကျမ်းစာပဲကျန်တော့တယ်" အဖိုးဖြစ်သူ၏စကားကြောင့် လူအိုကြီးသည် မိမိရှေ့မှ အရာများသည် အစစ် ဟုတ်မဟုတ် သိရှိလိုလာလေ၏။ထို့ကြောင့် မိမိဘာသာရေး အသင်း၏အထွတ်မြတ်ဖြစ်သော ကျမ်းစာကို ရွတ်ဖတ်လိုက်၏။ "ဟာ" ထိုအခါ အခန်းထဲ၌ရှိနေသော ပစ္စည်းများ၏အရောင်ဝါများမှာ တောက်ပလာ လေ၏။လူအိုကြီးရွတ်လိုက်သော ကျမ်းစာသည် ဘုရား၏ဂုဏ်တော်ကို ချီးမွမ်းခြင်းဖြစ်၏။ထို့ကြောင့် အခန်းထဲရှိပစ္စည်းများ၏အရောင်ဝါများ တောက်ပလာခြင်းလည်းဖြစ်ပေ၏။ ဘုတ်.... လူအိုကြီးသည် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်၏။သူ၏မျက်နှာတွင်လည်း မျက်ရည်များက ရှိနေ၏။သူသည် သူ၏ဘဝတွင် ထိုဘုရားသခင်၏မြင့် မြတ်သောပစ္စည်းများကို ပြန်လည်တွေ့မြင်လိုက်ရသောကြောင့်ဖြစ်၏။ ကျန်သောအသင်းဝင်လူများကလည်း ထိုပစ္စည်းများကိုကြည့်ကာ မိမိ တို့၏ယုံကြည်မှူများပြန်လည်တိုးမြင့်လာကြလေတော့၏။ ထိုသို့ဖြစ်ပျက်နေသည်ကို ဂျိတ်ကတော့မသိပါချေ။ထိုပစ္စည်းများသည် အမှန်တကယ်လည်း နောက်ဆုံးသောတိုက်ပွဲ၌ ကုန်ဆုံးပျက်စီးသွားခဲ့ပြီ လည်းဖြစ်၏။ သို့သော်လည်း ဂျိတ်အတွက်က ကိစ္စမရှိပါချေ။အကြောင်းမှာ ထိုပစ္စည်းများ က စနစ်ထဲ၌ များစွာရှိနေသောကြောင့်ဖြစ်၏။ယခု အခန်းထဲ၌ထည့်ထားသည့် အရာများကပင် အ​ခြေ ခံအဆင့်သာရှိနေသေး၏။ ဂျိတ်သည် ထိုအသင်း၏ရာဇဝင်ကို စစ်ဆေးသောအခါ ထင်သည်ထက် နက်နဲနေကြောင်းကိုလည်း တွေ့ရှိရလေ၏။ထိုအသင်းသည် လွန်ခဲ့သော နှစ် သုံးထောင်က ဖြစ်ပျက်ခဲ့သော စိန့်ဧကရာဇ်၏တိုက်ပွဲ၌ ပါဝင်ခဲ့သောကြောင့် ဖြစ်၏။ တိကျစွာပြောရပါလျှင် စိန့်ဧကရာဇ်သည် ထိုဘာသာရေးအသင်းနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်လည်းဖြစ်၏။နှစ်များစွာကြာသောအခါ စိန့် ဧကရာဇ်၏အင်ပါယာသည်လည်း ပြိုကွဲခဲ့သလို ထိုဘာသာရေး အသင်း၏အင်အားသည်လည်း ယုတ်လျော့ခဲ့ရ၏။ လက်ရှိ၌ ထိုဘာသာရေးအသင်းသည် လူနှစ်ရာထက်မပိုနိုင်သော ဝင်သူမရှိ သော အသင်းဖြစ်နေပြီလည်းဖြစ်၏။ "ငါတို့ အဲ့ဘုရင်ကို သွားပြီးအရိုသေပေးမှသင့်တော်မယ်..." လူအိုကြီးမှ ကြမ်းပြင်၌ထိုင်နေရာမှ ပြန်လည်ထကာပြော၏။ "ကောင်လေး..မင်းကောလိုက်ခဲ့..မင်းကသူ့ကို ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ထားတာ" လူအိုကြီးမှ ကောင်လေးအား ခေါင်းကိုတစ်ချက်ရိုက်ကာ ဂျိတ်ထံ အရိုသေ ထပ်မံပေးရန်သွားကြလေ၏။ ဂျိတ်သည် ဘုရားသခင်၏မြင့်မြတ်ပစ္စည်းများကို ရှာဖွေထသောသူဖြစ်ရာ သူ တို့၏ဘဝတစ်လျှောက်လုံးအတွက် ကျေးဇူးတင်ရှိနေပြီဟု လူအိုကြီးခံစား လိုက်ရ၏။ ထို့ကြောင့် လူအိုကြီးသည် ကောင်လေးနဲ့အတူ ဂျိတ်ထံသွားရောက်အရိုသေ ပြုကာ ဘဝတစ်လျှောက်လုံးအတွက်အလုပ်ကြွေးပြုပေးမည်ဖြစ်ကြောင်း ဝန်ခံ၏။ ဂျိတ်ကလည်း လက်ခံကာ မနက်ဖြန်သမီးဖြစ်သူ၏မွေးနေ့ပွဲကိုလည်း တက် ရောက်ပေးရန် ပြောကြားလိုက်လေ၏။ ............... မနက်ခင်းရောက်သောအခါ ဂရိတ်တိုင်းပြည်သည် သာမန်နဲ့မတူထူးခြား နေ၏။တိုင်းပြည်တစ်ခုလုံးလည်း တက်တက်ကြွကြွရှိနေ၏။ "သမီးလေး အယ်မလီ 4နှစ်ပြည့်မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပါစေ"ဟူသော စာတန်းသည်နေရာအနှံ၌ ရှိနေ၏။ တိုင်းသူပြည်သားများကလည်း ချစ်ရာကောင်းလှသော ဘုရင့်သမီးတော် လေး၏မွေးနေ့ပွဲကို မိမိတို့မြို့ရွာများမှနေ၍ ပါဝင်ဆင်နွှဲပေးကြ၏။ထိုနေ့ကို တစ်တိုင်းပြည်လုံး၏အားလပ်ရက်အနေဖြင့်လည်း သတ်မှတ်ထားရာ လူ တိုင်းစိတ်ကြိုက်အနားယူကဲနိုင်ကြ၏။ "ဝိုး....လှလိုက်တာ..." အယ်မလီလေး၏မွေးနေ့၌ တစ်တိုင်းပြည်လုံးရှိ ကလေးသူငယ်များက လည်း ပျော်ရွှင်ကြ၏။အကြောင်းမှာ သူတို့အတွက် အရုပ်လက်ဆောင်များ ကို ဂျိတ်မှသမီးလေးမွေးနေ့ဟုဆိုကာ လှူဒါန်းပေးထားသောကြောင့်ဖြစ်၏။ ကလေးတိုင်းလိုလိုပင် အမွှေးထူထူးနဲ့ချစ်ရာကောင်းသော ဝက်ဝံရုပ်လေး များနဲ့တခြားသောချစ်စရာကောင်းသော အရုပ်လေးများပွေ့ပိုက်ကာ မုန့်စား နေကြ၏။ ဟုတ်ပါသည်။ဂျိတ်သည် သမီးလေးမွေးနေ့၌ တိုင်းပြည်ရှိကလေးသူငယ် များအတွက် အရုပ်များသာမက အာဟာရလည်းဖြစ်စေသော ကလေး စားစရာများဖြစ်သည့် သကြားလုံး၊ချောကလက်စသည့်အရာများကိုလည်း ပေးဝေထား၏။ နောက်ပြီး အယ်မလီလေးသည် ကိတ်မုန့်ခွဲချိန်၌ တစ်တိုင်းပြည်လုံးအမြို့မြိူ့ တိုင်း၌ရှိသော ကိတ်မုန့်များကိုလည်း ခွဲမည်ဖြစ်ပြီး ခွဲပြီးသော ကိတ်မုန့်များ ကို ကလေးများအား ကြွေးမွေးမည်လည်းဖြစ်၏။ "သမီးလေး မွေးနေ့မှာပျော်ရွှင်ပါစေ" နန်းတော်တွင်း၌ ဆုတောင်းစကားများထွက်ပေါ်လာ၏။နန်းတော်ထဲ၌ အယ် မလီအတွက် မွေးနေ့ပွဲကျင်းပပေးထားရာ နန်းတော်ရင်ပြင်၌ လူများစုဝေး နေကြ၏။ အယ်မလီကလည်း သူ့အတွက် မွေးနေ့ပွဲလုပ်ပေးထားသောကြောင့် အပျော် ကြီးပျော်နေ၏။သူ၏ပါးစပ်တွင်လည်း စတော်ဘယ်ရီသကြားလုံးကရှိနေပြီ လက်ထဲတွင်လည်း အမွှေးပွယုန်ရုပ်လေးတစ်ရုပ်ရှိနေသေး၏။ သူသည် ဘေး၌ရှိနေသော မွေးနေ့လက်ဆောင်တစ်ပုံတစ်ခေါင်းကြီးကိုကြည့် ကာ အပျော်ကြီးပျော်နေပြန်၏။ "ဖီဖီ..ရင်ပြင်အလယ်က ဖုံးထားတာဘာကြီးလဲ" အယ်မလီမှသိချင်စိတ်ဖြင့်မေး၏။ "အဲ့တာ သမီးအတွက် ဖေဖေ့ရဲ့စပရိုက်လုပ်ပေးထားတာ" အယ်လီနာမှ ဝင်ဖြေ၏။ထိုအခါ အယ်မလီလေး၏မျက်လုံးများတောက်ပ လာ၏။ ထိုအရာသည် မည်သည်ဖြစ်ကြောင်း သူသိရှိလိုလာ၏။ "ဝေး သူငယ်ချင်းတွေလာပြီ သွားတော့မယ်" အယ်မလီလေးမှ သူနဲ့အရွယ်တူကလေးနှစ်ယောက်ကိုတွေ့သောအခါ အပြေး သွားလိုက်၏။ဂျိတ်နဲ့အယ်လီနာလည်း သမီးလေးကိုကြည့်ကာ ပြုံးလိုက် ကြ၏။ (မကောင်းတဲ့အငွေ့သက်ရတယ်) ဂျိတ်မှ ချက်ချင်းပင် အာရုံရလိုက်၏။ "ကျုပ်တို့ကိုလဲ မွေးနေ့မဖိတ်တော့ဘူးပေါ့" အသံလှိုင်းတစ်ခုက ပြန့်နှံသွား၏။အသံလာရာကိုကြည့်ရာ ကောင်းကင်၌ ရပ်နေသော လူနှစ်ယောက်ကိုတွေ့ရလေ၏။ထိုလူနှစ်ယောက်သည် နန်းတော်၏ရင်ပြင်ပေါ်လေထဲ၌ ရပ်တန့်နေကြခြင်းလည်းဖြစ်၏။ "ဂရိတ်ဘုရင် ကျုပ်တို့လဲ မွေးနေ့အတွက်လက်ဆောင်ပါပါတယ်" ဘုတ်... ရင်ပြင်ပေါ်သို့ အထုပ်တစ်ခုကျလာ၏။ သူတို့နှစ်ယောက်ပေးသောအရာသည် ကြီးမားပြီးလေးလှသော ကြေးဒဂ်ါး များသာဖြစ်လေ၏။နန်းတွင်းမှလူများ ဒေါသထွက်သွားကြ၏။ဤသို့သော အမူအကျင့်သည် ရန်စနေခြင်းဖြစ်ကြောင်းသိသာလေ၏။ "ကျုပ်တို့ရဲ့မွေးနေ့လက်ဆောင်ကိုလက်ခံပေးပါ ပြီးတော့ ရှေးဟောင်းမျိုး နွယ်စုကလူနဲ့လဲ ခင်မင်ရင်းနှီးချင်ပါတယ်ဗျ" ထိုလေထဲ၌ ရပ်နေသောလူနှစ်ယောက်မှ ဆို၏။ထိုအခါ ဂျိတ်သည် သူတို့နှစ် ယောက်၏လာရင်းအကြောင်းရင်းကို သိရှိလိုက်ပြီလည်းဖြစ်၏။

(300)

"သူတို့တွေက...." "သူတို့က စစ်သည်တော်ဆရာသခင်(မာစတာ)တွေပဲ" ဘာသာရေးခေါင်းဆောင်းလူအိုကြီးမှ ရှင်းပြ၏။ဂျိတ်၏သမီးမွေးနေ့၌ ထိုသို့သောအဖြစ်ပျက်ဖြစ်လာမည်ဟု သူမထင်မိခဲ့ပေ။ကြည့်ရသည်မှာ ဂရိတ်ဘုရင်သည် မရိုးရှင်းကြောင်း ခန့်မှန်းမိ၏။ ဟုတ်ပေသည်။စစ်သည်တော်ဆရာသခင်ခေါ် မာစတာအဆင့်ရောက်လာပါက ချာက္က ရာတောင်ပံများထုတ်နိုင်လာကာ လေထဲ၌ ပျံသန်းနိုင်စွမ်းရှိလာကြ၏။ ယခုလို ရှားပါးလှသောအဆင့်မြင့် စစ်သည်တော်နှစ်ယောက်သည် အဘယ် ကြောင့် ဂရိတ်တိုင်းပြည်နန်းတော်သို့လာကာ ရန်စောင်းမြောင်းနေရခြင်းကို လူအိုကြီးနားမလည်နိုင်အောင်ရှိ၏။ကြည့်ရသည်မှာ ဂရိတ်တိုင်းပြည်သည် ရန်သူများသည်ဟူသော ကောလဟာလမှာ မှန်နိုင်ကြောင်း ကောက်ချက်ချ ရ၏။ ဂျိတ်သည် ကောင်းကင်ယံ၌ရပ်နေသောနှစ်ယောက်ကို စစ်ဆေးလိုက်၏။ ထိုအခါ စနစ်မှဖော်ပြပေး၏။ အမည်..ဆိုဘာ အသက်...180နှစ် စစ်သည်တော်အဆင့်...မာစတာအဆင့်သုံး ဂိုဏ်း...ကျားရဲဂိုဏ်း.... အမည်..လန်စီလော့ အသက်...150 စစ်သည်တော်အဆင့်..မာစတာအဆင့်လေး ဂိုဏ်း...ကျားရဲဂိုဏ်း... နောက်ထပ်သောမာစတာအဆင့်နှစ်ယောက်သည်လည်း ပုန်းခိုနေကြောင်း အာရုံခံမိပါသည်။ ဂျိတ်၏တွေးတောမှုသည် တိကျမြန်ဆန်ထက်မြက်၏။ထို့ကြောင့် သူတို့သည် မည်သည့်အကြောင်းကြောင့်ရောက်လာသည်ကို သိရှိလိုက်ခြင်းလည်း ဖြစ်၏။ သူတို့သည် မိမိတိုင်းပြည်၏နောက်ကွယ်၌ ရှေးဟောင်းမျိုးနွယ်စုရှိကြောင်း ထင်နေကြောင်း သဘောပေါက်မိ၏။ထိုသို့ထင်ရခြင်းမှာလည်း မိမိ တိုင်းပြည်သည် မြန်ဆန်စွာတိုးတက်ပြောင်းလာသည့်အပြင် မမြင်ဖူးမကြား ဖူးသော လက်နက်ဆန်းများအသုံးပြုကြောင်း သူတို့သိရှိသွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုလူနှစ်ယောက်သည် တည့်တိုးမမေးပဲ ကွေ့ကောက်မေးနေ ကြောင်း ပေါ်လွင်လာခြင်းလည်းဖြစ်၏။ "ရှေးဟောင်းမျိုးနွယ်စုလား ကျုပ်တိုင်းပြည်နဲ့ဘာမှ မပတ်သတ်ပါဘူး" ဂျိတ်၏စကားတစ်ခွန်းထွက်ပေါ်လာ၏။ ထိုအခိုက်၌ လေထဲမှ ဆိုဘာသည် သူ၏ဘေးမှ လန်စီလော့ကို ပြော၏။ "ကြည့်ရတာ သူရဲ့သမီးလေးက ထူးခြားတဲ့ကိုယ်ခန္ဓာပိုင်ရှင်ပဲ" "အေး ဟုတ်တယ်" လန်စီလော့၏အမြင်များစူးရှသွား၏။နာမည်ကြီးနေသော ကိုယ်ခန္ဓာပိုင်ရှင် သည် လေးနှစ်သာရှိသေးသော ကလေးမလေးဖြစ်ကြောင်း တွေ့လိုက်၏။ "နေဦး သူဘာပြောလိုက်တယ် မပတ်သက်ဘူးဟုတ်လား" "ဒါဆိုပြသနာမရှိတော့ပါဘူးလေ" ဆိုဘာနဲ့ လန်စီလော့စိတ်အေးသွား၏။ဂရိတ်တိုင်းပြည်၏နောက်ကွယ်၌ ရှေးဟောင်းမျိုးနွယ်စုရှိနေမည်ကို စိုးရိမ်နေခဲ့၏။ရှိနေသည်ကို ရန်စမိပါက ပြသနာအကြီးကျယ်တက်နိုင်သောကြောင့်ဖြစ်၏။ယခုလိုသေချာရှင်းလင်း စွာကြားလိုက်ရသောအခါ သူတို့၏မျက်နှာများသည် ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့၏အော်ရာကို ထုတ်ဖော်လိုက်၏။ "ဝုန်း" ကောင်းကင်ယံထက်မှရှိသော လူနှစ်ယောက်၏အော်ရာဖိအားပြန့်နှံသွား သောအခါ ကြီးမားသောအသံကြီးမည်လာ၏။ထိုအသံကြောင့် အယ်မလီ လေး မထိခိုက်စေရန် ဂျိတ်မှ အယ်မလီကို အယ်လီနာအနားသို့ထားပြီးလျှင် သူ၏အကာကွယ်ဖြင့် ဖန်တီးကာကွယ်လိုက်၏။ ဂျိတ်၏အကာကွယ်ဖန်တီးမှုကို ဂျိတ်မှလွှဲ၍ ကျန်သောသူများမမြင်နိုင်ပေ။ထို မာစတာအဆင့်၏အော်ရာဖိအားကြောင့် မွေးနေ့ပွဲ၌ အလှပများချိတ်ဆွဲထား သော ပန်းပွင့်လေးများက လွင့်ကုန်ကြလေ၏။အလှချိတ်ဆွဲထားသေးသော အရုပ်များကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သလို လေပူပေါင်းများက လည်း ပေါက်ကွဲကုန်၏။ ဖိအား၏သက်ရောက်မှုကြောင့် နန်းတော်ရင်ပြင်အလယ်၌ ဖုံးကွယ်ထား သောအရာသည်လည်း ပေါ်လာလေတော့၏။ အို.. ဟာ ..ဟင်... မြင်သူတိုင်း ငေးမောသွားကြလေ၏။ဖုံးကွယ်ထားသောအောင်၌ လှပနေ သော မွေးနေ့ကိတ်ကလေးရှိနေသောကြောင့်ဖြစ်၏။မွေးနေ့ကိတ်လေးသည် အသက်လေးနှစ်ပြည့်ကို ကိုယ်စားပြုသည့်အနေဖြင့် လေးထပ်ရှိပြီး တစ်ထပ် စီတိုင်းကို အရသာတစ်မျိုးဖြင့် ဆင်ယင်ဖန်တီးထား၏။ ပထမအထပ်သည်... စတော်ဘယ်ရီ. ဒုတိယအထပ်သည်..ချောကလပ် တတိယအထပ်သည်...သခွားမွှေး စတုတ္ထ အထပ်သည်....အရသာစုံဖြစ်၏။အထပ်လေးထပ်လုံးကို အရသာရှိ လှပသော ခရင်မ်များဖြင့် ပြုလုပ်ထားပြီး ထိပ်ဆုံးအထပ်၌ အယ်မလီ၏ပုံတူ အရုပ်အသေးစားလေးကို စိုက်ထား၏။ကိတ်တွင်လည်း မွေးနေ့မှာပျော်ရွှင် ပါစေဟူသော စာလုံးလှလှလေးကို ရေးသားထားလေ၏။ "ဝါး လှလိုက်တာ" အယ်မလီလေးသည် ထိုမွေးနေ့ကိတ်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွား၏။သူမ၏ဖေဖေသည် သူ့အတွက် လှပသောမွေးနေ့ကိတ် လေးကို လုပ်ပေးထားသောကြောင့်ဖြစ်၏။ "ဒါဆိုရင် မင်းတိုင်းပြည်နောက်ကွယ်မှာ ရှေးဟောင်းမျိုးနွယ်မရှိဘူးဆိုတော့ ငါတို့အတွက်မခက်ခဲတော့ပါဘူးလေ..ဒီတော့ မင်းရဲ့သမီးလေးကို ငါတို့လက် ထဲထည့်လိုက်ပါ..ငါတို့ကမင်းရဲ့သမီးကို ငါတို့ရောက်နေတဲ့အဆင့်ထက် မြင့် မားတဲ့အဆင့်ရောက်အောင် လုပ်ပေးမယ်" ဆိုဘာနဲ့ လန်စီလော့တို့မှ ဂျိတ်ကို ချိန်းခြောက်စကားပြောဆိုပြီး အယ်မလီ လေးကိုတောင်းလိုက်ကြ၏။ရှေးဟောင်းမျိုးနွယ်မရှိသည်ဟု ကြားသည်နဲ့သူ တို့၏မာနများကို တစ်ခါတည်းချပြလိုက်ကြသည်လည်းဖြစ်လေ၏။ "မပေးနိုင်ပါဘူး..မင်းတို့လို လူမဟုတ်တဲ့ကောင်တွေ လက်ထဲ ငါ့သမီးကို ထ ည့်ပေးရလိုက်တဲ့အထိတော့ ငါမအသေးဘူး" ဂျိတ်မှလည်း တင်းမာစွာပြန်ပြော၏။ဂျိတ်ကလည်း မပေးနိုင်ပေ။ဘယ်ဖခင် က ချစ်ရသောသားသမီးများကို တခြားတစ်ပါးသောသူလက်ထဲ ထည့်ပေးနိုင် မည်နည်း။ နန်းတော်အတွင်း၌ရှိနေသောလူများကလည်း ကြောက်လန့်ပြီးတိတ်ဆိတ်စွာ ငြိမ်သက်ကာ အခြေနေကို ကြည့်ရှူနေကြ၏။တစ်ဖက်က မိမိတို့၏ဘုရင်မင်း မြတ်ဖြစ်သလို တစ်ဖက်ကလည်း အလွန်တရာအစွမ်းထက်ပြီး လေထဲရပ်နေ သော စစ်သည်တော်များဖြစ်နေကြ၏။ မည်သို့ဖြစ်လာမည်ကိုတော့ သူတို့လည်းသိရှိလိုသည်မှာအမှန်ပင်ဖြစ်၏။ ဂျိတ်၏ငြင်းပယ်သောစကားကြောင့် ဆိုဘာသည် "ဒါဆိုတော့လဲ...ဒီလိုလှနေတဲ့အရာကို ဖျက်စီးလိုက်ရင်သိပ်ကောင်းမှာပဲ" ကောင်းကင်ယံ၌ ရှိနေသော ဆိုဘာမှ ထိုမွေးနေ့ကိတ်ကို ကြည့်ကာပြော၏။ ထိုစကားကို ဂျိတ်ကြားသွားသောအခါ ဒေါသထွက်သွား၏။ "ဆိုဘာ ရှောင်" လန်စီလော့မှသတိပေးလိုက်၏။ထိုအခိုက်၌ ဆိုဘာသည်လည်း အန္တရယ် အငွေ့သက်ကိုရရှိသောကြောင့် ချက်ချင်းရှောင်တိမ်းလိုက်၏။ ဆိုဘာ ကံကောင်းသွား၏။သူမူလရပ်နေသောနေရာအား ကြီးမားသော လက်သီးကြီးက ဖြတ်သွားသောကြောင့်ဖြစ်၏။ထိုလက်သီးကြီးသည် သူ့လို မာစတာအဆင့်ကိုပင် အန္တရာယ်ရှိစေကြောင်း ခံစားမိလေ၏။ နောက်မှ ဆိုဘာသည် မူလဇစ်မြစ်ကိုသိသွားကာ "လက်စသတ်တော့ မင်းက တိုင်းပြည်ရဲ့ကံတရားကိုစုပြီးတိုက်ခိုက်လိုက် တာကိုး" ဟုတ်ပေသည်။ဂျိတ်သည် ဘုရင်ကျောက်ပြားကိုအသုံးချပြီး တိုင်းပြည်ကံ တရားကို စုစည်းလိုက်၏။ထို့နောက် ရုပ်ခန္ဓာအသွင်ဖြစ်သောလက်သီးကို ဖန်တီးပြီးလျှင် ဆိုဘာကို ချက်ချင်းတိုက်ခိုက်လိုက်သောကြောင့်ဖြစ်၏။ တိုင်းပြည်၏ကံတရားဖြင့်ပြုလုပ်ထားသေယ လက်သီးဖြစ်သောကြောင့် မာစ တာအဆင့်ကိုပင် ခြိမ်းခြောက်မှုပေးစွမ်းနိုင်၏။ "ငါတို့နောက်ဆုတ်ကြရအောင်နောက်မှလာမယ်..ဒီလက်သီးကိုကြည့်ရတာ မရိုးရှင်းဘူး" ဆိုဘာသည် တိုင်းပြည်ကံတရားဖြင့်ဖြစ်တည်နေသော လက်သီးကိုသေချာ ကြည့်မိ၏။ဟုတ်ပေသည်။ထိုလက်သီးသည် မတရားအရည်သွေးကောင်း လွန်းပြီး အရှိန်ဝါများထွက်ပေါ်နေသောကြောင့်ဖြစ်၏။သာမန်တိုင်းပြည်ကံ တရားဖြင့်လုပ်ထားသည်မမူသော်လည်း လက်ရှိလက်သီးက ထူးခြားနေ ကြောင်း ဆိုဘာခံစားမိ၏။ "နောက်ကျရင်မဆိုးမဆိုနဲ့" ဆိုဘာနဲ့လန်စီလော့သည် ကြိမ်းမောင်းပြီး ဂရိတ်တိုင်းပြည်မှပျံသန်းထွက်ခွာ သွားတော့၏။ သူတို့ထွက်ခွာသွားသည်နဲ့.ဂျိတ်သည် ဒေါသထွက်နေဆဲ ဖြစ်၏။မထွက်ပဲနေ မည်နည်း။သမီးလေး၏မွေးနေ့ကို လာရောက်နှောင့်ယှက်သွားသောကြောင့် ပုံမှန်ထက်ပိုပြီး ဒေါသကြီးနေ၏။ထိုအခြင်းရာကို အတိုင်ပင်ခံလည်း သတိထားမိ၏။ အစွမ်းထက်သောဂျိတ်မှ ဒေါသထွက်သောအခါ ကြောက်စရာလွန်စွာကောင်း လှကြောင်းကို သူသိ၏။ဤသည်က ဂျိတ်ကြောင့် မီးတောက်အရိုးစုပျောက် ကွယ်သွားတုန်းက လက်တွေ့မြင်လိုက်ရသောကြောင့်ဖြစ်၏။ ဖယ်ထင်သည့်အတိုင်း ဂျိတ်သည် တုံပြန်မှုတစ်ခုလုပ်လာလေ၏။ဂျိတ်သည် သူ့ရှိရာသို့ မျက်နှာမူလာပြီးလျှင် "ဖယ်....ဒီလတ္တီကျု.xxx......နဲ့လောင်တီကျုxxx..ဘယ်လောက်နေရာကို နျူတစ်လုံး ကြဲပေးပါ" ဖယ်ထင်သလိုပင် ဂျိတ်၏ဒေါသပေါက်ကွဲနေပြီဖြစ်ကြောင်းသိလိုက်ရ လေ၏။ "ကောင်းပါပြီအရှင်မင်းကြီး" ဖယ်စိတ်ထဲမှလည်း (."နျူကျဲရမဲ့နေရာကလည်း ဟိုနှစ်ကောင်နေရာ ပဲထင်ပါရဲ့...သူတို့ကံဆိုးသွားပြီ ")

All Chapters