အခန်း (၃၂၄)
Vol. 33 Ch. 324
အခန်း။ ၃၂၄
သည်းထန်စွာရွာသွန်းနေသော မိုးကြီးမှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကို အသစ်တစ်ဖန် ဆေးကြောသန့်စင်ပေးလိုက်သလိုပင်။ မိုးရွာသွန်းမှု ရပ်တန့်သွားပြီးနောက် လုချွမ်း၏ သတ်ဖြတ်မှုများကြောင့် တောင်တန်းမြို့အတွင်း ကျန်ရစ်ခဲ့သည့် ပြင်းထန်သော သွေးညှီနံ့များမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။
ပုပ်ပွနေသော ဇွန်ဘီအလောင်းများ၏ အနံ့ဆိုးများပင်လျှင် ဆေးကြောပေးလိုက်သော မိုးရေများအောက်တွင် လျင်မြန်စွာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
"နောက်ဆုံးတော့ တိတ်သွားပြီပဲ။ သုံးရက်တောင် ဆက်တိုက်ရွာလိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး"
လုချွမ်းသည် အောက်ထပ်သို့ ဆင်းလာရင်း အသစ်စက်စက်ဖြစ်နေသော ကမ္ဘာကြီးကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ သို့သော်လည်း မိုးရွာပြီးစအချိန်ဖြစ်၍ လေထုမှာ ပိုမိုလတ်ဆတ်နေသဖြင့် သုံးရက်တိုင်တိုင် အိမ်ထဲ၌သာ ပိတ်အောင်းနေခဲ့ရသည့် အကျပ်အတည်းများမှာ လွင့်စင်သွားသလို ခံစားလိုက်ရသည်။
အတိအကျ ထိုအချိန်မှာပင် ရွှင်လန်းတက်ကြွသော ရယ်မောသံအချို့ ထွက်ပေါ်လာသည်။
ဒုန်း... ဒုန်း... ဒုန်း...
ဗီဇပြောင်း နွားနက်ကြီးကို အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သော ကျောက်လင်းသည် ၎င်းကို ဂုဏ်ယူဝင့်ကြွစွာ စီးနင်းကာ အောက်ထပ်သို့ ဆင်းလာရင်း ကြွားလုံးထုတ်နေသည်။ သူမသည် လက်ထဲမှ စတီးဓားရှည်ကိုလည်း ဝေ့ယမ်းနေပြီး လေကိုခွဲသည့် ရှူး... ရှူး...အသံများ ထွက်ပေါ်နေတော့သည်။
"ဟားဟား... လုချွမ်း ငါ့ရဲ့ စီးတော်ယာဉ်ကြီး ဘယ်လိုလဲ ခန့်ညားတယ် မဟုတ်လား မကြာခင်မှာ ငါ ဒီကောင်ကြီးနဲ့ ဇွန်ဘီအုပ်စုထဲကို အဝင်အထွက် လုပ်ပြတော့မှာ"
လှေကားပေါ်မှ ဆင်းလာသော လုချွမ်းနှင့် ချီချီလေးကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူမသည် ဒါဟေး၏ ကျောကုန်းကို ဂုဏ်ယူစွာ ပုတ်ပြရင်း အားရပါးရ ရယ်မောကာ ကြွားလုံးထုတ်လိုက်သည်။
ထို့နောက် ကျောက်လင်းက ဒါဟေးကို အမိန့်ပေးလိုက်သည်။
"ဒါဟေး... တက်စမ်း"
ဗီဇပြောင်း နွားနက်ကြီးသည် အမိန့်ကို နားလည်သဖြင့် လုချွမ်းနှင့် ချီချီလေးရှိရာသို့ စတင်လျှောက်လှမ်းလာတော့သည်။
ကျောက်လင်း၏ ကလေးကလား အပြုအမူများကို ကြည့်ရင်း လုချွမ်းမှာတော့ စကားပင် မပြောနိုင်လောက်အောင် စိတ်ကုန်သွားရတော့သည်။
ကျောက်လင်းသည် သူမ၏ လျှို့ဝှက်ချက်ကို အောင်မြင်စွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်နေသော်လည်း လုချွမ်းမှာမူ သူမ ဗီဇပြောင်း နွားနက်ကြီးတစ်ကောင်ကို တိတ်တဆိတ် မွေးမြူထားသည်မှာ ကြာပြီဖြစ်ကြောင်း သိရှိပြီးသားပင်။ အမှန်စင်စစ် ဤရပ်ကွက်အတွင်းရှိ ဇွန်ဘီရုပ်သေးများစွာ၏ အာရုံခံနိုင်စွမ်းမှ ညဉ့်သန်းခေါင်ယံ၌ ထွက်ပေါ်လာသော နွားနက်ကြီး၏ အသံများကို ဖုံးကွယ်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။
ကျောက်လင်းသည် နွားနက်ကြီးကို စီးနင်းလျက် လုချွမ်းနှင့် ချီချီလေးတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူမ၏ မျက်နှာမှာ ရှေးခေတ်ဇာတ်ကားများမှ မြင်းစီးသူရဲတစ်ဦးကဲ့သို့ တက်ကြွကာ နီမြန်းနေပြီး နွားနက်ကြီးကို ရပ်တန့်ရန် အမိန့်ပေးလိုက်သောအခါ သားရဲကြီးမှာလည်း အလွန်ယဉ်ပါးစွာဖြင့် နာခံရှာသည်။
“ချီချီလေး၊ ငါ့ရဲ့ စီးတော်ယာဉ်ကြီးကို ကြည့်စမ်းပါ။ နင့်ရဲ့ လိပ်ကလေးထက် အများကြီး ပိုပြီး ခန့်ညားတာ မဟုတ်လား။ လာပါ... အပေါ်ကို တက်ခဲ့ ငါ တစ်ပတ်လိုက်ပို့ပေးမယ်”
နွားနက်ကြီးပေါ်မှ ကျောက်လင်းသည် သူမအား ထူးဆန်းသလို ကြည့်နေသော လုချွမ်း၏ အကြည့်များကို လျစ်လျူရှုကာ ချီချီလေးကို ပြုံးလျက် လက်ကမ်းကာ ခေါ်လိုက်သည်။ သို့သော် ကျိရုရွှယ်မှာမူ နွားစီးရမည်ဟူသော အချက်ကို လက်မခံနိုင်သဖြင့် စိတ်ပျက်
လက်ပျက်ဖြင့် နောက်သို့ မသိမသာ ဆုတ်ခွါသွားတော့သည်။ အကယ်၍ မြင်းစီးရမည်ဆိုပါက သူမ လက်ခံနိုင်သော်လည်း နွားစီးရန်မှာမူ သူမအတွက် မဖြစ်နိုင်သော ကိစ္စပင်။
ထို့နောက် ကျိရုရွှယ်က ဝင်းပစွာ ပြုံးပြရင်း ရုတ်တရက် အကြံရသွားသည့်ဟန်ဖြင့် “မမကျောက်လင်းမှာ အခုလို နွားနက်ကြီး ရှိနေပြီဆိုတော့ နောက်ဆိုရင် မမကို နွားနက်သူရဲကောင်းလို့ပဲ ခေါ်ရတော့မယ်နော်” ဟု စနောက်၍ ပြောလိုက်သည်။
ကျောက်လင်းမှာ ထိုနာမည်ကို ကြားလိုက်ရသောအခါ ကြောင်အသွားပြီးနောက် “နွားနက်သူရဲကောင်း ဟုတ်လား။ အဲဒီနာမည်က တကယ့်ကို ရုပ်ဆိုးလွန်းပါတယ်။ အဲဒီလို လုံးဝမခေါ်ပါနဲ့” ဟု ပြောကာ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းကို တရစပ် ခါယမ်းလိုက်တော့သည်။
အခြားသော သူရဲကောင်းများက နဂါးနက် သို့မဟုတ် မြင်းနက်များကို စီးနင်းကာ ခန့်ညားထည်ဝါသော ဘွဲ့နာမည်များ ပိုင်ဆိုင်ထားချိန်တွင် သူမထံ၌သာ နွားနက်သူရဲကောင်း ဟူသော နာမည် ပြန့်နှံ့သွားပါက တစ်လောကလုံး၏ လှောင်ပြောင်ခြင်းကို ခံရမည်ကို ကျောက်လင်း အထူးစိုးရိမ်နေသည်။ ဘေးမှ နားထောင်နေသော လုချွမ်းမှာလည်း ထိုဘွဲ့နာမည်ကြောင့် ပေါက်ကွဲထွက်မတတ် ရယ်မောချင်စိတ်ကို အောင့်အီးထားရသည်။
ကျိရုရွှယ်မှာမူ မျက်နှာပျက်နေသော ကျောက်လင်းကို ကြည့်ကာ ပိုမိုစနောက်ရန် ဆုံးဖြတ်
လိုက်ပြီး “မမကျောက်လင်းရယ် သမီးကတော့ ဒီနာမည်က တကယ့်ကို အရှိန်အဝါရှိတယ်လို့ ထင်တာပဲ။ နောင်တစ်ချိန်မှာ မမက နွားနက်ကြီးကို စီးပြီး တိုက်ပွဲဝင်တဲ့အခါ တကယ့်ကို ခန့်ညားနေမှာ အသေအချာပါပဲ” ဟု ပြောကာ ခိုးရယ်နေတော့သည်။
ကျောက်လင်းမှာ ထိုစကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်လာရပြီး သူ၏ ခေါင်းကို ပုခက်လွှဲသလို တရစပ် ခါယမ်းလျက် “မရပါဘူး ချီချီလေး အဲဒီနာမည်နဲ့ လုံးဝမခေါ်ရဘူးနော်” ဟု ပြတ်သားစွာ ငြင်းဆိုနေသည်။ ဤသည်မှာ သူမ၏ ဂုဏ်သိက္ခာနှင့် ဆိုင်သော ကိစ္စဖြစ်သဖြင့် လုံးဝအလျှော့ပေး၍ မရနိုင်ပေ။ အနာဂတ် ကျောင်းသုံးစာအုပ်များတွင် သူမကို အကြီးကျယ်ဆုံးသော ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းတင်ရာ၌ ဤဘွဲ့နာမည်ကြီး ပါဝင်နေမည်ကို တွေးမိရုံနှင့်ပင် ကျောက်လင်းမှာ ရှက်လွန်း၍ ဦးနှောက် ပေါက်ကွဲမတတ် ခံစားနေရသည်။
သို့သော် ကျိရုရွှယ်မှာမူ ချစ်စဖွယ်ကောင်းသော အမူအရာဖြင့် “နွားနက်သူရဲကောင်း... နွားနက်သူရဲကောင်း... ဘယ်လောက် နားထောင်လို့ ကောင်းလဲ” ဟု ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။ ကျောက်လင်းမှာ မခံစားနိုင်တော့သည့်အဆုံး နွားနက်ကြီးပေါ်မှ ရုတ်တရက် ခုန်
ဆင်းကာ ကျိရုရွှယ်ကို ကလိထိုး၍ အပြစ်ပေးရန် အတင်းလိုက်ဖမ်းတော့သည်။
သူတို့နှစ်ဦးမှာ ကလေးငယ်များကဲ့သို့ လုံးထွေးဆော့ကစားနေကြပြီး ကျိရုရွှယ်မှာ အသည်းအသန် အရှုံးပေးနေရသော်လည်း ကျောက်လင်းကမူ “နောင်ကျရင် နွားနက်သူရဲကောင်းလို့ မခေါ်တော့ပါဘူး” ဟူသော ကတိကို မရမချင်း လွှတ်ပေးမည်မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ကြုံးဝါးနေတော့သည်။
လုချွမ်းသည် ပညာရှိပီပီ အမျိုးသမီးနှစ်ဦးကြားရှိ စကားများငြင်းခုံမှုများအတွင်း ဝင်ရောက်ခြင်းမပြုဘဲ ခပ်ကွာကွာမှသာ အသာလေး ရှောင်နေလိုက်သည်။ နေ့လယ်စာ စားသောက်ပြီးသည့်နောက်တွင် မိုးတိတ်သွားပြီဖြစ်သဖြင့် ခရီးဆက်ရမည့် အချိန်သို့ ရောက်ရှိလာတော့သည်။ အေးမြသော လေညင်းများ တိုးဝင်နေသည့် ကားပြတင်းပေါက်များကြားမှ ရှည်လျားသော ကားတန်းကြီးသည် ဟောက်ယွန်းရပ်ကွက်၏ ဂိတ်တံခါးဝမှ ဖြည်းညှင်းစွာ မောင်းထွက်လာခဲ့သည်။
ကျောက်လင်းသည် သူမ၏ နွားနက်ကြီးကို စီးနင်းလျက် ကားတန်းကြီး၏ ဘေးပတ်ပတ်လည်တွင် ဓားကို ဝှေ့ယမ်းကာ ဟန်ရေးပြနေသည်။ လုချွမ်းနှင့် ချီချီလေးတို့မှာမူ ဗီဇပြောင်း လိပ်ကြီး၏ ကျောပေါ်တွင် ထိုင်ရင်း ကျောက်လင်း၏ ကလေးကလား အပြုအမူများကို ကြည့်ရှုနေကြသည်။ လုချွမ်းသည် ချီချီလေးကို စောင့်ရှောက်ရန်အတွက် ကိုယ်ယောင်ဖျောက် ၁ အပါအဝင် ဇွန်ဘီရုပ်သေးများကို ထားရှိပေးထားရာ မည်သည့်
တိုက်ခိုက်မှုမျိုးမဆို ချီချီလေးထံ မရောက်ရှိမီ အကာအကွယ်ပေးသွားမည်ပင်။
ထို့ပြင် အသစ်စက်စက် အဆင့် ၅ သို့ တက်လှမ်းထားသည့် ပျံသန်းသူ-၁ ဇွန်ဘီရုပ်သေးသည် ကားတန်းကြီး၏ အထက် ကောင်းကင်ယံမှ ပျံဝဲလျက် လမ်းရှင်းပေးခြင်းနှင့် ကင်းထောက်ခြင်း တာဝန်များကို ထမ်းဆောင်နေသည်။ ကားတန်းကို ဗဟိုပြု၍ သုံးမိုင်ပတ်လည်အတွင်းရှိ ထူးခြားသော လှုပ်ရှားမှုမှန်သမျှကို လုချွမ်းက ချက်ချင်း သိရှိနိုင်သည်။ တစ်ခါတစ်ရံတွင် ရန်ပြုလိုသော အဆင့်နိမ့်သားရဲများ ပေါ်လာတတ်သော်လည်း ကားတန်းအနီးသို့ မချဉ်းကပ်နိုင်မီမှာပင် ပျံသန်းသူဇွန်ဘီရုပ်သေးက အပြတ်ရှင်းလင်းပစ်သဖြင့် ခရီးစဉ်မှာ နှောင့်နှေးခြင်း မရှိခဲ့ပေ။
ကားတန်းကြီးသည် လမ်းမများတစ်လျှောက် မောင်းနှင်လာခဲ့ရာ လွန်ခဲ့သည့် ဆယ်ရက်ခန့်ကနှင့် နှိုင်းယှဉ်ပါက သားရဲများ ပေါ်လာသည့် အကြိမ်ရေမှာ သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရသည်။ ဤသည်မှာ လွန်ခဲ့သော ရက်ပိုင်းများအတွင်း လုချွမ်း၏ ဇွန်ဘီရုပ်သေးများက ပြင်းပြင်းထန်ထန် ရှင်းလင်းခဲ့သည့် ရလဒ်ပင်။
ခရီးစဉ်တစ်လျှောက်တွင် ကျောက်လင်းသည် သူမ၏ နွားနက်ကြီးကို အရှိန်မြှင့်တင်ကာ ဂုဏ်ယူဝင့်ကြွစွာဖြင့် စကားများ ပြောဆိုလာခဲ့ရာ ကားတန်းကြီးသည် မြို့အစွန်အဖျားသို့ တဖြည်းဖြည်း ချဉ်းကပ်၍ ရောက်ရှိလာတော့သည်။