အခန်း (၁၉၉၇-၁၉၉၈)
Vol. 143 Ch. 1997-1998
အပိုင်း(၁၉၉၇)
"အစစ်အမှန် ဟင်းလင်းပြင် နဂါး အသွင်ပြောင်းခြင်း... အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများ..."
ဝေ့ဝူယင်၏ ကျောပြင်မှ မိုင်ပေါင်း သုံးသန်းခန့် ရှည်လျားသော နဂါးတောင်ပံနှစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်ခွင်၌ ထည်ဝါစွာ ပေါ်ထွက်လာသည်။ သူသည် ဟင်းလင်းပြင်ကို ဆွဲကိုင်၍ သူ၏ အရှိန်ကို ရပ်တန့်လိုက်၏။
ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ ယခင်ကကဲ့သို့ မိန်းမောတွေဝေနေခြင်း မရှိတော့ဘဲ၊ ဝိညာဉ်လေးခုစလုံးမှ ထွက်ပေါ်လာသော ဟန်ချက်ညီသည့် ဝိညာဉ်အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။
ဝေ့ဝူယင် သူ့ စိတ်ကို အစွမ်းကုန် ကာကွယ်လိုက်၏။
"..."
သူ၏ အသိစိတ်ပင်လယ် ထဲတွင် ကောင်းကင်စစ်ဝိညာဉ်မှာ သူမ၏ ပုံရိပ်ကို ဆက်လက် မထိန်းထားနိုင်တော့ဘဲ ဧဒင်၏ အမြစ်များအောက်တွင် ရွှေရောင်အစုအဝေးတစ်ခုအဖြစ် ပြိုဆင်းသွားသည်။ ဧဒင် ၏ အမြစ်များမှာလည်း ရူးသွပ်ဖွယ် အရှိန်အဟုန်ဖြင့် အသိစိတ်ပင်လယ်၏ ပျက်စီးသွားသော နယ်နိမိတ်များကို ပြန်လည်ကုသရန် လှုပ်ရှားနေကြရ၏။ ဧဒင်နန်းတော် ပင်လျှင် အက်ကြောင်းများစွာဖြင့် တုန်ခါနေလေသည်။
ဝိညာဉ် အစီအရင် တစ်ခုတည်းကပင် ဝေ့ဝူယင်၏ အသိစိတ်ပင်လယ် တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ အဂ္ဂိရတ် ထုတ်ကုန်များ၊ မကြုံစဖူးသော ကပ်ဘေးများဖြင့် ခိုင်ခံ့အောင် တည်ဆောက်ထားပြီး ဧဒင် ကိုယ်တိုင် စောင့်ရှောက်ထားသည့် သူ၏ အသိစိတ်ပင်လယ် ပင်လျှင် ထိခိုက်ဒဏ်ရာ ရသွားခဲ့ရသည်။
"တကယ်ကို သန်မာတဲ့ ဝိညာဉ်ပဲ... မင်းက သိုင်းပညာရှင်တစ်ယောက်ပဲလို့ ငါထင်ခဲ့တာ... မင်းရဲ့ အခြေခံက မဆိုးဘူးပဲ"
ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဝေ့ဝူယင်သည် ဝိညာဉ်အာရုံ ဖြင့် ရှာဖွေသော်လည်း အရင်းအမြစ်ကို မတွေ့ရဘဲ ကောင်းကင်ဘုံ နတ်မျက်လုံးများကို သုံးမှသာ ထိုလှည့်စားထားသော ပုံရိပ်ကို တွေ့ရှိလိုက်ရသည်။
သူတော်စင် နွေဦးကွင်းပြင်မှာ မိုင်ပေါင်း သုံးသန်းခန့် အကွာတွင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။ ဝေ့ဝူယင်၏ အကြည့်က ထိုနေရာသို့ ရောက်သွားချိန်တွင် မြင်းမြီးယပ်တောင်ကို ကိုင်ထားသော သူတော်စင် နွေဦးကွင်းပြင်ထံမှ အံ့ဩသံ အနည်းငယ် ထွက်ပေါ်လာသည်။
"မင်းမှာ တကယ်ကို ထူးခြားတဲ့ မျက်လုံးတွေ ရှိတာပဲ"
သူတော်စင်၏ မျက်နှာပေါ်တွင် အမြဲတမ်းရှိနေသော အပြုံးမှာ ပျောက်ကွယ်မသွားပေ။ ဝေ့ဝူယင် ဘာမှ ပြန်မပြောဘဲ သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို မီတာနှစ်ဆယ်ခန့်အထိ ကျုံ့လိုက်၏။
ထို့နောက် သူ အစစ်အမှန် နဂါး သွေးမျိုးဆက်နှင့် ဟင်းလင်းပြင် နဂါး ကြယ်တာရာစွမ်းအင် ကို အသုံးချလိုက်၏။
"ဟင်းလင်းပြင် ပုံရိပ်ယောင် - မုန်တိုင်းထဲက မိုးစက်များ..."
မိုင်ပေါင်းသန်းချီသော နေရာအနှံ့တွင် ကုဋေကုဋာမကသော ဟင်းလင်းပြင် ပုံရိပ်ယောင် များ ပေါ်ထွက်လာသည်။ မရေတွက်နိုင်သော ဝေ့ဝူယင် များက နေရာလပ်မကျန် ဝိုင်းရံလိုက်ကြ၏။ ထိုပုံရိပ်ယောင်များမှာ ဝေ့ဝူယင်၏ မူလ အော်ရာနှင့် တစ်ထပ်တည်းဖြစ်နေသလို၊ အာကာသထဲတွင် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများပင် တူညီနေကြသည်။
သူတော်စင် နွေဦးကွင်းပြင် ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း အပြုံးကတော့ ရှိနေဆဲပင်။ သူသည် သူ၏ ကိုယ်ရောင်ဖျောက်ထားမှုကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ သူကိုင်ထားသော မြင်းမြီးယပ်တောင်၏ အမွှေးအမျှင်များမှာ ယခင်က ကြည်လင်နေသော်လည်း ယခုအခါ ရုတ်တရက် နက်မှောင်သွားတော့သည်။
ဝှစ်...
ဝေ့ဝူယင် တစ်ဦးသည် သူတော်စင် နွေဦးကွင်းပြင် ၏ နောက်ကျောဘက်တွင် တိုက်ရိုက်ပေါ်လာပြီး၊ မတွေးဆနိုင်သော နဂါးအင်အားများ ပါဝင်သော လက်သီးကို သူ၏ ဦးခေါင်းနောက်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဤလက်သီးသာ ဂြိုဟ်တစ်ခုကို ထိမှန်ပါက စက္ကန့်ပိုင်းအတွင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် အခြားသော ဝေ့ဝူယင် နှစ်ဦးကလည်း ဘေးတိုက်မှ ဝင်ရောက်လာကြ၏။
သူတော်စင် နွေဦးကွင်းပြင် ကတော့ မလှုပ်မယှက်ပင်။
နောက်ဆုံးအချိန် လက်သီးချက် ထိမှန်တော့မည့် မီလီမီတာ ဂဏန်းမျှအလိုတွင် ဝေ့ဝူယင်သည် သူတော်စင်၏ ဘယ်ဘက်သို့ ပြီးပြည့်စုံသော ဟင်းလင်းပြင် ကူးပြောင်းခြင်းကို လုပ်ဆောင်လိုက်သည်။
ဘုန်း...
ပုံရိပ်တစ်ခုသည် အမှောင် ဟင်းလင်းပြင် ကို ဖြတ်၍ လောင်မြိုက်နေသော ကြယ်တံခွန်တစ်ခုကဲ့သို့ လွင့်စဉ်သွားပြီး သွေးလမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့လေ၏။
မီးခိုးရောင် သွေးများ...
သူလွင့်စဉ်သွားရာ လမ်းတစ်လျှောက်တွင် နဂါးကြေးခွံ အပိုင်းအစများ ဖရိုဖရဲ ပြန့်ကျဲနေသည်။ ဝေ့ဝူယင်သည် သူ၏ အရှိန်ကို မထိန်းနိုင်တော့ဘဲ ရင်ဘတ်ထဲတွင် နာကျင်မှုများ ပြင်းထန်စွာ ခံစားနေရသည်။ သူ ဝတ်ဆင်ထားသည့် နဂါး ဝတ်စုံမှာ ပျက်စီးသွားပြီး၊ သူ၏ အသားနှင့် အရိုးများမှာလည်း ကြိမ်ဒဏ်အချက်ပေါင်း သန်းချီ၍ ခံလိုက်ရသကဲ့သို့ ကြေမွသွားကာ ကြီးမားသော နဂါးနှလုံးသားပင် ဟောင်းလောင်း ပေါ်နေတော့သည်။
"တကယ်ကို ရယ်စရာကောင်းတဲ့ လှည့်ကွက်လေးပဲ"
သူတော်စင် နွေဦးကွင်းပြင်က သူ၏ ယပ်တောင်မှ အသားစများနှင့် သွေးများကို ခါထုတ်ရင်း ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
"ဒါပေမဲ့ ငါက... မင်းရဲ့ ဝိညာဉ်ကို မြင်နိုင်တယ် သေမျိုးလေး... မင်း ဘယ်လိုမှ ပုန်းနေလို့ မရဘူး"
…
"တကယ်ကို ရယ်စရာကောင်းတဲ့ လှည့်ကွက်လေးပဲ၊ ဒါပေမဲ့... ငါက မင်းရဲ့ ဝိညာဉ်ကို မြင်နိုင်တယ် သေမျိုးလေး... မင်း ဘယ်လိုမှ ပုန်းနေလို့ မရဘူး"
သူတော်စင် နွေဦးကွင်းပြင်၏ စကားလုံးများက ဝေ့ဝူယင်၏ သိစိတ်ပင်လယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး သူ၏ အရိုးများအထိ တုန်ခါကာ သွေးသားများကို ရိုက်ခတ်ပြီး ခုန်လှုပ်နေသော နှလုံးသားကိုပင် အရှိန်ပြင်းစွာ စည်းချက်မှားစေသည်။
ဝရား..
ခရာတို၏ ကြယ်တာရာ ဝိညာဉ် ပုံရိပ်မှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်နေသော ပြင်ပဝိညာဉ်စွမ်းအားများကို ခြေဖျက်ပစ်ရန် ပြင်းထန်သော ဟိန်းဟောက်သံတစ်ချက် လွှတ်လိုက်သည်။ ဖီဆန်လေး ၏ နေကြယ် စွမ်းအင်များ ပါဝင်သော ဟင်းလင်းပြင် နဂါး ကြယ်တာရာစွမ်းအင်များက ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီးနောက် ဝေ့ဝူယင်သည် သူ၏ လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာ၏။ သူ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို မီတာလေးဆယ်အထိ မြှင့်တင်လိုက်ပြီး ကိုယ်ဟန်ကို တစ်ချက်လှည့်ကာ သူ့ကို လွင့်စဉ်သွားစေသည့် စွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။
"..."
ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများတွင် ဝိညာဉ်အလင်းတန်းများ အဆက်မပြတ် စီးဆင်းနေ၏။ သူတော်စင် နွေဦးကွင်းပြင်၏ စကားလုံးတိုင်းမှာ ဝိညာဉ်အစီအရင်နှင့် ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည်။ ထိုတိုက်ခိုက်မှုများ၏ ဆန်းကြယ်သော သဘာဝကြောင့် ဝေ့ဝူယင်မှာ ဤသို့သော နက်နဲသည့် နည်းလမ်းများကို အသားကျရန် ကြိုးစားနေစဉ်အတွင်း အရှက်ရဖွယ်ရာ ခုခံနေရသည့် အခြေအနေသို့ ရောက်ရှိနေရခြင်းဖြစ်သည်။
သူ၏ သေမျိုးဝိညာဉ် အကြောင်း ရန်သူ သိရှိသွားခြင်းနှင့် ပတ်သက်၍မူ... ၎င်းမှာ သူတော်စင် အဆင့်သို့ ရောက်ရှိသွားသူများသာ ပိုင်ဆိုင်သည့် အလွန်နက်နဲသော စွမ်းအားဖြစ်သည့် ဝိညာဉ်အာရုံခံခြင်း ကြောင့်ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။ ဤသို့သော အာရုံခံစွမ်းအားမှာ လျှို့ဝှက် အာဏာရှင် အဆင့် နှင့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် တို့အကြား အဓိက ကွဲပြားချက်ဖြစ်သဖြင့် ဒဏ္ဍာရီဆန်သည်ဟု ကျော်ကြားလှသည်။
ဤ ဝိညာဉ်အာရုံခံခြင်း စွမ်းရည်သည် ကျင့်ကြံခြင်းတွင် မရေတွက်နိုင်သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။ အထူးသဖြင့် ဥပဒေသများကို လေ့လာခြင်း သို့မဟုတ် ဥပဒေသများ၏ စွမ်းအားကို အသုံးချရသော အာဏာရှင် ခြေချခြင်း ကျင့်စဉ်များကို ဖော်ထုတ်ရာတွင် အလွန်ထိရောက်လှ၏။ ၎င်းကို ဥပဒေသများနှင့် ပဲ့တင်ထပ်ခြင်း ဟု ခေါ်ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
ဤစွမ်းအားကို သိရှိလိုက်ပြီးနောက် ဝေ့ဝူယင်သည် တိုက်ခိုက်ရေး နည်းလမ်းအချို့ကို ချက်ချင်း စဉ်းစားလိုက်သော်လည်း ရှာတွေ့ဖို့တော့ ခက်ခဲလှပေသည်။ ထိုခဏတာအတွင်းမှာပင် ဝေ့ဝူယင်သည် သူ၏ မူလအယ်ဖာ ကြယ်တာရာစွမ်းအင်များကို ဆွဲထုတ်ကာ သစ်သားဒြပ်စင်၏ အခြေခံသဘောတရားများကို အသုံးချပြီး သူ၏ ထိခိုက်နေသော ခန္ဓာကိုယ်ကို လျင်မြန်စွာ ကုသလိုက်သည်။ တစ်ဆက်တည်းမှာပင် ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတွင် ကပ်ငြိနေသော ပြင်ပဝိညာဉ်စွမ်းအားများကို ရောဂါရနေသည့် အကိုင်းအခက်များအား သစ်ပင်က စွန့်ပစ်လိုက်သကဲ့သို့ ဖယ်ထုတ်လိုက်လေသည်။
ထိုအချိန်တိုအတွင်းမှာပင် ဝေ့ဝူယင်၏ နဂါးကြေးခွံများ၊ အသားများနှင့် အရိုးများမှာ လျင်မြန်စွာ ပြန်လည် ဖြစ်တည်လာတော့သည်။
ဤနည်းလမ်းမှာလည်း အလွန်ဆန်းကြယ်လှပြီး မူလ ဥပဒေသ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်သားဥပဒေသ ၏ အခြေခံ သဘောတရားများကို အသုံးချထားခြင်း ဖြစ်သည်။ သူသည် အကြောများ တင်းမာနေသော ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး အတွင်းရော အပြင်ပါ ဝိညာဉ်ကာကွယ်ရေး အလွှာများစွာကို တည်ဆောက်လိုက်ရာ အမှောင် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်သံ ဖျော့ဖျော့ တစ်ခု ထွက်ပေါ်သွားသည်။
ဝေ့ဝူယင် အခြေအနေကို လေ့လာ၍ ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေစဉ်အတွင်း၊ သူတော်စင် နွေဦးကွင်းပြင်မှာလည်း ဝေ့ဝူယင်၏ ဝိညာဉ်တည်ဆောက်ပုံနှင့် စွမ်းရည်များကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်နေမိသည်။
ဝေ့ဝူယင်သည် သေမျိုးတစ်ဦးဖြစ်ပါလျက် သိုင်းအရှင်သခင် ကျားနှလုံးသား ကို ယှဉ်ပြိုင်နိုင်သော ထူးခြားသည့် ခန္ဓာကိုယ်စွမ်းအား ရှိနေခြင်းမှာ မယုံနိုင်စရာတော့ မဟုတ်ပေ။ သူ၏ ဗဟုသုတအရ ကျင့်ကြံခြင်းတွင် အခြားသော လမ်းစဉ်များလည်း ရှိနေပြီး အရာအားလုံးက ဝိညာဉ်ပေါ်မှာပဲ မူတည်နေတာ မဟုတ်ကြောင်း သိထားသည်။ ဥပမာအားဖြင့် ဝေ့ဝူယင်၏ သွေးမျိုးဆက် အော်ရာမှာ နဂါးမျိုးနွယ်ဖြစ်ပြီး ၎င်း၏ သန့်စင်မှုမှာ အလွန်မြင့်မားလှရာ ဒဏ္ဍာရီလာ အစစ်အမှန် နဂါး သို့မဟုတ် ၎င်း၏ မျိုးဆက်တစ်ခုခုထံမှ ရရှိထားခြင်း ဖြစ်ပေလိမည်။
ကြယ်တစ်လုံး ဂလက်ဆီမှ ဒဏ္ဍာရီလာ ကျောက်လုံ အကြောင်းကိုလည်း သူ သိရှိထားသည်။ ၎င်းသည် အစစ်အမှန် နဂါး များနှင့် ဆက်နွှယ်မှုရှိပြီး တန်ခိုးရှင် တာအို နယ်ပယ်ကိုပင် ထိတွေ့ထားသည်ဟု ဆိုကြသည်။ ထိုသို့သော ထူးခြားသည့် တည်ရှိမှုထံမှ သွေးအဆီအနှစ် တစ်စက်ကို ရယူကာ ပေါင်းစပ်ကျင့်ကြံနည်းဖြင့် ကျင့်ကြံခြင်းဖြင့် သူတော်စင် အဆင့် စွမ်းအားကို ခေတ္တရရှိနိုင်သည်မှာ ဖြစ်နိုင်ချေရှိသည်။ သူတော်စင် နွေဦးကွင်းပြင်မှာ ထိုသို့သော ဆန်းပြားနက်နဲသည့် နည်းလမ်းများ ရှိနိုင်သည်ကို လက်ခံနိုင်လောက်အောင် အမြင်ကျယ်သူ ဖြစ်သည်။ ဤသည်မှာလည်း သူကိုယ်တိုင် ဉာဏ်အလင်းရ သူတော်စင် တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
***
အပိုင်း(၁၉၉၈)
အမှန်စင်စစ် သူတော်စင် နွေဦးကွင်းပြင်၏ ခန့်မှန်းချက်မှာ ဇစ်မြစ်အရ မှန်ကန်နေလေသည်။ အတိတ်သို့ ပြန်သွားလျှင် ဦးချိုပါသော အဇူရာ နဂါး အန်နုတွင် ကျောက်လုံ ၏ အလွန်သေးငယ်သော သွေးမျိုးဆက် ဇစ်မြစ် ပါဝင်ခဲ့သည်။ ၎င်းကို မရေတွက်နိုင်သော သက်စောင့်အားများဖြင့် သန့်စင်ပြီးနောက် ညံ့ဖျင်းသော အစိတ်အပိုင်းများကို ဖယ်ထုတ်ကာ အစစ်အမှန် နဂါး သွေးအဆီအနှစ်ကိုသာ ချန်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းကပင် ဝေ့ဝူယင်၏ ဒဏ္ဍာရီ အမှတ်အသား နှင့် ခရာတိုတို့ကို ဖြစ်တည်စေခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဝေ့ဝူယင်၏ ထူးကဲသော ခန္ဓာကိုယ်စွမ်းအားနှင့် သေမျိုးဝိညာဉ်တို့က သူ့ကို အကြီးအကျယ် တုန်လှုပ်စေသည်မဟုတ်ဘဲ၊ ဝေ့ဝူယင်၏ ဝိညာဉ်အော်ရာတွင် စီးဆင်းနေသော မတူညီသည့် ဥပဒေသ ခြောက်မျိုးကြောင့်သာ သူ အံ့ဩနေခြင်း ဖြစ်သည်။
ခြောက်မျိုး...။ မှန်ပေသည်။ ခြောက်မျိုးကြီးများတောင် ဖြစ်သည်။
ဤအရာက မည်သို့ ဖြစ်နိုင်မည်ကို သူ စဉ်းစား၍မရပေ။ ဝေ့ဝူယင်သည် ဝိညာဉ်သက်တမ်းအရ အသက်တစ်ရာကျော်ရုံမျှသာ ရှိသေးပြီး သူ၏ ကျင့်ကြံခြင်း အခြေမှာလည်း ကြယ်တာရာ အမြုတေ နဝမအဆင့်၊ သေမျိုးတာအို၏ နောက်ဆုံးအဆင့်သာ ရှိသေးသည်။ ထိုအရာက ပို၍ပင် မယုံနိုင်စရာ ကောင်းနေတော့သည်။
သူ ပို၍ သေချာကြည့်လေလေ၊ ပို၍ အံ့ဩရလေလေ ဖြစ်သည်။ ဝေ့ဝူယင်သည် အလွန်နက်နဲသော ဥပဒေသတစ်ခုကို အသုံးချလိုက်ခြင်းဖြစ်ပြီး ၎င်းမှာ သစ်သားဥပဒေသ လား သို့မဟုတ် အခြားတစ်ခုခုလားဆိုသည်ကို သူ ဝေခွဲမရဖြစ်နေသည်။ အကြောင်းမှာ... သူကိုယ်တိုင် သစ်သားဥပဒေသ ကို နားလည်ထားသော်လည်း ဝေ့ဝူယင်၏ စွမ်းအားကို မြင်လိုက်ရချိန်တွင် သူ၏ ဝိညာဉ်ထဲ၌ နိမ့်ကျနေသကဲ့သို့ ခံစားချက် တစ်ခု ပေါ်ထွက်လာခြင်းကြောင့်ပင်။
သူတော်စင် နွေဦးကွင်းပြင်သည် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းလိုက်၏။ ထိုကဲ့သို့ သတိကြီးမှုကြောင့်ပင် သူသည် အသာစီးမရဘဲ တိုက်ခိုက်မှုကို စတင်ရန် ဝန်လေးနေခြင်း ဖြစ်၏။ အကယ်၍ အခြားသော သူတော်စင် များကသာ ချောင်းမြောင်းနေပါက သူ၏ တစ်ခဏတာ အာရုံလွတ်သွားမှုက အသက်အန္တရာယ် ဖြစ်သွားနိုင်သည်။
ဤအခြေအနေက ဝေ့ဝူယင်အတွက် အဖိုးတန်သော အချိန်ကို ရရှိစေခဲ့သည်။ နွေဦးကွင်းပြင်ကဲ့သို့ ကျွမ်းကျင်သော ပညာရှင်တစ်ဦးသည် ပုံမှန်အားဖြင့် ရန်သူကို မည်သည့်အခါမျှ ဤသို့ အသက်ရှူချိန် ပေးလေ့မရှိပေ။ ဝေ့ဝူယင်သည် ဝိညာဉ်အသက်ကို လှည့်စားထားသည့် နည်းလမ်းတစ်ခုခု သုံးထားသည်ဖြစ်စေ၊ သူ၏ ဝိညာဉ်ကို တစ်နေရာတွင် သိမ်းဆည်းထားပြီး တာအိုဝိညာဉ် တစ်ခုခုဖြင့် အစားထိုးထားသည်ဖြစ်စေ နွေဦးကွင်းပြင်အတွက် အရေးမကြီးပေ။ သူ ဂရုစိုက်သည်မှာ ဝေ့ဝူယင်၏ စွမ်းအားသာ ဖြစ်သည်။
ကံဆိုးသည်က... ဝိညာဉ်အာရုံခံခြင်း သည်လည်း အကြွင်းမဲ့ အစွမ်းထက်နေခြင်း မဟုတ်ပေ။ ဉာဏ်အလင်းရ သူတော်စင် တစ်ဦးနှင့် တိုက်ခိုက်ရမည်ကို သိထားသူများသည် ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားပါက ခုခံကာကွယ်မည့် နည်းလမ်းများ ရှိနေမည်မှာ အသေအချာပင်။ တစ်ခါက ပဲ့တင်ထပ်ဝိညာဉ် အဆင့် ပညာရှင်တစ်ဦးပင်လျှင် အခြားသော သူတော်စင် သုံးဦး၏ စနစ်တကျ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရဖူးသည်။ နွေဦးကွင်းပြင်သည် ထိုသို့သော အမှားမျိုးကို လုံးဝ အဖြစ်မခံနိုင်ပေ။
ဝေ့ဝူယင် သူတော်စင် နွေဦးကွင်းပြင်ကို ကြည့်ရင်း အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
ချက်ချင်းပင်... သူတော်စင် နွေဦးကွင်းပြင်၏ ပတ်ဝန်းကျင် မိုင်သန်းပေါင်းများစွာမှာ ရုတ်ရင်းဆန်ခတ် ဖြစ်လာခဲ့လေ၏။
"ကောင်းကင်ဘုံ နတ်မျက်လုံး - ပုံရိပ်ယောင်မျက်လုံး..."
...
ဝှစ်...
သူတော်စင် နွေဦးကွင်းပြင်သည် မှောင်မိုက်ပြီး အဆုံးမဲ့သော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အလင်းမရှိ၊ အသံမရှိသလို သက်ရှိရှိသည့် အရိပ်အယောင်လည်း မရှိပေ။ သူ၏ နှုတ်ခမ်းမှ ထွက်ပေါ်သော အသက်ရှူသံကိုပင် သူ မကြားရတော့သလို၊ ရင်ဘတ်ထဲမှ အားကောင်းသော နှလုံးခုန်သံကိုလည်း မခံစားရတော့ချေ။ သူ၏ ခန္ဓာကိုယ် အာရုံခံစားမှုအားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူ သိရှိသည်မှာ သူ ရွေ့လျားနေသည်ဟူသော အချက်သာ ဖြစ်၏။
ဖျပ်... ဖျပ်... ဖျပ်...
သူ ရှေ့သို့ ဆက်လျှောက်နေသည်။
‘ငါ ဘယ်ရောက်နေတာလဲ...’
ခြောက်ကပ်နေသည်။
‘ငါ ဘယ်သူလဲ...’
ဘာမှမရှိ၊ ဗလာသက်သက်ပင်။
‘ငါ သေသွားပြီလား...’
ဒါ... ငရဲပဲ။
ဝေ့ဝူယင်သည် သူ၏ ဒုတိယကပ်ဘေးကို ကြုံတွေ့ခဲ့ရစဉ်က ခံစားချက်များကို အတိအကျ ပုံဖော်လိုက်ခြင်း ဖြစ်သည်။ ထိုမှောင်မိုက်သော လွင်ပြင်ကြီးထဲတွင် သူ ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုများအားလုံးကို သူတော်စင် နွေဦးကွင်းပြင်အား မညှာမတာ တိုက်ခိုက်စေလိုက်သည်။ သူတော်စင်ကို အဆုံးမရှိသော ခရီးတစ်ခုထဲတွင် ထာဝရ ခြောက်ခြားမှုများနှင့်အတူ ပိတ်မိနေစေရန် သူ ရည်ရွယ်ထားခြင်း ဖြစ်သည်။
အမှန်စင်စစ် ဝေ့ဝူယင်သည် သူတော်စင် နွေဦးကွင်းပြင် ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေစဉ်အတွင်း သူ၏ အသက်ကို ခြွေကာ အစစ်အမှန် ငရဲသို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူ ညာဘက် လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်လိုက်ရာ အိုမီဂါ ဆေဘာအလင်း များ ထွက်ပေါ်လာသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဟင်းလင်းပြင် နဂါး ကြယ်တာရာစွမ်းအင် ကို အသုံးချကာ ဟင်းလင်းပြင် ကူးပြောင်းခြင်း ကို လုပ်ဆောင်ရန် ပြင်လိုက်သည်။
‘ဟမ်...’
ရုတ်တရက်... မတွေးဆနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသဖြင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ အလိုအလျောက် ပြူးကျယ်သွားလေ၏။ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် သွေးကြောများဖြင့် နီရဲလာပြီး ခဏချင်းအတွင်းမှာပင် ဖောင်းကားလာတော့သည်။ မျက်လုံးများမှာ သူ၏ ဦးခေါင်းခွံထက်ပင် ပိုမို ကြီးမားလာကာ သူ၏ မျက်နှာသွင်ပြင်ကိုပင် ပျက်ယွင်းသွားစေ၏။
ဘုန်း...
သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ မှာ ပေါက်ကွဲသွားတော့သည်။ ပိုးကောင်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ပင် သူ၏ မျက်လုံးများမှာ ရွံရှာဖွယ် အသံနှင့်အတူ ပေါက်ထွက်သွားကာ ငွေရောင်သွေးများ ပန်းထွက်လာလေသည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်မှာ နောက်သို့ လွင့်စဉ်သွားစဉ် ကြယ်တာရာ အကာအကွယ် အလွှာများကို အလျှင်အမြန် တည်ဆောက်လိုက်ရသည်။ သူသည် အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများကို အသုံးချကာ အရပ်မျက်နှာမျိုးစုံသို့ ရမ်းသန်း ထွက်ပြေးနေရပြီး၊ သွေးထွက်နေသော မျက်လုံး တွင်းချိုင့်ကြီး နှစ်ခုကို လက်နှစ်ဖက်ဖြင့် အုပ်ထားလေသည်။
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ မှာ ပျက်စီးသွားပြီဖြစ်သဖြင့် လျှို့ဝှက်စွမ်းအားများ၏ အရှိန်အဝါကို သူ ရှင်းလင်းစွာ မသိမြင်နိုင်တော့ပေ။ အကယ်၍ သူတော်စင် နွေဦးကွင်းပြင်သာ ယခုအချိန်တွင် တိုက်ခိုက်မည်ဆိုပါက ထိုတိုက်ခိုက်မှုများမှာ အသံမရှိ အလင်းမရှိဘဲ မမြင်နိုင်သော တိုက်ခိုက်မှုများ ဖြစ်နေပေလိမည်။
ပုံရိပ်ယောင်မျက်လုံးမှာ ကျရှုံးသွားလေပြီ ဖြစ်သည်။
"မင်းရဲ့ ဒီအစီအရင်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ... ငါတောင် ခဏလောက် မိန်းမောသွားမလို့ ဖြစ်သွားတယ်"
သူတော်စင် နွေဦးကွင်းပြင်က ပြောလိုက်၏။ သူ၏ စကားလုံးတိုင်းမှာ သူတော်စင်တစ်ဦး၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများ ပါဝင်နေသဖြင့် ဝေ့ဝူယင် လျင်မြန်စွာ ရှောင်တိမ်းနေသော်လည်း သူ၏ ကာကွယ်ရေး အလွှာ မှာ ပြင်းထန်စွာ တုန်ခါနေရ၏။
နွေဦးကွင်းပြင်သည် ဝေ့ဝူယင်၏ နည်းဗျူဟာများအပေါ် အံ့ဩမိသည်။ သို့သော်လည်း...
"ငါ့ရဲ့ အစစ်အမှန် ဝိညာဉ် က နိုးထနေပြီ... မင်း ငါ့ကို ပုံရိပ်ယောင်ထဲ ဆွဲသွင်းချင်ရင် စိတ်ကိုတင်မကဘဲ အစစ်အမှန် ဝိညာဉ် ကိုပါ ထိခိုက်အောင် လုပ်နိုင်ရမယ်... ဒါမှမဟုတ်ရင်တော့ မျက်မမြင်တစ်ယောက်ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာနဲ့ ဘာမှမခြားဘူး... မင်းက ဒီလိုအဆင့်အတန်းမျိုးနဲ့ တိုက်ခိုက်ရတာကို အတွေ့အကြုံ မရှိသေးဘူးပဲ..."
သူတော်စင် နွေဦးကွင်းပြင်က ပြောရင်း သူ၏ မြင်းမြီးယပ်တောင်ကို အာကာသ သုံးခုထဲမှ ရုပ်သိမ်းလိုက်သည်။ တစ်ချိန်တည်း၌... သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။
တခြား သူတော်စင်တွေ မရှိတာသည်လား သို့မဟုတ်... ဉာဏ်အလင်းရ သူတော်စင် အဆင့်၏ မျက်လုံးနှင့် ကောင်းကင်ရတနာ ထံမှပင် ပုန်းကွယ်နိုင်သည့် အလွန် အစွမ်းထက်သော ဖုံးကွယ်ခြင်း အစီအရင်တစ်ခုခု ရှိနေသလားဆိုသည်ကို သူ ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်သည်။
‘ဒါမှမဟုတ်... ပဲ့တင်ထပ် ဝိညာဉ် အဆင့် တစ်ယောက် ပုန်းအောင်းနေတာလား...’
ထိုအတွေးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အကယ်၍သာ ထိုအဆင့်ရှိ ပညာရှင်ဆိုလျှင် သူ့ကို ပုန်းအောင်း တိုက်ခိုက်နေရန် မလိုပေ။ ဉာဏ်အလင်းရ သူတော်စင် နှင့် ထိုအထက်ဆင့် ကျင့်ကြံသူများ၏ ခြားနားချက်မှာ သေမျိုးနှင့် လျှို့ဝှက်အာဏာရှင် ကဲ့သို့ပင် အလွန် ကွာခြားလှသည်။ ထိုကွာခြားချက်မှာ ကောင်းကင်ရတနာ တစ်ခုတည်းနှင့် မကျော်လွှားနိုင်ဘဲ၊ အထွတ်အထိပ် ကောင်းကင်ရတနာ သို့မဟုတ် ဂလက်ဆီ တစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်လောက်သည့် အခြေအနေမျိုးမှသာ ဖြစ်နိုင်သည်။
သူ့တွင် ထိုအရာများ မရှိပေ။
ကျင့်ကြံခြင်းလမ်းကြောင်းမှာ ခက်ခဲလှပြီး အဆင့်တစ်ခုစီ တိုးတက်တိုင်း ရရှိလာသော အခြေခံ စွမ်းအားများမှာ အောက်အဆင့်ရှိသူများ လိုက်မမီနိုင်လောက်အောင် ထူးကဲလှပေသည်။
***