← Chapters

အခန်း (၁၉၉၉-၂၀၀၀)

Vol. 143 Ch. 1999-2000

အခန်း (၁၉၉၉-၂၀၀၀)

Vol. 143 Ch. 1999-2000

အပိုင်း(၁၉၉၉)

‘ဒါဆို သူက... တစ်ယောက်တည်းပဲလား...’

မျက်စိကွယ်သွားပြီး အလူးအလဲ ထွက်ပြေးနေရသော ဝေ့ဝူယင်ကို ကြည့်ရင်း ထိုအတွေးက သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။ ထိုမျက်လုံးများ မရှိပါက နဂါးမျိုးစပ် သေမျိုးဝိညာဉ်ပိုင်ရှင်မှာ လုံးဝ အရေးနိမ့်နေပြီ ဖြစ်သည်။

သူသည် မလှုပ်ရှားမီ နောက်တစ်ကြိမ် ထပ်မံ၍ သေချာစွာ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်မှာ ဦးတည်ချက်မဲ့စွာ ပျံသန်းနေပုံရသော်လည်း၊ သူ၏ မျက်လုံးများမှာ အချိန်အတော်ကြာကတည်းက ပြန်လည် ပေါက်လာခဲ့ပြီး ဖြစ်ကာ ထိုမျက်ဝန်းများတွင် မတွေးဆနိုင်သော တည်ငြိမ်မှုများ ရှိနေသည်။ မသေမျိုး မျက်လုံး ဆိုသည်မှာ အလကား အမည်ပေးထားခြင်း မဟုတ်ပေ။

ထိုအခိုက်၌ သူ၏ အတွေးများမှာ ထိတ်လန့်တုန်လှုပ်နေသော လှုပ်ရှားမှုများနှင့် ဆန့်ကျင်ဘက်ပင် တည်ငြိမ်နေ၏။

‘ပုံရိပ်ယောင်မျက်လုံးကလည်း အလုပ်မဖြစ်ဘူး... အစွမ်းကုန် တိုက်စစ်ဆင်ပြီး ကံကြမ္မာ ရှောင်ကွင်းခြင်း မျက်လုံးကို သုံးပြီး လမ်းမှန်ကို ရှာရမလား... မဟုတ်သေးဘူး... သူက သူတော်စင်တစ်ဦးပဲ၊ လောကကြီးရဲ့ ပြောင်းလဲမှုတွေကို သတိထားမိမှာပဲ... ငါသာ အဲဒါကို သုံးလိုက်လို့ သူက တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်ရင် ငါ့ကိုယ်ငါ ပိုမြန်မြန် သတ်သလို ဖြစ်သွားလိမ့်မယ်... တကယ်ကို ဒုက္ခများတာပဲ..’

အကယ်၍ ဝေ့ဝူယင်သာ လျှို့ဝှက်အာဏာရှင် အဆင့်သို့ ရောက်ရှိပြီး အချိန် အမျိုးအစား လျှို့ဝှက်တာအို ကို နားလည်ထားပါက ဤနှောင့်ယှက်မှုများကို အသေအချာ ကာကွယ်နိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ နည်းလမ်းများ တန်ပြန် သက်ရောက်နိုင်သည့် အခွင့်အရေး အနည်းငယ် ရှိနေခြင်းကပင် သူ့ကို ဝန်လေးစေသည်။

သူ၏ ဆုံးဖြတ်ချက်ကို သိနေသကဲ့သို့ပင် သေမျိုးတာအို မှာ စိတ်အေးသွားသည့် တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။ လျှို့ဝှက်တာအို မှာမူ တိတ်ဆိတ်နေသည်။ ဝေ့ဝူယင်၏ ကြယ်တာရာ-ပါရာဂွန် ခန္ဓာကိုယ် သည် ထိုတုံ့ပြန်မှုများကို အာရုံခံနိုင်သဖြင့် သူ၏ ရွေးချယ်မှု မှန်ကန်ကြောင်း သိလိုက်သည်။

ဖြည်းဖြည်းချင်းပင် သူ၏ နည်းလမ်းများမှာ နည်းပါးလာ၏။

"ဟမ့်..."

ဘုရင်၏ အသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"ငါ သိပါတယ်၊ ငါ သိပါတယ်... အရင်ဆုံး လုပ်စရာ ရှိတာလေးတွေ လုပ်ပါရဦး..."

ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ်စွမ်းအားမှာ ဉာဏ်အလင်းရ သူတော်စင် တစ်ပါး ၏ ဝိညာဉ်အာရုံ ရှေ့တွင် ရိုးရှင်းလွန်းနေသည်ကို သဘောပေါက်လိုက်သည်။ အစစ်အမှန် ဝိညာဉ် အော်ရာကို ဖုံးကွယ်ရန် သူ့တွင် မည်သည့် နည်းလမ်းမှ မရှိပေ။

"ဒါကို စမ်းကြည့်ရအောင်"

ဝေ့ဝူယင် ရှောင်တိမ်းနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူတော်စင် နွေဦးကွင်းပြင်နှင့် မိုင်ပေါင်း သန်းချီအကွာ၌ ရပ်လိုက်သည်။ သူ၏ နောက်ကျောဘက် အဝေး တစ်နေရာတွင် ကောင်းကင်နှလုံးသား ဂလက်ဆီ ရှိပြီး၊ ရှေ့တွင်မူ ပျက်စီးနေသော အာကာသနှင့် အဆုံးမဲ့သော အမှောင် ဟင်းလင်းပြင် ရှိနေသည်။ သူတော်စင် နွေဦးကွင်းပြင်မှာလည်း သူ၏ မြင်းမြီးယပ်တောင်ကို အသုံးချကာ ဝိညာဉ်အစီအရင် အချို့ကို ပြင်ဆင်နေပုံရသည်။

ဝေ့ဝူယင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး သူ၏ လည်ချောင်းထဲသို့ စုပ်ယူခံလိုက်ရသလို ဖြစ်သွားသည်။ ထို့နောက် ကောင်းကင်ယံကို ဖြိုခွဲပြီး လောကကြီးကို လောင်မြိုက်စေလောက်သည့် ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ ဟင်းလင်းပြင် မီးတောက် များစွာ ပေါ်ထွက်လာတော့သည်။

ဘုန်း... ဘုန်း...

ထိုမီးတောက်များသည် သူတော်စင် နွေဦးကွင်းပြင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။

…

"ဟင်းလင်းပြင် အသက်ရှူခြင်း...”

ဝရား...

ကြမ်းတမ်းလှသော ဟိန်းဟောက်သံက ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေ၏။ ရက်စက်ကြမ်းကြုတ်မှု၊ တပ်မက်မှုနှင့် လွှမ်းမိုးလိုမှုတို့ ပြည့်နှက်နေသော ထိုအသံနှင့်အတူ အသွင် သဏ္ဌာန်မဲ့ နတ်ဘုရား ဝိညဉ်အလင်းများမှာ သူ၏ နဂါးကြေးခွံများပေါ်တွင် ခန့်ညားထည်ဝါစွာ လင်းလက်လာသည်။

သူတော်စင် နွေဦးကွင်းပြင်သည် အန္တရာယ်အငွေ့အသက်ကို ချက်ချင်း အာရုံခံမိလိုက်သဖြင့် သံသယများပြည့်နေသည့် အကြည့်ဖြင့် မိုင်ပေါင်းသန်းချီအကွာ၌ ပါးစပ်ဟထားသော ဝေ့ဝူယင်ထံသို့ လှမ်းကြည့်လိုက်သည်။

"..."

သူ၏ ပထမဆုံးအတွေးမှာ ထိုဟိန်းဟောက်သံထဲတွင် ဝိညာဉ် သို့မဟုတ် ခန္ဓာကိုယ်ကို ထိခိုက်စေမည့် အာဏာရှင် ကျင့်စဉ် တစ်ခု သို့မဟုတ် သိုင်းပညာ တစ်ခုခု ပါဝင်နေမည်ဟု ယူဆခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ်ဖြစ်သော အမှောင် ဟင်းလင်းပြင် ထဲတွင် ထိုအသံမှာ ဝိညာဉ်ရေးရာ ပြင်းအားကြောင့် ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်နေသောကြောင့်ပင်။

ရုတ်တရက်ဆိုသလိုပင် ကြိုတင် အချက်ပြမှု တစ်စုံတစ်ရာမရှိဘဲ သူ၏ပတ်ဝန်းကျင်၌ လောင်ကျွမ်းသံများ ထွက်ပေါ်လာသည်။ ထိုအခါမှ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဒိုင်မန်းရှင်း သုံးခုစလုံးတွင် ဖုံးကွယ်ထားသော သူ၏ လျှို့ဝှက်ကာကွယ်ရေး အလွှာကို စစ်ဆေးလိုက်သည်။ ဤသည်မှာ အဆင့်မြင့်ကျင့်ကြံသူများ၊ အထူးသဖြင့် သူတော်စင် များ အသုံးပြုလေ့ရှိသော ချောင်းမြောင်းတိုက်ခိုက်မှုကို သိရှိနိုင်မည့် နည်းဗျူဟာ ဖြစ်၏။

‘လောင်ကျွမ်းနေတာလား...’

သူသည် ထိုနေရာကို စူးစမ်းရန် မျက်လုံး ဝိညာဉ်အစီအရင်ကို အသုံးပြုလိုက်သော်လည်း... ဘာမှမတွေ့ရပေ။ ဝိညာဉ်အာရုံခံခြင်း ဖြင့်ပင် ထိုလောင်ကျွမ်းမှု၏ ဇစ်မြစ်ကို မမြင်ရချေ။ သို့သော် သူ၏ လျှို့ဝှက်ကာကွယ်ရေး အလွှာ ကို တည်ဆောက်ထားသော လျှို့ဝှက်စွမ်းအား များမှာမူ လျင်မြန်စွာ လောင်ကျွမ်းပြာကျနေသည်။ အပူရှိန်ကိုလည်း သူ မခံစားရသလို၊ ဟင်းလင်းပြင်ထဲတွင်လည်း မည်သည့် တုန်ခါမှုကိုမျှ သူ အာရုံမရချေ။

‘ဒါ... ဘာလဲ...’

သူ တည်ငြိမ်စွာဖြင့် သူ၏ ကာကွယ်ရေး အလွှာ ကို ထပ်မံ အားဖြည့်လိုက်သည်။

ဝေ့ဝူယင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်နှင့် သေမျိုးဒဏ္ဍာရီ အမှတ်အသား၏ အထွတ်အထိပ်တွင် ရှိစဉ်က ဆက်စပ်မှု စစ်မြေပြင်၏ စစ်သည်တော် များပင်လျှင် ဤ ဟင်းလင်းပြင် မီးတောက် ကို အာရုံခံနိုင်ခဲ့ကြသည်။

သို့သော်လည်း... ယခု ဝေ့ဝူယင်၏ ကျင့်ကြံမှုနှင့် အောင်မြင်မှုအဆင့်တွင်မူ လျှို့ဝှက်အာဏာရှင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသူများပင် ဤမီးတောက်များ ရှိနေခြင်းကို သိနိုင်တော့မည် မဟုတ်ပေ။ အကယ်၍သာ သူတော်စင် နွေဦးကွင်းပြင် ကြိုတင်ကာကွယ်မထားပါက သူသည် ထိုမီးတောက်များ၏ ဝါးမျိုမှုကို ခံလိုက်ရမည်မှာ အသေအချာပင်။

ဝေ့ဝူယင်၏ မျက်လုံးထဲတွင်မူ ဟင်းလင်းပြင် မီးတောက် များမှာ မီးခိုးရောင် မီးလျှံကြီးများအဖြစ် အာကာသ အလွှာစုံကို လွှမ်းခြုံကာ တဟုန်းဟုန်း တောက်လောင်နေသည်ကို မြင်နေရသည်။ စိတ်ကူးတစ်ခုဖြင့် ထိုမီးတောက်များသည် သူတော်စင် နွေဦးကွင်းပြင်ကို ဗဟိုပြု၍ ဧရာမ မီးမုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ကို ဝါးမျိုရန် ဝိုင်းရံလိုက်ကြသည်။ ၎င်းတို့မှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကိုပင် အလွယ်တကူ ဝါးမျိုနိုင်လောက်သည့် မီးလျှံလှိုင်းလုံးကြီးများပင် ဖြစ်၏။

သို့သော်လည်း ထိုတိုက်ခိုက်မှုမှာ နွေဦးကွင်းပြင်၏ လျှို့ဝှက်ကာကွယ်ရေး အလွှာ ကို မဖောက်ထွင်းနိုင်သေးချေ။ နွေဦးကွင်းပြင်က သူ၏ အကာအကွယ်ကို အနည်းငယ် အားဖြည့်လိုက်ရုံမျှဖြင့် ထိုမီးတောက်များကို ခုခံထားနိုင်သည်။ ထို့ပြင် ၎င်းမှာ ဤကဲ့သို့ တိုက်ခိုက်မှုမှာ ပစ်မှတ်တစ်ခုတည်းကို အာရုံစိုက်ရန် ခက်ခဲပြီး စစ်တပ်တစ်ခုကဲ့သို့ ရန်သူအများအပြားကို တိုက်ခိုက်ရာတွင်သာ ပို၍ အသုံးဝင်လေသည်။

ဝေ့ဝူယင်သည် မကျေမနပ်ဖြစ်သော အကြည့်ဖြင့် ဟိန်းဟောက်ခြင်းကို ရပ်လိုက်၏။ ဝန်ခံရန် ခက်ခဲသော်လည်း ခရာတို၏ စွမ်းအားမှာ တိုက်စစ်ဆင်ရာ၌ အစွမ်း အထက်ဆုံး မဟုတ်ပါချေ။ အလွန်သန်မာသော ခန္ဓာကိုယ်နှင့် ဟင်းလင်းပြင် ကူးပြောင်းခြင်း၊ ပုံရိပ်ယောင်များ နှင့် ဖုံးကွယ်ခြင်း ကဲ့သို့သော နည်းဗျူဟာများတွင်သာ ရှိနေခြင်းဖြစ်သည်။

သို့သော်... ကျွမ်းကျင်မှုရှိပြီး သတိမလွတ်သော ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင် ရှေ့တွင်မူ ထိုစွမ်းရည်များမှာ တောင်ကြီးကို ပျော့ပျောင်းသော ပစ္စည်းဖြင့် ပစ်ပေါက်နေသကဲ့သို့ပင် အကျိုးသက်ရောက်မှု မရှိလှပေ။

"ဟမ့်..."

ခရာတိုသည် ဝေ့ဝူယင်၏ မကျေနပ်မှုနှင့် သုံးသပ်ချက်များကို ခံစားသိရှိနိုင်သော်လည်း ထိုသို့ အကဲဖြတ်ခံရမှုကို လုံးဝ သဘောမကျပေ။ ဝေ့ဝူယင်ကိုယ်တိုင်လည်း ပြဿနာမှာ သူ၏ ကျင့်ကြံမှု အခြေခံ နိမ့်ပါးနေခြင်းနှင့် လျှို့ဝှက်တာအို ၏ နက်နဲမှုကို နားမလည်သေးခြင်းတို့ကြောင့် ဖြစ်သည်ဟု သိထားသည်။

ဧဒင်၏ စိတ်ခံစားမှု ပြောင်းလဲခြင်းနှင့် ပုံရိပ်ယောင်မျက်လုံး တို့ ပေါင်းစပ်မှုကလည်း အလုပ်မဖြစ်ခဲ့ပေ။ အစစ်အမှန် ဝိညာဉ် နှင့် ထိတွေ့ထားသူများကို လှည့်စားရန်မှာ လွယ်ကူသည် မဟုတ်ချေ။ ဝေ့ဝူယင်သည် သူ၏ ကန့်သတ်ချက်များကို သဘောပေါက်လိုက်ပြီး လက်ဟန်ချိပ်စည်းများကို စတင် ပြုလုပ်လိုက်သည်။

ဧဒင် နှင့် ခရာတို တို့၏ တိုက်ခိုက်ရေး စွမ်းရည်များသည် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးအပေါ်တွင် အလုပ်မဖြစ်ပေ။ သို့ဆိုလျှင် သူ၏ နောက်ထပ် လှုပ်ရှားမှုက ဘာဖြစ်မည်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။

သူတော်စင် နွေဦးကွင်းပြင်သည် လောင်ကျွမ်းနေသော အရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို အာရုံခံမိသည်။ သူတော်စင် တစ်ဦး၏ လျှို့ဝှက်စွမ်းအားမှာ လျှို့ဝှက်အရှင် တို့ထက် များစွာ သာလွန်သည်။ ထို့ပြင် နွေဦးကွင်းပြင်သည် သာမန်သူတော်စင် တစ်ဦးမဟုတ်ပေ။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခွင်၌ပင် သူ၏ အင်အားကို တိုင်းတာမည်ဆိုပါက ထိပ်တန်း ဆယ်ဦးစာရင်းဝင် ဖြစ်မည်ဟု ယုံကြည်ထားသူ ဖြစ်သည်။

သူ့တွင် ကျင့်ကြံမှုနှင့် ကိုက်ညီသော ကောင်းကင်ရတနာ သုံးခု ရှိသည့်အပြင် သာမည အာဏာများကိုလည်း နားလည်ထားပြီး၊ သေမျိုးဘဝနှင့် လျှို့ဝှက် အာဏာရှင် အောက်ပိုင်း အဆင့်များတွင်လည်း ပြီးပြည့်စုံသော အခြေခံကို တည်ဆောက်ထားနိုင်ခဲ့သူ ဖြစ်သည်။

အမြဲတမ်းပြုံးနေသော မျက်နှာဖြင့်ပင် သူက စူးစမ်းရှာဖွေမှုများကို အဆုံးသတ်လိုက်၏။

***

အပိုင်း(၂၀၀၀)

‘ဘယ်သူမှ မရှိဘူးလား...’

နွေဦးကွင်းပြင်သည် ကောင်းကင်စည်းလုံးခြင်း ယပ်တောင် နှင့် ဝိညာဉ်အာရုံခံခြင်း တို့ဖြင့် အနီးနားရှိ ဂလက်ဆီတစ်ခွင်ကို အသေအချာ ရှာဖွေသော်လည်း အခြားသော သူတော်စင်တစ်ဦး၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ထို့နောက် သူ၏ အကြည့်မှာ ကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ဝေ့ဝူယင်ထံသို့ ရောက်သွားသည်။

သူ့စိတ်ထဲတွင် အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်သည်။ အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထို သည် သူတော်စင် နွေဦးကွင်းပြင်၏ ရတနာရှိကြောင်းကို သူ၏ သွေးမျိုးဆက် စွမ်းအား သို့မဟုတ် အာရုံခံရတနာ တစ်ခုခုဖြင့် သိရှိသွားကာ ၎င်းကို မတရား သိမ်းပိုက်လိုခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ တာအိုစောင့်ရှောက်သူဖြစ်သော ဤနဂါးမျိုးစပ် ကျင့်ကြံသူကို အသုံးချ၍ နှောင့်ယှက်မှုများ ပြုလုပ်ခြင်း ဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်သည်။

‘ဒီနဂါးမျိုးစပ် ကျင့်ကြံသူက အဲဒီ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုရဲ့ အားအကိုးရဆုံးသူ ဖြစ်ရမယ်... သူတော်စင်တွေရဲ့ အစစ်အမှန် စွမ်းအားကို မသိဘဲ ဝိညာဉ်အာရုံခံခြင်း ရှေ့မှာ စွမ်းအင်တွေ ဖြုန်းတီးနေတာကို ကြည့်ရင် အဲဒီ အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထို ဆိုတဲ့သူက အလွန်ဆုံးရှိလှ လျှို့ဝှက်အရှင် အဆင့်လောက်ပဲ ရှိမှာပါ...’

နွေဦးကွင်းပြင်၏ ကောက်ချက်မှာ အများအားဖြင့် မှားယွင်းနေသော်လည်း အချက်တစ်ချက်မှာမူ မှန်ကန်နေသည်။ ဝေ့ဝူယင် ဤလောကတွင် အားအကိုးရဆုံးအရာမှာ ဝေ့ဝူယင်ကိုယ်တိုင်သာ ဖြစ်သည်။ သူသည် သူတော်စင် တစ်ဦးနှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံ ရှိသော်လည်း၊ နွေဦးကွင်းပြင်မှာ သာမန်သူတော်စင် တစ်ဦးမဟုတ်ပေ။

ထိုသို့ သိရှိသွားပြီးနောက် နွေဦးကွင်းပြင်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားတော့၏။ သူသည် ဂလက်ဆီထဲတွင်ရှိသော ပိုင်ပန်းကို လှမ်းကြည့်ကာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက် ဂလက်ဆီထဲ၌ အားနည်းလှသော လျှို့ဝှက်အရှင် တစ်ဦး၏ အော်ရာကို တွေ့ရှိလိုက်ရာ ထိုသူမှာ အာရုဏ်ဦး အဂ္ဂိရတ်ရှန့်ထို ဖြစ်ရမည်ဟု သူက မှတ်သားလိုက်သည်။

နွေဦးကွင်းပြင်၏ မျက်ဝန်းတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လက်ခနဲ ဖြစ်သွား၏။ ဤနဂါးမျိုးစပ် ကျင့်ကြံသူကို အရင်ဆုံး သတ်ပစ်မှသာ ရန်သူများ ထွက်ပြေးခြင်းကို တားဆီးနိုင်မည် ဖြစ်သည်။

ဝေ့ဝူယင် လက်ဟန်ချိပ်စည်း နှစ်ခုမျှသာ ပြုလုပ်ရသေးချိန်တွင်ပင်... သူတော်စင် နွေဦးကွင်းပြင်ထံမှ တင်းမာမှုများ ပျောက်ကွယ်သွားပြီး ပြတ်သားသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ဝေ့ဝူယင်၏ နှလုံးသားထဲတွင် အေးစိမ့်သွား၏။

‘ဆိုတော့... သူက ငါ့ကို အစွမ်းကုန် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... တစ်ဖက်မှာ ချောင်းမြောင်းနေတဲ့သူ မရှိဘူးဆိုတာကို သူ အသေအချာ ယုံကြည်သွားပုံရတယ်’

ဝေ့ဝူယင်သည် စမ်းသပ်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

"ဟမ့်...’

ဘုရင် ၏ အသံက စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"သိပါတယ်၊ သိပါတယ်"

ဝေ့ဝူယင်က လက်များကို အောက်သို့ ချလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဟာ... ငါလည်း စမ်းကြည့်ချင်သေးတာကို..."

အိုရီက မကျေမနပ်နှင့် အော်လိုက်သည်။ ခရာတိုနှင့် ဧဒင်တို့မှာ တိုက်စစ်ဆင်ခွင့် ရခဲ့သော်လည်း သူမမှာမူ အခွင့်အရေး မရခဲ့ချေ။

ဝေ့ဝူယင်က ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့ အိုရီ၊ မင်းလည်း အခွင့်အရေး ရမှာပါ... တကယ်တော့ မင်းတို့ အားလုံး ရမှာပါ"

ယခုမှစ၍ သူသည် မပေါ့ဆရန် ဆုံးဖြတ်လိုက်သည်။ စောစောက နွေဦးကွင်းပြင်သည် သူ့အပေါ်သို့ အာရုံစိုက်မှု ဆယ်ပုံတစ်ပုံပင် မရှိဘဲ ခုခံရေးနှင့် ထွက်ပြေးရေးကိုသာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါမူ...

ဝေ့ဝူယင်၏ မျက်လုံးများမှာ အထွတ်အထိပ်သို့ ရောက်အောင် တောက်ပသွားပြီး ဖီဆန်လေး ၏ ဝိညာဉ်နှင့် ချိတ်ဆက်လိုက်သည်။ သူသည် ဆေဘာလက်ကိုင်ကို ဆုပ်ကိုင်ကာ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်လေသည်။

‘အဆင်သင့်ပဲလား...’

ဝေ့ဝူယင် ရရှိလိုက်သော တုံ့ပြန်မှုမှာ သူ၏ ကြယ်တာရာ ဝိညာဉ် များ၊ ဖီဆန်လေး နှင့် သူကိုင်ထားသော ဒြပ်စင် တို့ထံမှ ဟန်ချက်ညီညီ ထွက်ပေါ်လာသော တုန်ခါမှုများပင် ဖြစ်၏။

ဘုန်း... ဘုန်း...

ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါစပြုလာ၏။

အခြားတစ်ဖက်၌... သူတော်စင် နွေဦးကွင်းပြင်သည်လည်း သူ၏ လျှို့ဝှက်စွမ်းအားများကို လှည့်ပတ်ကာ ဥပဒေသ အော်ရာများ ပြည့်နှက်နေသော မဟူရာ သစ်သားလှံ ကို ထုတ်ယူလိုက်သည်။ ဤသည်မှာ နောက်ထပ် ကောင်းကင်ရတနာ တစ်ခုပင်။ ထိုလှံကို ကိုင်လိုက်သည်နှင့် သူ၏ လျှို့ဝှက်အော်ရာမှာ မကြုံစဖူးသော အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့သည်။

သို့သော် ထိုခဏ၌ပင်...

စကားတစ်လုံးမျှ မဆိုဘဲ ပြင်းထန်သော တိုက်စစ်ကို စတင်ရန် ပြင်လိုက်စဉ်မှာပင်...

ရုတ်တရက်... သူ၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာတော့၏။ သူ၏ မျက်နှာပေါ်မှ အမြဲတမ်းရှိနေသော အပြုံးမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။

…

ဖော်ပြရန်ခက်ခဲလှသော... စိတ်ကူးအိပ်မက်တို့ထက် ကျော်လွန်သော ဆန်းကြယ်မှု...

‘ဘယ်တုန်းကပါလိမ့်...’

ဝေ့ဝူယင် ဓားအိမ်ထဲမှ ဆေဘာကို ဖြည်းညှင်းစွာ ဆွဲထုတ်ရင်း စိတ်ဝင်တစားနှင့် အံ့ဩစွာ တွေးတောနေမိသည်။ ထိုမေးခွန်းကို ပြန်လည်ဖြေကြားသည့်အလား သူ၏ ကြယ်တာရာ အမြုတေများသည် ကြယ်တာရာတို့၏ တေးသံ၊ သေမျိုးတာအို၏ ဂီတတို့နှင့်အတူ တုန်ခါလာပြီး သေမျိုးရည်ရွယ်ချက်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။

ဝေ့ဝူယင်၏ အတွေးထဲတွင် သူဖြတ်သန်းခဲ့သော သေမျိုးဘဝ ကျင့်ကြံခြင်းလမ်းကြောင်းများ တရိပ်ရိပ် ပေါ်လာ၏။ အခြေခံ တည်ဆောက်ခြင်း အဆင့် မှစ၍ သူ၏ ဘဝတွင် အရှုပ်ထွေးဆုံးနှင့် အလှည့်အပြောင်းအဖြစ်ဆုံး ချီ ပျစ်ခဲခြင်း အဆင့်၊ ထို့နောက် ကြယ်တာရာများကို ငေးကြည့်ကာ ကောင်းကင်ဖြစ်စဉ်များ၏ စွမ်းအားကို ကိုင်တွယ်နိုင်သော သေမျိုးတာအို၏ အကြီးကျယ်ဆုံး စင်မြင့်ဖြစ်သည့် ကြယ်တာရာ အမြုတေ အဆင့် အထိ...။

‘ဘယ်တုန်းက ငါ့ရဲ့ စွမ်းအားတွေ အားလုံးကို အကန့်အသတ်မရှိ ထုတ်သုံးခဲ့ဖူးလဲ...’

ဝေ့ဝူယင်၏ မီးခိုးရောင် ကြေးခွံများမှာ ဗီဇအရပင် ပြန်လည် ပျောက်ကွယ်သွားပြီး သူ၏ အသားအရေမှာ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ အစစ်အမှန် နဂါး အသွင်ပြောင်းလဲမှု လျော့ကျသွားသော်လည်း သူ၏ ခန္ဓာကိုယ် စွမ်းအားနှင့် အရှိန်အဝါမှာမူ လျော့ပါးမသွားသည့်အပြင် နဂါးတို့၏ ဖိအားမှာ အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့သည်။

လှပပြီး ကြည်လင်သော အလင်းတန်းများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားပြီး အမှောင် ဟင်းလင်းပြင် ထဲတွင်ပင် လေပြေညင်းများ တိုက်ခတ်လာစေကာ သူ၏ ဆံပင်နှင့် ဝတ်ရုံများကို ကခုန်နေသယောင် လွင့်ပျံစေသည်။ သူ၏ ခြေဖဝါးအောက်မှ အပျက်အစီး မန်နာများနှင့် ဟင်းလင်းပြင်မှာပင် သူ၏ အမိန့်ကို မစောင့်ဘဲ ခိုင်မာသော အခြေခံအဖြစ် ပြောင်းလဲပေးထားကြသည်။ သူသည် စစ်မှန်သော ပြီးပြည့်စုံခြင်းနှင့် ထည်ဝါခြင်းတို့၏ ပြယုဂ်အဖြစ် ရပ်တည်နေတော့သည်။

ထိုစဉ် သူ မှတ်မိသွားသည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက သူ အပြစ်သား တက်တူး ကို ရရှိပြီးနောက် မေ့မ့ ၏ ဒုက္ခများကို ကြားသိခဲ့ရသည်။ ထိုစဉ်က နဂါးအရိုးပြာမြို့တော် သို့ သွားရောက်ခဲ့ရာ ကုဖူတု ဆိုသည့် သေမျိုးနတ်ဘုရား တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ ထိုစဉ်က သူ၏ ကျင့်ကြံမှု ကန့်သတ်ချက်ကို သူကိုယ်တိုင် မသိသေးသဖြင့် ရှိသမျှ စွမ်းအားအားလုံးကို တစ်ကြိမ်တည်းဖြင့် ထုတ်သုံးခဲ့ဖူးသည်။ သူသည် ချီစွမ်းအား သုံးဆယ်ရာခိုင်နှုန်းကို ထိုတိုက်ကွက် တစ်ချက်တည်းတွင် အကုန်အစင် သုံးစွဲခဲ့ခြင်း ဖြစ်၏။

အခြားသူများအတွက် ထိုအဖြစ်အပျက်မှာ အသေးအဖွဲ ဖြစ်နိုင်သော်လည်း၊ ထိုအချိန်မှစ၍ ဝေ့ဝူယင်၏ ခြေလှမ်းတိုင်းမှာ ခိုင်မာလာခဲ့ပြီး သူ၏ စွမ်းအားမှာလည်း အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သဖြင့် သူ၏ စွမ်းအား အစစ်အမှန်အားလုံးကို ထုတ်သုံးရန် မလိုအပ်တော့ချေ။

ကြယ်တာရာ အသိုက်ထဲမှ မျက်နှာဖုံးစွပ်နှင့် တိုက်ခိုက်စဉ်ကလည်း မသုံးခဲ့ချေ။ စစ်ဝိညာဉ် တစ်သောင်းနှင့် ရင်ဆိုင်စဉ်ကလည်း မသုံးခဲ့ရချေ။

လောကကြီးကို ဓားနှင့် ခုတ်ပိုင်းစဉ်၊ စန်းယွန်းလီနှင့် ရင်ဆိုင်စဉ်ကလည်း မသုံးခဲ့ရချေ။ အကြောင်းအမျိုးမျိုးကြောင့် သို့မဟုတ် သူ၏ ဂုဏ်သတင်းနှင့် အဂ္ဂိရတ်ပညာရပ်ကြောင့်ပင် တိုက်ပွဲများမှာ သူ အစွမ်းကုန် မထုတ်ရမီမှာပင် ပြီးဆုံးသွားလေ့ရှိသည်။

ရွယ်တူ မျိုးဆက်ထဲတွင်လည်း သူ့ကို ဤမျှအထိ တွန်းအားပေးနိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။

လွန်ခဲ့သော နှစ်များစွာက ချီ ပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူလေး ဘဝမှာတုန်းကသာ ဤကျယ်ပြောလှသော လောကကြီးထဲတွင် ရှင်သန်ရန် ကြိုးစားနေစဉ် သူသည် အရာအားလုံးကို အကန့်အသတ်မဲ့ ထုတ်ဖော်ခဲ့ဖူးခြင်း ဖြစ်သည်။

‘ဒါက ဒီလို ခံစားချက်မျိုးလား... ဒါက ကြယ်တာရာ ဆင်းတု ရဲ့ နိုးထမှုပေါ့...’

ဝေ့ဝူယင် တစ်ယောက် အထွတ်အထိပ်ထက် ကျော်လွန်သော ကြယ်တာရာ အမြုတေ လေးခု၊ ပြီးပြည့်စုံသော ကြယ်တာရာ ခန္ဓာကိုယ် နှင့် ဖီဆန်လေး တို့၏ စွမ်းအားများကို သေမျိုးရည်ရွယ်ချက် ဖြင့် ပေါင်းစပ်ကာ ကြယ်တာရာ ဆင်းတု ကို နိုးထစေနေချိန်တွင်၊ သူတော်စင် နွေဦးကွင်းပြင်၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် မဟူရာ သစ်သား ဝိညာဉ်ထိုးဖောက်လှံဟုခေါ်သော သူ၏ ကောင်းကင်ရတနာ ကို စိုးရိမ်ထိတ်လန့်စွာ ဆုပ်ကိုင်ထားလေသည်။

သူ၏ ဝိညာဉ်ထဲတွင် သေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ် အငွေ့အသက်များကို ခံစားနေရသည်။ ဉာဏ်အလင်းရ သူတော်စင် တစ်ဦးအဖြစ် သူသည် အထွတ်အထိပ် ကျင့်ကြံခြင်း လမ်းကြောင်းကို ဖြတ်သန်းလာခဲ့သူ ဖြစ်သဖြင့် ဤ ကြယ်တာရာ ဆင်းတု ဆိုသည်မှာ သေမျိုးတစ်ဦး၏ ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်ရှိကြောင်း သက်သေဖြစ်သည်ကို သိထားသည်။

သူကိုယ်တိုင်လည်း တစ်ချိန်က ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီးမှ လျှို့ဝှက်အာဏာရှင် အဆင့် သို့ အဟုန်ပြင်းစွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤခံစားချက်မှာ သူ့အတွက် ရင်းနှီးသလို ရှိသော်လည်း ယခုခံစားနေရသော ပြင်းအားမှာမူ လုံးဝ ထူးခြားနေသည်။

"ကြယ်တာရာ ဆင်းတု...”

***

All Chapters