← Chapters

ဇနီးသည် နတ်ဆေးသမားတော်မလေး

Vol. 1 Ch. 7

ဇနီးသည် နတ်ဆေးသမားတော်မလေး

Vol. 1 Ch. 7

လီနန်ခယ့်သည် အရှေ့မှ ဆူပွက်နေသောဆေးအိုးကို ငေးကြောင်စိုက်ကြည့်နေမိသည်။

အိပ်မက်ထဲမှ လက်တွေ့လောကထဲသို့ ချက်ချင်းဆိုသလို ဆွဲခေါ်ခံလိုက်ရသည့် ဝေဝေဝါးဝါးခံစားချက်ကြောင့် သူ၏ဦးနှောက်အလုပ်လုပ်ပုံမှ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့ပြီး အတွေးစဥ်ထဲတွင် ချည်လုံးဂွမ်းလုံးများ ဖောင်းပွပြည့်နှက်နေသကဲ့သို့ ဘာကိုမှမတွေးနိုင်ဖြစ်လျက်ရှိလေသည်။

အချိန်တစ်ခုမျှအကြာမှ အသိစိတ်က ခန္ဓာကိုယ်ဆီသို့ တဖြည်းဖြည်းပြန်ကပ်လာခဲ့သည်။

"နည်းနည်းလောက် ပိုပြီးညင်သာပေးလို့ မရဘူးလားပဲ"

လီနန်ခယ့်သည် နားထင်များကိုပွတ်သပ်ရင်း စိတ်ထဲမှ မကျေမနပ် မြည်တွန်တောက်တီးနေမိ၏။

မိုးနီအိပ်မက်ကမ္ဘာမှ ဤသို့သော ကြမ်းကြမ်းတမ်းတမ်းနည်းလမ်းဖြင့် ထွက်လာရသည့်အခါတိုင်း ပုတ်သင်ညိုတစ်ကောင်နှင့်ယူလိုက်တာကမှ တော်ကာကျလိမ့်မည်ဟု တွေးမိရသည်။

အခန်းမှာ အသံတစ်စပင်မထွက်အောင် တိတ်ဆိတ်နေလျက်။

ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်ယံမှာ မှောင်ရီပျိုးစ မှိုင်းညို့နေပြီဖြစ်၏။

နေဝင်ရီတရော ဆည်းဆာချိန်၏ နောက်ဆုံးအလင်းရောင်လေး ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တစ်ခုလုံးမှာ ရေခဲရိုက်ထားသော မှန်ချပ်ကြီးဖြင့် ဖုံးအုပ်ထားသည့်အလား မီးခိုးရောင်သမ်းသွားပြီး ညဉ့်ဦးယံ၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် စောင့်ကြိုနေသကဲ့သို့ရှိသည်။

အခန်းထဲတွင် ပျံ့လွင့်နေသော ဆေးနံ့ပြင်းပြင်းများက လက်တွေ့လောက၏အငွေ့အသက်ကို ထင်ရှားစွာပြသလျက်ရှိ၏။

သို့သော်ငြား ပို၍စိတ်ချရစေရန် လီနန်ခယ့်သည် သေနတ်ကိုကောက်ကိုင်ကာ ခေါင်းကိုချိန်၍ တစ်ချက်ထပ်ပစ်လိုက်သည်။ မည်သည့်သွေးစသွေးနမှ ထွက်မလာသောအခါမှ သူ စိတ်အေးလက်အေး သက်ပြင်းချမိတော့၏။

ဤသေနတ်ကို အပြင်လောကတွင် သုံးမရသည့်အချက်မှာ အိပ်မက်နှင့်လက်တွေကို ခွဲခြားဖို့အတွက် နည်းလမ်းကောင်းတစ်ခုသာပင်။

"အသက်ရှင်နေသေးလို့ တော်သေးတာပေါ့"

အခန်းပြင်သို့ လှမ်းထွက်လိုက်သည့်အခါတွင် တောင်ပေါ်မှ ဆေးမြက်ပင်နံ့များ ရောနှောနေသော အေးမြသည့်လေပြေက သူ့ကို ဆီးကြိုလိုက်သည်။

လီနန်ခယ့်သည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ရင်ဘတ်ထဲမှလေဟောင်းများကို အားပါးတရမှုတ်ထုတ်လိုက်သော် လန်းဆန်းသောခံစားချက်က အသစ်တစ်ဖန် ပြန်လည်မွေးဖွားလိုက်ရသည့်အလား။

တံခါးရှေ့တွင် လိပ်အိုကြီးတစ်ကောင်လှဲလျောင်းနေကာ ညနေခင်းလေပြေအေးကို ခံစားလျက်ရှိ၏။

ဤလိပ်ကြီးမှာ အတော်အတန်ကြီးမားလှ၏။ အရွယ်အစားသည် တစ်မီတာခန့်ရှည်လျားကာ အယ်လ်ဒါဘရာလိပ်မျိုးနှင့် အနည်းငယ်ဆင်တူသည်။ သို့သော် ၎င်း၏အခွံမှာ အဖြူတွင် မီးခိုးဖျော့သမ်းကာ နှင်းပွင့်ချပ်သဏ္ဌာန်များဖြင့် ဖုံးအုပ်နေလျက် ထိုနှင်းပွင့်လေးများသည် နေခြည်ထိုးသည့်အခါတွင် ငွေရောင်အလင်းပြန်တတ်လေသည်။

လီနန်ခယ့် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာကတည်းက ဤလိပ်ကြီးသည် သူ့ဘေးနားတွင် တစ်ချိန်လုံးရှိနေခဲ့ခြင်းပင်။

သူ့ကို လိပ်ဆရာကြီးဟု မှည့်ခေါ်ထားသည်။

ဇနီးသည်၏ ပြောပြချက်အရ ထိုလိပ်ကြီးသည် တာအိုရသေ့ကြီး၏ အိမ်မွေးတိရိစ္ဆာန် နတ်ဘုရားသားရဲတစ်ကောင်ဖြစ်သည်ဟု။ ရေထဲတွင်ဖြစ်စေ ကုန်းမြေတွင်ဖြစ်စေ မြင်းတစ်ကောင်ထက်မြန်အောင်ပြေးနိုင်သည်ဟု ဆိုသည်။

လီနန်ခယ့်ကတော့ ထိုအချက်ကို သံသယပွားသည်။

လိပ်ခွံထဲသို့ ဗြောက်အိုးများ တိတ်တိတ်လေးပစ်ထည့်ခဲ့တုန်းကပင် လိပ်ကြီးအမြန်ပြေးသည်ကို သူမမြင်ခဲ့ရပေ။

ရှိစေတော့။ နောက်အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်သော ငန်းဖြူမကြီးကတော့ အလွန်အပြေးမြန်သည်မဟုတ်လော။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် အလားတူပင် ငန်းမကြီး၏တင်ပါးနောက်သို့ ဗြောက်အိုးများ ပစ်ထည့်ခဲ့ရာ ထိုငန်းမကြီးမှာ သူ့ကို သုံးရက်သုံးညတိုင်အောင် အငြှိုးတကြီး လိုက်ခွပ်ခဲ့သည်။ တစ်ခါတစ်ရံ ဆယ်မီတာခန့်အကွာမှပင် မျက်တောင်တစ်ခတ်အတွင်း သူ့အနားရောက်လာတတ်ပြီး အားပါးတရခွပ်တတ်ပြန်လေသောကြောင့် ထိုလက်စားချေလိုစိတ်ကိုတော့ သူအတော်ချီးကျူးမိပါသည်။

ဘာမှမတတ်နိုင်သည့်အဆုံး လီနန်ခယ့်သည် ငန်းစာထဲသို့ ဝမ်းနှုတ်ဆေးအချို့ကို စေတနာရှေ့ထား၍ ဖောဖောသီသီ ထည့်ပေးလိုက်မှသာ ထိုငန်းမကြီးလည်း သိသိသာသာ ငြိမ်ကျသွားတော့လေသည်။

လီနန်ခယ့်သည် မျက်နှာသုတ်ပဝါတစ်ထည်နှင့် သစ်သားရေခွက်လေးကိုကိုင်ကာ ရေကန်ငယ်ဆီသို့သွားပြီး မျက်နှာအား ရေအေးအေးဖြင့်သစ်သည်။

ရေကန်မှ သိပ်မလှမ်းသောတစ်နေရာတွင် သာမန်မြင်နေကျငန်းများထက် အရွယ်အစားပိုကြီးသော ငန်းဖြူကြီးတစ်ကောင်သည် နှင်းကဲ့သို့ဖြူဆွတ်သော ငန်းတောင်များအား ကျော့ရှင်းစွာဆန့်တန်းလျက် အလှတရားကို ဖြန့်ကျက်ပြသနေလေသည်။

လီနန်ခယ့် သူ့ပါးများသူပွတ်ရင်း လှမ်းနှုတ်ဆက်လိုက်သည်။

"ငန်းမမကြီး နေကောင်းသွားပြီလား"

ငန်းမမကြီးသည် အနည်းငယ် မာနကြီးသော အိမ်မွေးတိရစ္ဆာန် ဖြစ်သည်။

အစဥ်အမြဲပျင်းရိနေသော လိပ်ဆရာကြီးနှင့်မတူဘဲ ဇွဲနပဲကောင်းသူဖြစ်ကာ ရေကန်ငယ်လေးတွင် သူ့ဘာသာသူ မကြာမကြာ ရေချိုးသန့်ရှင်းလေ့ရှိသောကြောင့် အမြဲတစေ ဖြူစင်သပ်ရပ်နေတတ်၏။

ရုံးဖွင့်ရက်များတွင် လူတိုင်းအပေါ် အေးစက်စက်ဆက်ဆံတတ်သည့်အထာလည်းရှိ၏။

လိပ်ဆရာကြီးကိုလည်း လူသားများနှင့် တန်းတူဆက်ဆံသည်။

သူ့ဇနီးကမူ ဤနှစ်ကောင်မှာ ရသေ့ကြီးစီစဉ်ပေးခဲ့သော ကြင်ဖက်စုံတွဲဖြစ်သည်ဟု ဆိုသော်လည်း လိပ်ဆရာကြီး၏ ရိုရိုကျိုးကျိုး မျက်နှာငယ်လေးနှင့် ဘယ်တော့မှမအောင်မြင်သော မျက်နှာချိုသွေးမှု၊ ငန်းမကြီး၏ မာနကြီးသောမျက်နှာထားနှင့် အစဥ်အမြဲလျစ်လျူရှုမှုတို့ကြောင့် ကမ္ဘာပျက်သည့်တိုင်အောင် ဤနှစ်ကောင်ပေါင်းဖက်ဖို့မှာ မဖြစ်နိုင်ကြောင်း လီနန်ခယ့်သိနေသည်။

သူမကိုနှုတ်ဆက်လာသော ပိုင်ရှင်အမျိုးသားကိုမြင်သော် ငန်းမမကြီးမှာ လည်တိုင်ရှည်ကို ကျော့နေအောင်မြှင့်ကာ တစ်ဖက်သို့လှည့်သွားလေသည်။ မျက်နှာချင်းပင် မဆိုင်ချင်သည့်သဘော။

သူ့ကို သေချာပေါက် ဗီလိန်တစ်ယောက်ဟုသာ သတ်မှတ်ထားပုံရသည်။

ရေထဲတွင် ထင်ဟပ်နေသော ငန်းမကြီး၏ ကျော့ရှင်းလှပသော ကိုယ်ဟန်အနေအထားမှာ လက်ရာမြောက်ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ပြောမပြတတ်လောက်အောင် ဆွဲဆောင်မှုရှိပေသည်။

တံခါးဘေးတွင်လှဲလျောင်းနေသော လိပ်ဆရာကြီးမှာ ထိုမြင်ကွင်းကိုငေးစိုက်ကြည့်ရင်း တောင့်တမက်မောစွာဖြင့် ရှေ့သို့ခြေနှစ်လှမ်းလှမ်းလာသော်ငြား တိတ်ဆိတ်စွာပင် ပြန်လည်လဲကျသွားသည်။

ထိုအချိန်တွင် ငန်းမမကြီးက အေးတိအေးစက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။

ရိုကျိုးနှိမ်ချသောသဘာဝရှိသည့် လိပ်ဆရာကြီးမှာ နတ်ဘုရားမ၏ မောက်မာသောအကြည့်ကို ရင်ဆိုင်ရသဖြင့် ဗီဇအလျောက် ခေါင်းကို လိပ်ခွံထဲပြန်သွင်းကာ အသာပုန်းနေလိုက်တော့သည်။

လီနန်ခယ့်မှာမူ နှစ်ဦးသား၏အဖြစ်ကိုကြည့်ရင်း ရယ်ချင်မိသွားသည်။ သူ့ဇနီးကိုယ်တိုင်က ငန်းမကြီးမှာလည်း ရသေ့ကြီးမွေးမြူထားသော နတ်ဘုရားမျိုးနွယ်ဝင် တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ပျံသန်းနိုင်သည်ဟု ပြောခဲ့ဖူးကြောင်း ရုတ်တရတ်သတိရသွားမိ၏။ တစ်ချိန်ချိန်တော့ ထိုနတ်ဘုရားငန်းကို အိုးထဲထည့်ကာ စတူးချက်စားရမည်ဟု သူတွေးနေမိလိုက်သည်။

ည၉နာရီခွဲခန့်တွင် သူ၏ဇနီးသည် နတ်ဆေးသမားတော်မလေးမှာ ဆေးမြစ်များရှာဖွေရာမှ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာလေသည်။

လီနန်ခယ့်မှာ ပျင်းရိစွာဖြင့် ငန်းမမကြီးကိုပွေ့ချီကာ လိပ်ဆရာကြီး၏ကျောပေါ်တွင် ထိုင်လျက် ညနေခင်းလေပြေကို ခံစားငေးမောနေချိန်ပင်။

လူတစ်ယောက်၊ လိပ်တစ်ကောင်နှင့် ငန်းတစ်ကောင်၊ အတူတကွအနားယူနေကြသည့် ထိုမြင်ကွင်းမှာ အလွန်သဟဇာတဖြစ်ပြီး နွေးထွေးလှသည်။

မူလက ငန်းမကြီးမှာ အဖက်မခံချင်လွန်း၍ တတ်စွမ်းသမျှ ခုခံပေသည့် ထိုသူက ဘယ်ကမှန်းမသိသည့် အုတ်နီခဲတစ်ခဲကို ထုတ်ကိုင်ကာ သူမ၏တင်ပါးကို ချိန်ရွယ်ပြလိုက်သောအခါတွင် ငန်းမကြီးမှာ ဒေါသထွက်နေရာမှ ချက်ချင်းပင်ငြိမ်ကျကာ ယဉ်ပါးသွားပြီး ရင်ခွင်ထဲ အလိုက်သင့်လေးကပ်နေနေတော့သည်။

သူမသည် ခင်ပွန်းဖြစ်သူကိုမြင်တိုင်း ရသေ့ကြီးအနားတွင် တစ်ချိန်လုံးရှိနေခဲ့သော ခွေးဝါကြီးကို ပြန်အမှတ်ရစေသည်။ နှစ်ဦးစလုံးမှာ အတော်ကောက်ကျစ်နိုင်သူများပင်။

"အဝေးကကြည့်ရင်တော့ သူကအရမ်းလှနေသလိုပဲနော်"

လီနန်ခယ့်သည် သူ့ဇနီးသူငေးမောရင်း ငန်းမမကြီး၏အမြှီးကိုပွတ်သပ်ကာ တိုးတိုးရေရွတ်မိသည်။

မှောင်ရီပျိုးစ ဆည်းဆာအလင်းရောင်ထဲတွင် အမျိုးသမီး၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်မှာ ပန်းချီကားထဲမှ ခုန်ထွက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ကျော့ရှင်းလှပနေခဲ့သည်။

"နှမြောစရာပဲ"

သူ သက်ပြင်းဖွဖွချကာ ငန်းမမကြီးကို လိပ်ကျောကုန်းပေါ်သို့ အသာပစ်တင်လိုက်ပြီး ဇနီးသည်ထံ လမ်းလျှောက်သွားလိုက်သည်။

လိပ်ဆရာကြီးမှာ ကျောပေါ်ရောက်လာသော နူးညံ့သောကိုယ်လုံးလေးကို ခံစားချိန်ပင်မရလိုက်ခင် ငန်းမမကြီးက အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ရေကန်ငယ်လေးဆီသို့ ရေချိုးဖို့ပျံသန်းသွားခဲ့လေပြီ။

"ပြန်လာပြီလား ဒီနေ့အတော်နောက်ကျသားပဲ"

All Chapters