ချန်ပေသို
Vol. 4 Ch. 335
ထိုစကားကို ကြားသည့် အခါတွင်တော့ ဟိုင်သခင်ကြီးမှာ များစွာ ထိတ်လန့် တုန်လှုပ် သွားရလေသည်။
သေစေခြင်း ကျောင်းတော်ကို တည်ထောင်သူမှာ ချင်းရွှမ် နတ်တံခါးမှ တပည့် တစ်ယောက် ဖြစ်ပြီး ရှီးဟွမ်တွင်လည်း ဂုဏ်သတင်း ကြီးမားသူ တစ်ယောက် ဖြစ်လေသည်။ ထိုသူ၏ တန်ခိုးစွမ်းအားမှာ လောကနတ်ဘုရား တစ်ပါးထက် မနိမ့်ပေ။ လောကနတ်ဘုရား တစ်ပါး၏ ဓားသိုင်းပညာ သည်ပင်လျှင် သူ့လောက် အစွမ်း ထက်နိုင်မည် မဟုတ်ပေ။
ဓားတန်ခိုးရှင်များ ဆိုသည်က အကြွင်းမဲ့ တိုက်ခိုက်မှု စွမ်းရည် မြင့်မားကြပြီး အဆင့်တူသည့် ကျင့်ကြံသူများ ကြားတွင်ပင် နှာတစ်ဖျား သာသူများ ဖြစ်ကြလေသည်။
ချန်ကျန့်မေသည် လောကနတ်ဘုရား တစ်ပါး မဟုတ်သည့်တိုင် အလွန် ကြောက်စရာ ကောင်းသည့် ပြိုင်ဘက်ကင်း ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်လေသည်။ အပြာရောင်ဝတ် လူငယ်တာအို ဆရာမှာ ချန်ကျန့်မေကိုပင် သေလုမျောပါး အခြေအနေ ရောက်အောင် တိုက်ခိုက်နိုင်ခဲ့ လေသည်။
ဟိုင်သခင်ကြီးသည် လူငယ်တာအို ဆရာကို အထင်မသေး ဝံ့တော့ပေ။ ထို့ပြင် သတိလည်း ကြီးစွာ ထားလိုက်မိ လေသည်။
လူငယ်တာအို ဆရာ၏ စကားကို ကြားသည်နှင့် ပေါင်ယွဲ့ ဆရာတော်ကြီးက မသိမသာ သက်ပြင်း တစ်ချက် ချလိုက်မိ လေသည်။
"မင်းက မင်ဝမ်ဝတ် ကျောင်းတော်ကို ဖျက်ဆီးခဲ့တဲ့ ပေသိုရှင်းကျွင်း နတ်မင်းပဲ ဖြစ်ရမယ်"
လူငယ်တာအို ဆရာက မျက်ဝန်းများကို တစ်ချက် မှေးစင်းလိုက်ကာ ပေါင်ယွဲ့ ဆရာတော်ကို စိုက်ကြည့် လိုက်သည်။ သူ၏ မျက်ဝန်းများတွင် အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွား လေသည်။
"ကျုပ်နာမည်က ချန်ပေသိုပါ၊ ရှင်ကျွင်း နတ်မင်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျုပ်က ကျုန်းစန်းတောင်ရဲ့ တောင်စောင့်နတ်ပဲ"
ပေါင်ယွဲ့ ဆရာတော်ကြီးက လက်အုပ် ချီလိုက်ရင်း…
"အော်မီတော်ဖော်၊ ထန်ယွဲ့ ဆိုတာ မွေးရာပါ နတ်ဘုရား တစ်ပါး ဖြစ်တယ် ဆိုတာ အမှန်ပဲပေါ့၊ မဟုတ်ရင် မင်းက ကျုန်းစန်း တောင်ကနေ လွယ်လွယ်နဲ့ ဘယ်ထွက်ခွာ လာလို့ ရမှာလဲ၊ လက်ရှိအချိန် စကြဝဠာမှာ ထန်ယွဲ့လိုမျိုး လူတစ်ယောက် မွေးဖွားလာ လိမ့်မယ်လို့ ကျုပ်ထင်မှတ် မထားမိဘူး"
"ဆရာတော် ပြောလို့ ပြီးပြီလား"
ချန်ပေသိုက ပေါင်ယွဲ့ ဆရာတော်၏ စကားများကို အလေး မထားသည့် ပုံစံဖြင့် ပြောလိုက် လေသည်။
ပေါင်ယွဲ့ ဆရာတော်က ခေါင်းညိတ် ပြလိုက်သည်။
"ဒါဆို ကျုပ်က ဆရာတော်ကို မေးစရာရှိတယ်၊ မဖြေဘူး ဆိုရင်တော့ တစ်ခါတည်း သေလမ်းကို ပို့ပေးလိုက်မယ်"
ချန်ပေသို၏ အကြည့်များမှာ ဓားဝိညာဉ် တစ်ခုအလား အေးစက် နေလေသည်။
တိမ်ကင်းစင် နေသည့် ကောင်းကင်ထက်တွင် လျှပ်စီးများ တစ်လက်လက် တောက်ပနေ တော့သည်။
ဟိုင်သခင်ကြီးမှာ မြွေမိစ္ဆာကြီး တစ်ကောင် ဖြစ်သည့်အတွက် မိုးကြိုးလျှပ်စီး များကို သဘာဝ တရားအရ ကြောက်ရွံ့တတ်သူ ဖြစ်လေသည်။ သို့သော် ယခု သူရင်ဆိုင် လိုက်ရသည်က လျှပ်စီးအစစ် မဟုတ်ပေ။ ချန်ပေသို၏ သတ်ဖြတ်လိုသည့် အငွေ့အသက် များကြောင့် ကောင်းကင် တစ်ခွင်လုံးတွင် လျှပ်စီးများ လက်လာရခြင်း ဖြစ်လေသည်။ သို့သော် ထိုလျှပ်စီး များသည် တာအိုကျင့်စဉ် တစ်ခုဖြစ်သည့် မိုးကြိုးတန်ခိုး စွမ်းအားထက်ပင် ကြောက်မက် ဖွယ်ရာ ကောင်းနေ လေသည်။
ဟိုင်သခင်ကြီးက သူ၏ တန်ခိုးစွမ်းအား များကို ဖော်ထုတ် လိုက်ပြီး ထိုလူငယ်၏ နောက်ဘက်တွင် ပင်လယ် ရေစီးကြောင်း တစ်ခု မြင့်တက် လာလေသည်။
ပင်လယ်ရေ များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကြောက်မက် ဖွယ်ရာ စွမ်းအားသည် တောင်ဆယ်လုံး ကိုပင် နစ်မြှုပ်ပစ် နိုင်စွမ်း ရှိလေသည်။
ထိုမျှ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားနှင့် ရင်ဆိုင်လိုက် ရသည့်တိုင် ချန်ပေသိုက မျက်မှောင် တစ်ချက်ပင် တွန့်မသွားခဲ့ပါ။
"မိုက်ရိုင်းလိုက်တဲ့ နတ်မိစ္ဆာ၊ မင်း ဘယ်လောက်ပဲ တန်ခိုးစွမ်းအား ကြီးပါစေ တာအို တရားဓမ္မကို နားမလည်ရင် အလကားပဲ"
ထိုစဉ်မှာပင် ပေါင်ယွဲ့ ဆရာတော်ကြီးက ချန်ပေသို၏ စကားကို ဖြတ်မေး လိုက်လေသည်။
"ထန်ယွဲ့ မေးချင်တာက ဟွေခဲ့ ဆရာတော် ဘယ်ရောက် နေလဲဆိုတဲ့ မေးခွန်း မဟုတ်လား၊ အမှန်ပါပဲ၊ အဲဒီမေးခွန်းရဲ့ အဖြေကို ကျုပ် မသိပါဘူး၊ ကျုပ်ကိုသာ သတ်လိုက်ပါတော့၊ ကျုပ်လည်း သေသင့်နေပါပြီ"
စကားဆုံး သွားသည်နှင့် ပေါင်ယွဲ့ ဆရာတော်ကြီး၏ ရွှေရောင် ခန္ဓာကိုယ်မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေကာ ပျောက်ကွယ် သွားလေသည်။ ထို့နောက် ငွေရောင် အလင်းတန်း အလား လွတ်မြောက်ခြင်း စက်ဝန်း ပုံသဏ္ဌာန် ပေါ်လာ လေသည်။
လွတ်မြောက်ခြင်း စက်ဝန်းမှာ လရောင်ရတနာ စက်ဝန်းကို အဆင့်မြှင့် ထားသည့် အတုမရှိသော ဓမ္မတစ်ခု ဖြစ်လေသည်။
ယွဲ့ကွမ်း ဗောဓိသကျက ကျင်းကွမ်းဝတ် ကျောင်းတော်ကို လက်ဆင့်ကမ်း ပေးခဲ့သည့် အဆင့်မြင့် ဓမ္မအဓိပ္ပာယ် တစ်ခု ဖြစ်လေသည်။
သို့သော် ဗောဓိသကျ တစ်ပါး ဖြစ်မှသာ လွတ်မြောက်ခြင်း စက်ဝန်းကို အသုံးပြု နိုင်လေသည်။ ပေါင်ယွဲ့ ဆရာတော်ကြီးမှာ ဗောဓိသကျ တစ်ပါး မဟုတ်သေးပါ။ သို့သော် သူ၏ တရားဓမ္မနှင့် ကျင့်ကြံမှု တန်ခိုးစွမ်းအား များကို သူရရှိထားသည့် ရွှေခန္ဓာနှင့် ပေါင်းစပ်ကာ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
ယွဲ့ကွမ်း ဗောဓိသကျသည် ပြိုင်ဘက် ကင်းသည့် နတ်မိစ္ဆာ ဘုရင်ပေါင်း များစွာကို လွတ်မြောက်ခြင်း စက်ဝန်းဖြင့် နှိမ်နင်းခဲ့ လေသည်။ နတ်မိစ္ဆာများကို နှိမ်နင်းပြီး တရားဓမ္မကို ကာကွယ်ပေး ခဲ့လေသည်။ ထို့ကြောင့် လူအများက ယွဲ့ကွမ်း ဗောဓိသကျကို လေးစား ကိုးကွယ်ကြပြီး ဒဏ္ဍာရီတွင်ခဲ့ခြင်း ဖြစ်လေသည်။
ပေါင်ယွဲ့ ဆရာတော်ကြီး၏ လွတ်မြောက်ခြင်း စက်ဝန်းမှ ရောင်စဉ်များ တောက်ပစွာ ထွက်ပေါ် နေလေသည်။ စက်ဝန်းသည် လေထဲတွင် လျင်မြန်စွာ လှည့်ပတ် နေလေသည်။
ကောင်းကင်ထက်မှ လရောင်က မြေပြင်ထက်သို့ ကျရောက်လာခြင်း မရှိပါ။
သို့သော်...
လရောင်သည် လွတ်မြောက်ခြင်း စက်ဝန်းနှင့် ပေါင်းစပ် သွားလေသည်။ ထို့နောက် မိုးခြိမ်းသံများ ထွက်ပေါ် လာလေသည်။
ကျင်းကွမ်းဝတ် ကျောင်းတော်မှ ဖေးထိုင် စေတီတော်မှာ ကွဲအက်သွားပြီး အလယ် တည့်တည့်တွင် အက်ကြောင်းများ ထင်လာလေသည်။ ဝတ်ကျောင်းတော် အတွင်းမှ ဘုန်းတော်ကြီး များမှာ ထိတ်လန့် တုန်လှုပ် နေကြလေ တော့သည်။
ဟိုင်သခင်ကြီးသည် အလင်းတန်း တစ်ခု ထုတ်လွှတ်ပြီး သူ့ကိုယ်သူ ကာကွယ်ထား လိုက်လေသည်။
ချန်ပေသို ကတော့ အကြောက်အလန့် ကင်းမဲ့လွန်းစွာဖြင့် မည်သည့် အကာအကွယ်မှ ယူထားခြင်း မရှိပေ။ သို့သော် မမြင်ရသည့် စွမ်းအား တစ်ခုက သူ့ကို ကာကွယ် ပေးထားသည့် အလား လွတ်မြောက်ခြင်း စက်ဝန်းမှ တန်ခိုးစွမ်းအား များသည် သူ့ကို ထိခိုက်နိုင်ခြင်း မရှိပေ။
လွတ်မြောက်ခြင်း စက်ဝန်းသည် စကြဝဠာ တစ်ခုလုံးကို ထိုးခွဲတော့မည့် အလား ကောင်းကင် ထက်တွင် ရပ်နေသည့် ချန်ပေသိုထံသို့ ပျံသန်း ဝင်ရောက် သွားလေသည်။
လွတ်မြောက်ခြင်း စက်ဝန်းမှ တန်ခိုးစွမ်းအား များမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပြီး ပေပေါင်း တစ်သောင်း မြင့်သည့် တောင်ကြီးကိုပင် စိစိညက်ညက် ကြေသွားစေနိုင် လေသည်။
တန်ခိုးစွမ်းအား အရှိန်အဟုန် များကြောင့် မိုင်တစ်ရာ ပတ်လည် အတွင်းမှ သက်ရှိများမှာ ကြောက်ရွံ့ ထိတ်လန့် နေကြရလေသည်။
လေထဲတွင် စူးရှလွန်းသည့် ဓားခြိမ်းသံများ ထွက်ပေါ် လာလေသည်။
စကြဝဠာ တစ်ခုလုံးကိုပင် ကြိတ်ခြေ ပစ်နိုင်သည့် လွတ်မြောက်ခြင်း စက်ဝန်းသည် ချန်ပေသို၏ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ဆီသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဝင်ရောက်သွား လေသည်။
ချန်ပေသိုသည် လွတ်မြောက်ခြင်း စက်ဝန်းကို သူ၏ ဓားရှည်ဖြင့် ခုခံတိုက်ခိုက် လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်သည် နောက်သို့ပင် တစ်ချက် ယိမ်းယိုင် သွားခြင်းပင် မရှိပေ။
ချန်ပေသို၏ ဓားဝိညာဉ်မှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် သမုဒ္ဒရာကဲ့သို့ ပျံ့နှံ့သွား လေသည်။
ဟိုင်သခင်ကြီးမှာ ကျင်းကွမ်းဝတ် ကျောင်းတော် အပေါ်တွင် သံယောဇဉ် ရှိနေပြီ ဖြစ်လေသည်။ သူက တန်ခိုး စွမ်းအားများကို ထုတ်လွှတ်ပြီး ပင်လယ်ရေ များဖြင့် ကျင်းကွမ်းဝတ် ကျောင်းတော်ကြီးကို ကာကွယ်ပေးထား လေသည်။
ချန်ပေသို၏ ဓားဝိညာဉ်သည် ပေါင်ယွဲ့ ဆရာတော်၏ လွတ်မြောက်ခြင်း စက်ဝန်းဖြင့် အကြိမ်ပေါင်း မည်မျှ တိုက်ခိုက် ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
နောက်ဆုံး တွင်တော့...
လွတ်မြောက်ခြင်း စက်ဝန်းသည် ချန်ပေသို၏ ဓားဝိညာဉ် အောက်တွင် ပျက်စီးသွားရ လေတော့သည်။
ချန်ပေသိုသည် ကောင်းကင်ထက်တွင် ထီမထင်သည့် ပုံစံဖြင့် ရပ်နေလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် လရောင်ခြည်များ တစ်ချက် ဖြာလင်းသွားပြီး ပေါင်ယွဲ့ ဆရာတော်ကြီးမှာ ပျောက်ကွယ် သွားလေသည်။
သို့သော် ပေါင်ယွဲ့ ဆရာတော်ကြီး၏ သင်္ကန်းစ များသည် လိပ်ပြာလေးများ အလား လေထဲတွင် တစ်စစီ ပြန့်ကျဲကာ ကျန်ရစ်ခဲ့ လေသည်။
"တကယ် တော်တဲ့ ဆရာတော်ပဲ"
ချန်ပေသိုက မှတ်ချက် ပြုလိုက်လေသည်။
ချန်ပေသို၏ ဓားရှည်မှ ကျယ်လောင်သည့် ဓားခြိမ်းသံကြီး ထွက်ပေါ်လာပြီး ဓားအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွား လေသည်။
ချန်ပေသိုသည် ဟိုင်သခင်ကြီးကို အထင်အမြင် သေးစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး ကောင်းကင်ထက်မှ လျှပ်စီးလက်သည့် အလား ပျောက်ကွယ်သွား လေတော့သည်။
ဟိုင်သခင်ကြီးသည် လေထဲတွင် တစ်ယောက်တည်း ရပ်တန့်ရင်း ကျန်ရစ်ခဲ့ လေသည်။
ထိုအချိန်မှာပင် ပေါင်ယွဲ့ ဆရာတော်ကြီး၏ အသံထွက်ပေါ် လာလေသည်။
"ဖားဟိုင်၊ အခု ကျင်းကွမ်းဝတ် ကျောင်းတော်က မင်းအပိုင် ဖြစ်သွားပါပြီ"
ဖားဟိုင် ဆိုသည်မှာ ပေါင်ယွဲ့ ဆရာတော်က ဟိုင်သခင်ကြီးကို ပေးထားသည့် အမည် ဖြစ်လေသည်။ အဓိပ္ပာယ်မှာ "အကန့်အသတ်မရှိ တန်ခိုးစွမ်းအား များဖြင့် ပြည့်ဝသည့် ပင်လယ်" ဟု အဓိပ္ပာယ် ရလေသည်။
မည်သို့ပင် ဖြစ်စေ ချန်ပေသိုနှင့် ယှဉ်လျှင်တော့ ဟိုင်သခင်ကြီး၏ တန်ခိုးစွမ်းအား များမှာ မိုးနှင့်မြေလို ကွာခြားနေဆဲ ဖြစ်လေသည်။
***
ဆန်းလျန်၏ ခြေထောက် အောက်တွင် ရောင်စဉ်ငါးမျိုး ဖြာလင်းနေသည့် တိမ်တိုက် တစ်ခု ပေါ်လာလေသည်။
ဆန်းလျန်က ချင်းရွှမ် နတ်တံခါးသို့ ရောက်ရှိ လာသည့် မိန်းကလေးကို တိမ်တိုက်ပေါ်သို့ ခေါ်တင်လိုက် လေသည်။
မိန်းကလေး၏ ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေ လေသည်။
သူ၏ မျက်ဝန်းဆီမှ မျက်ရည်များ စီးကျနေပြီး သူမ၏ ပုံစံမှာလည်း အလွန် ပင်ပန်းနွမ်းနယ် နေပုံရပြီး သူမ၏ ဆရာဖြစ်သူ အတွက် အလွန်မှ စိုးရိမ်နေပုံ ရလေသည်။
ဆန်းလျန်က သုမကို တည်ငြိမ်စွာပင် မေးလိုက်သည်။
"မင်းရဲ့ဆရာက ချန်ကျန့်မေလား"
မိန်းကလေးငယ်က ခေါင်းညိတ် ပြလိုက်လေသည်။
ဆန်းလျန်ထံမှ တန်ခိုးစွမ်းအား အငွေ့အသက်များ ထွက်ပေါ် နေလေသည်။
ထိုအငွေ့အသက် များကို ခံစားလိုက် မိသည်နှင့် မိန်းကလေး ငယ်သည် အပြေးအလွှား နေ့ရက်များမှ ပင်ပန်းနွမ်းနယ် မှုများ လုံးဝ ပျောက်ကွယ်သွားပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တန်ခိုးစွမ်းအား များဖြင့် ကိုပြောသော စွမ်းအင်တစ်ခု ရှိခဲ့သည်။
သူ၏ ဆရာဖြစ်သူ ချန်ကျန့်မေ ဒဏ်ရာ အပြင်းအထန် ရထားသည့် အကြောင်း တွေးမိသည့် အခါတွင်တော့ သူမ ရင်ထဲမှ ပူပန်မှုများကို ကြာရှည် ထိန်းမထား နိုင်တော့ဘဲ စကားစပြော လိုက်လေသည်။
"ကျွန်မ ဖန်းယန်ယင်းက ဆရာ ချန်ကျန့်မေရဲ့ တပည့်ပါ၊ လွန်ခဲ့တဲ့ ဆယ်ရက် လောက်က သေစေခြင်း ကျောင်းတော်ကို လူတစ်ယောက် ရောက်လာပြီး တိုက်ခိုက်လို့ ဆရာက သေလုမျောပါး ဒဏ်ရာ ရသွားပါတယ်၊ တစ်ည အတွင်းမှာပဲ သွေးတွေ အရမ်းအန်ပြီး အိပ်ရာထဲ ကတောင် မထနိုင် တော့ပါဘူး၊ ဆရာ့လောက် တန်ခိုးစွမ်းအား မြင့်မားတဲ့သူက သွေးအန်တာ လုံးဝ မရပ်ပါဘူး၊ ကျွန်မတို့လည်း ဘာလုပ်ရမှန်း မသိတာနဲ့ အတင့်ရဲပြီး ဆရာဦးလေးကို လာရှာမိတာပါ"
မိန်းကလေးငယ်၏ စကားများကို နားထောင်ပြီး ဆန်းလျန် စဉ်းစား လိုက်မိသည်။
"သေစေခြင်း ကျောင်းတော်က ချင်းရွှမ ်နတ်တံခါးရဲ့ အနွယ်တော် ဂိုဏ်းခွဲပဲ၊ ဒီကလေးမလေး ကလည်း ချင်းရွှမ် နတ်တံခါးရဲ့ တရားဝင်တပည့် မဟုတ်ပေမဲ့ အစ်ကို ချန်ကျန့်မေက ချင်းရွှမ်က အဆင့်မြင့် ဆရာသခင် တစ်ယောက်ပဲ၊ ဒီကလေးမလေးကို တပည့်အဖြစ် လက်ခံခဲ့တယ် ဆိုကတည်းက သူမကို ချင်းရွှမ်ကို ခေါ်လာဖို့ ရည်ရွယ်ချက် ရှိလို့ ဖြစ်ရမယ်၊ မဟုတ်ရင် ဒီမိန်းကလေးက ချင်းရွှမ် နတ်တံခါးရဲ့ တည်နေရာကို ဘယ်သိနိုင်မှာလဲ၊ အင်း... အစ်ကို ချန်ကျန့်မေ ဒဏ်ရာရထားတာ အချိန်မီ အရောက်မသွား နိုင်မှာပဲ စိတ်ပူမိတယ်"
ဆန်းလျန်က အတွေးများကို ရပ်တန့်လိုက်ပြီး...
"မင်း ခရီး အဝေးကြီးက လာခဲ့ရတာ၊ အနားယူ စေချင်ပေမဲ့ အစ်ကို ချန်ကျန့်မေက ဒဏ်ရာ ရထားတယ် ဆိုတော့ အခုပဲ သေစေခြင်း ကျောင်းတော်ကို သွားကြရအောင်၊ မင်း ဒီကို ဆယ်ရက်အတွင်း ရောက်လာတာ အစ်ကို ချန်ကျန့်မေရဲ့ လျို့ဝှက်ဓား အင်းချပ်ကို အသုံးပြုပြီး ရောက်လာခဲ့တာ မဟုတ်လား၊ အဲဒီ အင်းချပ် ကျုပ်ကိုပေးပါ၊ ကျုပ်ပြန်ပြီး တန်ခိုးစွမ်းအား ဖြည့်ပေးမယ်"
ဆန်းလျန်၏ စကားကြောင့် ဖန်းယန်ယင်းသည် ဆရာဦးလေးကို လေးစားသွားမိ လေသည်။ ဆရာ ဦးလေးသည် အမှန်တကယ်ပင် ပါးနပ်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်လေသည်။
သူမက လျို့ဝှက်ဓား အင်းချပ်ကို ဆန်းလျန်ဆီသို့ ပေးလိုက် လေသည်။ ဆန်းလျန်က အင်းချပ်ကို သူ၏ အင်္ကျီလက် အတွင်းသို့ ထည့်ကာ သိမ်းဆည်း လိုက်ပြီး.....
"အခုပဲ သွားကြစို့ ၊ သတိထားနော်"
တိမ်တိုက်များ ဖန်းယန်ယင်း ပတ်လည်တွင် ဝန်းရံသွားပြီး သူမ၏ ခေါင်းများ မူးဝေလာရ လေသည်။
***