← Chapters

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄) မေ့ပျောက်ခြင်းစွမ်းအားမပါသည့် ဒုတိယအရိယဖလ

ကွမ်းရှန်ဟိုင်နှင့် မုန်ကျင်းဇီ အပြင်းအထန်တိုက်ခိုက်နေချိန်၌ နန်းမြို့တော်တစ်နေရာတွင်လည်း မသေမျိုးတိုက်ပွဲတစ်ခု ဖြစ်နေသည်။

ဒုတိယနိုင်ငံ့ဆရာ တိုက်ပွဲနယ်မြေမှ ထွက်သွားချိန်တွင် အောင်းလင်းတို့က သူ့ကိုသွားတိုက်ခိုက်ခြင်းဖြစ်သည်။

ကျင်းချိုင်ဝေကို ဒုတိယနိုင်ငံ့ဆရာက အလစ်တိုက်ခိုက်ခဲ့သည်။ ထိုအတွက် ကျင်းချိုင်ဝေ ပြန်လက်စားချေဖို့ ကြိုးစားသည်။

ကျင်းချိုင်ဝေ မတော်တဆ ဒုက္ခရောက်မည်စိုးသဖြင့် အောင်းလင်းနှင့်ကျန်းလျန်ယိလည်း ဝင်တိုက်ခိုက်သည်။ ကြောင်းကျိုးဆက်နွယ်မှု ဖြတ်တောက်၍ ကိုယ်ယောင်ဖျောက်ပြီး တိုက်ခိုက်သည့် ဒုတိယနိုင်ငံ့ဆရာ၏လှုပ်ရှားမှုများသည် အလွန်ခန့်မှန်းရခက်သည်။ ရင်ဆိုင်ဖို့ခက်ခဲသည်။

ထိုနေရာမှအဖြစ်အပျက်ကို နတ်မယ်က သတိထားမိသည်။ ဒုတိယနိုင်ငံ့ဆရာ၏ တည်နေရာကို သိသော်လည်း အောင်းလင်းတို့ကို ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်သည်။

ထိုသုံးယောက် ကြောင်းကျိုးဆက်စပ်မှုအရိယဖလသန္ဓေနှင့် တိုက်ခိုက်ရင်း အတွေ့အကြုံယူဖို့ အခွင့်ကောင်းဖြစ်သည်။ တစ်ခုခုအမှားအယွင်မဖြစ်အောင်လည်း သူတို့ကို နတ်မယ်က စောင့်ကြည့်နေသည်။

တပ်မှူးယုက ဒုတိယနိုင်ငံ့ဆရာကို သွားကူဖို့ ဆုံးဖြတ်သည်။

တစ်ဘက်တွင် မသေမျိုးတိုက်ပွဲ။ တစ်ခြားတစ်ဘက်တွင် မသေမျိုးတစ်ဝက်ငါးယောက်တိုက်ပွဲ။ တိုက်ပွဲတိုင်းက တစ်သက်တစ်ခါကြုံရခဲသည့် ရင်သပ်ရှူမောဖွယ်တိုက်ပွဲများဖြစ်သည်။

ရှေးဟောင်းခေတ်လို မသေမျိုးတစ်ဝက်များပေါများသည့် ခေတ်ကာလမှာပင် ထိုမျှပြင်းထန်သည့် တိုက်ပွဲမျိုးက ကြုံရခဲသည်။ နန်းမြို့တော်မှကျင့်ကြံသူများ မလွတ်တမ်းအာရုံစိုက်၍ ကြည့်နေသည်။

ထိုတိုက်ပွဲမျိုး နောက်တစ်ကြိမ်မြင်ရဖို့ အခွင့်အရေးမရနိုင်တော့မှန်း သူတို့သိသည်။

သို့သော် တိုက်ပွဲနှစ်ခုလုံးက ကြည့်နိုင်ဖို့ခက်ခဲသည်။ မသေမျိုးများဘက်တွင် ကွမ်းရှန်ဟိုင်နှင့် မုန်ကျင်းဇီတို့ လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် သေချာသဲသဲကွဲကွဲမမြင်ရ။

မသေမျိုးတစ်ဝက်တိုက်ပွဲတွင် ဒုတိယနိုင်ငံ့ဆရာ၏သဏ္ဌာန်က ပေါက်လိုက်ပျောက်လိုက် ဖြစ်နေသည်။ သူ့ပျောက်သွားတိုင်း သူ့အကြောင်းမေ့သွားကြသည်။

ထို့ကြောင့် ဘေးကြည့်ပရိတ်သတ်များ များစွာအခက်ကြုံရသည်။

ဒုတိယနိုင်ငံ့ဆရာအား လာကူမိသည်ကို တပ်မှူးယု နည်းနည်းနောင်တရလာသည်။ နိုင်ငံ့ဆရာပျောက်သွားတိုင်း အောင်းလင်းတို့သုံးယောက်လုံးက သူ့ကိုဝိုင်းတိုက်ခိုက်သည်။ သူမနည်းကြိုးစား၍ ခုခံနေရသည်။

....

သက်ရှည်အရိယဖလသန္ဓေလောက်ဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု အစက ကွမ်းရှန်ဟိုင်ထင်ခဲ့သည်။ သို့သော်ယခု မုန်ကျင်းဇီကို သူလျှော့တွက်ခဲ့မိကြောင်း နားလည်လာသည်။

မသေမျိုးနှစ်ယောက် မြင့်မားသည့်အမြန်နှုန်းဖြင့် တိုက်ခိုက်ကြသည်။ အဆင့်မြင့်စွမ်းအားပညာများစွာ ထုတ်သုံးသည်။ နန်းမြို့တော်ကောင်းကင်ထက်တွင် ရောင်စုံအလင်းရိပ်များ အမျိုးမျိုးပေါ်နေသည်။

ရုတ်တရက် ကွမ်းရှန်ဟိုင်၏ သတိလစ်ဟင်းမှုကြောင့် လှုပ်ရှားချိန် နည်းနည်းနှေးသွားသည်။ မုန်ကျင်းဇီ၏ ကျားနက်နှလုံးချွေလက်ဝါးချက်က ကွမ်းရှန်ဟိုင်၏ရင်ဘတ်ကို ထိသွားသည်။ ရွှေခန္ဓာပေါ်တွင် ကြီးမားသည့် ဒဏ်ရာတစ်ခု‌ပေါ်လာသည်။

မုန်ကျင်းဇီ ခန္ဓာသန့်စင်ပညာတစ်မျိုး လေ့ကျင့်ထားသည်။ ကွမ်းရှန်ဟိုင်၏ ဆင်းရဲကိုးမျိုးရွှေခန္ဓာထက် စွမ်းအားမလျော့။

ကွမ်းရှန်ဟိုင်မျက်နှာ နီရဲသွားသည်။ သွေးတစ်ပွက် အန်ထွက်လာသည်။ မသေမျိုးသွေးများက မြို့တော်အထက်တွင် ကာကွယ်ထားသည့် မှော်စက်ဝန်းပေါ်ကျသည်။ မှောစက်ဝန်းတစ်ခုလုံး တုန်ခါသွားသည်။ ထိုသွေးစွမ်းအားကို အတင်းခုခံနေရဟန်ရှိသည်။

နောက်ထပ် စွမ်းအားရိုက်ခတ်မှု သုံးလေးချက်ထိလျှင် မှော်စက်ဝန်း ပျက်စီးသွားနိုင်ကြောင်း မုန်ပိုစီ သိသည်။ မှော်စက်ဝန်းကိုအားဖြည့်ဖို့ နန်းမြို့တော် ကူးဖြတ်ခြင်းအဆင့်အားလုံးကို အမြန်စေလွှတ်သည်။

ကွမ်းရှန်ဟိုင်ဒဏ်ရာ ချက်ချင်းပျောက်သွားသည်။ အစကတည်းက ဒဏ်ရာမရခဲ့သည့်လူလို ဖြစ်နေသည်။

မုန်ကျင်းဇီ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

"သက်ရှည်အရိယဖလ၏ ဗီဇစွမ်းရည်လား။ မဖြစ်နိုင်ဘူး။ သက်ရည်အရိယဖလစွမ်းအားက ဒဏ်ရာကို ဒီလောက်လွယ်လွယ်မကုသနိုင်ဘူး။ ငါမှန်းကြည့်မယ်။ မင်းဖန်တီးထားတဲ့ လူလေးယောက်ထဲမှာ ငါမသိတဲ့ အရိယဖလသန္ဓေတစ်မျိုးပါတယ်။ အဲဒါက ပြန်ကုစားခြင်းအရိယဖလစွမ်းအားမျိုးမဟုတ်လား"

ကွမ်းရှန်ဟိုင်က ရန်သူ၏‌မေးခွန်းကို ပြန်ဖြေမည်မဟုတ်။

မုန်ကျင်းဇီသည် မဟာယုခေတ်လယ်ပိုင်း ကျင့်ကြံသူ သစ်သားတံဆိပ်သခင်၏ အရိယဖလသန္ဓေကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း လုယန်သိသည်။ ထိုသခင်သည် နိယာမသခင်၏ မိတ်ဆွေဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်ကြောင်း သမိုင်းမှတ်တမ်းများရှိသည်။ မသေမျိုးတစ်ဝက်အဆင့်ဖြစ်ကြောင်း နိယာမသခင်က ပြောခဲ့ဖူးသည်။

သစ်သားတံဆိပ်သခင်သည် အိပ်စက်နေရင်း သေဆုံးခဲ့သည်။ ထိုလူသည် မီးနိုင်ငံအကြောင်းများ သိနေသဖြင့် ပဲပြာအရှင်က နှုတ်ပိတ်ပစ်ခြင်းဖြစ်မည် လုယန်ခန့်မှန်းခဲ့သည်။

"နေပါဦး၊ သစ်သားတံဆိပ်သခင်ရဲ့ အရိယဖလက ပြန်လည်ကုစားမှုနဲ့ ဆက်စပ်နေတာလား။ ဒါဆို နိယာမသခင်ရဲ့ သက်ရှည်အရိယဖလနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှာပေါ့။ သူတို့နှစ်ယောက် ဘယ်လိုလုပ် မိတ်ဆွေဖြစ်လာတာလဲ"

"နင်ကဘာတွေဒီလောက် နားမလည်နိုင်ဖြစ်နေတာလဲ။ သစ်သားတံဆိပ်အရှင်ရဲ့ အရိယဖလသန္ဓေက ထာဝရတည်တံ့တဲ့ အခြေအနေတစ်ခုကို ထိန်းနိုင်တဲ့သဘောပါ။ အဲဒီ့လမ်းကြာင်းရဲ့ အရိယဖလသန္ဓေမှန်သမျှ ငါ့အရိယဖလအောက်မှာပဲရှိမယ်။

ထာဝရအရိယဖလရဖို့ အဲလောက်လွယ်မယ်ထင်နေလား။ ငါမရှိရင်တောင် သူမသေမျိုးမဖြစ်နိုင်ဘူး။ သက်ရှည်အရိယဖလသန္ဓေလည်း ဒီလိုပါပဲ။ ငါနဲ့ အချိန်မသေမျိုးမရှိရင်တောင် သူမသေမျိုးဖြစ်လာဖို့ ခဲယဉ်းပါတယ်။ မသေမျိုးမဖြစ်နိုင်တဲ့ စရိုက်တူလူချင်း မိတ်ဆွေဖြစ်လာတာ ဘာဆန်းလို့လဲ"

ကွမ်းရှန်ဟိုင်က မှော်လက်နက်များစွာ ပစ်လွှတ်လိုက်သည်။သည်။ မုန်ကျင်းဇီကို တိုက်ခိုက်ခြင်းမဟုတ်။ နန်းမြို့တော်ကောင်းကင်ထက် နေရာစုံသို့ ပစ်လွှတ်ခြင်းဖြစ်သည်။

မုန်ကျင်းဇီ ကွမ်းရှန်ဟိုင်ကို အမြင့်ဆုံးအမြန်နှုန်းဖြင့် တိုက်ခိုက်သည်။ သို့သော် ကွမ်းရှန်ဟိုင် နေရာမှပျောက်သွားပြီး မှော်လက်နက်များ အစားဝင်လာသည်။

မှော်လက်နက်များက မုန်ကျင်းဇီကိုထိသည်နှင့် အစိတ်စိတ်ကြေမွပျက်စီးသွားသည်။

ထိုစဉ် ကွမ်းရှန်ဟိုင်က မုန်ကျင်းဇီနောက်ကျောဘက်၌ ဖျတ်ခနဲပေါ်လာပြီး လျှပ်တပြက်ဝင်တိုက်ခိုက်သည်။ မုန်ကျင်းဇီလည်း အငိုက်မိသွားသဖြင့် သွေးများအန်ထွက်လာသည်။

မုန်ကျင်းဇီ ချက်ချင်းခေါင်းလှည့်ကြည့်သည်။ သို့သော် သူ့နောက်ဘက်တွင် ကွမ်းရှန်ဟိုင်ပစ်လွှတ်ထားသည့် မှော်လက်နက်များကိုသာ တွေ့ရသည်။

ကွမ်းရှန်ဟိုင်က မှော်ပညာတစ်ခုသုံး၍ အ‌တော်ဝေးဝေးသို့ ရောက်နေသည်။

နှုတ်ခမ်းထောင့်မှသွေးများကိုသုတ်လျက် မုန်ကျင်းဇီ ပြုံးလိုက်သည်။

"ငါသဘောပေါက်ပြီ။ မင်းက မှော်လက်နက်တွေနဲ့ နေရာလဲလိုက်တာပဲ"

ဖလှယ်ခြင်းအရိဖလသန္ဓေစွမ်းအားဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သည့် ပစ္စည်းများနှင့် အချိန်မရွေး နေရာလဲနိုင်သည်။

မုန်ကျင်းဇီအနေဖြင့် မှော်လက်နက်ကို ဖျက်ဆီးလည်း အကျိုးမရှိ။ မှော်လက်နက်သာပျက်သွားမည်။ ကွမ်းရှန်ဟိုင်က သူ့နေရာတွင် တစ်ခြားပစ္စည်းများ အစားထိုးနိုင်သည်။

မုန်ကျင်းဇီက ဘာမှမဖြစ်ခဲ့လေသကဲ့သို့ ဆက်တိုက်ခိုက်သည်။ ကွမ်းရှန်ဟိုင်ကလည်း မှော်ပစ္စည်းတစ်ခုနှင့် နေရာလဲပြီး အဝေးတစ်နေရာသို့ ရှောင်ထွက်သည်။ သို့သော် အံ့ဩစရာကောင်းသည်။ မုန်ကျင်းဇီက လေဟာနယ်ကိုဖြတ်ကျော်ပြီး ကွမ်းရှန်ဟိုင်နောက်သို့ အမီလိုက်နိုင်သည်။

ဤတစ်ကြိမ်တွင် နတ်မယ်ရှင်းပြစရာမလိုတော့။ မုန်ကျင်းဇီက ပင်လယ်တာအိုသခင်၏ အရိယဖလသန္ဓေစွမ်းအားကို ငှားသုံးနေခြင်းဖြစ်ကြောင်း လုယန်ရိပ်မိသည်။

"ဒါနဲံ..ဘိုးဘေးမုန်ကျင်းဇီက အရိယဖလငှားသုံးနေတယ်ဆိုရင် သူအရိယဖလလည်း ခင်ဗျားလိုပဲ သူ့အကြောင်း သေမျိုးတွေမေ့ပျောက်သွားတဲ့ စွမ်းရည်မျိုးမပါတာလား နတ်မယ်"

အရိယဖလစွမ်းအားပိုင်ဆိုင်သည့် မသေမျိုးများသည် သူတို့အကြောင်း သေမျိုးများ မေ့လျော့သွားစေသည့် ဗီဇစွမ်းရည်မျိုးရှိသည်။ ကျန်းပင်ကန်း၏ အရိယဖလလည်း ထိုစွမ်းရည်ရှိသည်။

နတ်မယ်သာ ထိုစွမ်းရည်ဗီဇမျိုး မရှိခြင်းဖြစ်သည်။

အရိယဖလငှားယူသုံးစွဲနိုင်သည်ဆိုလျှင် သေမျိုးများ မေ့လျော့မည်မဟုတ်။

အကယ်၍ မေ့လျော့သွားလျှင် မုန်ကျင်းဇီက ငှားပြီးသည့်အရာများကို ပြန်မပေးဘဲ နေလိုက်ရုံသာရှိသည်။

"အဲလိုပဲဖြစ်မယ်ထင်တယ်"

နတ်မယ် အစက ထိုအချက်ကို မစဉ်းစားမိ။ လုယန်ပြောမှ အလေးအနက်ပြန်တွေးကြည့်သည်။

လုယန် ထပ်ပြောသည်။

"အင်ပါယာရှားရဲံ သက်တမ်းကို ဘိုးဘေးမုန်ကျင်းဇီက ငှားသုံးမယ်ဆိုရင် အရိယဖလဗီဇစွမ်းရည်ကြောင့် လူတွေက ဒီအကြောင်း မေ့သွားရမှာ။

အခု အဲလိုမဟုတ်ဘူးလေ။ အားလုံးက အင်ပါယာရှား သက်တမ်းကုန်တော့မယ့်ကိစ္စကို သိနေကြတယ်"

ရုတ်တရက် လုယန်နောက်ကျောဘက်မှ သူရင်းနှီးနေသည့် စကားသံပေါ်လာသည်။

"ဪ..ငါ့မောင်လေး ဒီလောက်ထိ တွေးနိုင်မယ်လို့ ထင်မထားဘူး။ မင်းကျင့်စဉ်အဆင့်နဲ့ မသိသင့်သေးတဲ့ ကိစ္စတွေကို နတ်မယ်က အများကြီးပြောပြထားပုံပဲ"

ယွမ်ကျိက သစ်ပင်အိုတစ်ပင်အောက်တွင် ရိုးရှင်းသည့်အဖြူရောင် အဝတ်အစားဖြင့် ငြိမ်သက်စွာရပ်နေသည်။ သူ့ဘေးပတ်လည်မှ အချိန်များ ရပ်တန့်နေသယောင်ရှိသည်။

အခုမှရောက်လာသလိုထင်ရသည်။ သို့‌သော် အမြဲတမ်းထိုနေရာတွင် ရှိခဲ့သယောင်လည်း ထင်ရသည်။

နေရောင်ခြည်က သစ်ရွက်များကြားမှ ထိုးကျနေသည်။ သူ့အရိပ်က မြေပေါ်တွင် ထင်ဟပ်နေသည်။ သူ့အသွင်က လောကနှင့်ကင်းကွာနေသယောင်ရှိသည်။

"အမယွမ်"

လုယန် ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

အင်ပါယာရှား သေဟန်ဆောင်မှန်သိကတည်းက အမယွမ် နန်းမြို့တော်သို့ အရင်ကတည်းက ရောက်နှင့်ပြီးဖြစ်ကြောင်း လုယန်ခန့်မှန်းမိသည်။

ဤတိုက်ပွဲသည် မသေမျိုးတိုက်ပွဲဖြစ်သည်။ အမယွမ်က သူ့ကို ကြည့်ရှုခွင့်ပေးမည်မဟုတ်။

သို့သော် အမယွမ်ကို မြင်လိုက်ရသဖြင့် သူစိတ်သက်သာရာရသည်။

********************************

အခန်း (၈၇၅) တစ်ယောက်တည်းမရ

"ရှောင်ယွမ်၊ မဟုတ်တာတွေမပြောနဲ့။ ရှောင်ယန်မသိသင့်တာတွေ ငါပြောတယ်ဆိုတာက ဘာစကားကြီးလဲ။ သူဉာဏ်ထက်လို့ ဒီကိစ္စတွေ သူ့ဘာသာခန့်မှန်းသုံးသပ်နိုင်တာပါ"

တစ်ခြားဘာမှလုပ်စရာမရှိသဖြင့် လုယန်ကို မသေမျိုးတစ်ယောက်သာ သိသင့်သည့် ဗဟုသုတများ ပြောပြခဲ့သည့်ကိစ္စကို နတ်မယ်က ဝန်မခံ။

သူဘာမှမပြောပြခဲ့။ လုယန် သူ့ဘာသာမှန်းဆသုံးသပ်ခဲ့ခြင်းဖြစ်သည်။

လုယန် "..."

နတ်မယ်...အရိယဖလစွမ်းရည်တွေ၊ မသေမျိုးတစ်ယောက်ရဲ့ ထူးခြားချက်တွေကို ကျုပ်ဘာသာ စဉ်းစားသုံးသပ်နိုင်မယ်လို့ ခင်ဗျားထင်လို့လား...

ယွမ်ကျိ သစ်ပင်အောက်မှ ထွက်လာသည်။ အဖြူရောင်ဝတ်စုံက နေရောင်အောက်တွင် တောက်ပနေသည်။

"မောင်လေးယန်၊ မင်းက နန်းမြို့တော်မှာ အတော်အဆင်ပြေနေပုံပဲ"

နန်းမြို့တော်သို့ အရိုးရိုင်း ရောက်လာချိန်တွင် ယွမ်ကျိလည်း တိတ်တဆိတ်ရောက်လာသည်။ ကွမ်းရှန်ဟိုင်ကို ထောင်ဖမ်းဖို့စောင့်ရင်း နန်းမြို့တော်တွင် လုယန်၏လှုပ်ရှားမှုများအကြောင်း စုံစမ်းခဲ့သည်။

သုံးလဟူသည့် အချိန်တိုအတွင်း လုယန်၏ဘဝက အတော်လေးအ‌ရောင်အသွေးစုံခဲ့သည်။ နန်းမြို့တော်မှ ပါရမီရှင်များကို တိုက်ခိုက်သည်။ မီးပုံးပွဲတော်နေ့တွင် ကဗျာစပ်သည်။ စတုတ္ထမင်းသား၏ ပုန်ကန်မှုကို တိုင်တန်းသည်။

အောင်းလင်းတို့သုံးယောက်နှင့် ဆုံသည်။ ပဥ္စမမင်းသား၏လူများကို ပြစ်မှုဝန်ခံဖို့ ဖျောင်းဖျသည်။ အင်ပါယာရှားကို ဝန်ကြီးချုပ်ခန့်သည်။ နန်းတော်ထဲ တိတ်တဆိတ်ဝင်၍ ပလ္လင်ခိုးသည်။

ထိုလုပ်ရပ်များထဲမှ တစ်ခုလောက်ကိုပင် သာမန်ပါရမီရှင်များ အောင်မြင်အောင်လုပ်နိုင်မည်မထင်။ သို့သော် သူ့ဆရာတူမောင်လေးက အားလုံးလုပ်နိုင်ခဲ့သည်။

ယွမ်ကျိ မြို့တွင်းတစ်နေရာတွင် တိုက်ခိုက်နေသည့် အောင်းလင်းတို့သုံးယောက်ဆီ တစ်ချက်လှမ်းကြည့်ပြိးနောက် နည်းနည်းအံ့အားသင့်သွားသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိ မြို့တော်တွင်ရှိနေမည်ဟု သူထင်မထားခဲ့။

ရှေးဟောင်းကောင်းကင်ရုံးတော်တွင် နောက်ထပ်မသေမျိုးတစ်ယောက် ပေါ်လာမည်ဟုလည်း ထင်မထားခဲ့။

"အမယွမ်၊ ကျုပ်က မတရားစွပ်စွဲခံရတာပါ။ ဒီကိစ္စတွေအားလုံး နတ်မယ်က ကျုပ်ခန္ဓာကိုယ်ကိုသုံးပြီး လုပ်ခဲ့တာပါ"

လုယန် ကိုယ့်ကိုယ်ကို ကာကွယ်သည်။ သူ့အနာဂတ်တိုးတက်လမ်းအတွက် သူ့အင်ပါယာအရှင်မကို စတေးဖို့ အသင့်ဖြစ်နေသည်။ စာနာစိတ်လုံးဝမထားနိုင်။

"အမယွမ် ကျုပ်အကြောင်းသိပါတယ်။ ကျုပ်က အမြဲတမ်း ခပ်လျှိုလျှိုနေတဲ့လူပါ။ ဒီလိုကိစ္စမျိုးတွေ ဘယ်လုပ်မှာလဲ။ နတ်မယ်က ယာယီဂိုဏ်းချုပ်အခွင့်အာဏာကိုသုံးပြီး ကျုပ်ခန္ဓာကိုယ်ကို တောင်းဆိုတယ်။

သေမျိုးဖြစ်တဲ့ကျုပ်က ဘယ်လိုခုခံနိုင်မှာလဲ။ ဒါကို အမယွမ် နားလည်ပေးပါ"

နတ်မယ် ခေါင်းထောင်လာသည်။

"ယာယီဂိုဏ်းချုပ်အခွင့်အာဏာကိုသုံးတာ ငါဘာမှားလို့လဲ။ ရှောင်ယွမ်ကိုယ်တိုင် သဘောတူထားတဲ့ကိစ္စပဲလေ"

"ဒါဆို အကြီးအကဲနတ်မယ်က ယာယီဂိုဏ်းချုပ် ဆက်လုပ်ချင်သေးလား"

နတ်မယ်ကို တစ်နှစ်စာယာယီဂိုဏ်းချုပ်လုပ်ခွင့် ပေးခဲ့သည်ကို ယွမ်ကျိ မှတ်မိသည်။ ယခု လပေါင်းများစွာ ကျန်သေးသည်။

"တော်ပါပြီ။ ဆက်မလုပ်ချင်တော့ဘူး"

အခုရက်ပိုင်းအတွင်း သူအတော်ပျော်ခဲ့ရသည်။ ယာယီဂိုဏ်းချုပ် ဆက်လုပ်ဖို့ စိတ်ကူးမရှိတော့။

လုယန်က ချက်ချင်းချီးကျူးသည်။

"ရှေးဟောင်းခေတ်ကတည်းက စွမ်းအားကြီးတဲ့သူတွေဟာ အခွင့်အာဏာကို အရူးအမူးဖြစ်ခဲ့ကြတယ်။ နတ်မယ်က ဒါကိုအရေးမစိုက်ဘဲ စွမ်းအားအမြင့်ဆုံးအချိန်မှာ နေရာဖယ်ပေးတာဟာ တကယ်လေးစားစရာပါ။

တာအိုလမ်းစဉ်ဂိုဏ်းအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပါ။ လောကအတွက်လည်း ကောင်းချီးတစ်ခုပါပဲ"

သစ္စာခံတစ်ယောက်၏ ချီးကျူးစကားကြောင့် နတ်မယ် သဘောကျစွာရယ်မောနေသည်။

"ဒါဆို အင်ပါယာရှားရဲ့သက်တမ်းကို ငှားယူခဲ့တာ ဘိုးဘေးမုန်ကျင်းဇီလား"

လုယန် ယွမ်ကျိကို ဆက်မေးသည်။

"ဟုတ်တယ်။ အစကတည်းက အင်ပါယာရှားမှာ သက်တမ်းကုန်မယ့်ပြဿနာမျိုး မရှိဘူး။ ကွမ်းရှန်ဟိုင်က နိုင်ငံကံကြမ္မာစွမ်းအားကို သိမ်းပိုက်ပြီး မဟာယုကိုပြန်တည်ထောင်ချင်တယ်ဆိုတာ မုန်ကျင်းဇီနဲ့ကျန်းပင်ကန်းတို့ အစောကြီးကတည်းက ရိပ်မိတယ်။

ဒါပေမယ့် ကွမ်းရှန်ဟိုင်က အရမ်းသတိထားတယ်။ လက်လွတ်စပယ် မလှုပ်ရှားဘူး။ နိုင်ငံ့စွမ်းအားကို မသေမျိုးတစ်ယောက် မျက်စိကျနေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အမြဲတမ်း သတိမပြတ်စောင့်ကြည့်နေရတယ်။ အဲလိုနေရတာ စိတ်ရောကိုယ်ပါ ပင်ပန်းတယ်။ ဒါကြောင့် သူတို့ ဒီလိုအကွက်ချစီစဉ်ခဲ့တာ။

နိုင်ငံ့ကံကြမ္မာစွမ်းအားက အင်ပါယာကိုယ်ထဲမှာပဲနေတယ်။ အင်ပါယာတစ်ယောက်သေသွားရင် နောက်တစ်ယောက်ဆီ ပြောင်းတယ်။ ကျန်းပင်ကန်းနဲ့ယှဉ်နိုင်ပေမယ့်လည်း ကွမ်းရှန်ဟိုင်က နိုင်ငံ့စွမ်းအားပိုင်ဆိုင်ထားတဲ့ အင်ပါယာရှားကို ဒုက္ခမပေးရဲဘူး။ အင်ပါယာရှားက ကျန်းပင်ကန်းပြန်လာချိန်အထိ နိုင်ငံ့စွမ်းအားကို ကာကွယ်ထားနိုင်စွမ်းရှိတယ်လေ။

ဒါကြောင့် အရင်ဆုံး အင်ပါယာရှားရဲ့သက်တမ်းကို သူတို့ဆွဲယူတယ်။ သူသေတော့မယ့်ပုံစံဖြစ်အောင် ဖန်တီးတယ်။ အိမ်ရှေ့မင်းသား ထီးနန်းမဆက်ခံချင်ဘူးဆိုတာလည်း အများသိချပြတယ်။ ဒီတော့ အင်ပါယာရှားသေရင် နိုင်ငံ့စွမ်းအားက ပိုင်ရှင်မဲ့သွားမယ်။ အဲလိုနဲ့ ကွမ်းရှန်ဟိုင် ထွက်လာအောင် မျှားခေါ်ခဲ့တာ"

လုယန် စဉ်းစားသည်။

"ဒါဆို အိမ်ရှေ့မင်းသားရဲ့လုပ်ရပ်တွေက ဟန်ဆောင်ထားတာလား။ သူလည်း ထီးနန်းကို ဆက်ခံချင်နေတာလား"

"မဟုတ်ဘူး။ ဟန်မဆောင်ခဲ့တာဆိုလို့ သူတစ်ယောက်ပဲရှိတယ်။ အစက အင်ပါယာရှားကို နောက်သုံးလေးနှစ်နေမှ သေဟန်ဆောင်ခိုင်ဖို့ စီစဉ်ထားတာ။ ဒါပေမယ့် မင်းနဲ့ရှောင်မုန် မြို့တော်ကိုသွားတော့ ငါစိတ်ကူးပြောင်းလိုက်တယ်။ အစီအစဉ်ကို ချက်ချင်းအကောင်အထည်ဖေါ်ဖို့ သူတို့ကိုပြောလိုက်တယ်"

ယွမ်ကျိ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

"မင်းကံကြမ္မာအရ နန်းမြို့တော်ကိုရောက်ရင် ကွမ်းရှန်ဟိုင် လှုပ်ရှားလာနိုင်ခြေများတယ်လို့ သူတို့ကို ငါအကြံပေးလိုက်တယ်"

အမယွမ် သူ့အပေါ်နားလည်မှုလွဲနေသည်ဟု လုယန်ခံစားရသည်။ မင်းသားနှစ်ယောက်ကို ထောင်ထဲပို့ပြီး ကွမ်းရှန်ဟိုင်ကို လှည့်စားနိုင်ခဲ့သည်မှာ နတ်မယ်ကြောင့်ဖြစ်သည်။

"အဲလိုဆိုလည်း အမယွမ်ကျုပ်ကို ကြိုပြောထားသင့်တာပေါ့။ ကျုပ်စိတ်ထဲမှာ ပြင်ဆင်ထားနိုင်တယ်လေ"

လုယန် ယွမ်ကျိကို အလိုမကျဟန်ဖြင့် ကြည့်နေသည်။ သူသည် အမြဲတမ်း နှုတ်စောင့်စည်းခဲ့သူဖြစ်သည်။ အင်ပါယာရှား၏အခြေနေမှန်ကို သူသိထားလျှင်လည်း လုံးဝထုတ်ပြောမည်မဟုတ်။

ယွမ်ကျိက သက်ပြင်းချသည်။

"မင်းနှုတ်လုံမှန်းသိပါတယ်။ ဒါပေမယ့် အဖြစ်မှန်ကိုမင်းသိရင် မသေမျိုးတွေအများကြီး အာရုံစိုက်လာမှာစိုးရိမ်လို့ပါ။ အဲလိုဆို အစီအစဉ်က ချောချောမွေ့မွေ့ဖြစ်မှာမဟုတ်ဘူး"

"ဒါဆိုအမယွမ်လည်း ဝင်လှုပ်ရှားဖို့ ဒီကိုလာတာလား"

ယွမ်ကျိ ကောင်းကင်တိုက်ပွဲကို လှမ်းကြည့်သည်။

"လောလောဆယ်တော့ မုန်ကျင်းဇီတစ်ယောက်တည်းနဲ့ပဲ အဆင်ပြေလောက်မှာပါ"

မုန်ကျင်းဇီနှင့် ကွမ်းရှန်ဟိုင်သည် ကိုယ်ပိုင်အရိယဖလသာ ပိုင်ဆိုင်ကြသည်မဟုတ်။ အရိယဖလသန္ဓေများလည်း ကိုယ်စီထုတ်သုံးနိုင်သည်။ မသေမျိုးတစ်ဝက်တစ်ယောက် အသုံးပြုသည့် အရိယဖလသန္ဓေစွမ်းအားသည် မသေမျိုးအစစ်တစ်ယောက်သုံးသည့် စွမ်းအားနှင့် နှိုင်းယှဉ်၍မရ။

နှစ်ယောက်လုံး တိုက်ကွက်မျိုးစုံထုတ်သုံးသည်။ တစ်ယောက်တစ်လှည့် အသာစီးရနေသည်။ ကွမ်းရှန်ဟိုင်က သက်ရှည်အရိယဖလနှင့် ပြန်ကုစားခြင်းအရိယဖလကိုသုံး၍ ဒဏ်ရာများကို အမြန်ကုသနိုင်သည်။

မုန်ကျင်းဇီက ဒဏ်ရာကုဖို့ နည်းလမ်းရှိဟန်မတူ။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များစွာ ပြည့်နေသည်။ အထူးသဖြင့် ရင်ဘတ်မှဒဏ်ရာက အတော်နက်သည်။ အရိုးပင် ပေါ်နေသည်။

ထိုအဖြစ်ကိုကြည့်၍ ကွမ်းရှန်ဟိုင် လှောင်ပြုံးပြုံးသည်

"မင်းမှ အစွမ်းအစနည်းနည်းရှိမယ်ထင်ထားတာ။ အခုကြည့်ရသလောက်တော့ ဘာမှထူးခြားတဲ့ပုံမပေါ်ပါဘူး။ ငါ့မသေမျိုးလက်နက်ကို လုယူနိုင်တဲ့အစွမ်းမျိုးသာ မင်းမှာမရှိခဲ့ရင် အဲဒီ့လက်နက်နဲ့ အစောကြီးကတည်းက ငါမင်းကိုသတ်ပြီးလောက်ပြီ"

ကွမ်းရှန်ဟိုင်က အိပ်မက်နယ်မြေအရိယဖလသန္ဓေစွမ်းအားသုံး၍ အိပ်‌ပျော်နေစဉ်အတွင်း မသေမျိုးရတနာများစွာ ဖန်တီးနိုင်သည်။ ထိုရတနာများကို ပုံဖော်ပြီးလျှင် ဖလှယ်ခြင်းအရိယဖလသန္ဓေကိုသုံး၍ သူအလိုရှိသည့်ရတနာကို အိပ်မက်နယ်မြေမှ လဲလှယ်ယူနိုင်သည်။

သို့သော် မုန်ကျင်းဇီက ရန်သူ့လက်နက်များကို ငှားယူသုံးစွဲနိုင်သည့် အစွမ်းမျိုးရှိသည်။ လက်နက်ထုတ်သုံးလျှင် သူ့ကို ကူညီနေသလိုသာဖြစ်လာမည်။

မုန်ကျင်းဇီ ဒဏ်ရာများကို အရေးမစိုက်ဘဲ မပွင့်တပွင့်ပြုံး၍ သူ့အရိယဖလကို အသက်သွင်းလိုက်သည်။

"မိတ်ဆွေကွမ်းကိုကြည့်ရတာ ကျန်းမာရေးအတော်ကောင်းတဲ့ပုံပဲ။ ပြည့်စုံလွန်းရင် တစ်ခုခုလစ်ဟာသလို ဖြစ်နေတယ်လေ။ ကျုပ်ဒဏ်ရာတွေကို ငှားပေးရမလား"

မုန်ကျင်းဇီ အကြံပြုသည်။

ကွမ်းရှန်ဟိုင် မျက်နှာပျက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နက်သွားသည်။ အထူးသဖြင့် ရင်ဘတ်ဒဏ်ရာက အတော်နက်သည်။ အရိုးပင် ပေါ်နေသည်။

မုန်ကျင်းဇီကိုယ်ပေါ်မှ ဒဏ်ရာများ အားလုံးပျောက်သွားသည်။

ကွမ်းရှန်ဟိုင်ကိုကြည့်၍ မုန်ကျင်းဇီ ကျေနပ်စွာပြုံးလိုက်သည်။

"အခုမှပဲ ပိုကြည့်ကောင်းလာတယ်။ ဆက်တိုက်ခိုက်ကြတော့မလား မိတ်ဆွေကွမ်"

"မုန်ကျင်းဇီ.."

ကွမ်းရှန်ဟိုင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ အရိယဖလသန္ဓေနှစ်မျိုးသုံး၍ သူ့ဒဏ်ရာများကို ကုသသည်။

သို့သော် ထိုဒဏ်ရာများသည် သူကိုယ်တိုင် အားပြည့်ခွန်ပြည့် တိုက်ခိုက်ခဲ့သည့် ဒဏ်ရာများဖြစ်သည်။ ယခု သူ့ကိုယ်ပေါ်ရောက်လာသည်။ အရိယဖလသန္ဓေစွမ်းအားများသုံးသည့်တိုင် အချိန်တိုအတွင်း ကုသဖို့မဖြစ်နိုင်။

"ဘာလို့ဒီလောက်အကျယ်ကြီးအော်နေတာလဲ။ မင်းဒဏ်ရာတွေ ပိုဆိုးလာလိမ့်မယ်နော်"

မုန်ကျင်းဇီကပြုံး၍ ခပ်အေးအေးလေသံဖြင့်ပြောသည်။ ထိုနောက်

"အတိတ်နဲ့အနာဂတ်စွမ်းအား"

သူ့စကားဆုံးသည်နှင့် အချိန်ကာလကိုဖြတ်သန်း၍ အတိတ်နှင့်အနာဂတ်မှ မုန်ကျင်းဇီ၏ သဏ္ဌာန်နှစ်ခုပေါ်လာသည်။ မုန်ကျင်းဇီနှင့်အတူ တိုက်ခိုက်ကြသည်။

**********************************

(၈၇၆) အတွေ့အကြုံကွာသည်

အတိတ်နှင့်အနာဂတ်မှ လူရိပ်နှစ်ခုက အတော်မှုန်ဝါးသည်။ ကျားမခွဲခြားမရ။

နန်းမြို့တော်ကျင့်ကြံသူများ မုန်ကျင်းဇီထုတ်သုံးသည့် ပညာကြောင့် အတော်အံ့အားသင့်သွားသည်။

"ဒဏ်ရာကို တစ်ခြားလူဆီ ပြောင်းလို့ရတယ်။ ဒီလိုကိုယ်ပွားတွေလည်း ငှားလို့ရတယ်။ ဒါဆို မုန်ကျင်းဇီက ဘယ်တော့မှ ဒဏ်ရာမရနိုင်တဲ့သဘောပေါ့။ အစကတည်းက ပြိုင်ဘက်ကင်းဖြစ်နေတဲ့သဘောပေါ့"

မသဲမကွဲအရိပ်နှစ်ခုကို လက်ညှိုးထိုး၍ တစ်ယောက်က ဝမ်းသာအားရအော်သည်။

"ဟိုနှစ်ယောက်ကိုကြည့်ဦး။ သူ့အတိတ်နဲ့ အနာဂတ်ကလူ လာတယ်။ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန် သုံးဦးပေါင်းအဖွဲ့ပေါ့။ တကယ်ကို ကောင်းကင်ဆန့်ကျင်နိုင်တဲ့ စွမ်းအားပဲ"

အစက နန်းမြို့တော်ကျင့်ကြံသူများသည် တာအိုကိုနားလည်ဖို့ ကျင့်စဉ်အဆင့်တိုးတက်ဖို့ မသေမျိုးတိုက်ပွဲကို ကြည့်ခဲ့ခြင်းဖြစ်သည်။

ယခုအခြေအနေအရ ကြည့်ရုံဖြင့် ဉာဏ်အလင်းရဖို့ဆိုသည်မှာ မဖြစ်နိုင်လောက်။

လုယန်လည်း အံ့ဩနေသည်။ မုန်ကျင်းဇီ၏ ငှားယူခြင်းအရိယဖလက တကယ်ထူးခြားသည်။

"ရှောင်ယန်၊ နင်အတွေးလွန်နေတာပါ။ ဒီနှစ်ယောက်က မုန်ကျင်းဇီအစစ်မဟုတ်ဘူးလေ။ မုန်ကျင်းဇီ အတိတ်နဲ့အနာဂတ်က ငှားယူထားတဲ့စွမ်းအားတွေပါ"

နတ်မယ် အချိန်မသေမျိုးနှင့် တိုက်ခိုက်ခဲ့သည်မှာ တစ်ကြိမ်နှစ်ကြိမ်တည်းမဟုတ်။ အတိတ်နှင့်အနာဂတ်စွမ်းအား ငှားသုံးခြင်းအကြောင်း နားလည်သည်။ အချိန်မသေမျိုးသည် ထိုပညာကို တကယ်ကျွမ်းကျင်သည်။

"သူတို့နှစ်ယောက်ပေါင်းလိုက်ရင်တော့ ပြည့်စုံတဲ့မုန်ကျင်းဇီတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ အတိတ်နှင့်အနာဂတ် မုန်ကျင်းဇီဆိုတာက စွမ်းအားတစ်စိတ်တစ်ပိုင်းပဲ ရထားတာ။ အဲဒီ့အချိန်ကာလတွေတွေရောက်ရင် သူအားနည်းနေလိမ့်မယ်"

"ထောင်ယော်ယဲ့ရဲ့ ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာလိုမျိုးလား"

"အတော်တူပါတယ်။ မဟုတ်ရင် အဲလိုခန္ဓာကိုယ်ကို 'မသေမျိုးခန္ဓာ"လို့ ဘယ်ခေါ်မလဲ။ ဒါက မသေမျိုးကျင့်စဉ်ပညာပါ။

သူက ကွမ်းရှန်ဟိုင်ဆီကို ဒဏ်ရာတွေပို့တယ်။ ငါ့အထင်မမှားရင် ငှားထားတယ်ဆိုရင် ပြန်ယူရမယ်။ ပြန်ယူပြီးရင် မုန်ကျင်းဇီရဲ့ ဒဏ်ရာတွေက ပိုပြင်းထန်လာလိမ့်မယ်။

ရှောင်ယွမ်၊ ငါခန့်မှန်းတာ မှန်ရဲ့လား"

"နတ်မယ်က ခါတိုင်းလို ဉာဏ်ပညာထက်မြက်တုန်းပါပဲ"

"ဒါဆို တိုက်ပွဲကြာလေ ဘိုးဘေးမနု်ကျင်းဇီ ပိုအရေးနိမ့်လေ ဖြစ်လာမယ့်သဘောလား"

လုယန် စိုးရိမ်လာသည်။

ယွမ်ကျိက ခေါင်းခါသည်။

"မုန်ကျင်းဇီ ဒဏ်ရာမရနိုင်ပါဘူး"

"ဘာလို့လဲ"

"ကွမ်းရှန်ဟိုင်က ဒဏ်ရာကုမယ်လေ။ ဒဏ်ရာပျောက်သွားရင် ပြန်ပေးစရာမလိုတော့ဘူးပေါ့"

လုယန် "..."

နတ်မယ်၏အတွေးက အမြဲတမ်းတိကျသည်။ တိုက်ပွဲအလီလီနွှဲခဲ့သူဖြစ်၍ တိုက်ပွဲအတွေ့အကြုံများသည်။ တစ်ချက်ကြည့်ရုံဖြင့် မုန်ကျင်းဇီ၏ ဟာကွက်များကိုတွေ့သည်။

ကွမ်းရှန်ဟိုင်က ထိုသို့မဟုတ်။ မဟာချန်နှောင်းပိုင်းတွင် လွှမ်းမိုးခွင့်ရဖို့ တိုက်ခိုက်ကြသည့် မသေမျိုးတစ်ဝက်တိုက်ပွဲများ တစ်ခုမကဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုစဉ်က မသေမျိုးတစ်ဝက်အရေအတွက်သည် ခမ်းနားထည်ဝါသည့် ရှေးဟောင်းခေတ်ကို ဘယ်လိုယှဉ်နိုင်မည်နည်း။

သူတို့အားလုံးပေါင်း၏ အတွေ့အကြုံသည်ပင် နတ်မယ်နှင့်ယှဉ်၍မရနိုင်။

အခြေအနေကို ထိုးထွင်းမမြင်သဖြင့် ကွမ်းရှန်ဟိုင်က မုန်ကျင်းဇီအတွက် ဒဏ်ရာကုပေးသလိုဖြစ်နေသည်။

နန်းမြို့တော်ထက်တွင် မုန်ကျင်းဇီသုံးယောက် တိုက်ခိုက်လာသဖြင့် ကွမ်းရှန်ဟိုင် မျက်ခုံးလှုပ်သွားသည်။

သူပေါ့ဆခဲ့သည်။ ငှားယူခြင်းအရိယဖလသည် သူ့အရိယဖလသန္ဓေထက် များစွာပိုစွမ်းအားကြီးသည်။ အယူအဆချင်းပင်မတူ။

မမသေမျိုးအလောင်းတစ်ခု နောက်ထပ်ရှာမတွေ့ခဲ့သည်က အတော်ဆိုးသည်။ တွေ့ခဲ့လျှင် ပုံသွန်းအရိယဖလဖြင့် မဟာယုတည်ထောင်သည့်အချိန်က ဝူယော်ကို သူဖန်တီးနိုင်လိမ့်မည်။

ထိုစဉ်ကဝူယော်သည် တစ်ခြားလောကများကို စူးစမ်းရှာဖွေလိုစိတ် မပေါ်သေးသဖြင့် သူ့ကိုကူညီပေးပေလိမ့်မည်။

ကွမ်းရှန်ဟိုင် ဒဏ်ရာကုရင်း မုန်ကျင်းဇီသုံးယေက်ကို ဝိုင်းတိုက်ခိုက်သည်ကို ရင်ဆိုင်ရသည်။ အာရုံအပြည့်မစိုက်နိုင်သဖြင့် ချက်ချင်းအရေးနိမ့်လာသည်။

ဆိုးဝါးသည့်ကံကြမ္မာကို သူကျိန်ဆဲမိသည်။ ဤအတိုင်း ဆက်သွားလျှင် နိုင်ငံ့စွမ်းအားရဖို့မဆိုထားနှင့် ဤနေရာမှ အသက်ရှင်လျက်ပင် သူထွက်နိုင်မည်မဟုတ်။

ကွမ်းရှန်ဟိုင် ချက်ချင်းဆုံးဖြတ်ချက်ချသည်။ မုန်ကျင်းဇီနှင့် ဆက်ရင်မဆိုင်တော့။ ထွက်ပြေးသည်က ပိုကောင်းသည်။

"မဟာကောင်းကင်ဖန်တီးခြင်းလက်ဝါး"

မ‌သေမျိုးပညာတစ်ခု ထုတ်လွှတ်လိုက်သည်။ မုန်ကျင်းဇီကလည်း တစ်ခြားပညာတစ်ခုဖြင့် တန်ပြန်တိုက်ခိုက်သည်။

ကြီးမားသည့်ပေါက်ကွဲမှုတစ်ခု နန်းမြို့တော်အထက်ကောင်းကင်တွင် နောက်တစ်ကြိမ်ဖြစ်ပေါ်လာသည်။ မိုးခြုန်းသံထက် ပိုကျယ်လောင်သည်။ တိုက်ပွဲနေရာမှ စွမ်းအင်လှိုင်းများ ပြန့်ထွက်သွားသည်။

ထိုအချိန်ကို အခွင့်ကောင်းယူ၍ ကွမ်းရှန်ဟိုင် ထွက်ပြေးသည်။

သို့သော် နန်းမြို့တော်အစွန်သို့ရောက်လေ ပိုလေးလံသလို ခံစားရလေဖြစ်လာသည်။ ကျောကုန်းပေါ်တွင် မသေမျိုးတောင်တန်းကြီးတစ်ခု ထမ်းပိုးထားသယောင်ထင်ရသည်။ လေးလွန်းသဖြင့် ကောင်းကင်တွင် ဆက်မပျံသန်းနိုင်တော့။

မှော်လက်နက်တစ်ခုကို နန်းမြို့တော်အပြင်ဘက်သို့ လွှင့်ပစ်ပြီး နေရာလဲရန် ကြိုးစားသည်။ သို့သော် မအောင်မြင်။

မုန်ကျင်းဇီက ကွမ်းရှန်ဟိုင်ထွက်ပြေးမည်ကို ကြိုတွက်ထားသကဲ့သို့ မပွင့်တပွင့်ပြုံး၍ နောက်မှလိုက်သည်။ နန်းမြို့တော်အစွန်သို့ ရောက်လာသည်။

"မိတ်ဆွေကွမ်း၊ ဒီကိုတောင်ရောက်နေပြီလား။ အိမ်ရှင်ရဲ့စေတနာကို အလေးထားပြီး ဒီမှာပဲ ဧည့်သည်အဖြစ် နေပါလား"

"ဒါဘယ်လိုပညာလဲကွ"

ကွမ်းရှန်ဟိုင် ထိတ်လန့်နေသည်။ သူဘယ်အချိန်က ထောင်ချောက်ထဲကျသွားသည်ကို လုံးဝမသိလိုက်။

မုန်ကျင်းဇီ နှုတ်ခမ်းပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။

"ငါထွက်မလာခင် နိုင်ငံ့စွမ်းအားတစ်ချို့ မင်းသန့်စင်နေတာကို ငါဘာလို့ထိုင်စောင့်နေတယ်ထင်လဲ။ တိုက်ပွဲကနေ မင်းထွက်မပြေးနိုင်အောင် တားဖို့ပဲလေ။

နိုင်ငံ့စွမ်းအားတစ်ပိုင်းတစ်စကို မင်းသန့်စင်လိုက်တယ်။ ဒါဟာ မင်းအတွက် အမြဲတမ်း ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတော့မှာ။ နိုင်ငံ့စွမ်းအားဆိုတာ မဟာရှားပြည့်သူတွေအားလုံးရဲ့ စုပေါင်းစွမ်းအားပဲ။

မြို့တော်ကထွက်ချင်ရင် မင်းစွမ်းအားက မဟာရှားနိုင်ငံသားအားလုံးထက် သာလွန်နေမှပဲရမယ်။ မင်းမှာ အဲလိုစွမ်းအားမျိုး ရှိတယ်ထင်လား"

ကွမ်းရှန်ဟိုင် မျက်နှာအကြီးအကျယ်ပျက်သွားသည်။ နိုင်ငံ့စွမ်းအားက သူ့အတွက် အချုပ်အနှောင်တစ်ခုဖြစ်လာမည်ဟု လုံးဝမတွေးမိခဲ့။

"သေလိုက်စမ်း"

ကွမ်းရှန်ဟိုင် အရင်လို တည်ငြိမ်သည့်ပုံစံမျိုးမရှိတော့။ မလွတ်မြောက်နိုင်တော့သဖြင့် ရန်သူနှင့်အတူသေဖို့ ဆုံးဖြတ်လိုက်သည်။

"ကပ်ဆိုးသက်တန့်စွမ်းအား"

အရောင်ကိုးမျိုးရှိသည့် မသေမျိုးသက်တန့်တစ်ခု ကွမ်းရှန်ဟိုင်၏လက်ဝါးမှ ထွက်လာသည်။ အဖျက်စွမ်းအား အပြည့်ပါသည်။

သေးငယ်သည်ထင်ရသော်လည်း နန်းမြို့တော်ကိုသာထိလျှင် တစ်မြို့လုံးပျက်စီးသွားလိမ့်မည်။

နန်းမြို့တော်ကံကြမ္မာကို မုန်ကျင်းဇီ အရေးမစိုက်ဘဲမနေနိုင်ဟု သူယုံကြည်ထားသည်။

အောက်ဘက်မှ မုန်ပိုစီ မျက်နှာအကြီးအကျယ်ပျက်သွားသည်။ မြို့စောင့်တပ်၏မှော်စက်ဝန်း ဘယ်လာက်အားကောင်းသည်ဖြစ်စေ ကွမ်းရှန်ဟိုင်၏ ဒေါသအပြည့်ဖြင့် တိုက်ခိုက်သည်ကို ခံနိုင်မည်မဟုတ်။

ပုံမှန်အားဖြင့် ဤအခြေအနေကို ကာကွယ်ဖို့ ယွမ်ကျိ ပါဝင်လှုပ်ရှားရန်လိုသည်။ သို့သော်ယခု မုန်ကျင်းဇီစိတ်ကူးတစ်ခု ရလာသည်။

"မိတ်ဆွေကျင်းချိုင်ဝေ၊ မင်းရဲ့ အရိယဖလသန္ဓေကို ခဏငှားလို့ရမလား"

တိုက်ပွဲဝင်နေသည့် ကျင်းချိုင်ဝေက မုန်ကျင်းဇီအော်သံကို ကြားသည်။ ဘာလုပ်ချင်မှန်းမသိသော်လည်း သူ့အရိယဖလသန္ဓေကို ငှားလိုက်သည်။

အရိယဖလသန္ဓေရပြီးသည်နှင့် မုန်ကျင်းဇီက ကျဆင်းလာသည့် ကိုးရောင်ခြယ်သက်တန့်ကို ရေပြင်ညီအဖြစ်ပြောင်းလိုက်သည်။

ပြားချပ်သွားသည့် ကိုးရောင်ခြယ်သက်တန့်သည် သက်တန့်နှင့်ပင် မတူတော့။ ကိုးရောင်ခြယ် ဓားတစ်လက်လို ဖြစ်လာသည်။ မြို့တော်ကို ရိုက်ခတ်သော်လည်း ပေါက်ကွဲမှုလုံးဝမဖြစ်တော့။

သို့သော် မဟာမှော်စက်ဝန်းကိုဖြတ်၍ မြေပြင်ကို တို့ဟူးသားလို ထိုးခွဲသွားသည်။ အဆုံးစမဲ့ အက်ကြောင်းတစ်ခု ဖြစ်လာသည်။။

"ဟားဟား၊ အတော်ရယ်ရတာပဲ။ မင်းဒီလို ဘယ်နှကြိမ်ကာကွယ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

တစ်ချက်တိုက်ခိုက်သည်ကို ကာကွယ်နိုင်သည်။ နန်းမြို့တ်ောသည် မုန်ကျင်းဇီ၏ အားနည်းချက်ဖြစ်ကြောင်း သိပြီးဖြစ်၍ ကွမ်းရှန်ဟိုင် ရင်ဆိုင်ဖို့လုံးဝမကြောက်။

သို့သော် မကြာမီ သူဆက်ရယ်နိုင်စွမ်းမရှိတော့။ သက်တန့်ကြောင့်ဖြစ်လာသည့် အက်ကြောင်းထဲမှ မသေမျိုးအလင်းတစ်ခု ထိုးထွက်လာသည်။ ကွမ်းရှန်ဟိုင်၏မျက်နှာကို တည့်တည့်ရိုက်ခတ်သည်။

မသေမျိုးအလင်းက မြန်လွန်းသဖြင့် ကွမ်းရှန်ဟိုင် တုံ့ပြန်ချိန်မရလိုက်။ သူ့ညာလက်က အလင်းတန်းကြောင့် ပြတ်ထွက်သွားသည်။

ထိုတိုက်ခိုက်မှု ဘယ်ကလာသည်ကို ကွမ်းရှန်ဟိုင် ချက်ချင်းနားလည်လာသည်။ ကိုးရောင်ခြယ်မသေမျိုးအလင်းက မြေကြီးကိုထိုးခွဲ၍ အနက်ဆုံးနေရာမှ လောကကိုအလုံပိတ်ထားသည့် မသေမျိုးမှော်စက်ဝန်းကို ထိခြင်းဖြစ်သည်။ ထိုရှေးဟောင်းမှော်စက်ဝန်းက တိုက်ခိုက်မှုမှန်သမျှ တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။

နန်းမြို့တော်ကို ဖျက်ဆီးသည့်ကိစ္စ မအောင်မြင်သဖြင့် ကွမ်းရှန်ဟိုင် မုန်ကျင်းဇီနှင့် နောက်တစ်ကြိမ် အသေအကြေ တိုက်ခိုက်ရသည်။

သူအရူးတစ်ပိုင်းဖြစ်နေသည်။ သွေးဆာနေသည်။ ကိုယ်ပေါ်မှဒဏ်ရာများကို လုံးဝအရေးမစိုက်တော့။ မုန်ကျင်းဇီကို သေရွာသို့အပါခေါ်သွားဖို့ ဆုံးဖြတ်ထားသည်။

"ဖောက်ခွဲမယ်"

နောက်ဆုံးတွင် ကွမ်းရှန်ဟိုင် မာန်သွင်းအော်ဟစ်၍ သူ့ကိုယ်သူဖောက်ခွဲလိုက်သည်။ နန်းမြို့တော်သည် ပေါက်ကွဲမှုစက်ကွင်းထဲတွင် ရှိနေသည်။ ထိုတိုက်ခိုက်မှုမျိုးကို တားဆီးနိုင်စရာနည်းလမ်းမရှိသဖြင့် မုန်ကျင်းဇီအံတင်းတင်းကြိတ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဒဏ်ရာပြင်းထန်စွာရသွားသည်။

တိုက်ပွဲကို မော့ကြည့်နေသည့် ယွမ်ကျိက တစ်ခုသတိထားမိသည်။ ကွမ်းရှန်ဟိုင်သည် အသေအကြေတိုက်နေပုံပေါ်သော်လည်း အမှန်တော့ တိုက်ခိုက်ရင်း နိုင်ငံ့ကြမ္မာစွမ်းအားနှင့် အဆက်ဖြတ်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။ အဆက်ပြတ်သွားသည်နှင့် သူ့ကိုယ်သူဖောက်ခွဲပြီး ကိုယ်လွတ်ရုန်းပြေးသည်။

ခန္ဓာကိုယ်ဖောက်ခွဲမှုစွမ်းအားအဆင့်က မြင့်မားလွန်းသဖြင့် ကွမ်းရှန်ဟိုင်အခြေအနေက မုန်ကျင်းဇီထက်ပင် ပိုဆိုးနေသည်။

"ရှောင်လု၊ ငါသွားမှဖြစ်မယ်"

ကွမ်းရှန်ဟိုင် ထွက်မပြေးအောင် တားဆီးဖို့ နန်းမြို့တော်သို့ သူလာခဲ့ခြင်ဖြစ်သည်။

All Chapters