အခန်း (၈၇၇-၈၇၉)
Vol. 59 Ch. 877-879
အခန်း (၈၇၇) အဆုံးသတ်
"ခွေးမသားမုန်ကျင်းဇီ၊ ဒီလိုဖြစ်လာမယ်ဆိုတာသာ သိခဲ့ရင် အစကတည်းက မင်းကိုငါသတ်ခဲ့တယ်ကွ"
နန်းမြို့တော် အပြင်ဘက် မိုင်ထောင်ချီဝေးကွာသည့် တောင်တန်းပေါ်တွင် ကွမ်းရှန်ဟိုင်၏မျက်နှာ အမုန်းတရားကြောင့် တင်းမာခက်ထန်နေသည်။
နန်းမြို့တော်တိုက်ပွဲတွင် သူ့အရှုံးကြီးရှုံးခဲ့သည်။ သူ့လက်အောက်ခံများ နန်းမြို့တော်နှင့် ယုပြည်နယ်တွင် ကျန်ခဲ့သည်။ သူအချိန်ကြာမြင့်စွာတောင့်တခဲ့သည့် နိုင်ငံ့စွမ်းအားကို လက်လွှတ်ခဲ့ရသည်။
ဘဝတစ်လျှောက် တိုက်ပွဲများ မရေမတွက်နိုင်အောင် နွှဲခဲ့ဖူးသည်။ ဤမျိုးဆက်သစ်နှစ်ယောက်က သူ့ကို အနိုင်ပိုင်းမည်ဟု လုံးဝထင်မထားခဲ့။
တွေးရင်းတွေးရင်း ဒေါသပိုထွက်လာသဖြင့် ဖိနောင့်တစ်ချက်ပေါက်လိုက်သည်။ အောက်ဘက်တောင်တန်း ကြေမွသွားပြီး မြေမှုန့်များ လေထဲသို့ ပျံတက်လာသည်။
"မုန်ကျင်းဇီ၊ ကျန်းပင်ကန်း၊ မင်းတို့စောင့်နေပါ။ ဒါကိုလက်စားပြန်မချေနိုင်ရင် ငါလူမဟုတ်တော့ဘူး"
သူ့လက်အောက်ခံများ ဆုံးရှုံးသွားသော်လည်း ပုံသွန်းအရိယဖပိုင်ရှင်တစ်ယောက်အတွက် လက်အောက်ခံရှားပါးသည်ဟူ၍ မရှိ။
တပ်မှူးယုနှင့် ဒုတိယနိုင်ငံဆရာလို လူများအားလုံးကိုပုံသွန်း၍ ပြန်အသုံးချနိုင်သည်။ မျက်တောင်တခတ်အတွင်း ပြန်ခေါ်နိုင်သည်။
"အခုလောလောဆယ် ဒဏ်ရာကုဖို့ နေရာရှာရဦးမယ်"
ခန္ဓာကိုယ်ဖောက်ခွဲစွမ်းအားက ပြင်းထန်လွန်းသည်။ ဒဏ်ရာချက်ချင်းမကုဘဲ သွေးသန္ဓေစတေး၍ ဤနေရာသို့ ထွက်ပြေးခဲ့ရသည်။
ထို့ကြောင့် ဒဏ်ရာက ပိုဆိုးသွားသည်။ သက်ရှည်အရိယဖလသန္ဓေနှင့် ပြန်ကုစားခြင်းအရိယဖလသန္ဓေကို တစ်ပြိုင်တည်းသုံးသည့်တိုင် ဒဏ်ရာပျောက်ကင်းသည့်အရှိန်ကို မမြှင့်နိုင်။
"အကြီးအကဲကွမ်း၊ ဒဏ်ရာကုဖို့ တာအိုလမ်းစဉ်ဂိုဏ်းကို လိုက်ခဲ့ပါလား"
အေးစက်စက်စကာသံ သူ့နောက်ဘက်မှပေါ်လာသဖြင့် သူရင်ထိတ်သွားသည်။
"ဘယ်သူလဲကွ"
လူတစ်ယောက် သူ့နားသို့ချဉ်းကပ်လာသည်ကို သူမရိပ်မိလိုက်။
ချက်ချင်းခေါင်းလှည့်ကြည့်သည်။ ဝတ်ရုံဖြူနှင့်မိန်းမတစ်ယောက် ရပ်နေသည်ကိုမြင်ရသည်။ အပြုံးအရယ်မရှိသည့်မျက်နှာနှင့် တည်ငြိမ်စွာကြည့်နေသည်။
"တာအိုလမ်းစဉ်ဂိုဏ်းက ယွမ်ကျိပါလား"
တစ်ချိန်က မသေမျိုးဂိုဏ်းစည်းဝေးပွဲတွင် မသေမျိုးလေးဂိုဏ်းခေါင်းဆောင်များကို အနိုင်ယူခဲ့ဖူးသည့် ယွမ်ကျိကို သူမှတ်မိသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့် သို့မဟုတ် မသေမျိုးတစ်ဝက်အဆင့်ဖြစ်မည်ဟု သူခန့်မှန်းခဲ့သည်။
ဘယ်အဆင့်ဖြစ်စေ နန်းမြို့တော်မှအစီအစဉ်အတွက် အနှောက်အယှက်မပေးနိုင်ဟု ယူဆသဖြင့် ယွမ်ကျိကို သူအရေးမစိုက်ခဲ့။
"ဘာလဲ၊ ငါဒဏ်ရာရထားလို့ မသေမျိုးတစ်ဝက်အဆင့်လောက်နဲ့ ငါ့ကိုအနိုင်ယူပြီး နာမည်ယူချင်လာလား။ လူငယ်မျိုးဆက်တွေက တကယ်မာန်ထောင်ကြတာပဲ"
ယွမ်ကျိ ပြန်မဖြေ။ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
ကွမ်းရှန်ဟိုင်မျက်လုံးတွင် အကြောက်တရားနှင့်စိတ်ပျက်အားငယ်မှုများ ပြည့်သွားသည်။ နူးညံ့သည့်လက်ဝါးတစ်ခု တဖြေးဖြေးနီးလာသည်။ ရှောင်တိမ်းနိုင်စွမ်းမရှိ။
.........
"နောက်ဆုံးတော့ ပြီးသွားပြီပေါ့"
ကွမ်းရှန်ဟိုင်ထွက်ပြီး လက်ဖက်ရည်တစ်ခွက်စာကြာချိန်တွင် နန်းမြို့တော်ကျင့်ကြံသူများ တတွေးကိုကျိတ်မျို၍ အချင်းချင်းမေးမြန်းကြသည်။
"အရှေ့ပင်လယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲလည်း ဒီလောက်ပြင်းထန်လား"
"ပြင်းထန်တာပေါ့။ မသေမျိုးတိုက်ပွဲတွေဟာ ကြောက်စရာကောင်းတာပဲလေ"
"ဟုတ်တယ်၊ မဟာယုနိုင်ငံ့ဆရာသုံးသွားတဲ့ တိုက်ကွက်နာမည်က ဘရယ်.."
"မုန်ကျင်းဇီနဲ့ နိုင်ငံ့ဆရာ ဘယ်လိုတွေတိုက်ခိုက်သွားတာလဲ။ ဘယ်သူမှတ်မိလဲ"
မုန်ကျင်းဇီ၏ ငှားယူခြင်းအရိယဖလတွင် မေ့လျော့စေသည့်အာနိသင် မရှိသော်လည်း ပုံသွန်းအရိယဖလတွင် ရှိသည်။
တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် သက်ရောက်သည်။ သုံးခဲ့သည့်တိုက်ကွက်များကို တစ်ယောက်မှမမှတ်မိကြ။
မှော်ဖန်လုံးနှင့် မှတ်တမ်းယူထားလျှင်ပင် ရုပ်ပုံမပေါ်တော့သည့် ဗလာပြင်ဖြစ်သွားသည်။
တပ်မှူးယုအခြေအနေကလည်း ပြောစရာမလို။ ယင်ယန်အရိယဖလတိုက်ခိုက်နည်းကို ရင်းနှီးနေသည့် အောင်းလင်းနှင့် ကျန်းလျန်ယိတို့ရှိသည်။
ရင်ဆိုင်ရအခက်ဆုံးက ဒုတိယနိုင်ငံ့ဆရာ၏ ကံကြမ္မာအရိယဖလသန္ဓေဖြစ်သည်။
နောက်ဆုံးတွင် မိန်းမသုံးယောက် ဖြေရှင်းနည်းတစ်ခု စဉ်းစားမိကြသည်။ ဒုတိယနိုင်ငံ့ဆရာကို မတိုက်ခိုက်တော့။ ကျင်းချိုင်ဝေက ဘေးပတ်လည်လေထုကို အပြားခြောက်ခုအဖြစ် အသွင်ပြောင်းပြီး ပိတ်ဆို့လိုက်သည်။
ထိုအပြားခြောက်ခုကို ဖြတ်သန်းလာသူမှန်သမျှ ထိခိုက်သွားမည်။
အချပ်ပြားများကို ဓားအဖြစ်သုံး၍ လေဟာနယ်ကို ပိုင်းဖြတ်ကြသည်။ တဖြေးဖြေး ဒုတိယနိုင်ငံ့ဆရာ ပုန်းကွယ်စရာ နေရာပျောက်လာသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူထွက်လာရသည်။
ချီလင်မသေမျိုးတို့လေးယောက် လောကတစ်ခုလုံးကို အလုံပိတ်၍ လူသတ်သမားကိုရှားခဲ့သည့် နည်းလမ်းကို ကျန်းလျန်ယိ ပြန်သတိရလာ၍ ထိုနည်းလမ်းကိုသုံးခဲ့ခြင်းဖြစ်သည်။ တကယ်လည်း ထိရောက်မှုရှိသည်။
ထို့ကြောင့်
အံ့ဩတုန်လှုပ်ဖွယ်ဖွယ်ကောင်းသည့် သူတို့တိုက်ပွဲ အဆုံးသတ်သွားသည်။
"ခေါင်းဆောင်မူ နန်းမြို့တော်မှာ လုပ်ငန်းတည်ထောင်ချင်တာ သေချာရဲ့လား။ ဒီနေရာက သိပ်ပြီးစိတ်မချရတဲ့ပုံပဲနော်"
ချီတုန်ဖန်း ကျောက်ရုပ်လိုရပ်ကြည့်၍ မင်သက်မိနေသည်။ ကျင့်စဉ်အဆင့်မြင့်လေ ဖြစ်သွားသည့်တိုက်ပွဲ ဘယ်လောက်ကြောက်စရာကောင်းမှန်း နားလည်လေဖြစ်သည်။
ကျင့်စဉ်လမ်း၏ အမြင့်ဆုံးအဆင့် တိုက်ပွဲဖြစ်သည်။ လှုပ်ရှားမှုတိုင်းက မိုးမြေကိုဖျက်ဆီးနိုင်သည့် စွမ်းအားမျိုးပါသည်။ တစ်ချက်တိုက်ခိုက်ရုံဖြင့် နန်းမြို့တော်တစ်ခုလုံး ဖျက်ဆီးနိုင်စွမ်းရှိသည်။
လုပ်ငန်းခွင်ဈေးကွက်ကို လေ့လာသည့်ခရီးတွင် နန်းပလ္လင်လုပွဲ၊ မသေမျိုးတစ်ဝက်များ သေမျိုးများတိုက်ပွဲနှင့် ကြုံရမည်ဟု ဘယ်သူမှထင်မထားကြ။
"အကောင်းဘက်က ကြည့်ပါ။ မုန်ကျင်းဇီနဲ့ ကျန်းပင်ကန်းလို မသေမျိုးနှစ်ယောက် မြို့တော်မှာရှိတယ်လေ။ ဒီထက်စိတ်ချရတဲ့နေရာ ဘယ်မှာရှိလို့လဲ"
"အင်း...အဲလိုတွေးတော့လည်း ဟုတ်သားပဲ"
.....
"မင်းက ယွမ်ကျိရဲ့ ဆရာတူမောင်လေးလား"
မုန်ကျင်းဇီ လုယန်ရှေ့တွင် ပေါ်လာပြီး စိတ်ဝင်စားဟန်ဖြင့် အကဲခတ်နေသည်။
"ဘိုးဘေးမုန်"
တိုက်ပွဲပြီးပြီးချင်း မုန်ကျင်းဇီက သူ့ကိုလာတွေ့သဖြင့် လုယန်နည်းနည်းအနေရခက်နေသည်။ နည်းနည်းလည်းပျော်မိသည်။
"ကျင့်စဉ်အခြေခံ အတော်ခိုင်တာပဲ။ ငါနတ်ဝိညာဉ်အဆင့်တုန်းကတောင် ဒီထက်မပိုလောက်ဘူး။ တကယ့် လူငယ်ပါရမီရှင်ပဲ"
"ဘိုးဘေးမုန်၊ ခင်ဗျားဒဏ်ရာတွေက..."
လုယန် မုန်ကျင်းဇီကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်၍စိုးရိမ်နေသည်။ ဒဏ်ရာများက ပြင်းထန်လွန်းသည်။
မသေမျိုးတစ်ယောက် ခန္ဓာကိုယ်ဖောက်ခွဲမှု။ ထိုစွမ်းအားက မခန့်မှန်းနိုင်လောက်အောင် ပြင်းထန်သည်။ ကွမ်းရှန်ဟိုင်သုံးခဲ့သည့် မသေမျိုးပညာများထက် ပိုစွမ်းအားကြီးသည်။
ယခု မုန်ကျင်းဇီရပ်နေနိုင်သေးသည်မှာ အတော်အံ့ဩဖို့ကောင်းသည်။
"ဟားဟားဟား၊ ဒါက မသေမျိုးတစ်ယောက်ရဲ့ ဖောက်ခွဲမှုလေးပါကွာ။ ငါ့ကို ဘာအန္တရာယ်ပေးနိုင်မှာလဲ"
ထိုစကားကြောင့် နတ်မယ် ပလ္လင်ပေါ်မှခုန်ထပြီး အင်္ကျီလက်ကို လိပ်တင်သည်။ မုန်ကျင်းဇီနှင့် လက်ရည်စမ်းရန်ပြင်သည်။
"မသေမျိုးတစ်ယောက် ခန္ဓာကိုယ်ဖော်ခွဲတာကို အထင်သေးတယ်ပေါ့။ ငါမသေမျိုး နင့်ကိုလက်တွေ့ပြမယ်"
"နတ်မယ်၊ အဲလိုလုပ်ဖို့ မလိုပါဘူး။ ဘိုးဘေးမုန်ကျင်းဇီက စနောက်နေတာပါ"
လုယန် ထိတ်လန့်သွားပြီး အမြန်တား၍ နတ်မယ်ကို ပလ္လင်ပေါ်ပြန်တင်ပေးရသည်။
မုန်ကျင်းဇီက စက်ကွင်းလွတ်သွားသည်ကို မရိပ်မိဘဲ ဝင့်ကြွားသည့်လေသံဖြင် ဆက်ပြောသည်။
"ဒါတွေက ငါ့အတွက် အသေးအဖွဲဒဏ်ရာတွေပါ။ ရက်ပိုင်းအတွက် ပျောက်သွားလိမ့်မယ်။ ငါပြောတာမယုံရင် ကွမ်းရှန်ဟိုင်ကို မင်းနောက်တစ်ကြိမ် ခန္ဓာဖောက်ခွဲကြည့်ခိုင်းလို့ရတယ်"
လုယန် "..."
စကားကို နည်းနည်းဆင်ခြင်လိုက်ပါလား ဘိုးဘေး...
တိုက်ပွဲပြီးဆုံးပြီးနောက် အောင်းလင်းတို့သုံးယောက်လည်း လုယန်ဆီ ရောက်လာသည်။
မုန်ကျင်းဇီကို မြင်လိုက်ရသဖြင့် သူတို့နည်းနည်းလန့်သွားသည်။ သို့သော် အောက်သို့ပျံဆင်းလာပြီး လုယန်ကိုပြောသည်။
"အကိုလု၊ ကျွန်မတို့တာဝန် ပြီးသွားပြီ။ ဒီနှစ်ယောက်ကို ဖမ်းခေါ်လာပြီ"
ထို့နောက် မုန်ကျင်းဇီကို လက်ဆုပ်ဂါရဝပြုသည်။
"အကြီးအကဲမုန်ကျင်းဇီကို ဂါရဝပြုပါတယ်"
မုန်ကျင်းဇီက လက်ဝှေ့ယမ်းပြသည်။
"ကျုပ်ကမသေမျိုးဆိုပေမယ့် ခင်ဗျားတိုသုံးယောက်က ရှေးဟောင်းခေတ်ကလူတွေပါ။ ဝါစဉ်တွေဘာတွေ ခေါ်ဝေါ်နေရင် ရှုပ်ထွေးသွားလိမ့်မယ်။
'တာအိုမိတ်ဆွေ'လို့ပဲ အချင်းချင်းခေါ်ကြတာပေါ့။
အောင်းလင်းနှင့် ကျန်းလျန်ယိလည်း ကိုယ့်ဘက်တော်သားများဖြစ်ကြောင်း ယွမ်ကျိထံမှ မုန်ကျင်းဇီသိထားသည်။ သို့သော် ကျင်းချိုင်ဝေအကြောင်း ယွမ်ကျိဘာကြောင့်မပြောခဲ့သည်ကို စဉ်းစားမရ။ တစ်ခုခုစိုးရိမ်နေ၍လားမသိ။
"မိတ်ဆွေကျင်း၊ ကျုပ်ကို အရိယဖလသန္ဓေငှားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုနူးညံ့တဲ့ အရိယဖလသန္ဓေ တည်ဆောက်နိုင်တယ်ဆိုတာ တကယ်ပါရမီထူးလို့ပါ။
အရိယဖလသန္ဓေကို ဘယ်သူမှ အလကားမငှားနိုင်ဘူး။ အဲလိုငှားရင်လည်း ကျုပ်စည်းမျဉ်းနဲ့လည်း ဆန့်ကျင်ရာရောက်တယ်။ မိတ်ဆွေကျင်းက ချုန်းချီမျိုးနွယ်ဆိုတော့ ချုန်းချီမျိုးနွယ်နဲ့ မုန်မိသားစုကြားမှာရှိတဲ့ အကြွေးအားလုံး လျှော်ပေးမယ်ဆိုရင် အဆင်ပြေလောက်မလား"
ကျင်းချိုင်ဝေမျက်လုံးများ အရောင်လက်လာသည်။ အခမဲ့ငှားလိုက်သည့်လုပ်ရပ်က ယခုလိုအကျိုးရလာမည်ဟု သူထင်မထားခဲ့။
နန်းမြို့တော်သိုလ့ာသည့် ဤခရီးတွင် ရှေးဟောင်းကောင်းကင်ရုံးတော်သို့ ဝင်ခဲ့သည်။ မသေမျိုးတိုက်ပွဲကို မြင်ခဲ့သည်။ မသေမျိုးတစ်ဝက်နှစ်ယောက်ကို ဖမ်းခဲ့သည်။
နောက်ဆုံးတွင် ချုန်ချီမျိုးနွယ်ကို နှစ်ပေါင်းများစွာ စိတ်ဒုက္ခပေးခဲ့သည့်အကြွေးများ ကျေသွားသည်။ ရခဲ့သည့်အကျိုးကျေးဇူး အတော်များသည်။
********************************
အခန်း (၈၇၈) အင်ပါယာရှား ပြန်ရှင်သန်ခြင်း
"အကိုလု၊၊ ဒါဆို ကျွန်မတို့သွားတော့မယ်နော်"
အောင်းလင်းတို့သုံးယောက်က ပြောသည်။
အောင်းလင်းနှင့် ကျန်းလျန်ယိက နန်းမြို့တော်သို့ အပျော်သက်သက်လာခြင်းဖြစ်သည်။ ယခု ကိစ္စအားလုံး ပြီးသွားပြီဖြစ်၍ ဆက်နေစရာအကြောင်းမရှိတော့။
ကျင်းချိုင်ဝေလည်း မြို့တော်သို့လာရသည့် ရည်မှန်းချက်များ ပြည့်ဝပြီးဖြစ်သည်။ ဆက်နေဖို့မလိုတော့။
"ဒုတိယနိုင်ငံ့ဆရာနဲ့ တပ်မှူးယုကိစ္စက..."
ထိတ်လန့်နေသည့် ဒုတိယနိုင်ငံ့ဆရာနှင့ တပ်မျူးယုကို ထိန်းချုပ်ထားရင်း ကျင်းချိုင်ဝေ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
"ဒါက မိတ်ဆွေတို့သုံးယောက် တိုက်ပွဲနိုင်လို့ရလာတဲ့ သုံ့ပန်းတွေပဲ။ ဒီတော့ မိတ်ဆွေတို့ပိုင်ပါတယ်"
မသေမျိုးတစ်ဝက်နှစ်ယောက်ကို လုယူဖို့ မုန်ကျင်းဇီ စိတ်ကူးမရှိ။ သူသည် အမြဲတမ်း အကျိုးသင့်အကြောင်းသင့် လုပ်တတ်သူဖြစ်သည်။
ထို့ပြင် ကွမ်းရှန်ဟိုင်ကိုလည်း ယွမ်ကျိက သွားဖမ်းနေပြီဖြစ်သည်။ အမြင့်ဆုံးတိုက်ပွဲအကျိုးအမြတ်ကို သိမ်းယူပြီးဖြစ်သည်။ အသေးအဖွဲများက အရေးမပါတော့။
"ဒါပေမယ့် ဒုတိယနိုင်ငံ့ဆရာကို ချက်ချင်းမှတ်ဉာဏ်ရှာဖွေလိုက်တာ ကောင်းမယ်။ သူက အခွင့်သာရင် ကံကြမ္မာအရိယဖလသန္ဓေစွမ်းအားသုံးပြီး ထွက်ပြေးသွားနိုင်တယ်"
မုန်ကျင်းဇီ စေတနာဖြင့် သတိပေးသည်။
"ဟုတ်ကဲ့ပါ"
မုန်ကျင်းဇီမပြောလည်း အောင်းလင်း ထိုသို့လုပ်ဖို့ ရည်ရွယ်ထားပြီးဖြစ်သည်။
"ဒါနဲ့စကားမစပ်...အကြီးအကဲကျင်းရဲ့ အရိယဖလသန္ဓေက လေဟာနယ်အမျိုးအစားဆိုတော့...ပင်လယ်တာအိုသခင်နဲ့ အတိုက်အခံဖြစ်မနေနိုင်ဘူးလား"
လုယန် စကားလုံးသေချာရွေးချယ်၍ မေးသည်။ အကယ်၍ ထိုနှစ်ယောက် မသေမျိုးအဆင့်သို့ တက်ချိန်ရောက်၍ အတိုက်အခံဖြစ်လာလျှင် သူဘယ်သူ့ကို ကူညီရမည်မှန်းမသိ။ ရွေးချယ်ရခက်လာမည်။
ကျင်းချိုင်ဝေက ဆောင့်ကြောင့်ထိုင်နေသည့် လုယန်၏ပုခုံးကိုပုတ်၍
"စိတ်မပူပါနဲ့။ အတိုက်အခံဖြစ်စရာမရှိပါဘူး"
ကျင်းချိုင်ဝေက သွားစွယ်နှစ်ချောင်းပေါ်အောင်ပြုံးနေသည်။
"ဘာပဲပြေပြော ငါ့စွမ်းရည်လောက်နဲ့လည်း မသေမျိုးဖြစ်မလာနိုင်ဘူးလေ။ ပြီးတော့ မသေမျိုးဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။
ပင်လယ်တာအိုသခင် မသေမျိုးဖြစ်ဖို့ အရည်အချင်းရှိမရှိဆိုတာလည်း မသေချာသေးပါဘူး။ ဒီတော့ မင်းစိတ်ပူနေတာတွေက အခြေအမြစ်မရှိဘူး။
ကဲ..ငါတို့သွားတော့မယ်။ ကံကြုံရင် ပြန်ဆုံကြသေးတာပေါ့"
ထွက်သွားသည့် မိန်းမသုံးယောက်ကို ကြည့်နေပြီးနောက် မုန်ကျင်းဇီ လုယန်ကို ပြန်လှည့်ကြည့်သည်။
"မင်းဒီသုံးယောက်နဲ့ ဘာလို့ဒီလောက်ရင်းနှီးနေတာလဲ"
အောင်းလင်းနှင့် ကျန်းလျန်ယိတို့ ကောင်းကင်ရုံးတော်သို့ဝင်ကြောင်း ကြားချိန်တွင် ယွမ်ကျိကဖျောင်းဖျခဲ့ခြင်းဖြစ်မည်ဟု သူထင်ခဲ့သည်။
သို့သော် ခုနက ထိုသုံးယောက်ပြောပုံဆိုပုံအရ လုယန်သည် အဓိကလူဖြစ်ဟန်ရှိသည်။
မျိုးဆက်သစ်ကျင့်ကြံသူတစ်ယောက် ရှေးဟောင်းမသေမျိုးတစ်ဝက်များနှင့် ထိုမျှရင်းနှီးကျွမ်းဝင်နေသည်ကို ယခုမှသူမြင်ဖူးသည်။
သို့သော် လုယန်အနေဖြင့် နတ်မယ်အကြောင်း ထုတ်ပြော၍မဖြစ်။
လုယန် အသံတိတ်နေသဖြင့် မုန်ကျင်းဇီလည်း ဆက်မမေးတော့။
"ပြောဖို့အဆင်မပြေရင်လည်း မပြောပါနဲ့တော့။ လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိကြတာပဲလေ။ ကဲ...သွားစို့၊ နန်းတော်ကို သွားရအောင်"
.....
"အဲဒီ့လုယန်က ဘယ်သူလဲ။ ဘာကြောင့်နင်တို့သူ့ကို အကိုလုယန်လို့ ခေါ်တာလဲ"
ကျင်းချိုင်ဝေ ထိုကိစ္စကို လုံးဝစဉ်းစားမရသဖြင့် လမ်းတွင်မေးသည်။
အောင်းလင်းနှင့် ကျန်းလျန်ယိတို့ ကျိတ်ပြုံးနေသည်။ ထိုကျားမလေးကို ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်ကြသည်။ အသေးစားလက်စားချေမှုလေး ဖြစ်သည်။
"ဘိုးဘေးက တကယ်မသေမျိုးဖြစ်ခဲ့တာလား"
ဒုတိယမင်းသားနှင့် သူ့အပေါင်းအပါတို့၏ အလောင်းများကို စုစည်းရင်း မုန်မိသားစုဝင်များ တွေးနေကြသည်။ အိမ်တော်သို့ပြန်ပြီး အောင်ပွဲခံ၍ စားသောက်ကြသည်။
မသေမျိုးတစ်ဝက်အဆင့်ဟုသာ သိထားသည့် သူတို့ဘိုးဘေး မသေမျိုးအဆင့်သို့ရောက်နေမှန်း ရုတ်တရက် သိလိုက်ရသောကြောင့်ဖြစ်သည်။
မုန်ကျင်းဇီ မသေမျိုးဖြစ်ကြောင်း ကွမ်းရှန်ဟိုင်မသိစေရန် သတင်းမပေါက်ကြားစေရန် ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို ကျန်းပင်ကန်းနှင့် ယွမ်ကျိသာ သိကြသည်။
ယွမ်ကျိလည်း အဆင့်တက်ပြီးနောက် နန်းတော်သို့သွားမှသာ သိခဲ့ခြင်းဖြစ်သည်။ ကိုယ်ပိုင်စွမ်းအားအဆင့်ကိုသိဖို့ ကျန်းပင်ကန်းနှင့် လက်ရည်စမ်းခဲ့သည်။
ကျန်းပင်ကန်းက တစ်ယောက်တည်း အရှုံးမခံနိုင်။ ထို့ကြောင့် မုန်ကျင်းဇီကိုပါ အရှုံးပေါ်အောင် ဆွဲခေါ်ခဲ့သည်။
ထိုအချိန်ကျမှ မုန်ကျင်းဇီလည်း မသေမျိုးဖြစ်ကြောင်း ယွမ်ကျိသိရသည်။
လောင်မာ၊ အိမ်ထန်းရှုနှင့် မုန်ပိုထန်တို့လည်း ဂုဏ်ပြုပွဲတက်၍ ပျော်ရွှင်စွာသောက်စားကြသည်။ မုန်ပိုထန် အတော်မူးသွားသည်။ သူ့ညီအကိုနှစ်ယောက်အတွက် ဝိုင်များအဆက်မပြတ် ငှဲ့ပေးသည်။
"လောင်မာ၊ လုယန်က မဆိုးဘူးလို့ ငါမြင်တယ်။ သူ့စိတ်ဓာတ်က ထက်မြက်တယ်။ ပါရမီ ထူးခြားတယ်။ သူ့ကံကြမ္မာက နည်းနည်းညံ့ပေမယ့် ငါတို့မုန်မိသားစုကို စောင့်ရှောက်မယ့် မသေမျိုးတစ်ယောက် ရှိနေပြီပဲ။
ဒီတစ်ခေါက်ဖြစ်သွားတဲ့ကိစ္စကို ငါတို့ဘိုးဘေး ဝင်ထိန်းချုပ်ခဲ့တာ မင်းလည်းမြင်တာပဲလေ။ လုယန်ကံကြမ္မာညံ့တာ သိပ်ပြဿနာမရှိနိုင်ပါဘူး"
လောင်မာက ဝိုင်ရှိန်တက်နေသည့် သူ့အကိုကြီးကို တစ်ချက်ကြည့်၍ စိတ်ထဲတွင်တွေးသည်။
'မသေမျိုးတစ်ယောက်ရှိရုံနဲ့ ဘာမှထူးမလာဘူးကွ။ ဒီကောင်လေးက ပထမဆုံးဂိုဏ်းတာဝန်ထမ်းဆောင်တဲ့အချိန်မှာ ရှေးဟောင်းမသေမျိုးတစ်ယောက်ကို ပြန်အသက်သွင်းခဲ့တာ။
အရှေ့ပင်လယ်တိုက်ပွဲမှာတောင် မသေမျိုးနှစ်ယောက်နဲ့ ကြုံခဲ့တာ'
အရှေ့ပင်လယ် မသေမျိုးတိုက်ပွဲအကြောင်း အသေးစိတ်ကို လောင်မာမမှတ်မိ။ သို့သော် ထိုတိုက်ပွဲသည် နန်းမြို့တော်တိုက်ပွဲထက် များစွာပြင်းထန်ကြောင်း သူ့ဗီစစိတ်က သိနေသည်။
'ငါ့ကတော့ အရင်ကစကားပဲ ထပ်ပြောချင်တယ်။ လုယန်ကို ငါတို့ဘိုးဘေးက ကာကွယ်နိုင်မယ်လို့ မင်းထင်နေရင် ငါ့ကိုယ်စား သူ့ကိုပဲ မြင်းရထားဆွဲခိုင်းလိုက်ပါ'
လွန်ခဲ့သည့်နှစ်နှစ်အတွင်း လောင်မာ ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်ရောက်ဖို့ မျှော်မှန်းထားသည်။ မုန်ကျင်းကျိုးကို ကာကွယ်ပေးဖို့မဟုတ်။
နောင်ကြုံရမည့် တိုက်ပွဲများတွင် သူ့ကိုယ်သူ အသက်မသေအောင် ကာကွယ်နိုင်ဖို့ဖြစ်သည်။
....
နန်းတော်ထဲသို့ လုယန် နောက်တစ်ကြိမ်ပြန်ရောက်လာသည်။ ဤတစ်ကြိမ်က ပေါ်ပေါ်ထင်ထင် တရားဝင် လာခြင်းဖြစ်သည်။
နန်းတော်အစောင့်များက သူ့ကိုတားလိုသော်လည်း မုန်ကျင်းဇီပါလာသဖြင့် အလိုက်တသိ ဘေးဖယ်ပေးကြသည်။
မုန်ကျင်းဇီ နန်းတော်သို့လာလည်ခြင်းသည် စည်းမျဉ်းနှင့်မကိုက်ညီ။ သို့သော် ထိုကိစ္စသည် သူတို့လို စုစည်းခြင်းဆင့်များ ဆုံးဖြတ်နိုင်သည့် ကိစ္စမျိုးမဟုတ်။
မုန်ကျင်းဇီက လုယန်ကို အိပ်ခန်းဆောင်သို့ ခေါ်သွားသည်။ အင်ပါယာရှားက အသက်မရှူတော့။ ရေခဲကုတင်ပေါ်တွင် သူ့ရုပ်ခန္ဓာက လဲလျောင်းနေသည်။ အစက သက်တမ်းဆွဲဆန့်ဖို့ စီစဉ်ထားခဲ့သည့် ကုတင်ဖြစ်သည်။
ထိုကုတင်သည် အင်ပါယာရှား၏ခန္ဓာကိုယ်ကို မပုပ်မသိုးအောင်လည်း ထိန်းထားနိုင်သည်။ နှစ်မျိုးနှစ်သွယ် အကျိုးရှိသည်။
"မင်းကြီး..."
"မင်းကြီးဘာလို့ ဒီလောက်စောစောစီးစီး ထွက်သွားတာလဲ"
နန်းတွင်းအစေခံများက ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ တကယ်ဝမ်းနည်း၍ ငိုခြင်းလား သရုပ်ဆောင်နေခြင်းလားတော့မသိ။
လီကုန်းကုန်းလည်း ဝမ်းနည်းပက်လက် ငိုကြွေးနေသည်။
အင်ပါယာရှားသေသည်နှင့် မသေမျိုးတိုက်ပွဲ ချက်ချင်းဖြစ်ပွားခဲ့သဖြင့် နန်းတော်တွင် မင်းသားတစ်ယောက်မှမရှိ။ ထိုအချိန်မျိုးတွင် နန်းတော်ကို ဘယ်သူမှမလာရဲကြ။ အစောင့်အရှောက်များ အစေခံများသာရှိသည်။
"ကဲပါ..ကဲပါ။ အားလုံး အပြင်ထွက်ကြ။ ဒီကောင် မသေသေးပါဘူး"
မုန်ကျင်းဇီက တံခါးကိုတွန်းဖွင့်ရင်း ပြောသည်။ မသေမျိုးစွမ်းအားဖြင့် အစေခံများကို အပြင်ထုတ်လိုက်သည်။
ငိုနေရင်းတန်းလန်းပင် အစေခံများ ဘာဖြစ်မှန်းမသိလိုက်ဘဲ အပြင်ဘက်ရောက်သွားသည်။ မုန်ကျင်းဇီပြောသည့်စကားကိုလည်း နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ဤအခြေအနေမျိုးတွင် အင်ပါယာရှား အသက်ရှင်နိုင်ဦးမည်လော...
မုန်ကျင်းဇီ အရိယဖလကို အသက်သွင်းသည်။ မှုန်ဝါးဝါးစွမ်းအင်ရောင်များ သူ့ကိုယ်ထဲမှထွက်လာပြီး အင်ပါယာရှားကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ သူငါးယူထားသည့် အသက်ဓာတ်များဖြစ်သည်။
ငှားယူထားသည့် သက်တမ်းအပြင် အတိုးအဖြစ် နောက်ထပ်အသက်ဓာတ်တစ်ချို့ အပိုထပ်ဖြည့်ပေးသည်။
အသက်ဓာတ်များ စိမ့်ဝင်သွားပြီးနောက် အင်ပါယာရှား အရိုးပေါ်အရေတင်ရုပ်သွင်က လေထိုးလိုက်သကဲ့သို့ ပြည့်တင်းဖောင်းကားလာသည်။
မျက်နှာမှ အရေးအကြောင်းများ ချောမွေ့လာသည်။ မူလရှိခဲ့သည့် သက်လတ်ပိုင်းရုပ်သွင် ပြန်ပြောင်းသွားသည်။
အင်ပါယာရှား မျက်လုံးပွင့်လာသည်။ မုန်ကျင်းဇီနှင့်လုယန်ကို မြင်ပြီးနောက် လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
ကိစ္စပြီးသွားပြီဖြစ်၍ သူဆက်ဟန်ဆောင်နေစရာ မလိုတော့။
အသက်ပြန်ဝင်လာပြီးနောက် မုန်ကျင်းဇီလက်ထဲမှ နိုင်ငံ့စွမ်းအားလည်း အင်ပါယာရှားကိုယ်ထဲသို့ ပြန်ဝင်သွားသည်။ နိုင်ငံ့အုပ်ချုပ်သူ ပြန်ဖြစ်သွားသည့် လက္ခဏာဖြစ်သည်။
"ဘိုးဘေးမုန်ကျင်းဇီကို ကျန်းမိသားစုမျိုးဆက်သစ် ဂါရဝပြုပါတယ်"
"ဒါတွေလုပ်မနေပါနဲ့။ မင်းအခုမှ အသက်ဓာတ်ပြန်ရတာဆိုတော့ ခန္ဓာကိုယ်နဲ့မျှတအောင် ထိန်းညှိဖို့လိုသေးတယ်။ မလှုပ်နဲ့"
"ဟုတ်ကဲ့။ ဒါနဲ့...တိုက်ပွဲက ပြီးသွားပြီလားဘိုးဘေး"
မုန်ကျင်းဇီ မပွင့်တပွင့်ပြုံးသည်။
"မဟာယုနိုင်ငံ့ဆရာလေးပဲလေကွာ။ ငါ့ကိုဘယ်ယှဉ်နိုင်မှာလဲ"
"ဒါဆိုအခု နိုင်ငံ့ဆရာ ဘယ်မှာလဲ"
မုန်ကျင်းဇီ၏အပြုံးများ ချက်ချင်းရပ်တန့်သွားသည်။
********************************
အခန်း (၈၇၉) မလေးမစား
မုန်ကျင်းဇီ အင်ပါယာရှားကို မျက်စောင်းထိုးသည်။ ထိုအင်ပါယာကို သူကြည့်မရတော့။
"မင်းသေတုန်းက စကားတစ်ခွန်းမှမပြောဘဲနဲ့ အသက်ပြန်ရှင်လာတော့မှ ဘာလို့ဒီလောက်စကားများနေတာလဲကွ"
ထိုစဉ် တံခါးဖွင့်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လူငယ်တစ်ယောက် ပေါက်ပြားထမ်း၍ ဝင်လာသည်။ သူ့ဟန်ပန်က ခံ့ညားထည်ဝါသည်။ ပေါက်ပြားတစ်ဘက်စွန်းတွင် ယိမ်းလွှဲလှုပ်ရှားနေသည့် လူတစ်ယောက်ကို ကြိုးတုပ်ထားသည်။
"ဟားဟား၊ ယုပြန်နယ်ကကိစ္စတွေတော့ ငါရှင်းခဲ့ပြီ။ မင်းဘက်ကရော ဘယ်လိုအခြေအနေလဲ ကျင်းဇီ"
မုန်ကျင်းဇီက လူငယ်ကို မကျေမနပ်စိုက်ကြည့်သည်။
"မင်းတို့မြေးအဘိုးတွေက စရိုက်ချင်းအတော်တူတာပဲ။ တစ်ယောက်တစ်လှည့် ငါ့ကိုစစ်ဆေးမေးမြန်းနေကြတယ်ပေါ။ တော်စမ်းပါကွာ။ မသေမျိုးတစ်ဝက်တစ်ယောက်ကိုနိုင်ခဲ့တယ်ဆိုပြီး မင်းဘဝင်မြင့်မနေပါနဲ့"
မုန်ကျင်းဇီ၏ ဒဏ်ရာများကိုကြည့်၍ ပေါက်ပြားထမ်းလာသည့်လူငယ်က ဟားတိုက်ရယ်မောနေသည်။ စိုးရိမ်ပူပန်ဟန်ဖြင့် ပြန်မေးသည်။
"သူငယ်ချင်းကျင်းဇီ၊ မင်းဘယ်လိုဖြစ်ရတာလဲကွာ။ မဟာယုနိုင်ငံ့ဆရာကို အနိုင်ယူဖို့ အလွယ်လေးပါဆိုပြီး မင်းပဲကြွားလုံးထုတ်ခဲ့သလားလို့ပါ"
မုန်ကျင်းဇီ လက်ယမ်းပြသည်။
"အား...ဒါတွေက ပြင်းထန်တယ်ထင်ရပေမယ့် တကယ့်အသေးအဖွဲဒဏ်ရာလေးတွေပါ။ လုံးဝမနာဘူး။ မင်းအစိုးရိမ်လွန်နေတာပါ လောင်ကျန်း"
"တကယ်မနာဘူးပေါ့"
ကျန်းပင်ကန်းက မုန်ကျင်းဇီကို ခပ်ဆတ်ဆတ်တစ်ချက် ရိုက်လိုက်သည်။ မုန်ကျင်းဇီမျက်နှာ ဝေဒနာကြောင့် ရှုံ့မဲ့သွားပြီး ကျန်းပင်ကန်းကို ပိတ်ကန်သည်။
"ကျန်းပင်ကန်း၊ မင်းတော်တော့နော်"
အကန်ခံရသော်လည်း ကျန်းပင်ကန်းက ဘာမှမဖြစ်လေသကဲ့သို့ ပြန်လျှောက်လာသည်။
"မင်းပဲမနာဘူးဆို"
မသေမျိုးနှစ်ယောက် အချင်းချင်း ဒေါသဖြင့်စိုက်ကြည့်နေသည်။
လုယန်က ဆောင်ကြောင့်ထိုင်၍ ဖမ်းခေါ်လာသည့် မသေမျိုးတစ်ဝက်၏မျက်နှာကို မော့ကြည့်သည်။ ထိုမျက်နှာ၏ ပုံတူပန်းချီမျိုး သူတစ်ခါမှမမြင်ဖူး။ မဟာယုခေတ် ဘယ်ကာလတွင်ပေါ်ခဲ့သည့် လူမှန်းမသိ။
ထိုလူတွင် အသက်ဓာတ်အရိပ်အယောင် မရှိတော့။ ယုပြည်နယ်သို့ရောက်ပြီးနောက် ကျန်းပင်ကန်း စွမ်းအားပြည့်ထုတ်သုံးခဲ့ပုံရသည်။ ချက်ချင်းဝိညာဉ်မှတ်ဉာဏ် စစ်ဆေးကြည့်ခဲ့ဟန်တူသည်။
ကျန်းပင်ကန်းးလည် ယခုမှ လုယန်ရှိနေသည်ကို သတိထားမိသည်။
"ဪ..မင်းက ယွမ်ကျိရဲ့ ဆရာတူမောင်လေး လုယန်လား"
"မျိုးဆက်သစ်လုယန် ဘိုးဘေးကျန်းပင်ကန်းကို ဂါရဝပြုပါတယ်"
ကျန်းပင်ကန်း လုယန်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ယွမ်ကျိကိုယ်တိုင်လေ့ကျင့်ပေးထားသူ တကယ်ပီသသည်။ ကျင့်စဉ်အခြေခံခိုင်မာသည်။ မသေမျိုးမျက်လုံးဖြင့်ပင် ချွင်းချက်ရှာမတွေ့။
"တကယ်ကောင်းတဲ့ ပါရမီပဲ။ ငါတို့ကျန်းမိသားစုက မိန်းကလေးနဲ့ မင်းလက်ထပ်မလား။ ငါတို့မိသားစုမှာ မင်းသမီးခုနစ်ယောက်ရှိတယ်။ အားလုံး အလှပဂေးတွေချည်းပဲ။ အထူးသဖြင့် အငယ်ဆုံးလေးပေါ့။
ရုပ်လည်းလှသလို အသက်အရွယ်နဲ့ ကျင့်စဉ်အဆင့်ကလည်း မင်းနဲ့တန်းတူလောက်ပဲ။ မင်းရဲ့စွန့်စားခန်းပုံပြင်တွေကို နားထောင်ပြီး သူကမင်းကို အရမ်းသဘောကျနေတာ"
အင်ပါယာရှား၏ ခုနစ်ယောက်မြောက်သမီးတော်အကြောင်း ပြောနေခြင်းဖြစ်သည်။ ကျန်းမိသားစု၏ အငယ်ဆုံးတော်ဝင်မင်းသမီးဖြစ်သည်။
မုန်ကျင်းဇီက ကျန်းပင်ကန်းကို လက်ကာပြ၍တားသည်။
"ဟေ့ကောင် ဟေ့ကောင်။ သူ့ကိုလာမလုနဲ့။ ငါတို့မုန်မိသားစုက မိန်းကလေးနဲ့ သူ့ကိုလက်ထပ်ပေးဖို့ စီစဉ်ထားပြီးသား။ နောက်ဆို သူက မုန်မိသားစုဝင်ဖြစ်လာမှာ"
လုယန်ကို ကျန်းပင်ကန်းရော မုန်ကျင်းဇီပါ သဘောကျသည်။
မသေမျိုးဖြစ်နိုင်ခြေရှိသည်ဟု ယွမ်ကျိကိုယ်တိုင် အကဲဖြတ်ခဲ့သည့် လူငယ်ဖြစ်သည်။ ယွမ်ကျိ၏ သုံးသပ်ချက်သည် အပြင်လောက ပါရမီရှင်များ ကြားရလေ့ရှိသည့် မြှောက်ပင့်ချီးကျူးမှုများနှင့်မတူ။
သူထိုသို့ပြောသည်ဆိုလျှင် လုယန်သည် မသေမျိုးဖြစ်လာနိုင်ခြေ တကယ်မြင့်မားသည့်သဘောဖြစ်သည်။
အခုကတည်းက သူ့ကို စည်းရုံးသိမ်းသွင်းထားသင့်သည်။
မသေမျိုးနှစ်ယောက်၏ စိတ်အားထက်သန်မှုကိုခံစားမိသဖြင့် လုယန် ဘယ်လိုတုံ့ပြန်ရမည်မသိတော့။
ထိုစဉ် အခန်းတံခါး ညင်သာစွာပွင့်သွားပြီး ယွမ်ကျိဝင်လာသည်။ ကွမ်းရှန်ဟိုင်ကို ဒရွတ်တိုက်ဆွဲလာသည်။ သူထွက်သွားသည်မှာ သိပ်မကြာလိုက်။
"ကျွန်မ သူ့ကိုဖမ်းခေါ်လာပြီ။ ရှင်တို့နှစ်ယောက် ဘာလုပ်နေတာလဲ။ ကျွန်မမောင်လေးကို လုနေကြတာလား"
"ဟားဟားဟား မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဒီကောင်လေး ကျင့်စဉ်အခြေခံခိုင်မာတာကို ချီးကျူးနေတာပါ"
ကွမ်းရှန်ဟိုင်၏ ဘယ်ဘက်ပါးပြင် နီညိရောင်သန်းနေသည်။ ဘယ်ဘက်မျက်လုံး သွေးနီရောင်သန်းနေသည်။ အရိုက်ခံထားရခြင်းဖြစ်ကြောင်း အတွေ့အကြုံအရ လုယန်သိသည်။
ကွမ်းရှန်ဟိုင်၏ အာရုံခြောက်ပါးကို ယွမ်ကျိက ချိတ်ပိတ်ထားသည်။ ဘေးပတ်ဝန်းကျင်ကို လုံးဝအာရုံမခံနိုင်။
အခန်းကျဉ်းလေးထဲတွင် နာမည်ကျော်ပုဂ္ဂိုလ်များ စုဝေးနေသည်။ လူတိုင်း ထူးခြားသည့်နောက်ခံရှိကြသည်။ ဘယ်တိုက်ပွဲမှ မရှုံးဖူးခဲ့သည့် ယွမ်ကျိ။ ရှေးဟောင်းမသေမျိုးငါးယောက်၏ခေါင်းဆောင် ထာဝရနတ်မယ်။
နိုင်ငံတည်အင်ပါယာ ဖြစ်ဖို့နီးစပ်ခဲ့သည့် မုန်ကျင်းဇီ။ မဟာရှားတည်ထောင်သူ ကျန်းပင်ကန်း။ မဟာယုကို နှစ်တစ်သိန်းအုပ်ချုပ်ခဲ့ည့် ကွမ်းရှန်ဟိုင်။
နှစ်တစ်သန်းတွင် တစ်ယောက်ထွန်းသည့် အင်ပါယာရှား။ ထို့နောက် လုယန်။
"ကွမ်းရှန်ဟိုင်ကိစ္စ ဘယ်လိုရှင်းကြမလဲ။ ချက်ချင်း ဝိညာဉ်မှတ်ဉာဏ်ရှာကြမလား။ ဒါမှမဟုတ် ဖြေးဖြေးချင်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမလား"
ကျန်းပင်ကန်းက မေးသည်။
"သူ့ကို ကျွန်မတို့ဂိုဏ်းရဲ့ အကျဉ်းထောင်မှာထားမယ်။ မဟာယုခေတ်ကလူတွေ ပြန်ဆုံစည်းဖို့ အချိန်ကျပြီလေ"
ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့ မကျေနပ်ကြ။ သူတို့နှစ်ယောက် အချိန်အတော်ကြာ အားစိုက်ခဲ့ရသော်လည်း ဘာအကျိုးအမြတ်မှမရ။ သွေးတစ်စက်ပင် ထုတ်ယူခွင့်မရ။
ယွမ်ကျိကို နည်းနည်းရှိန်သော်လည်း အရဲစွန့်၍ ပြန်ပြောသည်။
"ဒါတော့ မဟုတ်သေးဘူး။ မင်းတို့ အကျဉ်းထောင်တောင်ထိပ်မှာ မသေမျိုးမရှိဘူး။ သူ့ကို ဘယ်လိုထိန်းထားနိုင်မှာလဲ။ ငါတို့ နန်းမြို့တော်မှာ ပိတ်လှောင်ထားတာ ပိုကောင်းလိမ့်မယ်။ ငါတို့နှစ်ယောက် သူ့ကိုစောင့်ကြည့်နေမှာပဲလေ။ ဘာအမှားအယွင်းမှ မဖြစ်စေရဘူးလို့ အာမခံပါတယ်"
"ကျွန်မရှိနေတာပဲ။ အကျဉ်းထောင်တောင်ထိပ်မှာ သူ့ကို ထိန်းထားနိုင်ပါတယ်"
ယွမ်ကျိက ပုံမှန်လေသံဖြင့် ပြောသည်။ သူ့ကိုယ်သူ အပြည့်အဝယုံကြည်ချက်ရှိကြောင်း ထင်ရှားနေသည်။
ပြောရလျှင် ဝိညာဉ်မှတ်ဉာဏ်တိုက်ရိုက်ရှာဖွေခြင်းမျိုး ဘယ်သူမှမလုပ်ချင်ကြ။ ထိုသို့လုပ်လျှင် ကွမ်းရှန်ဟိုင်၏ မသေမျိုးဝိညာဉ် ပျက်စီးသွားမည်။
မသေမျိုးဝိညာဉ်။
မသေမျိုးဝိညာဉ်နှင့် မသေမျိုးခန္ဓာကို ဘယ်သူမှ မသန့်စင်ခဲ့ဖူးကြ။ ထိုနှစ်ခုဖြင့် သွန်းလုပ်ထားသည့် မသေမျိုးဝိညာဉ်လက်နက်သည် ဘယ်လောက်စွမ်းအားကြီးမည်မသိ။
ပြိုင်ဘက်ကင်း ထိပ်တန်းမသေမျိုးလက်နက်ကို ရှေးဟောင်းခေတ်မှာပင် မမြင်ဖူးကြ။
ပစ္စည်းသွန်းလုပ်ရာတွင် ပြိုင်ဘက်ကင်းသည့် ယင်ထန်မသေမျိုးပင် ထိုရတနာမျိုး မဖန်တီးခဲ့ဖူး။ အလွန်ဆုံး အချိန်မသေမျိုး၏ ရုပ်ခန္ဓာဖြစ်သည့် လောကသစ်ပင်၏ သစ်ကိုင်းများလောက်သာ ကုန်ကြမ်းအဖြစ်သုံးခဲ့သည်။
ကောင်းကင်ခွဲပုဆိန်၏ လက်ကိုင်ရိုးကို ထိုသစ်သားဖြင့် လုပ်ထားခြင်းဖြစ်သည်။
ယွမ်ကျိ တစ်ယောက်တည်းလက်ဝါးကြီးအုပ်ဖို့ ရည်ရွယ်မထား။ ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့ ကွမ်းရှန်ဟိုင်ကိုဖမ်းဖို့ များစွာအားစိုက်ခဲ့ရကြောင်း သူသိသည်။ သူက ဝင်ဖမ်းရုံလောက်သာ လုပ်ရသည်။ ထို့ကြောင့် ထိုနှစ်ယောက်လည်း အကျိုးအမြတ်ရသင့်ကြောင်း သူနားလည်သည်။
သို့သော် ကွမ်းရှန်ဟိုင်ကို သူတို့နှစ်ယောက်လက်ထဲ အပြည့်အဝ လွှဲမပေးနိုင်။
လူသုံးယောက် အဝေမတည့်ဖြစ်နေချိန်တွင် လုယန်က ဖြေးညှင်းစွာ လက်ကိုမြှောက်၍ အကြံပြုသည်။
"အင်း..ကျုပ်တစ်ခု အကြံရပြီ။ ကွမ်းရှန်ဟိုင်တစ်ယောက်တည်းဆိုရင် ခွဲဝေဖို့ခက်တယ်။ ဒီတော့ သူ့ဝိညာဉ်ကို ခွဲယူကြရင် မကောင်းဘူးလား"
ဝိညာဉ်သုံးခု လိပ်ပြာခုနစ်ပါးရှိသည်။ စုစုပေါင်း ဆယ်ပိုင်းရမည်။ သုံးယောက်ခွဲယူလျှင် အဆင်ပြေသည်။
အားလုံး ထိုစိတ်ကူးကို သဘောကျသွားကြသည်။
ပုံမှန်အတိုင်းစစ်ဆေးမေးမြန်းလျှင် ကွမ်းရှန်ဟိုင်၏စရိုက်အရ သတင်းမှန်နှိုက်ယူနိုင်ဖို့ခက်သည်။ ဆယ်ပိုင်းခွဲထုတ်လျှင် သူ့စိတ်စွမ်းအား လျေ့ပါးသွားမည်။
ချော့တစ်ခါ ခြောက်တစ်လှည့် နှိပ်စက်မေးမြန်းလျှင် သတင်းမှန်ရနိုင်လောက်သည်။
"သိပ်ကောင်းတဲ့စိတ်ကူးပါပဲ"
ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့ လုယန်ကို ပိုသဘောကျလာသည်။ ပါရမီသာမက တွေးတောဆင်ခြင်နိုင်သည့် ဉာဏ်ရည်ကလည်း မြင့်မားသည်။
တိုင်ပင်ညှိနှိုင်းပြီးနောက် ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့က လိပ်ပြာခုနစ်ပါးနှင့် မသေမျိုးခန္ဓာကို ယူသည်။ ယွမ်ကျိက ဝိညာဉ်သုံးခု၊ အရိယဖလနှင့်...လုယန်ကို ယူသည်။
"ဒါနဲ့..မုန်ကျင်းကျိုးက အခုထိပြန်မလောသေးပါလား"
ထိုမျိုးဆက်သစ်ကို သေချာလေ့ကျင့်ပေးဖို့ မုန်ကျင်းဇိ ဆုံးဖြတ်ထားသည်။ သူ့မျိုးဆက်အားလုံးတွင် မုန်ကျင်း၏ပါရမီကသာ သူ့ကိုမီဖို့ နီးစပ်သည်။ သေချာလေ့ကျင့်ပေးလျှင် နောင်တစ်ချိန် သူ့ထက်ပိုထူးချွန်နိုင်ခြေရှိသည်။
အရင်က သူ့သရုပ်မှန်နှင့် ကျင့်စဉ်အဆင့်ကို ထုတ်ပြ၍မရသဖြင့် လေ့ကျင့်သင်ကြားဖို့ အဆင်မပြေခဲ့။ ယခု သူဘာမှစိုးရိမ်စရာမရှိတော့။
လောင်မုန်တကယ်ကံကောင်းသည်ဟု လုယန်တွေးမိသည်။ လေ့ကျင့်သင်ကြားပေးမည့် မသေမျိုးဘိုးဘေးတစ်ယောက်ရှိသည်။
ပြန်တွေးကြည့်လျှင် သူ့ကိုသင်ကြားပေးမည့် မသေမျိုးတစ်ယောက်လည်း ရှိသည်ဟုဆိုနိုင်သည်။
သို့သော် ထူးဆန်းသည်။ သူထိုသို့လုံးဝမခံစားရ။
အရိုးရိုင်းက နန်းမြို့တော်တွင် ခဏနေဖို့ ဆုံးဖြတ်ထားသည်။ ပထမဆုံးဆုံးအကြိမ် လာလည်ချိန်တွသ် တစ်နာရီမပြည့်မီ မသေမျိုးတိုက်ပွဲကို ကြုံတွေ့ရသည်။
ယခု တိုက်ပွဲပြီးသွားပြီဖြစ်၍ နန်းမြို့တော်တွင် ခဏနေသင့်သည်။
အပြန်လမ်းတွင် လုယန်က သစ်သားသေတ္တာကိုထုတ်သည်။
"အမယွမ်၊ နန်းမြို့တော်ကကိစ္စတွေ ရှင်းသွားပြီဆိုတော့ ဒီမသေမျိုးမက်မွန်ကို ပြန်ယူပါတော့"
ယွမ်ကျိ ခေါင်းခါသည်။
"အစကတည်းက မင်းကိုပေးဖို့ ရည်ရွယ်ထားပြီးသားပါ"
မသေမျိုးမက်မွန်သီးက တစ်လုံးသာရှိသည်။ လုယန် တစ်ယောက်တည်းမစားချင်။ ရှေးဟောင်းခေတ်နောက်ပိုင်း လောကတွင် ထပ်မမြင်ရတော့သည့် ရှားပါးရတနာဖြစ်သည်။ သူအကုန်စားလိုက်လျှင် အမယွမ် နောက်ထပ်စားခွင့်ကြုံတော့မည်မဟုတ်။
"ဒါဆို ဒီလိုလုပ်ပါ။ တစ်ယောက်တစ်ခြမ်းစီ စားကြမယ်လေ"
လုယန်အတွေကို ယွမ်ကျိရိပ်မိသဖြင့် နည်းနည်းရှက်သလိုခံစားရသည်။
"ကောင်းပြီလေ"
နောင်တစ်ချိန်လိုအပ်ခဲ့လျှင် အကြောင်းတစ်ခုပြ၍ နောက်ထပ်မသေမျိုးမက်မွန်သီးများ သူထပ်ယူပေးနိုင်သည်။ သူ့ဆရာတူမောင်လေး ဗိုက်ပြည့်အောင် ကျွေးနိုင်သည်။
လုယန်နှင့်ယွမ်ကျိတို့ မသေမျိုးမက်မွန်သီးကို တစ်ဝက်စီခွဲကြသည်။ ထိုအဖြစ်ကိုကြည့်၍ သိစိတ်နယ်မြေမှ နတ်မယ်က သွားရေကျနေသည်။
တရားဝင်မကြေညာရသေးသည့် သမိုင်းမှတ်တမ်းအရ ဒုတိယနှင့်တတိယပဲဝါအင်ပါယာနှစ်ယောက်သည် နန်းမတက်မီ သက်ရှည်မသေမျိုးသစ်သီးတစ်လုံး ကံကောင်းထောက်မစွာ ရခဲ့ကြသည်။
တိမ်တိုက်များအထက်တွင် မြိန်ရည်ရှက်ရည်စားကြသည်။ နိုင်ငံတည်ပဲဝါအင်ပါယာကတော့ မြည်းစမ်းလိုသော်လည်း တစ်ကိုက်တစ်ဖဲ့ပင် စားခွင့်မရရှာ။ အမှန်တကယ် အရှက်ရစရာကိစ္စဖြစ်သည်။
လုံးဝခွင့်မလွှတ်နိုင်စရာ အာခံတော်လှန်သည့် လုပ်ရပ်ဖြစ်သည်။