← Chapters

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အခန်း (၈၈၀-၈၈၂)

Vol. 59 Ch. 880-882

အခန််း (၈၈၀) ဆက်မနေနိုင်

မသေမျိုးမက်မွန်သီးသည် ကောင်းကင်မြစ်၏ ထုတ်ကုန်ဖြစ်သည်။ အရည်ရွှမ်းသည်။ အသားပြည့်သည်။ လုယန် တစ်ကိုက်ဖဲ့ဝါးသည်။ သစ်သီးရည်များ သူ့ခံတွင်းထဲတွင် အရသာ‌ပေါက်ကွဲသည်။ ချိုသည်။ သို့သော် အီဆိမ့်ခြင်းမရှိ။

အရည်တစ်စက်ချင်းစီကို လျှာပေါ်မှရသာဖုများက ခံစားရသည်။ ရသအာရုံကြောထဲ စိမ့်ဝင်သွားသည်။ ဝါးလိုက်တိုင်း စွဲမက်ဖွယ်အရသာကို ခံစားရသည်။ စားဖူးသမျှတွင် အကောင်းဆုံးမက်မွန်သီးဖြစ်သည်။

ထိုသစ်သီးသည် သက်တမ်းရည်စေသည့်အပြင် အညစ်ကြေးများကို ရှင်းထုတ်ပြီး ဝိညာဉ်မြစ်ကိူ သန့်စင်နိုင်သည်။ သို့သော် လုယန်က သူ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းထာင်ချီ၍ သန့်စင်ထားပြီးဖြစ်သည်။

မသန့်စင်သည့်ဓာတ်များ မရှိတော့။ သူ့ဝိညာဉ်မြစ်ကိုလည်း ထပ်သန့်စင်စရာမလို။ အရသာကို ခံစားရုံသာရှိသည်။

ယွမ်ကျိက အရသာခံရာတွင် သူ့လောက်ဣန္ဒေမပျက်။ မက်မွန်စေ့ကို သေချာသိမ်းဆည်းသည်။ ဂိုဏ်းပြန်ရောက်လျှင် ထိုသစ်စေ့ကို စိုက်ပျိုးဖို့တွေးထားသည်။

သူတို့နှစ်ယောက် ဂိုဏ်းသို့ ချောမွေ့စွာ ပြန်ရောက်လာသည်။

လုယန်ဂိုဏ်းသို့ရောက်လာချိန်မှစ၍ အကျဉ်းထောင်တောင်ထိပ်သည် တဖြေးဖြေးပိုစည်ကားလာသည်။

အတိတ်သမိုင်းကို ပြသဖို့အတွက် မဟာယုသမိုင်းပြတိုက်တည်ဆောက်လျှင် အကျဉ်းထောင်တာင်ထိပ်သည် အကောင်းဆုံးနေရာဖြစ်လိမ့်မည်။

မဟာယုခေတ်လယ်ပိုင်း ခေတ်နှောင်းပိုင်းမှ ကျင့်ကြံသူများရှိသည်။ ထိုခေတ်ကာလကမှ ဇာတ်လမ်းမများကို ကိုယ်တိုင်ပြောပြကြလိမ့်မည်။

ယနေ့ မဟာယုခေတ်၏ အရေးပါဆုံးလူတစ်ယောက် ရောက်လာသည်။ ထို့ကြောင့် မဟာယုခေတ်ဦးပိုင်းဇာတ်လမ်းလည်း ပြည့်စုံသွားသည်။

အကျဉ်းထောင်ထဲမှ ဆီမီးရောင်မှိန်မှန်အောက်၌ ထန်ရှန်းယိ လေထဲတွင် လွင့်မျောနေသည်။ သူ့ဘေးပတ်လည်တွင် ဝိညာဉ်ကျောက်များ ဆေးလုံးများစွာ ဝန်းရံနေသည်။

နိယာမသခင် တာအိုလမ်းစဉ်ဂိုဏ်းကို တိုက်ခိုက်ပြီးနောက်ပိုင်း သိပ်မကြာမီ မဟာကပ်ကာလ ရောက်လာတော့မည်ဟု သူရိပ်စားမိသည်။ ထိုကာလကို ရင်ဆိုင်နိုင်ရန် သူ့ကျင့်ကြံချိန်ကို တိုးမြှင့်ခဲ့သည်။

စိတ်ကျင့်ကြံမှုဖြင့် စတင်ခဲ့သည်။ ကျဉ်းထောင်တောင်ထိပ်ကို စောင့်ကြည့်ရင်း သူ့စိတ်အခြေအနေသူ အဆက်မပြတ်သုံးသပ်သည်။ အကျဉ်းသားများနှင့် ကျင့်စဉ်အတွေးအမြင်များ ဆွေးနွေးသည်။ သူတို့အတိတ်ဇာတ်လမ်းများ ကျင့်စဉ်လမ်းဝင်ခဲ့သည့်ရည်ရွယ်ချက်များကို နားထောင်သည်။

ထို့ကြောင့် သူ့စိတ်အခြေအနေ ယခင်ထက်ပို၍ ကြည်လင်ရှင်းလင်းလာသည်။

ယခု လက်တွေ့ကျင့်ကြံမှုကို စလုပ်နေသည်။

စိတ်ဓာတ်တည်ငြိမ်သွားသည်နှင့် ကျင့်စဉ်စွမ်းအား မြန်မြန်တိုးတက်လာမည်။ ထိုအချက်ကို အဆင့်မြင့်ကျင့်ကြံသူအတော်များများ မသိကြ။

ထန်ရှန်းယိ မြန်မြန်စွမ်းအားတိုးချင်သည်။ ထို့ကြောင့် သူ့ကျိုးဆောင်မှတ်နှင့် ပင်စင်ခွဲတမ်းကို ဝိညာဉ်ကျောက်များ၊ အဖိုးတန်ဆေးပင်များ၊ ဝိညာဉ်ဆေးလုံးများနှင့် လဲလှယ်ခဲ့သည်။

ယခု အားလုံးက သူ့အတွက် အားဖြည့်ပစ္စည်းများဖြစ်လာသည်။

"ဆိုးလိုက်တာ၊ ငါ့ကျင့်စဉ်လမ်းမှာ အတားအဆီးမကြုံခဲ့ရပေမယ့် အရိယဖလသန္ဓေနဲ့ပတ်သက်လို့ ငါဘာမှမသိသေးဘူး"

သူညည်းညူနေသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ရောက်မှ အရိယဖလသန္ဓေ တည်ဆောက်နိုင်သည်မဟုတ်။ ထိုအဆင့်သို့ရောက်စမှာပင် စတင်တည်ဆောက်နိုင်ခြေရှိသည်။

ထို့နောက်ပိုင်းမှ ဆက်ကျင့်ကြံ၍ ကူးဖြတ်ခြင်းအဆင့်ခွဲများကို မြှင့်တင်နိုင်သည်။ ထိုအခြေအနေနှစ်ခုက တစ်ခုနှင့်တစ်ခု ဘာမှအတားအဆီးမဖြစ်။

သို့သော် ကူးဖြတ်ခြင်းအဆင့်ရောက်ရောက်ချင်း အရိယဖလသန္ဓေတည်ဆောက်ပြီး မသေမျိုးတစ်ဝက်ဖြစ်လာသူဟူ၍ မရှိသလောက်ရှားသည်။

အရိယဖလသန္ဓေတည်ဆောက်နိုင်ဖို့ အစကတည်းက ထန်ရှန်းယိ မျှော်လင့်ခဲ့သည်။ သို့သော် ထိုအပိုင်းတွင် သူဘာမှတိုးတက်မှုမရှိခဲ့။

"အဲ ရှောင်ယွမ်နဲ့ရှောင်လု ရောက်လာပါလား"

အကျဉ်းထောင်တံခါးဝမှ လူနှစ်ယောက်ကို အာရုံခံမိသဖြင့် ကျင့်ကြံမှုရပ်ပြီး မြေပြင်သို့ဆင်း၍ အပြုံးဖြင့်ကြိုဆိုသည်။

"ဘိုးဘေးဆရာ၊ မတွေ့ရတာအတော််ကြာပြီနော်။ ကျုပ်နဲ့အမယွမ် ဘိုးဘေးဆီလာလည်တာပါ"

လုယန် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ဘိုးဘေးဆရာ သဘောကျစွာ ရယ်မောနေသည်။။ ထိုကောင်လေးကို အကြီးအကဲများ ဘာကြောင့်အလေးထားကြောင်း သိသာနေသည်။

"ဘိုးဘေးဆရာ"

ယွမ်ကျိ ခေါင်းတစ်ချက်ငြိမ့်သည်။

"လာလည်တာတွေဘာတွေ လုပ်မနေပါနဲ့။ မင်းတို့နှစ်ယောက် အကျဉ်းသားလာပို့တာပဲမဟုတ်လား"

ဘိုးဘေးဆရာက ပြောသည်။ က‌လေးတစ်ယောက်အသွင်သာရှိသော်လည်း ဉာဏ်ပညာရင့်ကျက်နေသူဖြစ်သည်။

"အဲလိုလည်းမဟုတ်ပါဘူး။ ဘိုးဘေးရဲ့ ကျင့်ကြံမှုမှာ အခက်တွေ့နေမယ်ထင်လို့ ရေရှည်လမ်းညွှန်ပေးနိုင်မယ့် ထိပ်တန်းကျင့်ကြံသူတစ်ယောက်ကို နန်းမြို့တော်ကနေ အထူးတလည်ဖမ်းခေါ်လာတာပါ"

လုယန်က ရှင်းပြသည်။

လူတစ်ယောက်ထပ်ခေါ်လာကြောင်း ကြားသည်နှင့် အကျဉ်းထောင်တောင်ထိပ်မှ အကျဉ်းသားများ လည်ဆန့်၍ကြည့်ကြသည်။

အကျဉ်းထောင်တောင်ထိပ်မှ နာမည်ကျော်ပုဂ္ဂိုလ်အားလုံး အနည်းနှင့်အများဆိုသလို လုယန်နှင့် ပတ်သက်ခဲ့ကြသည်။

ဘိုးဘေးဆရာ လက်ယမ်းပြသည်။

"ငါ့ကိုလမ်းညွှန်မယ့်လူ ထပ်မလိုတော့ပါဘူး။ ကူးဖြတ်ခြင်းအဆင့်တွေ ဒီမှာအများကြီးရှိတာပဲ။ မသေမျိုးတစ်ဝက်သုံးယောက်တောင် ရှိသေးတယ်။ လုံလောက်နေပါပြီ။

ကဲပြောပါဦး။ ဒီတစ်ခါ မင်းတို့ဖမ်းခေါ်လာတာ ဘယ်သူလဲ"

သူအံ့ဩလောက်သည့်ကိစ္စဟူ၍ မရှိသလောက်ရှားသည်။ အထူးသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက် သောင်းကျန်းခဲ့သည့်အချိန်ကပင် သူစိတ်မလှုပ်ရှားခဲ့။ ထိုလူငယ်မျိုးဆက်များ သူအုပ်ချုပ်မှုအောက်တွင် ယဉ်ပါးသွားကြသည်။

တာအိုရှင်ဝစီပိတ်တို့ နန်းမြို့တော်တွင် ဂြိုလ်မွှေခဲ့သည့်အချိန်ကို သူမှတ်မိနေသည်။ ပြည်ထဲရေးဝန်ကြီး၏သား၊ ညာလက်ရုံးအမတ်၏မြေး၊ မင်းသားမင်းသမီးများ စသဖြင့် အားလုံးကို အရူးလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဝန်ကြီးအတော်များများ စုပေါင်း၍လက်မှတ်ထိုးပြီး အင်ပါယာထံ အသနားခံစာတင်ကြသည်။

အင်ပါယာရှားပင် ထိတ်လန့်ခဲ့ရသည်။

သို့သော် ကိစ္စမရှိ။ နောက်ဆုံးတွင် ကိစ္စအားလုံး ဖြေရှင်းသူက ထန်ရှန်းယိသာဖြစ်သည်။

"မသေမျိုးတစ်ဝက်လို့ပြောလည်း ရပါတယ်"

လုယန် မယုတ်မလွန်ဖြေသည်။ မဟာယုနိုင်ငံ့ဆရာဟူသည့် နာမည်ကြားလျှင် ဘိုးဘေးဆရာ ထိတ်လန့်သွားမည်။ မလေးမစားလုပ်ရာကျမည်။

"ဪ မသေမျိုးတစ်ဝက်လား"

ထန်ရှန်းယိ သိပ်မအံ့ဩ။ ထောင်ထဲတွင် မသေမျိုးတစ်ဝက်သုံးယောက် ရှိနှင့်ပြီးဖြစ်သည်။ တစ်ယောက်ထပ်တိုးလည်း ဘာမှသိပ်မထူးခြား။

ဘိုးဘေးဆရာ တည်တည်ငြိမ်ငြိမ်ရှိနေသဖြင့် ယွမ်ကျိ စိတ်အေးသွားသည်။ လေဟာနယ်ကိုခွဲ၍ အကျဉ်းသား၏ ဝိညာဉ်သုံးခုကို ဆွဲထုတ်သည်။

လိပ်ပြာခုနစ်ပါး ခွဲထုတ်ထားခြင်းဖြစ်၍ ငူငူငိုင်ငိုင်ဖြင့် ခေါင်းငိုက်စိုက်ကျနေသည်။

"ဒါကဘယ်သူလဲ"

ထန်ရှန်းယိ နည်းနည်းအံ့အားသင့်သွားသည်။ ထိုလူကို မှတ်မိသလိုလိုရှိသည်။ ဘယ်နေရာတွင် မြင်ဖူးသည်မသိ။ ရှေးမှတ်တမ်းတစ်အုပ်မှ ပုံတူပန်းချီဖြစ်မည်ထင်သည်.

သူအနားသို့လျှောက်သွားပြီး အနီးကပ်ကြည့်သည်။ ထိုအချိန်ကျမှ အကျဉ်းသားက ဖျတ်ခနဲခေါင်းမော့လာသည်။ ထန်ရှန်းယိနှင့် မျက်လုံးချင်းဆုံသည်။

ထန်ရှန်းယိ ထိတ်လန့်သွားပြီး‌ နောက်သုံး ခြေငါးလှမ်းစာခန့် ခုန်ဆုတ်သွားသည်။ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ သူ့စိတ်များ မတည်ငြိမ်တော့။

အကျဉ်းသားရုတ်တရက် လှုပ်ရှားလာသဖြင့် ထိတ်လန့်ခြင်းမဟုတ်။ အကျဉ်းသား၏ မျက်နှာကို သူသိနေသောကြောင့်ဖြစ်သည်။

တုန်တုန်ရင်ရင်ဖြင့် အကျဉ်းသားဝိညာဉ်ကို လက်ညှိုးထိုး၍

"မဟာယုနိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်လား"

တကယ့်မသေမျိုးအစစ်ဖြစ်သည်။

ထောင်ထဲတွင် မသေမျိုးတစ်ဝက်များရှိနေသည်က သိပ်မဆန်းလှ။ အားလုံးက သူ့ထက် အရိယဖလသန္ဓေတစ်ခုသာ ပိုကြခြင်းဖြစ်သည်။

သို့သော် မသေမျိုးအစစ်နှင့်တော့ လုံးဝမတူ။ ကူးဖြတ်ခြင်းအဆင့်ထက် အဆင့်ကြီးတစ်ဆင့်လုံးလုံး ပိုသာသူဖြစ်သည်။ ရှေးဟောင်းခေတ်မှစ၍ ပေါ်ထွန်းခဲ့သည့် မသေမျိုးအစစ်ဟူ၍ ဘယ်နှယောက်များရှိသနည်း။

"နိုင်ငံ့ဆရာလား"

နိယာမသခင်၏မျက်လုံးများ ပေါက်ထွက်မတတ်ပြူးကျယ်သွားသည်။

ပြိုင်ဘက်ကင်းသည့် နိုင်ငံဆရာလည်း တာအိုလမ်းစဉ်ဂိုဏ်းလက်ထဲသို့ ကျလာမည်ဟု သူလုံးဝမထင်ခဲ့မိ။

"ကွမ်းရှန်ဟိုင်၊ မင်းလည်း ဒီလိုနေ့မျိုးရောက်လာမယ်လို့ ထင်မထားဘူးမဟုတ်လား"

သူ့ရန်သူဟောင်း ထောင်ကျဖက်ဘဝ ရောက်လာသည်ကိုကြည့်၍ အိပ်မက်ဆိုးအဓိပဓိ ကျိတ်ပျော်သွားသည်။ ခုန်ကချင်စိတ်ပင် ပေါ်လာသည်။

မိုးကြိုးအရှင်နှင့် တစ်ခြားမဟာယုကူးဖြတ်ခြင်းကျင့်ကြံသူများ ထိုမြင်ကွင်းကို တအံ့တဩကြည့်နေကြသည်။

ဝူယွီထောင်လည်း ဝိညာဉ်ပျောက်သည့်လူလို ဖြစ်နေသည်။ သူကိုယ်တိုင်က အဆင့်နိမ့်အကျဉ်သား ဖြစ်လာသော်လည်း အပြင်လောကတွင် နိုင်ငံ့ဆရာရှိနေသရွေ့ တစ်နေ့နေ့တော့ သူတို့လွတ်မြောက်နိုင်သေးသည်ဟု မျှော်လင့်ခဲ့သည်။

ယခု ထိုမျှော်လင့်ချက် ပျက်စီးသွားသည်။ မဟာယုအဖွဲ့တစ်ခုလုံး ဤတောင်ထိပ်တွင် အကျဉ်းချခံရသည်။

အကျဉ်းထောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အသစ်ရောက်လာသူအကြောင်း သိလိုက်ရသဖြင့် အားလုံးအံ့အားသင့်နေကြသည်။

"ဘိုးဘေးဆရာ၊ မကြောက်ပါနဲ့။ ကွမ်းရှန်ဟိုင်မှာ အခု ဝိညာဉ်သုံးပါးပဲ ကျန်တယ်။ သူ့စွမ်းအားတွေ အများကြီးလျော့နေပါပြီ။ ပြီးတော့ ကျွန်မသူ့ကို ချိတ်ပိတ်ထားပါတယ်။

ပြဿနာလည်း မရှာနိုင်သလို ထွက်လည်းမပြေးနိုင်ပါဘူး"

ယွမ်ကျိက ဖျောင်းဖျသည်။

ထန်ရှန်းယိ ခေါင်းကိုအတင်းခါသည်။

ထိုမျှစိတ်လှုပ်ရှားရသည့် ကိစ္စမျိုး သူတစ်ခါမှမကြုံဖူး။

အင်္ကျီရင်ဘတ်ထဲမှ လေဟာနယ်မှော်အဆောင်တစ်ခု ချက်ချင်းထုတ်၍ ဆုတ်ဖြဲလိုက်သည်။

ပင်လယ်တာအိုသခင်ပေးထားသည့် မှော်အဆောင်ဖြစ်သည်။ ပြဿနာတစ်စုံတစ်ရာကြုံလျှင် ဆက်သွယ်နိုင်ဖို့ဖြစ်သည်။

မှော်အ‌ဆောင်ဆုတ်ဖြဲပြီးနောက် လေဟာနယ်ဂိတ်တံခါးတစ်ခု ပွင့်သွားသည်။ လူတစ်ယောက် ဖြေးညှင်းစွာထွက်လာသည်။ ‌ဘေးပတ်လည်ကို အကဲစမ်းသလို မျက်လုံးဝေ့ကြည့်သည်။

ထန်ရှန်းယိ သူဆီအမြန်ပြေးသွားပြီး အကူအညီတောင်းသည်။

"ဘိုးဘေး၊ ဒီအကျဉ်းထောင်တောင်ထိပ်ဟာ ကျုပ်နဲ့မသင့်တော်ပါဘူး။ ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတစ်ဝက်အဆင့်တွေကို စောင့်ကြည့်ရတာ ကိစ္စမရှိဘူး။

အခု မသေမျိုးတစ်ယောက် ရှိနေပြီ။ ကျုပ်တတ်နိုင်စွမ်းထက် ကျော်သွားပါပြီ။ ဘိုးဘေးကိုယ်တိုင် အကျဉ်း‌ထောင်ကို စောင့်ကြည့်တာ ပိုမကောင်းဘူးလား"

ခြေထောက်ကို အတင်းတွယ်ဖက်ထားသည့် ထန်ရှန်းယိကို တာအိုရှင်ရှန်ထန် ငုံ့ကြည့်သည်။ ထို့နောက် အကျဉ်းထောင်ထဲမှ ထောင်သားများကို လှမ်းကြည့်သည်။

ထို့နောက် တုံ့ဆိုင်းဆိုင်းလေသံဖြင့် သူ့ကိုယ်သူ တအံ့တဩလက်ညှိုးထိုးပြ၍ ပြောသည်။

"ငါက အကျဉ်းထောင်ကို စောင့်ကြည့်ရမယ်ပေါ့"

အခြေတည်အလတ်တန်းဆင့်တစ်ယောက်ကို ထိုသို့တောင်းဆိုသည်က နည်းနည်းတရားလွန်သည်မဟုတ်လော...။

******************************

အခန်း (၈၈၁) မသေမျိုးများဘာကြောင့်တိုးလာသနည်း

ပင်လယ်တာအိုသခင်က တာအိုရှင်ရှန်ထန်ကို ကျင့်စဉ်လမ်းပြခဲ့သည်။ အခြေတည်အစောပိုင်းအဆင့်မှ အလတ်တန်းဆင့်သို့ ချောမွေ့စွာတက်သွားသည်။

ထိုစဉ် လေဟာနယ်ဂိတ်တံခါးတစ်ခု ပင်လယ်တာအိုသခင်ရှေ့တွင် ပွင့်လာသည်။

ရှန်ထန်ကလည်း ပင်လယ်တာအိုသခင် ရှေ့တွင်ရပ်နေသည်။

ထို့ကြောင့် ဂိတ်တံခါးပွင့်သည်နှင့် လေဟာနယ်လမ်းကြောင်းက တာအိုရှင်ရှန်ထန်ကို ဆွဲခေါ်သွားခြင်းဖြစ်သည်။

လေဟာနယ်တစ်ဘက် ဂိတ်တံခါးတွင် ယွမ်ကျိရှိနေကြောင်း အာရုံခံမိသဖြင့် ဘာအန္တရာယ်မှမရှိနိုင်ဟု ပင်လယ်တာအိုသခင် ယူဆသည်။ ထို့ကြောင့် လေဟာနယ်လမ်းကြောင်းကို မတားဆီးခဲ့။

တာအိုရှင်ရှန်ထန်လည်း ကွမ်းရှန်ဟိုင်ကိုမြင်သည်နှင့် ထိတ်လန့်တုန်လှုပ်ပြီး ထခုန်မိမတတ်ဖြစ်သွားသည်။

သူတို့ဂိုဏ်းသည် အရင်က ဒုတိယနိုင်ငံ့ဆရာကိုဖမ်းပြီး သတ်ဖြတ်ခဲ့သည်။ ယခု ပထမနိုင်ငံ့ဆရာကို ဖမ်းခေါ်လာသည်။

မဟာယုခေတ်အတွင်း၌သာဆိုလျှင် ထိုလုပ်ရပ်မျိုးသည် မျိုးရိုးဆယ်ဆက် ကွပ်မျက်လျှင်ပင် မလုံလောက်သည့် ပြစ်မှုကြီးဖြစ်သည်။

ထို့နောက် ပင်လယ်တာအိုသခင်က လေဟာနယ်ဂိတ်ထဲလှမ်းဝင်သည်။ သို့သော် ထန်ရှန်းယိ၏စကားသံကိုကြားပြီးနောက် သူ့ခြေလှမ်းကို ပြန်ဆုတ်ရန်ပြင်သည်။ သို့သော် ထန်ရှန်းယိက အလွတ်မပေး။

သူ့ခြေထောက်ကို အတင်းပြေးဆွဲသည်။

"ဘိုးဘေးဖန်ဝူ ရောက်လာပြီလား။ အကျဉ်းထောင်တောင်ထိပ်မှာ ဘိုးဘေးမရှိလို့မဖြစ်ဘူး"

ကွမ်းရှန်ဟိုင်ကိုကြည့်၍ ဖန်ဝူယာ မျက်ခုံးတစ်ချက်လှုပ်သွားသည်။

...ဘုရားရေ...မင်းတို့ဆရာတူမောင်နှမက မသေမျိုးတစ်ဝက်အဆင့်လောက်နဲ့ အားမရလို့ မသေမျိုးအစစ်ကိုပါ ခေါ်လာပြီပေါ့...

ပင်လယ်တာအိုသခင်၏ လေဟာနယ်အရိယဖလသန္ဓေကိုငှားစဉ်က မုန်ကျင်းဇီ ဘာမှအကျိုးအကြောင်းမပြောခဲ့။

ဖန်ဝူယာ ထန်ရှန်းယိ၏လက်များကို အတင်းဆွဲခွာပြီး အချိုသပ်သည်။

"ရှောင်ထန်၊ မင်းဟာ အကျဉ်းထောင်တောင်ထိပ်နဲ့ အသင့်တော်ဆုံးလူလို့ငါမြင်တယ်။ ဒီတာဝန်က အတော်ခက်ခဲပေမယ့် ဂိုဏ်းကမင်းကို ယုံကြည်လို့ လွှဲပေးထားတာပဲလေ။ ဂိုဏ်းကိုစဝင်လာတုန်းက မင်းဟာ တာအိုနှလုံးခိုင်မာတဲ့လူဆိုတာ ငါချက်ချင်းတန်းသိတယ်။

နောင်တစ်ချိန် အောင်မြင်ကျော်ကြားလာမယ်လို့လည်း ယုံကြည်ခဲ့တယ်။ အခု ငါမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပြီပဲမဟုတ်လား။ နှစ်နှစ်ထောင်အတွင်း ကူးဖြတ်ခြင်းအဆင့်ကိုတက်ပြီး ဒီနေ့ခေတ်ရဲ့ နာမည်ကျော်စွမ်းအားရှင် ဖြစ်လာပြီလေ။

အကျဉ်းထောင်တောင်ထိပ်က စမ်းသပ်မှုတွေကို မင်းဖြတ်ကျော်ပြီးရင် နောက်တစ်ဆင့်ကို သေချာပေါက်တက်လာမှာပါ။ ငါ့လို စွမ်းအားကြီးတဲ့ မသေမျိုးတစ်ဝက်အဆင့် ဖြစ်လာမှာပါ"

ထန်ရှန်းယိ မျက်ခွံလှန်ကြည့်သည်။ ဖန်ဝူယာ၏ ပေါက်တတ်ကရစကားများကို သူမယုံကြည်။

အစက တိတ်ဆိတ်အေးချမ်းသည့်ဘဝဖြင့် နေထိုင်လို၍ အကျဉ်းထောင်တောင်ထိပ်ကို သူလာခဲ့သည်။ ယခု ဤတာဝန်က ဂိုဏ်းချုပ်လုပ်ရသည်ထက် ပိုပင်ပန်းမည်ဟု လုံးဝမတွေးခဲ့မိ။

"ဘိုးဘေးက မသေမျိုးတစ်ဝက်အဆင့်ကနေမတက်ဘဲ လမ်းပိတ်နေခဲ့တာမဟုတ်လား။ နိုင်ငံ့ဆရာနဲ့ ဆွေးနွေးဖလှယ်ကြည့်ပါလား။ ကျင့်စဉ်အတွေးအမြင်တွေရပြီး မသေမျိုးအစစ်တောင် ဖြစ်လာနိုင်ပါတယ်"

နှစ်ယောက်လုံး ပြုံးနေကြသည်။ သို့သော် သူတို့မျက်လုံးတွင် အပြတ်ငြင်းပယ်သည့်အရိပ်မျိုး ပေါ်လွင်နေသည်။

ကွမ်းရှန်ဟိုင်လည်း အကျဉ်းထောင်ကိုကြည့်၍ အံ့အားသင့်သွားသည်။ နိယာမသခင်ကို တာအိုလမ်းစဉ်ဂိုဏ်းက ဖမ်းသွားကြောင်းသာ သူသိသည်။

အချိန်အတော်ကြာ ပျောက်နေခဲ့သည့် ဝူယွီထောင်ကိုပါ တွေ့ရမည်ဟု ထင်မထား။

ထိုပြင် သူ့ရန်ဟူဟောင်းဖြစ်သည့် အိပ်မက်ဆိုးအဓိပဓိနှင့် မဟာယု၏နောက်ဆုံး မသေမျိုးတစ်ဝက်ဖြစ်သည့် လေဟာနယ်အရှင်လည်း ရှိနေသည်။

သူတွေးရခက်နေခဲ့သည့်ကိစ္စတစ်ချို့ ယခုမှ ရှင်းသွားသည်။ သို့သော် ဒုတိယနိုင်ငံဆရာ ဘယ်ရောက်သွားမှန်းတော့မသိ။

"ဘိုးဘေးနဲ့ ဘိုးဘေးဆရာတို့ အချိန်ယူပြီး ဆွေးနွေးကြပါဦး။ ကျွန်မ အထဲဝင်ပြီး သူ့ကိုအရင်စစ်မေးလိုက်ဦးမယ်"

ယွမ်ကျိက ကွမ်းရှန်ဟိုင်ကို အကျဉ်းထောင်၏ အတွင်းဘက်အကျဆုံးအခန်းသို့ ဆွဲခေါ်သွားသည်။

တာအိုရှင်ရှန်ထန်က လုယန်နားကပ်ပြီး နိုင်ငံ့ဆရာကိုဖမ်းဆီးခဲ့သည့် အတွေ့အကြုံကို အသေးစိတ်မေးမြန်းသည်။

"ပြောရရင် သူ့ကိုဖမ်းတဲ့ကိစ္စက ကျုပ်နဲ့ဘာမှမပတ်သက်ပါဘူး..."

....

"ဘာရယ်၊ မဟာယုမသေမျိုးတစ်ဝက်တစ်ယောက် ယုပြည်နယ်မှာ ပေါ်လာတယ်ပေါ့။ ဘိုးဘေးကျန်းပင်ကန်းကိုယ်တိုင်ထွက်လာပြီး ဖြေရှင်းခဲ့တာလား"

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ တော်ဝင်ကာကွယ်သူသုံးယောက် မြို့တော်မှာပေါ်လာတာလား။ သုံယောက်လုံး ချီလင်မသေမျိုးရဲ့ မိန်းမတွေပေါ့"

"နန်းမြို့တော်မှာ မသေမျိုးတိုက်ပွဲဖြစ်တာလား။ မဟာယုနိုင်ငံ့ဆရာနဲ့ မုန်မိသားစုဘိုးဘေး မုန်ကျင်းဇီတို့ ကောင်းကင်မှာ အပြင်းအထန်တိုက်ခိုက်ကြတယ်ပေါ့"

"မုန်ကျင်းဇီက အရင်ကတည်းက မသေမျိုးဖြစ်ခဲ့တာလား"

"ဪ ဒါဆို မုန်မိသားစုက မသေမျိုးမိသားစုပေါ့"

"မုန်ကျင်းဇီကို ရှုံးတော့ နိုင်ငံ့ဆရာက မြို့တော်အထက်မှာ ခန္ဓာကိုယ်ဖောက်ခွဲလိုက်တယ်။ သူသေတယ်ရှင်တယ် မသိရဘူးပေါ့"

"အင်ပါယာရှားက သေရာကပြန်ရှင်လာတယ်ပေါ့"

အံ့ဩတုန်လှုပ်ဖွယ်သတင်းများ ကျင့်ကြံသူလောကတွင် တစ်ခုပြီးတစ်ခု ပျံ့နှံ့လာသည်။ သတင်းတိုင်းက ကျင့်ကြံသူတို့အတွက် မင်သက်မိစရာဖြစ်နေသည်။

သတင်းတစ်ခုကြားတိုင်း ဆွံ့အသွားကြသည်။ ကောင်းကင်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့သည့် ရှေးဟောင်းခေတ်သို့ ပြန်ရောက်နေသလို ခံစားကြရသည်။

မဟာရှားခေတ်သည် မသေမျိုးများမရှိခေတ်ဟု ကျင့်ကြံသူများ ထင်ခဲ့ကြသည်။ အရှေ့ပင်လယ်မှ မသေမျိုးနှစ်ယောက်တိုက်ပွဲ သူတို့ခေတ်ကာလနှင့် မသက်ဆိုင်။

သို့သော် မဟာရှားနိုင်ငံထဲတွင် မသေမျိုးနှစ်ယောက်ရှိနေမည်ဟု ဘယ်သူမှမတွေးခဲ့မိ။

သို့ဆိုလျှင် နတ်ဆိုးနိုင်ငံတွင် ရှေးဟောင်းခေတ်မသေမျိုးတစ်ဝက်နှစ်ယောက်ရှိလည်း ဘာအရေးစိုက်စရာလိုသနည်း။ မဟာရှားတွင် မသေမျိုးများရှိသည်။

"ချီလင်မသေမျိုးမှာ မိန်းမသုံးယောက်ရှိမှန်း မသိခဲ့ဘူး။ နှစ်ယောက်ပဲရှိတယ်ထင်ခဲ့တာ"

တစ်ယောက်က ချီလင်မသေမျိုး၏ချစ်ကံဇာတာကို အားကျသည့်မျက်လုံးများဖြင့် ပြောသည်။ အောင်းလင်းတို့သုံးယောက်လုံးက ပြိုင်ဘက်ကင်းအလှပိုင်ရှင်များဖြစ်သည်။

တစ်ချို့ကလည်း မအံ့ဩကြ။ ထိုသို့ဖြစ်သင့်သည်ဟု ယူဆသည်။

"မင်းနားမလည်တာပါ။ သူက မသေမျိုးလေကွာ။ အဓိပဓိစွမ်းအားရှင်လေ။ မိန်းမနှစ်ယောက်သုံးယောက်ရှိတာ ဘာဆန်းလဲ။ ချီလင်လည်း ယင်ထန်မသေမျိုးလို မိန်းမလှတွေကို သဘောကျလို့ မိန်းမများများယူထားတာဖြစ်မှာပေါ့။

ချီလင်မသေမျိုး ဘယ်ရှေးဟောင်းခေတ်မိန်းလှနဲ့ တိတ်တဆိတ်တွဲခုတ်ခဲ့သလဲဆိုတာ ဘယ်သူသိနိုင်မျာလဲ"

"မဟာယုက ငါတို့မဟာရှားကို ဘယ်လိုမှမယှဉ်နိုင်ပါဘူး။ မဟာယုနိုင်ငံ့ဆရာက ဘိုးဘေးကျန်းရဲ့ တပည့်တစ်ယောက်ကိုတောင် ရှုံးခဲ့တာလေ"

"မဟာယုနိုင်ငံ့ဆရာ သေသလားရှင်သလားဆိုတာ မသိရဘူး။ နန်းမြို့တော်ကို တိုက်ခိုက်ပြီးမှ လွတ်သွားတာ နာတယ်ကွာ"

"မင်းကြီးက သေရာကနေ ဘယ်လို ပြန်ရှင်လာတာလဲ"

"ကောင်းကင်ရုံးတော်ကနေ ကောင်းကင်မြစ်လို့ခေါ်တဲ့ပစ္စည်းတစ်ခု သူခိုးခဲ့တယ်လို့ ပြောကြတယ်"

"ဒီလိုအံ့ဖွယ်ရတနာမျိုး တကယ်ရှိတယ်ပေါ့"

....

နတ်ဆိုးနိုင်ငံနန်းတော်တွင် ကျူးထန် မျက်မှောင်ကျုံ့နေသည်။ အကြပ်ရိုက်နေပုံရသည်။ နန်းမြို့တော်မှသတင်းများ သူရထားသည်။

"မ‌သေမျိုးတစ်ဝက်ဆိုတာ သေမျိုးလောကမှာ ပြိုင်ဘက်ကင်းဖြစ်ရမှာမဟုတ်လား။ ဘာလို့ မသေမျိုးတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတာလဲ"

ထိုသို့တွေးရင်း သူ့လက်နှစ်ဘက်ကို ပိုအားစိုက်၍ သစ်သားမျက်နှာပြင်ကို ပိုချောမွေ့အောင် ရွေဘော်ထိုးနေသည်။

သူအလွန်တရာ ငြီးငွေ့သည့်အချိန်မျိုးတွင် ထိုသို့ပင် အသုံးအဆောင်တစ်မျိုးမျိုး ဖန်တီးနေတတ်သည်။

လေတစ်ချက်မှုတ်လိုက်သည်။ သစ်သားစများ လွင့်ထွက်သွားပြီး သူ့လက်ထဲမှပစ္စည်း၏သဏ္ဌာန် ပေါ်လာသည်။ လက်ဝါးအရွယ် ချိုင့်ခွက်တစ်ခုပါသည့် စင်မြင့်တစ်ခုဖြစ်သည်။

ထို့နောက် သူ့ဘေးမှ သစ်သားရုပ်တစ်ခုကို ကောက်ယူလိုက်သည်။ လှပစွာကနေသည့် သူ့မူလရုပ်သွင်ဖြစ်သည်။

သစ်သားရုပ်ကို သစ်သားစင်မြင့်ပေါ်မှ ချိုင့်ခွက်ထဲ ထည့်လိုက်သည်။ သာယာသည့် ဂီတသံပေါ်လာပြီး ရုပ်ထုက သူ့ဘာသာလှည့်ပတ်နေသည်။

........

နန်းမြို့တော်တွင် သူတို့ဘိုးဘေးငယ်ပေါ်လာပြီး တိုက်ခိုက်ခဲ့ကြောင်း ကျင်းချွဲ့ကြားသည်။ ထို့ကြောင့် ဝစီပိတ်နားမှခွာပြီး ချုန်းချီမျိုးနွယ်ဆီ အမြန်ပြန်လာသည်။

"ဘယ်လို၊ ကျုပ်တို့မျိုးနွယ်က အကြွေးတွေကြေသွားပြီပေါ့"

ထိုသတင်းကြားပြီးနောက် ကျင်းချွဲ့ အတော်ဝမ်းသာသွားသည်။ ဆင်းရဲသားဘဝမှ သူဌေးဖြစ်လာသလို ခံစားရသည်။

ဘိုးဘေးငယ်သည် တကယ်စွမ်းဆောင်ရည်မြင့်မားသည်။ နန်းမြို့တော်သို့ တစ်ခေါက်သွားရုံဖြင့် မျိုးနွယ်၏ အခက်ခဲဆုံးပြဿနာကို ဖြေရှင်းခဲ့သည်။

ကျင်းချွဲ့နှင့် ကူးဖြတ်ချင်းအဆင့်ချုန်းချီများက ဝိုင်းဝန်းချီးကျူးနေသဖြင့် ကျင်းချိုင်ဝေမျက်နှာလည်း ပြုံးရွှင်နေသည်။

စင်မြင့်ထက်တွင်ရပ်၍ ယုံကြည်ချက်အပြည့်ဖြင့် သူကြေညာသည်။

"အကြွေးကိစ္စတွေဘာတွေက အသေးအဖွဲ့ပါ။ ငါတို့ချုန်းချီမျိုးနွယ်ရဲ့ ရည်မှန်းချက်ကို ပြောင်းလိုက်ပြီ။ အဆင့်ဆယ့်တစ်နေရာ ဆယ့်နှစ်နေရာတွေအတွက် မပြိုင်တော့ဘူး။

အခုငါတို့က မဟာကပ်မှာအင်အားအကြီးဆုံးဖြစ်လာမယ့် ကောင်းကင်ရုံး‌တော်နဲ့အတူရှိနေပြီ။ ငါတို့က နံပတ်တစ်ပဲ"

ကျင်းချိုင်ဝေစကားကြောင့် ကျင်းချွဲ့ စိတ်အားတက်ကြွလာပြီး ဗျူဟာတစ်ခု ချက်ချင်းအကြံပေးသည်။

"ဘိုးဘေးငယ်၊ တာအိုရှင်ဝစီပိတ်ဆီကနေ ငွေရှာနိုင်မယ့်နည်းလမ်းတစ်ခု သင်ခဲ့တယ်။ အဲဒီ့နည်းလမ်းသုံးပြီး ကျုပ်တို့မျိုးနွယ် အင်အားဖြည့်လို့ရတယ်"

"ဘာနည်းလမ်းလဲ"

"ရှားပါးပစ္စည်းတွေ ဝယ်စုဖို့ပါ။ အရမ်းအရေးကြီးတဲ့ပစ္စည်းတွေ စုဆောင်းထားရမယ်။ ပြီးတော့ အပြင်လောကမှာ လိုအပ်လာတဲ့အချိန်ကျမှ ဈေးမြှင့်ပြီးထုတ်ရောင်းမယ်။

အဲလိုဆို ကျုပ်တို့ အသားတင်အမြတ်ထွက်ပြီလေ"

ကျင်းချိုင်ဝေ ခဏစဉ်းစားသည်။ ထိုနည်းလမ်းသည် မဆိုးလှ။ ဘာကြောင့် ထိုနည်းလမ်းမျိုး အရင်က သူတို့မတွေးမိသည်မသိ။ ကျင်းချွဲ့သည် ဝစီပိတ်ထံမှ အဖိုးတန်နည်းလမ်းတစ်ခုကို တကယ်သင်နိုင်ခဲ့သည်။

"ဒါဆို ငါတို့ဘယ်လိုပစ္စည်းတွေ စုဆောင်းကြမလဲ"

"ဖယောင်းတိုင်တွေပေါ့"

**********************************

အခန်း (၈၈၂)အားအပြည့်ပေါက်ကွဲခြင်း

ကောင်းကင်ရုံးတော်သို့ဝင်ခွင့်ရသည်။ မြောက်ဝင်ရိုးစွန်းကျားအင်ပါယာလည်း ဖြစ်လာသည်။ အကြွေးများကြေသွားသည်။ ကောင်းသည့်ကိစ္စများ တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ သူတို့ချုန်းချီမျိုးနွယ် တိုးတက်မြင့်မားချိန််ရောက်ပြီဟု ကျင်းချိုင်ဝေယူဆသည်။

သေးသွယ်သည့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျင်းချွဲ့၏အကြံကို သဘောတူလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ဖယောင်းတိုင်တွေဝယ်ကြတာပေါ့။ ငါတို့ချုန်းချီမျိုးနွယ်တွေ ငွေနည်းနည်းရှာဖို့အချိန်ကျပြီ"

ထိုအချိန်တွင် ချုန်းချီမျိုးနွယ်နှင့် နေမင်းဂိုဏ်းတို့ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲဘဲ ဖယောင်းတိုင်ဈေးကွက်အား မျက်စောင်းထိုးနေကြသည်ကို လုယန်ကမသိ။

သူခုနစ်ရက်ကြာ တံခါးပိတ်ကျင့်ခဲ့သည်။ စွမ်းအားထိန်းသိမ်းသည်။ ခန္ဓာကိုယ်ကိုချိန်ညှိသည်။ သန္ဓေ၊ ချီနှင့် ဝိညာဉ်တို့ကို ပေါင်းစပ်ပြီး ထိပ်ဆုံးအဆင့်ထိမြှင့်ထားသည်။ ပါးစပ်ထဲတွင် ဝိညာဉ်စွမ်းအင်ဖြည့်ဆေးတစ်လုံး ငုံထားသည်။

လူသတ်ရိပ်ပြည့်နေသည့် သူ့မျက်လုံးများ ဖြည်းညှင်းစွာပွင့်လာသည်။ သူ့ရှေ့တွင် မိန်းမလှတစ်ယောက်က ရွှန်းလဲ့သည့် မျက်လုံးအစုံကို ဖျတ်ခနဲခတ်ပြီး သူ့ကို ခေါင်းစောင်း၍ကြည့်နေသည်။

"ဘေးဖယ်ပါ နတ်မယ်"

သိစိတ်နယ်မြေတွင် လုယန်က နတ်မယ်ကို စိတ်ပျက်လက်ပျက်တွန်းဖယ်သည်။

"ဪ"

နတ်မယ် အလိုက်တစ်သိ ဘေးဖယ်ပေးသည်။ ဤတိုက်ပွဲ၏ ပြိုင်ဘက်ပေါ်လာသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်။

လုယန် နတ်ဝိညာဉ်နှင့် အကြိမ်ပေါင်းများစွာ ကြိုးစားလေ့ကျင့်ခဲ့သည်။ သူ့ကိုယ်ပိုင်နတ်ဝိညာဉ်ကို အနိုင်ယူနိုင်ဖို့ဖြစ်သည်။

နတ်မယ်ပြောသလိုပင် ကျင့်ကြံရာတွင် ဖြတ်လမ်းကိုမလိုက်သင့်။ တစ်ဆင့်ချင်းတက်မှသာ အသန်မာဆုံးဖြစ်လာမည်။

နတ်ဝိညာဉ်အဆင့်တစ်လျှောက်...

အိပ်မက်ဆိုးအဓိပဓိ၊ လေဟာနယ်အရှင်တို့နှင့် ရင်ဆိုင်တွေ့သည်။ ဘိုးဘေးရှန်ထန်ကို ရှာတွေ့သည်။

နိယာမသခင်ကို ရန်စမိ၍ ဂိုဏ်းကိုတိုက်ခိုက်ခံရသည်။ အရှေ့ပင်လယ်ခရီးစဉ်။ နန်းမြို့တော်သို့ခရီးစဉ်။

စသည့် အဖြစ်အပျက်များ ကြုံခဲ့သည့်အချိန်မှလွဲလျှင် သူ့တိုက်ခိုက်စွမ်းရည်တိုးတက်အောင် လေ့ကျင့်ရင်းသာ ကုန်လွန်ခဲ့သည်။

ခုနစ်ရက်ခန့် သန္ဓေနှင့်စွမ်းအား စုစည်းခဲ့သဖြင့် ယခု အပြည့်ဝဆုံးအခြေနေသို့ ရောက်နေသည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဓားတစ်ချက်ခုတ်၍ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။

"လာစမ်း။ တိုက်ခိုက်မယ်"

လုယန် အော်ဟစ်လိုက်သည်။ ဝိညာဉ်စွမ်းအားဖြင့် ချင်ဖုန်းဓား၊ မိန်ယွဲ့ဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုံတို့ကို ဖန်တီးသည်။

တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ ဘေးပတ်လည်တွင်လည်း ဓားကိုးလက်က တောက်ပနေသည်။ လုယန်လုပ်သမျှတိုင်းကို သူလည်းလုပ်နိုင်စွမ်းရှိသည်။

"သွားတော့ ရှောင်ယန်။ အစွမ်းနည်းနည်းပြလိုက်စမ်းပါ"

နတ်မယ်က လက်သီးဆုပ်၍ စိတ်အားထက်သန်စွာ အားပေးနေသည်။ ပြိုင်ဘက်ကင်းသန္ဓေဘက်တွင် အားပေးသူမရှိသဖြင့် စိတ်ဓာတ်ပိုင်းအရ လုယန်က အောင်နိုင်သူဖြစ်လာသည်။

"ဓားကနေ နဂါးထွက်"

ချင်ဖုန်းဓားထဲသို့ ဝိညာဉ်စွမ်းအားဖြည့်လိုက်သည်နှင့် နဂါးအော်သံတစ်ခု ဓားသွားမှထွက်လာသည်။ ဓားချီဖြင့်ဖန်တီးထားသည့် အနက်ရောင်နဂါးတရိပ်တစ်ခု ထိုးထွက်လာသည်။ သွားကိုဖြဲ၍ လက်သည်းများကို ဝှေ့ယမ်းသည်။ အရာအားလုံးကို သိမ်းယူနိုင်စွမ်းရှိသည်။

အောင်းလင်းသုံးခဲ့သည့် နဂါးဓားချီကို လေ့လာ၍ ဖန်တီးထားခြင်းဖြစ်သည်။

နဂါးဓားချီတွင် ရသသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်စစ်များ လွှမ်းခြုံလျက် နဂါးလည်ဆံမွှေးနှင့်နဂါးမုတ်ဆိတ်များ ဖြစ်လာသည်။

ဓားချီကို နဂါးရိပ်အစစ်အဖြစ် ဖန်တီးနိုင်ဖို့ မလွယ်လှ။ ဝိညာဉ်ပြောင်းအဆင့်ရှိသည့် ဓားမျှော်စင်မှ ဓားသမားများပင် ထိုသို့လုပ်နိုင်သူရှားသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က တယီးယီးတယားယားအော်ဟစ်နေသည်။ သူ့ချင်ဖုန်းဓားမှလည်း နဂါးနက်တစ်ကောင်ထွက်လာသည်။

နဂါးဓားချီနှစ်ခု ရင်ဆိုင်တွေ့သည်။ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်သာ ထိုနေရာတွင် ရပ်နေလျှင် ပြင်းထန်သည့် ဓားချီများကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားပေလိမ့်မည်။

ရန်သူကို အသေသတ်ဖို့ ရည်ရွယ်ထားသည့် ဓားပညာဖြစ်သည်။ လုယန် ထိုပညာကို သုံးခဲသည်။ သို့သော် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်၍ သူထိန်းချုပ်နေစရာမလို။

နန်းမြို့တော်တွင်နေခဲ့စဉ်က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် အကြိမ်ပေါင်းများစွာ သူတိုက်ခိုက်ခဲ့သည်။ သူက အမြင့်ဆုံးတိုက်ကွက်များ ထုတ်မသုံးဘဲ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က ထုတ်သုံးလာလျှင် သူရှုံးမည်။

ချက်ချင်းဆိုသလိုပင် ရွှေဖီးနစ်နှင့် အရိုးတောင်ပံကျားဖြူအရိပ်တို့ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

ဓားချီဖြင့် နဂါးနက်၊ ရောင်စုံဖီးနစ်၊ ကျားဖြူ တော်ဝင်ကာကွယ်သူသုံးယောက်၏အရိပ်များ သူ့ရှေ့တွင် ပေါ်လာသည်။ နတ်ဝိညာဉ်အဆင့်တွင် ဓားပညာနှင့်ပတ်သက်၍ သူ့အမြင့်ဆုံးနားလည်နိုင်စွမ်းကို ကိုယ်စားပြုသည်။

"ဓားတစ်သောင်းအသွင်ပြောင်း။ မသေမျိုးသတ်ဓားစက်ဝန်း"

သိစိတ်နယ်မြေ အထက်လေထုထဲတွင်ရှိနေသည့် ဓားကိုးလက်က ဓားပေါင်းများစွာ ခွဲထွက်သွားသည်။ ဓားအလင်းများ ပေါက်ကွဲထွက်လာသည်။

ပြိုင်ဘက်ကင်းနတ်ဝိညဦဉ်က ဓားကိုးလက်ကို မြေကြီးထဲသို့ ပစ်လွှတ်လိုက်သည်။ မြေပြင်က အသက်ဝင်လာသယောင်ထင်ရသည်။ ဓားရိပ်များစွာ မြေပြင်မှ ထိုးတက်သွားသည်။ ကောင်းကင်မှဆင်းလာသည့် ဓားတစ်သောင်းနှင့် ရင်ဆိုင်သည်။

ဓားချင်းခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

လုယန်နှင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်တို့ မသေမျိုးသတ်ဓားစက်ဝန်း၏ ဖိအားဒဏ်ကိုခံရသည်။ နှစ်ယောက်လုံး ဒူးထောက်လျက်အနေအထားဖြင့် ရှိနေသည်။

သို့သော် သူတို့ဆက်တိုက်ခိုက်နိုင်သေးသည်။

"ရွာလက်ဝါး"

လုယန် မှော်တံဆိပ်တစ်ခု အမြန်ဖန်တီးလိုက်သည်။ ရွာတစ်ရွာအရွယ်အစား လက်ဝါးရိပ်တစ်ခု မြေကြီးထဲမှ ထွက်လာသည်။ လက်ဝါးက လုယန်ကိုလက်ထဲတွင်ဆုပ်၍ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ပြင်းထန်စွာရိုက်ချသည်။

ကောင်းကင်နှင့်မြေပြင်မှ ဓားတစ်သောင်းက လက်သီးဆုပ်ကိုထိသည်နှင့် လွင့်ထွက်သွားကြသည်။

ရွှေသန္ဓေအဆင့်ကတည်းက ထိုပညာကို သူသုံးနိုင်သည်။ ကျင့်စဉ်အဆင့်အကန့်အသတ်ကြောင့် ရွာအရွယ်လက်ဝါးသာထုတ်နိုင်ခဲ့သည်။ ယခု နတ်ဝိညာဉ်အဆင့်ရောက်ပြီဖြစ်၍ လက်ဝါးရိပ်က မြို့နယ်တစ်ခုစာဖြစ်လာသည်။

ထိုလက်ဝါးစွမ်းအားကလည်း နဂါးရိပ်၊ ဖီးနစ်ရိပ်၊ ကျားရိပ်တို့ထက် မလျော့။

ကြီးမသားသည့်လက်သီးရိပ််ဆင်းလာချိန်တွင် ဆယ်ခြောက်ပေရှည်သည့် ရွှေဗုဒ္ဓပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး လက်သီးကိုခုခံသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ် တတ်မြောက်ထားသည့် စွမ်းအားအမြင့်ဆုံးခုခံမှုပညာဖြစ်သည်။ သို့သော် "ရွာလက်သီး"ထက် နည်းနည်းစွမ်းအားလျော့နေသယောင်ရှိသည်။

ရွှေဗုဒ္ဓအရိပ် ကြေမွပျက်စီးသွားသည်။ လက်သီးရိပ်က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ထိသည်။

လုယန်က ဦးစွာတိုက်ခိုက်ခြင်းဖြစ်၍ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်အနေဖြင့် ရွာလက်ဝါးပညာကို အသက်သွင်းချိန်မရ။ ထို့ကြောင့် ဆယ့်ခြောက်ပေရွှေခန္ဓာဖြင့် ခုခံရခြင်းဖြစ်သည်။

ဆယ့်ခြောက်ပေရွှေခန္ဓာ ကြေမသွားပြီးနောက် နတ်ဝိညာဉ်လည်း ရွာလက်ဝါးပညာထုတ်သုံးသည်။

သူ့ရွာလက်ဝါးက အသက်သွင်းချိန်ပို့ကြာသော်လည်း လုယန်၏လက်ဝါးထက် ပိုစွမ်းအားကြီးသည်။ လက်ဝါးနှစ်ခုရင်ဆိုင်လျှင် လုယန်ကရှုံးနိမ့်သူဖြစ်လာမည်။

သို့သော် ထိုခဏမှာပင် လုယန်သုံးသည့် 'ရွာလက်သီး'က ပုံစံပြောင်းသွားသည်။ မယုံနိုင်လောက်အောင် မြန်ဆန်လာသည်။ ပြင်းထန်သည့် တော်ဝင်စွမ်းအင်ရောင်များ တောက်ပလာသည်။ သာမန်လက်သီးထုချက်မျိုးမဟုတ်တော့။

ရုတ်တရက်ပြောင်းလဲသွားသည့် အခြေအနေကို ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က နားမလည်။ သို့သော် အပြင်မှရပ်ကြည့်နေသည့် နတ်မယ်က ထိုအပြောင်းအလဲကို နားလည်သဖြင့် သဘောကျသွားပြီး လက်ခုပ်တီးသည်။

"ရှောင်ယန်၊ နင်တကယ်စိတ်ကူးကောင်းတယ်။ ရွာလက်ဝါးပညာကို အရဟတ်လက်သီးပညာနဲ့ ပေါင်းစပ်လိုက်တယ်ပေါ့။ စွမ်းအားက ပုံမှန်ထက် သုံးလေးဆတိုးလာတာပဲ"

ပြိုင်ဘက်ကင်း နတ်ဝိညာဉ် ခဏတွေဝေသွားပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်နေသည်။

ပုံမှန်အားဖြင့် တိုက်ကွက်များ ထိုသို့ဆက်တိုက်ထုတ်သုံးပြီးလျှင် လုယန်၏ လက်ကျန်ဝိညာဉ်စွမ်းအားသည် ပညာနှစ်ခုတစ်ပြိုင်တည်းထုတ်သုံးဖို့ လုံလောက်တော့မည်မဟုတ်။

ဆေးလုံးဖြင့်အားဖြည့်ထားသည့်တိုင် ဝိညာဉ်စွမ်းအားကို ဖြေးဖြေးချင်းသာ ပြန်ဖြည့်နိုင်မည်။ အလုပ်မဖြစ်နိုင်။ ဤအခြေအနေမျိုးတွင် လုယန်နှင့်နတ်ဝိညာဉ် နှစ်ယောက်လုံး၏ စွမ်းအားပြန်ဖြည့်နှုန်းလည်း အတူတူဖြစ်နေမည်။

လက်ဝါးနှင့် 'လက်သီး'ရင်ဆိုင်တွေ့သည်။ ခဏထိပ်တိုက်တွေ့ပြီးနောက် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ ရွာလက်ဝါးကို လုယန်၏လက်သီးက ချေဖျက်လိုက်သည်။

လုယန်၏လက်သီးက နတ်ဝိညာဉ်၏ ဆယ့်ခြောက်ပေရွှေခန္ဓာနှင့် ရွာလက်ဝါးကို ဆက်တိုက်ဖျက်ဆီးပြီးနောက် သလင်းသားလို ကြည်လင်လာသည်။ ထိုအချိန်ကျမှ လုယန်ဘာကြောင့် ပညာနှစ်ခုထုတ်သုံးဖို့ စွမ်းအားကျန်သေးသည်ကို နတ်ဝိညာဉ်သိလာသည်။

လုယန်၏ လှုပ်ရှားမှုများက သာမန်လိုသာထင်ရသည်။ သို့သော် နတ်ဝိညာဉ်က တစ်ချက်သိရုံဖြင့် ချက်ချင်းတန်းရိပ်မိသည်။

လုယန်က လုယန်အရိပ်တုလက်သီးကို သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ရုပ်ခန္ဓာမှ ဝိညာဉ်စွမ်းအားကို မြန်မြန်ပြန်ယူနိုင်သည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ ပညာရပ်များက အလွန်တရာ တိကျသေသပ်သည်။ အပိုအလိုမရှိကွက်တိ လှုပ်ရှားနိုင်သည်။ ပညာရပ်များပြောင်းလဲသုံးစွဲသည့်အချိန်တွင် အလွန်တရာချောမွေ့သည်။ ဟာကွက်လုံးဝမရှိ။

သို့သော် ပညာရပ်ပေါင်းစပ်မှုနှင့် စိတ်ကူးစိတ်သန်းတွင် လုယန်ကို မမီ။ လုယန်၏ တိုက်ခိုက်နည်းမျိုးကို နတ်ဝိညာဉ် စဉ်းစားနိုင်စွမ်းမရှိ။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ တိုက်ကွက်ကို ချိုးဖျက်လိုက်သည်နှင့် လုယန်က ဝိညာဉ်စွမ်းအားပိုတိုးလာသည်။ အပြိုင်ဘက်ကင်းနတ်ဝိညာဉ် အရေးနိမ့်လာသည်။

လက်သီးဆုပ်ကိုဖွင့်၍ လုယန် ရွာလက်ဝါးထဲမှ ခုန်ထွက်သည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်မျက်နှာကို လက်သီးဖြင့်ထိုးသည်။ နတ်ဝိညာဉ် လွင့်ထွက်သွားသည်။

All Chapters