အခန်း (၉၂၅-၉၂၆)
Vol. 78 Ch. 925-926
အခန်း ၉၂၅ -
မိတ်ဆွေ... ခဏနေပါဦး။
ချော်ရည်ကန်ကြီး၏ဘေးတွင် စုရီသည် ကြိမ်ကုလားထိုင်ပေါ်၌ သက်တောင့်သက်သာ ထိုင်နေခဲ့သည်။ သူသည် ဝတ်စုံနီနှင့်လူရွယ် ထံမှ ကျန်ရှိခဲ့သော ရွှေရောင်ငါးမျှားတံကို ကြည့်ကာ ခေါင်းခါလိုက်၏။
ဤကိုင်းတံသည် အဖိုးတန်သော်လည်း ‘ကောင်းကင်နဂါးငါးကြင်း’ကို မျှားရန်အတွက်မူ အသုံးမဝင်လှချေ။
သို့သော် ‘နတ်ဝိညာဉ်ချည်’ဖြင့် ရက်လုပ်ထားသော ပလိုင်းတောင်းမှာမူ တန်ဖိုး ရှိချေ၏။ နယ်ပယ်ဘုရင်အဆင့် ရတနာတစ်ခု ပေပင်။ ထိုခြင်းတောင်းထဲတွင် နဂါးငါးကြင်း သုံးကောင်ရှိနေ၏။
စုရီက နဂါးငါးကြင်းတစ်ကောင်ကို ဆွဲထုတ်ကြည့်သည်။ ၎င်းမှာ ဖြူစင်ဝင်းပသော နဂါးကြေးခွံ၊ နဂါးနှုတ်ခမ်းမွှေးနှင့် တာအို ရူရ်များပါရှိ၏။
၎င်းသည် သက်တမ်းသုံးထောင်မျှသာ ရှိသော သားပေါက်လေးတစ်ကောင်ဖြစ်ချေ၏။ သူ့အတွက် အလွန်အရသာရှိသော စားဖွယ်ပင်။
စုရီမှ နဂါးငါးကြင်းကိုကျွမ်းကျင်စွာ ကိုင်တွယ်ပြီး အသားလွှာအပေါ်ပါးပါးလျလျ လှီးဖြတ်လိုက်တော့၏။ ငါးကြင်းအရိုးကိုမူ ငါးမျှားချိတ်တွင် ချိတ်လိုက်သည်။
ဤသည်မှာ လျှို့ဝှက်ချက်ပေပင်။ နဂါးငါးကြင်းများသည် အခြားငါးစာများထက် သူတို့မျိုးနွယ်၏အရိုးကို မြင်ပါက ဒေါသတကြီး ရူးသွပ်စွာ လာရောက် ကိုက်ခဲတတ်ကြသည်။
ထို့ကြောင့် ငါးအသားလွှာအစိမ်းကို ကိုက်စားလိုက်သည်။ အေးမြလတ်ဆတ်သော အရသာနှင့်အတူ သိပ်သည်းသည့်မိခင်ချီများ ခန္ဓာကိုယ်ထဲ စီးဝင်လာတော့၏။
“ ဝိုး ... ဒီလိုအရသာမျိုး မစားရတာ အတော်ကြာနေပြီ ... ။ ”
ခဏအတွင်းမှာပင် ငါးတစ်ကောင်ကို စားပြီးသွား၏။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာကာ ကျင့်ကြံမှုသိသိသာသာ တိုးတက်လာသည်။
ထို့နောက် အရိုးဖြင့် ပြန်မျှားထားသော ငါးမျှားတံတွင် တစ်ကြိမ်တည်းငါးသုံးကောင်ကို ဖမ်းမိလိုက်တော့၏။
ယင်းကြောင့် နောက်ထပ်ငါးတစ်ကောင် ထုတ်ယူကာ အသားများလွှာပြီး ကျောရိုးဖြင့် ထပ်မံမျှားယူလိုက်သည်။
ဤနည်းဖြင့် နာရီဝက်ခန့်အတွင်း နဂါးငါးကြင်း(၁၀)ကောင်ကျော် ဖမ်းမိလာကာ (၄)ကောင်ကို အရက်ဖြင့်မြည်းလိုက်တော့၏။
များမကြာခင် သူ့ကျင့်ကြံမှုသည်လည်း ရွှဲဟဲနှောင်းပိုင်းသို့ လွယ်ကူစွာတက်လှမ်းသွား တော့လေသည်။
“ ဝှစ် ... ။ ”
ခဏအကြာတွင် ကောင်းကင်မှနေပြီး အနက်ဝတ်အဘိုးအိုတစ်ဦး ဆင်းသက်လာခဲ့၏။ ဤသည်မှာ ‘ထျန်းချီ’ကြယ်စုမှ ကျင့်ကြံသူ မုချန်းယွမ် ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဝမ်ပေကိုမတွေ့ရဘဲ လူငယ်တစ်ဦးမှ ငါးမျှားနေ သည်ကိုတွေ့လိုက်ရသဖြင့် အံ့သြသွား၏။
(ဝမ်ပေ-အနီဝတ်လူရွယ်။)
“ ကောင်လေး ... ဒီမှာ မင်းတစ်ယောက်တည်းလား။ ”
မုချန်းယွမ်က ယဉ်ကျေးစွာမေးသည်။ စုရီမှပြုံးလျက် ခေါင်းညိတ်၏။ မုချန်းယွမ်သည် စုရီဘေးရှိ ခြင်းတောင်းထဲတွင် နဂါးငါးကြင်း (၁၀)ကောင်ကျော် ရှိနေသည်ကို မြင်သောအခါ မျက်လုံးပြူးသွားလေသည်။
“ ဒါတွေအားလုံး ... မင်းတစ်ယောက်တည်း ဖမ်းထားတာလား။ ”
စုရီမှ ခေါင်းညိတ်ပြလိုက်သည်။ မုချန်းယွမ်က စိတ်ထဲသံသယဝင်လာတော့၏။ ဤနေရာတွင် နယ်ပယ်ဘုရင်အဆင့်များပင် သတိထားရသောနေရာဖြစ်သည်။
ထို့ပြင် ချိန်းဆိုထားသော ဝမ်ပေတို့သည်လည်းရှိမနေဘဲ လူငယ်သည်သာ တစ်ယောက်တည်း အေးအေးလူလူ ငါးမျှားနေ၏။ အလွန်ပင် ထူးဆန်းလှသည်။
သည့်ပြင် အနီးအနားတွင် တိုက်ပွဲဖြစ်ပွားထားသော ခြေရာလက်ရာများ ရှိနေသေးသည်။
“ ကောင်းပြီ ... ဒါဆို ငါ့ကိုခွင့်ပြုပါဦး။ ”
မုချန်းယွမ်မှ အခြေအနေမဟန်မှန်း သိရှိလိုက်သဖြင့် ချက်ချင်း လှည့်ထွက်သွား၏။
“ မိတ်ဆွေ... ခဏလောက်ရပ်ပါဦး။ ”
သို့သော် နောက်ပါးမှ စုရီအသံ ထွက်ပေါ်လာသောကြောင့် မုချန်းယွမ်ခမျာ ကျောပြင်တွင် ချွေးအေးများ စီးကျလာခဲ့ပြီး လှည့်မကြည့်တော့ဘဲ အစွမ်းကုန် အပြေးနှင်လိုက်တော့သည်။
စုရီသည်ပင် အံ့အားသင့်သွားရ၏။ ဤအဘိုးကြီးထွက်ပြေးပုံမှာ အတော်မြန်ချေပြီ။ သို့သော် ကံဆိုးစွာဖြင့် မလွတ်မြောက်နိုင်ချေ။
“ ဟမ့် ... ။ ”
“ ဘုန်း ... ။ ”
အဝေးတစ်နေရာရှိ ကောင်းကင်တွင် ပြင်းထန်သောတိုက်မိသံ ထွက်ပေါ်လာသည်။ မုချန်းယွမ်တစ်ယောက် နံရံကြီးကိုဦးခေါင်းနှင့် အရှိန်ပြင်းပြင်း တိုက်မိသွားခြင်းပေပင်။
“ တားမြစ်ဝင်္ကပါ။ ”
သူ့နဖူးတွင် ဘုကြီးတစ်ခု ထွက်လာပြီး မျက်စိထဲကြယ်ရောင်များ မြင်သွားတော့သည်။ မျက်နှာမည်းမှောင်လျက် ဤနေရာသည် ထောင်ချောက်ဖြစ်မှန်း သိရှိလိုက်၏။
“ ဝှစ် ... ။ ”
“ ခရစ် ... ။ ”
တုန့်ဆိုင်းခြင်းမရှိ တံဆိပ်တစ်ခုကို ထုတ်ယူပစ်ပေါက်လိုက်ရာ ဟင်းလင်းပြင်နံရံမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
“ ဘုန်း ... ။ ”
ချက်ချင်း ရှေ့သို့လှမ်းတက်လိုက် သော်လည်း ဒုတိယမြောက်နံရံကြီးတစ်ခုနှင့် ထပ်မံတိုက်မိပြန်သည်။ နဖူးရှိဘုကြီးသည် သွေးများပင် ထွက်လာတော့၏။
“ နောက်ထပ် ... အလွှာတစ်ခု ရှိသေးတာလား။ ”
မုချန်းယွမ်ခမျာ ဒေါသထွက်လာပြီး ထိတ်လန့်သွားရသည်။ သူသည် နယ်ပယ်ဘုရင် တစ်ပါးဖြစ်သော်လည်း ထိုဝင်္ကပါအလွှာများ၏ အရှိန်အဝါကို လုံးဝသတိမထားမိခဲ့ခြင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှ၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ ..... ။ ”
ချက်ချင်း တံဆိပ်တစ်ခု ထုတ်ယူကာ နံရံများကိုတစ်ခုပြီးတစ်ခု ဖျက်ဆီးလျက်ဖြင့် ဆက်ပြေးတော့သည်။
အဆုံးတွင် နောက်ဆုံး လေဟာနယ် နံရံတစ်ခုပြိုကျသွားပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သပ်သွား၏။
ရှေ့တွင်မြင်နေရသည်မှာ စောစောက သူထွက်ပြေးလာခဲ့သည့် ချော်ရည်ကန်ကြီးပင် ဖြစ်နေသည်။
“ ယင်-ယန်ကောင်းကင် ဝင်္ကပါ။ ”
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်ကာ လေဟာနယ်ကို ရှုပ်ထွေး သွားစေသော ဝင်္ကပါကြီးပေပင်။ မုချန်းယွမ်မှ နားလည်သွားတော့၏။
ကျောက်ဆောင်ပေါ်တွင် စုရီက ကြိမ်ကုလားထိုင်မှထလာကာ ပြုံးလျက်၊
“ မိတ်ဆွေ ... ပြန်လာပြီလား။ ”
-ဟု နှုတ်ဆက်လိုက်သည်။
“ ဟိတ် ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
မုချန်းယွမ်ခမျာ ပို၍ ထိတ်လန့်သွားပြီး နောက်တစ်ကြိမ် ထပ်မံထွက်ပြေးရန် ကြိုးစား ပြန်၏။ သို့သော် စုရီသည် လေထဲပျံတက်ပြီး စကြာဝဠာနှလုံးသားဓားဖြင့် ဝှေ့ယမ်းလိုက်ရာ တံဆိပ်ချက်ချင်းအက်ကွဲသွားသည်။
ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးချင်းချင်းနီစေသော ဒဏ်ရာကြီးတစ်ခု ရရှိ သွားတော့၏။ ထို့ကြောင့် ဆက်၍ထွက်ပြေးရန် မဝံ့တော့ဘဲ လေထုအလယ် ဒူးထောက်ချကာ၊
“ ငါ အရှုံးပေးပါပြီ သခင်ကွမ်ကျူး ... ကျေးဇူးပြုပြီး ဒီအဖိုးကြီးကို အသက်ချမ်းသာခွင့် ပေးပါ။ ”
-ဟု အော်ဟစ်တောင်းပန်လေသည်။
စုရီမှ မျက်ခုံးပင့်လိုက်၏။ ဤမျှအထိ မြန်မြန်အညံ့ခံနေလိမ့်မည်ဟု မထင်ထားချေ။ ဤမတိုင်မီ နဂါးငါးကြင်းများစားသုံးကာ ရွှမ်ဟဲ နှောင်းပိုင်းသို့တက်လှမ်းထားသဖြင့် ထိုလူကို ဓားသွေးကျောက်အဖြစ်သုံးရန် ရည်ရွယ် ထားခဲ့ခြင်းဖြစ်သည်။
“ မင်း ... ငါ့ကို အစောကြီးတည်းက မှတ်မိနေတာလား။ ”
စုရီမှ မေး၏။ မုချန်းယွမ်တစ်ယောက် မျက်နှာငယ်လေးဖြင့်၊
“ အမှန်အတိုင်း ပြောရရင် အစကတော့ သံသယပဲရှိတာပါ ဒါပေမဲ့ အခုတော့ သခင်ရဲ့ အရှိန်အဝါကို လုံးဝအတည်ပြုနိုင်ပါပြီ။ ”
-ဟု ချက်ချင်း ပြန်ဖြေ၏။
နယ်ပယ်ဘုရင်အဆင့် တစ်စုံတစ်ဦး ဖြစ်သော်လည်း သူသည် ဂုဏ်သိက္ခာအပေါ် အလေးမထားတော့ချေ။
အဘယ်ကြောင့်ဆိုသော် ဝမ်ပေသည် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း ခန့်မှန်းထားနိုင် သောကြောင့်ဖြစ်၏။
“ မင်းက ... အစတုန်းက လော့ကျိဟုန်နဲ့ ပူးပေါင်းပြီးတော့ ငါ့ကိုသတ်မလို့ မဟုတ်လား အခုဘာလို့ ဒီလောက်‘ကြောက်’နေရတာလဲ။ ”
စုရီမှ ခပ်အေးအေးပင် ကြည့်ကာမေးသည်။ တစ်ဖက်တွင် မုချန်းယွမ်သည် တုန်တုန်ရီရီဖြင့်၊
“ ဒီအဖိုးကြီးမှာ ကောင်းကင်လောက် မြင့်မားတဲ့ သတ္တိရှိရင်တောင် သခင့်ရှေ့မှာတော့ ဖုန်မှုန့်လေးလိုပါပဲ ဒီအဖိုးကြီးအမှားကိုသိပါပြီ အပြစ်ပေးတာကို လက်ခံပါ့မယ် ... ရှင်သန်ခွင့်လေးပဲပေးပါ။ ”
-ဟု ဆိုလျက် ချက်ချင်း အရိုအသေပေးဦးချလိုက်တော့သည်။
စုရီက သက်ပြင်းချလိုက်ရသည်။ ဤမျှအရှက်မရှိသော နယ်ပယ်ဘုရင်အဆင့် တစ်စုံတစ်ယောက်ကို သူ မတွေ့ဖူးသေးချေ။
သို့သော် စုရီသည် လောကသခင်၏ အမှတ်တရများရှိနေသဖြင့် ကြယ်ပင်လယ်ကြီး၌ ထိုအမည်သည် မည်မျှ ကြောက်စရာ ကောင်းကြောင်း နားလည်သည်။
“ ကောင်းပြီ ... မင်း အသက်ရှင်ချင်ရင် ငါ့ကိုမင်းသိသမျှ အချက်အလက်တွေ အကုန် ပြောပြပါ။”
“ သခင် ... သိချင်တာ အကုန်ပြောပြပါ့မယ် ... အကုန်ပြောပြပါ့မယ်။”
မုချန်းယွမ်က အလွန်ဝမ်းသာသွားပြီး စုရီနှင့်အတူ ကျောက်တုံးကြီးပေါ်ဆင်းသက်ကာ အရက်ငှဲ့ပေးလျက် အချက်အလက်များကို ပြန်ပြောင်းပြောပြတော့သည်။
တစ်ဖက်လူသည် လက်အောက်ခံ ဂိုဏ်းငယ်တစ်ခုမှသည် ကြယ်မြစ်ဂိုဏ်းမှ ဆင့်ခေါ်ခံထားရသူဖြစ်၏။
သူကဲ့သို့ပင် အခြားသူများသည်လည်း ကောင်းကင်ကိုးပါးနန်းတော်၊ နှလုံးသားပြခန်း၊ ထိုက်ရီတာအိုဂိုဏ်းတို့၏ လက်အောက်ခံများမှ ဖြစ်လေသည်။
သူတို့အားလုံးကို သက်ဆိုင်ရာ ဂိုဏ်းအသီးသီးမှ အကြီးအကဲများ ဦးဆောင်ကာ ရွှမ်ဟွမ်ကြယ်စုသို့ မစ်ရှင်ခေါ်လာခြင်း ပေပင်။
လက်ရှိ နတ်ဘုရားသင်္ချိုင်း တားမြစ်နယ်မြေထဲတွင် နယ်ပယ်ဘုရင်အဆင့် ကျင့်ကြံသူ(၁၂)ဦးပါရှိပြီး အစွမ်းအထက်ဆုံး ထိုအကြီးအကဲ(၄)ဦးသည် အတွင်းဒေသသို့ ခရီးဆက်သွားသည်။
ကျန်ရှိသော(၈)ဦးမှာမူ စုရီကိုသတ်ရန် မဟာမိတ်ဖွဲ့ကာ စောင့်ဆိုင်းနေခြင်းဖြစ်ချေ၏။ စုရီမှစဉ်းစားလိုက်ပြီး မုချန်းယွမ်ထံ‘ဝမ်ပေ’၏ ရွှေတံဆိပ်ပေးလိုက်သည်။
“ ဒါကို သုံးပြီး ကျန်တဲ့လူတွေကို ခေါ်လိုက်ပါ။ ”
ထိုအမိန့်စကားကြောင့် မုချန်းယွမ်မှ ခေတ္တမျှတွေဝေသွား၏။ သူတို့မဟာမိတ်အဖွဲ့၌ ကနဦးထုံရှောက်အဆင့် (၃)ဦးနှင့် အလယ် အလတ်အဆင့် (၃)သာကျန်ရှိသည်။
အလယ်အလတ်အဆင့်တွင် လော့ကျိဟုန်သည် ဒဏ်ရာများနှင့်ထွက်ပြေး သွားရပြီး ဝမ်ပေ့ဟုန်မှာသေဆုံးသွားခဲ့ကာ သူသည်လည်း အညံ့ခံလိုက်ရ၏။
ထို့ကြောင့် ကျန်ရှိနေသော အလဘ်အလတ်ထုံရှောင်အဆင့် (၃)ဦးဖြင့် မျှော်လင့်ချက်မရှိချေ။
တစ်ဖက်တွင် ရုတ်တရက် စုရီသည် သူ့ကိုစိုက်ကြည့်နေသဖြင့် ချက်ချင်းအတွေးများ ဖြတ်တောက်ကာ၊
“ ညီအစ်ကိုတို့ ... သတင်းကောင်းပဲ ငါနဲ့မုချန်းယွမ်က ... စုရီရဲ့ခြေရာကို တွေ့ထားပြီ ဒီကိုမြန်မြန်လာပါ။ ”
-ဟု ရေးသားလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့တံဆိပ်ဖြင့်လည်း၊
“ မြန်မြန်လာကြ ငါနဲ့ဝမ်ပေစောင့်နေတယ်။ ”
-ဟု ထပ်မံဖြည့်စွက်လိုက်တော့၏။
***
အခန်း ၉၂၆ –
ရောက်လာကြပြီလား ... ။
ချက်ချင်းပင် ဝိညာဉ်ဆက်သွယ်ရေး ရွှေတံဆိပ်မှတုံ့ပြန်မှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသည်။
“ ဒါ တကယ်ပဲလား။ ” (လော့ကျိဟုန်)
“ ဟားဟားဟား ... ဒါသတင်းကောင်းပဲ လောကသခင်ဝင်စားသူ ဒီတစ်ခါ မင်းဘယ်ကိုပြေးမလဲ။ ” (ချန်ချွမ်း)
“ ဒီတစ်ခါ စုရီကိုသတ်နိုင်ရင် သူ့ကြောင့်သေဆုံးသွားတဲ့ တပည့်တွေအတွက် လက်စားချေနိုင်ပြီ ဝင်စားခြင်းဥပဒေလည်း သိမ်းပိုက်နိုင်လိမ့်မယ်။ ” (ဝမ်မို)
“ ငါ ဒီမှာမိစ္ဆာကိုသုတ်သင်ပြီးပြီ အခုပဲထွက်လာခဲ့မယ်။ ” (ယန်ဖုန်း)
“ မင်းတို့အားလုံး ငါ့ကိုခဏလောက် စောင့်ပေးကြပါဦး ပြင်ပဒေသရဲ့ကြီးကြပ်သူက ငါ့ကိုအခွင့်အရေးတစ်ခုပေးမယ်လို့ ကတိ ပေးထားတယ် မကြာစေရဘူး။ ” ( မော့ရှုံရှန်း)
“ ဟမ့် ... အခွင့်အရေးဆိုတာ လက်လွတ်ခံလို့မဖြစ်ဘူး၊ အဖိုးကြီးမော့ မင်း လက်လျှော့လိုက်ပါတော့။ ”
“ မှန်တယ်၊ ငါတို့ အမြန်ဆုံး လှုပ်ရှားရမယ်။ ”
“ အချိန်မဆွဲကြနဲ့ မြန်မြန်လာ။” (မုချန်းယွမ်)
“ သူ့မှာ နဂါငါးကြင်းတွေရှိနေတယ် နောက်မကျစေနဲ့။ ” (ဝမ်ပေ)
ဤတုံ့ပြန်မှုများကို မြင်သောအခါ စုရီတစ်ယောက် မပြုံးဘဲ မနေနိုင်တော့ချေ။ ဤအဖိုးကြီးသည် ငါးမျှားရာတွင် သူ့ထက်ပို၍ စိတ်ပါလက်ပါရှိနေချေပြီ။
တစ်ဖက်တွင် မုချန်းယွမ်သည် စုရီအပြုံးကိုမြင်သောအခါ ကျော်ရိုးတလျှောက် အေးစိမ့်လာတော့၏။ စိတ်အတွင်းမှလည်း ထိုအဖော်များထံ သနားမိသွားသည်။
ဤအဖိုးကြီးများသာ သူတို့အတွက် နက်ရှိုင်းစွာတူးထားသော ကျင်းကြီးတစ်ခုမှန်း သိသွားသော် ဒေါသထွက်လွန်း၍ သွေးအန် နိုင်ပေမည်။
ထိုစဉ် လော့ကျိဟုန်က၊
“ ညီအစ်ကိုတို့ ... မိုချန်းယွမ်နဲ့ ဝမ်ပေ သတိထားကြပါ၊ စုရီက ရွှမ်ဟဲဧကရာဇ်အဆင့် ဆိုပေမယ့် လုံးဝ လျှော့တွက်လို့မရဘူး ... သူက လောကသခင်ဝင်စားသူဆိုတာ မမေ့နဲ့ စတာနဲ့ ခွန်အားရှိသမျှ အကုန်သုံးပါ။ ”
-ဟု သတိပေးစာ ပို့လာတော့သည်။
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုလော့။ ” (ဝမ်ပေ)
“ စကားတွေ အများကြီး ပြောမနေနဲ့ ... ဝင်စားခြင်းလျှို့ဝှက်ချက်က လက်တစ်ကမ်းမှာ ရှိနေပြီ ငါတို့အာလုံးအတူတူ လုပ်ဆောင်ကြရင် အဆင်ပြေပါတယ် မြန်မြန်လာကြ။ ” ( မိုချန်းယွမ်)
“ ကောင်းပြီ ... ငါအခုပဲ ထွက်လာနေပြီ မင်းတို့တွေအလျင်မလိုနဲ့ဦး ခြောက်လှန့်သလို ဖြစ်သွားရင် သူ့ကိုဖမ်းဖို့ခက်သွားမယ်။ ” (လော့ကျိဟုန်)
“ ဟားဟားဟား ... ။ ”
တစ်ဖက်တွင် စုရီက သဘောကျစွာ ရယ်မောလိုက်သည်။ ဤမတိုင်မီရန်သူများကို အတော်ပင်အချိန်ပေးရှာဖွေရမည်ဟု ထင်ခဲ့၏။ ယခုမူ မုချန်းယွမ်ကောင်းမှုဖြင့် အချိန်ကုန် သက်သာပေတော့မည်။
“ သူတို့သာ ဒီနေ့ အသက်ရှင်ခွင့်ရတာ နောက်ဆုံးလို့သိရင် ဒီလောက်အလျင်လိုနေမယ် မထင်ဘူး။ ”
မုချန်းယွမ်မှ သပ်ပြင်းချလျက် ညည်းတွားလိုက်သည်။ စုရီက ငါးအသားလွှာကို အစိမ်းကောက်စားလျက်၊
“ မင်း ကြီးကြပ်သူတွေနဲ့ တွေ့ဖူးလား။ ”
-ဟု မေးမြန်းလိုက်သည်။ ဥပဒေနိယာမငှက်ကလေး ပြောကြားချက်အရ တားမြစ်နယ်မြေပြင်ပဒေသတွင် ကြီးကြပ်သူ (၁၀)ဦးရှိပြီး ၎င်းတို့၏အသိအမှတ်ပြုမှုကိုသာ ရရှိပါက ဗဟိုဒေသသို့ တိုက်ရိုက်ဝင်နိုင်၏။
မုချန်းယွမ်က ရိုသေစွာဖြင့်၊
“ လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်ကတော့ ကြီးကြပ်သူတစ်ဦးနဲ့ ငါ တွေ့ဖူးပါတယ် သခင်။ ”
- ဟု ပြန်ဖြေသည်။
“ ပြောပြပါဦး ... ။ ”
“ ဟုတ်ကဲ့ ... ဒီအဖိုးကြီးတွေ့ခဲ့တဲ့ ကြီးကြပ်သူက အဖြူရောင် ကြိုးကြာငှက်ပါ သူ့ကို ကြိုးကြာနတ်သမီးလို့ ခေါ်ကြတယ် ...
... သူက ရှေးဦးခေတ်ကတည်းက ဒီနတ်ဘုရားသင်္ချုင်းတားမြစ်နယ်မြေ ပြင်ပကို စောင့်ရှောက်လာတာလို့ သိရပါတယ်။ ”
မုချန်ယွမ်၏ အဆိုအရ ထိုကြိုးကြာနတ်သမီးလေးသည် နယ်ပယ်ဘုရင် အစောပိုင်းအဆင့်တွင် ရှိပြီး ဤတားမြစ်မြေ၏ နိယာမစွမ်းအားများကို ထိန်းချုပ်ထားနိုင်၏။ အလွန်အမင်း အစွမ်းထက်လှသည်။
မုချန်းယွမ်သည် သူမ၏အသိအမှတ်ပြုမှုကို ရယူရန် ကြိုးစားသော်လည်း ငြင်းပယ်ခြင်းခံခဲ့ရ ချေပြီ။
အကြောင်းမှာ သူ့အလားအလာသည် နည်းပါးပြီး တုံ့ယွီအဆင့်သို့ တက်လှမ်းနိုင်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ကြီးကြပ်သူများ၏ အသိအမှတ်ပြုမှုရရှိနိုင်ရန် အလားအလာကောင်းရပေမည်။
“ အဲဒီကြိုးကြာနတ်သမီးကတော့ အလားအလာကိုကြည့်တယ် ဒါပေမယ့် ကျန်တဲ့ ကြီးကြပ်သူတွေကတော့ ဘာကိုကြည့်လဲဆိုတာ မသိသေးပါဘူး။ ”
“ အဲဒီ ကြိုးကြာနတ်သမီးက ဘယ်မှာလဲ။ ”
“ သွေးနက်အပျက်အစီးမြေထဲက ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုမှာပါ။ ”
“ သွေးနက်အပျက်အစီးမြေလား။ ”
စုရီက အံ့အားသင့်သွားသည်။ ထိုအရပ်တွင် ကောင်းကင်နတ်ဆိုးဧကရာဇ်နှင့် ချိန်းဆိုချေပြီ။ တိုက်ဆိုင်လွန်း၏။ ထို့နောက် စုရီက၊
“ အဲဒီနယ်ပယ်ဘုရင်တွေ ရောက်လာရင် မင်းလည်း ... သူတို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်လို့ ရတယ်။ ”
-ဟု ဆိုလိုက်သည်။
မုချန်းယွမ်က ထိတ်လန့်သွားပြီး၊
“ သခင် ... ဒီကျွန်အိုကြီးက နောက်တစ်ခါလမ်းမှားကို ထပ်မရွေးပါဘူး။ ”
-ဟု အပြင်းအထန် ခေါင်းခါပြလိုက်သည်။
“ ဒါဆိုရင် အဲဒီလူတွေကို ရှင်းပစ်ဖို့ မင်းငါ့ကိုကူညီမလား။ ”
ဤတစ်ကြိမ်တွင် မုချန်းယွမ်က ခဏမျှ တုံ့ဆိုင်းသွားပြီး တစ်ခုခုပြောရန်ပြင်သော်လည်း စုရီမှ လက်ကာပြလိုက်၏။
“ မင်း ဘာပြောမလဲဆိုတာ ငါသိတယ် ... ဒါပေမဲ့ ငါမင်းကို မယုံဘူး။ ”
မုချန်းယွမ်သည် သူ့အသက်ကို ပုံအောလျက်ဖြင့်ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သို့သော် တစ်ဖက်လူမှ သူ့ကို မယုံကြည်ချေ။
“ မင်းလိုလူက အရှက်မရှိဘူး ... အောက်စည်းမရှိဘူး ... အခွင့်အရေးသမားပဲ မင်းကို မြှောက်ပင့်ခိုင်းလို့ရပေမယ့် အသက်စွန့် ရမယ်ဆိုရင် မင်းပြေးမှာ ... မဟုတ်ရင် မင်းက နောက်ကနေဓားနဲ့ထိုးနိုင်တယ်။ ”
စုရီ၏ ပွင့်ပွင့်လင်းလင်း စကားကြောင့် မုချန်းယွမ်တစ်ယောက် မျက်နှာနီမြန်းသွားခဲ့ပြီး၊
“ သခင် ... ဒီကျွန်အိုကြီးက သခင့်ရှေ့မှာမို့ ကျောရိုးမရှိတာပါ တခြားသူတွေအတွက်တော့ သူတို့အားလုံး ဒီကျွန်အိုကြီးရဲ့ လေးစားမှုရရှိဖို့ အရည်အချင်းမရှိပါဘူး။ ”
-ဟု ချက်ချင်းဆင်ခြေပေးတော့၏။
“ လုံလောက်ပြီ ... မင်းအဝေးမှာ သွားပုန်းပြီး စောင့်ကြည့်နေပါ။ ”
မုချန်းယွမ်ခမျာ တိတ်ဆိတ်သွားသည်။ စုရီမှသူ့ကို လျစ်လျူရှုလျက် အေးအေးလူလူပင် အရက်သောက်ပြီး ငါးမျှားနေတော့၏။ ထိုသို့ တည်ငြိမ်သော အမူအရာသည် သူ့ကို ပို၍ပင် ဆုံးဖြတ်ချက်ပြတ်သားလာစေသည်။
“ သခင် ... တစ်ခုခု ပြင်ဆင်ပေးဖို့ လိုဦးမလား။ ”
ရုတ်တရက် မုချန်းယွမ်က စိတ်ပူစွာ မေးလိုက်သည်။ စုရီသည်သာ ထိုအဖော်များကို မသတ်နိုင်သော် သူလည်း ကံမကောင်းနိုင်ချေ။
“ မလိုတော့ဘူး ယင်ယန်ကောင်းကင်နဲ့တင် လုံလောက်နေပြီ။ ”
စုရီက ဖြေသည်။ မုချန်းယွမ်တစ်ယောက် သဘောပေါက်သွား၏။ ယင်းသည်ထွက်ပြေးစဉ် သူ့ကိုတားဆီးခဲ့သော ဝင်္ကပါပေပင်။
ထိုဝင်္ကပါသည် သတ်ရန်ထက် ထွက်မပြေးနိုင်အောင်တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ စုရီသည် နယ်ပယ်ဘုရင်များကို မလွတ်မြောက်စေလိုကြောင်း မြင်သာ၏။
များမကြာမီ ဝိညာဉ်ဆက်သွယ်ရေး ရွှေတံဆိပ်တုန်ခါလာပြီး လော့ကျိဟုန်တို့အဖွဲ့ ရောက်ရှိလာကြောင်း အသိပေးလာသည်။
မုချန်းယွမ်က ကျောက်ဆောင်တစ်ခုထံ ဝင်ပုန်းလိုက်၏။ စုရီသည်သာလျှင် ဝိုင်သောက် မပျက်ဘဲ စောင့်ဆိုင်းနေချေပြီ။
များမကြာမီ ကောင်းကင်ထက်တွင် လေဟာနယ်လှိုင်းတွန့်များနှင့်အတူ လူလေးဦး ထွက်ပေါ်လာ၏။ ရှေ့ဆုံးတွင် လော့ကျိဟုန် ရှိနေပြီး ချန်ချွမ်း၊ ဝမ်မိုနှင့် ယန်ဖုန်းတို့ ပေပင်။
သူတို့အားလုံးက အသံမထွက်အောင် ထိန်းချုပ်ကာ ချော်ရည်အိုင်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။ သူတို့မျက်လုံးထဲတွင် သားကောင်ထွက်ပြေးမည်ကို စိုးရိမ်နေ၏။
“ နောက်ဆုံးတော့ မိပြီ ... ဒီတစ်ခါ ဝင်စားခြင်းသံသရာဥပဒေက ငါတို့အတွက် အပိုစုပဲ။ ”
ဝမ်မိုက စိတ်လှုပ်ရှားစွာဖြင့် စိတ်ချင်းဆက်သွယ် စကားပြောလာခဲ့သည်။
“ မုချန်းယွမ်နဲ့ ဝမ်ပေကို ဘာလို့မတွေ့တာလဲ သူတို့ဘယ်မှာပုန်းနေလဲ မသိဘူး။ ”
ယန်ဖုန်းမှလည်း အံ့သြစွာတုန့်ပြန်၏။
“ သူတို့ ဒီနားမှာပဲ ရှိမှာပါ ... ငါတို့စတာနဲ့ သူတို့ထွက်လာပြီး ဝိုင်းတိုက်ကြမယ်ထင်တယ်။ ”
လော့ကျိဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြောကြားလိုက်သည်။ သူ့စိတ်ဝိညာဉ်အတွင်း အမုန်းတရားများ ချက်ချင်းတောက်လောင်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာ၏။
သို့တိုင် ပြန်လည်ထိန်းချုပ်လိုက်ပြီး၊
“ သူက လောကသခင်ဝင်စားသူပဲ အတိတ်ဘဝက ကြယ်တာရာလွင်ပြင်တခွင်ကို တုန်လှုပ်စေခဲ့တယ် အလွန်အန္တရာယ်များတယ် သူနဲ့တိုက်တဲ့အခါ လုံးဝမချန်နဲ့။ ”
-ဟု သတိပေးလိုက်သည်။
ကျန်ရှိသော နယ်ပယ်ဘုရင် သုံးဦးစလုံးက ခေါင်းညိတ်ကြ၏။ လော့ကျိဟုန်သည် ဤလူ၏ လက်၌ လက်မောင်းတစ်ဖက် ပြတ်ခဲ့ဖူးသည်။
မည်သူမျှ ပေါ့ပေါ့တန်တန် မတွေးဝံ့ချေ။ ယင်းကြောင့် သူတို့လေးဦးလမ်းတွင်ဆုံရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
“ မုချန်းယွမ်နဲ့ ဝမ်ပေတို့ပါ ပေါင်းလိုက်ရင် ငါတို့ဘက်မှာ နယ်ပယ်ဘုရင်ခြောက်ဦးရှိနေပါပြီ သူ့ကိုအငိုက်ဖမ်းနိုင်ရင် အောင်မြင်ဖို့ သေချာသလောက်ပဲ။ ”
ချန်ချွမ်းကပြုံးလျက်ဆိုသည်။ ထို့နောက် သူတို့သည် တဖြည်းဖြည်းနှင့် ချော်ရည်အိုင်ကြီး အနား ချဉ်းကပ်လာကြ၏။ စုရီသည် သူတို့ကို ကျောပေးလျက် ငါးမျှားနေဆဲပေပင်။
သို့သော် စုရီသည် ငါးမျှားနေရာမှ ရုတ်တရက်ထရပ်ကာ ငါးမျှားတံနှင့်ပလိုင်းကို ကောက်သိမ်းလိုက်ပြီးပြုံးလျက် လှည့်ကြည့်လာတော့၏။
“ ရောက်လာကြပြီလား။ ”