အခန်း (၉၃၃-၉၃၄)
Vol. 78 Ch. 933-934
အခန်း ၉၃၃ –
ရွှမ်ဟွမ်ဗဟိုဒေသသို့ ဝင်ရောက်ရန် ပြင်ဆင်ခြင်း။
“ မြင့်မြတ်သူတမန်တော် ငှက်ကလေး ဒီအဖိုးကြီးက မှားမှန်းသိပါပြီ၊ ဒီကာလတွေမှာ ဒီအဖိုးကြီး သစ္စာရှိရှိ အမှုထမ်းခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ကရုဏာပြပါ တမန်တော်။ ”
ဝမ်ထန်းသော့က တုန်ရင်စွာဖြင့် တောင်းပန်လိုက်သည်။ ဤငှက်ကလေး၏ အကြည့်သည် မကောင်းသော ခံစားချက်များ ပေးစွမ်းချေ၏။ ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းဒူးထောက်ချလိုက်သည်။
“ မင်းတို့နှစ်ယောက်ရဲ့ ... ပြင်ပ ကြီးကြပ်သူရာထူးကို ရုတ်သိမ်းတယ် ... အခုပဲ တားမြစ်နယ်မြေကနေ ထွက်သွားပါ။ ”
ငှက်ကလေးက အေးစက်စွာ အမိန့်ပေးပြီး အတောင်ပံများဝှေ့ယမ်းကာ တံဆိပ်ပြားနှစ်ခုကို ဆွဲယူလိုက်တော့၏။
ဝမ့်ထျန်းသော့နှင့် ယွမ်မုတို့ခမျာ ထိုအပြစ်ဒဏ်ကြောင့် အလွန်အမင်း ထိတ်လန့် ကုန်တော့သည်။ ဤသည်မှာ သူတို့အတွက် သေမိန့်နှင့် မခြားချေ။
ရာထူးနှင့် အခွင့်အာဏာများ ဆုံးရှုံးသွားသောအခါထိုစုရီသည် သူတို့အပေါ် လွှတ်ပေးမည်မဟုတ်ကြောင်း ကောင်းစွာသိ၏။
“ ပြေး ... ။ ”
ထို့ကြောင့် ယွမ်မုက ဒူးထောက်နေရာမှ ချက်ချင်း ထရပ်ကာထွက်ပြေးရန်ကြိုးစားသည်။ သို့သော် စုရီကဓားအလင်းဖြင့် ပစ်ခတ်လိုက်၏။
“ ရွှပ် ... ။ ”
“ ဘောင်း ... ။ ”
ငရဲဘုံကိုးပါး ဓားရောင်ဝါအောက်တွင် ယွမ်မု၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်သည် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားရချေပြီ။
“ ငါ ... ငါ့ကို။ ”
ထိုမြင်ကွင်းက ဝမ့်ထျန်းသော့ကို သွေးပျက်သွားစေပြီး စုရီထံလှည့်ကာ ချက်ချင်း ဒူးထောက်ချလိုက်တော့၏။
“ ရွှပ် ... ။ ”
တောင်းပန်ရန် ကြိုးစားလိုက်သော်လည်း စုရီမှ နားမထောင်တော့ဘဲ သူ့ဦးခေါင်းကြီးကို ဖြတ်ချလိုက်သည်။ ယင်းသည် ပြတ်သားပြီး အကြင်နာတရား ကင်းချေပြီ။
ငှက်ကလေးက စကားမဆိုဘဲ စုရီလုပ်ဆောင်နေသမျှကို စောင့်ကြည့်နေရာမှ အဆုံးတွင် သတိပေးစကား ဆိုလာခဲ့၏။
“ ဒီတားမြစ်နယ်မြေရဲ့ ... ပြင်ပဒေသမှာ စည်းမျဉ်းတွေရှိပေမယ် အတွင်းဒေသမှာတော့ ဘာစဉ်းမျဉ်းမှ မရှိဘူး မင်းလာမယ်ဆို ...
... သတိထားပါ အတွင်းဒေသမှာ စီရင်သူ(၆)ဦးရှိပြီး ... သူတို့စိတ်ကြိုက်လှုပ်ရှား နိုင်တယ် မင်းသတိထားပါ။ ”
ထို့နောက် ငှက်ကလေးသည် လေထုအလယ်တွင် ပျောက်ကွယ်သွား၏။ စုရီမှ လက်နှစ်ဖက်နောက်ပို့ပြီး ဘုံကျောင်းအတွင်း လှည့်ဝင်လာခဲ့သည်။
“ ဘယ်လောက် ကျေနပ်စရာ ကောင်းလိုက်လဲ။ ”
မုချန်းယွမ်တစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် ရင်ဘတ်ကြီး မို့မောက် လာချေပြီ။
အစောပိုင်း ထိုသူများ မာနထောင်လွှားမှုများသည် စိတ်အခြေအနေကို တင်းကြပ်စေ၏။ ယခုမူ ထိုခံစားချက်များသည် အလွန်အမင်း ပြေလျော့ကာ ခေါင်းမော့လျက် အော်ဟစ်ချင်စိတ်များပင် ပေါ်လာခဲ့သည်။
***
ဘုံကျောင်းအတွင်း၌ စုရီသည် တရားထိုင်နေရာမှ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်လာပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
အရှိန်အဝါများမှာလည်း သိသိသာသာ ဆုတ်ယုတ်ကာ ခန္ဓာကိုယ်က ခြောက်သွေ့သော သစ်ပင်တစ်ပင်ကဲ့သို့ဖြစ်လာ၏။
အကြောင်းမှာ ယခင်တိုက်ပွဲများတွင် သူ့ကျင့်ကြံမှုအပေါ်၌ အကန့်အသတ်ထက် ကျော်လွန်သုံးစွဲခဲ့ရသောကြောင့်ပေပင်။
လောကသခင်သည် ဤကဲ့သို့သော ရန်သူများကို ဂရုပင်စိုက်စရာမလိုသော်လည်း စုရီဘဝတွင်မူ အားနည်းနေသေး၏။
စုရီက သူရရှိထားသော ရွှမ်ဟွမ်တံဆိပ် (၄၇)ခုအနက် တစ်ခု ထုတ်ယူလိုက်လေသည်။ ဤတံဆိပ်များသည် ရွှမ်ဟွမ်မိခင်ချီဖြင့် ဖန်တီး ထားခြင်းပေပင်။
များမကြာခင် အမိန့်ပြားသည် အရည်ပျော်သွားပြီး အားကောင်းလှသော ရွှမ်ဟွမ်မိခင်ချီများ မြစ်ကြီးတစ်စင်းကဲ့သို့ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်လာတော့သည်။
ခြောက်သွေ့နေသော စွမ်းအားများမှာ ချက်ချင်းပြန်လည်ရှင်သန်ကာ အံ့အားသင့်ဖွယ် အရှိန်အဝါများဖြင့် နိုးထလာ၏။
တစ်နာရီအကြာတွင် တံဆိပ်ပြား(၅)ခုကို သန့်စင်ခဲ့ပြီး ကျင့်ကြံမှုသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာ၏။
ကိုယ်ခန္ဓာ၊ ဝိညာဉ်နှင့် တာအိုများသည် ပိုမိုခိုင်မာလာသည်။ အထူးသဖြင့် မွေးဖွားခြင်း၊ သေခြင်းနှင့်ရှင်ခြင်း၊ အပြစ်၊ သန့်စင်ခြင်း အဆုံးသတ်တို့ဖြစ်၏။
ဤရွှမ်ဟွမ်မိခင်ချီစွမ်းအားသည် ကမ္ဘာဦးခေတ်၏ စွမ်းအားရင်းမြစ်ကြီးဖြစ်ပြီး အလွန်တရာ တန်ဖိုးရှိချေသည်။
အတွင်းပိုင်းဒေသ မူလလျှို့ဝှက်မြေ။ ယင်းဒေသသည် တားမြစ်နယ်မြေ၏ ဗဟိုချက် ဖြစ်ချေပြီ။ ရှေးကျသောတောင်တန်းများနှင့် မြစ်ချောင်းများကြားတွင် ရှေးဦးမူလစွမ်းအင် အငွေ့အသက်များ လွှမ်းခြုံနေ၏။
ဤနေရာ၌ ကောင်းကင်မှ နတ်ဘုရားအလင်းတန်းများ ကျဆင်းနေကာ မြေပြင်သည် သွေးနီရောင်ဖြစ်ပေါ်နေ၏။
လေထုအတွင်း နတ်ဘုရားနှင့် နတ်ဆိုးများစွာတို့၏ စကားပြောသံများကဲ့သို့ တာအိုတေးသံများ ခပ်တိုးတိုးပျံ့နှံ့နေသည်။
“ ဖရူး ... ။ ”
လှပသော ငှက်ငယ်တစ်ကောင်သည် ရောင်စုံကောင်းကင်ကြီးကို ဖြတ်သန်းလာကာ အလောင်းများဖြင့် တည်ဆောက်ထားသော တောင်ကြီးကို ကျော်လွန်လာ၏။
ပြီးနောက် ခရမ်းရောင်မိုးတိမ်များကြား လွင့်မျောနေသော ကြေးနန်းတော်ကြီးရှေ့သို့ ချက်ချင်းဆင်းသက်လိုက်သည်။
နန်းတော်ရှေ့တွင် ပိန်သွယ်သော အမျိုးသားတစ်ဦး ခြေဆင်းထိုင်နေကာ ကြေးနီ ဓားပါးလေးဖြင့် လက်သည်းလှီးညှပ်နေ၏။
ဆံပင်ရှည်များကို ဖားလျားချထားပြီး ဟောင်းနွမ်းနေသောဝတ်စုံနက်ကို ဝတ်ဆင်ကာ မျက်နှာသည် လူငယ်တစ်ဦးကဲ့သို့ နုပျိုနေ၏။ သို့သော်လည်း နားထင်နှစ်ဖက်မှာမူ ဆံပင်ဖြူများ ရောယှက်နေချေပြီ။
အထူးခြားဆုံးမှာ သူ့မျက်ခုံးနှစ်ခုကြားရှိ ဓားဒဏ်ရာဟု ယူဆရသော အမာရွတ်တစ်ခုပင် ဖြစ်သည်။
“ မြင့်မြတ်သူ သခင်ရဲ့အမိန့်ကို အကုန် တောင်ရွက်ပြီးပါပြီ။ ”
ငှက်ကလေးက ရိုသေစွာ ဆိုသည်။ ဝတ်စုံနက်နှင့်လူက ဓားပါးလေးကို သိမ်းလျက် လက်သည်းများစစ်ဆေးကာ ကျေနပ်စွာ ပြုံးလိုက်တော့၏။
“ ထူးခြားတာ ရှိသေးလား။ ”
“ ရှိပါတယ် ... အဲဒီစမ်းသပ်သူက ကျင်းချီကိုပါးရိုက်ပြီး လွှတ်လိုက်ပါတယ်။ ”
ဝတ်စုံနက်နှင့်လူက ခဏတာ မှင်တက်သွားပြီးနောက် ရယ်မောလိုက်သည်။
“ ဟား ဟား ဟား ... ဒါက မထူးဆန်းပါဘူး စည်းမျဉ်းချိုးဖောက်ပြီး သူ့အပေါ်အနိုင်ကျင့်တဲ့ စီရင်သူကို လက်တုံ့ပြန်သင့်တာပဲ ... ဒါပေမဲ့ သူတောင်းဆိုတာက ဒါလေးပဲလား။ ”
“ ဟုတ်ပါတယ် ... ။ ”
ဝတ်စုံနက်နှင့်လူက သက်ပြင်းချကာ၊
“ ဒါဆိုရင်တော့ ... ငါအပိုတွေ လုပ်မိသွားပြီထင်တယ် ... တကယ်လို့ သူသာ ကျင်းချီကိုသတ်ခိုင်းခဲ့ရင် ငါ့မျှော်လင့်ချက် အတွင်းမှာပဲရှိနေလိမ့်မယ် ...
... အခုတော့ သူ့ပါးသူ ပြန်ရိုက်စေပြီး လွှတ်ပေးလိုက်တယ်ဆိုတာက ငါ့ကိုအပိုတွေ လာလုပ်နေတယ်ဆိုပြီး စိတ်ထဲကနေ အပြစ်တင်နေမှာ သေချာတယ်။ ”
-ဟု ညည်းတွားလိုက်၏။ ငှက်ကလေးက စကားမဆိုတော့ချေ။ ပါးရိုက်ခိုင်းခြင်းလေးသည် ဤမျှအထိ သက်ရောက်စေသည်လော။ သူ မထင်ချေ။
ထိုစဉ် ကြေးညိုနန်းတော်၏ လှေကားထစ်(၉၉)ဆင့်ကို နင်းကျော်ဖြတ်ကာ လူရိပ်တစ်ခု လှမ်းတက်လာသည်။
ယင်းသည် အရိုးပေါ်အရေတင်နေသော အဘိုးအိုတစ်ဦးဖြစ်ပြီး ဖျင်ကြမ်းဝတ်လုံကြီးကို ဝတ်ဆင်ထား၏။ အထူးခြားဆုံးမှာ ကျောပေါ်၌ လွယ်ထားသော သွေးနီရောင် ဓားသေတ္တာ တစ်လုံးပေပင်။
“ မင်း လာမှာကို ငါသိတယ်။ ”
ခြေကားထစ်များ ထိပ်တွင် ထိုင်နေသော ဝတ်စုံနက်နှင့်လူက ဆိုသည်။ ပိန်လှီလွန်းသော အဖိုးအိုက၊
“ ငါ့လက်အောက်က ကြီးကြပ်သူ (၇)ယောက်သေပြီး ... ကျင်းချီကိုပါးရိုက်ခဲ့တယ် မင်း ... တစ်ခုခုရှင်းပြဖို့လိုပြီ မထင်ဘူးလား။ ”
-ဟု မေးမြန်းလာ၏။ ဝတ်စုံနက်နှင့်လူက မတ်တတ်ထရပ်လိုက်ကာ၊
“ စည်းမျဉ်းက စည်းမျဉ်းပဲ ... ဘယ်သူပဲဖြစ်ဖြစ် ဖောက်ဖျက်ရင် အပြစ်ပေး ခံရမှာပါ သူတို့အားလုံးက စမ်းသပ်ခံသူကို အပြစ်ပြုခဲ့တယ်။ ”
-ဟု တုန့်ပြန်၏။
နှစ်ယောက်ကြား တင်းမာမှုများ မြင့်တက်လာသည်။ ဤအဘိုးအိုအမည်မှာ ခုံချွဲဖြစ်ပြီး အနက်ဝတ်လူကဲ့သို့ မြင့်မြတ်သူ တစ်ပါးလည်းဖြစ်၏။
“ ဒါနဲ့ ... မင်းဘာလို့ အဲဒီစမ်းသပ်ခံကို ကူညီနေတာလဲ ... အမှန်အတိုင်း ပြောစမ်းပါ။”
ဖျင်ကြမ်းအင်္ကျီနှင့် အဖိုးအိုမှ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်လေသည်။ ဝတ်စုံနက်နှင့်လူက ခဏမျှ တိတ်ဆိတ်သွားပြီး၊
“ ငါက သခင်ဟုန်းထျန်းကျွင်းရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေတာပါ။ ”
- ဟု ဖြေသည်။
“ ဟမ့် ... ။ ”
အဘိုးအိုက ကျေနပ်ပုံမရသော်လည်း ဆက်မမေးတော့ဘဲ လှည့်ထွက်သွားတော့၏။ ဝတ်စုံနက်နှင့်လူက နောက်မှ လှမ်းအော် သတိပေးလိုက်သည်။
“ အဘိုးကြီး ခုံချွဲ ... မင်း ကိုယ်တိုင်လှဒပ်ရှားဖို့ မစဉ်းစားနဲ့ မြင့်မြတ်သူ တစ်ယောက်အနေနဲ့ အခွင့်မရှိဘဲ လှုပ်ရှားရင် ဘာဆက်ဖြစ်မလဲ မင်းသတိရပါ။ ”
“ ငါ ဘာလုပ်ရမလဲဆိုတာ ငါသိတယ်၊ မင်း သတိပေးနေစရာ မလိုဘူး။ ”
ဖျင်ကြမ်းအင်္ကျီနှင့် အဘိုးအို၏ အသံမှာ အဝေးမှ လွင့်ပျံ့လာတော့သည်။ မျက်စိတမှိတ် အတွင်း ပျောက်ကွယ်သွား၏။
ဝတ်စုံနက်နှင့်လူက သက်ပြင်းချကာ ကြေးညိုနန်းတော်ရှေ့တွင် ပြန်ထိုင်လိုက်သည်။ အဆုံး၌ အဝေးသို့ ငေးမောကာ၊
“ ဒီအဖိုးကြီး ခုထိ ခေါင်းမာနေတုန်းပဲ။ ”
-ဟု ညည်းတွားလိုက်တော့၏။
ထိုစဉ် သွေးနက်အပျက်အစီးနယ်မြေ ဘုံကျောင်းအတွင်း စုရီသည် တရားထိုင်ရာမှ နိုးထလာသည်။ သူ့ဝန်းကျင်တွင် ဥပဒေသများ အလင်းသဖွယ်ဝန်းရံနေ၏။
“ နောက်ဆုံးတော့ ယခင်ဘဝ ငါ့ကျင့်ကြံမှုအဆင့်မျိုးကို ပြန်ရောက်လာပြီ ... ။ ”
စုရီက ကျေနပ်စွာ ရေရွတ်လိုက်သည်။ ယခုအခါတွင် သူသည် ရွှမ်ဟဲအထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ သို့သော် လက်ရှိအစွမ်းသတ္တိမှာ ယခင်ဘဝထက် များစွာ သာလွန်နေချေပြီ။
ဤသည်မှာ ဝင်စားခြင်း၏ အကျိုးကျေးဇူးပေပင်။ ကြယ်တာရာပင်လယ်မှ ထိုအဘိုးကြီးများသိရှိသော် ရူးသွပ်ကုန်ပေမည်။
လမ်းတလျှောက် အလျင်မလိုဘဲ နယ်ပယ်တိုင်း၌ အကောင်းဆုံးတည်ဆောက်ခဲ့ သဖြင့် သူ့အုတ်မြစ်မှာ များစွာခိုင်မာနေ၏။
ယခုမှစကာ နယ်ပယ်ဘုရင်အဆင့်သို့ တက်ရောက်ရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။ လောကသခင်ဘဝတွင် ဤအဆင့်၌ အားနည်းချက်တစ်ခု ရှိခဲ့၏။
ယင်းသည် ပိုမိုမြင့်မားသောအဆင့်သို့ အနာဂါတ်တွင်တက်ရောက်ရန် အတားအဆီး တစ်ခုဖြစ်လာခဲ့သည်။
ထို့ကြောင့် အားနည်းချက်ကိုဖြေရှင်းရန် ရွှမ်ဟွမ်မိခင်ချီနှင့် သူ့ကျင့်ကြံမှုအပေါ် ပေါင်းစပ် ရပေမည်။ မျှော်လင့်ချက်များဖြင့် အရက်အိုးကို ထုတ်ယူကာ အားရပါးရသောက်လိုက်သည်။
အဆုံး၌ ထရပ်လျက် အဝတ်အစားများကို ဖုန်ခါလိုက်ပြီး ဘုံကျောင်းအတွင်းမှ လှမ်းထွက် လိုက်တော့၏။ ရှေ့တွင် ဗဟိုတားမြစ်မြေသည် သူ့ကိုစောင့်ကြိုနေပေမည်။
ထိုအရပ်တွင် သူ့ကျင့်ကြံမှုနှင့် ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်စည်းမျဉ်းများကို ပေါင်းစည်းရန် ချီပင်လယ်ရှိချေ၏။ ဤနည်းဖြင့် သူသည် ရှမ်ဟွမ်ကြယ်စုတွင် စစ်မှန်သော အုပ်စိုးရှင်တစ်ပါး ဖြစ်လာပေတော့မည်။
***
အခန်း ၉၃၄ –
ကွေ့ယီအဆင့် နယ်ပယ်ဘုရင်များ (၁) ... ။
စုရီက တားမြစ်မြေ၏ အနက်ရှိုင်းဆုံးသို့ တစ်ယောက်တည်းသွားရန် ပြင်ဆင်နေကြောင်း သိရှိလိုက်ရသောအခါ ထျန်းယောင်တစ်ယောက် စိုးရိမ်လာခဲ့သည်။
“ အစ်ကိုစု ငါသေရမယ်ဆိုရင်တောင် ဒီတစ်ခါတော့ မင်းနဲ့အတူ လိုက်ခံချင်တယ်။ ”
“ သခင် ... ဒီကျွန်အိုကြီးလည်း သခင်နဲ့ သေခြင်းနဲ့ရှင်ခြင်းကို ဖြတ်သန်းချင်ပါတယ်။ ”
သူမအသံသည် ပြတ်သားလွန်းချေပြီ။ မုချန်းယွမ်သည်လည်း ဆန္ဒများမရှိသော်လည်း သူ့သစ္စာရှိမှုကိုပြသရန် လိုက်ပါလိုနေ၏။
ထိုနေရာတွင် စည်းမျဉ်းများမရှိဘဲ စီရင်သူကျင်းချစ်သည် အခြားသောသူများနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုကို ခံရနိုင်၏။ အဆုံး၌ စုရီသည်နှစ်ယောက်စလုံးကို မိုးပြာမျိုးစေ့ အတွင်း နေရာချကာ ခေါ်ဆောင်လာရ၏။
ကြိုးကြာနတ်သမီးက စုရီထံမှ စုဆောင်းထားသော ရွှမ်ဟွမ်တံဆိပ်(၁၈)ခုကို အသုံးပြုကာ အတွင်းအပြင် အတားအဆီး အလွှာထံ ဖြတ်ကျော်စေလိုက်သည်။
“ ဝမ် ... ။ ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးရှပြီးဆန်းကြယ်သော သွေးရောင်လွှမ်းသည့် ကမ္ဘာသစ်တစ်ခုသို့ စုရီရောက်ရှိသွား၏။
ဤနေရာတွင် ကောင်းကင်သည် အနီရောင်ဖြစ်ပြီး လွင့်မျောနေသောမြူများသည် ရွှမ်ဟွမ်မိခင်ချီများဖြစ်နေချေ၏။ ယင်းသည် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံကြီးပေပင်။
သို့သော် ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်နေခဲ့ပြီး သက်ရှိဟူ၍မရှိဘဲ ပျက်စီးနေသော တောင်များသာ ရှိနေ၏။
“ ရွှီး ... ။ ”
စုရီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး လျှောက်လှမ်းရန်အပြုတွင် ဟင်းလင်းပြင်ကြီး ပေါက်ကွဲသွားကာ သွေးအလိမ်းလိမ်းနှင့် လှံရှည်တစ်စင်းပျံသန်းလာတော့၏။
တိုက်ခိုက်သူသည် သံချပ်ကာ အစုတ်အပြတ်များကို ဝတ်ဆင်ထားသည့် (၁၀)ပေခန့်မြင့်မားသော အလောင်းကောင်ကြီး တစ်ကောင်ပေပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သော နယ်ပယ်ဘုရင်တစ်ပါး၏ အလောင်းဖြစ်ပြီး မကောင်းဆိုးဝါး စွမ်းအားများ လွှမ်းမိုးနေချေ၏။
“ ဝှစ် ... ။ ”
“ ဘောင်း ... ။ ”
စုရီက တုန့်ဆိုင်းခြင်းမရှိ ဓားချီဖြင့် ထိုလှံရှည်ကို အပိုင်းပိုင်းဖြတ်တောက်လိုက်ပြီး အလောင်းကောင်၏ မျက်ခုံးကြားသို့ ဓားချီနှင့် ထိုးစိုက်ပစ်လိုက်တော့သည်။
“ ဖောက် ... ။ ”
“ ဝူး ... ။ ”
ဝင်စားခြင်းနိယာမကို အသုံးပြု၍ ပွင့်လန်းလာသော မီးတောက်များက အလောင်း တစ်ခုလုံးကို ချက်ချင်း ပြာကျသွားစေခဲ့၏။
ပြာမှုန်များအတွင်းမှ ကလေးငယ်၏ လက်သီးဆုပ်အရွယ်ခန့်ရှိသော အနက်ရောင် ကျောက်မျက်တစ်လုံး ပြုတ်ကျလာသည်။
“ ကောင်းကင် မူလသလင်းကျောက် ... ။ ”
စုရီက မျက်လုံးများ ဝင်းလက်သွားသည်။ ဤသည်မှာ နယ်ပယ်ဘုရင်သာ စုစည်းနိုင်သော မူလသလင်းကျောက်ပေပင်။
အနိမ့်ဆုံး ကွေ့ယီအဆင့် နယ်ပယ်ဘုရင်များသည်သာ စုစည်းနိုင်ပေမည်။ ရှားပါးပြီး အဖိုးတန်၏။ သလင်းကျောက်အတွင်း ကမ္ဘာဦးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
လက်နက်များ သွန်းလုပ်ရာတွင် သော်လည်းကောင်း၊ နယ်ပယ်ဘုရင်တစ်ပါး၏ အနှစ်သာရများကို လေ့လာရာတွင်သော် လည်းကောင်း အလွန်ပင် တန်ဖိုးရှိလှ၏။
“ ဟမ့် ... ဒီလောက်ရှားပါးလွန်းတဲ့ ရတနာမျိုးကို မြန်မြန်ဆန်ဆန်နဲ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ”
စုရီက ကျေနပ်စွာ ရေရွတ်လိုက်သည်။ သို့သော် သူ့စိတ်လှုပ်ရှားမှုမှာ ကြာရှည်မခံချေ။ ရုတ်တရက် မြေပြင်တုန်ခါလျက် အရပ်မျက်နှာ အနှံ့အပြားမှ ပေါက်ကွဲကုန်ကာ အလောင်းများ ထပ်မံထွက်ပေါ်လာတော့သည်။
ဤသည်မှာ နယ်ပယ်ဘုရင် အလောင်းကောင် စစ်တပ်ကြီးတစ်ခုပေပင်။ အရေအတွက်သည် မျက်စိတဆုံးများပြားလှပြီး စုရီကို ချက်ချင်းဝိုင်းရံလာတော့၏။
စုရီတစ်ယောက် မျက်မှောင်ကြုတ် လိုက်မိလေသည်။ လက်ရှိအဖြေအနေသည် သံသယဝင်စရာကောင်းနေ၏။
“ သွား ... ။ ”
ကြိုတင်ပြင်ဆင်ထားသော သေတွင်းတစ်ခုနှင့်တူနေ၏။ ယင်းကိုသတိပြုမိ လိုက်သောအခါ စုရီမှမျက်မှောင်ကျုံ့လျက်ဖြင့် ဓားသုံးချက် ချက်ချင်း ထုတ်ဖော်လိုက်သည်။
မြင်ကွင်းတစ်ခုလုံး ရှုပ်ထွေးသွားတော့၏။ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေနိယာမများ ပြည့်နှက်နေသော ဓားချီသုံးစင်းမှအရပ်မျက်နှာ သုံးဖက်ဆီသို့ အသီးသီး ပြေးထွက်သွားသည်။
“ ဘုန်း ... ။ ”
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
နေရာအနှံ့အပြား ပေါက်ကွဲမှုများ ဆင့်ကာဆင့်ကာဖြစ်ပွားလာသည်။ သို့တိုင် အလောင်းပင်လယ်ကြီးသည် အဆုံးမဲ့နေ၏။
“ ဟမ့် ... ဒီနေရာက အလောင်းတွေနဲ့ ပြည့်နေတဲ့ ရှေးဟောင်းတိုက်ပွဲမြေပြင်ကြီးလို့ ငါ့ကို မပြောနဲ့။ ”
စုရီက လေးနက်သွားသည်။ စကြာဝဠာ နလုံးသားကိုထုတ်ယူကာ အလောင်းကောင်များ အတွင်းမှ ဖောက်ထွက်ရန်ပြင်တော့၏။
လျှပ်စီးအလား လျင်မြန်လွန်းသော စွပ်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ စုရီသွားရာ လမ်းတစ်ယောက် ပျက်စီးခြင်းများ ပြန့်လွင်နေခဲ့၏။
“ ဟမ့် ... ။ ”
မွေးဖွားခြင်း၊ အသက်နှင့်သေခြင်း၊ သေလွန်ခြင်း၊ စီရင်ခြင်း၊ အပြစ်သန့်စင်ခြင်းနှင့် အဆုံးသတ် စသည့် ဥပဒေစည်မျဉ်းများမှာ လွင့်မျောနေတော့သည်။
“ ခရစ် ... ။ ”
စကြာဝဠာနှလုံးသားသည်ပင် ထိုဖိအားကိုမခံနိုင်တော့ဘဲ အက်ကြောင်းများ ပိုမိုများပြားလာခဲ့၏။
“ ငါတို့ပြန်တွေ့ကြပြီနော် ... ဒီအလောင်း ပင်လယ်အတွင်းကနေ လွယ်လွယ်ကျော်ဖြတ် လာနိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ”
ထိုစဉ် အလောင်းပင်လယ်၏ အဆုံး၌ ရွှေရောင်ဝတ်စုံဖြင့် ကျင်းချီကိုမြင်လိုက်ရချေပြီ။ စုရီမှစကားမဆိုတော့ဘဲ ဓားကိုလွှဲကာ ချက်ချင်း ခုတ်ပိုင်းချလိုက်သည်။ ဤလူသည် ထိုနယ်ပယ် ဘုရင်အလောင်းပင်လယ်ကို ဖန်တီးသူဖြစ်၏။
“ ဟမ့် ... ဒီမှာဘာစည်းမျဉ်းမှမရှိဘူး မင်းကို မြင့်မြတ်သူက ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး မောက်မာမနေနဲ့ ... ။”
ကျင်းချီမှ ပြုံးလျက် သူ့ဓားကို လွှဲကာ ပြန်လည်ခုတ်ပိုင်းချလာသည်။ ကောင်းကင်ကြီး တစ်ခုလုံးရွေ့လျားလာသကဲ့သို့ စုရီခမျာ အသက်ရှူကြပ်သွားတော့၏။
“ ငါထင်ထားတာထက် ပိုသန်မာတယ်။ ”
“ ဝုန်း ... ။ ”
စုရီက အံကြိတ်လျက် မှတ်ချက်ပေးပြီး ဘေးသို့ရှောင်တိမ်းလိုက်ရသည်။ ရွှေဓားချီသည် သူ့ဓားအလင်းကိုဖြတ်ကာ လေထုအလယ် ပျက်ပြယ်သွားတော့၏။
“ သေလိုက်တော့ ... ။”
ထိုနောက် စုရီမှတုန့်ဆိုင်းခြင်းမရှိ ဓားကိုလွှဲကာ ပြန်လည်တိုက်ခိုက်လိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော ရွှေဓားအလင်းသည် သူ့ထံတိုးဝင်လာနေပြီဖြစ်၏။
“ ဘောင်း ... ။ ”
“ ရွှပ် ... ။ ”
သို့သော် ဤတစ်ကြိမ်တွင် စုရီ၏ ဓားအလင်းသည် ထိုရွှေဓားအပေါ် ထက်ခြမ်း ကွဲသွားစေကာ ကျင်းချီလက်မောင်းတစ်ဖက်ကို ဖြတ်တောက်သွားတော့သည်။
“ ဒါ ဝင်စားခြင်းဥပဒေမဟုတ်ဘူး။ ”
ကျင်းချီတစ်ယောက် အံ့အားသင့်သွား၏။ တစ်ဖက်လူဓားသည် နယ်ပယ်ဘုရင်တစ်ပါးကို ချက်ချင်းသတ်နိုင်ချေပြီ။ ပြင်းထန်လွန်း၏။
“ ရွှီ ... ။ ”
“ ဟမ့် ... ။ ”
စုရီက စဉ်းစားရန် အချိန်မပေးခဲ့ဘဲ နောက်ထပ်ဓားချက်များဖြင့် ကျင်းချီကိုသတ်ရန် ပြင်လိုက်တော့သည်။ သို့သော် ရုတ်တရက် စူးရှသောခံစားချက်များ ရရှိလာသဖြင့် ချက်ချင်း ရှောင်တိမ်းလိုက်ရ၏။
ဤသည်မှာ ခရမ်းရောင် ဓားပျံတစ်လက် ပေပင်။ ၎င်းနှင့်အတူ ငွေရောင်တံဆိပ်တစ်ခုက အလင်းတန်းများ ပွင့်ထွက်လာပြီး စုရီ ရှောင်တိမ်းရာအရပ်၌ ထွက်ပေါ်လာ၏။
“ ဒေါင် ... ဒေါင် ... ။ ”
တစ်ဆက်တည်းမှာပင် စိတ်ဝိညာဉ်ကို ဦးတည်သော ခေါင်းလောင်းသံများသည်လည်း ထွက်ပေါ်လာတော့သည်။
“ ချွင် ... ချွင် ... ။ ”
ခေါင်းလောင်းသံမှာမူ အတားအဆီးမရှိ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်လာသည်။ သို့သော် ငရဲဘုံကိုးပါးဓားသည် မြည်သံပြုလျက် ထိုအသံလှိုင်းများကို ချေဖျက်ပေးခဲ့ချေ၏။
“ ချိုးဖြတ် ... ။ ”
စုရီတစ်ယောက် လေးနက်သွားပြီး တုန့်ဆိုင်းခြင်းမရှိ ထိုငွေရောင်တံဆိပ်ကိုဓားဖြင့် ထိုးခွဲကာ ချက်ချင်း တည်နေရာရွေ့ပြောင်း လိုက်ရတော့သည်။
ထို့နောက် တိုက်ခိုက်သူများထံ မော့ကြည့်လိုက်မိလေ၏။ လေထုအလယ်တွင် လူသုံးယောက် ကြီးစိုးစွာရပ်နေချေပြီ။
ယင်းသည် ခရမ်းရောင်ဓားတစ်လက် ကိုင်ဆောင်ထားသော ငွေရောင်ဝတ်အဘိုးအို၊ လက်ဖဝါးတွင် ငွေရောင်တံဆိပ်ပျံဝဲနေသော အမျိုးသားနှင့် ခေါင်းလောင်းကိုင်ထားသော မီးခိုးရောင်ဝတ်အမျိုးသားတို့ ဖြစ်လေသည်။
သူတို့သုံးဦးစလုံးသည် ကွေ့ယီအဆင့် အငွေ့အသက်များလွှမ်းခြုံထားပြီး ကျင်းချီကဲ့သို့ စီရင်သူများပေပင်။
ပေတစ်ထောင်အကွာသို့ တည်နေရာရွေ့ပြောင်း ရှောင်တိမ်းသွားခဲ့သော စုရီ၏အသွင်ကြောင့် သူတို့အားလုံးသည်လည်း အံ့အားသင့်သွားခဲ့၏။
ဤမျှသောတိုက်ခိုက်မှုများသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လွန်းပြီး တုံ့ပြန်မှု အနည်းငယ် နောက်ကျရုံဖြင့် အသက်ပျောက် သွားနိုင်မည်။
ခေါင်းလောင်းသံ၏ ပစ်မှတ်သည် စိတ်ဝိညာဉ်အဓိကဖြစ်ပြီး တစ်စုံတစ်ယောက်၏ အတွေးများကို အနှောက်အယှက်ပေးနိုင်၏။
“ ရွှမ်ဟဲအဆင့် ဧကရာဇ်တစ်ပါးက ဒီလောက်တောင် အစွမ်းထက်နေတာလား။ ”
“ ရွှမ်ဟွမ်ကြယ်စုရဲ့ အတောက်ပဆုံး ခေတ်မှာတောင် ဒီလိုဧကရာဇ်မျိုးမတွေ့နိုင်ဘူး ဆိုတာကို ငါပြောနိုင်တယ် ... ။ ”
“ စကားမများနဲ့ သူ့ကိုသတ် ... ။ ”
ကျင်းချီက အော်ဟစ် သတိပေးသည်။ တစ်ဖက်လူအပေါ် သတ်ရခက်လာသည်နှင့်အမျှ သူ့ရင်ထဲ သတ်ဖြတ်လိုခြင်းဆန္ဒများ ပိုမို ပြင်းထန်လာခဲ့ပြီဖြစ်လေသည်။
***