← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 78 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 78 Ch. 935-936

အခန်း ၉၃၅ -

ကွေ့ယီအဆင့် နယ်ပယ်ဘုရင်များ (၂) ... ။

“ သတ် ... သတ် ... သတ် ... ။ ”

များမကြာခင် တိုက်ပွဲမှာ ဆက်လက် ပြင်းထန်လာခဲ့သည်။ စုရီသည် စီရင်သူသုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်နေရသဖြင့် သက်သာလှသည်မဟုတ်ချေ။

ကွေ့ယီအဆင့် နယ်ပယ်ဘုရင်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ထိတ်လန့်ဖွယ်ဖြစ်၏။ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေနိယာမကို အသုံးပြုခဲ့သော်မှ ကွာဟချက်များမှာ ကြီးမားလွန်းနေသေးသည်။

များမကြာမီ ခန္ဓာကိုယ်အနှံ့ဒဏ်ရာများ ရရှိလာပြီး သွေးများစိုရွှဲလာသည်။ သို့သော်သူ၏ တိုက်ပွဲဝင်ဆန္ဒများသည် မြင့်တက်လာနေကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် မာကျောလာ၏။

“ ဒါက မလုံလောက်သေးဘူး... သေခြင်းနဲရှင်ခြင်းခံစားချက် လိုနေသေးတယ် ... ။ ”

စုရီသည် တိုက်ပွဲအဟုန်ကို ထပ်မံ မြင့်တင်လိုက်တော့၏။ စီရင်သူသုံးဦးခမျာ သူ၏ မဆုတ်မနစ်သော တိုက်ပွဲဝင်ဆန္ဒများကြောင့် အံ့သြလာခဲ့သည်။

“ သူ့ကို သတ် ... ။ ”

“ မလွတ်မြောက်စေနဲ့ ... ။ ”

ခရမ်းရောင်ဓားကြီးကို ဝှေ့ရမ်းကာ အဖိုးအိုက အော်ဟစ်လိုက်သည်။ ထိုအခိုက်တွင် သေခြင်းတရား၏ အငွေ့အသက်များသည် စုရီအပေါ် လွှမ်းမိုးသွား၏။

ဤတားမြစ်နယ်မြေသည် စီရင်သူများအတွက် ကြီးစွာသော မဟာတာအို အထောက်အပံ့ပေပင်။ သူတို့သည်သာဆန္ဒရှိက ကောင်းကင်သည် သူတို့လက်နက်ဖြစ်သည်။

“ တားမြစ်နယ်မြေမှာ ငါတို့က အပြစ်ဒဏ်စီရင်သူပဲ ... ကောင်းကင်က ငါတို့ရဲ့ ရန်သူကို သတ်ပေးတယ်။ ”

“ ရွှမ်ဟမ်ကောင်းကင်အတွက် ငါတို့က စီရင်သူပဲ အဆုံးမဲ့အာဏာကို တံဆိပ်တော်ထံ ပေးအပ်ပါ။ ”

“ ခေါင်းလောင်းပြာအသံက တားမြစ်နယ်မြေကြီးအတွက် ဝိညာဉ်တွေကို သန့်စင်ပေးမယ် ... ။ ”

စီရင်သူ(၃)ပါးသည် ကောင်းကင်ဘုံ စည်းမျဉ်းများကို ချက်ချင်းဆင့်ခေါ်ကာ အဟုန် မြင့်တင်လိုက်တော့၏။

“ ဂျိန်း ... ။ ”

ဤတစ်ကြိမ်တွင် ကောင်းကင်ကြီးသုံးစင်း ပြိုကျသည့်အလား စုရီအတွက်ရှောင်ပုန်းစရာ နေရာမရှိတော့ချေ။ ထို့ကြောင့် တွေဝေမနေဘဲ ငရဲဘုံကိုးပါးဓားရောင်ဝါကို ထုတ်ယူ အသုံးပြုလိုက်ရသည်။

“ ချွင် ... ။ ”

ပြိုင်ဘက်ကင်း အငွေ့အသက်တစ်ခု တိုက်ပွဲမြေပြင်အနှံ့ပြန့်ကားသွား၏။ လေထုထဲရှိ ဖြစ်စဉ်များအားလုံး အေးခဲကုန်ကာ ငွေရောင် တံဆိပ် အပိုင်းပိုင်းကွဲသွားလေသည်။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

ခရမ်းရောင်ဓားမှာ ကျိုးကျသွားပြီး အပြာရောင် ထိုခေါင်းလောင်းကြီးသည်လည်း အမှုန့် ဖြစ်သွားတော့၏။

အကျိုးဆက်အနေဖြင့် စီရင်သူသုံးဦးသည် ပြင်းထန်သောဒဏ်ရာများရရှိကာ လွင့်စဉ်ထွက် ကုန်ကြသည်။ စုရီသည်လည်း အင်အားကုန်ခမ်း လဲကျလုနီးပါးဖြစ်လာတော့၏။

“ စွပ် ... ။ ”

“ အား ... ။ ”

ထိုစဉ် အရပ်မျက်နှာ အနှံ့အပြားတွင် တောက်ပသော အလင်းတန်းများပေါ်လာပြီး ကောင်းကင်အပြည့် အလင်းပိုက်ကွန်ကြီးတစ်ခု စုရီအပေါ် အုပ်မိုးကျလာသည်။

စုရီမှ ချက်ချင်း ရှောင်တိမ်းလိုက် သော်ငြားလည်း စူးရှသော ခံစားချက်တစ်ခုက ရင်ဘတ်ကို ဖောက်ထွင်းလာတော့၏။

ခုနစ်လက်မအရွယ် လွန်းပျံတစ်လက် ပေပင်။ သွေးများ ပန်းထွက်လွင့်စင်သွားကာ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုပေါ်လာ၏။

တိုက်ပွဲနှင့် မဝေးလှသောအရပ်တွင် နောက်ထပ် ပုံရိပ်နှစ်ရိပ် ထွက်ပေါ်လာခဲ့ချေပြီ။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပေပင်။

“ မင်းတို့ ခြောက်ယောက်စုံပြီလား ... နှမျောစရာပဲ ဒီတိုက်ပွဲရဲ့ရည်ရွယ်ချက်ကတော့ ပြည့်သွားပြီမို့ နောက်တစ်ခါ ပြန်ဆုံရင် မင်းတို့ အားလုံးကို ငါကိုယ်တိုင်သင်္ဂြိုဟ်ပေးမယ်။ ”

စကားဆုံးသည်နှင့် စုရီပုံရိပ်သည် အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ ဤသည်မှ ရွှမ်ဟွမ်တံဆိပ် (၁၈)ခုကိုအသုံးပြုပြီး စမ်းသပ်မှုများထံသို့ ထွက်ခွာသွားခြင်းပေပင်။

“ သေစမ်း ဒီကောင် စမ်းသပ်ခံတံဆိပ်တွေသုံးသွားပြီ။ ”

“ ဧကရာဇ်တစ်ပါးက ဒီလောက် သတ်ရခက်တာလား။ ”

“ ဒီကောင်မှာ လျှို့ဝှက်ချက်တွေ အရမ်းများတယ် ... ဝင်စားခြင်းဥပဒေအပြင် နောက်ထပ် ထူးခြားတဲ့စွမ်းအားနှစ်ခုလည်း ရှိနေသေးတယ် လွတ်မြောက်သွားတာ နှမျောစရာပဲ။ ”

စီရင်သူများသည် ဒေါသတကြီးဖြင့် ကျန်ရစ်ခဲ့သော်လည်း အမျိုးသမီးဖြစ်သူသည် ပေါ့ပေါ့ပါးပါးပြုံးလျက်၊

“ မစိုးရိမ်ကြနဲ့ ... ဒီလူက ငါ့ရဲ့ နတ်ဘုရားလွန်းပျံနဲ့ သူ့ရင်ဘတ်ကို ဖောက်ထွင်း ခံထားရတယ် စမ်းသပ်မှုတွေဆီ ရောက်သွား ခဲ့ရင်တောင်မှ ဝေးဝေးလျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး သူသေရလိမ့်မယ်။ ”

-ဟု နှစ်သိမ့်လိုက်တော့၏။

ကောင်းကင်ယံတွင် ခရမ်းရောင် မိုးကြိုးတိမ်တိုက်များ တလိပ်လိပ်တက်နေ၏။ နန်းတော်တစ်ခုလုံး ထာဝရတည်မြဲခြင်းကဲ့သို့ ထူးခြားသောရောင်ဝါများ လွှမ်းခြုံထားသည်။

ထိုနန်းတော်ရှေ့ လှေကားထစ်ပေါ်တွင် ဝတ်စုံနက်အမျိုးသားတစ်ဦးသည် ထိုင်နေဆဲ ပေပင်။ သူ့ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး စုရီနှင့် စီရင်သူခြောက်ဦးတို့၏ တိုက်ပွဲအသွင်ကို ပြသနေသည်။

စုရီပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ အမျိုးသားက သက်ပြင်းရှည်ကြီး ချလိုက်ကာ၊

“ သူ့မှာ ဒီလောက် အစွမ်းထက်တဲ့ ဝှက်ဖဲတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ... ။ ”

-ဟု ရေရွတ်ကာ တွေးတောနေခဲ့၏။

ခဏအကြာတွင် အမျိုးသားသည် မတ်တပ်ရပ်လိုက်ပြီး ထိုလှေကားထစ်များပေါ်မှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူပြန်ပေါ်လာချိန်တွင် အဖော်မဲ့ တောင်ကုန်းအထက် လေဟာနယ်အတွင်း၌ ဖြစ်၏။ တောင်တန်းကြီးတစ်ခုလုံး သွေးမြူများ ဖုံးလွှမ်းနေကာ တောင်ထိပ်ပေါ်တွင် ဖျင်ကြမ်း အင်္ကျီနှင့် အဘိုးအိုတစ်ဦး တရားထိုင်နေသည်။ သူ့ရှေ့တွင် သွေးရောင်ဓားသေတ္တာကြီး လဲလျောင်းနေ၏။

“ နားမလည်နိုင်အောင် ဖြစ်နေတာလား။ ”

အနက်ဝတ်အမျိုးသားမှ မေးမြန်းလျက် တောင်ထိပ်ပေါ်ဆင်းသက်လိုက်၏။ တစ်ဖက် အဘိုးအိုသည် ခံစားချက် ကင်းမဲ့နေသော မျက်နှာဖြင့်၊

“ နားလည်ဖို့လည်း မလိုပါဘူး ... ဒီလိုပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဘယ်သူက စမ်းသပ်မှုအတွင်း ဝေးဝေးရောက်နိုင်မှာလဲ။ ”

-ဟု ပြန်ဖြေသည်။

“ ဟား ဟား ဟား ... ငါတော့ အဲဒီလို မထင်ဘူး သူကအစတည်းက ဒီလိုတိုက်နေစရာ မလိုပါဘူး စမ်းသပ်မှုလမ်းဆီ တိုက်ရိုက်သွားလို့ ရနေတာပဲ ...

... ဒါဆို ဘာလို့များ ... စီရင်သူတွေနဲ့ တိုက်ပွဲကိုဆင်နွှဲပြီး ဒဏ်ရာကို တောင်းရတာလဲ ကြည့်ရတာ သူ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ကိုသန့်စင်ပြီး နယ်ပယ်ဘုရင်အဖြစ် တက်လှမ်းဖို့ ပြင်ဆင်နေတာများ ဖြစ်နေမလား။ ”

ဖျင်ကြမ်းအင်္ကျီနှင့် အဘိုးအိုသည် မည်သည့်တုန့်ပြန်မှုမျှ မပြတော့ဘဲ တိတ်ဆိတ် သွားချေပြီ။ ထို့ကြောင့် အနက်ဝတ်အမျိုးသားမှ၊

“ ဒီကနေ အခြေအနေတွေကို စောင့်ကြည့်ပြီး ... အချိန်မီ လက်လျော့လိုက်ဖို့ မင်းကိုငါ အကြံပေးချင်တယ်။ ”

-ဟု ပြောကာ လှည့်ထွက်သွားတော့သည်။

ထိုအချိန်တွင် အေးစက်နေသော ဒေသကြီးတစ်ခုအတွင်း၌ ပြန်ပေါ်လာသည်။ သူ့ ခြေဖဝါးအောက်တွင် ဥပဒေနိယာမများဖြင့် ခင်းကျင်းထားသောလမ်းမကြီး ရှိနေ၏။

စုရီက သူ့ဒဏ်ရာများကို ကုသရန် အစွမ်းထက်သော ဆေးလုံးများစားသုံးလိုက် လေသည်။ ဤတိုက်ပွဲသည် သူ့အလားအလာ အားလုံးကို ပွင့်ထွက်လာစေပြီး ကျေနပ်မှု အဟုန်ကို ရရှိစေသည်။

“ ဗုံ ... ဗုံ ... ။ ”

ရုတ်တရက် စည်တီးလိုက်ကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။ စုရီက မော့ကြည့်လိုက်သည်။

“ စမ်းသပ်ခံ ... ပထမဆုံးအဆင့်က မင်းရဲ့နှလုံးသားကို စမ်းသပ်မယ် ... အနည်းဆုံး (၁၅)မိနစ်အထိ တောင့်မခံနိုင်ရင်ကျရှုံးတယ် ...

... အမွှေးတိုင်တစ်တိုင်စာ တောင့်ခံရင် နှလုံးသားစမ်းသပ်မှု ကျောက်စာတိုင်ပေါ်မှာ မင်းနာမည်ကို ရေးထိုးနိုင်မယ်။ ”

လေထုအလယ် ရောင်စုံငှက်ကလေး ထွက်ပေါ်လာပြီး သူ့စကားဆုံးသည်နှင့် အဝေး၌ ကျောက်စာတိုင်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုကျောက်စာတိုင်ပေါ်တွင် ယခင် စမ်းသပ်မှုအောင်မြင်ခဲ့သူများ၏ အမည်များကို ရေးထိုးထားချေပြီ။

“ စမ်းသပ်ခံဟာ ထိပ်ဆုံး(၃)ဦးထဲ ပါဝင်ရင်တော့ သခင်ဟုန်ထျန်းကျွင်းထားရစ်တဲ့ ဆုလာဘ်တွေကို ရလိမ့်မယ်။ ”

“ ဗုံ ... ဗုံ ... ။ ”

ချက်ချင်းပင် စုရီကိုပြင်ဆင်ချိန်မပေးဘဲ စည်တီးသံများထပ်မံထွက်ပေါ်လာပြီး ဝိုင်းရံ တိုက်ခိုက်တော့၏။

ဤသည်မှာ ဝိညာဉ်နှင့် နှလုံးသားကို တုန်လှုပ်စေသော ဥပဒေနိယာမစွမ်းအားများ ဖြစ်လေသည်။ သို့သော် သုံးဘဝ မှတ်ဉာဏ်များ ပေါင်းစပ်ထားနိုင်သော စုရီအတွက်မူ သက်ရောက်မှုကင်းနေ၏။

ဤလှိုင်းများအတွင်း မိုးကြိုးများ၊ မီးပင်လယ်များ၊ လေပြင်းမုန်တိုင်းများစသည့် ဥပဒေစည်းမျဉ်းများကို မြင်နိုင်ချေပြီ။

ယင်းသည် ဝုန်းဒိုင်းကျဲနေပြီး တစ်စုံတစ်ဦးအပေါ် ကြယ်တာရာကပ်ဘေးကြီး အတွင်း ကျရောက်နေသကဲ့သို့ ခံစားရစေ၏။

“ ဒါပဲလား ... ။ ”

သို့သော် စုရီအတွက်မူ ပျင်းရိစရာကောင်းလှလေသည်။ ဤနည်းဖြင့် (၁၅)မိနစ် ကုန်ဆုံးသွားသောကြောင့် စုရီခမျာ မျက်ခုံးပင့်လိုက်တော့၏။

ထိုမြင်ကွင်းထံ စောင့်ကြည့်နေသော ငှက်ကလေးသည် လှောင်ပြုံးဖြင့် ပြန်ကြည့်ကာ၊

“ ဒါက (၁၅)မိနစ်ပဲ ရှိသေးတာ မင်းက ထပ်ဆုံးရောက်ဖို့လွယ်တယ် ထင်နေတာလား။ ”

- ဟု တုန့်ပြန်၏။

“ ကောင်းပြီ မျှော်လင့်ရတာပဲ။ ”

စုရီက စကားမဆိုတော့ဘဲ ထိုနေရာတွင်ထိုင်ချကာ သူ့ဒဏ်ရာများအပေါ် ပြန်လည်ကုသနေလိုက်တော့သည်။

“ မာနကြီးတယ် ... ။ ”

ငှက်ကလေးမှ လှောင်ပြုံးပြုံး၏။ အတိတ်ကာလ ပါရမီရှင်များစွာသည်ပင် ဤမျှ ရဲဝံ့ခြင်းမရှိကြချေ။ သို့သော် နာရီဝက် ကုန်ဆုံး သွားသည့်တိုင် စုရီသည်မျက်နှာမပျက်ဘဲ ထိုင်နေဆဲဖြစ်၏။

များမကြာခင် တစ်နာရီ ကုန်ဆုံးသွားပြီး စုရီ၏ရင်ဘတ်ရှိ ဒဏ်ရာများသည် မူလနီးပါး ပျောက်ကင်းသွားပြီဖြစ်သည်။

ထို့ကြောင့် မျက်ဝန်းများဖွင့်ကာ ထရပ်လိုက်ပြီးနောက်၊

“ ငါမင်းကို တစ်ခုလောက် မေးချင်လို့ ... ။ ”

-ဟု ငှက်ကလေးနှင့် စကားပြောရန် ပြင်တော့၏။

“ ဟမ့် ... မင်းစကားပြောနိုင်သေးလား ဘာမှမခံစားရဘူးလား။ ”

ဤဥပဒေစည်းမျဉ်းများ၏ ဖိအားကို တစ်နာရီကြာ တောင့်ခံနိုင်သူများမှာ ထိပ်ဆုံး (၁၀)ဦးစာရင်းထဲ ဝင်နိုင်ချေ၏။

“ စကားပြောတာလား ဒါက ... အသက်ရှူထုတ်သလို လွယ်ပါတယ် ဘာများ ခက်ခဲနေရဦးမှာလဲ။ ”

စုရီက ပြန်ဖြေပြီး အရက်အိုးထုတ်ယူကာ မော့သောက်လိုက်၏။ ငှက်ကလေးခမျာ ပို၍ပင် မျက်လုံးပြူးလာပြီး၊

“ မင်း ... အရက်တောင် သောက်နိုင်သေးတာလား။ ”

-ဟု အော်ဟစ်တော့၏။ စုရီက ခေါင်းရမ်းလျက် လက်ကာပြကာ။

“ အဲလောက်အထိ အံ့အားသင့်မနေနဲ့ ဟုန်ထျန်းကျွင်းကိုယ်တိုင် ဒီမှာရှိနေရင်တောင် ငါ့ရဲ့စိတ်နှလုံးကိုတုန်လှုပ်အောင် သူလုပ်နိုင်မှာ မဟုတ်သေးဘူး။ ”

-ဟု ပြောကြားလိုက်လေသည်။

***

အခန်း ၉၃၆ –

မဟူရာ‌ရွှေကြယ်စု၏ တာအိုဥပဒေ(၃၀၀၀)ကို နားလည်မှုရယူခြင်း။

စုရီ၏ ရဲတင်းလွန်းသောစကားကြောင့် ငှက်ကလေးမှာ ဆွံ့အသွား၏။ ဟုန်ထျန်းကျွင်း ရှိလျှင်ပင် သူစိတ်နှလုံးကို မလှုပ်ခတ်နိုင်ဘူးဟု ဆိုနေခြင်းမှာ မည်မျှမောက်မာသနည်း။

အဆုံးတွင် ငှက်ကလေးက ကျောက်စာတိုင်ထံ လက်ညှိုးထိုးပြကာ၊

“ မင်းနာမည် နံပါတ်(၁)နေရာရမှ မင်းရဲ့လေလုံးထွားတာတွေကို နားထောင်မယ် အခုတော့ ဆက်ကြိုးစားပါဦး။ ”

-ဟု ပြောကြားလိုက်သည်။

“ ကောင်းပြီ ... ဒါဆို ဒီတားမြစ်မြေမှာ စမ်းသပ်မှုအဆင့် ဘယ်လောက်ရှိလဲ။ ”

စုရီက အချိန်မဖြုန်းလိုသဖြင့် စကားပြောတာ နှလုံးသား စမ်းသပ်မှုကို ဖြတ်ကျော်ရန် ကြိုးစားလိုက်၏။

တားမြစ်မြေအတွင်း စမ်းသပ်မှု လေးဆင့်ရှိသည်။ နှလုံးသားကို စမ်းသပ်ခြင်း၊ ထိုးထွင်းသိမြင်မှုကို စစ်ဆေးခြင်း၊ ဥပဒေ နိယာမများကို ထိန်းချုပ်နိုင်စွမ်းစစ်ဆေးခြင်း၊ ကံကြမ္မာစစ်ဆေးခြင်းတို့ဖြစ်၏။

သမိုင်းတစ်လျှောက်တွင် စမ်းသပ်မှု လေးဆင့်စလုံးကို အောင်မြင်နိုင်သူ မရှိခဲ့ဖူးဘဲ အများစုမှာ တတိယအဆင့်၌ပင် ရပ်တန့် သွားကြသည်။

သို့သော် အောင်မြင်သူများသည် ဖရိုဖရဲပင်လယ်ဟုခေါ်သော ကမ္ဘာ့စွမ်းအားများ စုစည်းရာနေရာ၌ ကျင့်ကြံခွင့်ရမည်ဖြစ်၏။

သုံးနာရီ ကုန်ဆုံးသွားသောအခါ စုရီ၏အမည်သည် ကျောက်စာတိုင်ပေါ်တွင် နံပါတ် (၁)နေရာသို့ တက်လှမ်းသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ငှက်ကလေးမှာ ထိတ်လန့်တကြား ဖြစ်သွားသည်။ တစ်ဖက်တွင် စုရီသည်လည်း ဒဏ်ရာများကုသပြီးဖြစ်ခဲ့၏။

“ ဒီမှာ အခြားစမ်းသပ်ခံတွေရှိသေးလား။ ”

စုရီက ကျောက်တိုင်ပေါ်ရှိ သူ့အမည်ကို ကြည့်ကာမေးမြန်းလိုက်သည်။ ငှက်ကလေးမှ ခေါင်းညိတ်ပြီး ပြန်ဖြေ၏။

“ မကြာသေးခင်ကပဲ ကြယ်လွင်ပြင် ဒေသကြီးရဲ့နယ်ပယ်ဘုရင်လေးပါး စမ်းသပ်မှု လမ်းဆီ ဝင်ရောက်နိုင်ခဲ့တယ် ...

... သူတို့လေးယောက်ထဲက သုံးယောက်က ထုံရှောက်အဆင့်နှောင်းပိုင်းမှာ ရှိနေပြီး ကျန်တဲ့ တစ်ယောက်ကတော့ အစောပိုင်းအဆင့် ကွေ့ယွီအဆင့်မှာ ရှိနေတယ် ...

... ဒါပေမယ့် ဒုတိယအကြိမ်စမ်းသပ်မှုမှာ နှစ်ယောက်က ကျရှုံးပြီး ကျန်တဲ့ နှစ်ယောက်က တတိယမြောက် စစ်ဆေးမှုကို ခံယူနေကြတာ တစ်လနီးပါးရှိနေပြီ ... ဒါပေမယ့် နောက်ဆုံးမှာ သူတို့လည်း ရှုံးနိမ့်မယ်လို့ ငါယုံကြည်တယ်။ ”

ရွှမ်ဟွမ်ကြယ်စုမှလာသော စမ်းသပ်ခံများသည် ကျရှုံးလျှင်ပင် မြင့်မြတ်သူ ခွင့်ပြုချက်ဖြင့် ဖရိုဖရဲပင်လယ်စောင့်ကြပ်ကာ တာအိုအစေခံများအဖြစ် ‌‌ဆက်နေခွင့်ရှိသည်။

အခြား‌သော ကြယ်စုများမှ လာသူများ အတွက်မူ ကျရှုံးပြီးနောက် ဤနယ်မြေအတွင်းမှ ချက်ချင်းထွက်ခွာရပေမည်။ ယင်းသည် ထိုကျရှုံးသူများ အားလုံးအတွက် ရက်စက်သော စည်းမျဉ်းဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤတားမြစ် နယ်မြေသည် အန္တရာယ်များဖြင့်ရောပြွန်းနေပြီး သေစေနိုင်သော မရဏဇုန်များစွာရှိ၏။ သာမန် ထုံရှောက်အဆင့် နယ်ပယ်ဘုရင်များမဆိုနှင့် ကွေ့ယွီအဆင့် နယ်ပယ်ဘုရင်များသည်ပင် သေဆုံးနိုင်ချေများချေပြီ။

ယင်းသည် ခွဲခြားဆက်ဆံခံရခြင်းပေပင်။ ရွှမ်ဟမ်ကြယ်စုသည် အခြားကြယ်စုများအပေါ် လုံးဝလျစ်လျူရှုထားပြီး ထိုအချိန်က သူ မည်မျှ အစွမ်းထက်ကြောင်း ပြသနေသည်။

တာအိုအစေခံများ စောင့်ကြပ်နေသော ဖရိုဖရဲပင်လယ်သည် ရွှမ်ဟွမ်ကြယ်စုတစ်ခုလုံး ပျက်စီးစေသော လျှို့ဝှက်ဆန်းကြယ်လွန်းသည့် ထိုကပ်ဘေးကြီး၏ ဗဟိုချက်ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အစွမ်းထက်သော ရွှမ်ဟွမ်ကြယ်စု၏ လူပုဂ္ဂိုလ် ရာပေါင်းများစွာသည် တာအိုအစေခံများအဖြစ် ‌ရွေးချယ်ခြင်းခံခဲ့ရသည်။

ထိုလူရာပေါင်းများစွာသည် ဧကရာဇ်များ ဖြစ်ကြသော်လည်း ဖရိုဖရဲပင်လယ်တွင် နေ့-ည လေ့ကျင့်ခြင်းအားဖြင့် နယ်ပယ်ဘုရင်များ ဖြစ်နေကြပြီဖြစ်သည်။

လူပေါင်း (၃၀)ရာခိုင်နှုန်းလောက်သာ နယ်ပယ်ဘုရင်အဆင့် မတက်လှမ်းနိုင်သေးချေ။ (၇၀)ရာခိုင်နှုန်းသည် စစ်မှန်သောဘုရင်များ ဖြစ်နေကြချေပြီ။ ဤသည်မှာ ကြောက်စရာ ကောင်းလှသည့် ပမာဏကြီးပေပင်။

သို့သော် စုရီစိတ်လှုပ်ရှားနေစဉ် စိတ်မကောင်းဖွယ်အကြောင်းအရာကို ဆက်၍ သိရှိလာခဲ့ရသည်။ ယင်းသည် တာအိုအစေခံ (၁၃)ဦးသာ အသက်ရှင်နေ‌ခဲ့ခြင်းဖြစ်၏။

“ ဒီလောက်တောင် ... ပြင်းထန်လား။ ”

ကျန်သောနယ်ပယ်ဘုရင်များမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ကပ်ဘေးကြီး၏ အရှိန်အဝါကို ချိုးနှိမ်လျက်မှ သေဆုံးကုန်ခြင်း ပေပင်။ ထို့ကြောင့် တားမြစ်နယ်မြေသည် အမြဲပင်စမ်းသပ်ခံများကို လိုအပ်နေခဲ့သည်။

ယင်းသည် စုရီကို အံ့အားသင့်စေ၏။ ရွှမ်ဟွမ်ကြယ်စုကိုဖျက်ဆီးခဲ့သော ထိုကပ်ဘေး စွမ်းအားသည် ယနေ့တိုင်တည်မြဲနေပုံပေပင်။

ယုံနိုင်စရာမရှိချေ။ စုရီက ခေါင်းညိတ်ပြီး အခြားသောမေးခွန်းများကို ဆက်မမေးတော့ဘဲ သူ့အတွက်ဆုလာဒ်များကို တောင်းဆို လိုက်တော့၏။

“ ဝမ် ... ။ ”

ကျောက်စာတိုင်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ကြေးညိုရောင် သေတ္တာလေး တစ်လုံး ထွက်ပေါ်လာသည်။

အတွင်း၌ လက်သီးဆုပ်အရွယ်ရှိသော အနီရောင်မက်မွန်သီးတစ်လုံး ရှိနေသည်။ ၎င်းမှ ထွက်ပေါ်နေသော ရနံ့နှင့် အလင်းတန်းများမှာ ထူးခြားသော မြင်ကွင်းများကို ဖန်တီးပေး၏။

“ ဒဏ္ဍာရီလာ အင်မော်တယ်မက်မွန်သီး ... ။ ”

ငှက်ကလေးက အံ့သြသွားသည်။

“ သခင်ဟုန်ထျန်းကျွင်းက တကယ်ပဲ ဒီလိုနတ်ဘုရားရတနာကို ဆုလာဘ်အဖြစ်နဲ့ပဲ ချန်ထားခဲ့တာလား ... ဘယ်လောက် တန်ဖိုးကြီးလိုက်လဲ။ ”

ဤမက်မွန်သီးသည် ရွှမ်ဟွမ်ကြယ်စု၏ မိခင်ချီမှပေါက်ဖွားလာသော နတ်ဘုရားအဆင့် သဘာဝရတနာပေပင်။ နယ်ပယ်ဘုရင်အဆင့် တက်လှမ်းရာတွင် ကောင်းကင်နှင့်မြေကြီးကြား ဆက်သွယ်ပေးသည့် နတ်အမြစ်တစ်ခုကဲ့သို့ အုတ်မြစ်မျိုး တည်ဆောက်ပေးနိုင်သည်။

“ ဟမ့် ... ဒီတစ်လုံးတည်းရှိတာလား။ ”

စုရီက လောဘဖြင့် မေးလိုက်သည်။ ထိုမေးခွန်းကြောင့် ငှက်ကလေးမှ မျက်လုံးပြူး သွားကာ၊

“ ဒီလိုရတနာမျိုးက အဖော်အပေါင်းနဲ့ လာတတ်လို့မင်းထင်နေတာလား ဒီမက်မွန်သီး တစ်လုံးရဖို့နဲ့တင် ... မင်းဘဝမှာ ရှစ်ဘဝစာတိုင် ကောင်းမှုလုပ်ရလိမ့်မယ်။ ”

-ဟု ခပ်ချဉ်ချဉ် တုန့်ပြန်လာတော့၏။

“ ငါမင်းကို ဒုတိယအဆင့်မှာ စောင့်နေမယ်။ ”

ထို့နောက်တွင် ငှက်ကလေးသည် လေထုအလယ်တွင် ပျောက်ကွယ်သွားခဲ့ပြီး စုရီပတ်ဝန်းကျင်ရှိ အချိန်နှင့်အာကာသသည် ရွေ့လျားသွားလျက်ဖြင့် ဒုတိယအဆင့်‌ထံ ခေါ်ဆောင်နေတော့၏။

ခဏအကြာတွင် ကြယ်တာရာများ ဝန်းရံနေသောထည်ဝါလွန်းသည့် တောင်ကြီး တစ်လုံးကို မြင်လာရသည်။

ဤသည်မှာ ကွမ်ရွှမ်နတ်တောင် ဖြစ်၏။ တောင်ခြေမှတောင်ထိပ်အထိ လှေကားထစ်များ (၃၀၀၀)ရှိသည်။ ထိုလှေကားထစ်များ‌ပေါ်တွင် တာအိုကျောက်တိုင်ပေါင်း (၂၉၉၉)တိုင်ရှိ၏။

စမ်းသပ်ခံသည် (၁၂)နာရီအတွင်း (၉၉)တိုင်ပေါ်ရှိ တာအိုနိယာမလျှို့ဝှက်ချက်ကို ဖော်ထုတ်ရမည် ဖြစ်သည်။

ထိုတာအိုလျှို့ဝှက်ချက်များမှာ ရွှမ်ဟွမ်ကြယ်စု၏ အစောဆုံးသောအချိန်တွင် ပေါက်ဖွားထားသော ဥပဒေနိယာမများ ပေပင်။

ဤအဆင့်တွင် ထိပ်ဆုံး (၃) ဦးစာရင်း ဝင်သူများသည် အထူးဆုလာဘ်များကိုရရှိမည် ဖြစ်သည်။ လက်ရှိအမြင့်ဆုံးသောရလဒ်သည် ကျောက်တိုင်(၁,၉၃၃)ခု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ထားနိုင်ခြင်းဖြစ်၏။

သမိုင်းတလျှောက် ကျောက်တိုင်များ အားလုံးရှိ တာအိုဥပဒေများကိုနားလည်နိုင်သူ မရှိသေးချေ။

“ ဟမ့် ... (၁၂) နာရီအတွင်း အနည်းဆုံး ကျောက်တိုင် (၉၉)တိုင်ကို ဖော်ထုတ်ရမှာလား ဒါက ထိုးထွင်းနားလည်မှု မြင့်မားရမယ်လို့ ဆိုလိုနေတာပဲ ... ။ ”

“ ဒေါင် ... ။”

စုရီက တွေးတောလျက် လှေကားထစ် တစ်ထစ်ကို လှမ်းတက်လိုက်မိသည်။ ခြေလှမ်း စတင်သည်နှင့် ရှေးဟောင်း ခေါင်းလောင်းသံ မြည်ဟိန်းသွားပြီး အချိန်ရေတွက်တော့၏။ စုရီက ပထမဆုံး ကျောက်တိုင်ရှေ့တွင် ရပ်ကာ ဖတ်ကြည့်လိုက်သည်။

ထို့စဉ် သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှမ်ဟွမ်မိခင်ချီများသည် ပွက်ပွက်ဆူလာခဲ့ပြီး ကျောက်တိုင်ကြီးနှင့် ဆက်သွယ်မှုပြုလာ၏။ ယင်းကြောင့် အဆိုပါကျောက်တိုင်ကြီးသည် လိုလိုလားလားပင် သူ့ကို လက်ခံခဲ့သည်။

၎င်းသည် သက်ရှိအလား သူ့ကို ရွှင်မြူးစွာဖြင့် လမ်းပြရန် ကြိုးစားလာတော့၏။ သုံးဘဝအတွေ့အကြုံနှင့် တာအိုတစ်သောင်း နတ်ဓားရှင်ဟူသော ဂုဏ်ပုဒ်သည်ပင် အသုံးချစရာ မလိုခဲ့ချေ။

ဤရလာဒ်သည် အံ့အားသင့်စရာဖြစ်၏။ ကြည့်ရသည်မှာ ကျောက်တိုင်သည် သူ့အပေါ် သခင်လေးတစ်ပါးကို မြင်တွေ့နေသကဲ့သို့ မျက်နှာသာပေးနေချေပြီ။

ထို့ကြောင့် (၁၅)မိနစ်အတွင်း လှေကားထစ်ပေါင်း(၉၉)ထစ်ကို အောင်မြင်စွာ ဖြတ်ကျော်လာပြီး (၂)အကြာတွင် (၁,၇၀၀)သို့ ရောက်ရှိလာသည်။

(၅)နာရီကုန်လွန်ပြီးနောက် တောင်ထိပ်ရောက်ရှိရန် လှေကားထစ်ပေါင်း (၁၀၀)ခန့်သာ လိုပေတော့သည်။

လမ်းတစ်လျှောက် အေးအေးလူလူ အသွင်အပြင်မျိုးဖြင့် လက်နှစ်ဖက်နောက်ပို့ကာ ကျောက်တိုင်များထံ တစ်ချက်မျှသာ ကြည့်သွားခဲ့၏။

အစေပိုင်းအချိန်တွင် အကြည့်ခံရသည့် ကျောက်တိုင်များသည် စိတ်ဝိညာဉ်အတွင်းသို့ လျင်မြန်စွာဝင်ရောက်ကာ ချက်ချင်းရှင်းပြ၏။

များမကြာခင် ကျောက်တိုင်များသည် သူ့နောက်ပြေးလိုက်ကာ ရှင်းပြလာရလေသည်။ အဆုံးတွင်တောင်ထိပ်ရှိ ကျောက်တိုင်များသည် ပြုံးရွှင်စွာစောင့်ကြိုနေပြီး မကြည့်ခင်ကပင် ခုန်ဆင်းလျက် ရှင်းပြလာကြ၏။

ထို့ကြောင့် စုရီ၏ စိတ်ဝိညာဉ်အတွင်း အချက်အလက်ပေါင်းများစွာဖြင့် ဝုန်းဒိုင်းကျဲနေ တော့သည်။

ယင်းသည် ကုန်သည်ကြီးပေါင်းများစွာမှ သူတို့၏ထုတ်ကုန်များကို မိတ်ဆက်ပေးနေခဲ့ သည်နှင့် တူချေပြီ။ သူ့အတွက် နားရှုပ်စရာ ဖြစ်နေချေ၏။

“ တိတ်ကြစမ်း ... ။ ”

စုရီက ခပ်တိုးတိုး အော်ဟစ်လိုက်သည်။ ဤကျောက်တိုင်များသည် ကျောရိုးများမရှိခဲ့ဘဲ သူ လှည့်မကြည့်ခင်ကပင် အပြေးအလွှား ရှင်ပြန်နေချေပြီ။

ထိပ်ဆုံးသော ကျောက်တိုင်(၃)ခုသည် အလွန်အစွမ်းထက်လှပြီး ကြယ်လွင်ပြင်ဒေသရှိ ဥပဒေစည်းမျဉ်းများနှင့် ပခုံးချင်းယှဉ်နိုင်၏။

ထို့ကြောင့် ၎င်းတို့သည် မာနကြီးစွာဖြင့် စုရီကိုလျစ်လျူရှုခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများထံ ခံစားမိချိန်တွင် အမူအရာများ ပြောင်းလဲကုန်သည်။

ဤနည်းဖြင့် စုရီသည် အုပ်စိုးရှင်အဆင့် ဥပဒေသုံးရပ်ကို အကြည့်တစ်ချက်ပင်မပြရဘဲ နားလည်လာတော့၏။ ယင်းဥပဒေများမှာ ဟွာရှန်း၊ ဖေးကွမ်းနှင့် ကျင့်ရွှမ်တို့ပေပင်။

ဟွာရှန်းသည် သက်ရှိအားလုံးကို မွေးဖွားရှင်သန်စေနိုင်သော ဥပဒေနိယာမတစ်ခု ဖြစ်လေသည်။ ကုသခြင်းနှင့် သန့်စင်ခြင်းတွင် ပြိုင်ဘက်ကင်း အစွမ်းရှိချေ၏။

ဖေးကွမ်းဥပဒေသည် အလင်းကဲ့သို့ ‌ရွေ့လျားနိုင်ခြင်း နိယာမပေပင်။ အာကာပြင် အတားအဆီးအလွှာများကို ကျော်ဖြတ်နိုင်ကာ ‌ရွေ့လျားနှုန်းကို အလင်းနီးပါးမြန်စေ၏။

ကျင့်ရွှမ်အတွက်မူ ပိတ်ဆို့ချုပ်နှောင်ခြင်း နိယာမတစ်ခုပေပင်။ ဟင်းလင်းပြင်တစ်ခုလုံးကို လှောင်အိမ်အဖြစ်ပြောင်းလဲကာ ရန်သူများ၏ စွမ်းအားအပေါ် ကန့်သတ်ခြင်းဖြစ်၏။

ဆိုလိုသည်မှာ ဖေးကွမ်းဥပဒေသည် ရန်သူကိုရုတ်ချည်းသတ်ရန် အကောင်းဆုံးသော ဝှက်ဖဲဖြစ်လာပြီး ကျင့်ရွှမ်ဥပဒေသည် မည်သူမျှ မလွတ်မြောက်အောင် ပိတ်ဆို့ထားနိုင်၏။

ဟွာရှန်းဥပဒေအတွက်မူ ဆေးလုံးများဖော်စပ်ပြီး လက်နက်များသန့်စင် နိုင်သည့် ဥပဒေဖြစ်ကာ တိုက်ပွဲများတွင် များစွာ အသုံးမဝင်လှချေ။

“ ဝမ် ... ။ ”

စုရီတစ်ယောက် အချက်အလက်များကို စစ်ထုတ်နေစဉ် တောင်ထိပ်ရှိ ကျောက်စာတိုင်၌ သူ့အမည်ပေါ်လာခဲ့သည်။

တစ်ဆက်တည်းမှာပင် ဆုလာဘ်အဖြစ် ကြေးညိုရောင်သေတ္တာတစ်လုံး လေထုအလယ် ပေါ်လာတော့၏။ အတွင်း၌ မီးခိုးရောင်နွယ်ပင် တစ်ခုရှိနေပြီး မလွန်ဆန်းကြယ်လှသော ဥပဒေအချို့ ကိန်းအောင်းနေပုံပေပင်။

“ ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

ထိုစဉ်ငှက်ကလေး ပျံသန်းလာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။ သူ့မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများဖြင့် တောင်ထိပ်ပေါ်ရောက်နေသော စုရီထံသို့ ပြန်ကြည့်လာ၏။

“ မင်း ... (၉)နာရီပဲရှိသေးတယ်... ဒီမှာ ကျောက်စာတိုင် (၃,၀၀၀)လုံးကို နားလည်ပြီး တောင်ထိပ်ကို ရောက်လာတာလား။ ”

“ ဟမ့် ... ဘာလို့လဲ မြန်နေလို့လား ... ငါလမ်းတလျှောက်လုံး တောင်ပေါ်ရှုခင်းတွေကို ငေးမောလာတာပါ။ ”

“ မင်း ... ။ ”

ငှက်ကလေးမှ စကားမပြောနိုင်တော့ချေ။ သမိုင်းတလျှောက် ကျောက်တိုင်(၃,၀၀၀)လုံးကို နားလည်နိုင်သူဟူ၍ ပေါ်ထွက်မလာခဲ့ဖူးသဖြင့် ဤစုရီသည် အံ့ဖွယ်လူသားတစ်ဦးပေပင်။

***

Book- 78

All Chapters