← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 21 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 21 Ch. 289-290

အခန်း (၂၈၉) - အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းခြင်းနှင့် အန္တရာယ်ဆိုက်နေသော ခုနစ်စင်ကြယ်တောင်ထိပ်

ရွှစ်…

အရာအားလုံးကို ရှင်းလင်းသိမ်းဆည်းပြီးနောက်၊ ကျန်းဖန်၏ ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားခဲ့ပြီး သူသည် ဂူအတွင်းသို့ ချက်ချင်းပင် ပြန်လည် ရောက်ရှိလာခဲ့လေသည်။

"လင်တော်မောင်... အဆင်ပြေရဲ့လားဟင်"

ကျန်းဖန် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါ စုဝေဝေမှာ သိသိသာသာပင် စိတ်အေးသွားခဲ့ရလေသည်။ အစောပိုင်းက သူမသည် အပြင်ဘက်၌ ကောင်းကင်ယံအထိ ထိုးတက်နေသော မိစ္ဆာချီများကို အာရုံခံမိခဲ့သဖြင့် များစွာ စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ ကျန်းဖန် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်မှာ များစွာ သက်သာရာရသွားခဲ့လေတော့သည်။

"အဆင်ပြေပါတယ်။ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်လောက်နဲ့ တွေ့ခဲ့တာပါ။ လက်ဝှေ့ယမ်းရုံမျှနဲ့တင် သူတို့ကို သုတ်သင်ပစ်လိုက်နိုင်ပါတယ်"

ကျန်းဖန်က အသာအယာ ပြုံးလိုက်ရင်း၊ ၎င်းမှာ ပြောပလောက်သော ကိစ္စမဟုတ်ဘဲ သာမန် အလုပ်တစ်ခုမျှသာ ဖြစ်ကြောင်း ပြောလိုက်လေသည်။

"ယောကျာ်းက တကယ် အစွမ်းထက်တာပဲနော်။ ဒါပေမဲ့ အဲဒီ မိစ္ဆာကျင့်ကြံသူ သုံးယောက်က ဘယ်ကနေ ရောက်လာတာလဲဟင်။ ရွှမ်ကျန့်မြို့တော်က ကျင့်ကြံသူတွေ သားရဲတစ်သောင်း တောင်တန်းဆီကို သွားနေကြတာက တကယ်ဘဲ အခြေအနေတွေကို ရှုပ်ထွေးသွားစေတာလား"

စုဝေဝေသည် အဆင့် (၂) ဆေးဆရာ ဝေစုန်း၏ သတိပေးချက်ကို ချက်ချင်းပင် သတိရလိုက်လေသည်။ အစောပိုင်းက သူမအနေဖြင့် အန္တရာယ်ကို များစွာ မခံစားခဲ့ရပေ။ သို့သော်လည်း၊ ယခုအခါ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိ မိစ္ဆာကျင့်ကြံသူများနှင့်ပင် အလွယ်တကူ တိုးနေရသည်ကို ကြည့်ခြင်းအားဖြင့် ရွှမ်ကျန့်မြို့တော် ပတ်ဝန်းကျင်ရှိ လုံခြုံရေးမှာ မည်မျှအထိ ရှုပ်ထွေးနေသလဲဆိုသည်ကို မှန်းဆကြည့်နိုင်ပေသည်။

"သူတို့ ဘယ်ကလာသလဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ဒါက မတော်တဆမှု တစ်ခုပါပဲ။ နောက်ထပ် မိစ္ဆာကျင့်ကြံသူတွေနဲ့ ထပ်တိုးဖို့တော့ မရှိတော့ပါဘူး" ဟု ကျန်းဖန်က ပြောလိုက်လေသည်။

သူသည်လည်း ထိုမိစ္ဆာကျင့်ကြံသူ သုံးဦးမှာ ယခင်က မည်သူနှင့် တိုက်ခိုက်လာခဲ့သလဲ ဆိုသည်ကို အတော်ပင် စူးစမ်းလိုစိတ် ဖြစ်မိလေသည်။

သူနှင့် မဆုံတွေ့မီကပင် ထိုသူတို့မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြခြင်း ဖြစ်ပေသည်။ သူတို့၏ အစွမ်းမှာ မူလအင်အား၏ သုံးပုံတစ်ပုံကိုပင် ထုတ်မသုံးနိုင်သော အခြေအနေသို့ ရောက်ရှိနေခဲ့လေသည်။

ထို့ကြောင့်ပင် သူ့ကို ရင်ဆိုင်ရာ၌ မည်သို့မျှ မခုခံနိုင်ဘဲ ချက်ချင်းပင် အသတ်ခံလိုက်ရခြင်း ဖြစ်၏။

ဤမိစ္ဆာကျင့်ကြံသူ သုံးဦးမှာ အမှန်တကယ်ပင် ကံဆိုးလှပေသည်။ သူတို့ အားအနည်းဆုံး အချိန်တွင်မှ ကျန်းဖန်နှင့် လာတိုးမိကြခြင်းပင် မဟုတ်ပါလား။ ၎င်းမှာ သူတို့၏ ကံကြမ္မာ နိမ့်ပါးနေသည့် လက္ခဏာပင် ဖြစ်ချေသည်။ ကံဆိုးနေချိန်တွင် ရေသောက်လျှင်ပင် ရေသည်းတတ်သည် မဟုတ်ပါလား။

"ဒါဆိုရင်တော့ တော်ပါသေးရဲ့"

စုဝေဝေက ခေါင်းညိတ်လိုက်လေသည်။

သို့သော်လည်း ပိုမိုဘေးကင်းစေရန် အတွက် သူတို့သည် နေထိုင်ရာ နေရာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့သည် အခြားသော တောင်ထိပ်တစ်ခုပေါ်ရှိ လျှို့ဝှက်သော ဂူတစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြ၏။

သေချာသည်မှာ ကျန်းဖန်အနေဖြင့် ခုနစ်စင်ကြယ် တောင်ထိပ်သို့ ပြန်မသွားခြင်းမှာ ထိုနေရာရှိ ဘေးဒုက္ခ မပြီးဆုံးသေးမည်ကို သူ စိုးရိမ်သောကြောင့်ပင် ဖြစ်လေသည်။ အကယ်၍ ယခုအချိန်တွင် ပြန်သွားမည်ဆိုပါက ထိုဘေးဒုက္ခနှင့် ထိပ်တိုက် တိုးနိုင်ပေသည်။

ထို့ကြောင့် သူသည် ဤနေရာ၌ ရက်အနည်းငယ်ခန့် နေထိုင်ရန်နှင့် ဘေးဒုက္ခ လုံးဝ ကင်းစင်သွားမှသာ ပြန်သွားရန် စီစဉ်လိုက်လေတော့သည်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့လေပြီ။

အမည်မသိ တောင်ထိပ်တစ်ခုပေါ်ရှိ ဂူတစ်ခုအတွင်း၌…

ကျန်းဖန်သည် တိတ်တဆိတ် ကျင့်ကြံအားထုတ်နေလေသည်။ သူသည် ခရမ်းရွှေလင်ဇီးကို ရရှိထားပြီး ဖြစ်သဖြင့် ခုနစ်စင်ကြယ် တောင်ထိပ်သို့ ပြန်ရန် လောလောဆယ် စိတ်မကူးသေးပေ။

သူသည် ဤနေရာ၌ပင် တိတ်တဆိတ် ကျင့်ကြံကာ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းလိုစိတ် ရှိနေခဲ့လေသည်။ စုဝေဝေမှာမူ သူ့အတွက် အပြင်ဘက်မှ စောင့်ကြပ်ပေးနေခဲ့လေသည်။

သို့သော်လည်း ကျန်းဖန်၏ ကံတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် မည်သည့် မတော်တဆမှု သို့မဟုတ် ဘေးဒုက္ခမျှ ကြုံတွေ့ရမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် စုဝေဝေ၏ ဘေးကင်းမှုအတွက် စိုးရိမ်ခြင်း မရှိပေ။

ဝုန်း…

ထိုအခိုက်အတန့်တွင် ကျန်းဖန်သည် သောင်းပြောင်းလဲခြင်း ဆေးပေါင်းဖိုကြီး၏ စွမ်းအားကို အသုံးပြုကာ ခရမ်းရွှေလင်ဇီးကို လုံးဝ သန့်စင်လိုက်လေသည်။

အဆိပ်အတောက်နှင့် အညစ်အကြေး အားလုံးကို ဖယ်ရှားလိုက်ပြီးနောက်၊ ခရမ်းရွှေရောင် ဆေးရည် တစ်စက် နှစ်စက်သာ ကျန်ရှိတော့လေသည်။ ထိုခရမ်းရွှေရောင် ဆေးရည် တစ်စက်ချင်းစီတိုင်းတွင် ကြီးမားလှသော စွမ်းအင်များ ကိန်းအောင်းနေလေသည်။ သူသည် တွေဝေမနေတော့ဘဲ ၎င်းကို ချက်ချင်းပင် မျိုချလိုက်၏။

"ဒါက ခရမ်းရွှေလင်ဇီး ရဲ့ စွမ်းအားလား။ တကယ်ကို ထူးခြားလွန်းလှပါလား"

ကျန်းဖန်၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းခနဲ ဖြစ်သွားခဲ့လေသည်။ သူသည် ခရမ်းရွှေရောင် ဆေးရည်စက်များမှာ သူ၏ ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွားပြီး ချက်ချင်းပင် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရလေသည်။

ထို့နောက် ထိုဆေးရည်များသည် ကြီးမားလှသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ 'မိန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းသော နေရာသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကာ မူလအင်း၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

များမကြာမီမှာပင် မူလအင်းမှာ အဆက်မပြတ် လည်ပတ်လာခဲ့ပြီး မူလဝိညာဉ်စွမ်းအားများကို တစ်စက်ပြီးတစ်စက် ထုတ်လွှတ်ပေးလိုက်၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ်စွမ်းအား ပမာဏမှာ အဆမတန် တိုးပွားလာခဲ့လေပြီ။ သူ၏ 'မိန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းသော နေရာ၌ မူလဝိညာဉ်စွမ်းအားများမှာ ရေစက်ကလေးများအလား တစ်စက်ပြီးတစ်စက် ပေါ်ထွက်လာခဲ့၏။ ထိုရေစက်ကလေး တစ်စက်ချင်းစီတွင် ကြီးမားလှသော စွမ်းအင်များ ပါဝင်နေလေသည်။

"အချိန်တန်ပြီ။"

ကျန်းဖန်သည် ဓာတ်ကြီးငါးပါး အင်းကျမ်းကို လည်ပတ်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူသည် 'လူနှင့် ကောင်းကင် တစ်သားတည်းဖြစ်ခြင်း' အဆင့်သို့ ရောက်ရှိသွားပုံ ပေါ်သည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ကြီးမားလှသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအားများမှာ အတွင်းသို့ တိုးဝင်လာခဲ့ကြလေသည်။

ဤနေရာရှိ ဝိညာဉ်စွမ်းအားများသည် ခုနစ်စင်ကြယ် တောင်ထိပ်ရှိ အဆင့် (၂) ဝိညာဉ်ကြောနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ လောလောဆယ်အတွက်မူ လုံလောက်လှပေသည်။

မည်သို့ဆိုစေ စွမ်းအင်အများစုကို ခရမ်းရွှေလင်ဇီးက ထောက်ပံ့ပေးထားသောကြောင့်ပင် ဖြစ်လေသည်။ ကြီးမားလှသော ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ အတွင်းသို့ စီးဝင်သွားခဲ့ပြီး ပတ်လမ်းတစ်ခုပြီးတစ်ခု လည်ပတ်နေကြလေသည်။

သူ၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ဖြူလွလွ တိမ်တိုက်များနှင့် မြူခိုးများဖြင့် လွှမ်းခြုံခြင်း ခံထားရ၏။ သူသည် တိမ်တိုက်များ အကြားတွင် ကောင်းကင်ယံ၌ ပျံသန်းနေရသကဲ့သို့ ခံစားနေရသည်။ တိမ်တိုက်များကို စီးနင်းနေသော မြွေပျံ တစ်ကောင်အလားပင်။

ကျန်းဖန်၏ ကျင့်စဉ်အဆင့်မှာ အုတ်မြစ်တည်ဆောက်ခြင်း ဒုတိယအဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေပြီဖြစ်ရာ၊ တတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ထင်ရှားလှသည်။ ယခုအခါ ကြီးမားလှသော မူလဝိညာဉ်စွမ်းအားများကို ရုတ်တရက် ရရှိလိုက်ချေပြီ။

ထို မူလဝိညာဉ် စွမ်းအားများသည် သွေးကြောများ၏ နက်ရှိုင်းသော နေရာများသို့ စီးဝင်သွားခဲ့ပြီး၊ သွေးကြောသစ်များကို စတင်၍ ဖောက်ထွင်းတော့လေသည်။ ၎င်းမှာ ဆည်တံခါးကို ဖောက်ထွက်ရန် ကြိုးစားနေသော သောင်းကျန်းလှသည့် ရေကြီးမှုတစ်ခု အလားပင်။

ဒုန်း…

အနည်းငယ်မျှသော ရိုက်ခတ်မှုအပြီးတွင် သွေးကြောသစ်များမှာ ချက်ချင်းပင် ပွင့်သွားခဲ့လေသည်။ ကြီးမားလှသော မူလဝိညာဉ်စွမ်းအားများသည် ထိုသွေးကြောသစ်များ အတွင်းသို့ စီးဝင်သွားခဲ့ကြ၏။ ၎င်းက အသစ်ဖွင့်လိုက်သော သွေးကြော တစ်ခုချင်းစီကို လျင်မြန်စွာ ကျယ်ပြန့်သွားစေခဲ့ပြီး ပိုမိုများပြားသော ဝိညာဉ်စွမ်းအားများကို လက်ခံထားနိုင်စေခဲ့သည်။

သံသယဖြစ်စရာမလိုပါ။ ထိုအခိုက်အတန့်တွင် ကျန်းဖန်သည် အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့အတွက်မူ ဤသည်မှာ သဘာဝကျကျ ဖြစ်ပေါ်လာသော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်၏။

ခရမ်းရွှေလင်ဇီး၌ ပါဝင်သော စွမ်းအင်မှာ အလွန်ပင် ကြီးမားလှပေသည်။ ၎င်းသည် ကျန်းဖန်ကို တတိယအဆင့်သို့ တက်လှမ်းရန် ကူညီပေးခဲ့ရုံတင်မကဘဲ၊ သူ၏ ကျင့်စဉ်အဆင့်ကိုလည်း သိသိသာသာ မြှင့်တင်ပေးခဲ့ပြီး သွေးကြောအမျိုးမျိုး အတွင်းသို့ မူလဝိညာဉ်စွမ်းအား အမြောက်အမြားကို စီးဝင်သွားစေခဲ့၏။

ရလဒ်အနေဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့လေသည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံး သုံးပုံတစ်ပုံခန့် တိုးပွားလာခဲ့ခြင်းပင် ဖြစ်ပေသည်။

ထို မူလဝိညာဉ်စွမ်းအားများ စီးဆင်းမှုသည် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း အစဉ်တစိုက် အားကောင်းလာစေခဲ့၏။ ထို့ကြောင့် သူ၏ 'ခန္ဓာကျင့်စဉ်' အဆင့်မှာလည်း မြင့်မားလာခဲ့လေတော့သည်။

…..

အခန်း ၂၅၉ - အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းခြင်းနှင့် အန္တရာယ်ဆိုက်နေသော ခုနစ်စင်ကြယ်တောင်ထိပ် (အပိုင်း ၂)

"နောက်ဆုံးတော့ ငါ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ။"

ကျန်းဖန်သည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ရင်း အနည်းငယ်မျှ ဝမ်းသာပီတိ ဖြစ်နေလေသည်။

သူ့အတွက်မူ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ သဘာဝကျကျ ဖြစ်ပေါ်လာမည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း၊ ကျင့်စဉ်အဆင့် မြင့်မားလာခြင်းက ပိုမိုတိုးတက်လာခြင်းကို ဆိုလိုသဖြင့် ဆက်လက် ဂုဏ်ပြုထိုက်သည့် အရာပင် ဖြစ်ပေသည်။ သူသည် သူ၏ ဝိညာဉ်အာရုံနှင့် ဝိညာဉ်စွမ်းအားများ ယခင်ကထက် သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရလေသည်။

ပို၍ အရေးကြီးသည်မှာ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက်၊ သူသည် တတိယမြောက် အသက်သွေးကြောအင်းကို ထွင်းထုနိုင်ပြီ ဖြစ်လေသည်။ အမှန်စင်စစ် သူသည် ဤအင်းကွက်ကို ပြုလုပ်ရန် အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ အာရုံခံအင်းပင် ဖြစ်ပေသည်။

ကျန်းဖန်အတွက်မူ သူ၏ တိုက်ခိုက်ရေး နည်းလမ်းများမှာ လုံလောက်နေပြီ ဖြစ်သဖြင့်၊ အထောက်အကူပြု နည်းလမ်းအချို့ လိုအပ်နေဆဲပင်။ ဥပမာအားဖြင့် အာရုံခံနိုင်စွမ်းကဲ့သို့သော နည်းလမ်းမျိုး ဖြစ်သည်။

သူ၏ ဝိညာဉ်စွမ်းအားမှာ အတော်အတန် အားကောင်းနေပြီ ဖြစ်သော်လည်း၊ ၎င်းမှာ လုံလောက်မှု မရှိသေးဟု သူ ခံစားနေရဆဲ။ ထို့ကြောင့် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို ပိုမိုအားကောင်းလာစေရန် အတွက် အာရုံခံအင်း၏ စွမ်းအားကို လိုအပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်အားသာချက်များကို အစွမ်းကုန် အသုံးချခြင်းပင်။

အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများ အတွက် အာရုံခံနိုင်စွမ်းမှာ အလွန်ပင် အရေးကြီးလှပေသည်။ ၎င်းသည် သူ၏ ယခင်ဘဝက ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုသော ရေဒါ နှင့် တူလှသည်။

အကယ်၍ ရေဒါ၏ စူးစမ်းရှာဖွေနိုင်စွမ်းမှာ ပိုမိုကျယ်ပြန့်မည်ဆိုပါက၊ မမျှော်လင့်ထားသော ဘေးဒုက္ခများကို ကြိုတင်၍ ကာကွယ်နိုင်ပေလိမ့်မည်။ ထိုအချိန်မျိုးတွင် ရှာဖွေတွေ့ရှိခြင်းမှာ ရန်သူကို သုတ်သင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

ဤမူလသဘောတရားမှာ အတူတူပင် ဖြစ်ပေသည်။ အကယ်၍ ကျင့်ကြံသူတစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ ပိုမိုသာလွန်မည်ဆိုပါက ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ပေလိမ့်မည်။ ရန်သူသည် အာရုံခံနိုင်သည့် နယ်ပယ်အတွင်းသို့ ရောက်ရှိလာသည်နှင့် ၎င်းကို ချက်ချင်းပင် ရှာဖွေတွေ့ရှိပြီး သုတ်သင်နိုင်ပေမည်။ အာရုံခံအင်းသည် ဤအရာကို ဖြစ်ပေါ်စေနိုင်လေသည်။

ဤသည်ကို တွေးတောရင်း ကျန်းဖန်သည် တွေဝေမနေတော့ဘဲ ကံကောင်းခြင်းအမှတ် ငါးထောင် (၅,၀၀၀) ကို ချက်ချင်း အသုံးပြုလိုက်ရာ ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွားခဲ့ပြီး သူ၏ နားလည်သဘောပေါက်မှုကို လျင်မြန်စွာ မြှင့်တင်ပေးလိုက်၏။

ထိုအခိုက်အတန့်တွင် သူသည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ရင်း ဓာတ်ကြီးငါးပါး အင်းကျမ်းကို လည်ပတ်လိုက်သည်။

သူ၏ 'မိန်' နှင့် 'ချီပင်လယ်' နက်ရှိုင်းသော နေရာရှိ မူလအင်းမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာခဲ့၏။ မူလဝိညာဉ်စွမ်းအား အစက်အပြောက်များသည် မူလအင်း၏ မျက်နှာပြင်ပေါ်တွင် ပေါင်းစပ်သွားခဲ့ကြပြီး၊ အာရုံခံအင်း၏ အင်းကွက်များကို စတင်၍ ထွင်းထုတော့လေသည်။

အခြားသော ကျင့်ကြံသူများအတွက်မူ ဤသို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက် ရှိနေသော်လည်း၊ ကျန်းဖန်မှာမူ ကံကောင်းခြင်း အမှတ်များ၏ အကူအညီကြောင့် နတ်ဘုရားတစ်ပါး၏ ကူညီမှုကို ရရှိနေသကဲ့သို့ ခံစားနေသသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိလိုက်ခင်မှာပင် အာရုံခံအင်း၏ အင်းကွက်များ အားလုံးမှာ မူလအင်း၏ မျက်နှာပြင်ပေါ်တွင် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့လေတော့သည်။

"ပြီးပြီ။"

ကျန်းဖန်သည် အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရလေသည်။ သူ၏ မူလအင်း မျက်နှာပြင်ပေါ်တွင် အာရုံခံအင်း ပေါ်ထွက်လာသည်ကို သူ ခံစားလိုက်ရ၏။ ရှုပ်ထွေးလှသော အင်းစာလုံးပုံစံများမှာ နက်နဲဆန်းကြယ်စွာ ထွက်ပေါ်နေကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ကိန်းအောင်းနေပုံရသည်။

ဝုန်း…

ထိုအခိုက်အတန့်တွင် သူသည် အာရုံခံအင်းကို တွေဝေမနေဘဲ ချက်ချင်းပင် နှိုးဆွလိုက်သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် အင်းကွက်မှာ တုန်ခါသွားခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအားများကို ဆွဲယူကာ မီးခိုးရောင်ဖျော့ဖျော့ အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

အာရုံခံအင်းသည် အသံချဲ့စက်တစ်ခုအလား လုပ်ဆောင်ပေးပြီး၊ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို တစ်ခဏအတွင်းမှာပင် နှစ်ဆခန့် တိုးမြင့်ပေးလိုက်လေသည်။ မမြင်နိုင်သော ဝိညာဉ်အာရုံ စွမ်းအားများသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ကားသွားခဲ့ပြီး၊ တောင်တန်းတစ်ခုလုံးနှင့် ပတ်ဝန်းကျင် နယ်မြေများကို အလွယ်တကူ လွှမ်းခြုံသွားခဲ့၏။

မြေပြင်ပေါ်တွင် တွားသွားနေသော ပုရွက်ဆိတ်များ။

လေထဲတွင် ပျံသန်းနေသော ခြင်များ။

မျက်ပင်များပေါ်တွင် တွယ်ကပ်နေသော ကြည်လင်သည့် နှင်းစက်ကလေးများ။

သစ်ပင်များပေါ်တွင် အော်မြည်နေသော ပုစဉ်းရင်ကွဲများ။

ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာအားလုံးမှာ သူ၏ အသိစိတ် နက်ရှိုင်းသော နေရာ၌ ထင်ရှားစွာ ပေါ်ထွက်လာခဲ့လေသည်။ မှန်သားပြင် တစ်ခုအလား အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာ၌ ပေါ်လာမည်ဆိုပါက၊ တည်ငြိမ်နေသော ကန်ရေပြင် အတွင်းသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် သူ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

"ဒါက အာရုံခံအင်းရဲ့ စွမ်းအားလား။ တကယ် အစွမ်းထက်တာပဲ" ကျန်းဖန်မှာ အံ့သြမဆုံး ဖြစ်နေရလေသည်။

သူသည် တတိယမျက်လုံး တစ်လုံးကို ရရှိလိုက်သကဲ့သို့ ခံစားရပြီး၊ ကမ္ဘာကြီးကို နတ်ဘုရားတစ်ပါး၏ အမြင်ဖြင့် စောင့်ကြည့်နေရသကဲ့သို့ပင်။

သူ၏ မူလ ဝိညာဉ်အာရုံမှာ သာမန် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများထက် များစွာ ပိုမိုအားကောင်းနေခဲ့ပြီ ဖြစ်ကြောင်း သတိပြုရပေမည်။ ယခုအခါ အာရုံခံအင်း၏ အကူအညီဖြင့် သူ၏ အာရုံခံနိုင်စွမ်းမှာ နှစ်ဆထက်မက ပိုမိုကျယ်ပြန့်သွားခဲ့ချေပြီ။

ထို့ပြင် ဝိညာဉ်အာရုံ၏ လှုပ်ခတ်မှုမှာလည်း အလွန်ပင် သိုသိပ်လှပေသည်။ အခြားသော အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများအနေဖြင့် သူ၏ ဝိညာဉ်အာရုံ စူးစမ်းမှုကို သိရှိရန်မှာ အလွန်ခက်ခဲလိမ့်မည်။

၎င်းမှာ အာရုံခံအင်း၏ အခြေခံအဆင့်သာ ရှိသေးသော်လည်း၊ အကယ်၍ အရည်အချင်းအဆင့် ပိုမို မြင့်မားလာမည်ဆိုပါက ၎င်း၏ လွှမ်းခြုံနိုင်သော နယ်ပယ်မှာ ပို၍ပင် ကျယ်ပြန့်လာမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူသည် အိမ်ပြင်သို့ ထွက်စရာမလိုဘဲ ကျယ်ပြောလှသော နယ်မြေများ၏ အခြေအနေကို အလွယ်တကူ သိရှိနိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ကျန်းဖန်၏ ရင်ထဲ၌ လှုပ်ခတ်သွားခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အခြေအနေပြ မျက်နှာပြင်ကို ချက်ချင်းပင် ဖွင့်ကြည့်လိုက်လေသည်။

[ အမည် - ကျန်းဖန် ]

[ ကံကြမ္မာဇာတာ - ကောင်းကင်နှင့်အမျှ ကံကောင်းခြင်းများ၊ ဘေးဒုက္ခမှ ကံကောင်းခြင်းသို့ ပြောင်းလဲခြင်း ]

[ သက်တမ်း - ၈၀၀ နှစ် ]

[ ဝိညာဉ်အမြစ် - မြေကမ္ဘာ ဝိညာဉ်အမြစ် ]

[ ကံကောင်းခြင်းအမှတ် - ၆၀,၀၀၀ အမှတ် ]

[ ပိုင်ဆိုင်မှု - ဝိညာဉ်ကျောက်တုံး ၄၀၀,၀၀၀ ]

[ ကျင့်စဉ် (၁) - မြွေပျံကျင့်စဉ်၊ အုတ်မြစ်တည်ဆောက်ခြင်း အခန်းကဏ္ဍ (အဆင့် ၂ အစောပိုင်း) ]

[ ကျင့်စဉ် (၂) - ဓာတ်ကြီးငါးပါး အင်းကျမ်း၊ ဒုတိယအဆင့် ]

[ သွေးသားတော်ဝင် စွမ်းရည် - ဧကရာဇ်အကြည့်၊ လက်ဝါးလေပြေ ]

[ အသက်သွေးကြောအင်းများ - ကြာညိုမြေကမ္ဘာမီးလျှံအင်း (အဆင့်မြင့်)၊ ယင်ယန်မန်ဒါရင်ဘဲ ရုပ်သေးအင်း (ကျွမ်းကျင်)၊ နိမိတ်ဖတ်အင်း (ကျွမ်းကျင်)၊ ဝိညာဉ်တုန်ဟိန်းအင်း (အဆင့်မြင့်)၊ ကောင်းကင်မိုးကြိုးအင်း (ကျွမ်းကျင်)၊ စိတ်ညို့အင်း (ကျွမ်းကျင်)၊ အာရုံခံအင်း (အခြေခံ) ]

[ ကျင့်စဉ်အဆင့် - အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့် (၂၀%) ]

[ အတတ်ပညာ - အဆင့် (၂) အနိမ့်စား အင်းဆရာ (၈၀%) ]

ထင်ရှားသည်မှာ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏ အချက်အလက်များ အားလုံးမှာ များစွာ တိုးတက်လာခဲ့သည်။ သူ၏ စုစုပေါင်း ကံကောင်းခြင်း အမှတ်မှာလည်း ခြောက်သောင်း (၆၀,၀၀၀) အထိ ရောက်ရှိသွားခဲ့ပြီဖြစ်ရာ၊ တကယ့်ကို ကြွယ်ဝချမ်းသာနေပြီဟု ဆိုနိုင်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သုံးရက်တာ အချိန် ကုန်ဆုံးသွားခဲ့လေပြီ။

ကျန်းဖန်နှင့် စုဝေဝေတို့သည် ဤနေရာ၌ သုံးရက်လုံးလုံး နေထိုင်ခဲ့ကြလေသည်။ သဘာဝအတိုင်းပင်၊ ခုနစ်စင်ကြယ်တောင်ထိပ်ရှိ ဘေးဒုက္ခကို ရှောင်ရှားလိုခြင်းအပြင်၊ ပို၍ အရေးကြီးသည်မှာ သူသည် တတိယအဆင့်သို့ ခုမှ တက်လှမ်းထားခြင်း ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် သူ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်စေရန် အတွက် အချိန်အနည်းငယ် လိုအပ်ခဲ့ခြင်း ဖြစ်လေသည်။ စုဝေဝေအတွက်မူ သူမ၏ ခင်ပွန်းသည်နှင့်အတူ ရှိနေသရွေ့ မည်သည့်နေရာသို့ သွားရသည်မှာ အရေးမကြီးပေ။

ရွှစ်…

ကျင့်ကြံအားထုတ်မှု ပြီးဆုံးပြီးနောက်တွင် ကျန်းဖန်သည် ကိုယ်ဖော့အင်း၏ စွမ်းအားကို အသုံးပြုကာ စုဝေဝေကို ခေါ်ဆောင်၍ ခုနစ်စင်ကြယ် တောင်ထိပ်ဆီသို့ လျင်မြန်စွာ ပြန်လာခဲ့လေသည်။

သို့သော်လည်း သူတို့ ခုနစ်စင်ကြယ် တောင်ထိပ်သို့ ပြန်ရောက်ရောက်ချင်းမှာပင်၊ တောင်ထိပ်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးနေသော အခြေအနေကို ချက်ချင်း မြင်တွေ့လိုက်ရလေတော့သည်။

မြေပြင်ပေါ်တွင် ကြီးမားလှသော ကျင်းကြီးများ ပေါ်ထွက်နေလေသည်။

ကျောက်ဆောင် အပိုင်းအစများက နေရာအနှံ့ ပျံ့ကြဲနေပြီး၊ မိစ္ဆာချီများမှာလည်း ပတ်ဝန်းကျင်၌ ပျံ့နှံ့နေသည်ဖြစ်ရာ မြင်သမျှ လူတိုင်းကို ထိတ်လန့်စေလေသည်။

မူလက ခိုင်ခံ့လှသော အဆင့် (၂) အစီရင်စု အတားအဆီးမှာလည်း ဖောက်ထွင်းခြင်း ခံထားရပုံရကာ ဟာကွက်များစွာ ဖြစ်ပေါ်နေလေသည်။

တောင်ပေါ်ရှိ နန်းတော်သဖွယ် ခမ်းနားသော အဆောက်အအုံများပင်လျှင် များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယခုအခါတွင် 'ချီ' ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြားမှာ ပတ်ဝန်းကျင်ရှိ ကျင်းများနှင့် ဟာကွက်များကို ပြန်လည်ပြုပြင်ရန် အတွက် အလုပ်များနေကြလေသည်။

"မိတ်ဆွေဝေ... ဒီမှာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲဟင်"

"ကျွန်တော် ရက်အနည်းငယ်လောက်ပဲ အပြင်ထွက်သွားတာကို၊ ဘာလို့ ဒီလိုမျိုးတွေ ဖြစ်ကုန်ရတာလဲ"

ကျန်းဖန်သည် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ ဝေစုန်းကို မြင်လိုက်ရသဖြင့် ဘာဖြစ်ခဲ့သလဲဆိုသည်ကို သိရှိရန်အတွက် ချက်ချင်းပင် မေးမြန်းလိုက်လေသည်။

"ဟူး... မင်းကတော့ ကံကောင်းလို့ပေါ့ကွာ ရွှမ်ကျန့်မြို့တော်ကို စောစောစီးစီး ထွက်သွားမိပေလို့သာပေါ့"

"မင်းထွက်သွားတဲ့ ညမှာတင်၊ မိစ္ဆာကျင့်ကြံသူ အုပ်စုတစ်စုက ခုနစ်စင်ကြယ် တောင်ထိပ်ကို ရုတ်တရက် ရောက်လာခဲ့ကြတာ။ အဲဒီ မိစ္ဆာကျင့်ကြံသူတွေက ဒီတောင်ပေါ်မှာရှိတဲ့ ကျင့်ကြံသူ အားလုံးကို မျိုးဖြုတ်သုတ်သင်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ"

"ကံကောင်းလို့ ငါတို့မှာ အရည်အချင်း အနည်းငယ် ရှိနေခဲ့လို့ပေါ့။ အဆင့် (၂) အစီရင်စုရဲ့ စွမ်းအားကို အားကိုးပြီး အဲဒီ မိစ္ဆာကျင့်ကြံသူတွေကို မနည်း ခုခံခဲ့ရတာ။ အချို့ကိုဆိုရင် ပြင်းထန်တဲ့ ဒဏ်ရာတွေတောင် ပေးနိုင်ခဲ့တယ်"

"ဒါပေမဲ့ ငါတို့ဘက်ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပေါ့။ အထူးသဖြင့် လျန်မင်လန် နဲ့ ယွီခယ်လျန် တို့ဆိုရင် သူတို့ရဲ့ စွမ်းအားက နည်းနည်း အားနည်းတော့ မိစ္ဆာကျင့်ကြံသူတွေရဲ့ အဓိက ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြတယ်။ သူတို့ဆိုရင် သေလုမျောပါး ဖြစ်သွားခဲ့ကြတာ အခုထိ ဆေးကုသမှု ခံယူနေကြရတုန်းပဲ" ဟု ဝေစုန်းက များစွာ စိတ်မကောင်းစွာဖြင့် ပြောပြလိုက်လေသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ အမြင့်မားဆုံး ဖြစ်သော်လည်း၊ သူသည်လည်း အကြီးမားဆုံးသော ဖိအားများကို ရင်ဆိုင်ခဲ့ရသဖြင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့လေသည်။

အမှန်အတိုင်း ပြောရလျှင် ဤသည်မှာ လုံးဝ မမျှော်လင့်ထားသော ဘေးဒုက္ခကြီးတစ်ခု ဖြစ်၏၊ ခုနစ်စင်ကြယ် တောင်ထိပ်က အဘယ့်ကြောင့် မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းအား ခံရသလဲဆိုသည်ကို သူတို့ မသိရှိကြပေ။ ၎င်းမှာ တကယ်ပင် အဓိပ္ပာယ်မရှိလှပေ။

တစ်ခုတည်းသော ဒဏ်ရာမရရှိသူမှာ ကျန်းဖန်ပင် ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် သူသည် အချိန်မီ ထွက်ပြေးသွားခဲ့ပြီး ရွှမ်ကျန့်မြို့တော်သို့ သွားခဲ့သဖြင့် ဘေးဒုက္ခမှ လွတ်မြောက်ခဲ့ခြင်း မဟုတ်ပါလား။ အကယ်၍သာ သူ ဤတောင်ပေါ်၌ ဆက်နေခဲ့မည်ဆိုပါက၊ သူ အသက်ရှင်ကျန်ရစ်ဦးတော့ ပြင်းထန်သော ဒဏ်ရာများကို သေချာပေါက် ရရှိပေလိမ့်မည်။

"မဖြစ်နိုင်တာ... ဒီမိစ္ဆာကျင့်ကြံသူတွေက ဒီလောက်အထိတောင် သောင်းကျန်းနေကြတာလား"

"သူတို့က နက်နဲကောင်းကင် ဓားဂိုဏ်းကို မကြောက်ကြဘူးလား"

ကျန်းဖန်မှာ အတိုင်းထက်အလွန် ထိတ်လန့်သွားခဲ့ရလေသည်။ သူသည် ဤဖြစ်ရပ်ကို ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း၊ ခုနစ်စင်ကြယ်တောင်ထိပ်၌ နေထိုင်ခြင်းက ဘေးဒုက္ခကို ဖြစ်စေနိုင်ကြောင်း သိထားခဲ့သော်လည်း၊ ထို အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူများ၏ သနားစရာကောင်းသော အခြေအနေကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူ၏ ရင်ထဲ၌ ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် စောစောစီးစီး ထွက်ခွာခဲ့မိ၍သာ ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ဤဘေးဒုက္ခကြီးမှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။ သို့သော်လည်း လျန်မင်လန်နှင့် ယွီခယ်လျန်တို့မှာမူ သူ့အစား ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ကြရပုံရပေသည်။ အကယ်၍ သူသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက၊ ဒဏ်ရာရရှိမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

"ဟက်... ဒီမိစ္ဆာကျင့်ကြံသူတွေက နက်နဲကောင်းကင် ဓားဂိုဏ်းက သားရဲတစ်သောင်း တောင်တန်းဆီကို ကျင့်ကြံသူ အမြောက်အမြား စေလွှတ်ထားတယ်ဆိုတဲ့ အချက်ကာိ အခွင့်ကောင်း ယူလိုက်ကြတာလေ"

"အခုအချိန်မှာ ဂိုဏ်းရဲ့ နယ်မြေအတွင်းမှာ အကာအကွယ်တွေ အားနည်းနေတာကြောင့် အဲဒီ မိစ္ဆာကျင့်ကြံသူတွေကို ဖမ်းဆီးဖို့ ဆိုတာက မဖြစ်နိုင်သလောက်ဘဲလေ။ အဲ့ဒါကြောင့် သူတို့က အပြင်ထွက်ပြီး ဒီလောက်အထိ သောင်းကျန်းရဲကြတာပေါ့"

"ကြားရသလောက်ဆိုရင် အဲဒီ မိစ္ဆာကျင့်ကြံသူတွေက ခုနစ်စင်ကြယ်တောင်ထိပ် တစ်ခုတည်းကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးတဲ့"

"သူတို့က တခြား အုတ်မြစ်တည်ဆောက်ခြင်း မိသားစုတွေနဲ့ အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတွေရဲ့ ဂူဗိမာန်တွေကိုလည်း တိုက်ခိုက်ခဲ့ကြသေးတယ်"

"ခြုံပြောရရင်တော့ ငါတို့က အဲဒီ မိစ္ဆာကျင့်ကြံသူတွေရဲ့ ပစ်မှတ်များကြီးထဲက တစ်ခု ဖြစ်သွားခဲ့ရတာပါပဲ။ ငါတို့ဆီမှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေလို့တော့ မဟုတ်ပါဘူး" ဟု ဝေစုန်းက မတတ်သာသည့်အဆုံး ပြောလိုက်လေသည်။

သို့သော် သူသည်လည်း အနည်းငယ်မျှ ကံကောင်းသည်ဟု ခံစားလိုက်ရလေသည်။ မည်သို့ဖြစ်စေ အကယ်၍ သူသာ ထိုမိစ္ဆာကျင့်ကြံသူများ၏ တကယ့် ပစ်မှတ် အစစ်အမှန် ဖြစ်နေမည်ဆိုပါက၊ အသက်ပေါင်း မည်မျှပင် ရှိပါစေ အသက်ရှင်ရန် လုံလောက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေလေသည်။

…..

All Chapters