← Chapters

အခန်း (၃၂၄)

Vol. 32 Ch. 324

အခန်း (၃၂၄)

Vol. 32 Ch. 324

အခန်း။ ၃၂၄

“ကဲ... ဘယ်လိုလဲ နဂါးလေး ငါတော့ တကယ်ကို ကံစမ်းကြည့်ချင်စိတ်တွေ တဖွားဖွား ဖြစ်နေပြီ”

ထျန်းလင်က ပြောလိုက်သည်။ သူမ၏ လက်ချောင်းများမှာ လီမေ၏ နားထင်အနီးတွင် စိတ်လှုပ်ရှားစွာဖြင့် တဆတ်ဆတ် တုန်ခါနေသည်။

လျှိုဖုန်းသည် သူမကို ဒေါသအရှိန်ဖြင့် စိုက်ကြည့်နေမိသည်။

“အို... ငါ့ကို အဲဒီလို အကြည့်မျိုးနဲ့ လာမကြည့်ပါနဲ့အေ။ ငါ လန့်သွားပြီး တကယ်လုပ်မိသွားဦးမယ်”

သူမက ပြောကာ လီမေ၏ နဖူးပြင်နှင့် မီလီမီတာအကွာအထိ သူမ၏ လက်ချောင်းများကို တိုးကပ်ရင်း ဟန်ဆောင်ခြောက်လှန့်လိုက်သည်။

လျှိုဖုန်းသည် ယခုတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အကျပ်ရိုက်နေပြီဖြစ်ကြောင်း သူဘာသာ တွေးတောနေမိသည်။

သူသည် ဂိုဏ်းအကြီးအကဲချုပ်၏ ဝမ်းကွဲညီမကို အသေမခံနိုင်သလို အကြီးအကဲချုပ်၏ ခွင့်ပြုချက်မရှိဘဲ သူ၏ တည်နေရာကိုလည်း ဖွင့်ဟပြောကြား၍ မဖြစ်ပေ။

ငါ အခု ဘာဆက်လုပ်ရမလဲ။

သူသည် မဖြစ်နိုင်သော ဆုံးဖြတ်ချက်နှစ်ခုကြားတွင် ဒွီဟ ဖြစ်နေစဉ်မှာပင် ထျန်းလင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူမ၏ မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားပြီး သူတို့၏ အနောက်ဘက်သို့ တည်ကြည်လေးနက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က သူတို့အား လာရောက်ကယ်တင်ခြင်းလားဟု လျှိုဖုန်း အံ့သြနေမိသည်။

“တခြားသူတွေကို အနိုင်ကျင့်ရတာ အရသာရှိရဲ့လား”

တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လျှိုဖုန်းသည် ထိုအသံကို ချက်ချင်းပင် မှတ်မိလိုက်ပြီး စိတ်သက်သာရာရမှုများ သူ့ထံသို့ စီးဝင်လာခဲ့သည်။

“ဂိုဏ်းအကြီးအကဲချုပ်လား”

သူက ကျယ်လောင်စွာ ရေရွတ်ရင်း ခေါင်းကို လှည့်ကြည့်လိုက်သည်။

လီမေသည်လည်း ထိုနည်းတူပင် လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် သူတို့ထံသို့ အေးအေးလူလူ လမ်းလျှောက်လာနေသော ရှန်ယွီကို မြင်တွေ့လိုက်ရသည်။

ရှန်ယွီသည် သူ၏လက်ကို ခပ်ပေါ့ပေါ့ပင် ဝှေ့ယမ်းလိုက်ရာ သူ၏ ဝိညာဉ်အတွင်းမှ စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုဒေသအတွင်းရှိ ခြောက်လှန့်နေသော ဖိအားများကို ဖယ်ရှားလိုက်သည်။ ထိုခဏ၌ပင် လီမေနှင့် လျှိုဖုန်းတို့သည် ပတ်ဝန်းကျင်ရှိ ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး လွတ်လပ်စွာ ပြန်လည် လှုပ်ရှားနိုင်သွားကြသည်။

အပြင်ပန်းတွင် ရှန်ယွီမှာ အေးဆေးတည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်တွင်မူ သူ၏ကံဆိုးမှုကို အော်ဟစ်ဆဲဆိုနေမိသည်။ အစောပိုင်းက ဤနေရာကို လုံးဝရှောင်ကွင်းသွားရန် စဉ်းစားခဲ့သော်လည်း သူတို့ကို ပစ်ထားခဲ့ပါက သေကြေပျက်စီးသွားမည်ကို မကြည့်ရက်သဖြင့် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုမူ သူ ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။ သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဖိအားများကို ဖယ်ရှားလိုက်သည့် ဤပြကွက်က နတ်ဆိုးကို နောက်ဆုတ်သွားစေရန် လုံလောက်လိမ့်မည်ဟုသာ သူ မျှော်လင့်နေမိသည်။

ကံကောင်းသည်မှာ သူ၏ ကျင့်ကြံမှုအဆင့်မှာ အမြုတေဖွဲ့တည်ခြင်းအဆင့်ဟုသာ ပြသနေသဖြင့် တစ်ဖက်လူအနေဖြင့် သူ၏ အစစ်အမှန် ကျင့်ကြံမှုကို မခန့်မှန်းနိုင်ဘဲ ကြောက်ရွံ့သွားနိုင်ခြေ ရှိသည်။

သူ နောက်ထပ်လုပ်ဆောင်မည့်အကွက်ကို တွက်ချက်နေစဉ်မှာပင် ထျန်းလင်သည် သူ၏ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူမ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် သူမ လှုပ်ရှားသွားသည်ကိုပင် သူ မမြင်လိုက်ရပေ။

“ဒီလောက် မြန်လှချည်လား”

သူ တွေးလိုက်သော်လည်း သူ၏မျက်နှာတွင်မူ အံ့သြမှုကို မဖော်ပြဘဲ တည်ငြိမ်စွာပင် ထားရှိခဲ့သည်။

သူမသည် သူ့ကို တရားမဝင်ပစ္စည်းများ ရှာဖွေနေသည့် အကောက်ခွန်အရာရှိတစ်ဦးကဲ့သို့ တစ်ကိုယ်လုံးကို ပွတ်သပ်စစ်ဆေးနေသဖြင့် သူ ဇဝေဇဝါဖြစ်နေမိသည်။ ထို့နောက် သူမက သူ့ကို အနံ့ခံလိုက်ပြန်သည်။

“ဟင်း... ကောင်းကင်တာအို ရတနာတစ်ခုပဲ”

သူမက မေးစေ့ကို လက်ဖြင့်ကိုင်ကာ စဉ်းစားသလို ပြောလိုက်သည်။

“မင်း ဘာတွေပြောနေတာလဲ”

ရှန်ယွီက မေးလိုက်ရင်း မူလခန္ဓာကိုယ်မှတစ်ဆင့် မျှော်စင်ကို အမြန်ပြန်လည် ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ သူမ စိတ်ဝင်စားနေသည့် အဆင့်မြင့်ရတနာတစ်ခုခုကို သူ စုဆောင်းမိခဲ့သလားဟု သူ တွေးနေမိသည်။ ဘယ်လို ရတနာမျိုးကို ကောင်းကင်တာအို ရတနာ ဟု ခေါ်ဆိုနိုင်တာလဲ။

“မိတ်ဆွေ...”

သူ စကားစရုံရှိသေးသော်လည်း သူမက သူ၏နောက်ကျောမှ မျှော်စင်ကို မျက်စိတစ်မှိတ်အတွင်း လှမ်းယူလိုက်သည်။

“ဟန်ဆောင်မနေပါနဲ့။ နင်က အဲဒီလောက် မသန်မာဘူးဆိုတာ ငါ သိပြီးသား။ အစောနက ငါ နင့်ကို ပတ်ချာလည် အကြိမ်ပေါင်း ထောင်ချီပြီး ပြေးပတ်နေတာတောင် ငါ နင့်ရှေ့မှာ ရပ်

လိုက်တဲ့အချိန်ကျမှ နင် သတိထားမိတာပဲ”

သူမက ပြောလိုက်သည်။

ရှန်ယွီမှာ ဤစကားကြောင့် ဆွံ့အသွားခဲ့သည်။ သူတို့ကြားက အင်အားကွာဟချက်က ဒီလောက်အထိ ကြီးမားနေတာလား။

“ဒါနဲ့ ဒါက ဘာကြီးလဲ”

သူမက မျှော်စင်ကို စိတ်ဝင်တစားဖြင့် စစ်ဆေးရင်း မေးလိုက်သည်။

“တကယ်ပဲ ရတနာအချို့ ပါနေတာ မှန်ပေမယ့် ဒါက ကောင်းကင်တာအို ရတနာတော့ မဟုတ်ပါဘူး။ ဒါကို ဘာလို့ ဝှက်ထားရတာလဲ”

သူမ ပြောနေစဉ်မှာပင် ရတနာ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မျှော်စင်မှာ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ သူမသည် အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။

ထို့နောက် သူမသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ သူမ၏လက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ထိုးသွင်းလိုက်သည်။ ရှန်ယွီမှာ သူမ တကယ်ပင် ပြန်ယူနိုင်မလားဟု စိုးရိမ်တကြီး ကြည့်နေစဉ် လေထုအတွင်း ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားပြီး သူမ၏လက်ကို ပြန်လည် ဆွဲထုတ်လိုက်သည်။ သူမ၏လက်မှာ အနည်းငယ် ပန်းရောင်သန်းကာ ဖောရောင်နေသော်လည်း ခဏချင်းမှာပင် ပြန်လည်ကောင်းမွန်သွားခဲ့သည်။

“ကောင်းကင်ဘုံအဆင့်စက်ဝိုင်းတစ်ခုပဲ စိတ်ဝင်စားဖို့ကောင်းသား”

သူမက ပုံမှန်ပြန်ဖြစ်သွားသော သူမ၏လက်ချောင်းများကို လှုပ်ရှားရင်း ပြောလိုက်သည်။

“ဒါပေမဲ့ နင်ကတော့ ဒါထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာ အမှန်ပဲ”

ရှန်ယွီမှာ သူမ မည်သည့်အချိန်တွင် လှုပ်ရှားသွားသည်ကိုပင် သတိမပြုမိလိုက်ပေ။ တစ်ခဏအတွင်းမှာပင် သူမသည် သူ၏ရှေ့မှောက်မှ ပျောက်ကွယ်သွားပြီး သူ၏လည်ပင်းကို နောက်ကွယ်မှ သိုင်းဖက်ထားကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် သူမက သူ့ကို နောက်တစ်ကြိမ် အနံ့ခံလိုက်ပြန်သည်။

“ဒါက တကယ့်ကို ကောင်းကင်တာအိုရတနာတစ်ခုပဲ”

သူမက ရှန်ယွီ၏ ရင်ဘတ်ပေါ်သို့ လက်ချောင်းဖြင့် အသာအယာ ပွတ်သပ်ရင်း ပြောလိုက်

သည်။

“ဒါပေမဲ့ ငါ နင့်ရဲ့ တစ်ကိုယ်လုံးကို ရှာဖွေပြီးပြီ အဲဒါကို ဘယ်မှာမှ ရှာမတွေ့ဘူး ဖြစ်နေတယ်။”

ယခုတစ်ကြိမ်တွင် သူမသည် သူ့ကို နောက်ကျောဘက်မှ ပွေ့ဖက်ထားပြီး သူ၏နားနားတွင် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။

“ဒါက အဓိပ္ပာယ်တစ်ခုပဲ ရှိနိုင်တယ်...”

“နင်ကိုယ်တိုင်က အဲဒီရတနာပဲ”

...

လီယောင်သည် သူမ၏ အခန်းအတွင်း၌ တရားထိုင်နေသည့် ပုံစံဖြင့် ကျင့်ကြံနေသည်။

ဤနေရာသည် စက်ဝိုင်းကြီး၏ စွမ်းအင်များ စီးဆင်းရာ လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ထားသဖြင့် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင် သိပ်သည်းဆမှာ အလွန်မြင့်မားလှသည်။ ထိုသို့ပင်ဖြစ်စေ သူမ၏ မသေမျိုးအဆင့် ဝိညာဉ်အမြစ်မှာ နောက်ပြောင်နေခြင်းမဟုတ်ပေ။ သူမသည် ချီစွမ်းအင်များကို သာမန်မျက်စိဖြင့် မြင်နိုင်သည့်အရှိန်ထက်ပင် ပိုမိုမြန်ဆန်စွာ စုပ်ယူနေခဲ့သည်။

သူမသည် စွမ်းအင်များကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကာ ကျင့်ကြံနေစဉ်မှာပင် သူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့သည်။ ထိုအက်ကွဲကြောင်းများသည် သူမထံမှ အပြင်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး အချိန်နှင့်အမျှ ပိုမိုကြီးမားလာခဲ့သည်။

[ဟေ့... စိတ်အေးအေးထားပါဦး ဘာဖြစ်လို့လဲ]

ဧကရီ က ဝင်ရောက်ပြောဆိုလိုက်သည်။သည်။

လီယောင်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင် ဒေါသထွက်နေသည့်ဟန် ရှိနေတော့သည်။

[ဘာဖြစ်လို့လဲ စိတ်မိစ္ဆာတွေ ပြန်ပေါ်လာတာလား]

ဧကရီ က စိုးရိမ်တကြီး မေးလိုက်သည်။

“မဟုတ်ဘူး... ကျွန်မ စိတ်အခြေအနေ မကောင်းရုံတင်ပါ”

သူမက ပြန်ပြောသည်။

သူမသည် လက်ကိုမြှောက်ကာ တင်းတင်းဆုပ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကွဲအက်နေသော ဟင်းလင်းပြင်များမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

“ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို သတ်ချင်စိတ် ပေါက်လာလို့”

သူမက ခပ်အေးအေးပင် ပြောလိုက်သည်။

သူမဘေးရှိ ကမ္ဘာ့အမြုတေမှာမူ ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။

[စိတ်အေးအေးထားပါ အဲဒီစိတ်ရိုင်းနောက်ကို ပါမသွားစေနဲ့]

ဧကရီက ချော့မော့ပြောဆိုလိုက်သည်။သည်။

လီယောင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ကြည့်ရသည်မှာ ပုံမှန်ပင်။

ဘာကြောင့် အခုလို ပြုမူနေရတာလဲ။

စိတ်မိစ္ဆာများသည် သာမန်ခံစားချက်များကဲ့သို့ပင် အသွင်ပြောင်းနိုင်သည့်အဆင့်သို့ ရောက်ရှိသွားပြီလောဟု ဧကရီ တွေးတောနေမိသည်။

“ကျွန်မ အဆင်ပြေပါတယ်။ စီနီယာအစ်ကိုနဲ့ သွားစကားပြောလိုက်ရင် စိတ်သက်သာသွားမှာပါ”

သူမက ပြောကာ ထရပ်လိုက်သည်။

[ကောင်းတဲ့ အကြံပဲ]

ဧကရီနှင့် ကမ္ဘာ့အမြုတေတို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

လီယောင်သည် အခန်းထောင့်တွင် ထောင်ထားသော သူမ၏ဓားကို ကောက်ကိုင်လိုက်သည်။ ဓားကို အိမ်မှမထုတ်ဘဲ ဓားအိမ်ကိုသာ တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ကွဲအက်သွားပြီး သူမသည် လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လျှိုဖုန်းနှင့် လီမေတို့သည် ထျန်းလင်က ရှန်ယွီကို ပွတ်သပ်နှောင့်ယှက်နေသည်ကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“တကယ်ကြီး လုပ်ရဲတဲ့သူ ရှိတာပဲ”

လျှိုဖုန်းက မယုံကြည်နိုင်စွာ ခေါင်းခါရင်း တွေးလိုက်သည်။ သူသည် ပိုမိုသန်မာလာသောအခါမှ ယခုအရှက်ရမှုကို လက်စားချေရန် စီစဉ်ထားသော်လည်း ယခုမူ ထိုသို့လုပ်ရန် မလိုအပ်တော့ပုံရသည်။

ထျန်းလင်သာ ရှန်ယွီ၏ ဒေါသနှင့် ရင်ဆိုင်ရပြီးနောက်ပိုင်းတွင် သူမထံမှ လက်စားချေစရာ ဘာမှကျန်တော့မည်မဟုတ်ကြောင်း သူ သိနေသည်။

လီမေကလည်း ခေါင်းခါယမ်းလိုက်ပြီး “ဝဋ်ဆိုတာ တကယ်လည်တာပဲ။ ငြိမ်းချမ်းစွာ အနားယူပါတော့ နင့်ကို ဘယ်သူမှ လွမ်းနေမှာမဟုတ်ဘူး” ဟု ရေရွတ်လိုက်သည်။

All Chapters