အခန်း (၃၂၈)
Vol. 32 Ch. 328
အခန်း။ ၃၂၈
“အမေလား”
ဟုတ်တယ်... ငါပါပဲ ကလေးလေး။
အသံသည် နဂိုအတိုင်းပင် စိတ်ကိုကြည်နူးစေသော လေသံဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
ရှန်ယွီသည် ထိုအသံ၏ ဆွဲဆောင်မှုအတွင်းသို့ ထူးဆန်းစွာ ကျရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအသံ ထွက်ပေါ်လာတိုင်း ဒီလိုဖြစ်နေတာက မှန်တယ်ဟု သူ ထင်မှတ်နေမိသည်။ စိတ်အေးချမ်းမှုနှင့် ရောင့်ရဲမှုများက သူ့ထံသို့ စီးဆင်းလာခဲ့သည်။
နေဦး... တစ်ခုခုတော့ မှားနေပြီ။
ဒုက္ခပဲ ငါ ကိုယ်ကိုကိုယ် လက်လွှတ်ဆုံးရှုံးတော့မည့် အခြေအနေကို ရောက်နေပြီ။
အခု ချက်ချင်း ဒီနေရာကနေ ထွက်ပြေးဖို့ လိုအပ်တယ်။
ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာခဲ့သည်။ သူသည် ဝိညာဉ်ကြောအတွင်းသို့ ပြန်လည်
ရောက်ရှိနေပြီး ဝိညာဉ်ကြော၏ အမြင်အာရုံမှတစ်ဆင့် ကြည့်ရှုနေခြင်းပင်။
“တော်တော်လေး အန္တရာယ်များတာပဲ”
ရှန်ယွီ တွေးလိုက်မိသည်။ ဝိညာဉ်ကြောနှင့် ပေါင်းစပ်ပြီးနောက် သူသည် ကမ္ဘာ့သစ်ပင်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၎င်းကို ကမ္ဘာ့သစ်ပင်ကြီးမှန်း ဘယ်လိုသိလိုက်သလဲဆိုသည်ကို သူကိုယ်တိုင်ပင် မဝေခွဲနိုင်သော်လည်း ပေါင်းစပ်မှုကြောင့် ရရှိလာသည့် ဗီဇဗဟုသုတအရ သိရှိသွားခြင်းဖြစ်မည်ဟု သူ ယူဆလိုက်သည်။
ကြည့်ရသည်မှာ ဝိညာဉ်ကြောအားလုံးသည် ကမ္ဘာ့သစ်ပင်ကြီး၏ အကိုင်းအခက်များသာဖြစ်ပြီး ၎င်းကို မေးခွန်းထုတ်စရာမလိုဘဲ အစေခံရမည်ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏စိတ်များ လွင့်မျောပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရခြင်းပင်။ ကမ္ဘာ့သစ်ပင်ကြီး၏ စိတ်ဆေးကြောခြင်းကို ခံလိုက်ရခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် သူသည် မီးလျှံကို အသုံးပြု၍ ခုခံနိုင်ခဲ့သလို ဝိညာဉ်ခွဲကို အသုံးပြုထားခြင်းကြောင့်လည်း ဖြစ်သည်။ သူ၏ အခြားသော အသိစိတ်တစ်ခုက သူ၏စိတ်အခြေအနေကို ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် စိတ်ဆေးကြောခံရမှုမှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ၎င်းမှာ သီသီလေး လွတ်မြောက်ခဲ့ခြင်းပင်။
သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ပြဿနာများကို ရှောင်ရှားရန် ကြိုးစားတိုင်း ပိုမိုနက်ရှိုင်းသော ပြဿနာများထဲသို့ သူ အမြဲတမ်း တိုးဝင်မိနေသကဲ့သို့ပင်။ ယခင် ဟင်းလင်းပြင်မီးလျှံနှင့် ကြုံရစဉ်က အခြေအနေနှင့် ထပ်တူပင် ဖြစ်နေသည်။
ငါ တကယ်ပဲ ကျိန်စာသင့်နေတာလား။
သူ ခေါင်းခါယမ်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ ခြေလှမ်းကျွံနေပြီဖြစ်ရာ ယခုအချိန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
ရှန်ယွီသည် ယခုလက်ရှိ သူပိုင်ဆိုင်ထားသော သစ်ပင်ခန္ဓာကိုယ်အပေါ် အာရုံစိုက်လိုက်သည်။ ၎င်းမှာ သိသိသာသာ ထူးခြားနေသော်လည်း ဘယ်လိုအလုပ်လုပ်သည်ကိုမူ သူ ဗီဇအရ နားလည်နေသည်။ သူသည် စွမ်းအင်ကို စုစည်းကာ အားထုတ်လိုက်ရာ ဂူအတွင်း ပြည့်နှက်နေသော အကိုင်းအခက်များအားလုံး ချက်ချင်းပင် ပြန်လည်ဆုတ်ခွာသွားတော့သည်။ ထိုအကိုင်းအခက်များကို သေးငယ်အောင် ချုံ့ပစ်ရန် မဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သဖြင့် ၎င်းတို့ကို မြေကြီးအတွင်းသို့ စီးဆင်းစေကာ အမြစ်များကို မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်လိုက်သည်။
အမြစ်များ ကျယ်ပြန့်လာသည်နှင့်အမျှ မြေအောက်ရှိ ပုံဆောင်ခဲအမျိုးမျိုးကို သူ ခံစားမိလိုက်သည်။ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် ထိုပုံဆောင်ခဲများကို သူ၏အမြစ်များဖြင့် ရစ်ပတ်လိုက်သည်။ ဤနည်းအားဖြင့် ထိုပုံဆောင်ခဲများမှာ ပိုမိုမြန်ဆန်စွာ ရင့်ကျက်လာလိမ့်မည်ဖြစ်သည်။
ဤသို့လုပ်ဆောင်နေစဉ် ရှန်ယွီသည် အလယ်အလတ်တန်းစား ဝိညာဉ်ကြော ၂၀ ခုမှာ အမှန်တကယ် ကောင်းမွန်သော်လည်း ၎င်းမှာ အကန့်အသတ်ပင် ဖြစ်ကြောင်း တွေးတောမိသည်။ ကျန်ရှိနေသော အဆင့်မြင့်ဝိညာဉ်ကြောများဖြင့်ပင် သူသည် မသေမျိုးအဆင့်သို့ ရောက်ရှိနိုင်
မည်မဟုတ်ဘူးဟု သံသယဝင်မိသည်။ သူ အဆင့်မြင့်တက်လာလေလေ နောက်တစ်ဆင့်နှင့် ကွာဟချက်မှာ ပိုမိုကျယ်ပြန့်လာလေလေပင်။
မူလ ရှန်ယွီသည် အဆင့်မြင့်ဝိညာဉ်ကြော ၃ ခုကို ထုတ်ယူလိုက်ရာ ဝိညာဉ်ကြောကိုယ်ပွားက ၎င်းတို့ကို လျင်မြန်စွာပင် ဝါးမြိုလိုက်သည်။ ရှန်ယွီသည် သူရည်မှန်းထားသော အဆင့်သို့ရောက်ရန် လေးပုံတစ်ပုံခန့်သာ ပြည့်မီသေးကြောင်း ခံစားလိုက်ရသည်။ ရှေ့ဆက်သွားနိုင်ရန်အတွက် အလားတူ အဆင့်မြင့်ဝိညာဉ်ကြော ၁၀ ခုခန့် ထပ်မံလိုအပ်နေဦးမည်ဖြစ်သည်။
“ဟင်း... ဗဟိုတိုက်ကြီးကိုပါ ဝင်စီးရမလား”
သူ တွေးတောလိုက်ပြီးမှ ခေါင်းခါယမ်းလိုက်သည်။ ဝိညာဉ်ကြောနှင့် ပေါင်းစပ်ပြီးနောက်ပိုင်းတွင် သူသည် အဆင့်မြှင့်တင်မှုများအတွက် ပိုမိုဆာလောင်မွတ်သိပ်လာပုံရသည်။
ရှန်ယွီသည် ဝိညာဉ်ကြောပတ်လည်ရှိ ချီစွမ်းအင်များကို စစ်ဆေးကြည့်ရာ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ကြောမှာ တကယ့်ကို အံ့မခန်းလှပေ။ စွမ်းအင်သိပ်သည်းဆမှာ ပထမအဆင့်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေသည်။ အကယ်၍သာ မသေမျိုးအဆင့်ဆိုပါက မည်မျှအထိ ထူးခြားလိုက်မလဲဟု သူ တွေးနေမိသည်။ သို့သော် သူ၏ ဝိညာဉ်အမြစ်မှာ အားနည်းနေသေးသဖြင့် ဤစွမ်းအင်အလုံးအရင်းကို အပြည့်အဝ အသုံးမချနိုင်သေးကြောင်း သတိရလိုက်သောအခါ သူ၏အပြုံးမှာ မှေးမှိန်သွားခဲ့သည်။
သို့သော် သူ စိတ်ဓာတ်မကျမီမှာပင် ပြောင်မြောက်သော အကြံတစ်ခု ဦးနှောက်ထဲသို့ လျှပ်ခနဲ ပေါ်လာခဲ့သည်။
ဝိညာဉ်ကြောကိုယ်ပွား ရှန်ယွီသည် သူ၏ သစ်ကိုင်းတစ်ခုကို မြှောက်လိုက်သည်။ ထိုသစ်ကိုင်းမှာ နူးညံ့သော အပြာရောင်အလင်းတန်းများဖြင့် တောက်ပလာပြီးနောက် ချီစွမ်းအင်များမှာ ၎င်း၏ပတ်ဝန်းကျင်၌ စတင်သိပ်သည်းလာခဲ့သည်။ စွမ်းအင်သိပ်သည်းဆမှာ ပိုမိုမြင့်မားလာပြီးနောက် နောက်ဆုံးတွင် ပုံဆောင်ခဲတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မူလရှန်ယွီသည် ထိုအရာကို လက်ဖြင့် ဖမ်းယူလိုက်သည်။
“ဝိညာဉ်ပုံဆောင်ခဲတွေပဲ”
သူက ပြုံးလျက် ရေရွတ်လိုက်သည်။ ဝိညာဉ်ကြောမှထွက်သော ချီစွမ်းအင်မှာ အဆုံးမရှိသလောက်ပင်။ အကယ်၍ ဤစွမ်းအားကို အသုံးချပြီး ဝိညာဉ်ပုံဆောင်ခဲ စိုက်ခင်းတစ်ခု တည်ထောင်လိုက်ပါက သူသည် အတိုင်းအဆမဲ့ ချမ်းသာကြွယ်ဝလာမည်ပင်။
သူ ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။ နည်းပညာအရ ပြောရလျှင် ဤစွမ်းအင်အားလုံးမှာ ကမ္ဘာ့သစ်ပင်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းကို ဝိညာဉ်ပုံဆောင်ခဲ ထုတ်လုပ်ရန်အတွက် အသုံးချခြင်းမှာ အနည်းငယ် ရိုင်းပျရာကျသည်ဟု သူ ထင်မြင်မိသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူ ဆုံးဖြတ်လိုက်သည်။
"ဂရုမစိုက်တော့ဘူးကွာ"
သူသည် ဤမျှအထိ ခြေလှမ်းကျွံခဲ့ပြီးပြီဖြစ်ရာ အဆုံးထိ ဆက်သွားရန်သာ ရှိတော့သည်။
အခု အခြေအနေမှာ ပြဿနာ အနည်းငယ် ပိုတိုးလာတာနဲ့ပဲ ဘာထူးတော့မှာလဲ။
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၂၇ (၁၀,၀၀၀/၂၇,၀၀၀) (+၁၀,၀၀၀/၂၇,၀၀၀)]
[အမြုတေဖွဲ့စည်းခြင်း: အဆင့် ၁ (၃၀,၀၀၀/၁၁၀,၀၀၀) (+၃၀,၀၀၀/၁၁၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၃၅၀၀/၁,၀၀၀,၀၀၀) (+၅၀၀/၁,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: မြင့်မြတ်သောအဆင့် ဒြပ်စင်ပေါင်းစုံ (၃၀၀၀/၅၀၀၀) (+၁၀၀၀/၅၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၁၀,၀၀၀/၂,၀၀၀,၀၀၀) (+၄၈၄၀/၂,၀၀၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၄ (၁၅၀၀/၄၀,၀၀၀) (+၁၅၀၀/၄၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: နတ်ဘုရားအဆင့် (၇၄၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၃ (၄၉၀၀/၇၀,၀၀၀) (+၅၀၀/၇၀,၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၁ (၆၁၀/၁၀၀၀) (+၃၀/၁၀၀၀)]
[ဓားသိုင်းစိတ်ဆန္ဒ: အဆင့် ၁ (၁၅၀/၁၀၀၀) (+၃၀/၁၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၁ (၃၀/၁၀၀၀) (+၃၀/၁၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၁ (၈၁၀/၁၀၀၀) (+၇၀/၁၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ကိုယ်ပွါး: အဆင့် ၂ (၁၀၀/၁၀,၀၀၀) (+၁၀၀/၁၀,၀၀၀)]
[ချက်ပြုတ်ခြင်း: ကောင်းကင်ဘုံအဆင့် (၃၀၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဆန်းစစ်သူ: ကောင်းကင်ဘုံအဆင့် (၁၄၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[အဆောင်စာရွက်ပညာရှင် အစီအရင်ဆရာ: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဆေးဖော်စပ်သူ ပန်းပဲဆရာ: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) (+၂၀၀/၁၀,၀၀၀)]
[ဆေးပညာ ဝိညာဉ်လယ်သမား: အဆင့် ၃ (၄၀၀/၇၀၀) (+၂၀၀/၇၀၀)]
[သုတေသနပညာရှင်: အဆင့် ၃ (၁၀၀/၇၀၀) (+၁၀၀/၇၀၀)]
[အတွေ့အကြုံမှတ်များ နှစ်ဆတိုးသွားသည်]
[သုတေသနပညာရှင်: အဆင့် ၃ (၁၀၀/၇၀၀) → အဆင့် ၃ (၂၀၀/၇၀၀)]
[ဆေးပညာ ဝိညာဉ်လယ်သမား: အဆင့် ၃ (၄၀၀/၇၀၀) → အဆင့် ၂ (၀/၈၀၀)]
[ဆေးဖော်စပ်သူ ပန်းပဲဆရာ: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၁၂၀၀/၁၀,၀၀၀)]
[အဆောင်စာရွက်ပညာရှင် အစီအရင်ဆရာ: ကောင်းကင်ဘုံအဆင့် (၆၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၁၂၀၀/၁၀,၀၀၀)]
[ဆန်းစစ်သူ: ကောင်းကင်ဘုံအဆင့် (၁၄၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၂၈၀၀/၁၀,၀၀၀)]
[ချက်ပြုတ်ခြင်း: ကောင်းကင်ဘုံအဆင့် (၃၀၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၆၀၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ကိုယ်ပွါး: အဆင့် ၂ (၁၀၀/၁၀,၀၀၀) → အဆင့် ၂ (၂၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၁ (၈၁၀/၁၀၀၀) → အဆင့် ၂ (၀/၁၀,၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၁ (၃၀/၁၀၀၀) → အဆင့် ၁ (၆၀/၁၀၀၀)]
[ဓားသိုင်းစိတ်ဆန္ဒ: အဆင့် ၁ (၁၅၀/၁၀၀၀) → အဆင့် ၁ (၃၀၀/၁၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၁ (၆၁၀/၁၀၀၀) → အဆင့် ၂ (၀/၂၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၃ (၄၉၀၀/၇၀,၀၀၀) → အဆင့် ၃ (၉၈၀၀/၇၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: နတ်ဘုရားအဆင့် (၇၄၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၀/၁၀၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၄ (၁၅၀၀/၄၀,၀၀၀) → အဆင့် ၄ (၃၀၀၀/၄၀,၀၀၀)]
[သာလွန်မြင့်မြတ်သောတာအိုခန္ဓာ: အဆင့် ၂ (၁၀,၀၀၀/၂,၀၀၀,၀၀၀) → အဆင့် ၂ (၂၀,၀၀၀/၂,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: မြင့်မြတ်သောအဆင့် ဒြပ်စင်ပေါင်းစုံ (၃၀၀၀/၅၀၀၀) → နတ်ဘုရားအဆင့် (၀/၁၀,၀၀၀)]
[ဝိညာဉ်: သန္ဓေသား (၃၅၀၀/၁,၀၀၀,၀၀၀) → သန္ဓေသား (၇၀၀၀/၁,၀၀၀,၀၀၀)]
[အမြုတေဖွဲ့စည်းခြင်း: အဆင့် ၁ (၃၀,၀၀၀/၁၁၀,၀၀၀) → အမြုတေဖွဲ့စည်းခြင်း: အဆင့် ၁ (၆၀,၀၀၀/၁၁၀,၀၀၀)]
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၂၇ (၁၀,၀၀၀/၂၇,၀၀၀) → အဆင့် ၂၇ (၂၀,၀၀၀/၂၇,၀၀၀)]
…….